Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အသည်းရောဂါ အတွက် ဆေး ၁ ခွက်

ဦး ဂ်စ္July 24, 20121min136626

အသည်းရောဂါခံစားနေရသော လူသားများ အတွက် ကျန်းမာလာဘ်တစ်ပါး ဝမ်းမြောက်စေသည့် သခွတ်ပြုတ်ဆေးရည် ..…

ဘီပိုး စီပိုး အသည်းသမားများ သခွတ်ကိုသောက် ရောဂါပျောက်၏….( အသည်းရောဂါဖြစ်နေသော မိသားစုဝင်များအား စိတ်ချမ်းသာမှု ့ ဖြစ်စေပြီး လူ ့သက်တမ်းအပြည့်နေနိုင်သောကြောင့် Mg Mandalay မှ လေးနက်စွာ မျှဝေပါသည် ။ )

အခုဖော်ပြသော သခွတ်အစွမ်းကြောင့် စီပိုး အသည်းသမားသည် ပိုးကောင်ရေ သိန်းချိီရာမှ ဆယ်ဂဏန်းမျှသာကျန်ရှီတော့ပြီး ရောဂါမှာ သိသိသာသာ ပျောက်ကင်းသွားသလောက်ဖြစ်သွားသောကြောင့် အသည်းအထူးကု ဒေါက်တာ ခင်မောင်ဝင်း ဆရာကြီးကိုယ်တိုင်အံ့အားသင့်လို ့ သခွတ်သောက်သော လူနာကို မှတ်တမ်းအပြု ့ခံလိုက်ရသော မြန်မာတို ့၏ သခွတ်ပင် သာဖြစ်ပါသည် ။
ဆရာကြီးစီမှာ အသည်းအတွက် သောကများစွာ ငွေမြောက်များစွာ ကုန်ကျနေပြီးမှ ရရှိလာသော အစွမ်းထက်ဆေးနည်းလည်း ဖြစ်ပါသည် ထို စီပိုးလူနာ၏ ကိုယ်တွေ ့ဆေးဖြစ်သောကြောင့် လူနာကိုယ်တိုင်းမှ ဌင်းကဲ့သို ့ ပိုက်ဆံ ရာပေါင်းများစွာ ကုန်ကျခြင်းလည်း မရှိစေဘဲ တကယ်လည်း သောက် တကယ် စီပိုးပျောက်ခဲ့ရလို ့ သူကိုယ်တိုင်လည်း ဆေးကုသိုလ် ပြု ့နေပါသေးသည် ။

လုပ်ဆောင်သောက်သုံးရန်မှာ ….
သခွတ်ပင်၏ အပွင့် အရွက် အခေါက် တု ိ့ကို ယူပါ အပွင့်နှင့်အရွက်ကိုတော့ နေအနည်းရသော နေရာမှာ အခြောက်ခံလိုက်ပါ ( လက်ဖက်ခြောက်လို ့လည်း သောက်သုံးလို ့ရနိုင်စေရန် အတွက် ) အခေါက်ကိုတော့ ရေဆေးပြီး ကြာရှည်သိမ်းထားလို ့ရအောင် နေဖန် ့ဖန် ့ပြပြီး အခေါက်ကို သုံးစွဲ ရပါမည် ။

ဆေးရည်ကျိုနည်း ….
ပထမဦးစွာ ဆေးကျုိုရန်အတွက် မြေအိုးအသစ်တလုံးကို ရယူပါ
မြေအိုးထဲ့တွင် သခွတ်ပွင့် ၊ အရွက် နှင့် အခေါက်တို ့ကို ရေနဲ ့ သုံးခွက်တခွက်ကျော်ကျော်လောက် ပြုတ်ပြီး သောက်သုံးပေးပါ တနေ ့ကို သုံးကြိမ်( သို ့ ) နှစ်ကြိမ်လောက် လုပ်ဆောင်သောက်သုံးပေးပါ ။ အခေါက်တစ်မျိုးတည်းကိုလည်း ကြိုချက်သောက်သုံးနိုင်ပါသည် ။
အရွက်အခြောက်နှင့် အပွင့်အခြောက်ကိုတော့ အောက်ဖော်ပြပါ အတိုင်း သောက်သုံးလည်း ရပါသည် ။

