အိုဘယ့် ဝန်ဆောင်မှု (Customer Service)
အခုတလော တွေ့ တွေ့နေရတဲ့ အလိုမကျစရာ ဝန်ဆောင်မှု (Customer Service) ချို့တဲ့ပုံလေးတွေအကြောင်း မပြောရမနေနိုင်လို့ ပြောပါရစေရှင့်။
တကယ်တော့ ပြီးခဲ့တဲ့ ၂၀၁၂ အစောပိုင်းကာလတွေကတည်းက ခံစားနေရတွေကို အခုမှရင်ဖွင့်ဖြစ်တယ်ဆိုပါတော့။
အခုပို့စ်ထဲမှာ ထဲ့ရေးမဲ့အကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး နာမည်ဖျက်လိုစိတ်နဲ့ ရေးခြင်းမဟုတ်ကြောင်းကြိုပြီးတောင်းပန်ထားပါရစေ။
—————————————————————–(၁)————————————————
ရုံးအတွက်ဝယ်ထားတဲ့ Copy,Print , Scan & Fax လေးမျိုးရတဲ့ Multifunction Printer လေး မီးအားမမှန်တဲ့ ကျေးဇူးကြောင့်(အခုလာ တော်ကြာပျက်ဖြစ်လွန်းလို့ Breaker မနိုင်တော့ခြင်း) မီးမဝင်တော့ပါဘူး။ ထုံးစံအတိုင်း ၁နှစ်အာမခံရှိတဲ့ ပစ္စည်းတွေအတွက် Service center ကိုအကြောင်းကြားတော့ လာပြင်ပေးပါတယ်။ ဒါပေမဲ့ Power Supply ကြောင့်ဖြစ်တဲ့ ပြသနာတွေကို ဘယ်ကုမ္မဏီမှ အခမဲ့မပြင်ပေးတာကြောင့် နောက်တကြိမ်ဆိုရင် Service Center ကိုဘဲလာပို့ပါ လက်ခယူပြီးပြင်ပေးပါမယ်တဲ့။
ဟုတ်ကဲ့၊ ၁လလောက်ပဲခြားပြီး နောက်တကြိမ်ထပ်ပျက်ပါတယ်။ Service center သွားပို့တယ်။ ပြင်တယ်၊ ကောင်းသွားတယ်။ ဆိုတော့ သွားပြန်ယူတယ်ပေါ့။ Service လုပ်တဲ့ ပစ္စည်းအတွက် center ကပေးတဲ့လက်ခံစာရွက်မပါသွားလို့ မှတ်ပုံတင်ပြပြီး ပြန်ရွေးလိုက်ရတယ်။ ကျေးဇူးကြီးပါပေ့။ နောက်တခေါက်ပြန်လာရဖို့ကမလွယ်။ တက်စီခက အသွားအပြန် ၅၀၀ဝတောင်လေ။ အားလုံးပြီးလို့ ပြန်မယ်လဲကြံရော Service Center Receptionist ကောင်မလေးက –
” အမ ပစ္စည်းကလိုက်မပို့ပေးဘူး ကိုယ်တိုင်သယ်ရမယ်” တဲ့။ ဟမ်၊ ဒါကြီးက 5Kg တောင်လေးတာ ဒီကပေါင်တရာမကျော်တဲ့ ခန္ဓာကိုယ်နဲ့ ဘယ်လိုသယ်မတုန်း။ ပြီးတော့ ပြောသေးတယ် ” သိပ်မလေးပါဘူး အမရယ်တဲ့ (ငါးခူပြုံးလေးနဲ့)”။ နဲနဲတင်းသွားတယ်။ ဒါမျိုးတော့ အကျောမခံဘူး။ ကိုယ်တိုုင် ကောက်မလိုက်တယ်။ အောင်မငီး လေးလိုက်တာ လက်ဆစ်တွေပြုတ်ပီမှတ်တယ်။ စိတ်ထဲမှာတော့ ဆားဗစ်စင်တာနဲ့ ရုံးခန်း အပေါ်ထပ် အောက်ထပ်ရှိနေတဲ့ အဲဒီ ကုမ္မဏီက မားကက်တင်းတွေကို ပြေးပြေးသာထုချင်တော့တယ်။ ဒါကြီး လာရောင်းတုန်းက သူရို့မားကက်တင်းတွေဘဲ ကပ်စတန်မာအတွက်ဆို အသက်ပင်သေသေ အထာနဲ့ ရောင်းသွားကြတာလေ(တော်သေဘီ ၊ ဆက်ပြောရင် ဗုံးကြဲခံရတော့မယ် )။ ခပ်တည်တည်နဲ့ ဓါတ်လှေခါးရောက်အောင်ဆက်လျှောက် အဝမှာမြေညီထပ်ဆင်းမဲ့ခလုတ်နှိပ်ဖို့ တခါချ။ အထဲဝင်တော့ ဒါကြီးလေးလွန်းလို့ မ, မထားနိုင်တာနဲ့ တခါချ။ အောက်ထပ်ရောက်တော့ တက်စီမဝင်ရတဲ့ စင်တာဖြစ်လို့ လုံခြုံရေးစားပွဲမှာ တခါချ။ ဒါနဲ့ ကို်ယ့်အဖြစ်ကို မကြည့်ရက်တဲ့ လုံခြုံရေးဦးလေးက တက်စီပေါ်ရောက်အောင်ကူသယ်ပေးလို့ ကျေးဇူးတင်ရသေးတယ်။
အော် ကပ်စတန်မာဆားဗစ် Vs အနိစ္စ
————————————————————–၂—————————————————–
ဗိုလ်ချုပ်ဈေးသစ်ဆိုတာ ဆေးပစ္စည်းအစုံရှိတာမို့ အပတ်စဉ်မဖြစ်မနေသွားရတဲ့နေရာ။ ဝယ်နေကျဈေးသည်ဆီက အော်ဒါမှာလိုက်ရင် ရုံးကို ဒါရိုက်လာပို့တာမို့ ပူစရာမလို။ တခါတလေ ကွန့်ချင်စိတ်ပေါက်လာရင်တော့ Income Sharing လေးလုပ်သင့်တယ်လေ ဆိုပြီး တယောက်ထဲအဆိုတင် တယောက်ထဲ ထောက်ခံပြီး ဝယ်နေကျမဟုတ်တဲ့ ဈေးသည်တွေဆီ ဈေးလိုက်မေး (မားကက်ဆာဗေးလုပ်ပြီးသားလဲဖြစ်) ဈေးမှန်ရင်တခါထဲဝယ်တာပေါ့ ။ အဲဒီမှာ စတွေ့တာဘဲ။ အရက်ပျံ ၅၀ဝမီလီပုလင်းကြီး ၁၂လုံးပါတဲ့ ဂျပ်ဖာ ၅ပုံးကို ဈေးမှန်တယ်ဟေ့ဆိုပြီး ပျော်ပျော်ကြီးဝယ်လိုက်တာ တက်စီပေါ်အရောက် ကိုယ်တိုင်ထမ်းတင်ရပါရောလား။ ဈေးသည် မမကသူ့ဆိုင်ပေါ်ကနေ မိန့်မိန့်ကြီးထိုင်ကြည့်နေသေးတယ်ဗျာ။
ကတောက်!
ကပ်စတန်မာဆားဗစ် Vs အနိစ္စ
—————————————————-၃————————————————————–
ဒီတခါတော့ လှည်းတန်းဈေးက ရှော့ပင်စင်တာကြီး မှာဈေးဝယ်မယ်။ သယ်ရ ချရ ထမ်းရ ပိုးရမှာ ပူစရာမလို။
တွန်းလှည်းလေး ဆွဲပြီး ဝယ်မဲ့စာရင်းအတိုင်း အကုန်ပစ်ထဲ့. ပြီးတော့ ကောင်တာမှာငွေရှင်း။ Sky Mart ထဲမှာဝယ်ပြီးတော့ ပစ္စည်းတွေ လုံခြုံရေးဆီမှာ ခဏအပ်ပြီး အပေါ်ထပ်မှာဈေးပတ်ဝယ်။ အားလုံးပြီးမှ စုပေါင်းပြီးကားပေါ်တင်မယ်ပေါ့။ ကိုယ့်စိတ်ကူးနဲ့ကို အထွက်ပေါက်ရောက်လာတေ့ာ ခုနက အထုပ်အပ်ထားတဲ့ ဦးလေးကို အကူညီတောင်းလိုက်တယ် ကျမကို