မန္တလေးဂေဇက်အယ်ဒီတာချုပ်ကိုခိုင်ရဲ့ ကျေးဇူးရှင်မွေးသမိခင်ကြီး ကွယ်လွန်ခြင်း

pwint pwintJuly 27, 20121min1942147

မန္တလေးဂေဇက်အယ်ဒီတာချုပ်ကိုခိုင်ရဲ့ ကျေးဇူးရှင်မွေးသမိခင်ကြီး ကွယ်လွန်သွားကြောင်း ကြားသိရတဲ့အတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်။ (မန်ဘာများ ကျေးဇူးပြုပြီး like မလုပ်ပဲ မှတ်ချက်ရေးပေးကြပါ)

147 comments

  • kai

    July 26, 2012 at 2:46 pm

    ဝမ်းနည်းကြောင်း.. စာရေးတင်ပေးတဲ့.. ကိုမိုးနဲ့..အမှတ်တရဝမ်းနည်းကြောင်း.. ရေးပေးသူအားလုံးကျေးဇူးတင်ပါတယ်နော..
    ကျုပ်တသက်.. သယ်ယူသွားပါ့မယ်..။
    မိခင်က.. အသည်းကင်ဆာနဲ့..ဇူလိုင်၂၆ ၂၀၁၂ မနက်၈နာရီ၄၅မှာဆုံးပါတယ်..။
    အယ်လ်အေမှာပါ…။
    ဆေးရုံကလက်လျှော့လို့ ပြန်ဆင်းလာပြီး hospice care ရဲ့စောင့်ကြည့်မှုအောက်မှာပဲ ငြိမ်းချမ်းစွာကွယ်လွန်သွားတာပါ..။

    သက်ပျောက်ဆွမ်းသွပ်..အမျှဝေလည်းပြီးပါပြီ..။
    အခု.. Rosehills Cemetery မှာ ထားပါတယ်..
    စနေနေ့မှ.. ဘယ်နေ့ဘယ်အချိန်.. ဘယ်လိုလုပ်ရမယ်.. သိရမှာပါ..။

    လောလောဆယ်တော့.. မဆုံးခင် ၁လကျော်လောက်က.. ကျုပ်ဖခင်ကြီးက..မိခင်အတွက်ရည်စူးရေးထားပေးတဲ့..ကဗျာလေးတင်ပေးလိုက်ပါရစေ..

    • ဦး ကျောက်ခဲ

      July 27, 2012 at 3:00 pm

      မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲ စိတ်မကောင်း ဖြစ်ရပါတယ်.။
      တစ်ပတ် လောက်ပေါက်ကရတွေ မတင်တော့ဘူးဗျာ…..
      မောင်ကျောက်

  • စိန်ဗိုက်ဗိုက်

    July 27, 2012 at 1:14 pm

    ဒါကြောင့် ဦးခိုင် ပျောက်နတာကိုးဗျာ..
    ဦးခိုင်ခင်ဗျား.
    ခုလိုကြားရတာ..ကျနော်တို ့အားလုံးပဲ ဝမ်းနည်းကြေကွဲမိပါတယ်ခင်ဗျား..
    လွန်စွာ စိတ်မကောင်း ဖြစ်ရပါတယ်.။
    ဦးခိုင် မိခင်ကြီး ကောင်းရာသုဂတိ လားပါစေခင်ဗျား..။

    • စိန်ဗိုက်ဗိုက်

      July 27, 2012 at 1:16 pm

      အသည်းရောဂါနဲ ့ ဆေးရုံက လက်လွှတ်လိုက်တယ်ဆိုတာ သိကတည်းက စိတ်မကောင်း ဖြစ်ရပါတယ်ဗျား..

  • Moe Z

    July 27, 2012 at 1:18 pm

    စိတ်မကောင်းပါဘူး ဦးခိုင်ရေ ….
    မိခင်ဖြစ်သူ ကောင်းရာသုဂတိရောက်ပါစေရှင် …

  • P chogyi

    July 27, 2012 at 1:19 pm

    စိတ်မကောင်းပါဘူး
    မိသားစုနဲ့ထပ်တူ ဝမ်းနည်းမိပါတယ်။

  • ကြောင်ဝတုတ်

    July 27, 2012 at 1:23 pm

    ကျေးဇူးရှင်မိခင်ကြီးကောင်းရာသုဂတိလားပါစေဗျာ…

    ထပ်တူဝမ်းနည်းလျက်-
    ကြောင်ဝတုတ်

  • ဆူး

    July 27, 2012 at 1:24 pm

    ဦးခိုင် လည်း စိတ်မကောင်း ဖြစ်နေမှာပဲ.. စိတ်မကောင်းပါဘူး။
    အန်တီကြီး ကောင်းရာသုဂတိ ရောက်ပါစေ။

