Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဝင့်ပြုံးမြင့် မြန်မာပြန်တဲ့ တိမ်ယံသစ္စာ အပိုင်း ( ၂ ၈ )

alinsettJuly 16, 20121min5495


နောက်တစ်ပတ်အကြာတွင် ပါကစ္စတန်နိုင်ငံတကာလေကြောင်းမှ လေ ယာဉ်ပေါ်

ကျွန်တော်ရောက်ကာ ပြတင်းပေါက်ဘေးခုံတွင်ထိုင်ရင်း ယူနီဖောင်း

ဝတ်လေယာဉ်အမှုထမ်းများကို ကြည့်နေသည်။ မကြာခင် လေယာဉ်ထွက်လာ နိုင်ခဲ့ကာ

တိမ်လွှာထုကို ထိုးခွဲနေပြီ။ ကျွန်တော့်မှာတော့ ပြတင်းခေါင်းမှီလျက်သား

အိပ်ပျော်အောင်စောင့်နေပါသော်လည်း အချည်းနှီး။……………..
…………………
___________________________

အခန်း (၁၅)

သုံးနာရီကြာ လေယာဉ်စီးပြီး ပက်ရှဝါကိုရောက်ပြီ။ ဆေးလိပ်ခိုးထောင်းထောင်း

ထနေသော အငှားယာဉ်၏နောက်ဘက်ထိုင်ခုံ အစုတ်အပြတ်တွင် ကျွန်တော်

ထိုင်လိုက်လာသည်။ ဆေးလိပ်ကို လက်ကမချတမ်းသောက်လာသော ချွေးထွက်သန်သည့်

လူကောင်သေးသေး ယာဉ်မောင်းက သူ့အမည် ဂိုလမ် ဖြစ်ကြောင်းမိတ်ဆက်သည်။

ကားချင်းမတိုက်မိအောင် ပွတ်ကာသီကာ ရှောင်ရင်းတိမ်းရင်း

ကားကိုသွေးအေးအေးနှင့် ဗရမ်းဗတာမောင်းလာသော ယာဉ်မောင်းသည် စကားကိုသာ

အမျှင်မပြတ်ပြော လာသည်။

”ခင်ဗျားတို့ တိုင်းပြည်မှာကတော့ ကြောက်စရာကြီးနော် … ကျွန်တော်ပြော

မယ်၊ အာဖဂန်နဲ့ ပါကစ္စတန်ဆိုတာ ညီရင်းအစ်ကိုတွေလိုပါပဲ။ မွတ်စလင်ဆိုတာ

မွတ်စလင်ကို ကူညီရမယ် …”

