Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မိုးပြာ ဝိနိစ္ဆယ ရှင်းတမ်း

kan nyein mgJuly 16, 20121min3397

မိုးပြာ ဝိနိစ္ဆယသည် စုဒိတကမပါဝင်ဘဲ တစ်ဖက်သတ်ပြုလုပ်သော ဝိနိစ္ဆယဖြစ်သည့်အတွက် ထိုဝိနိစ္ဆယ စာအုပ်ထဲမှ အချို့ကိုထုတ်နုတ်၍ ပြန်လည်ရှင်းတမ်းထုတ် တင်ပြခြင်းဖြစ်သည်။

 

မိုးပြာ ဝိနိစ္ဆယ စာမျက်နှာ(၂၀)တွင် အောက်ပါအတိုင်း ရေးသားထားသည်ကို တွေ့ရှိရသည်။

 

ဝိမုတ္တိဒေသနာ- ၇၊ ၈၊ ၉၊ ၁ဝ၌ မိုးပြာအရှင်ဉာဏ ဟောပြောရေးသားထားသော-

“ဗုဒ္ဓဘုရားကတော့ လူတွေ အပြစ်ပြောသွားပြီ။ မင်းကံနဲ့ ကံရဲ့အကျိုးဝိပါက် ဆိုပြီးတော့ (ပ) ကံလုပ်သူက ကံလုပ်သလိုဖြစ်ပြီးတော့ နောက်ထပ်ထပ်ပြီး ကံလုပ် ချင်တယ်(ပ) ကံလုပ်သူဖြစ်တယ်”။ (ဝိမုတ္တိဒေသနာ။၇)

“အဲနောက်ကျတော့ တစ်ခါထပ်ပြီးတော့ ကံပြန်လုပ်ချင်တယ်၊ ဪ… ကောင်းတာတွေပဲ ထပ်လုပ်တော့ မကောင်းဘူးလားလို့ မေးရင် သူဒီထဲမှာပဲ လည်နေရပြီ ဆိုတော့ ဘယ်ကောင်းတော့ မလဲ(ပ) အဲဒီ ကောင်းတဲ့ကံက မလွတ်တော့ဘူး။” (ဝိမုတ္တိဒေသနာ။၈)

“အဲဒီလိုဆိုတော့ ကံလုပ်ပြီလို့ဆိုရင် အဲဒီကံက မထွက်တတ်တော့ဘူး။ ဒီကံက မထွက်တတ်တော့ဘူး ဆိုရင် ဒီကံကြီးက ကိုယ့်ကို ရစ်ပတ်နေပြီး ကောင်းတဲ့ကံလုပ်ရင်လည်း ကောင်း တဲ့ကံကြီးက ကိုယ့်ကို ရစ်ပတ်နေပြီ။ ကောင်းတဲ့ကံဆိုတာ ကိုယ်အနစ်နာခံတဲ့ ကံပေါ့။ ကိုယ်အနစ်နာခံတာ လုပ်ရင်လည်း ကိုယ်အနစ်နာခံတာကြီးက ရစ်ပတ်နေပြီ”။ (ဝိမုတ္တိဒေသနာ။၉)

“ကိုယ်နစ်နာအောင်လုပ်တဲ့ သူကြတော့လည်း အစကတည်းကိုက ကိုယ်အနစ်နာခံတာ ဆိုတော့ ကိုယ်ပဲ ခံရတာပေါ့။ ကိုယ်ကတော့ ဘယ်လောက် အနစ်နာခံနိုင်မှာမို့လည်း။ ကိုယ်လည်း လူ တစ်ယောက်ပဲဟာ ဘယ်လောက်ခံနိုင်မှာလဲ။ အဲဒါကို သိရမယ်။ အဲဒီတော့ ဆိုလိုတာကတော့ မကောင်းတဲ့ကံ လုပ်လို့ မကောင်းတဲ့ ကံကြီးက ရစ်ပတ်နေပြီဆိုရင် ဒီလူ လွတ်လပ်သေးသလား”။ (ဝိမုတ္တိဒေသနာ။၁၀) ဟူသော ဟောပြောရေးသားချက်တို့သည် ဗုဒ္ဓ တရားတော်နှင့် ဆန့်ကျင်နေ၍ ယင်းဟောပြော ရေးသားထားချက်တို့ကို အဓမ္မဝါဒအဖြစ် ဆုံးဖြတ်ပေးပါရန် စောဒကပုဂိ္ဂုလ်တို့က တင်ပြထားသည်။

