သူကြီးဘဉာဏ်ရဲ့ ယုတ္တိ ယုတ္တန်

Mg OggaJuly 2, 20101min880

အညာဒေသက မြန်မာ ရိုးရာ ပုံပြင်လေးတစ်ပုဒ်ပါ သရော်တာ နည်းနည်း ဆန်ပါတယ် ကြိုက်မယ်လို့ ထင်ပါတယ်

ဟိုရှေးရှေးတုန်းက သာယာကုန်းဆိုတဲ့ ရွာလေးတစ်ရွာ ရှိသတဲ့ အဲဒီရွာက ရွာသူရွာသားများ က အလွန်ပဲ ရိုးသားလှတယ်။ ထိုရွာကို သူကြီး ဘဉာဏ်ဆိုသူက အုပ်ချုပ်လျက်ရှိတယ်။ တစ်နေတော့ ဘုရင် ဆင်လိမ္မာ တစ်ကောင်ကို အနားယူစေရန် တောထဲမှာ လွှတ်ထားလေတယ်။ ဆင်က နယ်ကျွံပြီး သာဟာကုန်း ရွာစပ်ကို ရောက်လာကာ လယ်ခင်းမှ စပါးများကိုတွေ၍ ဝင်စားသောက်လေရဲ့။ ဆင်ယဉ်ဖြစ်တော့ ရွာထဲကိုဝင်ပြီး သီနုံများ ကိုပါ ခူးစားလေတယ်။ ရိုးသားတဲ့ ရွာသားများက ဘုရင်ဆင်ယဉ်ကို တောဆင်ရိုင်းထင်ပြီး ဘာလုပ်ရမှန်း မသိတာမို့ သူကြီးဆီပြေးပြီး ဆင်အကြောင်းပြော လေသော် မောင်းခတ်၍ တစ်ရွာလုံး သူထံစုရုံးပြီး ဤသို့ ဆို၏
“လူအို မိန်းမ ကလေးတွေ ဒီမှာ နေကြ ယောကျာင်္းမှန်သမျှ ကြီးငယ်မဟူ တစ်ယောက်မကျန် ဓားလှံပုဆိန် လေးမြား ရရာလက်နက်စွဲပြီး ရွာထိပ်မှာ သွားစောင့်နေကြ။ ရွာထိပ်ကို ဆင်ကြီးရောက်တာနဲ့ ပစ်ကြ နားလည်လား”
တပြိုက်နက် ရွာထိပ်ကို ဆင်ရောက်လာတော့ ဓာလှံ လက်နက်များနဲ့ ပစ်လွတ်လိုက်တာ ဆင်ကြီးသေ သွားပါတော့တယ်။
ရွာသူရွာသားများက ရိုးအလွန်းသောကြောင့် ဆင်သေကိုလည်း အသုံးမချတတ် တွင်းတူပြီး မြေမြုပ် လိုက်ကြလေတယ်။
တစ်နေ့ မင်းမှုထမ်းနှစ်ဦးက တောထဲကို ဆင်ရှာရန် ထွက်လာလေတယ် သို့သော် တောထဲမှာ ဆင်ရှာ၍ မတွေ့သောကြောင့် ဆင်ခြေရာ အတိုင်း လိုက်ရှာရင်း သာယာကုန်း ရွာ သို့် ရောက်သွားကြလေသည်။
ရိုးသားသော ရွာသားများက မင်းမှုထမ်းများကို ကြောက်သောကြောင့် မင်းမှုထမ်းများ ဆင်အကြောင်းမေးသော် လည်း တစ်ယောက်ကမှ ခွန်းတု့ပြန်မဖြေကြပဲ ထွက်ပြေးကြတာပေါ့။
နောက်ဆုံး မင်းမှုထမ်းတွေက သူကြီးနဲ့ တွေပြီး မေးတော့မှ အဖြေရလေသည်။
မင်းမှုထမ်း။ ။ သူကြီး ဒိရွာကို ဆင်တစ်ကောင်လာတာ တွေလား
သူကြီး ။ ။ ဒီရွာကိုတော့ ဆင်မလာပါဘူး ဒီဆုံတော့ လာပြီး စပါးတွေကို ဖျက်ဆီလို့ ဖမ်းချုပ်ထားပါတယ်
မင်းမှုထမ်းတွေက တယ် အတဲ့ သူကြီး ဆုံ ကိုများ ဖမ်းရတယ်တဲ့
အဲဒီဆုံနဲ့ ဆင်ခြေရာ အရွယ်ချင်းတူနေတော့ ပြောရခက်ကြီးဖြစ်နေတာပေါ့
