မြစ်ပြင်ကျယ်မှ ဘဝပုံရိပ်များ..
ကျနော် ဘိုကလေးကနေ ရန်ကုန်အပြန် လမ်းတကြောမှာ
စိတ်ကူးတည့်ရာရိုက်ခဲ့တဲ့ ဒါ့ပုံ မည်ကာမတ္တလေးတွေပါဗျာ..။
(ဒါ့ပုံ..ခွက်ဒစ်တူ ကိုဂီ) 😛
ခိုလှုံရာခေါ်တွင်တဲ့ ဒါသူတို့အိမ်..
ရိုက်ချက်က ဝါးပေမဲ့ ဘဝခရီးသည်ရဲ့ ဇိမ်တချက် 🙂
လှေပေါ်က ဈေးသည်အတွက် ရိုက်ချက်.
ရေပြင်ကျယ်မှာ မမောတန်းခရီးဆက်..
မြစ်ပြင်ကျယ်မှာ ငါးဖမ်းဝမ်းစာရှာ
ဘဝကိုကျောင်းနေတဲ့ လှေသေးပေါ်ကသားအမိဘဝ..
မိုးရိပ်ကြားက ရန်ကုန်ဆိပ်ကမ်းနဲ့ ရွှေတိဂုံစေတီတော်..
ဒီပေါ်ကနေ လက်သရမ်းခဲ့တာပေါ့. 🙂
စကားမစပ်ဗျာ..ကျနော် ကိုယ့်နယ်ကပြန်လာပီးမှ တွေးမိတာလေးတခုက..
ကျနော့တို့တိုင်းပြည်မှာ ဆင်းရဲတဲ့ဒေသချင်း အတူတူကို ဧရာဝတီတိုင်းက ပိုများဆိုးနေသလားလို့.. 🙁
ဘာကြောင့်ဂလိုပြောရလည်း ဆိုတာတော့ ကျနော်လည်း မသိတတ်တော့ဘူး..
မြင်ရတွေ့ရတာကို ကြည့်ပီး ကောက်ချက်ချမိတာလို့ပဲ ပြောပါရစေတော့..။
ပြောရရင် မြန်မာပြည်အထက်ပိုင်းအပါအဝင် အောက်ဘက်မွန်.ကရင်ဘက်တွေကို
ခရီးသွားဖူးခဲ့သူတွေများ..ဧရာဝတီ တိုင်းကိုရောက်လာ
သွားဖူးခဲ့ရင်.အဲ့လိုမြင်မိကြလိမ့်မယ် ထင်တာပဲ..
နောက်တခုက ဒီတိုင်းဒေသရဲ့ လူဦးရေက တခြားဒေသတွေထက် အများဆုံးဆိုတော့လည်း လူဦးရေနဲ့
အချိုးကျကြည့်လိုက်ရင် ဆင်းရဲသား နင်းပြားတွေ ပိုများနေတာလည်း ဖြစ်နိုင်ကောင်းပါရဲ့..
ဒါလေးကတော့ ကြုံလို့ပြောချင်တာလေးပါ..။မဆင်းရဲကြဘူး ထင်ကြရင်လည်း မဆင်းရဲဘူးပေါ့နော်..
ကိုယ်လည်းဘာမှလုပ်ပေးနို်င်တာမှ မဟုတ်ဘဲကိုး.. 🙂
စာလုံးရေ နည်းနေပီး စာသားမပါသေးလို့ ရှာကြံရေးလိုက်တာပါဗျာ.. 😛
လျှောက်သွားနေတဲ့
အမတ်မင်း
36 comments
မမ အညာသူ
July 17, 2012 at 10:46 am
ခုလိုတင်ပြပေးတာကျေးဇူးပါရှင်
ပုံလေးတွေကအရမ်းမိုက်ပါတယ်
ဘဲဥ
July 17, 2012 at 10:52 am
ဥဥလေးယောက်ျားက လက်ရာကောင်းသားဘဲ ဟိဟိ
သားဦးမြေးဦး၊ ဝမ်းတွင်းရူး
July 17, 2012 at 11:01 am
ကိုအမတ်မင်းရေ လက်တွေ ့ကျကျ ရေလမ်းခရီးပုံလေးတွေ
အရမ်း သက်ဝင်ပါသဗျ။
မွန်မွန်
July 17, 2012 at 11:26 am
ဘိုကလေးဘက်က ရှပ်ပြေးနဲ့သွားရင် ပိုလွယ်တောပေါ့နော်။ ကျိုက်လတ်လည်း အဲဒီလိုသွားလို့ရတယ်။ ဒေးဒရဲကတော့ ရှပ်ပြေးမရှိဘူး။
ကိုအမတ်မင်းရေ….မြစ်ပြင်ရဲ့အလှကတော့ ဘယ်အခါကြည့်ကြည့် မရိုးနိုင်ပါဘူး။ ဒီလိုမြင်ကွင်းတွေကို မျှဝေပေးတာ ကျေးဇူးပါ။
မြစ်ကမ်းတစ်လျှောက် ကြည့်ကြည့်လိုက်ရင် အိမ်မဖြစ်ဖြစ်အောင် ဆောက်ထားတာတွေကို အများကြီးတွေ့နိုင်ပါတယ်။
ညီမလည်း တွေးမိသွားပါတယ်။
shwe kyi
July 17, 2012 at 11:52 am
ရွှေကြည်အလှူအဖွဲ့နဲ့ ညောင်တုန်းမြို့နယ်ထဲကရွာလေးတွေရောက်ဘူးတယ်။ တခါကမိုးတွင်းဆိုတော့ကွင်းတွေရေမြုပ်နေလို့ စက်လှေနဲ့အကြာကြီးသွားရတယ်။ ဧရာဝတီမြစ်ကိုထွက်ပြီးမှရွာကိုရောက်တယ်။ စက်လှေစီးရတာပျော်စရာကောင်းတယ်။
တံငါရွာလေးဆိုတော့ ပိုက်ကွန်ယက်နေတာလည်းတွေ့ခဲ့ရတယ်။ စာသင်ကျောင်းမရှိလို့ ဘကကျောင်းလေးကိုအားကိုးနေရတဲ့ရွာလေးပေါ့။ ဆင်းရဲကြရှာပါတယ်။ ဘကကျောင်းလေးကလည်းသိပ်မပြည့်စုံဘူးဆရာမလေးတွေက ငယ်ငယ်လေးတွေရယ် လခနည်းနည်းနဲ့လုပ်အားပေးနေကြတာ။
ကိုအမတ်ဓါတ်ပုံတွေကြည့်ပြီး ဘိုကလေးဘက်ကိုသွားချင်စိတ်ပေါ်သွားတယ်။ ဓါတ်ပုံတွေကအရမ်းကိုအသက်ဝင်ပါတယ်။ ပုံတချို့ကူးယူထားလိုက်ပါတယ်။
စိန်ဗိုက်ဗိုက်
July 17, 2012 at 12:26 pm
ရေ မကူးတတ်လို ့လား မသိဘူး
လှေပေါ်က ဇိမ်ယူနေတဲ့ ပုဂ္ဂိုလ်ကို အသဲယားသဗျ
ကိုမတ်ရေ.
