ကုမ္မဏီတိုင်း အမြတ်အစွန်းကိုပဲ အာရုံမစိုက်သင့်ပါ

phone_kyawJuly 21, 20121min100124

၂ဝ၁၂-ခုနှစ်ရောက်လာတော့ ရွှေကြောအသစ်တွေ ့ဖို ့ကို အင်မတန်ခက်လာတယ်။ ဘာ့ကြောင့်လဲဆိုတော့ ခေတ်မှီနည်းပညာတွေနဲ ့တူးတဲ့လူတွေများလာလို ့ပါ။ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာလောက်က အခြေအနေနဲ ့ အခု အခြေအနေမတူတော့ပါဘူး။ သယံဇာတတွေကုန်လာနေပြီ။

ရွှေဈေးကလည်း မကျတဲ့အပြင် တရိပ်ရိပ်နဲ ့တက်လာတယ်။ ကုန်ဈေးနှုံးကလည်း ကြီးလာတော့ အရင်ကလောက် ရွှေတူးတဲ့ကုမ္မဏီတွေ မမြတ်တော့ဘူး။ တွေ ့ပြီးသားရွှေကြောတွေကို တူးတာကလည်း နှစ်အနည်းငယ်အတွင်းမှာ ကုန်သွားမှာဆိုတော့ ရွှေကြောအသစ်အသစ်တွေကို ကုမ္မဏီတွေက အပြိုင်အဆိုင်ရှာလာပါတော့တယ်။

ရွှေတူးတဲ့ ကုမ္မဏီကြီးတွေမှာ ကမ္ဘာပတ်ပြီး ရွှေရှာဖို ့အတွက် သီးသန် ့ဖွဲ ့ထားတဲ့ ဌာနရှိတယ်။ The Growth and International Project Team လို ့ခေါ်တယ်။ သူတို ့အလုပ်က နယ်လှည့်ပြီး ရွှေကြောဖြစ်နိုင်ခြေကို လိုက်ပြီး ရှာတယ်။

ပထမဆုံး သူတို ့အနေနဲ ့ရုံးခန်းထဲမှာထိုင်ပြီး ကမ္ဘာပေါ်ကနိုင်ငံတွေထဲကနေ ရွှေထွက်များနိုင်တဲ့ နိုင်ငံတွေကို ရွေးချယ်တယ်။  အင်္ဂလိပ်လိုကတော့ Global View of the Macro Geological Picutre  on high level targeting လို ့ခေါ်ပါတယ်။ ဘာနည်းပညာကိုသုံးလဲဆိုတော့ Global Business Area Rating (GBar) ဆိုတဲ့နည်းပညာပါ။ ဒါကတော့ ရွှေထွက်များတဲ့နိုင်ငံတွေကို ရုံးခန်းထဲကနေ မြေပုံဆွဲတဲ့အတက်ပညာပါ။ ဥပမာ အမေရိကန်ကပိုင်တဲ့လန်းက် ဆဲဗင်းလို ဆက်တလိုက်နဲ ့လေ့လာသလို အခြားနောက်ဆုံးပေါ်နည်းပညာတွေနဲ ့လည်းလေ့လာတယ်။ ကုမ္မဏီကြီးတွေက ဘယ်နေရာမှာ Ore Body လို ့ခေါ်တဲ့ ရွှေကြောရှိလဲဆိုတာကို လူကိုယ်တိုင်မသွားခင်ကတည်းက အကြမ်းဖျင်းသိပါတယ်။

တကယ်လို ့ရွှေထွက်ကောင်းတဲ့နေရာကို တွေ ့ရင် သူတို ့အနေနဲ ့တိုက်ရိုက်ရှာဖွေရေးဆင်းပါတယ်။ ဒီနေရာမှာ စက်ယန္တယားအကူအညီနဲ ့ Samples ကောက်တယ်။ တူးဖို ့အထိကို အဆင့်ဆင့်ကျော်ဖြတ်ရတယ်။ ရွှေကြောကြီးရင် ကြီးသလို လေးငါးနှစ်အထိ ရှာဖွေရေးလုပ်ရတယ်။ တကယ်လို ့ရွှေအထွက်နှုံးကောင်းတာကို တွေ ့ရင် ကုန်ကျစရိတ်နဲ ့အမြတ်ဘယ်လောက်ရမလဲဆိုတာကို တွက်ချက်ရတယ်။ Resources Geologist ဆိုတဲ့ပညာရှင်က သူ ့ရဲ  ့အဓိကအလုပ်ဖြစ်တဲ့ အမြတ်နဲ ့အရှုံးကို မတူးခင်ကတည်းက တွက်ပြီးသားပါ။ ဥပမာ ကျနော်တို ့ကုမ္မဏီဆိုရင် Rules of 2s ဆိုတဲ့ ပေါ်လစီကို ကျင့်သုံးတယ်။ မြန်မာနိုင်ငံမှာ ရွှေတွေ ့ပြီဆိုရင် သုံးလေးတန်လောက်ကို စိတ်မဝင်စားပါဘူး။ ရွှေအောင်စနှစ်သန်းအနည်းဆုံးရှိရမယ်။ တနှစ်ကို ရွှေအောင်စ နှစ်သိန်းထွက်ရမယ်။ ဒိထက်နည်းရင် ကျနော်တို ့စိတ်မဝင်စားပါဘူး။

မြန်မာပြည်မှာ တစ်ပိုင်တနိုင်တူးတဲ့ လူတွေရှိတယ်။ ဒါကို အင်္ဂလိပ်လို ့ခေါ်ရင် Artisanal and Small-scale Mining (ASM) လို ့ခေါ်တယ်။ နိုင်ငံတိုင်းမှာ ဒီလိုလူတွေအများကြီးပါ။ မိရိုးဖလာလုပ်စားတယ်လို ့လည်း ဆိုလို ့ရတယ်။ အထူးသဖြင့် ဆင်းရဲတဲ့နိုင်ငံတွေနဲ ့ဖွံ ့ဖြိူးဆဲနိုင်ငံတွေမှာ ပိုပြီးတွေ ့ရတယ်။ The World Gold Council  က တစ်ပိုင်တနိုင်လုပ်ငန်းလုပ်တဲ့လူတွေဟာ သန်း ၈ဝ ကနေ သန်းတစ်ရာအထိ ရှိမယ်လို ့ခန် ့မှန်းတယ်။ အလုပ်လက်မဲ့ဖြစ်လာပြီး ဆိုရင် ဒီလိုအလုပ်ကိုလုပ်ကြတယ်။ အာရှမှာအများဆုံးပဲ။  ကမ္ဘာ့ရွှေထုတ်လုပ်မှု ့ရဲ  ့ ၁ဝ ရာခိုင်နှုံးကို တစ်ပိုင်တနိုင်တူးတဲ့လူတွေက ထုတ်လုပ်ပေးတယ်။ ကျန်တဲ့ ၉ဝ ကိုတော့ ကုမ္မဏီကြီးတွေက ထုတ်ပေးတယ်။ ဒီနေရာမှာ ကုမ္မဏီကြီးတွေနဲ ့အဲဒိလို လူတွေကြားမှာ ပြသနာရှိတယ်။ ဘယ်လို ပြသာနာလဲဆိုတော့ လက်နဲ ့တူးတဲ့လူတွေက ရွှေရှိမဲ့နေရာကို သိတယ်။ သူတို ့ သိတာကို ကုမ္မဏီကြီးတွေက လေ့လာရတယ်။ ပြီးတော့ အဲဒိနေရာ အကြီးအကျယ်တူးကြပါတယ်။ ဒီလိုဆိုတော့ လက်နဲ ့တူးတဲ့လူတွေ အလုပ်လက်မဲ့ဖြစ်ကြတယ်။ ဒါနဲ ့ကုမ္မဏီတွေကို ပြသာနာရှာရောပဲ။ အင်ဒိုနီးရှား၊ ဂါနာ၊ ပီရှုး စတဲ့ နိုင်ငံတွေမှာ ခုတ်ကြသတ်ကြတဲ့အထိဖြစ်ဘူးတဲ့ ဥပမာတွေရှိတယ်။ သေလိုက်တဲ့လူတွေကလည်း မနည်းဘူး။