၁၉၈၁ ခုတုန်းက ဘာဘာနှင့် ကျွန်တော် ပက်ရှဝါတွင် လအနည်းငယ်မျှ သာ

ကျင်လည်ခဲ့ဖူးသော်လည်း ပက်ရှဝါကို ကျွန်တော် အတော်အတန်မှတ်မိနေသည်။

ယခုအခါ ဂျင်းရုဒ်လမ်းအတိုင်း အနောက်ဘက်ကို ကျွန်တော်တို့သွားနေသည်။

ခမ်းနားထည်ဝါသော တံတိုင်းမြင့်နေအိမ်များကို ဖြတ်လာခဲ့သည်။

ကျွန်တော့်နောက်ဘက်တွင် ဝေသီဝါးလျက်ကျန်ခဲ့သော စည်ကားလှသည့်

ပက်ရှဝါမြို့ကို ကြည့်ရင်း ကျွန်တော်သိထားသည့် ကဘူးမြို့ကို အမှတ်ရသည်။

အထူးသဖြင့် ဟက်ဆန်နှင့် ကျွန်တော် ချယ်ရီဖျော်ရည်ဝယ်သောက်ရာ၊

အာလူးချတ္တနီးဝယ်စားရာ ကြက်ဈေးတန်း ကို သတိရသည်။

ပက်ရှဝါလမ်းတွေထဲ စက်ဘီးသမားတွေ ပျားပန်းခတ်နေသည်။ ခြေကျင် သမားများလည်း

ကြိတ်ကြိတ်တိုးလျက်။ လံချားသမားများကမူ လမ်းကျဉ်းလမ်းမြှောင် လမ်းဝင်္ကပါထဲ

ရက်ကန်းရှယ်နေသလား အောက်မေ့ရသည်။ ပျံကျဈေးသည် များက တိရစ္ဆာန်သားရေ

မီးအုပ်ဆောင်းများ၊ ကော်ဇောနှင့် ဇာထိုးပန်းထိုးခြုံလွှာများ ရောင်းသည်။

ပြွတ်ကျပ်နေသောဆိုင်ခန်းလေးများတွင် ကြေးထည်ပစ္စည်းများ ရနိုင်သည်။

ဟိန္ဒီတေးဂီတသံနှင့်ရောနေသော ပျံကျဈေးသည်များ၏ ဈေးခေါ်သံ၊

တဖောင်းဖောင်းပြေးသွားသော လံချားဆွဲသံ၊ တချွင်ချွင်မြည်းလှည်းခြူသံ …

တစ်မြို့လုံး အုံးအုံးကျွက်ကျွက်ညံနေသည်။ စူးရှသောရနံ့များက ခံသာသည့်

အနံ့လည်းပါသည်။ မခံသာသည့်အနံ့လည်းပါသည်။ ဘာဘာ အလွန်ကြိုက်သော

ဟင်းခတ်အမွှေးအကြိုင်ရနံ့က ဒီဇယ်နံ့၊ အပုပ်အသိုးနံ့၊ အမှိုက်ပုံနံ့၊

မစင်နံ့နှင့် ရောကာ ပြတင်းမှတဆင့် ကျွန်တော့်နှာဝထဲ ဝေ့လာသည်။

အုတ်တိုက်နီနီ ပက်ရှဝါတက္ကသိုလ်ကျောင်းတော်ကြီးကို လွန်လာသော်

ကျွန်တော့်ယာဉ်မောင်း ကိုလေပေါက ‘အာဖဂန်မြို့ကွက်’ ထဲဝင်လာပြီဖြစ်ကြောင်း

ပြောသည်။ မုန့်ချိုဆိုင်ကလေးများ၊ အသားဆိုင်ကလေးများ၊

ကော်ဇောလက်ပွေ့ရောင်း သူများ၊ ဖုန်လူးနေသောလက်ကလေးများဖြင့်

စီးကရက်ရောင်းသော လူမမည်ကလေးများ၊ အရောင်းပြတင်းတွင်

အာဖဂန်မြေပုံဆွဲထားသော စားသောက်ဆိုင် ကုပ်ကုပ်လေး များ – နေရာအားလုံးတွင်

ပုန်းလျှိုးကွယ်လျှိုး အကျိုးဆောင်များရှိနေသည်။

”ခင်ဗျားတို့ရဲ့ ညီအစ်ကိုတော်တွေ ဒီရပ်ကွက်ထဲ နည်းနည်းနောနော မဟုတ်ဘူး။

စီးပွားလည်းရှာကြတယ်။ ဒါပေမယ့် အများစုကတော့ သိပ်ကိုကြပ် တည်းကြပါတယ်”