  • Solid_Sn@ke

    July 27, 2012 at 1:24 pm

    စိတ်မကောင်းပါဘူး သဂျီး..ရေ
    သဂျီး မိခင်ဖြစ်သူ ကောင်းရာသုဂတိရောက်ပါစေဗျာ …

  • မွန်မွန်

    July 27, 2012 at 1:25 pm

    သူကြီးရေ…တကယ်ကို ဝမ်းနည်းမိပါတယ်။
    သူကြီးရဲ့မိခင်ကြီး ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးပါတယ်။

  • pan pan chit

    July 27, 2012 at 1:30 pm

    ဝမ်းနည်းကြေကွဲရပါတယ်၊
    ဦးခိုင်ရဲ့မိခင်ကြီး ကောင်းရာမွန်ရာ ရောက်ပါစေ

  • နှင်းဆီ ငုံ

    July 27, 2012 at 1:32 pm

    သူကြီးရေ … ခုလိုကြားသိရတဲ့အတွက် အမှန်တကယ်ကို ဝမ်းနည်းမိပါတယ် …
    ဘာပဲပြောပြော ဘယ်လောက်ပဲဝမ်းနည်းနည်း သွားတဲ့သူ အသွားဖြောင့်အောင်
    မိသားစုဝင်တွေက ငိုကြွေးမနေပဲ ကောင်းမှုကုသိုလ်ကိုပဲ အာရုံစူးစိုက်လုပ်ပြီး အမျှဝေပေးပါနော် …
    သူကြီးအမေ ကောင်းရာ မွန်ရာ ဘုံဘဝရောက်ပါစေလို့ ဆုတောင်းပေးပါတယ် …

  • char too lan

    July 27, 2012 at 1:32 pm

    မနေ့ကမှလက်လျှော့လိုက်တယ်ဆိုတဲ့ COMMENT ဖတ်ရတယ်
    ဒီနေ့ဝမ်းနည်းကြောင်းကြားရတယ် မြန်လွန်းတယ်လို့ ခံစားရပီး စိတ်မကောင်းဖြစ်မိပါတယ် ။

  • mamanoyar

    July 27, 2012 at 1:33 pm

    မိသားစုနဲ့ ထပ်တူဝမ်းနည်းရပါတယ်ရှင်

  • blackchaw

    July 27, 2012 at 1:34 pm

    စိတ်မကောင်းဖြစ်ရပါတယ် သူကြီးရေ…။
    ရန်ကုန်မှာ လုပ်စရာကိုင်စရာ ကိစ္စရှိရင်လည်း ပြောပါခင်ဗျာ…။
    ကူညီဖို့ အဆင်သင့်ပါ…။

  • amatmin

    July 27, 2012 at 1:35 pm

    သူကြီးရေ..စာနာမိပါတယ်ခင်ဗျာ..
    သူကြီး ရဲ့ မိခင်ကြီး ကောင်းမွန် မြင့်မြတ်တဲ့အရပ်ကို ရောက်ရှိပါစေလို့..ဆန္ဒပြုပါတယ်..

  • lynn lynn

    July 27, 2012 at 1:35 pm

    သူကြီးရေ စိတ်မကောင်းပါဘူး။ သူကြီးရေ သူကြီးရဲ့ အမေက အရှေ့က သွားနှင့်ပြီပေါ့။ လင်းလင်းတို့လည်း တစ်နေ့ လိုက်သွားကြရမှာပဲလို့ သံဝေဂလည်း ရမိပါတယ်။

  • Wow

    July 27, 2012 at 1:36 pm

    ရှေ့ကသွားတဲ့သူကသွားပြီ လူအားလုံးလဲ တစ်နေ့ဒီလမ်းပဲလိုက်ရမှာပါလား… စိတ်မကောင်းပါဘူး ဦးခိုင်ရေ…

    • Solid_Sn@ke

      July 27, 2012 at 1:40 pm

      Death is debt, all we have to pay.

  • Shwe Tike Soe

    July 27, 2012 at 1:40 pm

    သူကြီးခင်ဗျား သူကြီးနဲ.ထပ်တူ ဝမ်းနည်းရပါတယ်ခင်ဗျာ……….