 

ရှင်းတမ်း(၁)

          အထက်ပါစာပိုဒ်အားလုံးကို အနှစ်ချုပ်လျှင် ဘုရားက လူတွေကို အပြစ်ပြ၊ လူတွေ ကံ လွန်ကျူး၊ ကံကြောင့် ဝိပါက်ဖြစ် ဝိပါက်အကြောင်းခံပြီး ကိလေသာ အကျိုးရ ၊ ထို ကိလေသာ အကြောင်းခံပြီး ကံလွန်ကျူးမှု ပြန်လုပ် ။ ဒါဟာ လည်ပတ်ခြင်းသဘောကို ရေးသားထားတာပါ။ ဒီလို လည်နေခြင်း(သံသရာ)ဟာ မကောင်းတော့ဘူး။ ကောင်းမှုဖြင့် လည်ပတ်ခြင်းကလည်း (ပုညာဘိသင်္ခါရ နှင့် အာနေဉ္စာဘိသင်္ခါရ) မကောင်းဘူး။ မကောင်းမှုဖြင့် လည်ပတ်ခြင်းကလည်း (အပုညာဘိသင်္ခါရ) မကောင်းဘူးလို့ အဓိပ္ပါယ်နဲ့ ရေးသားထား တာကို တွေ့ရပါတယ်။

          ဒီမှာ ကောင်းသော လည်ပတ်ခြင်းဆိုတာ ကိုယ်နစ်နာအောင်လုပ်ခြင်းလို့ ပြောပြီး ဒီလို ကိုယ်နစ်နာအောင်လုပ်နေရခြင်းအပေါ်မှာ သာယာပြီး ပြန်လုပ်နေလို့ မကောင်းဘူး ပြောတာ ပေါ်လွင် ပါတယ်။ ကိုယ်နစ်နာအောင် လုပ်တာလည်း ဘယ်လောက်ကြာအောင် လုပ်နိုင်မှာမို့လည်း ဆိုတာ ကောင်းမှုပြုလုပ်နေခြင်း အပေါ်သာယာပြီး လည်ပတ်မှုထဲတွင် ပါဝင်လှုပ်ရှားခံရသည့် အဖြစ် ရစ်ပတ်ခံရတဲ့အဖြစ် ရောက်ရှိ သွားပါတယ်။ ဒီလိုဖြစ်ရင် ဒီလူသည် သူ့ကိုယ်ပိုင်အသိနှင့် လုပ်တာ မမည်တော့ပါဘူး။ ဒီ အဖြစ်ကို မကောင်းဘူး၊ မလွတ်လပ်ဘူးလို့ ဟောပြောထားတာ တွေ့ရပါတယ်။

 

မိုးပြာ ဝိနိစ္ဆယ စာမျက်နှာ(၂၅)တွင် အောက်ပါအတိုင်း ရေးသားထားသည်ကို တွေ့ရှိရသည်။

 

ဝိမုတ္တိဒေသနာ-၈၊ ၁ဝ၌ မိုးပြာအရှင်ဉာဏ ဟောပြောရေးသားထားသော-

ဘာလို့လဲဆိုတော့ ကောင်းတာလုပ်တယ်လို့ဆိုတော့ ကိုယ်ကနေပြီးတော့ အနစ်နာ အများကြီးခံရတာ အနစ်နာခံတဲ့လူကို ကောင်းတဲ့ကံ လုပ်သူလို့ ဒီလိုပြောရမှာပေါ့။ သူများကို နစ်နာအောင် လုပ်တဲ့လူကျတော့ မကောင်းတဲ့ကံ လုပ်သူလို့ ဒီလို ပြောရမှာပေါ့။ သူများကို မကောင်းတဲ့ကံနဲ့ သူများ နစ်နာအောင်ပဲလုပ်လုပ်၊ ကိုယ်အနစ်နာခံရအောင်ပဲ လုပ်လုပ် ဘယ်သူ ကြာကြာခံနိုင်မှာတုန်း။ ဒါ လူ့လမ်းစဉ် မဟုတ်ဘူးလို့ ဒီလို ပြောရမှာနော်။