အရွက်ခြောက်နဲ ့ အပွင့် ခြောက်အနည်းငယ်ကိုလည်း လက်ခြောက်ပုံစံပြုလုပ်ပြီးတော့လည်း ဆေးအဖြစ်သောက်သုံးနိုင်ပါသေးသည် ၊ လက်ဖက်ခြောက်ခပ်သည့် ပုံစံလို လက်ဖက်ခြောက်အစား သခွတ်အရွက်ခြောက်နှင့် အပွင့်ခြောက် အနည်းငယ်ထည့်ခပ် ရေနွေးကြမ်း သောက်သုံးသလို ့လည်း လုပ်သောက်ခြင်းဖြင့် အသည်းရောဂါအတွက် ကြိုတင်ကာကွယ်ခြင်း အကျိုးကျေးဇူးရရှိပါသည် ၊

သခွတ်ဆေးရည် သည် အသည်းနဲ ့ပတ်သက်သော အသည်းအဆီဖုံးခြင်းနှင့် ဘီပိုး စီပိုး အသည်းရောဂါ ဖြစ်နေသူများ အတွက် အကောင်းဆုံး ဆေးစွမ်းထက်မြတ်ပေးစွမ်းနိုင်သော သခွတ်ပင်၏ ကျေးဇူးများသာ ဖြစ်ပါတော့သည် ။

ရောဂါဟူသမျှ သက်သာပျောက်ကင်းကြပါစေ…။
—————————————–

စာကြည့်တိုက်(ရွှေအိမ်စည်စာပေဒါနပြုပါသည်) မှ ကူးယူဖေါ်ပြပေးခြင်းဖြစ်ပါကြောင်း….။

အဟိ … ဒီတခါတော့ဖြင့်… အနော်တို့ သူဂျီး ဝင်မရွှီး နိုင်တော့ ဟု ထင်မြင် ယူဆ လျှက်… :mrgreen:

26 comments

  • ဖွတ်ငပျင်း

    July 24, 2012 at 8:06 pm

    ဇွတ်အတင်းတော့ မလုပ်ချလိုက်ပါနဲ့ တကယ်ပျောက်မယ်ဆိုရင် ကုသိုလ်ရမှာနော့
    သခွပ်ပင်ကို နောက်ဘယ်လိုတမျိုးခေါ်လဲ မသိဘူးနော်
    အသည်းရောဂါ အတွက် လူတွေ ငွေ သိန်းချီပြီး အကုန်အကျခံနေကြရတာ
    ဒီနည်းလေး သိရတော့ မင်္ဂလာတပါးပါပဲ

  • Gipsy

    July 24, 2012 at 8:21 pm

    ဒီပို့စ်လေးကို မန်းတလေးဂေဇက်မှာ တင်ဖူးပြီး ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်…
    သို့ပေမဲ့ မသိသေးသော ရွာသူားအသစ်များ သိရှိစေရန် ရေးကူးတင်ပြလိုက်ရခြင်း
    ဖြစ်ပါတယ် …
    တကယ်တမ်းပြောရရင်တော့ ကျွန်တော်လဲ ယ္ခုမှ သိရခြင်းပါ….။ :mrgreen:

  • ဇောက် ထိုး

    July 24, 2012 at 9:37 pm

    ကျွန်တော်တော့ ခုမှသိရတာ… ကျွန်တော်ဆရာသမားတစ်ဦး အဲဒီရောဂါဖြစ်နေတယ်ကြားတယ်။ ကျေးဇူး။

