Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဗုဒ္ဓအလိုကျ ဂေဟဗေဟ

Mg OggaJuly 2, 20101min1890
Logo_Convegno_2

Ecologyဂေဟဗေဒဆိုတာ အင်္ဂလိပ်လိုပြောရင်တော့ Ecology သဘာဝတရားနဲ့သက်ရှိလောက အပြန်အလှန်ဆက်စပ်ပုံကိုလေ့လာတဲ့ပညာရပ် တစ်ခုပါ ဗုဒ္ဓအလိုအရဆိုတာ ဗုဒ္ဓက သဘာဝတရားအပေါ် လူတွေဘယ်လိုသဘောထားသင့်သလဲဆိုတာကိုပြောမှာပါ။

အခုလဲ နောက်တစ်ခုပေါ့။ ပပရေ နင်ပြောသလို ရှိရှိသမျှဟာတွေနဲ့ ဗုဒ္ဓဘာသာကို ဆွေမျိုးတော်ခိုင်းနေတာတော့မဟုတ်ဘူးဟေ့ ဗုဒ္ဓတရားတော်က အရာရာတိုင်းနဲ့ဆက်စပ် နေတာ။ အခုလဲ Ecologyနဲ့ဆက်စပ်နေပြန်ပြီ နောက်အရာအားလုံးနဲ့ဆက်စပ်နေတာပဲ ကမာ္ဘလောကကြီးအကြောင်း ဗုဒ္ဓသိခဲ့တယ် ဟောခဲ့တယ်။ ဒါကြောင့်လည်း ကမာ္ဘ လောကကြီးထဲကဟာတွေက ဗုဒ္ဓတရားတော်တွေနဲ့ဆက်စပ်နေတယ်။ ဆေးပညာ၊စီပွားရေး၊နိုင်ငံရေး၊ပညာရေး နောက်ဆုံး ကုန်ကုန်ပြောရရင် လင်ယူသားမွေးကိစ္စတွေမှာ တောင် ဗုဒ္ဓတရားတော်တွေဟာ အသုံးဝင်နေတယ် အသုံးကျလို့ရတယ် ဗုဒ္ဓတရားတော်တွေအားလုံးဟာ နိဗ္ဗာန်ကို ရှေးရှုပေမယ် နိဗ္ဗာန်မရခင် စပ်ကြား လောကီဘဝမှာ ကောင်းစွာနေထိုင်တတ်စေဖို့ အသုံးဝင်နေပါတယ်။ ဗုဒ္ဓတရားတော်တွေဟာ ဘက်စုံသုံး မဟာဆေးတော်ကြီးပါ။ သုံးစွဲသူဟာ အခုဘဝကော နောင်ဘဝမှာပါ ကောင်းကျိုး ချမ်းသာ ခံစားရမှာပါ။ ဗုဒ္ဓတရားတွေဟာ နှစ်ပေါင်း ၂၅၀ဝကျော်ကြာခဲ့ပေမဲ့ အခုထိ ခေတ်နဲ့ လူနေမှုဘဝကိုမျက်ကွယ်မပြုသေးတာသိအောင် ရေးရခြင်း ဖြစ်ပါတယ်။

လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်။ တွေးစရာအတွေးစတစ်ခုရရင်ပဲ ရေးပျော်ပါတယ်။ နောက်ဒါကျွန်တော်ကိုယ်ပိုင်အတွေးအခေါ်တွေမဟုတ်ပါဘူး K Sir Dhammananda ရေးတဲ့ Human Life and Problem စာအုပ်ကို ဘက္ခုသုဓမ္မဘာသာပြန်ထားတာကို တခြားအမြင်နည်းနည်း စာအုပ်နည်းနည်းဖတ်ပြီး နှမ်းဖြူးထားတာပါ။ ဗုဒ္ဓဒေသနာ တော်များနှင့် ကွဲလွဲမှုရှိခဲ့သော် ကျွန်တော်တာဝန်သာဖြစ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