(ဝိမုတ္တိဒေသနာ။၈)

ကိုယ်နစ်နာအောင်လုပ်တဲ့ သူကျတော့လည်းပဲ အစကတည်းက ကိုယ်အနစ်နာ ခံတာဆိုတော့ ကိုယ်ပဲ ခံရမှာပေါ့။ ကိုယ်ကကော ဘယ်လောက် အနစ်နာ ခံနိုင်မှာမို့လို့လဲ။ ကိုယ်ကလည်း လူတစ်ယောက်ပဲဟာ ဘယ်လောက်ခံနိုင်မှာလဲ။ အဲဒါကို သိရမယ်။

(ဝိမုတ္တိဒေသနာ။၁၀) ဟူသော ဟောပြောရေးသားချက်တို့သည် ဗုဒ္ဓတရားတော်နှင့် ဆန့်ကျင်နေ၍ ယင်းဟောပြောရေးသားထားချက်တို့ကို အဓမ္မဝါဒအဖြစ် ဆုံးဖြတ်ပေးပါရန် စောဒက ပုဂ္ဂိုလ်တို့က တင်ပြထားသည်။

 

ရှင်းတမ်း(၂)

          သည်နေရာမှာ အရှင်ဉာဏရေးသားဟောပြောချက်နှင့် ပတ်သက်၍ ထပ်မံမရှင်းပြလို။ သို့သော် ဝိနိစ္ဆယ ဆိုသည်မှာ အရပ်သုံးစကားဖြင့်ပြောမည်ဆိုလျှင် တရားရုံးထိုင်စစ်ဆေးခြင်း ဟု နားလည်းသဘောပေါက်ပြီး ထိုအရေးအခင်းတွင် အဖွဲ့သုံးခု ရှိပြီး သီးခြားဝိနည်းဓိုရ် ဟု ခေါ်ဆိုသော တရားဆုံးဖြတ်သူများအဖွဲ့၊ စောဒကဟု ခေါ်ဆိုသော တရားလိုအဖွဲ့၊ စုဒိတကဟု ခေါ်ဆိုသော တရားပြိုင်အဖွဲ့တို့ပင် ဖြစ်သည်။ အဓိက ဘာကိုတင်ပြလိုသလဲဆိုရင် စောဒက(တရားလို) တင်ပြလိုသော အချက်များနှင့် ဝိနည်းဓိုရ်(တရားသူကြီး)တို့၏ သဘောထားများကို ဝိနိစ္ဆယ ဆုံးဖြတ်မှု မပြီးဆုံးသေးဘဲ တစ်ပေါင်းတစ်စည်းပင် တွေ့ရှိရသည်။ ဆုံးဖြတ်ချက် မပြီးဆုံးခင်မှာဘဲ မိုးပြာဝိနိစ္ဆယ စာအုပ်ထွက်ရှိ ချုပ်လုပ်ပြီးရုံမျှမက ဝိနည်းဓိုရ် ဆရာတော်များသည် ကြိုတင်ရေးသားထားသော ထိုစာအုပ်ထဲမှပင် ဖတ်၍ ဆုံးဖြတ်ခြင်းသည် အလွန်အရုပ်ဆိုးအကျဉ်းတန်သော လုပ်ရပ်အဖြစ် ပေါ်လွှင်လှပေသည်။

          နောက်တစ်ချက်မှာ မိုးပြာရှင်ဉာဏ ဟောပြောရေးသားချက်တို့သည် ဗုဒ္ဓတရားတော်နှင့် ဆန့်ကျင်နေ၍ ယင်းဟောပြောချက်တို့ကို အဓမ္မဝါဒအဖြစ် ဆုံးဖြတ်ပေးပါရန် စောဒကပုဂ္ဂိုလ်တို့က တင်ပြထားသည်။ လို့ ရေးသားထားချက်မှာ စောဒက(တရားလို)အဖွဲ့၏ တင်ပြခိုင်းစေချက်အတိုင်းပင် အဓမ္မဟု ဆုံးဖြတ်ပေးရသော ဝိနည်းဓိုရ်(တရားသူကြီး) များ ဖြစ်နေပါသည်။