ပုံတွေ အကုန်မိုက်တယ်ဗျို ့…ဘယာကြော် ဘူးသီးကြော် အာလူးကတ်သလစ်ကျော်..
weiwei
July 17, 2012 at 12:35 pm
ရှပ်ပြေးလို့ခေါ်နေကြတဲ့ ပုံထဲကသင်္ဘောတွေကို စီးရတာ အရမ်းအန္တရာယ်များပါတယ် ..
ရေထဲမှာသွားလို့ရတဲ့ အဝေးပြေးဘက်စ်ကားလို့ပဲ အလွယ်ခေါ်လိုက်ချင်တယ် …
သင်္ဘောဝမ်းဗိုက်ထဲမှာ ဝပ်ပြီး ထိုင်ခုံတွေထည့်ထားပြီး အလုံပိတ်လုပ်ထားတဲ့ဒီဇိုင်းပါ ..
လူများများဆန့်ပြီး ငွေကုန်သက်သာတဲ့ဒီဇိုင်းတွေပေါ့ ..
မတော်တဆ လှိုင်းမိရင် အလွယ်တကူမှောက်နိုင်ပြီး … မှောက်လိုက်ရင် အားလုံးသေနိုင်ပါတယ် …
ဘာကြောင့် ဒီလိုသင်္ဘောတွေကို လူစီးအနေနဲ့သုံးနေကြတယ်ဆိုတာကို မစဉ်းစားတတ်အောင်ပါပဲ ….
pooch
July 17, 2012 at 10:40 pm
ဟုတ်လား မဝေ ဒါဆို အန္တရယ်များတာပေါ့။ တခါမှ မစီးဘူးလို့ မသိဘူး။
ပုံတွေကို ကြည့်တော့ ဆင်းရဲခြင်းက မလွတ်မြောက်နိုင်ပါဆိုတဲ့ စာသားလေး သတိရတယ်။ 🙁
အမှန်က တခါမှ မရောက်ဖူးဘူး ။ ခုလိုပုံတွေပဲ မြင်ဖူးတာ။ ရောက်ဖူးတယ် ရှိအောင် တခေါက်လောက်တော့ သွားချင်တယ်။ မြန်မာ့ စပါးကျီဆိုတော့။
amatmin
July 18, 2012 at 9:45 am
ဟုတ်တယ်ဗျ..
ဒေါ်ဝေဝေ ပြောသလိုပဲ.မော်တော်မှောက်လိုက်မိရင် အမြန်ထွက်ဖို့မလွယ်နိုင်ပါဘူး..
နောက်တခုက အခုပုံထဲမှာပါတဲ့အတိုင်း အသက်ကယ်ဝတ်စုံကလည်း လူနဲ့မမျှပါဘူး..
လူက နောက်ပိုင်းမှာတင် ၁၂ဝ လောက်ဆန့်တယ်..
တခါတလေများ ကြပ်တဲ့အချိန်ဆိုရင်.
မော်တော်ကားတွေလိုပဲ….ဆိုတော့ အန္တရာယ်တော့
တကယ်များကြောင်းပါ..
မပုချ်ရေ.. ရွာထဲက ပြောနေကြစကားလိုပေါ့..
လာခဲ့ပါ လိုက်ပို့ပေးပါ့မယ်.. 😛
ကိုပေါက်(မန္တလေး)
July 17, 2012 at 1:01 pm
အဲဒီဘက်ကို မရောက်ဘူးသေးတော့သွားချင်တယ်
ခဏမသွားချင်ဘူး အကြာကြီးသွားပြီးဆော်ချင်နှက်ချင်တာ။
ဧရာဝတီတိုင်းက လူဦးရေအထူထပ်ဆုံးဒေသဆိုတော့ ဈေးကွက်အသစ်ရှာသူတွေက အရမ်းသဘောကျကြတယ်။
မွန်မွန်
July 17, 2012 at 1:33 pm
လေးပေါက်…ဒေးဒရဲကိုလာလည်လေ… မွန်မွန်တို့မြို့က တံတားကြီးရယ်၊ ကျိုက်ဒေးယျုံဘုရားရယ်၊ ဘုရားလမ်းက ရေကန်ကြီးရယ်၊ မကြာခဏ ပြိုကျတတ်တဲ့ မြစ်ကမ်းပါးရယ်၊ တံငါလှေတွေ၊ သဘောင်္ကြီးငယ် အသွယ်သွယ်နဲ့ လှပနေတဲ့ တိုးမြစ်ရယ်၊ လှုပ်ရှားစည်ကားနေတဲ့ မြစ်ဆိပ်ရယ်၊ ကမ်းပြိုတာတောင် ပါမသွားတဲ့ နှစ်တစ်ရာကျော် မြို့လယ် သံတန်ဆောင်းရယ်။ လမ်းမြေတူးရင်းနဲ့ ပေါ်လာတဲ့ ပေါ်တော်မူဘုရားရယ်..အများကြီးပဲ…
ပြောရင်းနဲ့ ပြန်ချင်လာပြီ…ဟင့်.. 🙁
amatmin
July 17, 2012 at 1:50 pm
တကယ်အလည်ခေါ်မယ်ဆို လေးပေါက်ကလိုက်ပီးသားဗျ..
ဒေါ်မွန်မွန်တို့ ဒေးဒရဲက နေ့ချင်းပြန်လေးရယ်ကို..
နှစ်ကုန်ခါနီး လေးပေါက်လာရင် ..
တကယ်လိုက်လည်မယ်ဆိုရင်..
သူတို့ဒါ့ပုံဆြာတွေ ရိုက်ကြ.နှက်ကြရင်.