လူနဲ့ တိရစာ္ဆန်ဟာအလွန်ကွာခြားပါတယ်။ တိရစာ္ဆန်ဟာ ဆင်ခြင်ဉာဏ်ကင်းမဲ့တယ်။ လူသားကတော့ ဆင်ခြင်ဉာဏ်ရှိတယ်။ ဗုဒ္ဓဘာသာအယူအဆအရ သတ္တဝါတွေဟာ သံသရာက လွတ်မြောက်ရာ နိဗ္ဗာန်ရရှိဖို့ ဒီလိုနိဗ္ဗာန်ရရှိဖို့ လူသားတွေဟာ ကိုယ်ကိုကိုယ်သိရှိဖို့ လိုအပ်ပါတယ် နောက် ကိုယ်နဲ့ဆက်စပ်နေတဲ့ လောကအကြောင်းကိုလည်း သိရှိဖို့ လိုအပ် ပါတယ်။

လူဘုံဟာ ၃၁ဘုံမှာ အရေးအကြီးဆုံးပါ အချက်အချာအကျဆုံးပါ။ ဒါကြောင့်လည်း သုံးလောကထွဍ်ထားဗုဒ္ဓမြတ်စွာဘုရားဟာ လူဘုံမှာပဲပွင့်နိုင်တာပေါ့။ နတ်ပြည်ကလည်း သုခ ချမ်းသာတွေနဲ့ပြည့် ငရဲပြည်ကလည်း ဆင်းရဲဒုက္ခတွေချည်းဆိုတော့ အမှန်တရားကို မမြင်နိုင် ဒါကြောင့်မို့ ဆင်းရဲဒုက္ခကော ချမ်းသာသုခပါ ရောစပ်နေတဲ့ လူဘုံမှာသာ သစ္စာတရားကို အစဆုံးသိမြင်နိုင်တဲ့ ဗုဒ္ဓပေါ်လာတာပေါ့။ ကမာ္ဘမှာ လူသားတွေဟာ အသိဉာဏ်အရှိဆုံးဖြစ်ပြီး ကမာ္ဘမှာရှိရှိသမျှအရာတွေဟာ လူတို့စိတ်ပျော်မွေ့ဖို့ အသုံးချခံရ ပါတယ်။ ကမာ္ဘလောကဟာ လူတို့လိုသမျှရအောင်ဖန်းတီးထားသလိုပဲ။ Humanistic လူသားဗဟိုပြုုဆိုပြိးဆိုပြီး ကမာ္ဘမှာရှိရှိသမျှအရာ ငါ့ဥစ္စာဆိုပြီး တခြားအတူနေထိုင်နေတဲ့ သက်ရှိတွေရဲ့ ဖြစ်တည်မှုကို ဂရုမစိုက်တော့ပဲ ထင်ရာစိုင်းနေတာတွေဟာ ကျွန်တော်တို့ လူသားတွေအပေါ်တိုက်ရိုက်တာဝန်ရှိနေပါတယ်။ ဥပမာ ဆင်စွယ်လေးရဖို့ ဆင် အမြောက်အများ သတ်ဖြတ်တာတွေ၊စီးပွားဖြစ် အမဲလိုက်တာတွေ၊ သစ်တောသစ်ပင်တွေခုတ်ထွင်ရှင်းလင်းတာတွေဟာ အလွန်တရာ ဂရုဏာကင်းရာကြပါတယ်။ ဒီလိုနဲ့ ပဲ တိရစ္ဆာန်မျိုးစိပ်တွေ၊ ဇီဝမျိုးကွဲတွေပျောက်ကွယ်ကုန်ပါပြီ။ Ecology အရ ဇီဝမျိုးကွဲတွေ ပျောက်ကွယ်ကုန်ရင် လူသားတွေပါပျောက်ကွယ် ကုန်မှာပါ။ လူသားတွေ အသိဉာဏ် ရှိတယ်ဆိုတာ ဟုတ်မှဟုတ်ရဲ့လား သံသယတောင်ဖြစ်မိပါတယ်။ တိရစာ္ဆန်ဆိုတာ အိပ်စားကာမ အကျင့်သုံးခုပဲလုပ်တတ်လို့် တိရစာ္ဆန်လို့ ခေါ်တာမလား ဒီအသိဉာဏ်မရှိတဲ့ တိရစာ္ဆန်တွေဟာ ကမာ္ဘကြီးကိုမဖျက်ဆီးပဲ အသိဉာဏ်ရှိပါတယ်ဆိုတဲ့ လူသားတွေကပဲ ဖျက်ဆီးနေကြတာ ကြားလို့မှမကောင်းပါဘူး။

