ရတနာသိုက် ရှာပုံတော် – ၆

ရတနာသိုက်ရှာပုံတော် – ၁
ရတနာသိုက်ရှာပုံတော် – ၂
ရတနာသိုက်ရှာပုံတော် – ၃
ရတနာသိုက်ရှာပုံတော် – ၄
ရတနာသိုက်ရှာပုံတော် – ၅ တို့အား ဖော်ပြ ခဲ့ပြီး ဖြစ်ပါသည်။ ဖတ်ရှုလိုပါက လင့်ခ်ပေါ်တွင် ကလစ်ကာ ဖတ်ရှုနို်ငပါကြောင်း …

ရတနာသိုက် ရှာပုံတော် – ၆

အငြိမ့်မင်းသမီးလေး ရောက်လာခြင်း

တစ်နေ့သ၌ လွန်စွာ ခမ်းနားသော အိမ်ကြီးအတွင်းတွင် လွန်စွာခန့်ညားသော ယောက်ျားပျိုတစ်ယောက်နှင့် လွန်စွာ ချောမောသော မိန်းမပျိုလေးတစ်ဦးတို့ ယှဉ်တွဲလျှက် ထိုင်နေသည်ကို တွေ့ရလေ၏။ ၎င်းတို့နှစ်ဦး၏ ဘေးတွင်လည်း လူထွားကြီး နှစ်ဦးကို တွေ့ရလေသည်။

“ကျုပ်တို့ဘက်ကတော့ မောင်ဂီပြောတဲ့အတိုင်း လုပ်ပေးပြီးပြီနော့၊ မောင်ဂီဘက်ကပဲ ကျန်တော့တယ်”

ယင်းသို့ လူထွားကြီးတစ်ဦးမှ ပြောလေရာ မောင်ဂီဆိုသူ လူရွယ်မှာ ၎င်း၏ အိတ်ကပ်အတွင်းမှ ကြုတ်ဗူးလေးအား နှိုက်ယူကာ အဆိုပါ ဗူးလေးအတွင်းမှ မိုးကြိုးသွားပုံသဏ္ဍာန် ဆွဲပြားလေးအား ထုတ်ယူ၍ လူထွားကြီးအား ပေးလေ၏။

“ခင်ဗျားတို့ဘက်က ကျေတော့၊ ကျုပ်ဘက်ကလည်း ကျေရတာပေါ့ဗျာ၊ ဒါ … ခင်ဗျားတို့ လိုချင်လှပါတယ်ဆိုတဲ့ ဆွဲပြားလေးပဲ”

ထိုအခါတွင် လူထွားကြီးသည် ၎င်း၏ လွယ်အိတ်ကြီးအတွင်းမှ လူရွယ်ပေးသော ဆွဲပြားနှင့် ပုံသဏ္ဍာန်ချင်း ခပ်ဆင်ဆင်တူသော ဆွဲပြားနှစ်ပြားအား ထုတ်ယူလိုက်လေ၏။ ပြီးနောက် အဆိုပါ ဆွဲပြားနှစ်ပြားအား တစ်ခုနှင့်တစ်ခုကို စပ်လိုက်လေ၏။ တစ်ဖန် လူရွယ်ဆီမှရသော ဆွဲပြားကိုလည်း ထပ်မံ စပ်လိုက်လေပြန်သည်။

“အဟုတ်ပဲ၊ ကိုကြောင်ကြီးရေ …၊ ကျုပ်တို့အတွက် နောက်ဆုံး ခြေတစ်လှမ်းပဲ ကျန်တော့တယ်” ဟူ၍ ၎င်း၏ ဘေးမှ လူထွားကြီးအား ပြောလိုက်လေ၏။ ယင်းနောက်တွင် ၎င်းတို့နှစ်ယောက်သည် လူရွယ်အား နှုတ်ဆက်ကာ အိမ်ကြီးအတွင်းမှ ထွက်သွားလေတော့၏။

