Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဒီလိုဆိုရင်ကော ……ဆိုတဲ.အတွေး ၁ ဖတ် ကြည်.ပြီး ဆွေ နွေး ပေး ကြ ပါ

Knowledge SeekerJuly 25, 20121min56115

ဆင်းရဲမွဲတေမှုတိုက်ဖျက် ဘို.နည်းလမ်း ရှာကြ ရာ ဝယ်

ခရုကို ခါးတောင်းကြိုက်နေ မဲ.အစား

ပထမဆင်. အ နေ နဲ.

၁၊ နိုင်င်္ငတစ်ဝှမ်း လုံးဝ အလောင်း ကစား ပပျောက် အောင် Rule of law ရှိအောင် လုပ် နိုင် မယ် ဆို ရင် – ၂ လုံး၊ ၃လုံး၊ ချဲ၊ ဖဲ၊ ခြောက်ကောင်၊ဂျင် ….

၂၊ အရက် ကို ဝင်ငွေ ၁ သိန်း အ နိမ်.ဆုံး ရ သူ များ သာ သောက် သုံး နိုင် အောင်၊ အ ရက် အ ခွန် များ တိုး ကောက် ခံ ခြင်း၊ အရက် ပုံး ဆိုင် နှင်. တရားမဝင် အရက် ချက် လုပ် ခြင်း များ ကို ရှာဖွေ ဖမ်းဆီး သိမ်း ဆီး ခြင်း၊ ကျန်း မာရေး နှင်. ညီသော အရက် များ ကို သာ ချက် လုပ် သောက် သုံး စေအောင် အ မြဲ စစ် ဆေး ခြင်း၊ အ သက် ၁၈ နှစ် အောက် အသက် မပြည်. သူ များ ကို အ ရက် မရောင် ရ အောင် Rule of law ရှိအောင် လုပ် နိုင် မယ် ဆို ရင်….. ( ယ္ခု အ ခါ အ ရက် သည် ရေ ထက် ပေါ နေ သော အ ခါ….)

၃၊ အလား တူ ပင် ဆေးလိပ်သောက်သုံး ရောင်းချ မှု ကို လည်း အ ရက် ကဲ. သို. ထိမ်း သိမ်း ပြီး Rule of law ရှိအောင် လုပ် နိုင် မယ် ဆို ရင်…..

၄၊ အလား တူ ပင် ကွမ်း သုံးစွဲ ရောင်းချ မှု ကို လည်း လုံး ဝ ပ ပြောက် အောင်၊ Rule of law ရှိအောင် လုပ် နိုင် မယ် ဆို ရင်…..

၅၊ ကျန်း မာ ရေး စောင်. ရှောက် မှု ကို ကောင်း စွာ မ ဆောင် ရွက် နိုင် သေး သည်. တို င် စား သုံး ရန် မသင်. သော စား အုန်း ဆီ ကို တင် သွင် ခွင်. ပြု မည်. အ စား ဆီထွက် သီးနှံ ကို လုံ လောက် အောင် စိုက် ပျိုး နိုင် အောင် စီမံ ခြင်း လုပ် နိုင် မယ် ဆို ရင်…..

တစ်ချိန် ထဲ မှာပင် ကျန်းမာရေး၊လူမူရေး၊စီးပွား ရေး အဖက်ဖက်မှ တိုး တက် လာ မည် မှာ မ လွဲ နိုငိ ပါ

အဘယ် ကြောင်. ဆို သော်

၁၊ နိုင်င်္ငတစ်ဝှမ်း လုံးဝ အလောင်း ကစား ပပျောက် အောင် Rule of law ရှိအောင် လုပ် နိုင် မယ် ဆို ပါ က – လူအချင်း ချင်း လှည်.ပါတ် ရ ယူ သော လုပ် ငန်း များ ပ ပျောက် ခြင်း၊ ပျင်း ရိ သော စိတ် များ ပ ပျောက် ခြင်း၊ တိုင်း ပြည် အတွက် ထွက်ကုန် များ တိုး တက် လာ ခြင်း များ ဖြစ် ပေါ်လာပေ မည်