  • ဖိုးထောင်

    July 24, 2012 at 9:43 pm

    သခွတ်ပွင့်တော့ စားဖြစ်တယ်ဗျ ငပိရည်လေးနဲ့တို့တို့ပြီး

  • may flowers

    July 24, 2012 at 9:49 pm

    ခုလို ဆေးနည်းလေး မျှဝေတဲ့ အတွက်ကျေးဇူးပါ မသိသေးတဲ့လူတွေကိုလည်း ပြန်ပြောပြပြီး

    ထပ်ဆင့်ကုသိုလ်ယူလိုက်ပါ့မယ်။

  • မောင်ပေ

    July 24, 2012 at 10:06 pm

    ကျုပ် မန်းတလေးဂေဇက် ကို စဝင်ဝင်ချင်းတုန်းက
    ဒီအကြောင်းကို ပို ့စ်တစ်ခု တင်ခဲ့ဖူးတယ်ဗျ
    အဲဒီတုန်းကတော့ ဒေါက်တာခင်မောင်ဝင်း လဲ မညွှန်သေးတဲ့ အချိန်ပေါ့
    သခွတ်ညွန် ့က တော်တော်လေး ကို စွမ်းတာပါ
    ဆရာဝန်ကြီးတွေ ဒျူးဒိတ် ပေးလိုက်တဲ့ အသဲဝေဒနာရှင်တွေ
    သခွတ်ညွန် ့ကြောင့်မို ့ အားလုံးပျောက်ကင်းသက်သာကုန်ပြီး ၊ အရက်ကြောင့်ဖြစ်တဲ့ ဝေဒနာရှင်ဆိုရင် အရက်ပြန်သောက်နိုင်တဲ့အထိ ကို စွမ်းဆောင်နိုင်ပါတယ် ။
    ဒီလင့်ခ်လေးကတော့
    ကိုယ့်စာကိုယ် ပြန်ကြေငြာဝင်ချင်းပေါ့ဗျာ
    http://myanmargazette.net/49342/health-fitness

  • kai

    July 24, 2012 at 11:07 pm

    တကယ်သာဆို…
    .. မြန်မာလူဦးရေရဲ့ .. ၁ဝရာခိုင်နှုန်းလောက်ဖြစ်နေတဲ့ရောဂါမို့.. အစိုးရက သေသေချာချာ သုတေသနပြုသင့်တာပေါ့..။

    သူဌေးဖြစ်ချင်သူတွေ..
    ကုသိုလ်လည်းရ.. အလုပ်လည်းမရှုပ်တာမို့.. သုတေသနလုပ်သင့်တာပေါ့..

    ရန်ကုန်ဆေးရုံကြီးသွား.. အသည်းရောဂါသမား ၁ဝယောက်ကို.. ဆေးလှူ.. ၂လစောင့်ကြည့်..နေ့တိုင်း ရလဒ်ရေး.. ဓါတ်ပုံရိုက်.. အဲဒီလိုလုပ်သင့်တယ်..

    လူ ၁ဝယောက်အထောက်အထားရပြီ… သေချာပြီဆို.. ကျုပ်ဆီ ဓါတ်ပုံအထောက်အထား.. စာတန်းနဲ့တကွ ပို့ပေး..
    ယူအက်စ်မှာ ဓါတ်ခွဲခန်းပို့ပေးလိုက်မယ်..
    တကယ်သာဆို.. ဒေါ်လာ ၁သိန်း အသာလေးရမှာပေါ့..

    • Gipsy

      July 24, 2012 at 11:13 pm

      တိန်…
      ဘယ်တုန်းကချောင်းနေသလဲ မသိ…
      ပြေးရပြန်ပြီ….
      တာ့တာ….. အား…..ဘိုင်း…. :mrgreen:

    • Foreign Resident

      July 25, 2012 at 7:40 am

      ” မြန်မာလူဦးရေရဲ့ .. ၁ဝရာခိုင်နှုန်းလောက်ဖြစ်နေတဲ့ရောဂါမို့..
      အစိုးရက သေသေချာချာ သုတေသနပြုသင့်တာပေါ့.. ”

