Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရွာသားအသစ်ကလေးကို ဝင်ခွင့်ပြုပါနော်

Mr.ဝက္ႀကီးJuly 17, 20121min115433

အားလုံးသော ရွာသူရွာသားအပေါင်းကို မင်ဂါဘာ… (Rocker အသံဖြင့်) လို့ နှုတ်ခွန်းဆက်ပါတယ်။ ကျနော်ကတော့ ဘေးထိုင်ဘုပြောတတ်တဲ့ မောင်ဘုဂလန့် ဖြစ်ပေတယ်။ အနှီ မန်းဂေဇက်ရွာဂျီးနှင့် မစိမ်းလှတဲ့ စာဖတ် ပိတ်သတ် တစ်ဦးလည်းဖြစ်ပါဘေဒယ်။ ရွာထဲမှာ စာဖတ်ဖြစ်နေတာတော့
ကြာပါဘီ။ အခုနောက်ပိုင်းမှာ ဘာမှန်းမသိတဲ့ ပိုစ့်တွေကြောင့် ဘေးထိုင်ဘုပြောချင်တဲ့ စိတ်ကလေးနှင့် (ဝါသနာလေးကလည်း ပါသကိုးဗျ) ဝင်ခွင့်တောင်းခံရခြင်းလည်းဖြစ်ပေဒေါ့ဒယ်။
ကျနော်ကြိုက်နှစ်သက်တဲ့ အရေးအသားပိုင်ရှင်ကတော့ ဟို အူးသန်းရွှေ အဗာတာပုံ ကားတားကားတားနဲ့ မစ္စတာအောင်ပုဖြစ်ပါဘေဒယ် (ဖားထားတာလေ အဲ့လူဂျီးကလွယ်တာဟုတ်ဖူးရယ် သိပ်အဆဲသန်တာကလား) :mrgreen: တစ်ခြားကြိုက်နှစ်သက်တဲ့စာရေးသူတွေလည်း အများအပြားရှိပါသေးတယ်။
ကိုဘိုက်ကလေးတို့ မဟာရာဇာအံဇာတုံး(ခ) ခြောက်မျက်နှာတို့
ကိုပေ၊ ကိုပေါက် ၊ ကိုဂီ ၊ ဝါးတားမဲလုံး(ခ) ဖရဲသီး၊ မ မနော၊ အရီးလတ်၊ အန်တီနု ၊ အူးအူးဘလက် ၊ ကထူးဆန်း ၊ သစ္စာလင်း ၊ မခိုင်ခိုင် ၊ ကိုအောင်တိုက် စသည်ဖြင့် အားဂျီးပါဘဲ ….
ဒါတောင် အမည်မေ့နေတဲ့သူတွေပါတေးဒယ် (စိတ်အဆိုးရဘူးနော်) 😀 အားလုံးပဲ တားတားလေးကို အသိအမှတ်ပြုပီး ဘုပြောခွင့်လေး ပေးကြပါလို့ တောင်းဆိုပါတယ်နော် ။ ဘုပြောတယ်ဆိုတာလည်း မနာလိုမရှုစိမ့်တဲ့စိတ်သဘောထားနဲ့မဟုတ်ပါဘူး၊ ကောင်းစေချင်တဲ့
စေတွေနဲ့ (စေတွေ=စေတနာတွေ) ၊ဂရုဏာဒေါသောဆိုပါတော့ဗျာ ဟိဟိ။ တားတားက ပေါ်တင်တည့်တည့်ပဲ ပြောတတ်တယ်၊ ကွေ့ကာဝိုက်ကာနဲ့ လှည့်ပတ်ပီးပြောတတ်ဘူးဗျ (အဲ့ဒါ တားတားရဲ့ အားနည်းချက်) ၊ တစ်ချို့တွေကရှိတယ် တားတားရဲ့ အပေါင်းအသင်းထဲမှာလည်းတွေ့ရတယ်၊ ရှေ့တစ်မျိုးကွယ်ရာတစ်မျိုးနဲ့ ၊
တားတားက အဲ့ဒါမျိုးဆို အားဂျီးမုန်းတာ၊မကြိုက်ရင် မကြိုက်ဘူး ဒဲ့ဘဲပြောတတ်တယ် ၊ အိညောင်ပန်းညောင်နဲ့ လေချိုမသွေးတတ်ဘူး၊ တားတားရဲ့ သူငယ်ချင်းတွေကလည်းပြောတယ် မင်းက ဘုဂလန့်ကောင်ပဲတဲ့၊ ဟုတ်ကဲ့ခင်ဗျ ၊ကျနော့်ကို အဲ့လိုပြောလို့ စိတ်မဆိုးပါဘူး ဘာလို့လဲဆိုတော့ ကျနော့စိတ်ထဲရှိတာကို ပွင့်ပွင့်လင်းလင်းပြောလိုက်ရလို့ ကျေနပ်တယ်၊ ကျနော့်ကိုဝေဖန်ရင်လည်း ပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ် လုံးဝ စိတ်မဆိုးတတ်ပါဘူးနော်။
အားလုံးကိုခင်မင်လေးစားတဲ့
ဘုဂလန့်ကောင်