၂၊ အရက် ကို ဝင်ငွေ ၁ သိန်း အ နိမ်.ဆုံး ရ သူ များ သာ သောက် သုံး နိုင် အောင်၊ အ သက် ၁၈ နှစ် အောက် အသက် မပြည်. သူ များ ကို အ ရက် မရောင် ရ အောင် Rule of law ရှိအောင် လုပ် နိုင် မယ် ဆို ပါ က စိတ် ဓါတ် ကျ ပြီး အ ရက် စွဲပြီး အလုပ်ပျက် အကိုင်ပျကိ မိသားစု ကို မထောက်ပံ.နိုင်၊မိသားစုကို နှိပ်စက် စ သော အမှု များ လျေား ကျ လာ ပြီး၊ ကျန်မာ ရေး ပြသနာ များ လျော. နည်း ကာ တစ်မျီုး သား လုံး ကျန်း မာ ရေး တိုးတက် လာ ပေ မည်

၃၊ အလား တူ ပင် ဆေးလိပ်သောက်သုံး ရောင်းချ မှု ကို လည်း အ ရက် ကဲ. သို. ထိမ်း သိမ်း ပြီး Rule of law ရှိအောင် လုပ် နိုင် မယ် ဆို ပါ က ကျန်မာ ရေး ပြသနာ များ လျော. နည်း ကာ တစ်မျီုး သား လုံး ကျန်း မာ ရေး တိုးတက် လာ ပေ မည်

၄၊ အလား တူ ပင် ကွမ်း သုံးစွဲ ရောင်းချ မှု ကို လည်း လုံး ဝ ပ ပြောက် အောင်၊ Rule of law ရှိအောင် လုပ် နိုင် မယ် ဆို ပါ က ကျန်မာ ရေး ပြသနာ များ လျော. နည်း ကာ တစ်မျီုး သား လုံး ကျန်း မာ ရေး တိုးတက် လာ ပေ မည်

သို. မျှသာ မက ထွက် ငွေ လျော. ပြီး အလုပ် အ ကိုင် အ ခွင်. အလမ်း များ လည်း တိုး လာ၊ မိသားစု ပျော် ရွှငိ နွေးထွေး စွာ နေ နိုင် မည် ဖြစ် သည်။

ထို မှ တစ် ဆင်. တက် ၍ အ လုပ် အကိုင် အ ခွင်. အလမ်း များ ဖန် တီး ရေ ကို ဒုတိယ ပိုင်း အနေ ဖြင်. ဆာင် ရွက် နိုင် ပေ သည်။

15 comments

  • thihayarzar

    July 25, 2012 at 10:37 pm

    ဟိုးအရင်ကတည်းက ကြပ်ကြပ်မတ်မတ် လုပ်ဆောင်ရမယ့် လုပ်ငန်းများပါပဲ …….. အရင်ကဆို မကောင်းတာ အကုန်လုပ် လိုင်းကြေးပေးရင်ရတယ်… သူတို့ကိုယ်တိုင်ကလည်း လုပ်တယ် …. ဖမ်းမယ်လုပ်ရင်လည်း သူတို့က သတိပေးပီးသား သွားရှာတွေ့ ဘာမှ မတွေ့ဘူးလေ …. အဲဒီလို အကျင့်ပျက်မှုများကိုလည်း အရင်တိုက်ဖျက်ရမည် …. ဝန်ထမ်းများကိုလည်း သင့်တော်တဲ့ လစာ ပေးသင့်ပါသည် အကျင့်ပျက်သူများကိုလည်း ထိရောက်စွာ အရေးယူသင့်ပါတယ် …. လူငယ်များ အရက်များကို ပျော်တိုင်းစိတ်ညစ်တိုင်း အားတိုင်းသောက်နေကြပါသည် … မိဘတွေကလည်း သွန်သင်ဆုံးမမှု ကျောင်းများမှလည်း အရေးယူမှုများ အားနည်းနေပါသည်…. နေရာတိုင်းမှာ အရက်ဆိုင်များပေါများစွာ ရှိနေခြင်းက တိုင်းပြည်ကို ဖျက်စီးနေခြင်းသာဖြစ်ပါသည် .. ဆေးလိပ် နှင့် ကွမ်း ကို စမက်ကျသည်ဟု ထင်ကာ သောက် စားနေခြင်းက မှားယွင်းနေသော အတွေးများဖြစ်သည်…. ကွမ်းစားသောသူများသည် ၈ဝ % က ညစ်ညစ်ပက်ပက် စည်းကမ်းမရှိဘဲ ထွေးကြသောကြောင့် ဘယ်နေရာရာ ပဲ ကြည့်ကြည့် ကွမ်းထွေးရာများကို တွေ့ရသည်။ အဖွဲ့အစည်းများနဲ့ စည်းကမ်းမရှိသူများကို ဒဏ်ငွေ ရိုက်မယ်ဆိုရင်တော့ ကောင်းမည်….. ကားပေါ်ကနေ အမှိုက်ပစ်တာ ကွမ်းထွေးတာများကို စောင့်ကြည့်စေချင်ပါတယ်. .. ပြီးတော့ ဒဏ်ငွေ ဆောင်ခိုင်း ….. ပြည်သူများဟာ သူနိုင်ငံများတန်းတူ အခွင့်အရေးများကိုသာ ရချင်ကြသည် .. မိမိ တို့ရဲ့ မကောင်းတဲ့ အကျင့်တွေ စည်းကမ်းတွေကျ မပြင်ကျဘူး ………….