၁၉၈၁ ခုတုန်းက ရာဟင်ခန့်ကိုနောက်ဆုံးအကြိမ်မြင်ခဲ့သည်။ ကျွန်တော်တို့

သားအဖ ကဘူးမှ ထွက်ပြေးမည့်ညက ကျွန်တော်တို့ဆီ ရာဟင်ခန် လာနှုတ်ဆက် သည်။

ဘာဘာနှင့်ရာဟင်ခန် ပွေ့ဖက်ပြီး ခပ်တိုးတိုးငိုခဲ့ကြသည်။ ကျွန်တော်တို့

အမေရိကားရောက်တော့ ဘာဘာနှင့်ရာဟင်ခန် အဆက်အသွယ်မပြတ်ကြ။ တစ်နှစ် လျှင်

လေးငါးကြိမ်ဖုန်းပြောလေ့ရှိပြီး တစ်ခါတလေ ဘာဘာက ကျွန်တော့်ကို

ဖုန်းခွက်ကမ်းပေးသည်။ ရာဟင်ခန်နှင့်ကျွန်တော်

နောက်ဆုံးဖုန်းပြောသည့်အခေါက် မှာ ဘာဘာဆုံးပြီးစအချိန်တွင်ဖြစ်သည်။

ဘာဘာဆုံးသောသတင်းက ကဘူးထိ ရောက်သွားခဲ့ရာ ရာဟင်ခန်

ဖုန်းခေါ်မေးမြန်းသော်လည်း ခဏတဖြုတ်သာ ဖုန်းပြော လိုက်ရပြီး

ဖုန်းလိုင်းပြတ်သွားခဲ့သည်။

ကျဉ်းမြောင်းသော အဆောက်အဦးတစ်လုံးရှိရာ ကွေ့ကွေ့ကောက်ကောက် လမ်းနှစ်ခု၏

လမ်းဆုံထောင့်တွင် ယာဉ်မောင်း ကားရပ်ပေးသည်။ ယာဉ်မောင်းကို

ကျွန်တော်ငွေပေးချေပြီး တစ်ခုတည်းသောလက်ဆွဲအိတ်ကိုဆွဲ၍ အဆောက်အဦး၏

တံခါးဆီ လျှောက်လာသည်။ အဆောက်အဦ၏ သစ်သားလေသာဆောင်ပေါ်တွင်

အဝတ်များနေလှန်းထားသည်။ တကျွိကျွိမြည်နေသော လှေကားကိုတက်၍ ဒုတိယထပ်

ရောက်လာသော် ညာဘက်အစွန်မှ အခန်းကိုရောက်အောင် မှောင်နေသောစင်္ကြံအတိုင်း

လျှောက်ရသည်။ စာရေးစက္ကူပေါ်ရေးလာသော လိပ်စာနှင့်တိုက်ကြည့်ပြီးမှ အခန်း

တံခါးကိုခေါက်လိုက်ရာ …

ရာဟင်ခန့်အသွင်ကိုဆောင်ယူထားသော အရိုးနှင့်အရေသာရှိသည့်

လုံးရပ်သဏ္ဍာန်တစ်ခု တံခါးဖွင့်ပေးသည်။

—————-

စန်ဟိုဇေးကျောင်းမှ ဖန်တီးရေးသားမှုဆရာသည် ‘လက်သုံးစကား’ အကြောင်း

နှင့်ပတ်သက်ပြီး ‘လက်သုံးစကားတွေကို ပလိပ်ရောဂါလို ဝေးဝေးကရှောင်’

ဟုပြောလေ့ ရှိသည်။ ဆရာ့အပြောကို တစ်တန်းလုံးရယ်မောကြသည်။ ကျွန်တော်ကတော့

လက်သုံးစကားကို ဟောဟောဒိုင်းဒိုင်းပြောသော စကားဟုထင်သည်။ အကြောင်းမှာ

ရံခါတွင် လက်သုံးစကားများသည် ဒက်ထိအံဝင်သွားတတ်သည်။ သို့ရာတွင်

လက်သုံးစကားကို သူ့နေရာနှင့်သူ ချက်ကျလက်ကျသုံးနိုင်စွမ်းသည် လက်သုံး

စကားပြောကျင့်ရှိမှုအောက်တွင် လောင်းရိပ်မိနေရှာသည်။ ဥပမာ ‘အခန်းထဲ ဆင်ဝင်

လာသလို’ ဟူသောအသုံးအနှုန်းမျိုး။

ကျွန်တော်နှင့် ရာဟင်ခန် တွေ့ဆုံခန်းအတွက် ထိုအသုံးအနှုန်းထက်

သင့်လျော်သော လက်သုံးစကားမရှိတော့ချေ။

နံရံဘေးမှ မွေ့ယာပါးပါးပေါ် ကျွန်တော်တို့ထိုင်ကြသည်။ ပြတင်းနှင့်

မျက်နှာချင်းဆိုင်မို့ အောက်ဘက်မှ ဆူညံသောလမ်းကို အပေါ်စီးမှမြင်ရသည်။

စွေစောင်းသောကျနေရောင်ကြောင့် ကြမ်းခင်းအာဖဂန်ကော်ဇောပေါ်ဝယ် တြိဂံပုံ

အလင်းကွက်ရှိနေသည်။ နံရံတစ်ဘက်တွင် ခေါက်ကုလားထိုင်နှစ်လုံး။ အခန်းထောင့်

တွင် ကြေးနီလက်ဖက်ရည်အိုးတစ်လုံး။ ကျွန်တော် လက်ဖက်ရည်ငှဲ့သည်။

”ကျွန်တော့်ကို ဘယ်လိုရှာတွေ့လဲ”

”အမေရိကားမှာရှိတဲ့လူကို ရှာရမခက်ပေါင်ကွာ။ ပြည်ထောင်စုမြေပုံ

တစ်ချပ်ဝယ်ပြီး ကာလီဖိုးနီးယားမြောက်ပိုင်းက မြို့တွေဆီ ဖုန်းဆက်သတင်းမေး

တာပေါ့။ အင်း … အေမားတောင် အရွယ်ရောက်ပြီကိုး။ ခုလိုပုံစံမျိုးမြင်ရတာ

အံ့ဩစရာကောင်းလိုက်တာ”