33 comments

  • မမ အညာသူ

    July 17, 2012 at 2:02 pm

    နာမည်ကြာရုံနှင့်တင် လန့်တန့်တန့်ဖြစ်သွားတယ်
    ဟီးးးးးးးးးစတာနော် အတည်ပါ ခင်လို့
    ရွာသားအသစ်လေးမောင်ဘုဂလန့်ကိုညာတို့ဂေဇက်ရွာကြီးက
    ကြိုဆိုပါတယ်ရှင်

  • စိန်ဗိုက်ဗိုက်

    July 17, 2012 at 2:09 pm

    ဘုဂလန် ့ ရှိုဒေါ့..အူးဘဇင်းဇောက်နဲ ့တွဲလို ့ရဘီ..
    ဂိန်..ဂိန်… 🙂

  • နွေဦး

    July 17, 2012 at 2:13 pm

    ဘုဂလန့်အား ကန့်လန့်တိုက်ခွင့်ပြုစေ…..။

    • ဘုဂလန့်

      July 17, 2012 at 2:19 pm

      မမညာသူရေ့
      လန့်ပါနဲ့နော် တားတားက ခင်တတ်ပါဒယ်ဂျ
      တစ်ခါတစ်လေ စကားပြောမတတ်တာပဲရှိဒါ ဟိဟိ
      ……………………………………………………..
      တိုတို ဘိုက်ကလေးက ဘာလို့ ဂိန်တာလဲဟင် တားတားမတိလို့နော် မေးကျိဒါ
      ………………………………………………………………………………………
      ခွင့်ပြုပေးဒဲ့ နွေဦးကို ကျေးကျေးဘာနော်

      • မဟာရာဇာ အံစာတုံး

        July 17, 2012 at 2:30 pm

        ဘာလို့ ဂိန်တာလဲဆိုတော့ကာ
        အီးအီးပန်းရတာ (ဗျစ် .. ဗလစ် .. ဗျစ် ဗျစ်) ရိုးသွားလို့ ..
        ခု .. ဂိန် .. ဂိန် .. ဖြစ်သွားဒါဘာ .. 😀
        ဒါနဲ့ အသစ်ခလေး ဘန့်ဂလု .. ဘုဂလန့်ကို ကြိုဆိုပါတယ်နော့ ..

  • Gipsy

    July 17, 2012 at 2:20 pm

    ဘုဂလန့်
    ဘန့်ဂလု
    လူ့ကန့်လန့်
    လန့်ကုလု
    ဘေးထိုင်
    ဘိုင်ထေး
    ဘုပြော
    ဘောပြု
    ဘုဂလန့်….ဟု
    ကြိုဆိုပါရဲ့ဗျား….။
    ဂွစာတိုက်၍ ကန့်လန့်များစွာပြောနိုင်စေသတည်း…. အဟွပ်..ဟွပ်..။