  • pazflor

    July 25, 2012 at 11:10 pm

    လုပ်လို့ ရမယ်မထင်ဘူး ခင်ဗျ…

    • ချစ်ရင်ထူး II

      July 26, 2012 at 1:40 pm

      အရက်နဲ့ ပတ်သက်လို့ ပြောချင်ပါတယ်.. အရက်ရောင်းတဲ့သူ ကိုပါ ..
      အရက်ရောင်းတယ် ဆိုတာ ဥပဒေ ရှိနေလို့သာ ဥပဒေ နဲ့ မညီ တာပါ .. သူက ရာဇဝတ်မှု မဟုတ်ပါဘူး ..
      နောက်တစ်ခုက အရက်လေး ရောင်းစားတာ ကို မရောင်းခိုင်းရင် သူက ခိုး၊ ဆိုး ၊တိုက် ၊ ဖြစ်ကုန်ရင် ဘယ်လို လုပ်ကြမလဲ ??? ဒါ က ဆက်ပြီးစဉ်းစား ဖို့ပါ .. မဖြစ်နိုင်ဘူးလို့ ပြောလို့မရဘူးနော် ..

  • Foreign Resident

    July 26, 2012 at 3:26 am

    လောင်း ကစား ၊ အရက် ၊ ဆေးလိပ် ၊ ကွမ်း ။

    အဲဒီ ၄ မျိုးစလုံးသာ မရှိတော့ရင် ၊
    လောက ကြီးက သိပ်ပျင်းစရာ ကောင်းသွားမှာပေါ့ ။
    အဲလို နေရာမျိုးမှာ နေချင်တဲ့သူ သိပ်ရှိမယ် မထင်ဘူး ။
    လောကကြီးမှာ နေရတာ အဓိပ္ပါယ် မဲ့သွားမယ်ထင်တယ် ။

    အလွန်အကျွံ မဖြစ်အောင်သာ စည်းကမ်းမှန်မှန် လေးနှင့်
    အခွန်များများလေးနှင့် ထိမ်းပေးရင်ရပါပြီ ။
    လောင်း ကစား ကိုလည်း တရားဝင် ခွင့်ပြုသင့်နေပါပြီ ။

    အဘ က အထက်ပါ ၄ မျိုးစလုံးကို ငယ်စဉ်က စမ်းဖူးပေမယ့် ၊
    သိပ်မကြိုက်တာနှင့် တစ်ခုမှ မလုပ်ဖြစ် / မစွဲခဲ့ပါဘူး ။
    အဲဒီတော့ ဆက်လုပ်စရာက မိန်းမ ကိစ္စ တစ်ခုပဲ ကျန်တော့တယ်လေ ။
    အဲဒါကိုကျပြန်တော့လည်း အဘ ရဲ့ Home Minister က ၊
    တင်းတင်းကျပ်ကျပ် တားမြစ်ထားတယ် ။

    အဲဒါနှင့် အဘ လည်း လူဖြစ်ရတာ ပျင်းလာတာနှင့် ၊
    အထက်ပါ ၄ မျိုးထဲက တစ်မျိုးမျိုး လုပ်ကြည့်မလားလို့ စဉ်းစားနေတယ် ။
    လောင်း ကစား ကို ရွေးရင် ကောင်းမလား ။
    အရက် ကို ရွေးရင် ကောင်းမလား ။