ဒီလိုမဖြစ်အောင် ဂုဏ်သိက္ခာရှိတဲ့ ကုမ္မဏီကြီးတွေက သူတို ့အတွက်လည်း စဉ်းစားပေးတယ်။ စီစဉ်ပေးတယ်။ ဘယ်လိုစီစဉ်ပေးလဲဆိုတော့ ကုမ္မဏီပိုင်တဲ့ နေရာမှာ လက်နဲ ့တူးတဲ့လူတွေအတွက် သီးသန် ့နေရာ သတ်မှတ်ပေးတယ်။ တူးတဲ့လူတွေအနေနဲ ့စည်းကမ်းကို သတ်မှတ်ပေးတယ်။ ဒီလိုမှ မလုပ်ရင် ဖြစ်သလိုတူးကြရောပဲ။ တကယ်လို ့သာ နေရာသီးသန် ့မလုပ်ပေးထားရင် ကုမ္မဏီနဲ ့အဲဒိလူတွေအကြားမှာ အကြီးကျယ်ပြသနာတက်နိုင်သလို သူတို ့လည်း ဘာနဲ ့ထမင်းစားမလဲ။ ဆိုတော့ နှစ်ဘက်လုံးအတွက် မျှမျှတတစဉ်းစားပေးရတယ်။

ဂါနာနိုင်ငံမှာ ဖြစ်ခဲ့တုန်းကဆိုရင် ကြောက်စရာအင်မတန်ကောင်းတယ်။ ကျနော်တို ့ကုမ္မဏီတူးနေတဲ့ ပိုင်နက်ထဲကို ဒေသခံတွေက အတင်းအဓမ္မ ဝင်ပြီးတူးတယ်။ လူပေါင်း ၂၅ဝဝ လောက်ရှိတယ်။ မောင်းထုတ်လည်း မရဘူး။ နောက်ဆုံး စစ်တပ်ကို ခေါ်တဲ့အထိဖြစ်လာရော။ တချို  ့ဆိုရင် မိုင်းထဲမှာတောင် အပင်တွေ စိုက်ပျိူးစားတဲ့အထိဖြစ်ကြတယ်။ နောက်ဆုံး ဒေသခံတွေနဲ ့ကုမ္မဏီကြားမှာ အပေးယူလုပ်ရသလို ဂါနာအစိုးရရဲ  ့အမိန် ့ကိုလည်း နာခံရတယ်။ နောက်ဆုံးတော့ သူတို ့အတွက် သီးသန် ့နေရာကို တူးဖို ့အတွက် စီစဉ်ပေးရပါတယ်။

မိုင်းတူးတဲ့အခါမှာ သဘာဝပါတ်ဝန်းကျင်အပြင် လူမှု ့ဘဝတွေကို ထိခိုက်စေတယ်။ ဒီလိုမဖြစ်အောင် ကုမ္မဏီတွေအနေနဲ ့စဉ်းစားရတယ်။ နှစ်ဘက်လုံးအတွက် အကျိူးအမြတ်ရှိမှ လုပ်တယ်။ အထူးသဖြင့် ကုမ္မဏီတွေက အထူးတာဝန်ယူကြရတယ်။ တာဝန်မယူနိုင်ဘူး မယူချင်ဘူးဆိုရင် မတူးရဘူးလို ့ ဩစတျေးလျနိုင်ငံ မိုင်းဥပဒေက အတိအလင်းပြဌာန်းထားသလို ကျူးလွန်ခဲ့ရင်လည်းလုံးဝကို အရေးယူူတယ်။ လျှောက်လွှာတင်ကတည်းက ဒေါ်လာ သန်းနဲ ့ချီပြီး အပေါင်တင်ထားရတယ်။ ကျနော်တို ့ကုမ္မဏီက ၂၅-သန်းတင်ရတယ်။ အစိုးရရဲ  ့ဥပဒေကို မလိုက်နာရင် အဲဒိငွေဆုံးပဲ။ ဒါ့ကြောင့် ဘယ်သူမှ မလှုပ်ရဲဘူး။

မိုင်းတူးရင် မြေရှင်းရတယ်။ မြေတူးရတယ်။ သစ်ပင်တွေခုတ်လဲရတယ်။ မိုင်းကြောင့် မြေအောက်ရေကအစ မြေပေါ်ရေအထိ ညစ်ညမ်းမှုတွေ ရှိတယ်။ ရှေးဟောင်းအမွေအနှစ်တွေအပြင် ရွာတွေကိုလည်း ထိခိုက်စေတယ်။ ကုမ္မဏီကတော့ ရွှေလိုချင်လို ့ရွှေတူးတာ ပြသနာမရှိဘူး။ ဒါပေမဲ့ ဘယ်လိုမျိူး အထက်ကပြောတဲ့ မြေရေလေလူစတဲ့ အရာကို မထိအောင် စီမံခန် ့ခွဲမလဲ။