  • htoosan

    July 17, 2012 at 2:25 pm

    သူကြီးက ဘေးထိုင်ပြီး ဘုပြောစရာမလို အတွင်းဝင်ထိုင်ပြီး စည်းနဲ့ကမ်းနဲ့ ပြောလို့ရအောင်လုပ်ပေးထားပါသည် ဆိုတော့ ဘေးထိုင်လေး ဖြုတ်လို့ရပြီ… 😀

  • ဘုဂလန့်

    July 17, 2012 at 2:34 pm

    တိုတိုဂျစ်ပစီရေ့ ဘုပြောရတာတော့ဝါသနာပါတယ်ဗျ၊ ဘောပြုတာတော့ ကြိုက်ဘူးနော် ဟိဟိ
    ………………………………………………………………………………………………………….
    ဟုတ်တဲ့ပါ စီဂျေဂျီး ကထူးဆန်းရေ့
    အတွင်းထဲဝင်ထိုင်ပီးတော့ စည်းကမ်းရှိရှိ ဘုပြောပါတော့မယ် ဆိုတဲ့အကြောင်းလေး ကြေငြာမောင်းခတ်ပါတယ် ခင်ဗျားးးးးးးးးးးးးးး

  • လတ်လတ်

    July 17, 2012 at 2:50 pm

    ဘုဂလန့်ကိုချစ်စနိုးနဲ. ဘုဘု လို.ခေါ်မယ်နော်…အာဟိ….။
    ဟိုနေ.ကတောင် ကျော်က ဘုဂလန့် လို.နာမည်ပြောင်းမလို.။သများအူးဒွားဘီ(ဟွင့်)။
    (ငယ်ငယ်တုန်းကဘာတဲ့) ဘုဘုတည်ပြီးပြီလား(ထမင်းအိုး)၊ ဘုဘုတည်ချင်သေးလား၊(ရေနွေးအိုး)…..ဘုဘုတွေ ဘုဘုတွေ ချားရဝူး….အဟဲ..ဘာရယ်ဟုတ်ပါဘူး…
    ခင်ချင်ရို.ချတာ ချိတ်ချိုးရဝူးနော့…..။ 😀

    • ဘုဂလန့်

      July 17, 2012 at 7:44 pm

      အဲ့လာ ဘုဘုဟုတ်ဘူး ဘွတ်ဘွတ်

  • etone

    July 17, 2012 at 2:50 pm

    ဒီအရေးသား .. ဒီ :mrgreen: နဲ့ …. ဒီလေသံကျပေါက်ကြည့်ရတာ ……. ဟိုဒင်းမှ ဟုတ်ရဲ့လား …….
    နှစ်ကိုယ်ခွဲ ဇာတ်လမ်းရိုက်နေတယ် … အဟိ … ။

    • ဘုဂလန့်

      July 17, 2012 at 7:46 pm

      တားတားက နှစ်ကိုခွဲဟုတ်ဘူး
      အတစ်ချက်ချက်ကရေးဘာ
      မမအီးတုံး ခည

  • pan pan

    July 17, 2012 at 2:57 pm

    ဘူလေးလဲ…အဲ့လာ ဘူလေးလဲ
    ဘုဂလန့်ကို ဘုတောလွှတ်တယ်လို့တော့ မထင်ပါနဲ့ဘုဘုရယ်
    ဘုဂလန့်လို့မဖတ်မိဘူး
    ဘုဂလုံပဲ မြင်မြင်နေတယ်
    မွန်လိုခေါ်တာလေ
    ရခိုင်လိုတော့ ပုပုပေ့ါ :mrgreen:

    • ဘုဂလန့်

      July 17, 2012 at 4:51 pm

      ဘုဘုဂဒေါ့ ပုဘာဘူးဗျာ
      ဒါနဲ့ ဇဂါးမစပ် ပန်ပန်လေးဂရော ပုသလားဟင် မှန်မှန်ပြောနော် ဟိဟိ