ထိုကြောင့် နေပြည်တော်ကို ပြန်ပြီး ဘုရင်ကြီးထံ ရွှေနားတော်သွင်းရတာပေါ့ ဘုရင် မင်းတရားကြီးက နက်နဲစွာပြုံးပြီး ငခူပြုံးလေးပြုံးကာ မိန့်တော်မှု၏
“အိမ်း ကောင်းပြီ ထိုရွာကို ကြွက်ယူသွားပြီး ကျွဲနဲ့ လဲလှယ်လေ လက်ခံလျှင် တကယ် ရိုးအ သူများဖြစ်သော ကြောင့် ခွင့်လွတ်လိုက် အလဲ မခဲရင် မလည်ရှုပ် သောသူများဖြစ်နိုင်သောကြေင့် ဆင်ကိစ္စကို လိမ်လည်သူများ ဖြစ်ရမည် ထိုကြောင့် ပြစ်ဒဏ် ခတ်မည်”
မင်းမှုထမ်း နှစ်ယောက်လည်း သာယာကုန်းရွာကို ဒုတိယံမ္မိ သွားရတာပေါ့ မင်းမှုထမ်းတွေ လာနေတာကို သူကြီးက အဝေးထဲက မြင်လိုက်၍ အစီစဉ်တစ်ခု လုပ်လိုက်သည်။သူကြီး အိမ်နားရောက်တဲ့ အခါ မင်းမှုထမ်းတွေ အံအားသင့်သွားလေသည်။
ဘာဖြစ်လို့ လဲ ဆိုတော့ သူကြီးက တိုင်ကို အလယ်က ခံပြီး လက်နှစ်ဖက်ဖြင့် ကြက်ဥများကို ယူနေတာကို မြင်သွားလို့ ဖြစ်တယ်
သူကြီးက “အရမ်းမဆွဲနဲ့ ကြက်ဥတွေ ကျကွဲ ကုန်မယ် ဒီမှာတိုင်ခံနေတာ မတွေ့ဘူးလား သွား လွှ သွားယူ ကြ တိုင်ကို လွှနဲ့ ဖြတ်ပြီး ဖယ်လိုက် ရမှာပေါ့ တိုင်ကပြန်ဆက်လို့ရတယ် ကြက်ဥကွဲရင် ပြန်ဆက်လို့ မရဘူး” ဟု ဆိုလေတယ်။
မင်းမှုထမ်းတွေက “တော့ တယ်ရိုး တယ်အတဲ့ လူတွေပါလား ဒါပေမယ့် အမိန်ဆေတာ်အတိုင်းတော့ ဆောင်ရွက်ရမှာပဲ”လို့ တွေးမိကြတယ်
မင်းမှုထမ်းတွေက သူကြီးဘဉာဏ်ကို “ဒီမယ် သူကြီး ရွှေနန်းတော်က ကြွက်နှစ်ကောင် နဲ့ ခင်ဗျားဆီက ကျွဲ နှစ်ကောင် လဲ မလား”
သူကြီးက “ ဟာ ဘယ်လဲမှလဲ ကြွက်က သေးတယ် ကျွဲက ကြီးတယ် ဘယ်ရမလဲ လူများ အတယ်များမှတ်နေလား”
မင်းမှုထမ်းတွေက “ အခုသေးနေပေမဲ့ နောက်သုံးလဆိုရင် ကြိးလာမှာ လှည်းဆွဲလို့ရတယ် လယ်ထွန်လို့ ရတယ်”
သူကြီးက “ဟင် ဟုတ်လား ဒါဆို လဲရတာပ နန်းတွင်းနေပြည်တော်က ကြွက်ပိုင်ရှင်ဖြစ်ရမှာ နည်းတာမှတ်လို့”
ထိုကြောင့် မင်းမှုထမ်းတွေ က ကျွဲတစ်ရှဉ်း ယူသွားပြီး ဘုရင်ကြီးကို သံတော်ဦးတင်လေရာ
ဘုရင်ကြီးက“ အိမ်း…….တကယ်ရိုးတကယ်အတဲ့ သူတွေပဲ ဆင်ပျောက်တဲ့ ကိစ္စ သူတို့ နဲ့ မဆိုင်လောက်ဘူး သနားဖို့ ကောင်းတဲ့ သာယာအုန်း ဇနပုဒ် ကို အကောက်အခွန်လွတ်စေ တောင်ယာကို လိုသလောက် ခုတ်ပိုင် ခွင့်ရှိစေ အမိန်တော်” ဆိုပြီး အမိန့်တော်ချမှတ်လိုက်ပါတယ်။
ထို့ကြောင့် သာယာကုန်းရွာလေးက သာယာ လျက် ရှိနေလေတော့တယ်။ပုံပြင်လေးကတော့ ဒါပါပဲ ကွယ်