အိမ်စာမှန်မှန်လုပ်ပါမည် ၂.၀
Texture ပိုင်း ပြန်လေ့လာဖြစ်တယ်…
Ambiance ဆိုတဲ့ စကားလုံး ကို ဘယ်လို အဓိပ္ပါယ်နဲ့များ …dynamic range တွေ ကြားမှာ
ဟိုပညာရှိတွေ ဝှက်ခဲ့တယ် မသိ ..
တခါတလေတော့လည်း recipe ဆိုတာတွေက အတော်လေး ကသုတ်ကရက်နိုင်ရဲ့…
ပြောရရင် .. မသိကိန်း၁လုံးပါ ပုဒ်စာ တောင် တွက်နည်း အမျိုးမျိုး ရှိလေတော့…
လိုချင်တဲ့ final image ရဖို့ ..ဘယ်သူတွေ ဘယ်လမ်းက သွားသလဲတော့ ကျနော် မသိ ..
ကျနော်သိတာက ..တော့ ..ခုတလော ..စိမ်ပြေနပြေ ..bottom-up လုပ်ရတာ ကို ကြိုက်နေလေရဲ့….
TIFF/16 ပြောင်းသုံးကြည့်ထားပါသည် … ဘာမှန်းမသိသော တခုခုတော့ ကွာမည် ထင်ပါအိ…။

အဲ့ဒါ ဆိုက်ကိုလည်း ဖြစ်နိုင်တယ် … သိတယ်မလား …. ဟိုအခြောက် သည်အခြောက်ဝယ် ရေခဲသေတ္တာထဲထည့် ..စားခါနီးမှ
မိုက်ခလိုဝေ့ဖ် ထဲ ခြင်း ရိုက် စား နေတာဆိုတော့ … မသိစိတ်က အဲ့ဒါကို မုန်းတီးနေပြီ း…
ဟင်းချက်ကြည့်ချင်နေတာ မျိုး ဖြစ်ကောင်းရဲ့လေ…

တကယ်တမ်း ကင်မရာပျက်လို့ အသစ်ထပ်မရိုက်နိုင်တာလည်း ပါမယ်ထင်တယ်…
RAW တွေသိမ်းတဲ့အကျင့် က နောက်တခေါက်ပြန်တို့ဖို့ အခွင့်အရေးပေးထားတာကိုပဲ ကျေးဇူးတင်ရမလိုလို ..
ဘာပဲဖြစ်ဖြစ်ပါ … အိမ်စာ မှန်မှန်လုပ်မှ ဖြစ်ပါမယ်….။
သည်နေ့တွေက စလို့ပေါ့ ….
18 comments
သန်းထွဋ်ဦး
July 20, 2012 at 7:10 pm
ကိုဂီ မနေ ့ကအိမ်စာမှာ Installuous ကနေဒေ့င်းရမှာ snapseed လားဗျ
Solid_Sn@ke
July 20, 2012 at 7:12 pm
ဟုတ်ကဲ့ဗျ …
ကျနော် ပြန်မဖြေဖြစ်လိုက်ဘူး
ဆောရီးပါဗျို့ ..
သန်းထွဋ်ဦး
July 20, 2012 at 10:12 pm
ကျေးဇူးဘဲ ကိုဂီရေ။လက်စမ်းရတော့မည်။
မောင်ပေ
July 20, 2012 at 7:18 pm
အိမ်စာလဲလုပ်
လမ်းစာလဲလုပ်
ကျောင်းစာလဲလုပ်
အပြင်စာလဲလုပ်
အားလုံးကိုသာလုပ်
ဂျုတ်ဂျုတ်ဂုတ်
မဟာရာဇာ အံစာတုံး
July 20, 2012 at 7:28 pm
အပေါ်ဆုံးက ပုံနှစ်ပုံမှာ
ဆေးစားပီးပုံက တော်တော် ဘရိုက် ဖြစ်သွားတာပဲဗျ ..
ကောင်းကင်ကို ပြာထွက်ရုံတင် မကဘူး ..
ရေထဲက အရိပ်ပါ လိုက်ပြာသွားတာ ..
အောက်က ပုံနှစ်ပုံမှာတော့ ..
အနီကနေ နီညိုရောင် ပြောင်းသွားတာပဲ သိတယ် ..