      အစိုးရလဲ ဘယ်နေပါ့မလဲကွယ် သေသေချာချာ သုတေသနပြုတာပေါ့ ။

      အဘ အမေ ရဲ့သူငယ်ချင်းက ဆေးသုသေသန မှာလုပ်နေတဲ့ ဆရာဝန်ကြီးပဲ ။
      အဘ ရဲ့ ညီအရင်း အသည်းရောဂါ ဘီပိုး ရှိတယ်လဲ ဆိုရော ၊
      အဘ အမေ လဲ ဆေးသုသေသန က သူ့ သူငယ်ချင်း ကိုမေးတာပေါ့ ၊
      သူ့ သူငယ်ချင်း က ပြန်ပြောတယ် ၊
      သူတို့လဲ နာမည်ထွက်လာသမျှ အရွက်တွေ တိုင်းရင်းဆေးတွေ ၊
      ရှိရှိသမျှ အကုန်လုံးနှင့် စမ်းသပ်နေတာပဲတဲ့ ၊
      တစ်ခုမှ ရေရေ ရာရာ ပျောက်တာ မရှိပါဘူးတဲ့ ။

      အဘ ရဲ့ ညီ လည်း အခု စင်္ကာပူမှာနေပြီး ၊
      ကောင်းကောင်း မွန်မွန် နေရ စားရ ပြီး ၊
      သူ့ဘာသာသူ Body Resistance တက်လာလို့ထင်တယ် ၊
      အခုတော့ ၊ အသည်းရောဂါ ဘီ သူ့အလိုလိုပျောက်သွားပြီး ။
      အင်္ဂလိပ်ဆေးလည်း မသောက်ဘူး ။ မြန်မာဆေးလည်း မသောက်ဘူး ။

      • kai

        July 25, 2012 at 3:20 pm

        ကျုပ်မိခင်ကတော့.. ဘီပိုးကြောင့် အခုတပါတ်တင် ဆေးရုံကလက်လျှော့လိုက်ရပြီ..
        ကင်ဆာအထိဖြစ်သွားတယ်လေ..။

        ဒီကိစ္စတွေကို.. သေသေချာချာ သုတေသနပြု.. လုပ်ဖို့စိတ်ကူးထားလိုက်မိပါရဲ့..။

        • Foreign Resident

          July 25, 2012 at 3:23 pm

          သူကြီးရယ် ။
          မိခင်အတွက် အထူးစိတ်မကောင်းဖြစ်ရပါတယ်ဗျာ ။

        • Gipsy

          July 25, 2012 at 8:07 pm

          ကြားရတာ စိတ်မကောင်းဖြစ်ရပါတယ် .. အမိ အဘ တွေရဲ့ ကျန်းမာရေး
          အသံကြားရတာနဲ့တင် ရင်ထဲမှာ ဒိန်းကနဲ တကယ် ဖြစ်မိပါတယ်…
          ကျနော့် သွေးသားထဲက တယောက်တော့ ဘီပိုး ပျောက်လုနီးပါးဖြစ်နေပါပြီ…
          ကြိုသိခဲ့ရရင် ဓါတ်စာလမ်းညွှန် လုပ်ပေးမိမှာပါ… ။

        • pooch

          July 25, 2012 at 9:48 pm

          သူကြီးရေ ခုလိုကြားရတာ စိတ်မကောင်းပါဘူး။ ကိုယ်က ပြုစုခွင့်ရတာမို့ သေချာလေးသာ ဂရုစိုက်ပေးပါ။

          အမေလည်း ဒီရက်ပိုင်းတော်တော်လေးကို ရောဂါသဲပြီး ကုထားရတာမို့ ကိုယ်ချင်းစာပါတယ်။

  • Gipsy

    July 24, 2012 at 11:11 pm

    ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတယ်ဆိုရင်ပဲ အချိန်ကုန်ခံရကျိုးနပ်ပါပြီ….
    ကွန်နက်ရှင် မကောင်းတော့ ဒီပို့စ်လေးတစ်ခုအတွက် ၄၅ မိနစ်လောက် အချိန်ပေး
    ရလို့ပါ …
    ကွန်မန့်တွေ အတွက် အားလုံးကို ကျေးဇူးတင်ပါတယ် …။