ပီရူးနိုင်ငံမှာ ကုမ္မဏီရဲ  ့ရွှေတူးဖော်ရေးမိုင်းရှိတယ်။ မိုင်းပတ်လည်မှာ ဒေသခံရွာပေါင်းများစွာလည်း ရှိတော့ ကုမ္မဏီနဲ ့သူတို ့ရဲ  ့ဆက်ဆံရေးပြေလည်စေဖို ့၊ သူတို ့လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းပေးရတယ်။ ပီရူးအစိုးရက ဘယ်လို ဥပေဒရှိလည်းတော့ မသိဘူး။ သို ့သော် ကျနော်တို ့ပေါ်လစီက သူတို ့ရဲ  ့ အခက်အခဲကိုလည်းဖြေရှင်းပေးရမယ်လို ့ပြဌာန်းထားတယ်။ ဒါကို ဝန်ထမ်းတိုင်းလုံးဝ လိုက်နာပြီး အကောင်အထည်ဖော်ကြရတယ်။ ဒေသခံတွေအတွက် ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်ရရှိရေးနဲ ့စည်းပွားရေးလုပ်ငန်းတွေ ကြီးထွားလာအောင်ကို အစီအစဉ်တွေချမှတ်အကောင်အထည်ပေးတယ်။ အဲဒိဒေသမှာ မိုင်းတူးတော့ ဝန်ထမ်းတွေလိုတယ်။ မြန်မာနိုင်ငံကလို ကုမ္မဏီတွေရဲ  ့အလုပ်သမားတွေအားလုံးက တရုတ်နိုင်ငံကတင်သွင်းလာသလိုမျိူး လုပ်လို ့မရဘူး။ ရွာတွေကနေ အလုပ်သမားပေါင်း ၁၂ဝဝ-ကိုအလုပ်ခန် ့တယ်။ သူတို ့က မိုင်းလုပ်ငန်းဆိုင်ရာကျွမ်းကျင်မှုမရှိတဲ့အပြင် ဗဟုသုတလည်း အင်မတန်နည်းတယ်။ နိုင်ငံခြားက ကျွမ်းကျင်ပညာရှင်တွေကနေ အဲဒိဒေသကအလုပ်သမားတွေကို လုပ်ငန်းခွင်ဆိုင်ရာ သင်တန်းတွေ၊ လက်တွေ ့တွေပေးတယ်။ ဥပမာ ဘူဒိုဇာမောင်းနည်းပညာ၊ မြေသည်စက်မောင်းနည်းပညာ၊ ပန်းရံပညာကစပြီး မီးပြင်တဲ့ပညာအဆုံး သင်တန်းတွေကို အချိန်ယူပြီးသင်ပေးတယ်။ ဒါကို The Driect Area of Influnece (DAI) လို ့ခေါ်တယ်။ သူတို ့လည်း ပညာနဲ ့အလုပ်ရသလို ကုမ္မဏီအတွက်လည်း တွက်ခြေကိုက်တယ်။ နိုင်ငံခြားက ဈေးကြီးကြီးပေးငှားရတဲ့ ဝန်ထမ်းတွေအစား ဈေးပေါတဲ့ဒေသခံတွေနဲ ့တင် မိုင်းကလည်ပတ်လို ့ရတော့ နှစ်ဘတ်လုံးအတွက် အဆင်ပြေတယ်။

ကုမ္မဏီကြီးတစ်ခုမှာ အနည်းဆုံးဝန်ထမ်းက ထောင်ကျော်ရှိတယ်။ ဒါ့အပြင် ဌာနတွေလည်းအတော်များတယ်။ အိုင်တီဌာကစလို ့ ဂျီအိုလော်ဂျီအထိ ဌာနတွေရှိတော့ တက္ကသိုလ်ကျောင်းသားတွေအတွက် အခွင့်အလမ်းကောင်းတယ်။ တက္ကသိုလ်က ဘွဲ ့မရသေးခင်မှာ အလုပ်သင်အနေနဲ ့မိုင်းမှာ လာပြီးလုပ်ကြတယ်။ တော်တဲ့ကျောင်းသား အလုပ်ကျိူးစားတဲ့ကျောင်းသားဆိုရင် တစ်ခါတည်း အလုပ်ခန် ့တော့ ကျောင်းသားတွေ အလုပ်ပါရပါတယ်။ ဒီလိုအခွင့်အလမ်းမျိူးကို ကုမ္မဏီက တစ်နှစ်မှာ အယောက်ငါးဆယ်လောက် တက္ကသိုလ်တွေနဲ ့ချိတ်ထားပြီး အခွင့်အလမ်းပေးတော့ မြန်မာပြည်မှာလို ဘွဲ ့ရအလုပ်လက်မဲ့တွေမရှိနိုင်တော့ဘူး။ အလုပ်မရရင်တောင် အလုပ်အတွေ ့အကြုံနဲ ့ဘွဲ ့ရှိတော့ အခြားကုမ္မဏီတွေမှာ အလုပ်ရနိုင်ပါတယ်။ ဒါမျိူးကို မြန်မာပြည်က ကုမ္မဏီတွေ လုပ်ကြစေချင်တယ်။

 

နောက်တစ်ခုက ပညာတော်သင်လွတ်တဲ့ကိစ္စပါ။ ကုမ္မဏီကနေ နိုင်ငံခြားတိုင်းပြည်တွေက ကုမ္မဏီတွေ နဲ ့ ဝန်ထမ်းချင်းလဲလှယ်တဲ့ အစီအစဉ်လုပ်ပေးတယ်။ ဥပမာ ကျနော်တို ့ဌာနက ဂျီဩလောဂျစ်တွေ ဖင်လန် ဖိလစ်ပိုင်နဲ ့တောင်အာဖရိနိုင်ငံက မိုင်းတွေမှာ သွားပြီး အလုပ်အတွေ ့အကြုံယူရတယ်။ သူတို ့ဆီက ဝန်ထမ်းလည်း ဩစတျေးလျက ကျနော်တို ့မိုင်းမှာလာပြီး လေ့လာတယ်။ ဒါမှ ပညာချင်းဖလှယ်နိုင်မှာပါ။ ဝန်ထမ်းတွေရဲ  ့အရည်အသွေးလည်း အမြဲတိုးတက်နေတယ်။ တနှစ်မှာလေးငါးခြောက်လတစ်ခါ သင်တန်းတက်ရတယ်။ ပညာနဲ ့ပေါ်လစီဆိုတာက အမြဲတမ်း အသစ်ဖြစ်လေ့ရှိတော့ ဒါတွေကို အမှီလိုက်ဖို ့ က သင်တန်းလိုတယ်။ ဒီလိုမှ မတက်ရင် ဝန်ထမ်းအရည်အသွေးက ညံ့သထက်ညံ့လာပြီး ကုမ္မဏီလည်း ဒေဝါလီခံရမှာကို အရာရှိကြီးတွေသိတော့ လုပ်ပေးပါတယ်။

ပီရှုးနိုင်ငံမှာ ဒေသခံတွေရောင်းတဲ့ ဆန်ဆီးဆား ငရုတ်ကြက်သွန်ကစလို ့ ကုန်ကြမ်းပစ္စည်းတွေကိုလည်း ကျနော်တို ့ပေါ်လစီအရ ဝယ်ရတော့ ရွာက စီးပွားရေးကောင်းလာတယ်။ အဲဒိဒေသက အင်မတန်ခေါင်တဲ့အပြင် အစိုးရကလည်း လက်လှမ်းမမှီဘူး။ ဒီတော့ ကုမ္မဏီက ကျောင်းတွေဖွင့်တယ်။ ဆေးပေးခန်းတွေဆောက်တယ်။ ဆေးရုံတွေဆောက်ပေးတယ်။ ကုန်ကုန်ပြောရင် သူနာပြုတွေကအစ ဆေးမှုးတွေအဆုံး ကုမ္မဏီကနေ ငွေကုန်ပြီး သင်တန်းပေးတယ်။ သင်တန်းဆင်းတွေက သူတို ့ရွာတွေမှာ ပြန်လုပ်ကြတော့ အကျိူးရှိပြန်တယ်။

မိုင်းစဖွင့်တုန်းက ဒေသခံတွေက ကုမ္မဏီကို အရမ်းဆန် ့ကျင်တယ်။ အခုတော့ သူတို ့ဆန် ့ကျင်ဖို ့ နေနေသာသာ ကုမ္မဏီက အဲဒိဒေသကနေထွက်မှာကို အရမ်းကြောက်နေပြီ။  ဘာ့ကြောင့်လဲဆိုတော့ သူတို ့စီးပွားဖြစ်နေပြီဆိုတော့ ကုမ္မဏီမှ မရှိရင် ဒုက္ခဖြစ်တော့မှာကို ကြိုသိတယ်။