          သာသနာအဖွဲ့အစည်း၏ အဆုံးအဖြတ်ချမှတ်တဲ့ပွဲသည် အရပ်ဘက် တရားစီရင်ရေး ထက်ပင် ယုတ်လျော့ညံ့ဖျင်းလှသည်ကို တွေ့ရှိရသည်။ အရပ်ဘက် တရားစီရင်ရေး တွင်လည်း ကြိုတင်ချမှတ်ခိုင်းစေထားသော နုတ်မိန့်များရှိနိုင်ပြီး တရားခွင်မပြီးဆုံးခင် ချမှတ်မည့်အမိန့်ကို ကြိုတင်ရေးသား ပြုစု၍ တရားခွင် လူမြင်ကွင်းတွင် ထားလိမ့်မည် မဟုတ်။ ဗုဒ္ဓသားတော်ဟု အမည်ခံသော သံဃာထု၏ တရားခွင်တွင် ထိုကဲ့သို့မဟုတ် အဓမ္မဟု ဆုံးဖြတ်စေလိုသော စောဒက(တရားလို)တို့၏ သဘောထားနှင့် ထပ်တူညီသော ဝိနည်းဓိုရ်(တရားသူကြီး)တို့၏ အဆုံးအဖြတ်မှာ စာအုပ်တစ်အုပ်ထဲတွင် တစ်ပေါင်းတစ်စည်း တွေ့ရှိရပြီး တရားခွင်တွင် ကြည့်ရှုဖတ်ပြီး ဆုံးဖြတ်ချက်ချမှတ်စေခြင်းမှာ ဘယ်သို့သော နားလည်းမှုဖြင့် တရားနည်းလမ်းကြသည်ဟု မှတ်ယူရမည်းနည်း။ စဉ်းစား၍ပင် ရတော်မမူပါ ဆရာတော် အပေါင်းတို့ဘုရား။…….

 

မိုးပြာ ဝိနိစ္ဆယ စာမျက်နှာ(၈၆)တွင် အောက်ပါအတိုင်း ရေးသားထားသည်ကို တွေ့ရှိရသည်။

 

ဘုရား-စာ- ၂၀၊ ၂၁တို့၌ မိုးပြာအရှင်ဉာဏ ဟောပြောရေးသားထားသော-

ဆွမ်းစားပြီး၊ နေရဉ္ဖရာမြစ်ကလေးဘေးက ခွာလာခဲ့တော့ မြက်ရိတ်သမားတစ်ဦးဆီက မြက်ဆုပ်တချို့ အလှူခံလာခဲ့တယ်။ ဗောဓိညောင်ပင်အောက်သွားပြီး မြက်တွေနဲ့ နေရာကလေးလုပ်ပြီး တရားရှာမဆုံးသမျှ ဒီကမရွှေ့တော့ဘူးလို့ ဆုံးဖြတ်ခဲ့တယ်။

(ဘုရား၊ စာ-၂၀)

          ဒီနေရာအတွက် ပေးခဲ့ရတာက တိုင်းပြည်နဲ့ထီးနန်း။ အခု သူရနေတာက သစ်ပင်အောက်က မြင်အခင်းပေါ်မှာ။ (ဘုရား၊ စာ-၂၁)

လူ့လောကရဲ့ စနစ်အသစ်တည်ဆောက်ဘို့ရာ သူဟာ လူ့လောကရဲ့ အပြင်ဘက်က ညောင်ပင်အောက် မြက်ပုံပေါ်မှာနေရတဲ့အဖြစ် ရောက်နေပြီလား (ဘုရား၊ စာ-၂၁) ဟူသော ဟောပြောချက်တို့သည် ဗုဒ္ဓတရားတော်နှင့် ဆန့်ကျင်နေ၍ ယင်းဟောပြောရေးသားထားချက် တို့ကို အဓမ္မဝါဒအဖြစ် ဆုံးဖြတ်ပေးပါရန် စောဒကပုဂ္ဂိုလ်တို့က တင်ပြထားသည်။

 