လူထွားကြီးနှစ်ယောက် ထွက်သွားသည့်အခါတွင် လူရွယ်မှာ မိန်းမပျိုလေးဘက်သို့ လှည့်ကာ မိန်းမပျိုလေး၏ နုပျိုဝင်းပနေသော မျက်နှာလေးအား ငေးမော၍ ကြည့်ရှုနေလေ၏။ ထိုအခါ မိန်းမပျိုလေးမှာ ရှက်သွားသည့်ဟန်ဖြင့် ကော့ညွှန်နေသော မျက်လွှာအစုံအား ချလိုက်လေ၏။

“အကိုဂီ ကလည်း ဘာလို့ အဲ့ဒီလောက်တောင် ကြည့်နေရတာလဲ”

“မတွေ့တာ ကြာတော့ ပန်ပန်က ပိုလှလာသလိုပဲကွယ်၊ ပန်ပန်ကို အကိုဂီ ချစ်တယ်ကွယ်”

“အာ .. အကိုဂီ ကလည်း ဘာမှန်းလည်း မသိဘူး၊ ရှက်စရာကြီး”

“အကိုဂီ လေ၊ ဒီစကားကို ဟိုတုန်းကလည်း ပြောချင်ပေမယ့် အကိုဂီ ဘဝက အငြိမ့်မှာ တောက်တိုမရ လုပ်ရတဲ့ ဘဝဆိုတော့ စိတ်အားငယ်လို့ ပြောမထွက်ခဲ့တာပါကွယ်”

ထိုသို့ လူရွယ်မှ ပြောလိုက်သည့်အခါတွင် မိန်းမပျိုလေးမှာ လူရွယ်အား ဂရုဏာသက်သော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် “အကိုဂီ ရယ်” ဟူ၍ ဖွဖွလေး ရေရွတ်လိုက်လေ၏။

“ပန်ပန်ကို အကိုဂီ လိုက်ရှာခဲ့ပါသေးတယ်၊ ဦးဘတူရဲ့ အငြိမ့်အဖွဲ့မှာလည်း မတွေ့ခဲ့ရဘူး၊ အခြား အငြိမ့်တွေမှာလည်း မတွေ့ခဲ့ရဘူးကွယ်၊ ဘယ်တွေများ ခြေရာ ဖျောက်သွားခဲ့ရတာလဲ”

ဟူ၍ လူရွယ်မှ မေးလိုက်လေရာ မိန်းမပျိုလေးမှ –

“အကိုဂီ ထွက်သွားပြီး နောက်ပိုင်းမှာ ဦးဘတူကြီးက ပန်ပန်ကို ထိကပါးရိကပါး လုပ်လာတယ်၊ ဒါနဲ့ ပန်ပန်လည်း အဲဒီ အငြိမ့်က ထွက်ပြီး အဒေါ်နဲ့ အတူသွားနေခဲ့တာပါ၊ ဒါပေမယ့် ဦးဘတူကြီးနဲ့ မလွတ်သေးတာနဲ့ ရှမ်းပြည်နယ်ဘက်ကို ခြေရာဖျောက်ပြီး ထွက်သွားခဲ့တာပါ အကိုဂီ” ဟူ၍ ပြောလိုက်လေ၏။

“ဒါနဲ့ ဟိုလူကြီးနှစ်ယောက်က ပန်ပန်ကို လာခေါ်တော့ ဘာလိုများ ပြောပြီး ခေါ်လာခဲ့တာလဲ”

“အဲ့ဒီ လူကြီးနှစ်ယောက်က ပန်ပန် အကြောင်းကို သိနေတယ် အကိုဂီ၊ သူတို့က အငြိမ့်ထောင်ပေးမယ့် လူတစ်ယောက် ရန်ကုန်မှာ ရှိတယ်လို့ ပြောတယ်၊ ပန်ပန်လည်း အစက ငြင်းပေမယ့် နောက်တော့ သူတို့က အငြိမ့်ထောင်ပေးမယ့် လူဟာ အကိုဂီ ဆိုတာကို ပြောလိုက်တော့ ပန်ပန်လည်း လိုက်လာခဲ့တာပဲ အကိုဂီ”

“ပန်ပန်လည်း ခရီးပမ်းလာမှာပဲ၊ အပေါ်ထပ်မှာ ပန်ပန်အတွက် အခန်းတစ်ခန်း ပြင်ပေးထားတယ်၊ အဲ့ဒီမှာ သွားနားလိုက်ဦးနော်၊ နောက်တော့မှ အကိုနဲ့ စကားတွေ တစ်ဝကြီး ပြောကြရအောင်”

