ယဉ်ကျေးမှုနဲ့ ကျွန်တော့်အမြင်
ခေါင်းစဉ်ပေးမိတာကိုက လေးလွန်းတယ် ဒါပေမယ့်လို့လည်း ကျွန်တော်တင်ပြချင်တာ က ယဉ်ကျေးမှုဖြစ်ပြီး ကျွန်တော့်မြင်ကွင်း သေးသေးလေးနဲ့ မြင်တာကိုချပြချင်လို့ပါ ယနေ့ခေတ်ကို မြင်ကြည့်မိတာပေါ့ ဘယ်လိုမြင်မိသလဲ ဘယ်လိုတွေ့လိုက်သလဲဆိုတော့ ခဏလေးပါ သိပ်မကြာတော့ဖူးမြန်မာလူမျိုးဆိုတာ ရှေးပဝေသီကတည်းက ယဉ် ကျေးမှုကို ရှေ့တန်းတင်ပြီး အရှက်သိက္ခာကို လေးစားကြတာ အားလုံးသိပြီးသားပါပဲ အဲ သိပြီးသားကိုပဲ ကျွန်တော်ပြန်ပြီး စားမြုံပြန်နွေးပါရစေ…..
မြင်ကြမှာပါ ကျွန်တော်တို့ငယ်စဉ်က ဝတ်စားဆင်ယင်မှု လုံးဝမပြုခဲ့တဲ့ ပုံစံမျိုးတွေ မြင်နေ ကြားနေ သိနေ ကြုံနေကြပါပြီ ကြာတော့ အမြင်ရိုးလာပြီး မျက်စိထဲမှာ သိပ်မ စိမ်းတော့ဖူး ဖြစ်လာပြီ ကဲ နောင်နှစ်အနည်းငယ်တွင်းမှာဘာတွေဖြစ်လာမလဲ ဘယ်လို ဝတ်စားဆင်ယင်မှုတွေဖြစ်လာမလဲ….
ခေတ်အလိုက် ခေတ်အကြိုက် ရေစီးကြောင်းအတိုင်း လူငယ်တွေအရောင် အသွင် ပြောင်းလဲလာလိုက်တာ အခု ၂၀၁ဝခုနှစ်ကိုရောက်လာပြီ ဟိုးတုန်းက လမ်းဘေးဂီတာ ခေါက်နေတဲ့သူတွေကို လမ်းသရဲတဲ့ အခုမဟုတ်တော့ဖူး ဂီတာခေါက်တိုင်း ဆံပင်ရှည် ထားတိုင်းလမ်းသရဲမှ မဟုတ်တော့တာ ကျွန်တော်တို့အမြင်ပဲလေ ကျွန်တော်တို့လိုပဲ ကျွန်တော်တို့အထက်ကမျိုးဆက်တွေလည်း နားလည်လာပါပြီ ကဲပြောအုံးမယ် ဟိုး တုန်းက ကျွန်တော်တို့ အဖိုးအဘွားလက်ထက်ကဆေးမင်ကြောင်ထိုးတာ ယောကျင်္ား တွေအလုပ်တဲ့ ကျွန်တော်တို့ခေတ်မှာ လူကြီးတွေပြောတယ် လူမိုက်ရုပ်တဲ့ကဲ ဘယ်လို မြင်ကြသလဲ အခု ကျွန်တော်တို့အောက်က မျိုးဆက်လေးတွေ ယောင်္ကျားလေးရော မိန်းကလေးရောဆေးမင်ကြောင်တွေရှိလာပြီ ထိုးလာပြီ သူတို့လူမိုက်တွေလား နီးစပ်ရာ ပတ်ဝန်းကျင်ကို ငဲ့စောင်းသတိထားကြည့်ကြပါ…
သူတို့ လူမိုက်တွေလူဆိုး တွေမဟုတ်ပါဖူး ဒါပေသိလို့ ပထမ အမြင်စောင်းတယ် ဒုတိယအမြင်ရိုးတယ်နောက် ဆုံးတော့ မြင်ပါများတော့ ယဉ်လာတယ် ကဲ….ဘယ်လိုလဲ ဘယ်မှာလဲ ကျွန်တော်တို့ ယဉ်ကျေးမှုပျောက်တော့မှာလား သတိထားကြည့်ကြပါစို့