ဒီပစ္စည်းလေးတွေ ကားပေါ်လိုက်တင်ပေးပါလား ၊ ကားက စင်တာရှေ့တင်ရပ်ထားတာလို့ပြောလိုက်တယ်။ ဟုတ်ကဲ့၊ ပြန်ပြောပုံက ဒီလိုပါ ” ဘယ်သူမှ မအားကြပါဘူး တူမကြီးရယ် မိုးကရွာ အထုပ်အပ်တဲ့လူက များနဲ့ ဘယ်လိုလုပ်လိုက်ပို့နိုင်မှာလဲ။ တက်စီ သမားကိုခေါ်လိုက်လေ သူ့မှာတာဝန်ရှိတယ်။”
ဗုဒ္ဓေါ။ ”နေပါစေ ဦးလေးရယ်ကျမ အထဲဝင်ပြီး လူပြန်ခေါ်လိုက်ပါအုံးမယ်။ အထုပ်လေးတွေဘဲ ကြည့်ထားပေး။” Sky Mart ထဲက ငွေရှင်းခဲ့တဲ့ကောင်တာကို တန်းတန်းမတ်မတ်သွားပီး ” အမရေ ကျမခုနက ဝယ်သွားတဲ့ အထုပ်တွေ တက်စီပေါ်ကူတင်ဖို့ တယောက်လောက် လွှတ်ပေးပါအုံး။” ဆိုတော့ ငွေကိုင်ဆရာမက လူကိုတချက်ပြူးကြည့်လိုက်ပြီး ”ဒီမှာ လူကတယောက်မှမရှိဘူးအမတဲ့”။ ဘာ! (စိတ်ထဲမှာအကျယ်ကြီးအော်လိုက်သည်။) ကျမ မျက်နှာကြောနဲနဲတင်းသွားမှန်း သတိထားမိတဲ့ အနှီ ကက်ရှာ (Cashier) က မလှမ်းမကမ်းမှာ ထိုင်နေတဲ့ Walking Talking (အထင်) ကိုင်ထားတဲ့ မမတယောက်ကို ”ဒီမှာ အထုပ်တင်ဖို့ လူခေါ်ခိုင်းနေတယ်” တဲ့။
ဟိုတယောက်ကလဲ အံ့ဩသလို တချက်ပြန်ကြည့်ပြီး ”ဘယ်လို အထုပ်တင်ဖို့လဲ” တဲ့။ ဟုတ်ကဲ့ အဖြစ်အပျက်ကို အစအဆုံး တကြိမ်ထပ်ပြီး အစီရင်ခံရပါတယ်။ ပြီးသွားတော့မှ သူနဲ့ နောက်ထပ်မလှမ်းမကမ်းက DVD ရောင်းနေတဲ့ ကောင်လေးကို ” ဟဲ့ လူတွေဘယ်ရောက်ကုန်လဲ” တဲ့။ ဟိုကလဲ ”ရှိတယ်အမ၊ နောက်ထဲမှာ (စတိုခန်းထဲမှာ) တဲ့။ ”အေး ဒါဆို တယောက်လောက်ခေါ်ပေးလိုက် ဒီမှာ အထုပ်တင်ချင်လို့တဲ့”။ နောက်ခန်းထဲက ကျမဈေးသွားဝယ်တိုင်း သယ်ပေးနေကျ အရောင်းဝန်ထမ်းကောင်လေး တယောက်ထွက်လာပါတယ်။ ဟူး တော်ပါသေးရဲ့ ၊ စိန်ဂေဟာရှေ့မှာ ကျွတ်ကျွတ်အိတ်တွေ တလှေကြီးနဲ့ ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက် ကြည့်နေရတဲ့ဘဝရောက်တော့မလို့။ အော် City Mart နဲ့များကွာပ။
စင်တာရှေ့က ကားပါကင်ရောက်တော့ ငှားထားတဲ့ တက်စီသမားက အထုပ်သယ်ရုံဘဲဆိုပြီးဝင်သွားလိုက်တာ တော်တော်နဲ့ ပြန်ပေါ်မလာတဲ့ကျမကို စိတ်မရှည်တော့လို့ထွက်သွားလိုက်ပီ။ သေဟဲ့။ မိုးရွာ ကားကျပ် ပွိုင့်ပျက်နေတဲ့ အထဲမှာ ဒုတိယအကြိမ်ကားငှားရပြန်အုံးမယ်။
ကတောက် (again) !