အခြားဟာတော့ သိဘူးရယ် …
Solid_Sn@ke
July 20, 2012 at 7:33 pm
key ကိုပြောရရင်
ပထမပုံက တိမ်တွေရဲ့ texture ဗျို့ …
ဒုတိယပုံကတော့ မျက်လုံး ပါ ..
😀
အရီးခင်လတ်
July 20, 2012 at 7:44 pm
ဒီတစ်ခါတော့ သိသွားပြီ။
အဖြေ အရင်ရှိနေလို့။
“သများ လှလားဟင်င်င်င်င်” ဆိုတာက တော့
အရီး ဖြေရင် “လှဘူး” ဘဲ။
ဒါပေမဲ့ သူနဲ့ တူရာ တွေ ကတော့ “လှတယ်” ပြောမှာ။ အဟတ်။ 😛
Yunn Nady
July 21, 2012 at 3:58 am
အရီး ခင်လတ် ။ အဟတ် ဆိုတာကြီး ကို အရမ်း မုန်း တယ် ။ အပြင် မှာ လူ ချင်း တွေရင် အရီး ကို သတ်ပစ် မိ မယ် ထင်တယ် ။ အဲဒီ လောက် ထိ မုန်းတယ် ။ ဆင်ခြင်ပါ ။ သဂျီး လက်ခံတယ် ဆိုပြီး လျှောက် မအာပါနဲ
အရီးခင်လတ်
July 21, 2012 at 4:11 am
သူများ သတ်ပစ်ချင်လောက် အောင် ပြောဆိုခဲ့မိတာ ရှိ ရင် အရီး တောင်းပန်ပါတယ်။
ရွာထဲ မှာ ဒီလို မြည်သံစွဲ အလကာင်္တွေ သုံး လေ့ရှိတော့ အရီး လဲ ထွင်မိတာပါ။
အရီးကို မုန်းတယ် ဆိုကထဲ က မင်း ရဲ့ စိတ်အေးချမ်းမှု ကို အရီး က နှောက်ယှက်မိတာမို့ နောက် မသုံးတော့ ဘူး လို့ ဂတိပေးပါတယ်။
တစ်ခြား အချက်ရှိလဲ ပြောပါ။
ရွာထဲမှာ လာ တာ အချင်းချင်း ချစ်ချစ်ခင်ခင် ဘဲ ဖြစ်စေချင်ပါတယ်။
အားလုံး က ဧည့်သည် တွေပါ။
အတူနေခွင့် ရတဲ့ အချိန်လေးမှာ ကိုယ့်ကြောင့် သူတစ်ပါးကို အမုန်းတရား အကုသိုလ် တကယ်ဘဲ မပေးလိုပါဘူး။
ဒီအတွက် အရီး တကယ်ဘဲ တောင်းပန်ပါတယ်။
ကိုယ် သူများ ကို စိတ်အနှောက်အယှက်ပေးနေမိမှန်း မသိခဲ့တာ တကယ်ဘဲ စိတ်မကောင်း လဲ ဖြစ်မိပါတယ်။
စောရီးပါ။
ဆင်ခြင်နိုင်စရာ တစ်ခု သင်ခန်းစာ ရလို့ မင်းကို ကျေးဇူး လဲတင်ပါတယ်။
မင်းကျေနပ်ပြီး စိတ်ရွှင်လန်းပါစေလို့ ဆုတောင်းပါတယ်။
Solid_Sn@ke
July 21, 2012 at 10:16 am
အမ် …..
ဘယ်က ယွန်းနဒီလဲကွယ် …
အပြောအဆို က ဖောင်းလှချည်လား …
အဟတ်…
ဇဂါးမစပ် ….
၁။ ကျုပ်ပိုစ့်ထဲလာ ပိုစ့်နဲ့ မဆိုင်တာ ပြောလား ပြောရဲ့
၂။ ကျုပ် နဲ့ တူအရီးလို ခင်တဲ့လူ ကို ကျိန်းလားမောင်းလား လုပ်လား လုပ်ရဲ့
၃။ အနီရောင်နဲ့ကိုရေးထားတဲ့
ဟော သည့် စည်းကမ်းကို ဖောက်လား ဖောက်ရဲ့…
အဲ့သည့်လို ဟာဒွေ ကျူးလွန်တဲ့အတွက် ခင်ဗျားလေးကို ကျုပ်က သောက်မြင်ကပ်လိုက်တာတို့
သတ်ချင်လိုက်တာတို့ ပြောမယ် ဆို …ခင်ဗျားလေး ကျေနပ်မလား…
မပြောပါဘူးဗျ ….စဉ်းစားစေချင်လို့ပါ ….