    ကူ စဉ်းစားပေးကြပါအုန်း ၊ ရွာသူား တို့ရေ ။

    • kai

      July 26, 2012 at 4:17 am

      လောင်းကစား က.. အခုလည်း..တရားဝင်ပါပဲ..
      နောင်လာမယ့်ဘဝကို.. လောင်းကြေးထပ်ကစားနေကြတာလေ…
      များမှများ.. တရားလည်းဝင်… :mrgreen:

      ဆိုတော့..
      တခုလောက်ထပ်ဖြည့်ချင်တာ..
      ပြည့်တန်ဆာတွေလည်း.. သယံဇာတမထွက်.. အလုပ်အကိုင်ရှား.. ဆင်းရဲတဲ့ပြည်နယ်တွေမှာ.. ဒေသအလိုက်.. လိုင်စင်ထုတ်ပေးပြီး.. တရားဝင်လုပ်သင့်ပါကြောင်း..

      • myanmarcitizen

        July 26, 2012 at 2:10 pm

        “ပြည့်တန်ဆာတွေကို လိုင်စင်နဲ့ တရားဝင်လုပ်ပါကြောင်း …”
        သဂျီးအဆိုကို လုံးဝလက်ခံပါတယ်။ တရားဝင်နေရာလေးပါသတ်မှတ်ပေးရင် ပိုကောင်းမှာပါ။ ခုတော့ ပြည့်တန်ဆာတွေက ခိုးကြောင်ခိုးဝှက်နဲ့ ဟိုချောင်ကပ် ဒီချောင်ကပ်။ ကားမှတ်တိုင်ရပ် လုပ်စားနေရတယ်။ နောက်ဆုံး ကုန်ကုန်ပြောရရင် ဘုရားပေါ်အထိတောင်တက်ပြီး customer ရှာကြတယ်။ အဲ့တော့ စည်းနဲ့ကမ်းနဲ့ဖြစ်သွားအောင် စနစ်တကျစီမံပေးသင့်ပါတယ်။

  • ဇောက် ထိုး

    July 26, 2012 at 7:28 am

    အင်း…. ဘာပြောရမှန်းမသိပေမယ့်…. တင်ပြထားတာတွေကို အတော်ကြိုက်မိတယ်။
    အဲဒီလိုပြောလိုက်ပေမယ့် သိပ်ထူးခြားလာတယ်လို့ မခံစားရဘူး….

  • မောင်ပေ

    July 26, 2012 at 10:51 am

    အဲဒါတွေကို သောက်စားနေတဲ့သူ တစ်ယောက်ပါ
    နောလေ့စီကာရဲ့ အိုင်ဒီယာ ကောင်းပေမယ့်
    အဲဒီအတိုင်းဖြစ်လာဖို့ တော်တော့်ကို မလွယ်ပါဘူး
    နောက်ထပ်တစ်ခြားနည်းလမ်းတွေကို ထပ်စဉ်းစားကြရအောင်ဗျား
    ဥပမာ
    တစ်ခါမှ အရက်ဘီယာ မနားခဲ့ဖူးတဲ့ ကျုပ်
    အခု ဝါတွင်းကာလ ကို နားမလို့
    နီးစပ်ရာ သောက်စားဘက်တွေကိုလဲ အဖော်ခေါ်ကြည့်တာပေါ့

  • P chogyi

    July 26, 2012 at 11:53 am

    အချက်တော်တော်များများက မရနိုင်ဘူးထင်တယ်
    ဥပမာ- အရက်၊ ကွမ်း၊ ဆေးလိပ် ကို ထမင်းစားရေသောက်လုပ်နေတဲ့
    ရာခိုင်နှုန်းကတော်တော်များတယ်။
    တစ်ချို့ဆို ထမင်းတောင်မစားဘဲ အဲဒါတွေပဲလုပ်နေတာ။

  • သစ် တည်

    July 26, 2012 at 1:58 pm

    အဲ့သလိုတကယ်လုပ်နိုင်ရင်တော့ အကောင်းဆုံးပေါ့
    ဒါပေမဲ့မဖြစ်နိုင်ဘူး
    အလုပ်အကိုင် အခွင့်လမ်းတွေနဲ့ ပညာတက်တွေများမှပဲ ဖြစ်မယ်ထင်တာပဲ။