ကပ်စတန်မာဆားဗစ် Vs အနိစ္စ
တော်သေးဘီ
ခင်တဲ့ မရွှေအိ
27th July 2012 (11:00 p.m)
25 comments
မောင်ပေ
July 29, 2012 at 12:43 pm
ကတောက် !!!
ဒင်းတို ့တွေက ငါ့ရဲ ့ ရွှေအိလေးကို အဲ့လို အဲ့လို ဆက်ဆံရေးကျဲခဲ့ကြတယ်ပေါ့လေ…
ဟွင်း
ရန်ကုန်က စိန်ပေါက်ပေါက် ကို ငှားပြီး ကောခိုင်းလိုက်ရလို ့အကုန် နာကုန်တော့မှာဘဲ
ဒါနဲ ့
““ ဒီကပေါင်တရာမကျော်တဲ့ ခန္ဓာကိုယ်နဲ့ ဘယ်လိုသယ်မတုန်း။ ”” ဆိုတာလေးကို မြင်တော့ ရွှေအိလေး ပုံကို မျက်လုံးထဲမှာ ကွက်ကွက်ကွင်းကွင်း မြင်လာမိတယ်
🙂
Moe Z
July 29, 2012 at 12:52 pm
မမရွှေအိရေ … နောက်တစ်ခါ ရှော့ပင်းထွက်ရင် ကိုပေကိုလှမ်းခေါ်လိုက်နော်
မောင်ပေ
July 29, 2012 at 1:02 pm
မိုးဇက်ငယ်လဲ
ရှော့ပင်းထွက်ရင်
ကိုပေ့ကို ခေါ်နော်
🙂
ဆူး
July 29, 2012 at 3:06 pm
ခေါ်လိုက်မယ်တဲ့ ပိုက်ဆံ ရှင်းခါနီး နဲ့ အထုတ်ထမ်းခါနီး.. အဟိ..
ဦးဦးပါလေရာ
July 29, 2012 at 12:54 pm
စိန်ဂေဟာကဝန်ထမ်းတွေ ဆက်ဆံရေးညံ့တာကတော့ လူပြောများပါတယ်။
ပြီးတော့စိန်ဂေဟာမှာ တွဲဖွင့်ထားတဲ့ လျှပ်စစ်ပစ္စည်းကောင်တာကလဲ တာဝန်မဲ့ပြုမူတာ၊ လိမ်ရောင်းတာတွေ ကိုယ်တိုင်ကြုံရဘူးပါတယ်။ (ကျုပ်က ဒိုင်းမွန်းမင်ဘာသက် ရ နှစ်ရှိပြီ၊ ဆိုလိုတာက ခံရပေါင်း အလွန်များနေပြီ)
အခုပိုစ့်နဲ့ ကွန်မင့်တွေကို စိန်ဂေဟာပိုင်ရှင်တွေ့ပါစေလို့ဆန္ဒပြုပါတယ်။
Shwe Ei
July 29, 2012 at 1:03 pm
@ ကပေ
အုပေတို့များ ကိုယ်တိုင်လာကူမယ် မကြံဘူး။ မစိန်ဗိုက်ကိုကူခိုင်းရင်
သများဆီက ဘီအီးဘိုးတောင်းမှာပေါ့လို့ 😀
@ Moe Z
ကပေ့ကို Recommend ပေးတာဆိုရင်တော့ အမလဲ Vote ပါတယ်ကွယ်။ (၁မဲ) 🙂
@ဦးဦးပါလေရာ
ကျမလဲ ဒိုင်းမွန်းမမ်ဘာ ၁နှစ်ပြည့်တုန်းက ကပ်စတန်မာ အကြံပြုချက်စာအုပ်မှာ ပို့စ်ထဲက ကိတ်စ
ရေးပေးလိုက်ပါသေးတယ်။ အကြောင်းမထူးဘူးဆိုပါတော့။
မောင်ပေ
July 29, 2012 at 1:07 pm
အကြောင်းမထူးရင်
တပေါင်း တန်ခူး လအထိ
အဲဒီဆိုင်မှာ သွားမဝယ်ဘဲ ဆန္ဒပြပစ်