  • kai

    July 24, 2012 at 11:57 pm

    ယုံကြည်တယ်ဆိုရင်.. ကိုယ်တိုင်အားစိုက်လုပ်ကြစေချင်တယ်..။
    ဒါမျိုးက.. ဘိုးတော်လို..ဂမ္ဘီရနဲ့..ဘာမှန်းမသိရပ်သွားမယ့်ကိစ္စလည်း..မဟုတ်..

    ဘာမှအကုန်အကျရှိတာလည်းမဟုတ်…။
    ရမယ့်ကုသိုလ်နဲ့..ငွေက.. မှန်းလို့တောင်ရတာမဟုတ်.. ဆိုတော့.. သမားတော် ဒေါက်တာခင်မောင်ဝင်းဆီကိုယ်တိုင်သွားမေးပါလား..
    သူ့ဝက်ဘ်ဆိုက်မှာမေးလည်းရတာပဲ..
    http://www.khinmaungwin-liver.com/

    ဆရာရေ.. ဆရာ့နာမယ်ကြီးသုံးထားတယ်ဆိုပြီးပြောရင်.. သူသေချာရှင်းပြမှာပါ..
    ဟုတ်တယ်ဆို.. ဆက်လုပ်ယုံပါပဲ..

  • jacky tun

    July 25, 2012 at 1:35 pm

    အခုလိုသိခွင့်ရလိုက်တဲ့အတွက်ကျေးဇူးပါ အသည်းသမားတွေကိုလဲဆေးနည်းလေးပြောပြလို့ရတာပေါ့နော်

  • etone

    July 25, 2012 at 1:55 pm

    သခွတ်ပင်ဆိုတာ …. အဲ့ဒီအပင်လားဟင် ….အနီးကပ်လေးမြင်ခွင့်ရလျှင် သိပ်ကောင်းမှာပါပဲ … ။
    ငွေကုန်ကြေးကျလည်းသက်သာ ၊ တကယ်လည်း အကျိုးထူးတဲ့ အပင်မျိုး … များများကို စိုက်သင့်တယ် … ။

  • Thu Wai

    July 25, 2012 at 3:03 pm

    အချိန်တွေသာ နောက် ၂နှစ်လောက် ပြန်ဆုတ်လို့ရရင် အဖေ့ကို တိုက်ချင်ပါသေးတယ်
    အရက်မသောက် ဆေးလိပ်မသောက်တဲ့ အဖေ အသည်းနဲ့ ဆုံးသွားလို့
    ကျွန်တော်ကတော့ တန်အောင် နေ့တိုင်းနီးပါးသောက်နေပါပြီ။
    ဆေးနည်းလဲသိရပြီမို့ မနက် သခွတ် ညနေ ဂလွတ်ဂလွတ်နဲ့ ဆော်ပြီဗျို့

  • Phaung Phaung

    July 25, 2012 at 4:47 pm

    သခွတ်ပင်ကိုသိပါတယ်….အပင်ကြီးပါ… သခွတ်ပွင့်ချိန်ရောက်ရင် သခွင့်ပွင့်တွေကြွေကျတာ အပင်ပတ်လည် မှာဖွေးနေတာပါပဲ.. အဲဒီအပွင့်လေးတွေရဲ့ အလယ်ကဝတ်ဆံအတံကို ထုတ်ပစ်ပြီးနေခြောက်လှန်းရပါတယ်။
    သခွတ်ပွင့်ခြောက်လေးတွေကို ကြော်စားလို့ရပါတယ်…. မကြော်ခင် ခေတ္တရေစိမ်ထားရပါသေးတယ်..
    အရမ်းစားလို့ကောင်းတယ်…စိမ့်နေတာပဲ။
    ငယ်ငယ်က မေမေတို့ရွာသွားလည်ရင် သခွတ်ပွင့်တွေလိုက်ကောက်ရတာလည်း ပျော်ဖို့ကောင်းပါတယ်။
    ရန်ကုန်မှာလည်း တခါတလေ ခေါင်းရွက်သည်လေးတွေမှာ သခွတ်ပွင့်ခြောက်လေးတွေကို အစည်းလေးတွေနဲ့ ရောင်းတာ ရံဖန်ရံခါတွေ့ရတတ်ပါတယ်။ သခွတ်ပင်ရဲ့ အဖိုးတန်ပုံကိုသိရတော့ရောဂါသည်တွေအတွက်ဝမ်းသာစရာပဲပေါ့။