ခင်ဗျားတာဝန်ယူရမှာနော် 😛
မွန်မွန်
July 17, 2012 at 1:55 pm
အဟဲ..ဘိုကလေးသားပဲ ကြည့်ထိန်းပေါ့… တော်ကြာ သူ့ကိုယ်ရိုက်၊ ကိုယ့်သူရိုက်တွေ ဖြစ်နေဦးမယ်… 🙂
Victory
July 17, 2012 at 1:06 pm
ကိုအမတ်မင်းလေးရေ…………
စီအက်အို(မြန်မာစာရင်းအင်းအဖွဲ့)က ထုတ်ဝေတဲ့စာရင်းတွေအရနဲ့Encyclopædia Britannicaရဲ့စာရင်း
အရပါ မြန်မာလူဦးရေသိပ်သည်းဆ (population density)က တမိုင်ပါတ်လည်မှာ ပျမ်းမျှ၇ဝ ကနေ ၇၅ ယောက်ပါ။
ဧရာဝတီတိုင်းကတော့ (အခြေခံစီးပွါးရေး Sector)လယ်ယာစိုက်ပျိုးရေးနဲ့မွေးမြူရေး၊
ရေလုပ်ငန်းနိုင်ငံရဲ့ အဓိကတိုင်း ဖြစ်လေတော့ လူနေထူထပ်လှပါတယ်။
တမိုင်ပါတ်လည်မှာ ပျမ်းမျှ၆၅ဝ ယောက်ကနေ ၁၂၀ဝ ကြားရှိပြီး၁၂၀ဝ ကျော်တဲ့ မြို့တွေတောင် ရှိပါတယ်တဲ့။
တမိုင်ပါတ်လည် ၁၄၀ဝ ဦးရေ ရှိတဲ့ ရန်ကုန်တိုင်းပြီးရင် ဒုတိယ လူဦးရေအများဆုံးပါ။
စုစုပေါင်းလူဦးရေကတော့ ရန်ကုန်တိုင်းက ၅သန်းခွဲကျော်နဲ့
ဧရာဝတီတိုင်းစုစုပေါင်းလူဦးရေက ၆ သန်းခွဲ ကျော်ဆိုတော့ သူကရန်ကုန်တိုင်း ထက် ပိုများပါတယ်တဲ့။
လုပ်ငန်းကိုင်ငန်းကောင်းစဉ်ကာလတွေမှာတော့ လူဦးရေသိပ်သည်းမှုဟာ “လုပ်အား”ကိုဖြစ်စေပေမဲ့
လုပ်ငန်းမကောင်းတော့တဲ့အခါတွေမှာ လူဦးရေသိပ်သည်းမှုဟာဆင်းရဲမှုကိုဖြစ်စေတော့တာပေါ့နော။
တခုတော့စဉ်းစားမိတာရှိတယ်။
ကိုအမတ်မင်းလေးရဲ့ ပထမလယ်ယာပို့စ်မှာ လယ်ယာအလုပ်သမားရှားပါးတယ်ဆိုတာကိုတွေ့ရလို့ ပါ။
သာမာန်အားဖြင့် လယ်ယာစိုက်ချိန်ဆိုတာ ကောက်စိုက်သမ ရှားတတ်တာကတော့ သဘာဝပါ။
ဒါပေမဲ့ ပုံမှန်ထက် ပိုနေတယ်။ ထူးခြားနေတယ်ဆိုတာမျိုး များလားလို့ တွေးနေမိတယ်။
ကျေးလက်မြို့ပြ ရွှေ့ပြောင်းမှုဆိုတာကတော့ တိုင်းပြည်တိုင်းရှိပါတယ်။
လယ်စိုက်စားတဲ့ လယ်သူမအရွယ်တွေအတွက် တခြားသော ဘယ်လိုလုပ်ငန်းမျိုးတွေဆီ
ရွှေ့ပြောင်းကုန်ကြသလဲဆိုတဲ့ မေးခွန်းပါဘဲ။
အထည်ချုပ်တွေဆီလား၊ မလေးရှားလား၊ တရုတ်နယ်စပ်လား၊ပြည်တွင်းအိမ်အကူအလုပ်တွေလား။
အဲဒီ အလုပ်သမားပြတ်လပ်မှုဟာ မကောင်းတဲ့ လက်ခဏာဆောင်တယ်။
ကုန်ထုတ်လုပ်မှုကိုကျဆင်းမယ်။
အဲဒီဒေသရဲ့တဦးကျဝင်ငွေတွေကျဆင်းမယ်။ပြီးတော့ နိုင်ငံအဆင့်အထိဂယက်ရိုက်မယ်။
အဲဒီတော့ ဆိုလိုချင်တာက..
“ကျေးလက်မြို့ပြ ရွှေ့ပြောင်းမှု” ကို လိုအပ်ရင်အစိုးရပေါ်လစီချပြီးထိန်းဖို့လိုကိုလိုတယ်ဆိုတာပါ။
ဖွံ့ဖြိုးဆဲနိုင်ငံတိုင်းမှာ စီးပွါးရေးလေးလမ်းဖွင့်လာတာနဲ့ မြို့ဆီပြေးတက်ကြမယ်ဆိုရင်
လက်ရှိဖြစ်ပေါ်နေတဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ အလုပ်အကိုင်ရှားပါးမှု၊မြို့ပြအလုပ်လက်မဲ့ကြီးထွားလာမှုတွေ
က တက်လက်စ တိုင်းပြည်လေးကိုဝန်ပိစေပြီး ရှေ့ဆက်တိုးဖို့ “လေးလံ” နေတတ်ပါတယ်။
အဲဒီ ကိတ်စနဲ့ပါတ်သက်ပြီး မြန်မာနိုင်ငံမှာ ပြောကြဆိုကြအကြံပေးကြတာမျိုး လုပ်သင့်တဲ့အချိန် ရောက်နေ
ပါပြီ။ လွှတ်တော်မှာ ထည့်သွင်းပြောကြားဘို့ လိုနေပြီလို့ထင်ပါတယ်။
ရင့်မှ ကုရင် အရမ်းခက်တဲ့ ရောဂါမျိုးပါ။
ကိုအမတ်မင်းလေးရဲ့ ပထမပို့စ် (လယ်ယာတော) က အဲဒီလိုအပ်ချက်ကိုပြောပြပေးထားပါတယ်။
အခု ဒုတိယပို့စ် (မြစ်ပြင်ကျယ်) ကတော့ လိုအပ်နေတဲ့ လူမှုရေးဆောင်ရွက်မှုတွေကို ပါးပါးးလေးလှစ်ကနဲ
မြင်လိုက်ရပြန်ပါတယ်။
တတိုင်းလုံး ဆေးရုံ ၄၃ ရုံရှိတဲ့ လူဦးရေ ၅သန်းခွဲ-ရန်ကုန်တိုင်းထက် ဆေးရုံ ၂၆ ရုံ ဘဲရှိတဲ့ လူဦးရေ
၆သန်းခွဲ ဧရာဝတီတိုင်းကိုနှိုင်းယှဉ်မိပြန်ပါတယ်။
လူဦးရေ ၅ သန်းကျော်ရုံလေးဘဲရှိတဲ့ (ပဲခူး)ဘဂိုးတိုင်းမှာတောင် ဆေးရုံ ၂၈ ရုံရှိတယ်ဆိုတော့
ဘယ်လိုစဉ်းစားစဉ်းစား ကျန်းမာရေး စောင့်ရှောက်မှုအားနည်းမှာပါ။
မြစ်ကမ်းမှာဆောက်ထားတဲ့ အိမ်တွေရယ်၊မြစ်ရေကို သုံးရတဲ့ လူတွေရယ် ရဲ့ ကျန်းမာရေးကို စိုးရိမ်မိတယ်။
ဆန်တန်ချိန် သန်း ၃ဝ ကျော်မှာ ငါးပုံတပုံကျော် ထုတ်လုပ်ပေးနေတဲ့ ဧရာဝတီတိုင်းက
တနှစ်ဆန်တန်ချိန် ၁၅ သန်းကျော်စားနေရတဲ့ မြန်မာလူဦးရေ ၅၅သန်း အနက် ၁၁ သန်းကို
ထမင်းကြွေးတယ်လို့ဆိုလို့ရလေမလားဘဲ။
ဆိုတော့ကာ.. ကျန်းမာမှ အလုပ်လုပ်နိုင်မှာဆိုတော့ စောင့်ရှောက်မှုပေးဘို့လိုပေတာပေါ့ဗျာ။
မြန်မာ့ကျေးဇူးရှင်များနဲ့ သူတို့ သူတို့တွေရဲ့ စောင့်ရှောက်မှုလိုအပ်ချက်တွေ ပုံရိပ်ဖော်ပေးပြီး
ရှေ့ဆက်လုပ်ဆောင်သင့်တဲ ့ပေါ်လစီ စီမံကိန်းတခုဖြစ်တဲ့ (ပြည်တွင်းလူသားအရင်းအမြစ်
ခွဲဝေမှု မှန်ကန်စေရေး = Optimum allocation of domestic human capital )ကို
ဖော်ဆောင်ပေးမဲ့ ကျေးလက် မြို့ပြ အလွန်အမင်းရွှေ့ပြောင်းမှု
ကိုပါ ထောက်ပြဖော်ထုတ်ပေးလိုက်တဲ့ ဒီဆောင်းပါး ၂ ပုဒ်ကတော့
အမတ်မင်း ပီသပါပေရဲ့ ကိုအမတ်မင်းလေးခင်ဗျာ။
~~~~~~~~~~~~
လေးစားခင်မင်စွာဖြင့်
amatmin
July 17, 2012 at 2:05 pm
ကျနော့ကို အမတ်မင်းလေး ဆိုတော့ ကျနော့ထက်ကြီးတဲ့ပုံပဲ .