ဟိုးတုန်းက ခါးပေါ် ချက်ပေါ် ရင်ဟိုက်ဖော်ဝတ်ရမှာ ကြောက်ကြတဲ့ ကျွန်တော်တို့ မြန်မာမိန်းကလေးတွေ တချို့ဝတ်လာလိုက်ကြတာ ဪ တို့မြန်မာတွေ ခေတ်မှီတယ် ပြောမလား ရိုးရာပျောက်လာပြီ ပြောမလား ဘာတွေပြောကြမလဲ ကျွန်တော်တို့ဘာတွေပြောကြမှာလဲ တခါတခါ ကျွန်တော်တွေးမိတယ် ငါတို့မိဘတွေဖြစ်လာတဲ့
တနေ့မှာ ငါတို့မွေးဖွားလာမယ့် ကလေးတွေ ဘယ်လိုသွင်ပြင်များ ဝတ်စားဆင်ယင်ကြမလဲ တို့တတွေရဲ့ ရိုးရာဆိုတဲ့ရိုးဂုဏ်ရှိတဲ့ဆင်မြန်းမှုတွေတခုမှမကျန်လောက်တော့ဖူးထင်တယ် လို့တွေးမိပါတယ်ယဉ်ကျေးမှုဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ရေးမိတဲ့ ကျွန်တော်ကိုယ်တိုင် ယနေ့ခေတ်လူငယ်တွေရဲ့ဆင်ပြင်မှုကို မျက်စိယဉ်နေပါပြီ ဆိုတော့ ကျွန်တော့်မျိုးဆက် တွေဝတ်လာ စားလာ နေလာထိုင်လာရင်ကျွန်တော်ဘယ်လိုဖြေရှင်းမလဲဆိုတာ အခု ကတည်းက ကျွန်တော်တွေးပူမိတယ်
ယောင်္ကျားလေးရော မိန်းကလေးရော မြင်ကြည့်တွေးကြည့်တယ် ရှေ့ကျော်ပြီး ဖြစ်လာ တော့မယ် သေချာနေပြီ ခေတ်လူငယ်တွေ ကျွန်တော့်တို့ ရိုးရာကို မကြိုက်ကြဖူးထင်မိ တယ် ယဉ်ကျေးမှုဆိုတဲ့ စကားကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ကြမလဲ နောင်တချိန်မှာပေါ့ ကျွန်တော်တို့မြန်မာတွေရဲ့ယဉ်ကျေးမှုဆိုတာကို ပြတိုက်ပြေးကြည့်မှ တွေ့ရတော့မယ် ထင်ပါတယ် လောလောဆယ် လမ်းပေါ်မှာရှားပါးနေပြီ
တောင်းမှာအကွပ် လူမှာအဝတ် စာတမ်းတွေ မြန်မာတနိုင်ငံလုံးမြင်သာ ထင်သာအောင် တော့ချိတ်ဆွဲပြချင်ပါတယ် အထူးသဖြင့် ပြောင်းပြန်ဖြစ်လာတဲ့အဖြစ်တွေ စွပ်ကျယ်သာ သာအင်္ကျ ီ ပါးလှပ်လှပ်လေး ဝတ်ပြီးလမ်းပေါ်သွားနေတဲ့ ကလေးမလေးတွေ နောက် ပေါက်လေးတွေအဟိုက်တွေဝတ် လူရှေ့ရောက်မှ ဟိုဆွဲတင်သလိုလို ဒီဖုံးချင်သလိုလို လုပ်တတ်တဲ့ မိန်းကလေးတွေကိုတော့စိတ်ကူးထဲကနေ ကျွန်တော်ပါးရိုက်ဆုံးမနေကြ ပါ အစကတည်းက မဝတ်နဲ့ပေါ့လို့ ပြောရင်းပေါ့
(ရန်များလာတွေ့ကြမလားပဲ) ကျွန်တော်ပြောတာ ရေးတာ တကယ်အပြင်မှာ တကယ်ကိုဖြစ်နေတာပါ ဒီထက်ပိုဆိုးလာမယ့် အနေထားရှိနေပါပြီ ဘယ်သူ့ကိုအပြစ်ပြောကြမလဲ အဓိကကတော့ ကိုယ်စိတ်ဓတ်ပဲထင်မိပါတယ်ရှိုးပွဲတွေသွားကြည့်လိုက် တခါတည်းစိတ်ကုန်သွားမယ် မြန်မာပြည်မှ ဟုတ်ရဲ့လားလို့ တွေးမိတယ်