စောဒကတို့၏ သဘောထား

အရှင်ဉာဏသည် မြက်ရှစ်ဆုပ်မှ အပရာဇိတပလ္လင် ဖြစ်သွားသည်ကို လက်မခံလိုပေ။ အလောင်းတော်၏ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်ခဲ့သည်ကိုလည်း လက်မခံပေ။ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်ခဲ့သည်ကို လက်ခံလျှင် သူ၏(အရှင်ဉာဏ၏) ပစ္စုပ္ပန်ကမ္မဝါဒသည် အမှားဟုသာ ဆိုရာရောက်သောကြောင့် လက်မခံခြင်းဖြစ်ပါသည်။ ထိုသို့ အလောင်းတော်မြတ်၏ ပါရမီကောင်းမှု ကုသိုလ်အဟုန်တို့ကို ယုံကြည်လက်ခံမှု မရှိယ အလောင်းတော် လက်မှ ကြဲဖြန့်သော မြက်ရှစ်ဆုပ်သည် မြက်၏အသွင်ကွယ်ပျောက်၍ အပရာဇိတပလ္လင်အဖြစ်သို့ ရောက်သွားသည်ကိုလည်း လက်မခံနိုင်သောကြောင့်-

သိဒတ္တသည် မြက်တွေနဲ့ နေရာကလေးလုပ်ပြီး ဟုလည်းကောင်း

မြက်ခင်းပေါ်မှာ ဟုလည်းကောင်း

ညောင်ပင်အောက် မြက်ပုံပေါ်မှာ ဟုလည်းကောင်း သုံးနှုန်းထားသော မယဉ်မကျေး အသုံးအနှုန်းတို့သည် ဗုဒ္ဓဝံသ၊ ဋ္ဌ၊ ၉၊ ၃၃၇။ အပါဒါန် ၁၊ ၈၅။ စသည်တို့၌ ဟောပြော ဖွင့်ဆိုချက်များနှင့် ဆန့်ကျင်နေပါကြောင်း တင်ပြထားပါသည်။

 

ရှင်းတမ်း(၃)

ယုံကြည်မှုသည် သိ၍ယုံကြည်နိုင်သလို၊ မသိဘဲနှင့်လည်း ယုံကြည်နိုင်သည်။ မသိနိုင်သောကြောင့်လည်း မယုံကြည်ဘဲ နေနိုင်ခွင့်၊ ပြောနိုင်ခွင့်သည် လူသားတို့၏ မွေးရာပါ အခွင့်အရေးပင်ဖြစ်ပါသည်။ ထေရဝါရဆရာတော်များအား မေးလိုပါသည်။ ခရစ်ယန်တို့၏ ထာဝရဘုရားသည် ကျွန်ုပ်တို့နေတိုင်သော ကမ္ဘာမြေကြီး၊ နေ့ညဖြစ်စဉ်နှင့် လူသားတို့ကို ဖန်ဆင်းပေးသည်ဟု ဆရာတော်တို့ ယုံကြည်ပါသလား။ သိဒ္ဓတ္ထမင်းသား မြက်ကြဲလိုက်၍ (၁၄)တောင်ရှိသော ပလ္လင်ဖြစ်ပေါ်လာသည်ဟု ပြောဆိုမှုကိုလည်း ယုံကြည်သူရှိသလို၊ မယုံကြည်သူလည်း ရှိနိုင်ပါသည်။ ဗုဒ္ဓဘာသာဖြစ်က မြက်ကြဲ၍ (၁၄)တောင်ရှိသော အပရာဇိတပလ္လင်ဖြစ်ခြင်း၊ မွေးပြီးပြီးခြင်း စကားပြောခြင်း၊ လမ်းလျှောက်ခြင်း တို့ကို ယုံကိုယုံရမည်ဟု မလုပ်သင့်ပါ။

ခရစ်ယန်ဘာသာဝင်များက သူတို့၏ ထာဝရဘုရားမှ လူသားတွေကို ဖန်ဆင်း လိုက်သောကြောင့် မြတ်ဗုဒ္ဓသည်ပင်လျင် ခရစ်တော်၏ ဖန်းဆင်းသည့်အထဲမှ တစ်ဦးပင် ဖြစ်လိမ့်မည်ဟု ဆိုလျှင် ဆရာတော်တို့ ယုံကြည်လက်ခံနိုင်ပါသလော။