ဒါမှ ပြုပြင်ပြောင်းလဲရေး မြင်ရမှာ
အကြောင်းထူးလားဆိုတာ
သိရဖို ့
မောင်ပေ နဲ ့အတူ
သွားကြစို ့
ရှော့ပင်းပြောပါတယ်
🙂
Shwe Ei
July 29, 2012 at 1:55 pm
ကပေရေ စိန်ဂေဟာမှာ မဝယ်ချင်နေလို့ရတယ်။ Canon (MyanmarGoldenRock Int’l) မှာက မဝယ်ချင်နေလို့မရဘူး။ ရုံးက ဘော့စ်က ပေါချောင်ကောင်းကြိုက်တယ်ရှင့်။ 🙂
ကိုရင်စည်သူ
July 29, 2012 at 2:10 pm
အဲ့ဘော့စ်ကို ပြောလိုက်ဘာ.. မအိရေ… ကိုရင်ပြန်လာမှတွေ့မယ်လို့…
ကိုရင့် မမကိုများ ပေါချောင်ကောင်းတွေ လိုက်ဝယ်ခိုင်းရဒယ်လို့…။ 😀 😀
ဂန်းစတားကြီး ကိုပေ့ကို မယုံဘဲ… အကြောင်းမထူးရင်တော့
တပေါင်းတန်ခူးမှ
ရှော့ပင်ထွက်ဖို့ စောင့်နေပါလားဟင်… 😳 😳
ဆူး
July 29, 2012 at 1:13 pm
ဝန်ထမ်းတွေ စနစ်ကျပုံကတော့ စီးတီးမတ် ကို အမှန်ပဲ..
ဘယ်လို သင်ကြားထားလဲတော့ မသိဘူး တော်တော် စနစ်ကျတယ်။
လုပ်သက် ၅နှစ် ပြည့်ရင် ရွှေ ၁ကျပ်သား ပေးတယ်။
ဒီထက် စနစ်ကျတာ နောက်တခုက Customer တွေ ဝယ်ချင်တာ ဝယ်ဖို့ supplier တွေကို များများညှစ်တာပါပဲ.. ညှစ်မယ် ညှစ်မယ် ဖြစ်နေတာပဲ.. သူဌေးစတိုင်တွေ ဖမ်းပြီး ဘဝင်လေဟပ် နေတဲ့ ရုပ်တွေ နဲ့ ပစ္စည်းတင်တဲ့ လူတွေကလည်း ရောင်းအား ကောင်းတဲ့ အတွက် တော်တော် သည်းခံနေကြရတာလည်းပါတယ်။
Shwe Ei
July 29, 2012 at 1:48 pm
ဟုတ်ပါတယ် အမဆူးရေ၊ စီးတီးမတ်ဆိုရင် ဈေးဝယ်ပြီးလို ့ကောင်တာမှာ ငွေရှင်းတာနဲ့ အထုပ်သယ်ပေးမဲ့လူက အလိုက်တသိရပ်စောင့်နေတာပါ။ ကိုယ်ကတောင် ပြန်အားနာရပါတယ်။ ပိုင်ရှင်ကိုယ်တိုင် ဝန်ထမ်းအပေါ်စေတနာထားလို့ တူသောအကျိုးပေးတယ်ထင်ပါရဲ့။
Mလုလင်
July 29, 2012 at 7:13 pm
City Mark က ဝန်ထမ်း တွေက ဝယ်တဲ့ သူတွေကို မျက်နှာ ချိုသလောက် .. Supplier တွေကိုတော့ .. တင်း ပြ ထားလိုက်တဲ့ မျက်နှာကြော … ကျက်သရေ ကိုတုန်းတယ် …။ ခွိီးးးးးးးးးးးးးးးးးး
Shwe Ei
July 30, 2012 at 9:48 am
ဒါဆို ဦးယေးက ဆပ်ပလိုင်ယာပေါ့ ဈေးလျော့ပေးလိုက်ပါ အူးယေးရယ် ကုသိုလ်ရပါတယ်။