အထူးသဖြင့်တော့ မိန်းကလေးတွေအဝတ် စားရှားပါးမှုပါ အရှက်တရားလုံခြုံဖို့ လုံလုံခြုံခြုံတော့ရှိသင့်တယ်မဟုတ်ဖူးလား
အားလုံးတော့မဟုတ်ပါဖူး တချို့ကျန်ပါသေးတယ် ရိုးရိုးယဉ်ယဉ်ဝတ်စားတတ်တဲ့ မိန်း ကလေးတွေ သူတို့ကိုတော့ တကယ်ကိုချီးကျုးလေးစားပါတယ် ရိုးရာဆိုတာကို မြင်ကြည့် အဓိပ္ပာယ်ဖွင့်ကြည့်ရင် အမြင်ရိုးအေးတာကိုပြောတာဖြစ်မယ် ထင်ပါတယ်မြင်လိုက်တာနဲ့ ရင်ဘဝင်အေးမြစေတဲ့ ဆင်ယင်မှုပေါ့ မြင်လိုက်တာနဲ့ ရမ္မက်စိတ်တွေ ထကြွစေမယ့်
ဆင်ပြင်မှုကတော့ မြင်သူကိုလည်း အပြစ်ဖြစ်စေသလို မြင်စေသူလည်း အပြစ်နဲ့ညှိနေတာ အမှန်ပါပဲဘာဆိုင်လို့လည်းဆိုတော့ ကျွန်တော်သိသလောက် ဆင်ခြေပေးပါ့မယ်
သဘင်သည်တွေ ငရဲလားတယ်ဆိုတာ အားလုံးသိပြီးသားပါ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီးဖြစ်စေ အပြစ်ဖြစ်စေတာကိုး မြင်သူရှု့သူကိုအပြစ်တွေပေးတာကိုး ကဲ…အခုကိုယ့်ဖာသာ ကိုယ်ဝတ်စားတာနဲ့ အပြစ်ဖြစ်စရာလား ပြစ်မှားမမိစေနဲ့ပေါ့လို့ ဆင်ခြေပေးစရာတော့ရှိတာပေါ့ဒါပေသိလို့ ကျွန်တော်တို့ကိုယ်ပိုင်ဟန်က အရှက်တရား ပါ အိန္ဒြေသိက္ခာပါ အရှက်တရားဆိုတဲ့အတိုင်း မြင်မှာတွေ့မှာစိုးတဲ့ ကျွန်တော်တို့မြန် မာမိန်းကလေးတွေ လုံခြုံခြုံဝတ်စားကြတယ်လေ
အဲ… အခုတော့ ဖော်နေ ပေါ်စေနေ တော့ လာပါရှု့ပါ ကြည့်ပါဆိုပြီး ရွဲ့ပြီးများ ဝတ်စားနေသလားမှတ်ရတော့သဘင်သည် အစားထဲ အော်တိုထည့်လိုက်ပါတယ် ….
အဝတ်စားဆိုတာကို ကျောက်ခေတ်ကစလို့ ကိုယ်လုံးတီးဘဝကစလို့လူတွေကြံဆ ဖန်တီးလာကြတာက နံပါတ်တစ်အချက်က အပူဒဏ်ခံနိုင်ဖို့ နံပါတ်နှစ်အချက်က အရှက်လုံစေဖို့ဆိုတော့ အားလုံးထပ်ကွန့် စဉ်းစားကြည့်ပါတော့ နိုင်ငံရပ်ခြားရောက်နေ လို့ နိုင်ငံရပ်ခြားတိုင်းတပါး ယဉ်ကျေးမှုလိုက်ပြီးရောမရောက် ရောမလိုကျင့်တယ်မှန်ပေ မယ့် မြန်မာပြည်ရောက်နေတဲ့ နိုင်ငံခြားသားတွေ မြန်မာဝတ်စားဆင်ယင်မှုကိုလိုက်တု နေတာ မြင်ကြည့်စေချင်ပါတယ် ထားတော့ ပုတ်သင်ညိုလို ကိုယ်ရှိနေတဲ့သစ်ပင် အရောင်တိုင်း
ပြောင်းလဲရတာ မပြောချင်ပေမယ့် ပြည်တွင်းက မိန်းကလေးတွေ နိုင်ငံ ကျော်ကြည့်ပြီး လိုက်တုနေလိုက်ပုံများပြောနေရင် မောင်ဘကြိုင်လွန်ရာ ကျမလားပဲ