 

ရွှေမိုင်းက ရေကို အရမ်းသုံးရတယ်။ ရေနဲ ့ဆင်နိုက်လို ့ခေါ်တဲ့ ဓာတုပစ္စည်းကို ရောစပ်ပြီးမှ ရွှေကိုကျောက်သားကနေ ထုတ်ယူလို ့ရတယ်။ အင်မတန်ကြီးတဲ့မိုင်းတင်မဟုတ်ဘူး လက်နဲ ့တူးတဲ့လူတွေလည်း ဒါကိုပဲသုံးရတယ်လို ့ထင်တယ်။ မြစ်ချောင်းတွေမှာရွှေကျင်တော့ အဲဒိ ဆင်နိုက်အရည်က ချောင်းထဲစီးဝင်တယ်။ ဒါကို လူနဲ ့ငါးကသောက်တော့ ရောဂါရရော။ အပင်လည်း အဆိပ်သင့်တယ်။ ရွှေအောင်စ သန်းနဲ ့ချီပြီးထုတ်တဲ့ ကုမ္မဏီဟာဒီကိစ္စကို သေသေချာချာ ကိုင်တွယ်ရတယ်။ တစ်ချက်ကလေးလွဲတာနဲ ့ဘေးနားက ရွာတွေ ဒုက္ခဖြစ်ရောပဲ။

ပီရှုးမှာ ရွှေမိုင်းစဖွင့်တော့ ရွာတွေက သူတို ့ချောင်းတွေ ညစ်ပတ်ကုန်ပြီဆိုပြီဆင်ခြေပေးတယ်။ ကန် ့ကွက်တယ်။ နောက်ဆုံး ကျနော်တို ့ကဘယ်လို စဉ်းစားရလဲဆိုတော့ Open Transpency ကို ကျင့်သုံးလာရတယ်။ သူတို ့ယုံအောင်လုပ်တဲ့နည်းလမ်းက အားလုံးပွင့်လင်းမှ ရမယ်။ ဒါနဲ ့မင်းတို ့ရွာတွေက ကိုယ်စားလှယ်ရွေး။ ပြီးရင် အဲဒိလူတွေနဲ ့ရေသန် ့ရှင်းရေးကို ကျွမ်းကျင်တဲ့ပညာရှင်တွေနဲ ့တွဲပေးပြီး မြစ်ချောင်းတွေမှာ ရေစစ်တမ်း ကောက်တယ်။ ခြောက်လ တစ်ခါကောက်တယ်။ ခေတ်မှီစက်တွေနဲ ့စစ်တယ်။ ဒါတင်မဟုတ်သေးဘူး။ Exernal Audit လိုခေါ်တဲ့ အပြင်က အစိုးရအသိအမှတ်ပြု လက်မှတ်ရ ရေအရည်အသွေးကို စစ်တဲ့ ကျွမ်းကျင်ပညာရှင်တွေက ခြောက်လတစ်ခါပုံမှန်ပြန်စစ်တယ်။ ရလာတဲ့ ရလာဒ်ကို လူထုကို အသိပေးတယ်။ တကယ်လို ့ရေမသန် ့တာတွေ ့ရင် မိုင်းကို ပြန်ပြီ ဒိထက်ကောင်းတဲ့စီမံခန် ့ခွဲမှု ့နဲ ့စိစစ်ပြန်တယ်။ နောက်ဆုံး လူထုကလည်း လက်ခံလာတယ်။ သူတို ့ထင်တာတွေ မှားနေတယ်လို ့ပြောတယ်။ တချိူ  ့သော သဘာဝပတ်ဝန်းကျင်နဲ ့လူအခွင့်အရေးလှုပ်ရှားသူတွေက ပထမဆုံးသူတို ့အထင် ချောင်းတွေမြစ်တွေက ညစ်ညမ်းနေပြီဆိုပြီးကန်ပိန်းလုပ်ထားတာကို ပြန်ရုပ်သိမ်းတယ်။ ဒါ့ကြောင့် Company တိုင်း Open Transpency က အောင်မြင်ရေးအတွက် အင်မတန်ကို အရေးကြီးတယ်။

ရွှေကျင်ဖို ့အတွက် မိုင်းထဲမှာ တွင်းအကြီးကြီးကိုတူးရတယ်။ မိုင်းက ညစ်ညမ်းရေတွေကို အဲဒိတွင်းထဲကို စွန် ့ထုတ်တယ်။ တွင်းအောက်မှာ ရေမစိမ့်နိုင်တဲ့ တာလပတ်ကို ခံထားတော့ ညစ်ညမ်းရေက မြေအောက်ရေအထိ စိမ့်မဝင်နိုင်ဘူး။ ပြီးတော့ ရေကို Recycling လုပ်တယ်။ ပိုတဲ့ရေကို ဘေးနားက ရွာတွေမှာ လယ်ယာစိုက်ပျိုးနိုင်အောင် ဖြန် ့ဖြူးပေးတယ်။ ဒီလိုပုံစံနဲ ့ဆင်နိုက်အန္တရာယ်ကနေ ကာကွယ်ပေးထားတော့ မြစ်ချောင်းတွေထဲအထိ ရေညစ်တွေက မရောက်တော့ဘူး။

နောက်တစ်ခုက မည်သည့်မိုင်းမဆို စက်ယန္တယားတွေနဲ ့တူးတော့ ဆီချေးအလေအလွင့်တွေက မြေပေါ်ကိုကျတယ်။ ဒီဟာတွေကို Hydrocarbon လို ့ခေါ်တယ်။ ဓာတ်ဆီ၊ ဒီဇယ်နဲ ့အင်ဂျင်ဝိုင်တွေကို ဆိုလိုတာပါ။ ဒီလိုမဖြစ်အောင် ဝန်ထမ်းတိုင်းကို သင်တမ်းပေးတယ်။ ဒါကို SpillsTraining လို ့ခေါ်တယ်။ ပြီးတော့ အထောက်အကူပစ္စည်းတွေကို ပံ့ပိုပေးတယ်။ ဥပမာ အင်ဂျင်ဝိုင်က မြေပေါ်ကိုကျလာရင် စုပ်ထုတ်တဲ့ ဖော့ပြားတွေကို အရံသင့်ထားပေးထားတယ်။ ဆီဂျေးတွေက မြေပေါ်ကို ကျရင် မြေအောက်ရေထဲအထိ စိမ့်ဝင်နိုင်တယ်။ လူတွေက ဒီရေကိုသောက်မိရင် ရောဂါရတယ်။ မိုင်းတိုင်းမှာ ဒီကိစ္စက အန္တရာယ်အကြီးဆုံးပဲ။ ဘာ့ကြောင့်လဲဆိုတော့ ကားတွေက အများကြီးကိုး။ ဒါကိုမှ စီမံခန် ့ခွဲမှုကောင်းကောင်းမလုပ်နိုင်ရင် မည်သည့် သယံဇာတမှ မရှာတာအကောင်းဆုံးပဲ။

မြန်မာနိုင်ငံမှာ တွေ ့နေရတဲ့ မိုင်းတွေအားလုံးလိုလိုက ကျနော်လုပ်နေတဲ့ ကုမ္မဏီနဲ ့ဆို၊ ဆီနဲ ့ရေလို အင်မတန်ကွာပါတယ်။ နေရာတိုင်းလိုလိုမှာ အင်အားတွေဖြည့်ဖို ့လိုနေတယ်။