ဆရာတော်တို့ စာသိဖြင့် ဟောကြားနေသော နောင်ပွင့်မည့် အရိမေတ္တယျ မြတ်စွာဘုရားသည် ယနေ့ လာအိုနိုင်ငံခရစ်ယန်ခေါင်းဆောင်ကြီးများ ရေးသားထားသည်ကို မြန်မာပြန်ဆိုထားသော စာအုပ်ထဲတွင် ရှင်မေရိဆိုသည်မှာ အရိမေတ္တယျဖြစ်သည်ဟု ရေးသားထားသည်ကို တွေ့ရှိရပါသည်။ ထိုကဲ့သို့ ရေးသားချက်မျိုးအား လက်ခံယုံကြည် နိုင်ပါသလောဟု မေးခွန်းထုတ်လိုပါသည်။

ပိဋကတ်(၃)ပုံထဲတွင် ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာဟူအပိုင်း(၃)ပိုင်းကိုပင် သုံးပုံဟု ခေါ်ဆိုခြင်းဖြစ်ပြီး ၎င်း(၃)ပုံထဲတွင် ဝိနည်းသည် လူပုဂ္ဂိုလ်တို့နှင့် မသက်ဆိုင်ပါ။ ရဟန်းတစ်ပါးပင် ဖြစ်လင့်ကစား ဝိနည်းမသိ၍လည်း ဗုဒ္ဓတရားကို နည်းလည်နိုင်စွမ်းအား ထိခိုက်လိမ့်မည်မဟုတ်ပါ။ သုတ္တန် ထဲတွင် ဟောကွက်ပေါင်းများစွာရှိသည့်အနက် ဟောကွက်တိုင်းကိုနာယူပြီးမှသာ တရားကို နားလည်မည်ဟု မသတ်မှတ်နိုင်။ ဟောကွက် တစ်ခု၊ နှစ်ခု၊ သုံးခုလောက်ကို နားလည်းရင်လည်း ဗုဒ္ဓတရားကို နားလည်နိုင်စွမ်းရှိပါသည်။

အတိုချုံး၍ပြောဆိုရလျှင် ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာသုံးပိုင်းတွင် အဘိဓမ္မာသည် ထပ်တိုး ဘုရားဟောမဟုတ်ဟု ပြောဆိုသူတို့သည် သူတို့မယုံကြည်၍ သူတို့ မကျင့်သုံးဘဲ နေကြခြင်းကို အဘိဓမ္မာသည် ဘုရားဟောဟု ယုံကြည်သူတို့အနေဖြင့် စောဒကပြုခြင်း အဓမ္မဟု ပြောဆိုသတ်မှတ်ခြင်းမှာ ဘောင်ကျော်သောလုပ်ရပ်ပင်ဖြစ်ပါသည်။

7 comments

  • ဇောက် ထိုး

    July 16, 2012 at 1:35 pm

    ကျွန်တော်ကို ပြောဆိုခွင့်လေးပြုပါခင်ဗျာ.. ယခု ဝိနိစ္ဆယ စာအုပ်ထဲကအတိုင်း ရေးထားတာသည် အလွန်မရှင်းလင်းသလို…ဖတ်သူကို နားလည်မှု အားနည်းစေပါတယ်။ စာရေးသူကိုယ်တိုင် နားလည်အောင်ဖတ်ပြီး လိုတိုရှင်း တင်ပြနိုင်လျှင် ကောင်းမည်ဟု မျှော်လင့်မိပါသည်ခင်ဗျာ။