  • ပန်းစံပါယ်

    July 26, 2012 at 2:40 pm

    အားလုံးသိကြတဲ့အတိုင်း အရေးယူဖို့ ဥပဒေတွေပြဌါန်းထားတာကလည်း ဟိုးအရင်ကတည်းကပါ။ ဒါပေမယ့် အပေးအယူလေးတွေနဲ့ပဲ မကောင်းမှုကျူးလွန်သူတွေ စာရင်းမပေါ်ဘူးလေ။ အဲဒီတော့ လူတွေကလည်း ဘယ်အရာမှာမဆို ငွေ၊ပစ္စည်း ပေးနိုင်ရင်အေးဆေးပဲဆိုတဲ့အသိတွေနဲ့ပဲ ကျူးလွန် ကျင်လည်နေခဲ့ကြတာ အခုထိပဲလေ။ ဒါကြောင့် အရင်ဆုံး လုပ်ဆောင်ရမှာက အကျင့်ပျက်ချစားမှုကိုပပျောက်အောင်လုပ်ဆောင်ရမှာပါ။ အကျင့်ပျက်ချစားမှုပပျောက်ဖို့အတွက် အရေးကြီးဆုံးက လုံလောက်တဲ့လစာဖြစ်ဖို့ နဲ့ အကျင့်ပျက်နေတဲ့ စိတ်တွေကိုပြုပြင်ပြောင်းလဲအောင် စီမံနိုင်မှ အရာအားလုံးလုပ်ဆောင်ရာမှာ ထိရောက်အောင်မြင်မှာပါ။ လုံလောက်တဲ့လစာနဲ့မှ အဆင့်အတန်းရှိရှိရပ်တည်နိုင်မှ အပေးအယူကိစ္စကို ရှောင်နိုင်မှာပါ။ အဲဒီလိုမလုပ်နိုင်သမျှ ဘယ်လိုဥပဒေတွေပဲပြဌါန်းနေပါစေ ကျူးလွန်သူတိုင်းကို အမှန်တစ်ကယ် ထိရောက်တဲ့အရေးယူမှု မပြုနိုင်ပဲ အပေးအယူတွေနဲ့ပဲ ဆက်သွားနေမှာပါ။ တခြားအရာတွေမှာလည်း ထိရောက်စွာဆောင်ရွက်နိုင်မည်မဟုတ်ဘူးလို့ထင်မြင်ယူဆမိပါတယ်။ နောက်ပြီး အများပြည်သူအတွက် အလုပ်အကိုင်အခွင့်အလန်းတွေများအောင်၊ အသိပညာ ဗဟုသုတများအောင် ထိရောက်တဲ့ပညာပေးတွေ လိုအပ်တဲ့ ပံ့ပိုးမှုတွေ လုပ်ဆောင်ဖို့လိုပါတယ်လို့ ထင်မြင်ယူဆမိပါတယ်။

  • Knowledge Seeker

    July 26, 2012 at 4:29 pm

    လုံး ဝ မ ဖြစ် နိုင် တာ က တော. ဟုတ် ပါ တယ် လုံး ဝ မ ဖြစ် ဖို. လည် မ ရည် ရွယ် စေ ချင် ပါ ဘူး