ဒါကတော့နည်းပညာအပါအဝင် စဉ်းစားပုံစဉ်းစားနည်းပါ။

အမြတ်လိုချင်တာတစ်ခုတည်းနဲ ့မလုံလောက်ဘူး။

Multi-National Comapny ကြီးတွေက သူတို ့ရဲ  ့ဂုဏ်သိက္ခာ (Good Reputation) ကို အထိမခံတဲ့အတွက် သူတို ့တွေဟာ စနစ်တကျလုပ်ပါတယ်။

ကျနော်အနေနဲ ့ဘာ့ကြောင့် ကျနော်လုပ်နေတဲ့ကုမ္မဏီကို မြန်မာပြည်ထဲမှာ သွင်းချင်လဲဆိုတော့ သူတို ့က စံပြ (Role Model) ဖြစ်လာပြီး အခြားကုမ္မဏီတွေလည်း အတုခိုးလာမယ်လို ့ လုံးဝယုံကြည်လိုပါ။ အစိုးရရဲ  ့ စီမံခန် ့ခွဲမှုကတော့ တပိုင်းဖြစ်ပါတယ်။ ကုမ္မဏီတွေကလည်း တဖက်တစ်လမ်းကနေ လူထုအတွက် တာဝန်ယူရတယ်။ ကူညီရတယ်။ ဒါကို Duty of Care လို ့ခေါ်ပါတယ်။ ဒါ့ကြောင့် အမြတ်ငွေလည်းယူကြပါ။ ကူလည်း ကူညီကြပါလို ့ပြောချင်ပါတယ်။

ဘုန်းကျော်

ဩစတျေးလျ

၂၁၊ ၇၊ ၁၂

အက်နယူးရွှေတူးဖော်ရေးမိုင်း (လင်းစတားရွာ)

24 comments

  • ဘဲရှုပ်

    July 21, 2012 at 10:15 pm

    ဒါလိုစိတ်ထားနိုင်ရင် ကောင်းပါတယ်
    ဒီက ကုမ္ပဏီတွေက လိပ်လို ယက်နေကြတယ်
    ဒါ့ကြောင့် ဆလာကီး ကိုဘုန်းကျော် လာပြီး ဖွင့်ရင်ကောင်းမှပ ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 21, 2012 at 11:26 pm

    မစ္စတာဘုန်းကျော် ကြီးကတော့ လုပ်ချလိုက်ပြန်ပဟ
    မိုက်ပါ့ကွာ
    ( လက်နဲ ့တူးတဲ့လူတွေက ရွှေရှိမဲ့နေရာကို သိတယ်။ )
    အဲ့သည်အပေါ်မှာ အခြေံရေးတာလေး ကြိုက်သဗျာ
    ကျုပ်ကတော့ ရိုးကို တာပိတ်ပြီး ငါးပက်တာဘဲသိတယ်

  • သကြားလုုံးကြော်

    July 22, 2012 at 5:56 am

    သဘာဝထိန်းသိမ်းရေးနဲ့ လူမှုုဘဝထိန်းသိမ်းရေးဘက်က ဦးစားပေးဆွေးနွေးပေးတဲ့ အတွက် လက်မထောင်သွားပါတယ်။
    တခြားနိုုင်ငံက ရွှေတွေသွားတူးတော့ အပေးအယူတွေ ဘယ်လိုုရှိလဲဟင်။ နိုုင်ငံပိုုင် သရံဇာတတွေကိုု နိုုင်ငံခြား ကုုမ္ဗဏီတွေက အကြီးအကျယ် ရေကုုန်ရေခန်း လာတူးသွားတော့ နိုုင်ငံ အတွက်မနစ်နာဘူးလား။ တူးခွင့်ပေးလိုုက်တဲ့ နိုုင်ငံအတွက် ဘယ်လောက်အမြတ်ကျန်သလဲ သိချင်လိုု့။

  • phone_kyaw

    July 22, 2012 at 7:32 am

    မနစ်နာအောင် အစိုးရမှာ ဥပဒေရှိဖို ့လိုတယ်။ ဒါကိုတော့ ကျနော်မသိပါ။ တကယ်လို ့သာ နိုင်ငံပိုင်သယံဇာတကို သူများတူးတာမကြိုက်ရင်ကိုယ်က တူးတက်အောင်သင်ထားဖို ့လိုတယ်။ လက်ရှိအခြေအနေက သူများဆီက သင်ရမဲ့အခြေအနေဆိုတော့ တက်ပြီးမှ ကိုယ့်ဟာကိုယ်တူးတာပေါ့ဗျာ။ နှစ်ဦးနှစ်ဘက်အကျိူးရှိပါတယ်။

  • kaung kin pyar

    July 22, 2012 at 10:59 am

    စီးပွားရေးသမားတွေကတော့ သူတို့အတွက် အမြတ်များများကျန်အောင် ကြည့်မှာပါပဲ…။ လက်ညှိုးထိုး ရောင်းစားခံရတာတွေတော့ များပါပြီ…။ သဘာဝပတ်ဝန်းကျင်ဆိုတာက ခုချိန်မှာ ဂရုစိုက်ဖို့ တကယ်လိုလာပါပြီ…။ တောင်ပေါ်လေနဲ့ မြို့လေတောင် မတူတော့ဘူးလေ…။

  • ဦးဦးပါလေရာ

    July 22, 2012 at 12:20 pm

    ဒီပိုစ့်လေးက တကယ်အကျိုးများစေပါတယ်။
    နောက်ပိုင်း ဝင်လာမယ့် နိုင်ငံခြားရင်းနှီးမြုတ်နှံသူတွေကို
    နှိုင်းယှဉ်အကဲဖြတ်ဖို့ ပေတံတခုရသွားစေတာပေါ့…။
    ဒီပိုစ့်လေးပဲဖြစ်ဖြစ် အဲဒါမျိုးရေးထားတာပဲဖြစ်ဖြစ် သတင်းစာ/ဂျာနယ်လို မျိုးမှာ ပါလာရင် လူတော်တော်များများဖတ်ဖြစ်လိမ့်မယ်။

    တကယ်တော့ အဲလို စံချိန်စံနှုံးမြင့်တဲ့ ကုမ္ပဏီမျိုး လက်တွေ့ရောက်လာဘို့တော့ ခဲယဉ်းပါသေးတယ်…။