ဆိုတော့ အကိုပေါ့ဗျာ.. 🙂
ကျနော်က ပို့စ်မှာပြောထားတဲ့အတိုင်းဘာရယ်မဟုတ်.
မြင်တွေခဲ့တဲ့ အပေါ် နည်းနည်းလေးခံစားကြည့်လိုက်မိတာပါဗျ..
ဒါပေမဲ့ အကို့ကွန်မန့်မှာ ပါတဲ့အချက်တွေက လက်ရှိလိုအပ်ချက်တွေကို ထင်ဟပ်ပြနေတာမို့..
သဘောကျမိလို့ တပြင်လုံးစိမ်းလိုက်ပါသဗျ..
လေးစားမှုဖြင့်..
mamanoyar
July 17, 2012 at 1:09 pm
ပုံလေးတွေအတွက်ကျေးဇူးပါလေးပေါက်ရေ
amatmin
July 17, 2012 at 1:20 pm
မမနိုရာရေ..မန့်တာကိုတော့ ကျေးဇူးတင်ပါတယ်..
မဖတ်ခင် ဘယ်သူရေးသလဲ ဆိုတာလေးကိုတော့
ပို့စ်တခုမဖတ်ခင် ကြည့်ပါအုန်းလို့ အကြံပေးပါတယ်ဗျ..
ခင်မင်မှုဖြင့်
ကိုပေါက်(မန္တလေး)
July 17, 2012 at 1:25 pm
ကိုမတ်ရေ
လေးပေါက်က ဓါတ်ပုံအမြဲတင်နေတော့ စိတ်စွဲသွားလို့နေမှာပါကွာ။
amatmin
July 17, 2012 at 1:26 pm
မမအညာသူ..ကိုသန်းထွတ်ဦး.ဘဲဥ.မွန်မွန်.မရွှေကြည်.ကိုပေါက်ဖော်..လေးပေါက်.
အကုန်လုံးကို ကျေးဇူးအကြီးကြီးတင်ပါကြောင်း.. 🙂
ခင်မင်ခြင်းအားဖြင့်
အမတ်မင်း
kyeemite
July 17, 2012 at 1:56 pm
ပထမဆုံးပုံ..မြစ်ကမ်းဘေးက အိမ်တချို့..မှာပဲ့ထောင်လေးတွေဆိုက်ထားကြတာမြင်တော့
အစိုးရ အလုပ်နဲ့ ဖျာပုံမှာနေခဲ့တာသတိရသွားသဗျာ..
အဲဒီဧရာဝတီတိုင်းက မြို့တွေမှာတော့ ကိုယ်ပိုင်ပဲ့ထောင်တစ်စင်းရှိရင်
ရန်ကုန်မှာ ကိုယ်ပိုင်ကားရှိသလိုဘဲဗျ..ဘယ်သွားသွားပဲ့ထောင်လေးထုတ်မောင်းပြီသွားကြတာပဲ..
အဲဒီအချိန်လောက်ကတော့ ဆင်းရဲသား ခုလောက်မများဘူးလို့ထင်မိတယ်..
ခေတ်စံနစ်တွေကလုပ်ချလိုက်တာရယ်..သဘာဝနာဂစ်ကဝါးမျိုပစ်လိုက်တာရယ်ကြောင့်
အခုလိုအခြေအနေပိုဆိုးကုန်တာလို့ ထင်မိတာပါပဲ…
ဓါတ်ပုံလေးတွေကြည့်ပီးတွေးမိတာလေးပါ…
ခင်တဲ့..
မောင်ပေ
July 17, 2012 at 3:19 pm
ဘိုကလေးသား
အပျိုလေးနား
ဆို တေးသွား
ချိုပေးမလား
မအိုဆေးစား
CASPER
July 17, 2012 at 3:51 pm
ပုံလေးတွေကို နှစ်ခြိုက်မိပါရဲ့ဗျာ…. ကိုမက်မင်းလဲ ရွာထဲက နာမည်ကြီးတစ်ယောက်လို့ သိထားပါတယ်… ကိုမက်မင်း ကျွန်တော်က ရွာသားသစ်လေးပါဗျာ.. ပြောမှားဆိုမှားရှိရင် ဝိုင်းဝန်းကူညီ သွန်သင်ပေးပါလို့နော်….
Gipsy
July 17, 2012 at 3:59 pm
ဒါ့ကြောင့် ပျောက်နေတယ်လို့တော့ ထင်မိသား…
ဘိုကလေးက ဘာဘာညာညာ ပုံလေးများ မတင်တော့ဘူးလားဗျ….
ရှိုထားသေးတယ် မဟုတ်လား….။
Rose Minn
July 17, 2012 at 4:02 pm
မတ်မတ် ရဲ့ ရှုခင်းတွေမြင်ရတော့ ရင်ထဲ မော်တင်စွန်းခရီးသွားခဲ့တာကို သတိရမိတယ်။ ဟိုစွန့်စွန့်စားစားခရီးသွား ပုံရယ်၊ ဇိမ် တချက်ပုံရယ်တွေ့တော့ အသဲယားထှာ။ သူတို့ဘယ်လိုများ ခရီးသွားနေသလဲလို့။ နယ်ခံတွေ အတွက်တော့ အလေ့အကျင့်ဖြစ်ပေမယ့် တို့ တွေအတွက်တော့ မကြည့်ရဲဘူး။ ပြုတ်များ ကျလိုက်ရင်တော့ အမလေးလေး လှေနဲ့ ရှပ်ပြေးကြားထဲရောက်သွားမှာ။ အန္တရာယ်များလွန်းတယ် နော်။
သားအမိပုံ ကလေး က ကျတော့ စိတ်အားတက်စေတယ်။ ဘယ်လိုခက်ခဲတဲ့ ကြမ်းတမ်းတဲ့မုန်တိုင်းလာလာ လုံးဝမမှု့ဘူး ကိုယ့်လုပ်ချင်တဲ့ ဝမ်းစာ အလုပ်ကိုဆက်လုပ်မယ် ဆိုတဲ့ သားအမ နှစ်ယောက်ရဲ့ အာဂသတိ္တ ကိုသွားမြင်မိတယ်။ လူဆိုတာ အခက်ခဲမြင်နေရင် ဝမ်းစာတောင် ရှာစားနိုင်မယ်မထင် ဘူးနော်။
မိုက်ကယ်ဂျော်နီအောင်ပု
July 17, 2012 at 4:33 pm
( ပြောရရင် မြန်မာပြည်အထက်ပိုင်းအပါအဝင် အောက်ဘက်မွန်.ကရင်ဘက်တွေကို
ခရီးသွားဖူးခဲ့သူတွေများ ဧရာဝတီ တိုင်းကိုရောက်လာ သွားဖူးခဲ့ရင်.အဲ့လိုမြင်မိကြလိမ့်မယ် ထင်တာပဲ )
…………………….