နောက်တခါ အရေးအသား ဆင်ခြင်ပါ ချာတိတ်မ …
ဒါပဲ …(ဆဲတာမဟုတ်ပါ)
ကြောင်ကြီး
July 21, 2012 at 10:36 am
လူဂျီးကို အဲလိုမပြောရဘူးလေ သမီးဂလေး…ယွန်း။ စိတ်သိပ်ဆိုးနေရင် ဦးကြောင်ကြီးရဲ့ ကြွက်သားအဖုအထစ်ထစ်နဲ့ ကြီးမားကျယ်ပြန့်လှတဲ့ ရင်အုပ်ကြီးကို လက်သီးဆုပ် နုနုကလေးနဲ့ တဘုံးဘုံးမြည်အောင် စိတ်ရှိလက်ရှိ ထုပစ်လိုက်စမ်း။ ယွန်းဂလေးအတွက်ဆို သေဝံ့ပါဒယ်။ 😎
myanmarcitizen
July 21, 2012 at 3:11 pm
ဟိုက် ရုပ်တည်ကြီးနဲ့ပါလားကွယ်။ အဟတ် အဟတ် (ချောင်းဆိုးနေလို့ တကယ်ဆိုးတာ)။ သတ်မယ် ဆိုတာကြီး ထဲ့ရေးတာတော့မကောင်းပါဘူးကွယ်။ လက်မခံပါဘူး ကန့်ကွက်ပါတယ်။ အဟတ် ကဘာများ စော်ကားတာမျိုးဖြစ်သွားလဲ ရှင်းပြပေးစေချင်ပါသည်
MaMa
July 20, 2012 at 8:04 pm
ဒီတခါတော့ ကြည့်တတ်သွားပြီ Before & After ကို။ [:)]
Mလုလင်
July 20, 2012 at 10:31 pm
မနေ့ က ညီငယ် တစ်ယောက် ရဲ့ ငါ အပြားကြီး ကို ယူကိုင်ကြည့်တယ် … ဘာ app: တွေများအဲ့လောက် ကောင်းနေသလဲ ပေါ့ .. အောင်မလေး .. လေ ….. လက် နဲ့ တစ်ချက် ပဲ … မျက်လှည့် ပြနေသလား အောက်မေ့ရတယ်။
ကြောင်ဝတုတ်
July 21, 2012 at 7:00 am
ကိုလုရေ
ကျွန်တော်ပန်းသီးကိုချစ်တာ အဲဒါတွေပါသဗျ
အာဟိ
ကြောင်ဝတုတ်
char too lan
July 21, 2012 at 1:26 pm
ဒီတစ်ခါ ဘီဖိုးနဲ့ အာဖတာ တော်တော် သိသာသွားပီ
နီးပျင်ညာတွေဘာတွေဒေါ့ နားမလည်ပါဘူး လှတော့ တော်တော်လှတယ်ဗျ.
ကျနော်ကတော့ ဆြာဂီ့ပုံတွေ အကုန်ကောက်သိမ်းပဲ 😉
ညလေး
July 21, 2012 at 3:52 pm
အူးလေး…..အိမ်စာက…….
ဆေးကိုဘယ်လိုစားထားတာလည်း
အဲ့ပုံကို ကော်ပီလိုက်မယ်နော်……ဆေးစားကြည့်ချင်လို….
စားများစားတတ်ပါ့မလားတော့မတိ…ခွင့်တောင်းပြီနော်…..
သကြားလုုံးကြော်
July 22, 2012 at 5:54 am
အပေါ်ကမျှော်စင်ကြီးက ပီဇာမျှော်စင်လိုု အော်ရီဂျင်နယ် ယိုုင်နေတာလား ဝိုုက်ပြောင်းကြောင့် ယိုုင်သွားတာလားဟင်