ဟူ၍ လူရွယ်မှ ပြောပြောဆိုဆို မိန်းမပျိုလေး၏ ခရီးဆောင်အိတ်အား ကိုင်ဆွဲလျှက် အပေါ်ထပ်ဆီသို့ ဦးဆောင်ကာ တက်သွားလေတော့၏။

X X X X X X X X

ခံခဲ့ရပုံ

“ဦးခိုင်ရေ …၊ ကျုပ်တော့ အခြေမလှခဲ့ဘူးဗျို့”

“ဘယ်လိုများ ဖြစ်ခဲ့တာလဲ မောင်အောင်ပုရယ်၊ အဖြစ်ကို ပြောပါဦး”

“ဒီလို ဦးခိုင်ရေ၊ နောက်ဆုံး ဆွဲပြားရှိတဲ့ အမျိုးသမီးဆီကို ကျုပ်ရောက်ခဲ့တယ်၊ ဆွဲပြားကိုလည်း ငွေတစ်သောင်းထိပေးပြီး ဝယ်ဖို့ ကမ်းလှမ်းခဲ့တယ်၊ ဒါပေမယ့် အမျိုးသမီးက ဘယ်လိုနည်းနဲ့မှ ရောင်းမယ့်ဟန် မပေါ်ဘူး၊ ဒါနဲ့ ကျုပ်လည်း လူငါးယောက်လောက် ငှားပြီး ညဘက် အမျိုးသမီးအိမ်ကို ဝင်စီးပြီး ဆွဲပြား လုခိုင်းလိုက်တယ်ဗျို့၊ သို့ပေမယ့် ဟန်မကျခဲ့ဘူး၊ ဆွဲပြား မရခဲ့တဲ့အပြင် ကျုပ်လူ ငါးယောက်ပါ အဖမ်းခံလိုက်ရတယ်ဗျို့”

“တော်ပါသေးရဲ့ မောင်အောင်ပုရယ်၊ မင်းပါ ပါမသွားလို့”

“ကျုပ်က ပါစရာလားဗျ”

“ဒါနဲ့ ဆွဲပြားက အဲဒီ အမျိုးသမီးဆီမှာပဲပေါ့”

“ဟုတ်တယ် ဦးခိုင်၊ ဆွဲပြားက အမျိုးသမီးဆီမှာပဲ၊ ဒါပေမယ့် အမျိုးသမီးကတော့ ရွာမှာ မရှိတော့ဘူးဗျ၊ ရန်ကုန်ဘက်ကို တက်သွားတယ်လို့ သတင်းသဲ့သဲ့ ရခဲ့တယ်”

“ဟေ … ဒါဆို ပိုက်ကွန်ရှိတာ တည့်တည့်ကြီး လာတိုးသလို နေမှာပေါ့ကွ”

ဟူ၍ ဦးခိုင် ဆိုသူမှ သဘောကျသော အမူအယာဖြင့် ပြောလိုက်လေရာ ၎င်း၏ ဘေးတွင်ရှိနေသော လူထွားကြီးမှ “ပိုက်ကွန်ရှိတာ လာတိုးတာတော့ မှန်တယ်၊ ဒါပေမယ့် ကျုပ်တို့ဘက်က ရန်ကုန်မြို့မှာ ပိုက်စိပ်တိုက်ပြီး ရှာမှ ရလိမ့်မယ်” ဟူ၍ ပြောလိုက်လေ၏။

“ဦးကြောင်ကြီး ပြောတာ ဟုတ်တယ်၊ အဲ့ဒီလို ပိုက်စိပ်တိုက်ပြီး ရှာဖို့ ဦးကြောင်ကြီးက တာဝန်ယူမှာလား”

ဟူ၍ မောင်အောင်ပု ဆိုသူမှ မေးလေရာ ဦးကြောင်ကြီး ဆိုသူမှာ မောင်အောင်ပုအား ပြုံးစစ မျက်နှာထားဖြင့် ကြည့်လိုက်လေ၏။ ၎င်း၏ အကြည့်ထဲတွင် “ကျုပ်နဲ့ ဦးခိုင်ကတော့ဖြင့် တာဝန်ကျေပြီ၊ မောင်အောင်ပုကတော့ဖြင့် တာဝန်ကျေအောင် မဆောင်ရွက်နိုင်ခဲ့ပါလား၊ ကိုယ့်လူ တယ်ညံ့သကိုး” ဟူသော အဓိပ္ပါယ်များ ပါဝင်နေသည်ကို တွေ့ရလေ၏။