      • pan pan

        July 18, 2012 at 12:48 am

        ပုပုဆိုတာ ကလေးလေးကို ချစ်စနိုးနဲ့ခေါ်တာလေ
        ပုတာကိုပြောတာဟုတ်ဘူး
        ဘုဂလုံလည်း အဲ့လိုပါပဲ
        အဲ့…ဘုဂလန့်တော့ ဘယ်လိုရယ်မသိ 😆

  • mamanoyar

    July 17, 2012 at 2:58 pm

    ခင်မယ်နော်
    ဘုဂလန့်တော့ မတိုက်ရဝူးနော်
    မန်းဂေဇက်က ကြိုဆိုပါတယ်ရှင့်

  • Wow

    July 17, 2012 at 3:01 pm

    မစ်စတာအောင်ပုကို ကြိုက်တယ် ဆိုဒေါ့… သူဘာကြိုက်လဲ သိရဲ့မဟုတ်လား 😀
    နောက်ထှာ… 😛
    နာကလွဲပြီး အားလုံးကို ဘုပြောဇေဗျား…. ခွင့်ပြုတယ် ခွင့်လွှတ်တယ် …. 🙂

  • မွန်မွန်

    July 17, 2012 at 3:04 pm

    နာတော့ ဘု ဆိုရင် မိုက်ကယ်ဘု ပဲ မြင်တယ်…
    ဒီတော့ မတူအောင် လန့်လန့် လို့ ခေါ်မယ်နော်… 🙂

    လန့်လန့်ရဲ့ ဘုဂလန့် အရေးအသားတွေကို မကြာခင်မှာ တွေ့ရမယ်လို့ မျှော်လင့်ပါတယ်။ (ဘိလပ်ပြန် မောင်သောင်းဖေ လေသံနှင့် ရေးသည်။) 😛

  • amatmin

    July 17, 2012 at 3:13 pm

    ကျနော် သယ်ရင်းတယောက်နာမည်ကိုတော့
    အရပ်ပုတဲ့အပြင် ကန့်လန့်တို်က်လွန်းလို့..
    ပုကန့်လန့်ကောင်လို့ ချစ်စနိုးခေါ်ကြတယ်ဗျ..
    ခင်ဗျားလည်း ပုရင် အဲ့လိုပဲ ခေါ်မယ်နော်..
    အင်း……ကိုပုဂန့်လန့်.. 🙂

  • Shwe Tike Soe

    July 17, 2012 at 3:18 pm

    ဝင်ခွင့်ကတော့ ပြုပါတယ် ဒါပေမယ့် ရွာ့လူကြီးတွေကို စည်ဘီယာဖောင် တင်ရပါတယ်…ဟီးဟီးဟီး 😀

    • စိန်ဗိုက်ဗိုက်

      July 17, 2012 at 3:23 pm

      မှတ်ချက်။ ။ ဖောင်တင်ပြီးပါက ဖောင်ပြင်ခွင့်မစိ

  • Gipsy

    July 17, 2012 at 3:18 pm

    အရေးအသား လေယူလေသိမ်းကြည့်ရတာ
    လက်စသတ်တော့ သူကိုး….။
    ဒါကြောင့်မို့… ထင်တော့ထင်သား ….
    သေချာပါတယ် သူမှ သူအစစ်ပါ…
    ရွာသူားတို့ရေ …
    ဟုတ်တယ်မလားဗျ….။

  • လတ်လတ်

    July 17, 2012 at 3:19 pm

    ဟေ့ဟေ့ လန်.လန်. နဲ. လတ်လတ် နဲ.မျက်စိရှမ်းပြီးမှားနေလို. ကွိုင်ရှော့တွေတက်ပြီး ဓါတ်လိုက်နေဦးမယ်…။
    ဘုဘုပဲကောင်းပါတယ်ကွယ်… 😀
    ဘုဘု ရဲ.ဘုစာများကို စောင့်ပြီး ဘုပြောဖို. အသင့်ရှိပါဂျောင်းးး….ဂျောင်းးးး…ဂျောင်းးး…ဂျောင်းးးး…. (သတိ ပညာရှိနည်းနှင့်မဖတ်ပါနှင့်)