  • snow white

    July 27, 2012 at 2:02 pm

    တကယ်ကိုသတင်းကောင်းပါ လား ကျေးဇူးတင်တယ် နော် လက်တွေ့ပျောက်နေကျတယ် ဆို တိုမြန်မာ နိုင်ငံတင်မကဘူး နိုင်ငံတကာမှာရှိတဲ့အသည်းရောဂါ သည်တွေ ပျောက်ကင်းကျပါစေ ။။ အချိန်ကုန်သက်သာ ငွေကြေးသက်သာစွာနဲ့ပျောက်ကင်းကျပါစေ

  • ခပ်မိုက်မိုက် ကောင်မလေး

    July 27, 2012 at 2:23 pm

    အဲ့ဒီ သခွတ်ပင်က ဘယ်နားမှာလဲဟင်….
    ဘယ်လိုရနိုင်မလဲ သိချင်ပါတယ်….
    စိုက်လို ့ရော ရနိုင်မလား…..
    အခုလို ဖော်ပြလမ်းညွှန်ပေးတဲ့အတွက်….
    ကျေးဇူးတင်ပါတယ်ဗျာ…..
    ဒါပေမယ့် ရောဂါပျောက်ကင်းဖို့အတွက်…
    သခွတ်ပင် ဒါမှမဟုတ် သူ့ရဲ့အညွန့် အရွက် အခေါက် အပွင့်တို့ကို….
    မိုက်လေး တို့က ဘယ်လိုရနိုင်ပါသလဲ….?

    • Davit

      July 27, 2012 at 5:01 pm

      သခွတ်ပင် ဘယ်နားလည်းဆိုတော့ကား…………… “ပန်းမြိုင်လယ်က ဥယျာဉ်မှူး” ဇာတ်ကားရဲ့ အဖွင့်လေးမှာလေ…ဦးကျော်နဲ့ မသိဂီင်္ထွန်းတို့ သခွတ်ပင်အောက်မှာ သခွတ်ပွင့်တွေကောက်နေတဲ့ပုံလေး မှက်မိလား…. အဲ့ရွာကိုသွား…အဲ့မှာရှိသဗျ ……………. ဟီးးးးးးးးးးးးးးးးးးးးးး

      စတာနော်…..
      ခင်တဲ့
      ဗစ် ဗစ် ( ဗစ်…စပေ့…ဗစ် ) :mrgreen:

  • shwe kyi

    July 27, 2012 at 4:01 pm

    မိုက်လေးရေ အစ်မတို့ပြည်ဘက်မှာတော့တောနယ်ဘက်တွေမှာသခွတ်ပင်တွေရှိတယ်။
    တောမှာဆိုဝယ်စားစရာမလိုဘူးအပင်အောက်မှာအပွင့်သွားကောက်ရုံပဲ။
    နောက်တခါနယ်ပြန်ရင်အပင်လိုက်တူးပြီးသယ်လာရင်ကောင်းမယ်ထင်တယ် 😀

  • kuroko

    July 27, 2012 at 10:20 pm

    ကျေးဇူးပါဗျာ…အရမ်းကိုအကျိုးရှိပါတယ် ကိုဂျစ်ပစီရယ်..ပြန်ရှယ်ပေးလိုက်မယ်နော် သူငယ်ချင်းတွေကို…

Leave a Reply