ထိုအခါ မောင်အောင်ပု ဆိုသူမှ “ဒီမယ် ဦးကြောင်ကြီး၊ ခင်ဗျား ကျုပ်ကို အဲ့ဒီလို အကြည့်နဲ့ မကြည့်ပါနဲ့၊ ကျုပ် တာဝန်ယူထားတဲ့ကိစ္စ ကျုပ်ဟာကျုပ်ပဲ ရှင်းမယ်” ဟူ၍ ဒေါသ သံဖြင့် ပြောလိုက်လေ၏။

ထိုအခါတွင် ဦးကြောင်ကြီးမှ “ကိုယ့်လူရေ၊ ရန်ကုန်မြို့ ပိုက်စိပ်တိုက် ရှာဖို့ဆိုရင် ကြည့်မြင်တိုင်ဘက်ကို အရင်သွားရှာဗျို့၊ အဲ့ဒီဘက်မှာ ရတနာသိုက် နှိုက်ချင်နေတဲ့လူတွေ ရှိသဗျ၊ အဲ့ဒီလူတွေကို ပေါ့သေးသေးတော့ သွားမတွက်လေနဲ့နော်၊ အမှားကြီး မှားသွားမယ်” ဟူ၍ ပြောလေရာ မောင်အောင်ပု ဆိုသူမှ မည်သို့မျှ ပြန်လည် ပြောဆိုခြင်း မရှိဘဲ စဉ်းစားသကဲ့သို့ ရှိနေလေ၏။

“ဦးကြောင်ကြီး ပြောတဲ့ ရတနာသိုက်ကို နှိုက်ချင်နေတဲ့လူတွေ ကြည့်မြင်တိုင် ဘက်မှာ ရှိတယ်ဆိုတာ ဟုတ်စ”

“ဟုတ်တယ် ကိုခိုင်၊ သူတို့တွေက ကျုပ်ကိုတောင် တစ်ပတ်ရိုက်ခဲ့တဲ့ ကောင်တွေပေါ့ဗျာ”

“ဘယ်လိုများတုန်းဗျ”

“ဘယ်လိုက အရေးမကြီးဘူး ကိုခိုင်၊ ကျုပ်တို့ အနေနဲ့ ခုအချိန်မှာ ကြည့်မြင်တိုင်ဘက် ပိုက်စိပ်တိုက်ပြီး ရှာဖို့က ပိုအရေးကြီးတယ်၊ ကျုပ် အထင်တော့ဖြင့် အဲဒီအမျိုးသမီးဆီကို ကြည့်မြင်တိုင် အုပ်စုက မောင်အောင်ပု အရင် ရောက်နှင့် နေလိမ့်မယ် ထင်တယ်၊ ဒါကြောင့် မောင်အောင်ပု မရခဲ့တာပေါ့ဗျာ၊ မောင်အောင်ပု ကြားခဲ့ရတဲ့ သတင်းအရဆိုရင် အဲဒီအုပ်စုက အမျိုးသမီးကို သူတို့ဆီ ခေါ်လာလိမ့်မယ်ဗျို့”

ဟူ၍ ပြောလိုက်လေရာ မောင်အောင်ပု ဆိုသူမှ “ဒီတစ်ခါ ဆွဲပြားပါမလာရင် ကျုပ်ပြန်မလာဘူး” ဟူ၍ ပြောပြီးနောက် အိမ်ကြီးအတွင်းမှ ထွက်သွားလေတော့၏။

X X X X X X X X

လုလေပြီ

တစ်နေ့သ၌ ကြည့်မြင်တိုင် မြို့နယ်အတွင်းရှိ လူအတန်ငယ်ရှင်းသော လမ်းကလေးပေါ်တွင် အမျိုးသမီးနှစ်ယောက် လျှောက်လှမ်းလာသည်ကို တွေ့ရလေ၏။ ၎င်းတို့နှစ်ယောက်သည် ဆွဲခြင်းတောင်းကိုယ်စီ လက်မှာ ကိုင်ဆွဲလျှက် ရှိကြသည်ကို ထောက်ဆသဖြင့် ဈေးဝယ်၍ ပြန်လာသူများဟူ၍ ခန့်မှန်းမိလေ၏။