ko khin kha
July 29, 2012 at 2:12 pm
ဒါလေးတွေလည်းဖြစ်တတ်ပါတယ်။အရောင်းဆိုင်တစ်ခုနဲ့တစ်ခုလည်းကွာမှာပါ
Shwe Ei
July 30, 2012 at 9:51 am
ဟုတ်ကဲ့ ပါရမီလမ်း၊ ပြည်လမ်း စိန်ဂေဟာတွေမှာ သွားဝယ်ရင် ပုံမှန်ပေးနေကျဝန်ဆောင်မှုအပြည့်ရပါတယ်။ လှည်းတန်းတခု အခြေနေဆိုးတာပါ။ အခြားဈေးဆိုင်တွေအနေနဲ့ ခြုံပြောရရင် ကုန်မဏီကြီးပြီးဝန်ဆောင်မှုညံ့တာ ဈေးဆိုင်သေးလို့ဝန်ဆောင်မှု ကောင်းကောင်းမပေးချင်တာ ကပ်စတန်မှာအမြင်မှာ လိုအပ်ချက်ရှိနေပါသေးတယ်။
ဖိုးထောင်
July 29, 2012 at 7:46 pm
အမယ်အမယ် ရွှေအိကဒီမှာလာ ငါ့အတင်းဖွနေတယ် ငါက ပေါချောင်ကောင်းမကြိုက်ပါဘူးဟယ် နောက်တစ်ခါဝယ်ရင် လုံခြုံရေးမောင်ပေကိုထည့်ပေးလိုက်မယ်
Shwe Ei
July 30, 2012 at 9:52 am
ဘော့စ်ကို ဘဲ အပြစ်ပေးတဲ့အနေနဲ့ အလုပ်ဖြုတ်လိုက်ရင်ကောင်းမလား 😉
ကြောင်ကြီး
July 29, 2012 at 10:46 pm
ဆားဗစ်ကောင်းကောင်း လိုချင်ရင် ဦးကြောင်ကြီးကုမ္မဏီလီမိတက်သို့ကြွခဲ့ပါ။ ပရီဆေးလ်းဆားဗစ်ရော အာဖတာဆေးလ်းဆားဗစ်ပါ ရှယ်ဖြစ်စေရမည်။
pooch
July 29, 2012 at 11:04 pm
ကြောင်ဆားဗစ်ကို သွားဖူးတဲ့သူတွေပြောတာတော့ ပို့လိုက်တဲ့ ပစ္စည်း ဘယ်တော့မှပြန်ရလေ့ မရှိဘူးတဲ့ ။ ပြင်ရင်း ပျက်ရင်းနဲ့ တစစီ ဖြစ်သွားတာလို့ ပြောကြတယ်။ 😀
ကြောင်ကြီး
July 29, 2012 at 11:17 pm
ဟော အခုပဲကြည့် ပုရှ်လေး သူများလုမှာ စိုးရိမ်နေရှာပြီ။ ကြောက်ပါနဲ့ကွယ် ထူးပြောင်တဲ့ ဦးကြောင် ဖူးယောင်တာ ဗူးဆောင်လို့ပါ။
ပီအက်စ်။ အရင်က ဘယ်သွားသွား ဦးကြောင်ချီသွားရတဲ့ ပုရှ်လေး ဂုတော့ ဦးကြောင်ရင် ခြေစုံကန်ဖို့ ကြိုးစားနေပြီပေါ့။ ဖမ်းကွာ ဘီးရွေ့တာနဲ့… 👿
Shwe Ei
July 30, 2012 at 9:56 am
အုကြောင်က ဘာရောင်းလို့ ဘာဆားဗစ်ပေးမှာတုန်း။ pooch ပြောသလိုဆို မဝယ်ဘဲနေအကောင်းသား ဝယ်လိုက်မှအပျက်ကြီးဖစ်နေရင် သများစိုက်ရကိန်းကြုံနေအုံးမယ်။ 🙂
pan pan chit
July 30, 2012 at 8:59 am
မမရွှေအိလေး…….