ကျွန်တော်ပြုံးပြီး လက်ဖက်ရည်ထဲ သကြားသုံးတုံးထည့်သည်။ ရာဟင်ခန် ကတော့

လက်ဖက်ရည်ဆိုလျှင် ကျကျမှကြိုက်တတ်သူ။

”ကျွန်တော်လက်ထပ်ပြီးတာ ဆယ့်ငါးနှစ်ရှိပြီ။ ကာကာ့ကို ဘာဘာ

အကြောင်းကြားဖို့ အခွင့်မသာခဲ့ဘူး” အမှန်မှာ ထိုစဉ်တုန်းက ကင်ဆာသည်

ဘာဘာ့ဦးနှောက်ထဲရောက်သွားခဲ့ရာ ဘာဘာ့မှတ်ဉာဏ်က မရတော့။

”လက်ထပ်ပြီးပြီ ဟုတ်လား။ ဘယ်သူများပါလိမ့်”

”စိုးရာယာ တာဟီရီတဲ့”

”တာဟီရီ … ဘယ်သူ့သမီးများလဲ”

ကျွန်တော်ပြောပြလိုက်ရာ ရာဟင်ခန့်မျက်လုံးများ အရောင်တောက်လာ သည်။

”ဪ … သိပြီ၊ သိပြီ။ မှတ်မိပြီ။ ဗိုလ်ချုပ်ကြီးတာဟီရီက

ရှာရဖ်ရဲ့ညီမကို ယူခဲ့တာမဟုတ်လား။ နာမည်က ဘယ်လို”

”ဂျမီလာ”

”ဟုတ်ပြီဟေ့။ ကဘူးမှာတုန်းက ရှာရဖ်ကို ကာကာသိခဲ့တာပေါ့ကွ။

အမေရိကားမသွားခင် ဟိုးအရင်ကတည်းက သိခဲ့တာ”

” INS အတွက်လုပ်နေတာ နှစ်ပေါင်းမနည်းဘူး။ အာဖဂန်အမှုတွေ အများကြီးသူကိုင်ခဲ့တာ”

”ဟမ်း … အေမားနဲ့ စိုးရာယာကော သားသမီးရပြီလား”

”မရသေးပါဘူး”

”ဪ” ဟုဆိုကာ ရာဟင်ခန်ဆက်မမေးဘဲ လက်ဖက်ရည်သောက် နေသည်။

ကျွန်တော်တွေ့ဖူးသမျှလူတွေထဲမယ် ရာဟင်ခန် အကင်းအပါးဆုံးဖြစ်သည်။

ဘာဘာ့အကြောင်း၊ ဘာဘာ့အလုပ်အကိုင်နှင့် လဟာပြင်ဈေးအကြောင်း၊ နောက်ဆုံး

ဘာဘာပျော်ပျော်ရွှင်ရွှင် ဘဝကူးသွားပုံအထိ ကျွန်တော်ပြောပြသည်။

ကျွန်တော်ကျောင်းတက်ခဲ့ပုံ၊ ယခုချိန်ထိ ဝတ္ထုလေးအုပ်ထုတ်ဝေခဲ့ပြီးပုံကို

ကျွန်တော် ပြောပြတော့ရာဟင်ခန်ပြုံးသည်။ ကျွန်တော် စာရေးဆရာမဖြစ်ဘဲမနေဟု

သူသိပ်သေ ချာကြောင်းပြောသည်။ သူပေးခဲ့သော သားရေဖုံးစာအုပ်ထဲ ကျွန်တော်

ဝတ္ထုတိုလေး များရေးထည့်ကြောင်း ပြောပြတော့ ထိုစာအုပ်ကို သူကမမှတ်မိပြန်။

ကျွန်တော်တို့၏ စကားခေါင်းစဉ်သည်မလွှဲမရှောင်သာဘဲ တာလီဘန်ခေါင်းစဉ်ဆီ

ရောက်သွားသည်။

”ကျွန်တော်ကြားတဲ့အတိုင်း ဆိုးတယ်ဆိုတာ ဟုတ်သလား”