ဒီနေရာမှာ ကျွန်တော်ကဗျာလေးတပုဒ် စပ်ကြည့်တယ် နည်းနည်းတော့ ကဗျာမပီသမှာစိုးပါတယ် ခေါင်းစဉ်ကတော့ မြန်မာဆိုတာ….တဲ့
တချောင်းပေါ်
ကြိုးပျောက်နဲ့
ရင်ရှားခေတ်သမီးများ
ချက်ပေါ် ခါးဖော်
ဘေးခွဲ နောက်ကွဲ
ထူးခြားပြဟန်
ရိုးရာပျောက်တဲ့
ခေတ်သမီးတွေရေ
ရိုးရာအလှကို
မရိုးရာအလှနဲ့
မလဲလှယ်ချင်ပါနဲ့
သတိထားပါကွဲ့
ကိုးရိးယားလည်းမဟုတ်ဖူး
ဥရောပလည်းမဟုတ်ဖူး
မြန်မာဆိုတာ
မမေ့စေချင်ပါ
သူများယားတိုင်း
ကိုယ်မ,ယားစေချင်
သူများ ဥ ကိုယ်မဥပဲ
ထိန်းသိမ်းရိုးရာ
ရှိစေချင်တာ
မြန်မာဆိုတဲ့
ညည်းတို့ကိုပါ…..
အဲလိုပေါ့ စပ်လိုက်တယ် ကဗျာဖြစ်မလား သရော်စာဖြစ်မလား တိုက်ခိုက်တဲ့စာဖြစ်မလား မသိ ဖြစ်ချင်တာဖြစ်စေတော့ ရေးတယ်ဗျာ ကဲ ဘာဖြစ်မလဲနော့ ကိုယ့်လက်တွေက ကီးဘုတ်ပေါ်မှာဆိုတော့ ကိုယ်စေ ရာလက်တွေက နှိပ်သွားမှာပဲလေ….
အခုခေတ်ခါမှာ ယောင်္ကျားလေးတွေနဲ့ ရင်ဘောင်တန်းတယ်ဆိုတဲ့ ဝါကျတခုက ဝတ်စား ဆင်ပြင်မှုလည်းပါနေသလားပဲ ဒီလိုပြောလို့ ဒီလိုရေးလို့ မင်းမိသားစု မင်းဆွေ မျိုး အပေါင်းသင်းသူငယ်ချင်းတွေရော ဒီလိုခေတ်လွန် ခေတ်ကျော် ချက်ဖော်ရင်ဟိုက် မဝတ်ကြဖူးလားမေးမလား လာခဲ့ပါ တစ်ယောက်ချင်းပြပါ့မယ် ကျွန်တော့်မွေးချင်းမှာ ရောအမျိုးတွေရော သူငယ်ချင်းတွေရောလက်ညိုးထောင်ပြီး တစ်ယောက်လို့ရေတွက် လို့ရအောင် တစ်ယောက်မှ မရှိပါဖူး ရှိရင်လည်း ကျွန်တော်ပါးစပ်နဲ့တွေ့မှာသေချာပါ
တယ် ဘယ်လိုပြောမယ်ထင်သလဲ ချွတ်ထားလိုက်လို့
ကျွန်တော်လက်ကွက်တွေ ကြမ်းချင်ကြမ်းလာနိုင်ပါတယ် ကျွန်တော်တော်တော်လေးကို ခေတ်မှီတယ်ဆိုတဲ့ မြန်မာမိန်းကလေးတွေကို နည်းနည်းများများ စိတ်ကုန်နေပါတယ် တကယ်ယဉ်ကျေးတဲ့ အမြင်ရိုးတဲ့အသွင်အေးတဲ့ မိန်းကလေးတွေတော့ မပါဖူးနော်စိတ်သာလျှင်အဓိကပါ ဝတ်စားဆင်ယင်မှုက အဓိကမကျဖူးလို့ပြော လာမယ်ဆိုရင် လည်း ပြန်ပြောချင်ပါတယ်စိတ်က အဓိကကျလို့ ဝတ်စားဆင်ပြင်မှု ဆိုးရွားတာက လည်း စိတ်ကိုဒုက္ခပေးပါတယ်လို့လေ ကျွန်တော်ဆိုပြစ်မှားလိုက်ပုံများဟွန်းဟွန်း