လူသားတွေဟာ ဒါဝင်အလိုရ မျောက်က ဆင်းသက်တာဖြစ်ဖြစ်၊ အာဒိကပ္ပအလိုရ ဗြဟ္မာကြီးလေးဦးကပြောပြော၊ သမ္မာကျမ်းအရ အာဒံနဲ့ ဧဝလို့ ဆိုဆို တခြားသက်ရှိတွေ ရဲ့နောက်မှ ပေါ်ပေါက်လာတာပါ။ ဒီလိုနောက်မှပေါ်လာလို သဘာဝဆိုတဲ့မိဘက အငယ်ဆုံးသားငယ် လူသားတွေကို အလိုလိုက် အခွင့်အရေးပေးထားလို့ သားဆိုးလေး တစ်ယောက်လို့ ဆိုးပြီး တခြားညီနောင် သက်ရှိတွေကို အနိုင်ကျင့်စိုးမိုးနေတာမျိုး ဖြစ်နေပါပြီ။ အခုချိန်အထိတော့ သဘာဝမိဘဟာ လူသားတွေကို ဒဏ်မခက် အရေးမယူ သေးပါဘူး။ ဒါပေမဲ့ အရေးယူဒဏ်ခတ်ဖို့ အရိပ်အရောင်ပြနေပါပြီ မုန်တိုင်းတွေ၊ငလျှင်တွေ၊ရေကြီးတာတွေ၊မိုးခေါင်တာတွေနဲ့ ရာသီဥတုဖောက်ပြန်တာတွေဟာ အရိပ်အရောင် တွေပါ။ ဒီအရိပ်အရောင်တွေဟာ သဘာဝပတ်ဝန်းကျင်ဆိုတဲ့ အဖနဲ့ ကမာ္ဘမြေဆိုတဲ့ အမိတို့ ရဲ့ သားသမီးတွေဖြစ်ကြတဲ့ လူနဲ့ တခြားသက်ရှိတွေရဲ့ဖြစ်တည်မှုကို ခြိမ်းချောက် နေပါပြီ။ အရာရာတည်တံခိုင်မြဲဖို့ အပြန်အလှန်အကျိုးပြုကြတယ်ဆိုတာ ဗုဒ္ဓရဲ့ ပဌာန်းဒေသနာမှာအတိအလင်းပါပါတယ်။ လူသားတွေတည်တံဖို့ဟာ တခြားသက်ရှိတွေ အပေါ်မှုတည်သလို့ တခြားသက်ရှိတွေတည်တံမှုဟာ လူသားတွေပေါ်မှုတည်ပါတယ် ဒါ အညမညဆက်စပ်မှုပါ။ ကမာ္ဘကြီးကို ပိုက်ကွန်ကြီးလို့ ရှုမြင်ကြည့်ပါ။ ပိုက်ကွန်က ကြိုးထုံးလေး လှုပ်ရှားသွားတာနဲ့ ပိုက်ကွန်တစ်ခုလုံး လှုပ်သွားပါမယ်။ လူသားတွေဟာ ရုပ်ပိုင်းအရကော၊နာမ်ပိုင်းအရကော ကမာ္ဘမြေပေါ်မှီခိုနေပါတယ်။ ဒါကြောင့် ကမာ္ဘလောကရဲ့ကျေးဇူးကို စောင့်သိဖို့လိုပါတယ်။ သစ္စာအဓိဌာန်ဆိုပြီး အော်ဆိုနေတဲ့နေရာမှာ ကမာ္ဘမြေနဲ့ သဘာဝတရားရဲ့ကျေးဇူးကိုစောင်သိ ရိုသေပါမည် လိုတောင် မနက်တိုင်း ဆိုသင့်ပါသေးတယ်( အဘိရာစက)။ ကမာ္ဘလောကကြီးဟာ လူတစ်ဦးထဲအတွက်စီမံထားတာမဟုတ်သလို ကမာ္ဘလောကအကြီးအလိုတိုင်းလည်း စီမံထားတာ မဟုတ်ပါ။ ဒါ လောကဓံတရားသဘောအတိုင်း မျက်နှာလိုက် ဘက်လိုက်မှာမဟုတ်ပါဘူး ကြင်နာမှာလည်း မဟုတ်သလို ကြမ်းကြုတ်မှာလည်းမဟုတ်ပါ။ မမျှမျှတတ ကြားနေ မှာပါ။ ကမာ္ဘလောကကြီးက တခြားသက်ရှိများကော လူသားတွေကိုပါ ရှင်သန်ရပ်တည်ပေးထားပြီးသားပါ။

