***…ခိုင်းနွား…***
***…. နွားတစ်ကောင် လိုပါသည်….***
လျှာအရိုးမရှိ တိုင်း မှိုလိုပေါက်နေကြတဲ့
စကားလုံး တွေထဲ ….. လေသံဖမ်းတရားနာ
ပြီးတော့လည်း …အိမ်ပြန်လာ ရမှာပါပဲ …
ဖန်တစ်ရာတေ မျှော်လင့်ချက် အလင်းရောင်လေး က
သားချော့တေး တစ်ပုဒ်လောက်…နားဝင် မချိုခဲ့တာ…ကြာပေါ့
အဟောင်းအနွမ်း တွေကို ….ရောင်းတန်းဝင်အောင်
ကုလားဖန်ထိုး ….. ဒဏ်ရာက ဆေးယဉ်ပါး နေပြီဆိုလား … ?
လူ ့ဇာတိကို လေးစားခြင်း ….လူ ့အဖြစ်ကို တန်းဖိုးထားခြင်း …
အဲလို ပဲ ….. စာအုပ်တွေထဲ … မျှော်လင့်ခြင်းကို ပစ်ပစ်ထည့် ရင်းကြီးပြင်း လာ …
လွတ်လပ်ရေး ရပြီးမှ…. လွတ်လပ်ခြင်း ဆိုတာ ….ပြာကျလို ့…
ကိုယ်ကျင့် ခါးဝတ် ပုဆိုး ကို …. ချောင်ထိုး
ပုပ်သိုးနေတဲ့ အနာဂတ်ထဲ …. အစာရှာ ထွက် ….
အိပ်မက် ကို အိပ်မက် ထဲ .. ပြန်ပေါင်းထည့်ရင်း
ပစ္စုပ္ပန် နဲ ့တည့်အောင် … လာဘ်ထိုး လို ့ …
သောက်ကျိုး နဲ …. လူ ့ဖြစ်စဉ် ….ခရီးမတွင်ခဲ့ကြဘူး …
လူငယ် …. မအူမလည် … အဖြူထည်သက်သက်
တတ်တတ်ကြွကြွ … အစွမ်းအစ နဲ ့ ….
အားမာန် လျှံတတ် … ခက်တော့ခက်တယ် …
ရည်ရွယ်ချက် က … ဘာလဲ
ပန်းတိုင်က … ဘယ်မှာလဲ …နားမလည် … ပါးတော့ သွက်သွက် လည်ခဲ့ဘူး …..
ရူးကြည့်တာပါ ….
လွတ်လပ်စွာ ရူးသွပ်ခွင့် ကို ကိုင်စွဲထားတယ် ….
ပွင့်လင်း မြင်သာ တဲ ့ …. အပြုသဘော တွေတဲ့
ငါ …. ရေဒီယို နားမထောင်ဖြစ်ခဲ့တာ ကြာပေါ့ …
ဗမာ / မြန်မာ .. အရေးတွေ
ရိုဟင်ဂျာ … တွေ …လိုချင်တာ တွေ
ဇွတ်ခေါ် နေတဲ ့ …. လွှတ်တော် တွေ
ခွပ်ဒေါင်း … ဖွတ်အကြောင်း … ကျောင်းသား မျိုးဆက်
အတိမ် နဲ ့ အနက် …. အလိမ် နဲ ့ အဖျက်
အကာ နဲ ့အနှစ် … အသစ်နဲ ့ အဟောင်း
ဘယ်သူဘဲပြောင်းပြောင်း …..
” မူ “” …. မစောင်း အောင် ….
နားဖားကြိုး အထိုးခံ မယ့် ….
ခိုင်းနွားတစ်ကောင် ….
လို နေ တာ ….. လောက် ဘယ်အရာမှ မသေချာသေးဘူး …။။။

***..ခိုင်း နွား….***

12 comments
mamanoyar
July 21, 2012 at 11:41 am
လာရောက်ဖတ်ရှုသွားပါကြောင်းးးးးးးး
maung khinmin
July 21, 2012 at 11:42 am
ကဗျာတင်လိုက်တာ…..တစ်ပုဒ်
နှစ်ပုဒ် ဖြစ်သွားတယ်ဗျာ….
နှစ်ထပ်ရှိတော့မှတ်မိ တာပေါ့နော….
သီးခံပေးပါ….ကျေးဇူးအထူးပါခင်ဗျ
အလင်းဆက်
July 21, 2012 at 7:07 pm
ဖတ်ရှု..သွားပါတယ်..ခညာ
ကဂျာ..လေးတွေ..ပို ဖတ်ချင်မိပါတယ်…ခညာ..။
shwe kyi
July 21, 2012 at 7:36 pm
နားလည်သလိုလိုနဲ့ မလည်ဘူးဖြစ်သွားတယ်။ ရွှေကြည်ညံ့ပါ၏။
မောင်ပေ
July 21, 2012 at 7:43 pm
ကိုခင်မင် ရဲ ့ကဗျာဖတ်ပြီး ကိုလေးဖြူရဲ ့သီချင်းစာသားလေးကို ဆိုဖြစ်သွားတယ်
လျှောက်…. လျှောက်… မင်းတို ့လမ်းမင်းတို ့ကိုယ်တိုင်… လျှောက်… လျှောက်…
maung khinmin
July 21, 2012 at 7:53 pm
လျှောက်ရင်းနဲ ့လည်း…ပျောက်တတ်ပါသည်
ရောက်မရောက်ဆိုတာ..စောင့်ကြည့်……….