  • ahnyartamar

    July 22, 2012 at 12:52 pm

    ဟုတ်တယ် ကိုဘုန်းကျော်ရေ….ကုမ္မဏီတိုင်း အမြတ်အစွန်းကိုပဲ အာရုံမစိုက်သင့်ပါဘူး၊ အထူးသဖြင့် လူသားအရင်းအမြစ်တွေပေါ်ကနေ အမြတ်အစွန်းမယူပဲ၊ တိုးတက်ပြောင်းလည်းလာတဲ့ နည်းပညာပေါ်မှာသာ အမြတ်အစွန်းရှာသင့်ပါတယ်။
    လူသားအရင်းအမြစ်တွေပေါ်ကနေ အမြတ်အစွန်းဆိုတာကတော့ လုပ်ခလစာလျှော့ပေးတာ၊ ပေးသင့်တဲ့ ခံစားမူတွေကို မသိကျိုးကျွံပြုတာ၊ safety နဲ့ ပတ်သက်တဲ့အရာတွေမှာ ထောက်ပံ့မူအားနည်းတာ၊ ပွင့်လင်းမြင်သာမူမရှိတဲ့ စီးပွားရေး ဆောင်ရွတ်မူတွေပေါ့၊ နောက်ထပ်ရှိပါသေးတယ်…………………..လက်ရှိ local မှာရှိတဲ့ ကုမ္မဏီတော်တော်များများဟာ အဲဒီအရာတွေကို ကျူးလွန်နေကျတယ်။ ဒါကြောင့် local မှာဆန္ဒပြမှုတွေ ခဏခဏ ဖြစ်နေတယ်ဗျာ။
    ကိုဘုန်းကျော်တို့ ကုမ္မဏီရဲ့ စံချိန်တွေနဲ့၊ မြန်မာပြည်မှာသာ လာရောက်ရင်းနှီးမြုပ်နှံရင်တော့ မြန်မာပြည်ရဲ့ အလုပ်သမားတွေ ကိုယ်စား လှိုက်လှိုက်လှဲလှဲကို ကြိုဆိုပါတယ်ဗျာ။

  • padonmar

    July 22, 2012 at 4:27 pm

    7 ခုမြောက်လက်မ ထောင်ခဲ့ပါတယ်။
    (မိုင်းတူးတဲ့အခါမှာ သဘာဝပါတ်ဝန်းကျင်အပြင် လူမှု ့ဘဝတွေကို ထိခိုက်စေတယ်။ ဒီလိုမဖြစ်အောင် ကုမ္မဏီတွေအနေနဲ ့စဉ်းစားရတယ်။ နှစ်ဘက်လုံးအတွက် အကျိူးအမြတ်ရှိမှ လုပ်တယ်။ အထူးသဖြင့် ကုမ္မဏီတွေက အထူးတာဝန်ယူကြရတယ်။ တာဝန်မယူနိုင်ဘူး မယူချင်ဘူးဆိုရင် မတူးရဘူးလို ့ ဩစတျေးလျနိုင်ငံ မိုင်းဥပဒေက အတိအလင်းပြဌာန်းထားသလို ကျူးလွန်ခဲ့ရင်လည်းလုံးဝကို အရေးယူူတယ်။ လျှောက်လွှာတင်ကတည်းက ဒေါ်လာ သန်းနဲ ့ချီပြီး အပေါင်တင်ထားရတယ်။ ကျနော်တို ့ကုမ္မဏီက ၂၅-သန်းတင်ရတယ်။ အစိုးရရဲ ့ဥပဒေကို မလိုက်နာရင် အဲဒိငွေဆုံးပဲ။ ဒါ့ကြောင့် ဘယ်သူမှ မလှုပ်ရဲဘူး။)
    အလွန်မှတ်သားစရာကောင်းတဲ့နေရာပါ။ အစိုးရရဲ့ ဥပဒေကို အခြားနိုင်ငံတွေနမူနာယူပြီး ကြိုတင်ဆွဲသင့်ပါတယ်။
    ကုမ္ပဏီတွေက ဒေသခံတွေရဲ့ ကျန်းမာရေး၊စီးပွားရေး၊ပညာရေးပါထည့်တွက်ပေးတဲ့ပေါ်လစီ လည်းရှိသင့်ပါတယ်။

  • Knowledge Seeker

    July 22, 2012 at 5:39 pm

    ဒီပိုစ် က အမှန် တန်ဘိုး ရှိ တဲ. ပိုစ်ပါ – အထူး သဖြင်. လွတ်တော်မှ လူကြီးများ ဖတ် ရမဲ. စာပါ ဘဲ၊ ကဘုန်းကျော် ကို ဒီပိုစ် တစ် ခု နဲ. တင် အလွန် လေးစား ကျေးဇူးတင် ပါ ကြောင်း ထပ် ပြီး ယ္ခု စာ မျိုး များများ ရေ ပါ ဟု တိုက် တွန်း ပါ ကြောင်း – လက်မ ၁ဝ ချောင်း ထောင် သွား ပါ ကြောင်း

  • YE YINT HLAING

    July 22, 2012 at 7:15 pm

    မိုင်းရှူး မှာ မကြာခဏ မြေပြိုမှူကြီး တွေ အကြီး အကျယ် ဖြစ်တယ် ။ နေအိမ်တွေ ဈေးဆိုင်တွေ ကုမ်မဏီတွေ လူတွေလည်း အများကြီး ပြိုတဲ့အထဲပါတာပေါ့ ။ အဲဒီ မှာ အလုပ် သွားလုပ်ပီး ပြန်လာတဲ့ သူငယ်ချင်း တယောက် က ပြောတယ် ။ မိုင်းရှူးဟာ တနေ့ထက်တနေ့ ကြောက်ဖို့ ပိုကောင်းလာတယ်တဲ့ ။ ပီးတော့ မူးယစ်ဆေး သုံးတဲ့ လူတွေလည်း ပေါမှပေါတဲ့ဗျာ ။ အဲဒီ မှာ ကျောက်တူး ကြတဲ့ ကုမ်မဏီ တွေနဲ့ လောပန်းတွေ ဟာ အများအားဖြင့် တရုတ် တွေလို့ သူပြောပြလို့ ကြားဘူးသဗျ !
    ကိုဘုန်းကျော် ရေ ! လက်မထောင် ပီး ဖတ်သွားတယ်ဗျာ ။ ဘာလို့ လဲဆိုတော့ ၂၀၀ဝ ခုနှစ်နောက်ပိုင်း မှာ သံ ၊ ကြေးနီ ၊ ကျောက်မျက် နဲ့ ရွှေတူး ဖော်မှု တွေ အများအပြား စတင်လုပ်ကိုင်လာတာတွေရလို့ဗျို့ ။ ( – ) စက်ရုံ ( တည်ဆောက်ဆဲ ) ဆိုရင် မိုင်းမှာ တန်ချိန် သန်း ( ၇ဝ ) အနည်းဆုံးလို့သိရတယ် ။ အဲဒီ မိုင်းမြေထဲ မှာ လူ နဲ့ သဘာဝ ပတ်ဝန်းကျင်အတွက် အန်နရယ် ရှိတဲ့ ဆာလဖာ လို အာဆင်းနစ် လို အရာတွေပါဝင်နေတယ် ။ ဆာလဖာ က လေထုထဲက ရေငွေ နဲ့ ပေါင်းရင် ဆာလဖျူရစ် အက်ဆစ် ၊ အာဆင်း နစ်က အဆိပ် ။

  • သန်းထွဋ်ဦး

    July 22, 2012 at 8:58 pm

    ကဘန်းကျော်ပို ့စ်ကို ဖတ်သွားတယ်။အဲ့လိုဘဲ ကမ္ဘာမြေကြီးကိုတူးကြ၊ဆွကြ၊
    မြေပေါ် မြေအောက် သံယံဇာတတွေ ဖော်ယူလိုက်ကြတဲ့ ကမ္ဘာ့ရာသီဥတုကို
    ဖျက်တဲ့တရားခံတွေ——