”ဘယ်ဟုတ်ဦးမလဲ။ ဒီ့ထက်တောင်ဆိုးသေး။ မင်းကို လူတောင်မလုပ်စေ ရဘူး” ဟု

ရာဟင်ခန်ပြောကာ ညာမျက်လုံးအထက်မှ မျက်ခုံးဘုတ်သိုက်ပေါ် ကန့်လန့်ဖြတ်နေသော

အမာရွတ်ကိုပြသည်။ ”၁၉၉၈ခုတုန်းက ဂါဇီအားကစားရုံမှာ

ဘောပွဲသွားကြည့်မိပါတယ်ကွာ။ ကဘူးနဲ့ မာဇာရီရှာရဖ် ထင်တယ်။ ပြောရဦးမယ်၊

သူတို့က ဘောလုံးသမားတွေကို ဘောင်းဘီတိုဝတ်ခွင့်မပေးဘူး။ အမြင်မတော်ဘူး

ပေါ့ကွာ။ ကဘူးက ဂိုးတစ်လုံးသွင်းတော့ ကာကာ့ဘေးကလူက ထအော်ပြီးအားပေး တယ်။

အဲဒါကွာ … လျှောက်လမ်းပေါ်မှာ ကင်းလှည့်နေတဲ့ကောင်၊ သူ့မျက်နှာလေး

ကြည့်ရတာ ရှိလှအလွန်ဆုံး ဆယ့်ရှစ်နှစ်ပဲ။ သူက ကာကာ့ဆီလျှောက်လာပြီး

ကာကာ့နဖူးကို သေနတ်ဒင်နဲ့ရိုက်တယ်။ နောက်တစ်ခေါက် အော်ရဲအော်ကြည့်စမ်း၊

လျှာဖြတ်ပစ်မယ်၊ အလကားမြည်းအိုကြီးတဲ့”

ရာဟင်ခန်သည် ရွတ်တွနေသောလက်ချောင်းများဖြင့် အမာရွတ်ကိုစမ်း နေသည်။

”ကာကာက သူ့အဖိုးအရွယ်ကြီး။ ဒါနဲ့တောင် နဖူးကသွေးတွေ ပန်းနေ ရက်နဲ့

အဲဒီခွေးသားကို ထိုင်တောင်းပန်ခဲ့ရတယ်”

အဖိုးအိုအတွက် ကျွန်တော် လက်ဖက်ရည်ထပ်ငှဲ့ပေးသည်။ ရာဟင်ခန်

ဆက်လက်ပြောပြသည့်ကိစ္စအများစုသည် ကျွန်တော် သိထားပြီးအကြောင်းများ

ဖြစ်သည်။ အချို့ကိုတော့ မသိ။ ဘာဘာနှင့် ရာဟင်ခန်တို့ နှစ်ဦးသဘောတူထား

သည့်အတိုင်း ၁၉၈၁ ခုနှစ်ကတည်းက ဘာဘာ့အိမ်တွင် ရာဟင်ခန် လာရောက်နေ

ထိုင်သည်။ ဘာဘာနှင့်ကျွန်တော် ထွက်မပြေးခင်ကလေးတင် ဘာဘာက ရာဟင်ခန့် ကို

အိမ်ရောင်းသွားသည်။ ထိုစဉ်တုန်းက ဘာဘာ့အမြင်သည် အာဖဂန်နစ္စတန်

အကြပ်အတည်းကို ယာယီဟုသာမြင်ထားသည်။ ဝဇီရာအက္ခဘာခန်အိမ်တွင် ပါတီပွဲ

ကြီးများ ပြန်ကျင်းပနိုင်မည်။ ပါမင်သို့ ပျော်ပွဲစားပြန်ထွက်နိုင်မည်ဟု

ဘာဘာ မျှော်လင့်ထားသည်။ ဤသို့ဖြင့် ထိုနေ့ထိုအချိန်ထိ အိမ်ကိုကြည့်ရှုရန်

ရာဟင်ခန့် လက်ထဲ အိမ်ထိုးအပ်လိုက်ခြင်းဖြစ်၏။

မြောက်ပိုင်းမဟာမိတ်တို့ ကဘူးမြို့တော်ကို ဝင်စီးထားသော ၁၉၉၂ ခုမှ ၁၉၉၆

ခုကြားကာလအတွင်း ကဘူး၏ရပ်ကွက်တွေထဲ သူတစ်ဗိုလ်ငါတစ်မင်း

ဂိုဏ်းဖွဲ့၍ကျက်စားကြပုံအကြောင်း ရာဟင်ခန်ပြောပြသည်။

”ကော်ဇောလေးတစ်ချပ် ဝယ်ချင်လို့ ရှာရီနောရပ်ကွက်ကနေ ကာတာပါဝမ်

ရပ်ကွက်ကိုသွားရင် လက်ဖြောင့်သမားချောင်းပစ်တာပဲ ခံရမလား၊ အမြောက်စာပဲ

မိမလား၊ ကိုယ့်အသက်ကိုယ် ဖက်နဲ့ထုပ်ထားရတယ်။ ရပ်ကွက်တစ်ခုကနေ တစ်ခုကို

သွားဖို့ ဗီဇာလိုတယ်။ စစ်ဆေးရေးဂိတ်တွေကို ဖြတ်ရတယ်” စသဖြင့် အန္တရာယ်

များသောလမ်းကိုရှောင်ကွင်းရန် လူတွေ အိမ်နောက်ဖေးနံရံကိုဖောက်၍

နံရံပေါက်များမှ သွားသော မြို့ရှောင်လမ်းလုပ်ထားရကြောင်း၊

အချို့နေရာများတွင် မြေအောက်တူး မြောင်းတူးပြီး သွားရကြောင်း

ရာဟင်ခန်ပြောပြသည်။

”ကာကာ ဘာလို့မပြေးတာလဲ”