အခုဆို အပြိုင်ဆိုင်ဗျာ့ ဝတ်ကြတာ ဖော်ကြတာ ဘာကြောင့်လည်း မြင်စေချင်လို့ ကြည့်စေချင်လို့မဟုတ်လား ကြည့်သောသူမြင်၏ ပြသောသူကုသိုလ်ရ၏ အဲလိုပြောရ မလိုဖြစ်နေပါပြီ။ ဪ ခေတ် ခေတ် ခေတ်ကိုယိုးမယ်ဖွဲ့ ရိုးရာကိုဖျောက်ပြီးဝတ်လိုက် ကြတာများ မြင်တဲ့သူတောင် မျက်နှာလွဲရပါကောလားဗျာ ခက်တယ်ခက်တယ် လူထဲက လူဖြစ်နေတော့လည်းလူထဲမှာသွားလာနေရတော့ မြင်နေတွေ့နေရတာပါပဲ မမြင်ချင် တောထဲသွားနေရမလိုဖြစ်နေပြီ ယဉ်ကျေးမှုဆိုတာလေးကို
ခေတ်ကလေးတွေ နားလည် စေချင်တယ်
(အရမ်းပြင်တော့ အယဉ်ပျက်…
မြင်ပါများတော့ မျက်စိယဉ်…
ယဉ်ပါများတော့ အဟုတ်ထင်…
အဟုတ်ထင်တော့ ထင်ရာလုပ်…
ထင်ရာလုပ်တော့ ………….?)
(ကိုယ့်ဘဝရဲ့ ပဲ့ကိုင်ဟာ ကိုယ်ပါ….၊ ဘယ်သူ ပျက်ပျက် ကိုယ်မပျက်နဲ့….၊
အပျက်အပျက်နဲ့ သွေးထွက်….?၊)
ခေတ်ကိုပဲ ယိုးမယ်မဖွဲ့ကြပါနဲ့…
အဲဒီခေတ်ဆိုတာကို လူသားတွေက လုပ်ကြတာပါ…
ဒါကြောင့် ခေတ်ဆိုတာ လူသားတွေရဲ့ လက်ထဲမှာ ရှိနေပါတယ်…
လူသားတွေပဲ ဖန်တီးနေကြတာ..
ကောင်းအောင်လည်း သူတို့ပဲ လုပ်စွမ်းနိုင်တယ်…
ဆိုးအောင်လည်း သူတို့ပဲ လုပ်စွမ်းနိုင်တယ်…
အရာရာ သူတို့အပေါ်မှာ မူတည်နေပါတယ်လေ..
ပြီးတော့ ယဉ်ကျေးမှုဆိုတာ လူတိုင်းပေါ်မှာ အဓိက မူတည်နေပါတယ်….။
ကိုယ့်ယဉ်ကျေးမှုဆိုတာကို လူတိုင်းကိုယ်စီ ထိန်းသင့်တာပေါ့…
ယဉ်ကျေးမှုဆိုတာ လူမျိုးတစ်ခု တိုင်းပြည်တစ်ခုရဲ့ သင်္ကေတပါ..
အခု ဖြစ်ပျက်နေတာကတော့ ကိုဘကြိုင်ပြောသလိုပါပဲလေ (အများအားဖြင့်)..
ပြောချင်ပြောကြမှာပေါ့… အများ မိုးခါးရေ သောက်ရင် ကိုယ်လည် း မိုးခါးရေ သောက်ရမယ်လို့…
ဒါပေမယ့်လည်း အရာတိုင်းကို အဲဒါနဲ့ ကိုင်ပေါက်လို့ မရနိုင်ဘူးလေ…
နောက်ဆုံး ပြောချင်မိတာကတော့….
ဓာတ်ရိုက်ဓာတ်ဆင်တို့ ကက်ကင်းတု့ိ ဆိုတာကို ကြားဖူးကြမှာပါ…
အဲလိုပဲထင်တယ်…
“ကိုယ်က ရိုးရာလေးဆိုရင် မြင်သူလည်း အများအားဖြင့် ရိုးသားပါလိမ့်မယ်…
ကိုယ်က မရိုးရာလေးဆိုရင်တော့ မြင်သူလည်း အများအားဖြင့် မရိုးသားပါလိမ့်မယ်…“ ပဲ ထင်မိပါတယ်…
ပထမ အမြင်စောင်းတယ် ဒုတိယအမြင်ရိုးတယ်
နောက် ဆုံးတော့ မြင်ပါများတော့ ယဉ်လာတယ် ကဲ….ဘယ်လိုလဲ ဘယ်မှာလဲ ကျွန်တော်တို့ ယဉ်ကျေးမှု
ပျောက်တော့မှာလား သတိထားကြည့်ကြပါစို့….