  • အရီးခင်လတ်

    July 22, 2012 at 9:53 pm

    ထိပ်တန်းမှာ ရောက်နေတဲ့ Post အတွက် Congratulations ပါ ကဘုန်းကျော်။
    အများသူငါ လို ဘဲ လက်မ ထောင် ခဲ့ပါတယ်။
    တစ်ခါမှတောင် မကြားဘူး တဲ့ ဗဟုသုတတွေ အတွက် လဲ ကျေးဇူးပါ။
    ခေါင်းစဉ် လေး ကိုလဲ သဘောကျပါ၏။
    နေရာတိုင်းမှာ win-win situation အတွက် ဖန်တီးပေးခြင်းဟာ အကောင်းဆုံးပါဘဲ။ 🙂

  • ကိုဖုန်းကျော်
    ကျနော်တို့ဆီမှာတော့အဖြစ်ဘဲလုပ်ကြတာဗျ။
    ရွှေတူးဖော်ရေးလုပ်ကွက်တစ်ခုပေါ်လာရင် ထောတဲ့လူက ထော။
    လုပ်ကွက်ရတဲ့သူကလဲ ငါတို့ကငွေပေးလုပ်တာဆိုပြီးထင်တိုင်းကျဲ။
    အဲလိုလုပ်ကွက်ပေါ်လာရင ် ဒေသခံတွေလဲပျက်စီးကုန်တာပါဘဲ။
    မတိုးတက်ဘူးဆိုတဲ့နေရာမှာ အတွေးအခေါ်တွေလဲပါတယ်နော်။

  • Foreign Resident

    July 23, 2012 at 4:36 am

    ကိုဘုန်းကျော်ရေ ။
    ကျနော့် သူငယ်ချင်းတစ်ယောက်က ၊
    မြန်မာနိုင်ငံထဲကို ဘယ်သူတွေကို ပြန်ဝင်ခွင့်ပေးသင့်တယ် ဆိုတဲ့ကိစ္စကို ၊
    မြန်မာ အစိုးရနှင့် ဆွေးနွေး အကြံပေးဖို့ အတွက် မြန်မာပြည်မှာ ရှိနေပါတယ် ။
    သူ့ကိုတော့ မြန်မာ အစိုးရ ကိုယ်တိုင် ဖိတ်ခေါ်ခဲ့တာပါ ။
    ( သူက အမေရိကန်နိုင်ငံသား ခံထားပြီးသား အမေရိကန် MBA ရထားပြီးသူပါ )

    သူ့ အပြောအရတော့ ( သူ့ အပြောအရ ) မြန်မာ အစိုးရ အနေနှင့် ၊
    နိုင်ငံရေး သဘောထား ပျော့ပြောင်းသူ တွေထဲကမှ ၊
    ၁ ။ ပညာ တော်တော်လေး တတ်သူ ။
    ၂ ။ အကြီးအကျယ် ရင်းနှီး မြုပ်နှံ မယ့်သူ ။
    တွေကိုပဲ လောလောဆယ် Visa ပေးလိုတဲ့ သဘောရှိနေပါတယ် ။

    နိုင်ငံ ရဲ့ အထိခိုက်မခံနိုင်သေးတဲ့ တည်ငြိမ်မှုကို အပြိုအကွဲ မခံချင်တဲ့ သဘောပါ ။

    ကိုဘုန်းကျော်က အကြီးအကျယ် ရင်းနှီး မြုပ်နှံ မယ့်သူ Category ထဲ ပါနိုင်ပါတယ် ။

    ကိုဘုန်းကျော် Visa အမြန်ဆုံး အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ ။

  • YE YINT HLAING

    July 23, 2012 at 5:52 am

    အထက် က ကျွန်တော့ ကွန်မန့် က မပြည့်စုံ သလို ဖြစ်နေလို့ ဆက်မန့် လိုက်ပါတယ် ။ တကယ် ကောင်းမွန် အောင်လုပ်ကြမယ် ဆိုရင်လည်း လက်ရှိ လုပ်ကိုင်နေတဲ့ သူတွေကို မထိခိုက် စေချင်တဲ့ သဘောပါ ။ အဲဒီက မိုင်းမြေပုံတွေ ကို ကျွန်တော် ကြည့်ဘူးတယ် ။ ပီးတော့ ကျွန်တော် က သူ့ကိုမေးတယ် ။ ဆာလဖာ တွေ လေထု ထဲ မရောက်အောင် ဘယ်လို ကာကွယ်မလဲပေါ့ ! သူက မြေပုံနဲ့ ရှင်းပြတယ် ။ မိုင်း မခွဲရမဲ့ ဇုန်တွေ ။ ဒါပေမဲ့ စက်ရုံ က ထွက်မဲ့ မီးခိုးထဲမှာ တော့ပါနေဦး မှာပဲ ။ ဒီအတွက် သူက ဆက်ရှင်းပြတယ် ။ မီးခိုး ကို Treatment လုပ်မယ် ။ အဲဒီ လိုလုပ်တဲ့ နေရာမှာ ဆာလကို ထုံးနဲ့ သတ်တဲ့ Plant တလုံးပါ ထည့် ဆောက်မယ် ။ ပီးတော့ မီးခိုး ခေါင်းတိုင်ကို မီတာ ( ၁၅ဝ ) အမြင့် အထိတည်ဆောက်မယ် ပေါ့ ။ အဲဒီ မှာ ကျွန်တော် က သူ့ကို နောက်ခဲ့တယ် ။ ” မင်းတို့ စက်ရုံ လည် ပီး နောင် ဆယ်နှစ် အနှစ် နှစ်ဆယ် လောက်နေရင် ဒီဒေသ က လူတွေ မတွေဘူး မကြုံဘူးတဲ့ Acid Rain ကို တွေရကြုံရ တော့မှာ ပေါ့ လို့ ” ။ အဲဒီ နောက် သူနဲ့ ကျွန်တော် စက်ရုံသုံး ရေနဲ့ မီးခိုး ကို Treatment လုပ်တဲ့ အကြောင်း ဆက်ဆွေးနွေး ဖြစ်ခဲ့တယ် ။ အဲဒါ အပြင် အရင် က တည်ခဲ့တဲ့ စစ်တောင်း စက်ကူ စက်ရုံရဲ့ စွန့်ပစ်ရေတွေ ကြောင့် စစ်တောင်း မြစ်ထဲ ငါးသလောက် တွေ မျိုးတုန်း လုမတတ် ဖြစ်ခဲ့တဲ့ အကြောင်းလည်း ပါတယ် ။ အခုကျွန်တော် တို့ နိုင်ငံ က စက်ရုံ ကြီး တချို့ မှာ Water Treatment Plant တွေ တည်ပီး စက်ရုံ က စွန့်ပစ်ရေ တွေကို ရေဘောက်ဆာ တွေနဲ့ စနစ်တကျ စွန့်ပစ်နေပါပီ !