ကာစတမ်မာ ဆားဗစ်အသာထားလို့
တချို့စူပါကြီးတွေမှာ ဒိတ်ကုန်နေတာတွေတော်တော်တွေ့တယ်ဂျ
အသုံးအဆောင်မဟုတ်သေးဘူးနော်၊ စားသောက်ကုန်ထဲမှာကိုတွေ့တာ
တစ်ခါလားဆိုတော့ ဟုတ်ဘူး၊ ခဏခဏ၊ ပစ္စည်းအမျိုးမျိုးပဲ
အနော်တောင် အဲ့ကိစ္စပိုစ့်တင်ထားဖူးတယ်
အဲ့….ခုတော့ ရုံးကမြို့ထဲမှာဆိုတော့ တစ်ခုခုဝယ်ချင်တာရှိရင် နီးရာ စူပါမှာဝယ်တယ်
အဲ့မှာ တခါတော့ အနော်မဝယ်တဲ့ခေါက်ဆွဲထုတ်၂ထုတ်စာ အနော့်ဘောင်ချာထဲ ထည့်တွက်တယ်
၁၇၀ဝပိုပေးလိုက်ရတယ်
ခေါက်ဆွဲထုတ်လည်း ပါမလာဘူး၊ ပြောချင်တာက မလိုအပ်ပေမယ့် မှားပါလာလို့ပိုက်ပိုက်ထည့်တွက်ခံရရင် တော်သေးးးးးး
အဲ့လာ အနော်လည်း အဲ့စူပါရဲ့ ရုံးဖုန်းကိုဆက်တယ်
အပြစ်ပြောတာတော့ ဟုတ်ပါဘူး၊ ကောင်တာနံပါတ်တွေလည်း ထည့်မပြောပါဘူး
ပိုက်ပိုက်၁၇၀ဝက ဘာမှမဖြစ်လောက်ပေမယ့် နောက်နောက်အဲ့လို ဂရုတစိုက်မရှိရင် မခက်လား
အဲ့လာ အကြံပေးလို်က်တယ်ဆိုပါတော့
Shwe Ei
July 30, 2012 at 10:01 am
@ပေးကလန် ပန်ကလေး
ပိုက်ဆံပိုတွက်တဲ့ကိတ်စကတော့ အမတို့နားက မီနီမတ်တွေမှာ ခဏ ခဏကြုံရတဲ့အဖြစ်ပါဘဲ။
နောက် ဘာဝယ်ဝယ် စိတ်ထဲမှာ အရင်ဆုံး အပေါင်းအနှုတ်လုပ်ပြီးမှတ်ထားလိုက်တယ်။ ပိုတွက်ရင် သိသာအောင်လို့။ များများဝယ်ရင်တော့ အစအဆုံးပြန်စစ်ရတာပေါ့။ ပစ္စည်းပါမလာဘဲ ပိုက်ဆံပိုတွက်ထားရင် နဲနဲများများ ကိုယ်စိုက်ရတော့မှာလေ။
Inz@ghi
November 21, 2012 at 11:40 am
ခုမှတွေ့လို့ ခုမှ ပြောရမယ်…
ဆားဗစ် အော်ပရိတ်တာ မကောင်းတာ ဘယ့်နှယ့် မားကတ္တင်း ကိုထုချင်ရတာတုန်းအေ့။
ခြေမမကောင်း ခြေမ လက်မမကောင်းလက်မပေါ့အေ…။
ပြောသာပြောရတယ်. ..ဟိုဘက် ဂလုထဲက အက်ဒမင် မမတျောက်လည်း
ပရင့်တာ ကန်ပနီ မားကတ္တင်းကို ဆဲတာ ဖတ်ဖူးတယ်..
လိုကယ်မှာ ဘယ်လိုလူတွေ ပရင့်တာရောင်းနေတယ်တော့မသိ …
အာ ..ဟိ
:harr:
Shwe Ei
November 21, 2012 at 11:56 am
မားကက်တင်းကိုမဆဲပါဝူး။ သူတို့ ရှေ့ကအာပေါက်အောင် ရောင်းထားသမျှ
ဆားဗစ်စင်တာလဲရောက်ရော မထော်မနန်းတွေ အပြောခံရရောဆိုရင် နောက်တခါဝယ်ဖို့ စဉ်းစားတော့မှာပေါ့။
မဆိုင်ဝူး ဆိုပီး ထိုင်ကျိနေလို့မှ မရတာ။ အဖွဲ့အစည်းနဲ့ အလုပ်လုပ်နေကျတာကို အချိတ်အဆက်မမိရင် ကုန်မဏီရဲ့ အင်းမေ့ချ်ကို ထိခိုက်တာဘဲလေ။ ပြောချင်တာက ပရီဆေးဆားဗစ်နဲ့
အာဖတာဆေးဆားဗစ် အချိတ်အဆက်မမိကျတာရယ်
အရောင်းသမားတွေ ပါးစပ်က ဆားဗစ်ကိတ်စကျနော်တို့နဲ့မဆိုင်ဝူးလို့
လွယ်လွယ်ပြောထွက်ကျတာရယ်ကိုဘာ။
P.S အဟောင်းတွေရှောက်မဖွနဲ့ ဂီစိန်