2 comments
theinzaw
July 2, 2010 at 8:00 am
ဟုတ်ပါတယ်.. ဒါဟာ
သူ့တာဝန် ကိုယ့်တာဝန်ရယ်လို့မဟုတ်ပဲ..
ုမြန်မာလူမျိုးတိုင်းရဲ့ တာဝန်ပါ…
ကျနော်တို့ စာပေထဲမှာ ဆုတ်ကပ် တက်ကပ် ဆိုတာလည်ရှိပါတယ်..
အသက်အရွယ် စည်းစိမ် ပညာ စိတ်ဓာတ်နဲ့ စာရိတ္တ ကိုယ်ကျင့်သီလတို့ စည်ပင်ပြန့်ပွား
ခြင်းကို တိုးတက်ခြင်းလို့ ယူဆထားပါတယ်..
ကျနော်တို့ဟာ ဗုဒ္ဒဘာသာဝင် များဖြစ်သည်အလျှောက် ဘုရာရှင်က ဒီဟာက အရှက်တရား
ဒီဟာက အကြောက်တရားလို့ ဟောကြားထာပါလျှက် ထိုတရားတိုအား လျှစ်လျှူရှု့ကာ..
ဘယ်ခေတ်က ဘယ်လို့ရှိတယ် ဘယ်နိုင်ငံမှာ ဘယ်လိုဝတ်နေပြီ ဘယ်လိုနေ နေပြီစသည်ဖြင့်
ခေတ်ကို ကိုးကွယ် နိုင်ငံကြီးတွေကို ကိုးကွယ် မှန်းမသိ ကိုးကွယ်နေကျသည်မှာ ..
မိအေး အခါခါနာရမည်ကိန်းရောက်နေတာပေါ့..
naung
July 2, 2010 at 8:29 am
ကျွန်တော့်တို့အခုခေတ်မှာ လူငယ်တော်တော်များများကို မေးကြည့်လိုက်ပါ။ ချက်ဖော်၊ ဗိုက်ဖော်ဝတ်ထားတဲ့ မိန်းကလေးနဲ့ မြန်မာဆန်ဆန် ယဉ်ယဉ်လေး ဝတ်ထားတဲ့ မိန်းကလေး ဘယ်သူကို ပိုတန်ဖိုးထားသလဲဆိုတာ။ ကျွန်တော်တွေ့ဖူးသမျှတော့ မြန်မာဆန်တာကိုဘဲ တန်ဖိုးထားကြတယ်။ ကိုယ်တိုင်ကတော့ ဝတ်ချင်တာဝတ်မယ်ပေ့ါ။
နောက်တစ်ခုက အစ်ကိုပြောသလိုဘဲ မြန်မာနိုင်ငံကို ရောက်လာတဲ့ တိုင်းတပါးသားတွေတောင် မြန်မာတွေရဲ့ ရိုးရာဝတ်စုံကို တန်ဖိုးထားဝတ်ဆင်ကြပါတယ်။ အဲဒါကိုမှ မြန်မာမိန်းကလေးတွေက ရိုးရာဝတ်စုံကို ဝတ်ဆင်ရမှာ ရှက်ကြတာလား။ တိုင်းတပါးကိုဘဲ အထင်ကြီးတာလား။ ချက်ဖော်၊ ဗိုက်ဖော်ဝတ်မှာ ခေတ်မီတယ်ထင်ကြတာလား။ ဒါတော့ကျွန်တော်လည်းမပြောတတ်တော့ဘူး။
ကျွန်တော်ကတော့ မြန်မာမိန်းကလေးတွေကို မြန်မာဆန်ဆန်လှတာဘဲမြင်ချင်ပါတယ်။ နောက်များကျရင်တော့ ဘယ်အထိကို ဖြစ်လာမလဲမသိပါ။ ယဉ်ကျေးမှုတွေ ပြတိုက်ရောက်မှာကိုတော့ စိုးရိမ်မိပါတယ်။