မဟာရာဇာ အံစာတုံး
July 21, 2012 at 8:01 pm
စောင့်ကြည့်ရမှာက
ကိုရီးယားဇာတ်ကားပဲ .. 😀
(နောက်တာနော့)
သေချာ နားမလည်ပေမယ့်
ဖတ်ရှုသွားပါတယ်ဗျာ ..
မောင်ပေ
July 21, 2012 at 8:08 pm
ကိုရီးယားကားမဟုတ်ဝူး
မဟာအံကြီးရဲ ့ရတနာသိုက်ပဲ
ဘယ်အချိန် ရတနာသိုက်ထဲမှာ ကို ့ရိုးကားယားဖြစ်မရဲ
ဘုရား..ဘုရား ရင်တုန်ပန်းတုန် ဖြစ်ရခြင်းပါတကား
ကို ့ရို ့ကားယားဖြစ်မယ်ဆိုရင်လဲ
ကျုပ် ကို ပု ရယ် ၊ မိုးဇက် ရယ် ၊ နိုရာလေးရယ် ၊ စနိုးဝှိုက်လေးရယ် တို ့နဲ ့
မချောလေးယောက် ကိုယ်တစ်ယောက် ပို ့စေဗျား
သန်းထွဋ်ဦး
July 21, 2012 at 8:01 pm
နှစ်ခါတိတိဖတ်သွားပါ၏ာ
maung khinmin
July 21, 2012 at 8:14 pm
၂ခါတိတိဖတ်တော့….၂ခေတ် တိတိ နာခဲ့တာသေချာစေပေါ့
ဇောက် ထိုး
July 22, 2012 at 7:29 am
လျှာအရိုးမရှိ တိုင်း မှိုလိုပေါက်နေကြတဲ့
စကားလုံး တွေထဲ ….. လေသံဖမ်းတရားနာ
ပြီးတော့လည်း …အိမ်ပြန်လာ ရမှာပါပဲ …
ဖန်တစ်ရာတေ မျှော်လင့်ချက် အလင်းရောင်လေး က
သားချော့တေး တစ်ပုဒ်လောက်…နားဝင် မချိုခဲ့တာ…ကြာပေါ့
အဟောင်းအနွမ်း တွေကို ….ရောင်းတန်းဝင်အောင်
ကုလားဖန်ထိုး ….. ဒဏ်ရာက ဆေးယဉ်ပါး နေပြီဆိုလား … ?
လူ ့ဇာတိကို လေးစားခြင်း ….လူ ့အဖြစ်ကို တန်းဖိုးထားခြင်း …
အဲလို ပဲ ….. စာအုပ်တွေထဲ … မျှော်လင့်ခြင်းကို ပစ်ပစ်ထည့် ရင်းကြီးပြင်း လာ …
လွတ်လပ်ရေး ရပြီးမှ…. လွတ်လပ်ခြင်း ဆိုတာ ….ပြာကျလို ့…
ကိုယ်ကျင့် ခါးဝတ် ပုဆိုး ကို …. ချောင်ထိုး
ပုပ်သိုးနေတဲ့ အနာဂတ်ထဲ …. အစာရှာ ထွက် ….
စာရေးသူကလဲ ….ကိုယ့်အမြင်ကိုရေးမှာပါပဲ…….
ကျွန်တော်စာဖတ်သူကလဲ…. ကျွန်တော်မြင်ချင်ရာမြင်ပြီး ဖတ်တာဖြစ်နိုင်ပါတယ်။
ဒီအပိုဒ်တွေကို အလွန့်အလွန်ကိုကြိုက်တယ်ဗျာ…
ဒီနေ့တရားတွေအပေါ်မှာ သွားပြီးခံစားမိနေတယ်။
ဖန်တရာလဲတေနေပေါ့။
ဒဏ်ရာတွေကလဲ ဆေးယဉ်နေပေါ့။
ပြီးတော့လဲ အဟောင်းတွေကိုပဲ ရောင်းတန်းဝင်အောင် အသစ်လုပ်နေကြတယ်။
နောက်တော့လဲ သားချော့တေးလောက်တောင် မတောင်းတကြတော့သလိုပဲ…
ဒီလိုနဲ့ ပြီးတော့လဲ အိမ်မှာ အရင်တုန်းက အတိုင်းပဲ……
ma ma01306
July 22, 2012 at 3:18 pm
အတိမ် နဲ ့ အနက် …. အလိမ် နဲ ့ အဖျက်
အကာ နဲ ့အနှစ် … အသစ်နဲ ့ အဟောင်း
ဘယ်သူဘဲပြောင်းပြောင်း …..