ဧရာဝတီတိုင်းအနေနှင့်ကျတော့ သဘုန်ဒေဘာဒေမရှိတော့ အဖြူရောင်နယ်မြေလို့ပြောလို့ ရနိုင်မလား
ကျန်တဲ့ မွန်ကရင်ပြည်နယ် ဒွေကြတော့ သဘုန်ဒေဘာဒေရှိတော့ ဘာရောင်နယ်မြေလို့ ဆိုနိုင်မလဲ
ခရီးသွားတွေအနေနှင့် လုံခြုံရေးကောင်းတဲ့ မြို့ပြတွေဖက်ဘဲသွားဘူးတော့
အရပ်ဇဂါးနဲ့ပြောရရင်တော့ အိမ်ကြီးအိမ်ကောင်းတွေဘဲမြင်ရတဲ့သဘောရှိပြန်ရော
မှောင်ခိုဒေသကြီးတွေ ဖြစ်တာရယ် သစ်တော့တွေနှင့် နီးတာလည်းပါသပေါ့ ( သစ်တွေခုတ်လို့ရတာကိုး )
တောတောင်တွေထဲမှာ အတော်အခြေနေဆိုးတဲ့ လူတွေရှိသပေါ့
ဗမာစစ်တပ်ကိုလည်းကြောက်ရ သက်ဆိုင်ရာ သဘုံတွေ ( ဘုန်းကျော်တို့အဖွဲ့တွေပေါ့ ) 😀
မြေကြီးထဲက ဝုန်းကနဲ့ထွက်လာမယ့်ဟာတွေကိုလည်းကြောက်ရ
မိုးပေါ်က ဂျီမ်းဆိုပြီးကျလာမယ့်ဟာတွေကိုလည်းကြောက်ရ
( ဘယ်လိုမှတော့သဘောမထားပါနဲ့ ဘူမှမပြောလို့ ဗျောင်းဗျန်ဝင်မောင်းဒါ 😀 )
တစ်လောက ဆရာမ ဒေါ် မနောဖြူလေး ဗျူးတဲ့ အင်တာဗျူး တစ်ခုထည်း ဖတ်ဘူးတာက
တစ်နေ့ကို ခြောက်ထောင် ( ဗမာပိုက်ဆံ ) ရတဲ့ နေ့စားအလုပ်တစ်ခုပေါ်မှာ တွေ့ရတဲ့
ထင်မြင်ချက်အချို့မှာ တွေးတောစရာတွေအတော်တွေ့မိပါရဲ့
ဆိုခဲ့ပြီးသလို ကရင်မွန်ဒေသတွေကအနည်းဆုံး ထိုင်းလိုဒေသလောက်ကို သွားပြီး အောက်ခြေသိမ်း
အလုပ်တွေသွားလုပ်နိုင်တဲ့ သဘောတွေကလည်း အထူးအရေးကြီးတဲ့အချက်ထည်းမှာပါဝင်သလားဘဲ
ဆိုလိုတာက တစ်ဦးချင်းရဲ့ဝင်ငွေတွေမှာ ပြည်ပက အလုပ်တွေလုပ်နိုင်တဲ့အတွက်
ဝင်ငွေကောင်းတယ်ဆိုနိုင်မလား
( အဲ့သည်လူငယ်တွေမှာ ကိုယ့်တိုင်းပြည်တွက်ဆိုတဲ့ ဝေါဟာရတွေ လုံးဝ မရှိတော့ဘူး ) လို့
ဒီနေရာကနေပြောရင် ဘယ်ကောင်များ ကျုပ်ကို ဘာလာပြောမလဲသိခြင်သား
သိပါတယ်ဆိုတဲ့သတ္တဝါတွေကတော့ ထိုင်ခုံနဲ့ ဂွင်လောက်ဘဲ ခေါင်းထဲရှိပုံရတယ်
မြန်မာပြည်ထဲကလူတွေ အကုန်သေ တိုင်းပြည်ကြီးငြိမ်းချမ်းသော် ငါတို့ပြည်တော်ပြန်မည်
ဤကပင် ဒီမိုကရေစီရဲဘော်မည်ပေ၏။ ဆိုသလိုဖြစ်ကုန်ပြီ
ဒါ့ကြောင့် ရံခါ
အပြင်ကနေ အတိုက်ခံတွေကို ဘာညာကွိကွ အစွန်းရောက်အောင်ဝေဖန်ရင် တော်တော်စိတ်ပျက်တယ်
ပြောရရင်တော့ အများကြီးဘဲဗျ
ဖွတာ
ဖွတာ
ကိုယ်လည်းဘာမှလုပ်ပေးနို်င်တာမှ မဟုတ်ဘဲကိုး ( ခရက်ဒစ်ပေးဘာဒယ် )
ပြေးဘီ
ဂိန်ဂိန် ဂိန်ဂိန်
manawphyulay
July 17, 2012 at 5:01 pm
ခုလို မြစ်ကမ်းတစ်လျှောက် မော်တော်မစီးရတာ အတော်ကြာတော့ မြင်ရတာ အထူးအဆန်းဖြစ်လို့နေတယ်သိလား။ အရင်ကတော့ ထန်းတစ်ပင်ဘက်သွားလည်း မော်တော်ဘုတ်နဲ့ နောက် တွံတေးကျော်တော့ ကျွန်းကလေးရွာသွားတော့လည်း မော်တော်စီးခဲ့ဖူးတယ်။ မော်တော်စီးတဲ့အရသာက ဘာနဲ့မှမတူသလို ဘေးမြင်ကွင်းလေးတွေကလည်း ရှုချင်စဖွယ်ပဲနော်။ ခုမမြင်ရတာကြာတော့ မြင်ကွင်းလေးက တစ်မျိုးပဲ။
Crystalline
July 17, 2012 at 6:21 pm
ကိုအမတ်မင်းတယောက် လယ်ကွင်းတွေထဲ..မြစ်ပြင်ကျယ်ထဲ လေကောင်းလေသန့်တွေ ရှူရှိုက်ခဲ့တာပေါ့.. အားကျလိုက်တာ..