”ကဘူးက ကာကာ့အိမ်လေ၊ ခုချိန်ထိ” ဟုဖြေပြီး ရာဟင်ခန်ရယ်သည်။

”အေမားတို့အိမ်ကနေ စစ်တန်းလျားကိုသွားတဲ့လမ်းကို မှတ်မိလား။ ကျောင်းနားက

စစ်တန်းလျားလေ”

”မှတ်မိပါတယ်”

ကျောင်းသွားသည့်ဖြတ်လမ်းကို ပြောခြင်းဖြစ်သည်။ ဟက်ဆန်နှင့်ကျွန်တော်

ထိုလမ်းမှဖြတ်စဉ် စစ်သားများ ဟက်ဆန့်ကို အမေနှင့်ပတ်သက်ပြီး

စော်ကားမော်ကား နောက်ပြောင်ခဲ့ရာနေရာ။

”တာလီဘန်တွေ ဝင်လာပြီး မဟာမိတ်တွေကို ကဘူးကနေမောင်းထုတ် တော့

အဲဒီလမ်းပေါ်မှာ ကာကာ က’နေခဲ့တာကွ။ ကာကာတစ်ယောက်ထဲတောင် မဟုတ်ဘူး။

လမ်းတွေလမ်းတွေထဲ လူတွေဆိုတာများ တာလီဘန်တွေကို ကြိုဆို လိုက်ကြတာ။

တင့်ကားတွေပေါ်တက်ပြီး တာလီဘန်တွေနဲ့ ဓါတ်ပုံတွဲရိုက်ကြတယ်။

တစ်ချိန်လုံးတိုက်နေတာကို လူတွေသိပ်မောနေပြီ။ အမြောက်တွေ၊ သေနတ်တွေ၊

ပေါက်ကွဲတာတွေ၊ ဂါဘူဒင်နဲ့ သူ့အပေါင်းအပါတွေ မဲမဲမြင်တာနဲ့ပစ်နေကြတာတွေ

… ဒါတွေကို လူထုက သိပ်စိတ်ကုန်နေပြီ။ မဟာမိတ်တွေက ရှိုရာဝီတွေထက်ပိုပြီး

ကဘူးကို ဖျက်ဆီးခဲ့တာ။ အေမားအဖေရဲ့ မိဘမဲ့ဂေဟာကို မဟာမိတ်တွေ

ဖျက်ဆီးပစ်တာ သိပြီးပြီလား”

”ဟာ … ဘာလို့။ မိဘမဲ့ဂေဟာကို ဖျက်ဆီးစရာ ဘာအကြောင်းရှိလဲ”

ဂေဟာဖွင့်ပွဲနေ့က ဘာဘာ့နောက်ဘက်တွင် ကျွန်တော်ထိုင်နေစဉ် လေတိုက်၍

ဘာဘာ့ဦးထုပ်လွင့်ကျသွားခဲ့သည်။ ထိုအဖြစ်ကို ဘာဘာက သောပစ်လိုက်ရာ

လူတိုင်းမတ်တပ်ရပ် လက်ခုပ်လက်ဝါးတီး၍ အားပေးခဲ့ကြသည်။ ခုတော့လည်း ဂေဟာသည်

အုတ်ကျိုးပုံဖြစ်သွားခဲ့ပြီ။ ဂေဟာအတွက် ဘာဘာ သုံးစွဲခဲ့သောငွေအားလုံး၊

ပုံစံပြာဆွဲဖို့အတွက် ပင်ပင်ပန်းပန်းအားထုတ်ခဲ့သည့် ညပေါင်းများစွာ၊

ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲ ကိုယ်တိုင်ကိုယ်ကျဝင်ပြီး ယက်မတိုင်း၊

အုတ်ခဲတိုင်း၊ အင်္ဂတေတိုင်း သူ့နေရာနှင့်သူ တိကျမှန်ကန်နေစေဖို့

စီမံကွပ်ကဲခဲ့သမျှ …

”တခြားအဆောက်အဦးတွေနဲ့အတူ ရောပြီးဖျက်ဆီးခံလိုက်ရတာကွဲ့။

သားအေမားကတော့ သိချင်မှာမဟုတ်ဘူး။ အဲဒီအုတ်ပုံကိုသာ ဇကာနဲ့တိုက်ကြည့်ရင်

ကလေးကိုယ်အင်္ဂါအစိတ်အပိုင်းတွေ တွေ့ရဖို့ပဲ”

”တာလီဘန်တွေ ရောက်လာတော့ကော”