    ဥပမာ.. စာမျက်နှာဘယ်လောက်မှာ… ဦးညာဏက..မျက်ရှစ်ဆုပ်အလှူခံလာပြီး ညောင်ပင်ရင်းမှာ ဖြန့်လိုက်လို့ အဲဒီမြက်အခင်း ဖြစ်သွားတာကို ဝိနိစ္ဆယ ဆရာတော်များက အဲဒီမျက်တွေကျဲလိုက်တာ ပလင်ကြီးဖြစ်လာတယ်လို့ မယုံတဲ့အတွက် အဓမ္မလို့ဆုံးဖြတ်လိုက်ပါတယ်တဲ့…အဲဒါ ဘယ်လိုလဲ စသဖြင့်လိုတိုရှင်းလေး တင်ပြနိုင်ရင် ဖတ်လိုပါတယ် ခင်ဗျာ…စာဖတ်သူတွေကိုလဲ များစွာအကျိုးများစေလိမ့်မယ်ထင်ပါတယ်။
    ခုဟာက ဘာမှန်းမသိသလိုဖြစ်နေပါတယ်။

    ယခုတင်ပြပုံကိုထောက်ကြည့်တော့ ဦးညာဏ ဘယ်စာအုပ်ထဲက စာဟာ… ပိဋကထဲက ဘယ်စာအုပ်ထဲက စာနဲ့မညီလို့ ဆိုပြီး အဓမ္မလို့ဆုံးဖြတ်လိုက်တယ်ဆိုတာလောက်ပဲ သဘောပေါက်မယ်ထင်ပါတယ်။

    ကျွန်တော်အမြင်ကိုတင်ပြတာပါနော်…..မှားရင် ခွတ်လွှတ်ပါခင်ဗျာ။

    • နွေဦး

      July 16, 2012 at 1:55 pm

      ဦးဇောက်… ကျုပ်ပြောတဲ့ ဆေးတဖုံကို ရေလဲ နဲ့ ပြောင်းကုနေတယ်ဆိုတာ ဒါမျိုးဗျ..။

  • ဇောက် ထိုး

    July 16, 2012 at 2:27 pm

    အင်း….ဒုံးဝေးတယ်ပဲ ဆိုဆို.. ညံ့တယ်ပဲပြောပြော နွေဦး ဘာပြောချင်မှန်းတော့…ဘာကိုဆိုလိုမှန်းတော့ ခုထိလဲ မသိသေးပါဘူး။
    သိရင်တော့လဲ…ပြန်ပြောနိုင်မယ်ထင်မိပါတယ်။

  • မိုးချမ်းမြေ့

    July 16, 2012 at 4:07 pm

    အထက်ကပြောသည်များနှင့် မိုးပြာဆရာတော်ရဲ့အဆိုများ ကိုက်ညီမှုရှိမရှိကို လေ့လာနိုင်ရန် ညွှန်ပြလိုက်ပါသည်။ တဖက်သတ်ဆန်လျှင်…ဘယ်လောက်ပင်အင်အားများသော်လည်း ပညာရှိတို့၏ ဉာဏ်အောက်ဝယ် ကျဆုံးသွားရမည်ဖြစ်သည်။
    http://ariyathitsa.org/

    • flamingo

      July 17, 2012 at 1:56 am

      အင်္ဂံလိပ်ကိုဖျက်တာအမေရိကန်
      တရုတ်ကိုဖျက်တာထိုင်ဝမ်
      ဗုဒ္ဓကိုဖျက်တာမိုးပြာ

  • me dain

    July 17, 2012 at 12:04 pm

    ဘုန်းကြီးတွေ ဟောဟောနေတဲ့ ဘုရားကိုရှာတာ အခုထိမတွေ့သေးကြသေးဘူး…အခုတော့ ဘုရားကိုတွေ့ဖို့ လမ်းစဖေါ်ပေးတဲ့ အတွက်… ခက်ခက်ခဲခဲ၊ ကြောက်ကြောက် ရွံ့ရွံ့နဲ့ မရှာရတော့ဘူးပေါ့..အခုလိုတင်ပေးတော့ လူတွေဖတ်ခွင့်ရတယ်..သိခွင့်ရတယ်..ဆိုတော့
    စိတ္တဇနည်းတဲ့ လူတွေက သပေါက်သွားပါလိမ့်မယ်..ကျေးဇူးပါဘဲ..

  • အရပ်ဖက်တရားစီရင်ရာမှာတော့ စာအိတ်ဖောက်ဖတ်ရတဲ့ အထဲ
    ကျနော့်အဖြစ်လဲ ပါသဗျ။။သို ့သော် မိုးပြာ မပြာတော့ တကယ်မသိပါခင်များ။

Leave a Reply