ဒါကို လူသားအကျိုးစီးပွားတစ်ခုတည်းအတွက် ကမာ္ဘလောကထဲကရှိရှိသမျှအရာတွေကို ဖျစ်ညှစ်ယူမယူသင့်ပါဘူး။ သဘာဝတရားနဲ့ တစ်ခြားသက်ရှိများအပါ် လေးစားရပါ မယ်။ မလေးစားဘူး အလွန်အကျွံသုံးမယ်ဆိုရင်တော့ လောကဓံတရားက ငြိမ်မနေပါဘူး။ အဲဒီကြမှ အဖေကယ်ပါ အမေကယ်ပါလုပ်လို့မရဘူး။ အပြန်အလှန်အမှီပြုခဲ့တဲ့ သဘောတရားတွေကို ဗုဒ္ဓဟာသိခဲ့လို့ တပည့်သာဝကတွေ မေတ္တာဘာဝနာပွားများကြတဲ့ အခါမှာ သတ္တဝါအားလုံးဆီ မေတ္တာ(ကောင်းစေလိုတဲ့ဆန္ဒ) ပို့လွှတ်ဖို့ ပြောခဲ့တာပါ။ သဗ္ဗေ သတ္တာဆိုတာ လုံးစုံများစွာသတ္တဝါလို့ အနက်ထွက်ပါတယ် သတ္တဝါအားလုံးအပေါ်မေတ္တာထားဖို့ပါ သတ္တဝါလို့ဆိုရာမှလဲ စကြာဝဋာအနတ္တမှာရှိတဲ့ သတ္တဝါအနတ္တအထိ မေတ္တာထားဖို့ ပြောခဲ့တာပါ။ ဒါကိုကြည်ရင် လူသားတစ်မျိုးထဲ ဗုဒ္ဓဘာသာလူတစ်စုထဲကို မေတ္တာထားဖို့ မထောက်ခံခဲ့ကျိန်းသေပါတယ်(ဘာသာခြားတွေ အပေါ်တိုက်ခိုက်တာ မျိုးတွေကိုလည်း ဗုဒ္ဓမထောက်ခံခဲ့ပါ)။

သက်ရှိသတ္တဝါဆိုတာ အညှိကိုစွဲမွေးတဲ့သတ္တဝါ၊ဥကပေါက်တဲ့ သတ္တဝါ၊အမိဝမ်းက ပဋိသန္ဓေတည်တဲ့သတ္တဝါ နောက်တခြားဘုံဘဝတွေဖြစ်တဲ့ နတ်ပြည်၊ဗြဟ္မာပြည်၊ငရဲပြည်တို့ မှာအလိုအလျှောက် ကံကြောင့်ဖြစ်ပေါ်ကြတဲ့ သတ္တဝါတွေဆိုပြီးရှိပါတယ်။ လူသားတစ်ဦး ဒီကမာ္ဘလောကမှာ နေထိုင်သွားဖို့ သူ့နဲ့အတူနေထိုင်ကြတဲ့ သက်ရှိတွေအပြင် တခြား စကြာဝဋာ၊ တစ်ခြားဘုံဘဝတွေက သတ္တဝါတွေကိုပါ မေတ္တာထားဖို့ဆုံးမခဲ့တာ အသိသာကြီးပါ။