  • ဘုဂလန့်

    July 17, 2012 at 3:30 pm

    ဝင်ခွင့်ပြု၍ အားပေးဂျဒဲ့ ရွာသူရွာသား အကြီးအသေး မရွေး ၊ အရင့်အနုမရွေး ၊ အားလုံးဂို ကျေးဇူးအားဂျီးတင်ဘာဒယ်နော်

  • thar ag

    July 17, 2012 at 4:03 pm

    ဘုကလန်လေး ကိုကြိုဆိုပါတယ်

  • ဟိန်း ဝင်း (ထားဝယ်သား)

    July 17, 2012 at 5:23 pm

    အမလေး ဝင်ခွင့်တောင်းလို့ပဲ … အထဲတောင်ရောက်နေပီ …

  • မဟာရာဇာ အံစာတုံး

    July 17, 2012 at 9:43 pm

    ဘုဂလန့်
    ဘန့်ဂလု .. ဂလု ..
    ပြောရင်း သောက်ချင်လာပြီ (မှတ်ချက် ။ ။ ရေ …) 😀

    အပေါ်မှာလည်း ကြိုပြီးပြီ ..
    ခု ထပ်ပြီး ကြိုလိုက်ပါတယ် ..
    နို့ .. အနော့်ကို ခြောက်မျက်နှာလို့ ခေါ်မှန်းတောင် သိဒယ်နော့ … 🙄

  • ဘဲဥ

    July 18, 2012 at 10:36 am

    အရေးအသားကြည့်ရဒါ တညိုးဘဲနော်
    ဘယ်ဒူ လဲကွ အရခွံလဲပလိုက်တာ
    မသင်ကာဘူးနော် 😀

  • မောင်ပေ

    July 18, 2012 at 10:45 am

    ဘုဂလန့်ကောင်
    နုမလန့်အောင်
    အုအသန့်ဆောင်…
    ……
    ကြိုဆိုပါအိ ကိုဘုသိ

  • ခပ်မိုက်မိုက် ကောင်မလေး

    July 18, 2012 at 11:07 am

    နာမည်ကလည်း..ဘုဂလန် ့ဆိုပါလား…
    ရေးသားချက်တွေကလည်း …
    ဘုဂလန် ့…နဲ့………..
    မန် ့..ပေးတာလည်း ဘုဂလန် ့ဆိုရင်တော့…..
    ရေးထားတဲ့အထဲမှာ လူတွေက…
    ရှေ့ကျတစ်မျိုး..နောက်ကွယ်တစ်မျိုးနဲ ့…
    နှစ်မျိုးဆိုတော့ ပိုဆိုးတာပေါ့နော်…
    မန်းဂေဇက် ရဲ့ ရွာသူတစ်ဦးကလည်း…
    ဘန် ့ဂလုဆိုတဲ့…ဘုဂလန် ့လေးကို….
    ကြိုဆိုပါတယ်နော်…………..
    ရွာလေးထဲမှာ ပျော်ရွှင်ပါစေရှင်…။။။။။

    • ဘုဂလန့်

      July 18, 2012 at 12:53 pm

      နာမည်ကလည်း..ဘုဂလန် ့ဆိုပါလား…
      ရေးသားချက်တွေကလည်း …
      ဘုဂလန် ့…နဲ့………..
      မန် ့..ပေးတာလည်း ဘုဂလန် ့ဆိုရင်တော့…..
      အဲ့ဒီတော့ ဘာဖြစ်လဲ ဆက်ပြောဘာ
      ဟောင်ဖွာဟောင်ဖွာ လာမလုပ်နဲ့ ကိုယ့်လူ
      ရွာထဲအခုမှဝင်တယ်ဆိုပေမယ့် အားလုံးကို သိဘီးသား
      လာပီး အကြောမတင်းနဲ့

        • ဘဲဥ

          July 18, 2012 at 5:16 pm

          တိုတိုပေတို့ အဲ့လိုပြောနဲ့လေ ပေါ်တင်ကြီး :mrgreen:

Leave a Reply