    သင်. တော် တဲ အ တိုင်း အတာ ကို လွတ် တော် မှာ ကြေ လည် အောင် အ ချိန် ယူ ဆွေး နွေး Media အသံ ကို နား ထောင်၊ ပြီး ရင် ခိုင် မာ တဲ. မူ၊ စံ ချ ပြီး နောက် ဥပဒေ တွေ ပြဌာန်း ပြီး နောက် လာ မည်. မျိုး ဆက် မှာ အ ပြည်. အဝ အ ကောင် ထည် ဖေါ် နိုင် မည်. စနစ် ကို ချ မှတ် ဆောင် ရွက် သင်. ပါသည်။ ဥပမာ – စင်ကာပူ နိုင်ငံ မှာ ကွမ်း စား ခြင်း ကို တိုက် ဖျက် သ လို ပါ၊ Public Area များ မှာ ဆေးလိပ် မသောက် ရ တား မြစ် သလို ပါ။ မလုပ် ရသေးလို.သာ ပါ၊ လုပ် မယ် ဆို ရင် တရုပ်ပြည်မှာ မိသား တစ်စု ကလေး တစ် ယောက်သာယူရသည်. စနစ် တောင် ဖြစ်နိုင် သေးလျင် ဘာမဆို အ စီ အ မံ ရှိ ရှိ တိုင်း ပြည် နှင်. လူမျိုး အတွက် အ ကျိုး ရှိ မည် ဆို လျင် လူငယ် များ မှ အစ တက်ကြွစွာ ပါဝင် ကြမည် မှာ သေချာ ပါ သည်။ စစ်ပြီး ခောတ် ဂျပန်ပြည် မှာ လို အခု မှ ထူ ထောင် ရေး ပြင် ဆင် ရေး လုပ် ရမှာ ပါ။ အ ခု မှ အ လုပ် က စ မှာ ပါ။ ထိရာက်စွာဆောင်ရွက်နိုင်မည်မဟုတ်ဘူးလို့ထင်မြင်ယူဆမည်. အစား အောင် မြင် အောင် ဆောင် ရွက် သင်. တဲ. ကိစ္စ ပါ။ အ သေး အ ဖွဲ လို. မ ထင် စေ ချင် ပါ။ အ ခု လုပ် အခု အ ကျိုး ပေး မှာ ပါ။ လက် ငင်း အကျိုး ပေး မှာ ပါ။

    ပြီး တော. တခြား စိတ် ဝင် စား စရာ များ နဲ. အစား ထိုး နိုင် အောင် ဆောင် ရွက် ရမှာ ဖြစ် ပါတယ်။ လူငယ် များ အ တွက် ရပ် ကွက် အ လိုက် အား ကစား အ သင်း များ ၊ ဝိတ် မ အသင်း များ၊ ဘောလုံး အသင်း များ၊ အား ပေး ခြင်း ယ္ခင် က ကဲ. သို. လူထု အား ကစား ပွဲ များ တွန်း အား ပေး ခြင်း၊ ရပ်ကွက် စာကြည်. တိုက် များ ထူ ထောင် ပေ ခြင်း၊ စာပေဟော ပြော ပွဲများ၊ စာစီစာကုံး ပြိုင်ပွဲများ၊ကာတွန်း ပန်းချီ ပြိုင် ပွဲများ ပြု လုပ် ပေးခြင်း။ အကျိုး တူ အသင်း အဖွဲ.များ ဖွဲ.ရန် အား ပေး ခြင်း – ဥပမာ အာရုံဆွမ်းကပ် အသင်း၊ သန်.ရှင်းရေး လုပ်အားပေး အသင်း များ၊ သာရေးနာရေး အသင်း များ၊ ကင်း ထောက် အ သင်း များ စသည် တို. ကို ရပ် ကွက် အ ဆင်. မှ စ ရွေ အ စား ထိုး ဆောင် ရွက် သွားမည် ဆို လျင် သေချာ ပေါက် ထို ဆေးလိပ် အရက် ကွမ်း သုံး စွဲ မှု ကို လျာ. ချ သွား နိုင် ပါ မည်။တစ် ချိန် ထဲမှာ ဥပဒေ လိုက် နာ သော၊ စည်း ကမ်းရှိ သော၊ ငွေ အလဟသ မဖြုန်းတီး သော နိုင်ငံ ကြီးသား များ ဖြစ် လာ မည်မှာ မလွဲ ပါ၊

    တစ် ချိန် ထဲ တွင် အ လုပ် အ ကို င် အ ခွင်. အ လမ်း များ ကို လည်း တိုး တက် လာ သော Foreign Investment လုပ် ငန်း များ ကို အ ခြေ ပြု ရွေ. ဆောင် ရွက် သွား နိုင် မည် ဆို လျင် နောက် မျို ဆက် အ တွက် အ ကောင်း ဆုံး ရ လာဒ် များ ဖြစ် ပေါ် လာ ပေ မည်။