    အမေဆိုတာ ကျွန်တော်တို.ဘဝရဲ. အားမာန်ပါ……

    စိတ်မကောင်းခြင်းများစွာဖြင့်
    ရွှေတိုက်စိုး

  • Foreign Resident

    July 27, 2012 at 1:41 pm

    ဦးခိုင် ရေ ။
    အထူး ဝမ်းနည်းကြေကွဲ စိတ်မကောင်း ဖြစ်ရပါတယ်.။

  • Ma Ei

    July 27, 2012 at 1:41 pm

    စိတ်မကောင်းဖြစ်ရပါတယ်…
    မိသားစုနဲ့ထပ်တူ ဝမ်းနည်းမိပါတယ်…
    သူကြီးကိုခိုင်အမေ ကောင်းရာ မွန်ရာ ဘုံဘဝသို့
    ရောက်ပါစေလို့ ဆုတောင်းပေးပါတယ် …

  • marblecommet

    July 27, 2012 at 1:43 pm

    စိတ်မကောင်းဖြစ်ရပါတယ် ဆရာခိုင်ခင်ဗျား…
    ဆရာခိုင့် မွေးသမိခင်ကြီး ကောင်းမွန်တဲ့ ဘုံဘဝမှာချမ်းမြေ့
    နိုင်ပါစေဗျာ….
    ဝမ်းနည်းစွာဖြင့်….
    ကမ်းကြီး…

  • shwe kyi

    July 27, 2012 at 1:46 pm

    ဘယ်လိုပြောရမယ်မှန်းမသိတော့ပါဘူး။ ကိုယ်ချင်းစာမိပါတယ်။
    ကောင်းရာမွန်ရာရောက်နိုင်ပါစေလို့ပဲ…။

  • thit min

    July 27, 2012 at 1:49 pm

    သူကြီးရေ…….
    သူကြီးလို သစ်တပင်ကောင်း ဖြစ်လာအောင်မွေးထုတ်ပေးခဲ့တဲ့မိခင်ကြီးကို
    ဂုဏ်ပြုစကား ပထမဆုံးဆိုချင်ပါတယ်။
    သူကြီးရဲ့ မိခင်ဆိုတာ သူကြီးဆိုသူ(သစ်ပင်)ရဲ့ ပေါက်ရောက်ရှင်သန်လာခဲ့ရာမြေကြီးပါဘဲ။
    သစ်ပင်ရဲ့ အခေါက်အသွေး အပွင့် အသီးဟာ မိခင်ကြီးရဲ့မြေဩဇာကလာတာဘဲမဟုတ်ပါလား။
    အဲဒီတွေ့ အသွေးမြင်အသွင်သိ ရတာမလို့ မြတ်သောလူသား တဦးအနေနဲ့ (မသိ၊မမြင်ဘူးပေမဲ့)
    လေးစားမိပါတယ်။
    ဘယ်သက်ရှိမှ မလွန်ဆန်နိုင်တဲ့ သေခြင်းတရားကိုရင်ဆိုင်ရပေမဲ့ မြတ်သောနေခြင်း မြတ်သောသေခြင်း
    အဖြစ် ကို ရလိုက်သူလို့ ဆိုပါရစေ။
    ဘာဘဲဖြစ်ဖြစ် အစားထိုးမရတဲ့ ဆုံးရှုံးမှုတခုအနေနဲ့ သူကြီးရဲ့
    မိခင်ကြီးအတွက်သူကြီးနဲ့ထပ်တူ ဝမ်းနဲ့ကြေကွဲမိပါတယ်။
    သူကြီးရဲ့ မိခင်ဖြစ်လေတော့ “ကောင်းရာသုဂတိ” လားမယ်လို့ ယုံကြည်ပါတယ်။
    လေးစားစွာဖြင့်
    သစ်မင်း

  • ကြည်ဆောင်း

    July 27, 2012 at 1:50 pm

    အမေ ကွယ်လွန်သွားတဲ့ ခံစားချက်ကို ခံစားဖူးခဲ့လို့ ထပ်တူထပ်မျှ ဝမ်းနည်းရပါတယ်..

  • surmi

    July 27, 2012 at 1:56 pm

    ထပ်တူထပ်မျှဝမ်းနည်းမိပါကြောင်း
    ကျနော် ပြုခဲ ့ဘူးတဲ ့ကုသိုလ်များကိုလဲထပ်တူထပ်မျှရစေဖို ့ အမျှဝေပါတယ်
    အမျှ အမျှ အမျှ

  • etone

    July 27, 2012 at 1:57 pm

    လောကမှာ ဘာနဲ့မှ အစားထိုးလို့မရတဲ့ မိခင်ဆုံးရှုံးမှုအတွက် မိသားစုနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါတယ် ။ ကောင်းရာမွန်ရာကို ရောက်ပါစေလို့ …….. ဆုတောင်းပေးပါတယ် ။

  • Wai Phyoe

    July 27, 2012 at 1:59 pm

    Oh,……………….I am really ” SORRY……SORry……..SOrry…Sorry….sorry…sorr…..srr….s…..”