MaMa
July 17, 2012 at 9:50 pm
အမတ်မင်းလည်း ဒါ့ပုံပညာ ဝမ်းစာ ဝ သွားပြီထင်တယ်။
ဒ့ါပုံတွေ ကြည့်ရတာ ပန်နိုရားမားနဲ့များ ရိုက်ထားတာလား ရှဲပါဦး။
မြစ်ဝကျွန်းပေါ်က ဆင်းရဲတဲ့သူများတယ်လို့တော့ မဆိုနိုင်ဘူးထင်တယ်။
တောရွာတွေရောက်ရင် ဒီလိုချည်းပဲ ထင်တာပဲ။
ဘာပဲဖြစ်ဖြစ် မြစ်ကြောင်းတလျှောက် မြစ်ဝကျွန်းပေါ်ရှု့ခင်းလေးတွေ ကြည့်ရတာ စိတ်ချမ်းသာစရာကောင်းတယ်။
ဝေဝေ ပြောသလို ရှပ်ပြေးကို လူစီးယာဉ်အနေနဲ့သုံးတာ အန္တရာယ် များလွန်းတယ်။ ကြောက်ဖို့ကောင်းတယ်။
ဒါပေမယ့် ခရီးတွင်တော့လည်း အဲဒါကိုပဲ စီးနေကြရတာပဲနော်။
မြစ်ဝကျွန်းပေါ်မြို့တော်တော်များများကို ရောက်ဖူးတယ်။
ဘိုကလေးတော့ မရောက်ဖူးသေးဘူး။
metallic
July 17, 2012 at 10:24 pm
ဘယ်မြို့မှာ ဘယ်အတိုင်းအတာနဲ့ ဆင်းရဲနေကြသလဲတော့မသိဘူး
့မြစ်ဝကျွန်းပေါ်ကမြို့လေးတမြို့မှာ ဆိုက်ကားတော့တော်တော်ပေါတယ်
ဟိုနားဒီနားသွားချင်ရင် အိမ်ရှေ့လမ်းမထွက်လက်တားလိုက်ယုံပဲ
အညာမှာကျတော့ ယောကျင်္ားလေးဆို မလေးရှားသွား
မိန်းကလေးဆိုရင်လယ်ယာလုပ်ငန်းပါးတဲ့အချိန် ရှမ်းပြည်တက်လဘက်ခူး
ကလေးတွေကကျတော့ မိဘကမတက်နိုင်ရင် စောစောစီးစီးကျောင်းထွက် လယ်လုပ်
တက်နိုင်ရင်စာဆက်သင်စေပေါ့
စာဆက်သင်ပြီးတော့ရော အလုပ်အကိုင်ကအဆင်ပြေဦးမှ
မပြေရင်တော့ တောအလုပ်ကြမ်းလည်းမလုပ်နိုင် မလုပ်တက်
လုပ်ရမှာလည်းဂွကျကျ
တချို့ကျတော့လည်း ပြတ်ပြတ်သားသားပဲဆုံးဖြတ်ပြီး မိဘလက်ငုတ်ဝင်လုပ်ကြတယ်
လူမှန်ရင်တခုခုကတော့ လုပ်ရမှာပဲဟာ
ကိုယ့်အရပ်ဒေသ ပတ်ဝန်းကျင်ရေမြေအလိုက် အသက်မွေးဝမ်းကျောင်းကတော့ ကိုယ်စွမ်းသလောက်လုပ်ကြရတယ်
အဲဒီလိုလုပ်နေတဲ့ကြားက
တနေရာနဲ့တနေရာ ဆင်းရဲတာမညီမျှတာကတော့ ( ဆင်းရဲချမ်းသာမဟုတ်)
သာမာန်လူတွေ (ပြည်သူတွေ) တက်နိုင်တဲ့အနေအထားမဟုတ်တော့ဘူး။
blackchaw
July 18, 2012 at 8:56 am
ညီလေးရေ…။
ထူးထူးခြားခြား ညီလေးရဲ့ ခရီးသွားမှတ်တမ်း
ဓါတ်ပုံလေးတွေကို ဝင်ရောက်ခံစားသွားပါတယ်…။
ကွန်းမန့်အပေးနောက်ကျနေတာ ခွင့်လွှတ်ဗျာ…။
မြစ်ဝကျွန်းပေါ်ဆိုလို့ ကိုယ်က ပုသိမ်သားဗျ…။
ဘိုကလေးတော့ မရောက်ဘူးပါဘူး..။
ဒီပို့စ်လေး ကို ကြည့်ရင်း
ရွာထဲမှာ ဓါတ်ပုံသမားတစ်ယောက်တိုးပြီလို့
တွေးမိပါတယ်ဗျာ…။
amatmin
July 18, 2012 at 10:06 am
ဦးမိုက်.ကိုပေ.ကတ်စပါ.ကိုဂျစ်ပစီ.မရို့စ်.ကိုအောင်ပု..
မ မနော.ခရစ်.မက်တယ်လစ်.အံတီမမ.ကိုဘလက်..
ကွန်မန့်များအတွက် ကျေးကျေးပါဗျ.. နော်. 🙂
ဓါတ်ပုံတွေကို ဖိုတိုရှော့နဲ့ နဲနဲပြန်တို့ထားပါ၏..
ကိုVictory နဲ့ ကိုအောင်ပု ကွန်မန့်များကလည်း
မတူတဲ့ အမြင်လေးတွေ ပိုရတွေးမိစေလို့ ကျေးဇူးပါခင်ဗျာ..
