***လု လူ လူး***

maung khinminJuly 24, 20121min2025

လူ…
ပူပူ…..ချမ်းချမ်း
ကြမ်းကြမ်း …. နုနု
ထုထု …. ထောင်းထောင်း
ကံကို မောင်းနှင်
သတိတင်လျက်
ဆင်ခြင်တတ်စွ
မဇ္ဇျိမ ၌
အမြိုက် ကိုယူ
အမှိုက်ပူ စွန် ့
ဉာဏ်မြူးကွန် ့ကာ
သစ္စာ အမှန်
စံပေတံ ဖြင့်
ကံကို ပိုင်းဖြတ်
အမြတ်ထွက် သူ
လူထဲက လူ
တလူလူ………၊

လူ…
ထူထူ  ပိန်းပိန်း
ယိမ်းယိမ်း  ယိုင်ယိုင်
နိုင်နိုင် ရှုံးရှုံး
ဘာဖြစ်တုန်းကွာ
ငါ့ဟာ ငါစား
ငါ့သား ငါ့သမီး
ငါ၏ အတ္တ
အဓ္ဓမ ဖြင့်
ကိုယ်ကျင့် ခြစား
စီးပွားဥစ္စာ
ယုတ်မာ နည်းလမ်း
အောက်တန်းကျလျက်
အမြတ်ထုတ် သူ
လူထဲက လူ
အူ …အူ..အူ

အူသူလည်း အူ
ဖြူသူလည်း ဖြူ
သူ ့မူနှင့် သူ
မတူ ..မတူ..မတူ

ဪ ….လူလူလူ
ဖြူဖြူ  မဲမဲ
ကွဲကွဲ လုံးလုံး
တုံးတုံး ချွန်ချွန်
ဒုက္ခ နွံနစ်
ကိုယ်ဖြစ် ကိုယ်ခံ
ဒါ ပေတံပဲ
မှန်လေသည်စွ…မှန်ပေစွ ..။။။။

5 comments

  • ဇောက် ထိုး

    July 24, 2012 at 5:46 pm

    တကယ် မိုက်တယ်ကွာ… အဓိပါယ်ရော… အစပ်အဟတ်ရောကြိုက်တယ်……
    ဒါပေမယ့် သေချာကြည့်မိတာ တစ်ခုက ကံ..ကိုလူက မောင်းနှင်တာမဟုတ်ဘူးမှတ်တယ်…
    ကံကို ကိလေသာက မောင်းနှင်တာ….
    ထင်တာပြောတာနော်…. ကဗျာကို တကယ်ကြိုက်တယ်။

    • maung khinmin

      July 24, 2012 at 6:02 pm

      ကိလေသာ ကို
      ကိုယ်က ယူ
      ကံကို တံခွန်ထူ

      လူဟာ ပညတ်
      ဇောက်ထိုးငှက်
      သည်လိုနားလည် အပ်….ဂွပ်ဂွပ်ဂွပ်

  • သန်းထွဋ်ဦး

    July 24, 2012 at 6:42 pm

    ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးဟောင်းဦးသန် ့ကလောကတွင်
    လူကောင်းနှင့် လူဆိုးဟူ၍ လူနှစ်မျိုးသာရှိ၏ ဟုပြောဖူးလေ၏

  • မမ အညာသူ

    July 25, 2012 at 10:57 am

    ကဗျာလေးကတကယ်အမိုက်စားလေးပဲ
    အရမ်းကောင်းပါပေတယ်……..

  • snow white

    July 27, 2012 at 7:59 pm

    ကောင်းလိုက်တဲ့ကဗျာလေးပါလား အားပေးသွားတယ်နော် နောက်လည်းရေသားတင်ပြနိုင်ပါစေနော်။။

Leave a Reply