”သူတို့ကတော့ သူရဲကောင်းပါပဲ” ဟု ရာဟင်ခန်ဆိုသည်။

”ငြိမ်သက်သွားတယ်နော်”

”ဟုတ်တယ်။ မျှော်လင့်ချက်ဆိုတာ သိပ်ဆန်းကြယ်တာမျိုး။ နောက်ဆုံး

ငြိမ်သက်သွားပေမယ့် ပေးဆပ်လိုက်ရတဲ့အဖိုးအခက ဘယ်လောက်တောင်လဲ”

ရာဟင်ခန် အပြင်းအထန်ချောင်းဆိုးသည်။ ပိန်ကြုံသောခန္ဓာကိုယ်သည်

ရှေ့တိုးနောက်ငင်နှင့် လက်ကိုင်ပုဝါထဲ တံတွေးထွေးချလိုက်ရာ လက်ကိုင်ပုဝါ

ချက်ချင်းနီရဲသွားသည်။

”နေကောင်းရဲ့လား ကာကာ။ ကျွန်တော်တကယ်မေးနေတာ၊ နေကောင်းရဲ့ လား”

” တကယ်ပြောရရင် သေတော့မှာ” ဟု တဂွီးဂွီးမြည်သောအသံဖြင့်ပြောသည်။

နောက်တစ်ကြိမ်ချောင်းဆိုးပြန်ရာ လက်ကိုင်ပုဝါထဲ သွေးပိုများလာသည်။

ရာဟင်ခန်သည် ပါးစပ်ကိုသုတ်သည်။ ချွေးရွှဲနေသောနားထင်ကို အကျႌလက်စဖြင့်

ဆွဲသပ်ပြီး ကျွန်တော့်ကို ဖျပ်ခနဲကြည့်သည်။ သူခေါင်းညိတ်ပြချိန်တွင်

ကျွန်တော့် မျက်နှာပေါ်မှ နောက်ထပ်မေးခွန်းကို

သူဖတ်ပြီးဖြစ်ကြောင်းသိရသည်။

”သိပ်မခံတော့ဘူး” ဟု ရာဟင်ခန် လေသံဖြင့်ပြောသည်။

”ဘယ်လောက်ခံမလဲ”

……………………
……………………..
………………………

_____________________________

ဆက်ပါဦးမည်..။
____________________________
မူရင်းစာအုပ်အမည်…..THE KITE RUNNER

မူရင်းစာရေးဆရာ…….KHALED HOSSEINI
______________________________
မြန်မာပြန်ဆိုသူ …… ဝင့်ပြုံးမြင့်

မြန်မာပြန် စာအုပ်အမည်……..တိမ်ယံသစ္စာ

2009 / ဇွန် ၊ ပထမ အကြီမ် ။

စာမျက်နှာ စုစုပေါင်း…350

13 x 21 စင်တီဆိုဒ်

စာအုပ်တန်ဖိုး … 3000 ကျပ်
______________________________

လေးစားစွာဖြင့်..

……………………………

5 comments

  • စိန်ဗိုက်ဗိုက်

    July 16, 2012 at 6:45 pm

    ဆက်ဆက်ရေ
    ပြီးမှ စုဖတ်ခွင့်ပြုပါခင်ဗျား..
    ငယ်ငယ်က တရုတ်သိုင်းကားနဲ ့ ကိုဒီးယား အခန်းဆက်ကားတွေကြည့်ပြီးနောက်ပိုင်း အခန်းဆက်ဆို
    နဲနဲ မျက်စိရှောင်တတ်တဲ့အကျင့်လေး ရနေလို ့ပါ..

    ဘဇာကြောင့် ခေါင်းစဉ်လေး ပြောင်းသွားလဲ စပ်စုမိချင်သားဗျာ..
    ခင်လို ့..ဆိတ်ဝင်စားလို ့မေးမိတာပါနော်..
    ဆိတ်မရှိပါနဲ ့
    🙂

  • shwe kyi

    July 16, 2012 at 6:49 pm

    စစ်ဆိုတာလုံးဝမကောင်းတဲ့အဖြစ်အပျက်ပဲ။ ပြည်တွင်းငြိမ်းချမ်းမှုမရှိရင် ခံစားရတဲ့ပြည်သူတွေကမြေစာပင်ဖြစ်ရရှာတယ်နော်။ ရာဟင်ခန်သနားပါတယ်။ ဆက်ပါဦးရှင်။