Shwe Ei
July 18, 2012 at 12:42 pm
ကျမတော့ ဧရာဝတီတိုင်းဆိုတာကို နာဂစ်အပြီး အလုပ်နဲ့သွားတော့မှ ထဲထဲဝင်ဝင် မြင်ဖူးသိဖူးတာပါ။ ဆင်းရဲကြတာကတော့ အညာကလူတွေလဲ ထိုနည်း၎င်းပါဘဲ။ ပြီးခဲ့တဲ့ ၂၀၁၁ ဒီဇင်ဘာမှာ ကျမအလုပ်တာဝန်နဲ့ ၆လလောက်နေခဲ့ဖူးတဲ့ ဘိုကလေးအောက်ဖက် ဟေမာန်ကျေးရွာအုပ်စုထဲက ရွာလေးကိုအလည်တခေါက်ရောက်ပါတယ်။ ရွာကလူတွေကတော့ ဟိုတုန်းကလိုဘဲ ဝတ္တရားမပျက် ဝမ်းသာအားရခရီးဦးကြိုပြုပါတယ်။ ကျမတို့အတွက် သူတို့တောင်နေ့တိုင်းမစားတဲ့ ပုဇွန်ထုပ် ဘဲသားဟင်းတွေချက်ကျွေးလိုက်ကြသေး။ သို့သော် ပြန်ခါနီး ဥက္ကဌ နဲ့တကွ ရွာလူကြီးတွေနဲ့ စကားပြောပြီးကြတဲ့အခါမှာတော့ အပြန်ခရီးအတွက် စိတ်မကောင်းစရာအတွေးတွေတပွေ့တပိုက် ပါလာတော့တာပါဘဲ။ သူတို့ပြောတာက ” ဆရာမရယ် ကျနော်တို့ရွာအခြေနေလဲ ကြည့်ပါအုန်း။ အရင်လို ဟုတ်သေးရဲ့လားလို့ ။ ရွာထဲမှာ ဖွင့်နေကျ ၂ဆိုင်ထဲသော အဆာပြေ (မုန့်ဟင်းခါး၊ ကော်ဖီ ၂မျိုးထဲသာ) ရောင်းတဲ့ဆိုင်လေးတွေတောင် တဆိုင်အရင်းပြုတ်သွားရှာဘီ။ ရွာထဲက လမ်းပြင်၊ တံတားဆောက် (ကျမတို့အဖွဲ့ ထောက်ပံ့မှုနဲ့) လုပ်ထားတာတွေလဲ ဆရာမတို့ထွက်သွားထဲက ပြန်မပြင်နိုင်တော့တာ အခုဆို ၂နှစ်ကျော်ရောပေါ့။ လမ်းမီးလေးရနေတာတောင် ဥက္ကဌ ရဲ့ဟာလာစက် (ဆန်စက်) လည်နိုင်သေးလို့။ လယ်တွေက အထွက်မကောင်းတော့ လူငယ်တွေ အတော်များများလဲ အပြင်ထွက်အလုပ် လုပ်ကြရတယ်။ ရေလုပ်ငန်းသမားကလဲ ငါး ပုဇွန်အရင်လိုမပေါတော့ လုပ်ငန်းအဆင်မပြေတဲ့” ။ ကိုယ်စိုက်တဲ့စပါး ကိုယ်မစားရတဲ့ဘဝတွေအတွက် ကိုယ်စားရင်နာမိပါတယ်။
နောက်တခုက ကျန်းမာရေးစောင့်ရှောက်မှုပိုင်းမှာ ကို Victory ပြောသလို ဆေးရုံအရေအတွက်နဲ့ လူဦးရေအချိုးအစား မညီမျှမှု။ ဘိုကလေးမြို့ပေါ်က ကျမတို့ရဲ့ ယခင်ရုံးချုပ်က ဆေးရုံနဲ့နီးပါတယ်။ ဟိုတလောက အသိတယောက်ရန်ကုန်မှာ ဆေးလာြ့ပလို့သွားတွေ့တော့ ဘိုကလေးမှာ ထူးထရေးဒင်းက ဆေးရုံအသစ်ဆောက်ပြီးလှူထားတယ်တဲ့။ ဒါပေမဲ့ ပစ္စည်းမစုံတာလား ဆရာဝန်မလုံလောက်လို့လားတော့ မသိဘူး ပိတ်ထားတဲ့ရက်ကပိုများတယ်တဲ့။ အရေးထဲ သန့်ရှင်းရေးဝန်ထမ်းကလဲ ဆေးရုံလာတက်တဲ့လူနာကို စင်္ကြန်ပေါ်တက်ကတည်းက ဖိနပ်ချွတ်ပြီးတက်ခိုင်းတယ်တဲ့။ ပေသွားရင် ပြန်တိုက်ရမှာ အလုပ်ရှုပ်လို့ဆိုဘဲ။ ဆိုတော့ ဆေးရုံမလောက်ရတဲ့ကြားထဲ ရှိတဲ့ ဆေးရုံတွေကို ကောင်းကောင်း မလည်ပတ်နိုင်ကြတဲ့အပြင် ဆေးပစ္စည်းမလုံလောက်မှုကလဲ ရှိပြန်တော့ ဆရာဝန်တွေက ထစ်ခနဲရှိ လူနာကို ရန်ကုန်မှာ ဆေးသွားပြဖို့သာညွှန်ကြတော့တာဘဲ။ ပိုက်ဆံရှိသူ အသက်ရှင်မဲ့ခေတ်လို့လဲမြင်မိပါတယ်။
ကိုမတ်ရဲ့ ဒါ့ပုံထဲက ရှပ်ပြေးက ကျမဘိုကလေးသွားတိုင်းစီးနေကျပေါ့။ ဒါပေမဲ့ ညနေဘက်မှ ထွက်တဲ့ ပုသိမ်သူရှပ်ပြေးကိုပိုကြိုက်တယ်။ အိပ်စင် အိပ်ခန်း၂မျိုးပါတော့ ကိုယ့်အခန်းကို သော့ခတ်ပြီး သင်္ဘောဦးတက် လေခံညှင်း ။ နောက်တမျိုးကြိုက်တာက ဘီယာစတေရှင်ပါတယ်။ 🙂
တော်သေးဘီ
ခင်တဲ့
မရွှေအိ
ကြောင်ဝတုတ်
July 18, 2012 at 1:21 pm
အော်အော်…
ဘိုကလေးအမှတ်တရရေးသူပေါ့နော်….
Ma Ei
July 18, 2012 at 12:54 pm
မြစ်ပြင် တစ်ဖက်ကမ်းဘေးမှာက
တဲသာသာ အိမ်ကလေးတွေ
ဒီဘက်ကမ်းမှာက တိုက်မြင့်တာမြင့်တွေ
ခရီးသွားချင်းတူတူ ငှက်ကလေးနဲ့ ရှပ်ပြေးနဲ့
မတူတဲ့ ညီမျှခြင်းတွေပေါ့နော်…
ကြောင်ဝတုတ်
July 18, 2012 at 1:18 pm
အစ်ကိုကြီးအမတ်မင်းရေ…
ဓာတ်ပုံများကပြောသောစကားပေါ့နော်…
ဘိုကလေးမြို့လေးကို မြင်တိုင်း… ဈေးထောင့်နားက မနက်တိုင်းစားနေကြ ထမင်းကြော်ဆိုင်နဲ့…
ညနေတိုင်းသောက်နေကြ ဘီယာဂါးဒင်းကို သတိရသဗျိုး…
အခုလို မိုးဦးကျလေးဆိုရင်ဖြင့် ပုဇွန်အစိမ်းသုပ်လေးကို ထန်းပင်အောက်ကကျားကြီးနဲ့ ဇိမ်ယူခဲ့တာလေးအမှတ်ရသဗျှ…
တည်းခဲ့ဖူးတဲ့ ပန်းသခင်ဆိုတဲ့ တည်းခိုးခန်းလေးလဲ မမေ့ကြောင်းပြောချင်ပါတယ်ဗျာ…