  • Khaing Khaing

    July 27, 2012 at 2:00 pm

    ဘယ်နိုင်ငံမှာဆုံးပြီး ဘယ်အချိန် ဘယ်ဆေးရုံမှာပါလဲ ……. သိသူများရှိသလို မသိသူများအတွက် မေးပေးခြင်းပါ …..
    သူကြီးဦးခိုင်မိခင်ဘဝတစ်ပါးသို့ ရောက်ရှိသွားသည့်အတွက် ကိုယ့်မိခင်ဆုံးရှုံးသွားသလို ထပ်ထူထပ်မျှဝမ်းနည်းပါကြောင်း ….

    • pwint pwint

      July 27, 2012 at 2:16 pm

      Los Angeles, USA မှာပါ။

  • မဟာရာဇာ အံစာတုံး

    July 27, 2012 at 2:04 pm

    ဘယ်လိုမှ အစားထိုးလို့ မရနိုင်တဲ့ အရာတစ်ခု ဆုံးရှုံးမှုအတွက် ဦးခို်င်နှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းမိပါကြောင်း ပြောပါရစေ ခင်ဗျာ …
    သူကြီးရဲ့ မိခင်ကြီး ကောင်းရာသုဂတိ လားနို်င်ပါစေလို့လည်း ဆုတောင်း ပေးလိုက်ပါတယ် ခင်ဗျာ …

  • စနေ

    July 27, 2012 at 2:08 pm

    သူကြီးမိသားစုနဲ့ ထပ်တူဝမ်းနည်းရပါတယ် ….
    သူကြီး မိခင်ကြီး ကောင်းရာ မွန်ရာ ရောက်ပါစေလို့
    ဆုတောင်းပေးပါတယ် ….. 🙁

  • may flowers

    July 27, 2012 at 2:16 pm

    မိသားစုနဲ့ ထပ်တူဝမ်းနည်း စိတ်မကောင်းဖြစ်ရပါတယ်…သူဂျီးရဲ့ မိခင်ကြီးကောင်းရာ သုဂတိလားပါ

    စေလို့ လည်းဆုတောင်းပေးလိုက်ပါတယ်။

  • အဂျစ်

    July 27, 2012 at 2:24 pm

    ဝမ်းနည်းကြောင်းဝင်ပြောသွားပါတယ် ဦးလေး ခင်ဗျာ..

  • Kyaemon

    July 27, 2012 at 2:31 pm

    သူကြီးနဲ့ထပ်တူကြေကွဲဝမ်းနဲမိပါကြောင်း၊

    ကောင်းရာသုဂတိလားပါစေ လို့ဆုတောင်းလျက်၊

    May her fond memories and your good times together sustain you and your family in this time of bereavement.

    With heartfelt sympathy and deepest condolences.

  • natthamee

    July 27, 2012 at 2:33 pm

    မိသားစုနဲ့ ထပ်တူကြေကွဲဝမ်းနည်းမိပါတယ်။ ကောင်းရာသုဂတိလားပါစေ။

  • နွယ်ပင်

    July 27, 2012 at 2:43 pm

    သဂျီးရေ ထပ်တူစိတ်မကောင်းဖြစ်မိတယ် …
    သူကြီး ရဲ့ မိခင်ကောင်းရာမွန်ရာကို ရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ….

  • manawphyulay

    July 27, 2012 at 2:45 pm

    ခုတစ်လောဝမ်းနည်းခြင်း သတင်းတွေကတော့ ဆက်တိုက်ဆိုသလို ကြားနေရတယ်။ သူငယ်ချင်းအဖေလည်း ဆုံးလို့ မနေ့ကရက်လည်တဲ့.. ဟော ခုလည်း ကြားရပြန်ပြီ။ ငိုခြင်းနဲ့စပြီး ငိုခြင်းနဲ့ ဆုံးသော လမ်းကို လူတိုင်း တစ်နေ့ကြုံရမည်မှာ မလွဲပါတည်း…..
    မိသားစုနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းမိပါတယ်။ ကောင်းရာသုဂတိလားဖို့ ကျန်ခဲ့သောသူများမှ ကောင်းမှုကုသိုလ်ပြုကြပါစို့…