  • etone

    July 23, 2012 at 9:40 am

    လက်မထောင်ရုံတင်မကပါဘူး …. လက်ခုတ်လက်ဝါးပါ တီးပြီး အားပေးပါတယ် ကိုဘုန်းကျော်ရေ ….
    ဒီပို့စ်ဖတ်ပြီးတော့မှပဲ သူများနိုင်ငံကလူတွေကပဲ လူဖြစ်ကျိုးနပ်သလိုလိုခံစားမိပါတယ် ။
    ဒီနိုင်ငံမှာ မိုင်းလုပ်ငန်းမပြောနဲ့ အိမ်တွင်းစီးပွားရေး လုပ်ငန်းလေးတွေတောင် မိမိတို့ရဲ့ စွန့်ပစ်ပစ္စည်းနဲ့ ရေဆိုးရေညစ်တွေကို တာဝန်မယူနိုင်သေးဘူး ။ ကိုဘုန်းကျော်တို့ဆီမှာ စက်ဆီတွေမြေပေါ်ကျမှာစိုးလို့တောင် ဂရုစိုက်ကြရတယ်ဆိုတာ သိရပြီး …. ဒီက အခြေနေနဲ့ ကွာခြားချက်တွေကို နှိုင်းယှဉ်အားငယ်စိတ်ဖြစ်မိပါတယ် ။

    ကုမ္ပဏီတွေမှာ တာဝန်ယူလိုစိတ်ရှိတာ … အစိုးရက ချမှတ်ထားတဲ့ ပေါ်လစီရယ် ၊ အပေါင်တင်ထားရတဲ့ ပိုက်ဆံတွေရယ်ကြောင့်လည်း ပါမယ် ။ ဒီမှာလည်း အဲ့ဒါမျိုး အတုခိုးပြီး လိုက်လုပ်ကြည့်ပါလား ။ ကုမ္ပဏီတွေ တာဝန်သိစိတ်ဖြစ်ကို ဖြစ်လာမယ် ထင်ပါတယ် …. ။ ခြစားတဲ့ ဝန်ထမ်းတွေသာ ပေါများလာတာ ၊ တာဝန်ယူမှု အပိုင်းကျတော့ ယိုင်နဲ့ဆွေးမြေ့လာတာ …. ကြွေကျမြေခတော့မယောင်ပါပဲ ။ 🙁

    မနက်က ပြည်တွင်းထုတ်ဂျာနယ်တစ်ခုမှာ ဖတ်လိုက်ရတယ် …. ဦးအောင်သိန်းလင်းက မြစ်ဆုံ စီမံကိန်းကို မဖြစ်ဖြစ်အောင် ပြန်လုပ်သွားမတဲ့လေ …. ။
    ဘယ်သူသေသေ ၊ ငတေမာလျှင်ပြီးရောဆိုတဲ့ စိတ်ဓါတ်လေးတွေလျော့ပြီး ၊ အများတွက် အနည်းငယ်စဉ်းစားပေးကြလျှင် ကျွန်မတို့နေထိုင်တဲ့ နိုင်ငံကြီး ပိုမိုလှပလာမယ်ထင်တာပါပဲ …. 🙄

    • etone

      July 23, 2012 at 10:02 am

      ဒါနဲ့ စကားမစပ် … လှိုင်သာယာ စက်မှု ဇုံ(၂) ထိပ်ဖက်က လမ်းမကြီးနဲ့ ကပ်လျှက် စက်ရုံတစ်ခုက .. စွန့်ပစ်ပစ္စည်းနဲ့ ရေတွေကို ဗရမ်းဗတာ လုပ်ပစ်နေတာ … ဘယ်စည်ပင်ကမှ ၊ သတိပေးတာမြစ်တာမျိုး မလုပ်သေးဘူးထင်တယ် … ။
      အဲ့ဒီစက်ရုံက ရှားလာလား သကြားလုံး ၊ ဂျေကပ်ဂျယ်လီး ၊ ရိစ်ရှ်ကော်ဖီမတ်တွေ ထုတ်တယ်လေ …. အဲ့ဒီနားက ဖြတ်သွားလျှင် … သတိထားကြည့်ကြပါ … စည်းမဲ့ကမ်းမဲ့တာဝန်မဲ့လုပ်ထားတာမျိုး … တွေ့ပါလိမ့်မယ် ။

      • Davit

        July 23, 2012 at 3:31 pm

        အဲ့ဒိစက်ရုံပိုင်ရှင်က ဦးကျော်သိန်း။ သူ့သားက ဦးဇော်လက် (ယခု Myanmar Indobest Company ပိုင်ရှင်)။ ဦးဇော်လက်မိန်းမက ယခုလက်ရှိ TMW (Sony) Company နဲ့ ဝိတိုရိယ ဆေးရုံပိုင်ရှင် ဦးဝေသစ်ရဲ့သမီး ဒေါ်ဝေသစ်လွင် …………….. ဆိုတော့ကား….သူတို့ကိုတော်ရုံတန်ရုံလောက်နဲ့ လွယ်လွယ်အရေးယူလို့ မလွယ်ဘူးထင်ပါ့…….

        • Davit

          July 23, 2012 at 3:37 pm

          စွန့်ပစ်ပစ္စည်းနဲ့ ရေတွေကို ဗရမ်းဗတာလုပ်တဲ့ကိစ္စကိုသာဆိုလိုခြင်းဖြစ်ပါတယ်….. 🙂

  • မောင်ပေ

    July 23, 2012 at 11:19 am

    ကိုဘုန်းကျော် အကြံပြုပြောထားသလိုမျိုး
    အမြန်ဆုံး ဖြစ်လာပါစေ လို ့မျှော်လင့်မိပါတယ်။

  • pooch

    July 23, 2012 at 4:53 pm

    ၁၅ ခုမြောက်လက်မကို ထောင်ပေးခဲ့ပါတယ် ကိုဘုန်းကျော်ရေ။
    ရွှေတူးဖော်ရေး မှ မဟုတ်ပါဘူး ကဏ္ဍအစုံမှာ ဝင်လာမဲ့ ရင်းနှီးမြှုပ်နှံမည့် ကုမ္မဏီတိုင်းကို ဒီလိုပဲ လာစေချင်တာပါ။

  • myanmarcitizen

    July 23, 2012 at 5:09 pm

    လက်မထောင်ပြီး ဖတ်သွားပါတယ်။
    သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်အောင် သတိထားရမယ်၊ ဒေသခံတွေနဲ့လဲအဆင်ပြေရမယ်။ ကောင်း တယ်ဗျာ
    မကြာခင်ကကြားလိုက်တယ် ဆားလင်းကြီးနယ်ထဲက ဒေသခံတွေနဲ့ တရုပ်မိုင်းcompany နဲ့ပြသနာတက် လို့ဆိုပြီး။ အဲ့လိုမျိုး ရဖို့တစ်ခုပဲ သိတဲ့ company တွေက မြန်မာနိုင်ငံထဲအရင်ရောက်နှင့်နေတော့ သိပ်ကို နစ်နာတာပေါ့ဗျာ။

  • padonmar

    August 14, 2012 at 7:24 pm

    ဒေါက်ဒေါက်ဒေါက်
    ကဘုန်းကျော်ရေ

    ဖိတ်စာပို့ပါတယ် (စာပို့သမားမအားလို့ နောက်ကျတာခွင့်လွှတ်ပါ)

    http://myanmargazette.net/143974
    http://myanmargazette.net/143981

    နှစ်သက်သူတွေရဲ့ မှတ်ချက်တွေဖတ်ပြီး ပီတိလေး ခံစားရဖို့ရယ်။
    အခြားသူတွေလည်း အလွယ်တကူဖတ်မိကြဖို့ ရည်ရွယ်ပါတယ်။

Leave a Reply