ကျွန်တော့အဖေက မြစ်ဝကျွန်းပေါ်သား… ခက်တာက ကျွန်တော်လူမှန်းသိတတ်စအရွယ်ကတည်းက မြစ်ဝကျွန်းပေါ်ကိုမရောက်ခဲ့ဘူး… အလုပ်နဲ့မြစ်ဝကျွန်းပေါ်ရောက်တော့မှ အဲဒီကလူတွေဆင်းရဲတာကို ကိုယ်တိုင်တွေ့ရတယ်…
အံ့လဲအံ့ဩမိတယ်အစ်ကိုကြီးရေ…
မြန်မာနိုင်ငံရဲ့စပါးကျီလို့တင်စားထားတဲ့ မြစ်ဝကျွန်းပေါ်ဒေသက ဘာလို့များဆင်းရဲနေရပါလိမ့်ဆိုတာ စဉ်းစားတိုင်း ကျွန်တော့်မှာ အဖြေနှစ်ခုထွက်တယ်ဗျာ…
အစိုးရကျွေးကျော်ထားသလို စိုက်ပျိုးရေးကိုအခြေခံပြီး တိုးတက်အောင်လုပ်ကြမယ်ပေါ့…
ဟုတ်ပါပြီ… စိုက်ပျိုးရေးကိုအခြေခံမယ်ဆိုရင်ဖြင့် ဘယ်လောက်များစိုက်ပျိုးရေးလုပ်ငန်းကို တိုးတက်အောင်လုပ်ပြီးပြီလဲ…
ကျွန်တော့်အမြင်တော့ လယ်သမားတွေဘဝဟာ လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်တုန်းကလဲ လူနဲ့စိုက် လူနဲ့ရိတ်…
အခုလဲ လူနဲ့စိုက်… လူနဲ့ရိတ်ပါပဲ…
လယ်ယာစိုက်ပျိုးရေးနဲ့ဆည်မြောင်းဝန်ကြီးဌာနက ဆည်မြောင်းဦးစီးဌာနတို့၊ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနတို့ ဆိုတာ ကျွန်တော်တို့မမွေးခင်ကတည်းကရှိနေပြီးသားပေမယ့် ဘယ်လောက်များအကျိုးဖြစ်ထွန်းအောင် လယ်သမားတွေကို ကူညီပြီးခဲ့ပြီလဲဆိုတာကို ပြန်တွေးဖို့လိုပါတယ်… မြန်မာနိုင်ငံစိုက်ပျိုးရေးလောကမှာ စက်မှုတော်လှန်ရေးဖြစ်လို့ လက်လုပ်လက်စား လယ်သမားတချို့အလုပ်လက်မဲ့ဖြစ်ကုန်တာမျိုးမတွေ့ရပဲ ကောက်စိုက်သမမလုံလောက်မှုလိုမျိုးဖြစ်နေတာကို တွေ့ရတော့ ကျွန်တော်တို့ဘယ်လောက်များ နောက်ကြကျန်ခဲ့ပြီလဲ…
လယ်သမားတွေကို အထွက်တိုးဖို့နည်းပညာတွေပံ့ပိုးရပါမယ်… ပြီးတဲ့အခါကြရင် အထွက်တိုးလာတဲ့စပါးကို နိုင်ငံတော်ဝင်ငွေရအောင် နိုင်ငံခြားကိုထုတ်ရောင်းကြမယ်ပေါ့…
တကယ်လို့များ နိုင်ငံခြားကမဝယ်ရင် မြန်မာနိုင်ငံရဲ့ဆန်ဈေးကျရမှာပါ… ကျွန်တော်တို့ဆန်ဈေးဘယ်တုန်းကများ ကျခဲ့ဖူးပါသလဲ… တရိတ်ရိတ်တက်နေတာပဲ မြင်နေရပါတယ်…
အခုတလော စပါးဈေးတွေစွတ်ကျနေတယ်ဆိုပြီးတော့ လယ်သမားတွေအရှုံးနဲ့ရင်ဆိုင်နေရတယ်ဆိုတာမျိုးကို ဂျာနယ်တွေမှာတွေ့ရပေမယ့် တကယ့်ဈေးကွက်မှာစပါးဈေးမကျတာကိုတွေ့နေရပြန်ရော…
တကယ်ဆိုရင် မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးနည်းပညာတွေဟာ အိမ်နီးချင်းဖြစ်တဲ့ထိုင်းနိုင်ငံကိုတောင် မမီတာတွေ့နေရပါတယ်…
လယ်သမားတွေအတွက် အခုထက်ပိုပိုကောင်းသောနည်းပညာတွေအရမ်းကိုလိုအပ်နေပါပြီ… နိုင်ငံတကာရင်ဘောင်တန်းနိုင်စပါးအရည်အသွေးရလာမှ လယ်သမားတွေရဲ့လုပ်အားတွေဟာလဲ နိုင်ငံတကာအဆင့်မီဖြစ်လာမယ် လို့ရိုးရိုးလေးတွေးကြည့်ရင်း နဲနဲဆန်းဆန်းလေးဆက်စဉ်းစားရာမှာတော့…
ဆန်ကုန်သည်ကြီးများအသင်းတို့… ဆီကုန်သည်ကြီးများအသင်းတို့ကို အပြစ်ပြောရမှာပါ…
လျော့ဈေးနဲ့ဝယ်ထားတဲ့စပါးကို ဆန်ကျိတ်ပြီး အချင်းချင်းလက်ဝါးရိုက်ဈေးတစ်ခုသတ်မှတ်ပြီးရောင်းနေသ၍ ဘယ်တော့မှဆန်ဈေးကျလာမှာမဟုတ်သလို… နိုင်ငံခြားတင်ပို့လို့ရတဲ့အကျိုးဆက်တိုက်ရိုက်ကို လယ်သမားလုပ်အားရှင်တွေ ဘယ်တော့မှမခံစားရမှာမဟုတ်ပါဘူး…
အဲဒီတော့ ကုန်သည်ကြီးများအမည်ခံ လက်ဝါးချင်းပေါင်းရိုက်သောပွဲစားများအားလဲ… သင့်တော်သလိုစီစဉ်မှဖြစ်ပေလိမ့်မည်…
နောက်ဆုံးအကျိုးဆက်ကတော့ အပေါ်ကအစ်ကိုဗစ်ထရီပြောခဲ့သလို… လူဦးရေများသော သိပ်သည်းသောဒေသတွင် စီးပွားရေးမဖွံ့ဖြိုးသောကြောင့် ပိုမိုပြီးဆင်းရဲကြကြောင်းတွေးမိပါတော့သည်…
ခင်မင်လျက်-
ကြောင်ဝတုတ်
may flowers
July 18, 2012 at 1:56 pm
ကိုအမတ်မင်းရဲ့ ပုံလေးတွေကို ကြည့်ပြီး အားပေးသွားပါတယ်.။
ပုံ ၁ နဲ့ ၂က ကြည်နူးစရာလေး ကိုယ်တိုင်တောင်သွားလည်ချင်စိတ်ပေါက်မိပါတယ်။
ပုံ ၃ က တဲအိမ်လေးတွေမြင်မိတော့ အော်…ဘဝ..ဘဝ လို့တိုးတိုးလေး။
လမ်းတဝက်မှာ လှေငယ်ငယ်လေးတွေနဲ့ ဖြတ်တက်လာတဲ့
စွန့်စွန့်စားစားခရီးသွားတွေကို မြင်ရတာရင်တုန်ချင်စရာ။
ဘဝခရီးသည်ရဲ့ ဇိမ်တစ်ချက်ကတော့
ကိုယ်က ရေမကူးတတ်တာ ကြောင့်အသည်းယားပြီးကြောက်စရာကြီးလို့။
ခံစားချက် အမျိုးမျိုးနဲ့ အားပေးသွားပါတယ် ကိုအမတ်မင်းရေ။