  • သန်းထွဋ်ဦး

    July 26, 2012 at 6:16 pm

    လူထုကျန်းမာရေး အတွက်အရင်ဆုံးလုပ်သင့်တာ—

    ၂၊ အရက် ကို ဝင်ငွေ ၁ သိန်း အ နိမ်.ဆုံး ရ သူ များ သာ သောက် သုံး နိုင် အောင်၊ အ သက် ၁၈ နှစ် အောက် အသက် မပြည်. သူ များ ကို အ ရက် မရောင် ရ အောင် Rule of law ရှိအောင် လုပ် နိုင် မယ် ဆို ပါ က စိတ် ဓါတ် ကျ ပြီး အ ရက် စွဲပြီး အလုပ်ပျက် အကိုင်ပျကိ မိသားစု ကို မထောက်ပံ.နိုင်၊မိသားစုကို နှိပ်စက် စ သော အမှု များ လျေား ကျ လာ ပြီး၊ ကျန်မာ ရေး ပြသနာ များ လျော. နည်း ကာ တစ်မျီုး သား လုံး ကျန်း မာ ရေး တိုးတက် လာ ပေ မည်

  • ko win

    July 26, 2012 at 9:24 pm

    ကောင်းပါတယ်။ ကိုနောလစ်ဆိကာရဲ့ အချက်၁၊ ၂၊ ၃၊ ၄အကုန်လုံးဟာ အရင်ကတည်းက ကြပ်မတ်ခဲ့သင့်တာပါ။ အခုလုပ်မယ်ဆိုလည်း နောက်မကျသေးပါဘူး။ အားလုံးကောင်းဖို့လုပ်တာပဲလေ။ ဒါပေမယ့်တစ်ဖက်မှာတင်းကျပ်လျှင် တစ်ဖက်မှာဖြေလျှော့ပေးရပါလိမ့်မယ်။
    ဪ..ဒါနဲ့ပြောရဦးနမယ်။ ကျွန်တော်က လေးချက်မှာ သုံးချက်ငြိပါတယ်။ (ကွမ်းကျတော့ ဖွတ်ဖင်၊ ဆေးလိပ်ကျတော့ မချွတ်ချင်၊ အရက်ကျတော့ တစွတ်စွတ်ဝင်) အဟိ….။

  • nature

    July 26, 2012 at 10:56 pm

    စီးကရက်အရက်စတဲ့ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ပစ္စည်းတွေကို ဘူးခွံပေါ်မှာ ကျန်းမာရေးကိုဆိုးရွားစွာ ထိခိုက်နိုင်ပါသည်လို့ရေးတာထက် အခွန်ကို ပိုကောက်တဲ့နည်းကပိုထိရောက်နိုင်ပါတယ်။ အခွန်ပိုကောက်တော့ ရတဲ့အခွန်နဲ့ ကျန်းမာရေးစတဲ့ နေရာတွေမှာ သုံးနိုင်ပါတယ်။ အခွန်ကိုပိုကောက်တော့ ဈေးကြီးပါတယ်။ ဈေးကြီးတော့သုံးနိုင်တဲ့သူနဲသွားပါလိမ့်မယ်။ သုံးနိုင်တဲ့သူနည်းသွားတော့ကျန်းမာရေးထိခိုက်သူနည်းသွားစေနိုင်ပါတယ်။ ကျန်းမာရေးထိခိုက်သူနည်းတော့ ဆေးကုသမှုစရိပ်နည်းသွားပါလိမ့်မယ်။

    အခုသာမာန်နှုံးတွေနဲ့လူတော်တော်များများသုံးနိုင်တော့ ကျန်းမာရေးထိခိုက်သူအရေအတွက် ပိုများလာပါတယ်။ ဒီတော့ဆေးကုသစရိပ်ပိုကြီးလာပါတယ်။ ဆေးကုသစရိပ်ပိုကြီးတော့ လူမှုဒုက္ခတွေပိုများလာပါတယ်။ အခုနှုန်းတွေက အခွန်လည်းနဲတဲ့အတွက်ကျန်းမာရေးအတွက်လည်း ထိရောက်တဲ့စောင့်ရှောက်မှုမျိုးမပေးနိုင်ပါဘူး။
    အလုပ်ကြမ်းလုပ်တဲ့ပုခုံးထမ်းအလုပ်သမားအများစုကတော့ အလုပ်သိမ်းရင် ဈေးပေါတဲ့ လမ်းဘေးအရက်ဆိုင်မှာ သောက်ကြလေ့ရှိပါတယ်။ သူတို့အတွက်ကတော့ ဘယ်လိုဖြစ်သင့်တယ်ဆိုသာစဉ်းစားမရပါ။

Leave a Reply