  • အလင်းဆက်

    July 16, 2012 at 6:53 pm

    အဲ..။ ဆိတ်လည်းမရှိပါဘူး။ ဆိတ်ဝင်စားလို ့မေးဒါပဲ..ဟာပဲ..ဟာပဲ..ဟာပဲ..ကို ။

    သများလည်း…ဘယ်လိုတွေ ဖြစ်တယ် မသိပါဘူး…ဗိုက်ဗိုက်ရယ်….။
    ဆရာမ ဝင့်ပြုံးမြင့် မြန်မာ ပြန် ထားမှန်း..အားလုံး သိသွားအောင်..လုပ်ချင်လာတာနဲ ့ ..
    ဆရာမ နာမည် ပါအောင်..ပေးလိုက်တာ .။

    ဆရာမ ဝင့်ပြု့းမြင့် မြန်မာ ပြန် မှန်း…မသိသူတွေ..အတွက်ပါနော် ။

    ဗိုက်ဗိုက်နဲ ့…သများ…တူတယ် သိလား.။ သများလည်း..လေ…
    ကြော်ငြာဝတီ..အဲ..မြဝတီ တို ့…၊ ကြော်ငြာ တီဗွီ ဖိုး…( အဲ..မှားပြန်ပြီ. )
    MRTV 4 တို ့….။ ကြော်ငြာ ့အသံ..(.တောက် မှားပြန်ပြီ။ သများတော့ ပြဿနာ တက်တော့မယ် . အဟိ )
    မြန်မာ့အသံ တို ့က…လာတဲ ့ ကိုဒီးယား ကဇာတ်လမ်းတွဲတွေ.ကြည့်မိပြီး.နောက်မှာ..
    အခန်းဆက်..ဆို နည်းနည်း…လန် ့တယ် ။

    အခန်းဆက်တွေ..ဆိုတာ လူကို တရွတ်တိုက် ဆွဲခေါ်သွားတတ်တာလေ.။
    ဆွဲဆောင့်မှုက ကောင်းပြန်တော့လည်း… ပါ သွားမိပြန်ရော…

    စုပြီး..ဖတ်တော့လည်း…အရသာ..တစ်မျိုး.ရှိတာပေါ့ ဗိုက်ဗိုက်ရယ်….နော ့။

    ခင်မင်လေးစားစွာ..ဖြင့်..
    သများ.. ။ အဲလေ…
    အလင်းဆက်

  • အလင်းဆက်

    July 16, 2012 at 7:03 pm

    ဟုတ်ကဲ့ ရွှေကြည်..ရေ.။ နောက်ပိုင်းမှာ… စိတ်မကောင်းစရာ.တွေ..နဲ ့ဆက်ရမှာပါ ။ ဇာတ်က တော်တော် နာလာပြီ.လို ့ ဆိုရမယ် ။

    အေမားနဲ ့ဟက်ဆန်ရဲ ့..ဘဝတွေ..တရကြမ်းပြောင်းလဲ. ခဲ့တာတွေ..၊
    တာလီဘန်တွေ.ရဲ ့ ရက်စက်မှုတွေ… ၊ အာဖဂန်နစ္စတန် ရဲ ့ ကံဆိုးမိုးမှောင် ကျ မှုတွေ.နဲ ့ …
    ကလဲ့စား….ချေ တဲ ့ဖြစ်ရပ်တွေ…

    အိုး အများကြီးပါပဲ.။

    တစ်ခုတော့ရှိပါတယ် ။
    မူလ ကျွန်တော် ပိုင်း ဖြတ်မယ်..ဆိုတဲ ့နေရာတွေမှာ..မဖြတ်တော့ပဲ..
    နောက်ထပ်.တစ်ခေါက် .ကျွန်တော် ထက်ပြီး…ပိုင်းဖြတ်..တင်ပြမှာပါ ။

    အပိုင်း.50 ကျော်မယ်…မှန်းထားပေမယ့်..အခု အပိုင်း 40 ကျော် လောက်နဲ ့….ဆက်ကြပါမယ် ။

    အဆက်မပြတ် ဖတ်ရှု လာတဲ ့ရွှေကြည် နဲ ့….ဦးပေ…
    အခြား စာချစ်သူများ အားလုံးကို…
    ခင်မင်လေးစားစွာ…
    ကျေးဇူးတင်လျက်ပါဗျာ…။

    အလင်းဆက်

  • မောင်ပေ

    July 16, 2012 at 7:04 pm

    စဖတ်မိခဲ့မှတော့ ဆုံးခန်းထိတိုင် ဖတ်ရတော့မှာ စာဖတ်ဂျိုးတွေရဲ ့အလုပ်ပေါ့လေ
    “ရာဟင်ခန်” က ဘာနဲ ့သေမှာလဲ ဆိုတာ ဆက်ဖတ်ရဦးမယ်ဗျို ့။

Leave a Reply