  • Davit

    July 27, 2012 at 2:45 pm

    🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁 🙁

  • myanmarcitizen

    July 27, 2012 at 2:46 pm

    လူတိုင်းလွန်ဆန်မရတဲ့ သင်္ခါရတရားဆိုပေမဲ့လဲ ခုလိုကြားရတော့စိတ်မကောင်းဖြစ်မိပါတယ်။ ကိုခိုင် မိခင်ကြီး ကောင်းရာသုဂတိ ရောက်ပါစေ လို့ပဲဆုတောင်းပေးပါတယ်ခင်ဗျာ။

  • Novy

    July 27, 2012 at 2:47 pm

    ဦးခိုင်ရဲ့ မေမေ ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်
    အေးမြတဲ့ အမိအရိပ်အာဝါသ မဲ့သွားတဲ့ အတွက် မိသားစုနဲ့ ထပ်တူဝမ်းနည်း
    စိတ်မကောင်းဖြစ်ရပါတယ်

  • ဇောက် ထိုး

    July 27, 2012 at 2:49 pm

    နတ္ထီတိ ဝိမုခံ ပေတံ… ငါ့အမေကြီးမရှိတော့ဘူးဆိုပြီး မျက်နှာလွဲခဲပစ် ထင်ရာတွေလုပ်ရင်လဲ မကောင်းဘူး။

    အတ္ထိ သညာယ ကရဏံ… မရှိတော့တဲ့ အမေကို ရှိသေးတယ်ဆိုတဲ့အမှတ်နဲ့… ထမင်းကြွေးတာ.. တင်တာ မြောက်တာတွေ ဟိုလုပ်ဒီလုပ်တွေ လုပ်နေရင်လဲ မသင့်လျှော်ဘူး….. မရှိတော့တဲ့ အမေကို မရှိတဲ့ အနေအထားမှာသွင်းနိုင်အောင်ကျိုးစားရမယ်။

    အန္တေဒွေ… အနုပဂမ္မ… အဲဒီ အစွန်းနှစ်ခုကို လွတ်အောင်နေတတ်ရမယ်…

    ပဋိဇာနာထ တံ ကတံ…. အမေရှိစဉ်က အမေရဲ့လုပ်ဆောင်ချက်တွေကြောင့် အမေရရှိသွားတာတွေကို မြင်အောင်ကြည့်ပြီး သင်္ခန်းစာယူတတ်ရမယ်။ အမေ ဘယ်တုန်းက ဒေါသတွေကြီးလို့ အမေဆင်းရဲခဲ့ရတယ်။
    အမေ ဘယ်တုန်းက စိတ်တွေကြည်လင်နေလို့ ချမ်းသာသွားတယ်ဆိုတာ တွေကို စဉ်းစားပြီး သင်္ခန်းစာ ယူရမယ်။

    နောက် ကျွန်တော် တွေ့မိလို့ ကြိုက်တဲ့ ကဗျာလေးကို ရေးလိုက်ဦးမယ်နော်…

    အိုတာ နာတာ မင်းအလုပ်မဟုတ်ဘူး။
    သေတာ ရှင်တာ မင်းအလုပ်မဟုတ်ဘူး။
    ဖြစ်တာ ပျက်တာ မြဲတာ မမြဲတာ မင်းအလုပ်မဟုတ်ဘူး။

    မတရားတာတွေ မလုပ်ဘဲ ရှောင်ရမှာ မင်းအလုပ်။
    တရားတာတွေ လုပ်ဆောင်ရမှာ မင်းအလုပ်။
    လူနဲ့လူချင်း တဦးနဲ့တဦး စောက်ရှောက်ရမှာ မင်းအလုပ်။

    နေတာဟာ ကြွားဖို့ မဟုတ်သလို……
    သေတာဟာလဲ သနားဖို့မဟုတ်ဘူး။

    နေဖို့အတွက်လဲ ပူပင်တောင်းတမနေနဲ့…
    သေဖို့အတွက်လဲ ပူပင်ကြောင့်ကြမနေနဲ့…

    အဓိက.. က တာဝန်ကျေဖို့….
    မင်းတာဝန်ကျေဖို့ဟာ … မင်းလုပ်ရမယ့်…
    မင်းရဲ့အဓိက အလုပ်…
    ဦးခိုင်သဘောပေါက် နာလည် ခံစားတတ်ပါစေ….

  • သားငယ်

    July 27, 2012 at 2:56 pm

    ကိုယ်တိုင်လည်း ခံစားခဲ ့ဖူးလို ့စိတ်မကောင်းပါဘူးဗျာ .. … ရည်စူး ကုသိုလ် များများလုပ်ပေးပါဦးခိုင် ရေ…

Leave a Reply