၎င်းတို့ နှစ်ယောက်သည် စကားပြောလျှက် လျှောက်လာလာခဲ့ကြရာ တစ်နေရာအရောက်တွင်မူ “ဒီလိုပုန်းလို့ ဘယ်ရမတုံး” ဟူသော အသံနှင့်အတူ ကတုံးပြောင်ပြောင်နှင့် လူထွားကြီးတစ်ယောက်ကိုလည်း တွေ့မြင်လို်က်ရလေ၏။

ထိုအခါ အမျိုးသမီးနှစ်ယောက်အနက် အသက်ကြီးဟန်တူသော အမျိုးသမီးမှ ကတုံးပြောင်ပြောင်နှင့် လူထွားကြီးအား “အော် … ဘယ်သူလဲမှတ်တယ်၊ ဆွဲကြိုးကို မရောင်းလို့ ဓါးမြလာတိုက်ခဲ့တဲ့ မောင်ရင်ပဲ” ဟူ၍ ပြောလိုက်လေ၏။

“ခင်ဗျားရဲ့ ဆွဲကြီးကို ဓါးမြလာတိုက်တဲ့ထဲမှာ ကျုပ်မပါပါဘူးနော့၊ ကျုပ်က လာပြီး ဝယ်ရုံတင် ဝယ်ခဲ့တာပါ၊ အခုလည်း ဝယ်ချင်ပါတယ်၊ တစ်သောင်းပေးမယ်၊ ရောင်းပါ”

“အရီး အနေနဲ့ကတော့ ဘယ်လိုနည်းနဲ့မှ မရောင်းနိုင်ပါဘူး”

“မရောင်းရင်လည်း ခုပဲ လုရလိမ့်မယ်ဗျို့” ဟူ၍ ပြောပြောဆိုဆို ကတုံးပြောင်ပြောင်နှင့် လူထွားကြီးမှာ အမျိုးသမီး နှစ်ယောက်၏ အနီးသို့ တိုးကပ်လာလေ၏။ ပြီးနောက် အမျိုးသမီးလည်တွင် ဆွဲထားသော ဆွဲပြားအား လှမ်း၍ ယူလေ၏။ သို့ရာတွင်မူ အမျိုးသမီးမှ လက်အား ပုတ်ချလိုက်လေ၏။

“အော် … ခင်ဗျားက လွယ်လွယ်နဲ့ မပေးချင်တော့လည်း …” ဟူ၍ ဆိုကာ ၎င်း၏ ခါးကြားအတွင်းမှ ဓါးမြှောင်တစ်လက်အား ထုတ်ယူလိုက်လေ၏။ ထိုအခိုက်တွင် အခြားသော ယောက်ျား ငါးယောက်ခန့်မှာ ပုန်းအောင်းနေရာမှ အသီးသီး ထွက်လာပြီးလျှင် အမျိုးသမီးနှစ်ယောက် ချုပ်လေ၏။ အမျိုးသမီးကြီးမှာ စွမ်းသလောက် ခုခံနေသေးသော်လည်း အဆုံးတွင်မူ အားမမျှ၍ အလျှော့ပေးလိုက်ရလေ၏။

ကတုံးပြောင်ပြောင်နှင့် လူထွားကြီးမှာ သူ့လူများက ချုပ်ထားသော အမျိုးသမီးကြီးသို့ လျှောက်လှမ်းလာပြီးနောက် အမျိုးသမီးကြီး၏ လည်တွင် ဆွဲထားသော မိုးကြိုးသွားသဏ္ဍာန် ဆွဲပြားလေးအား ၎င်း၏ လက်တွင် ကိုင်ဆောင်ထားသော ဓါးဖြင့် ဖြတ်ကာ ယူလိုက်လေ၏။ ထိုအခါ အမျိုးသမီးကြီးမှာ ကတုံးပြောင်ပြောင်နှင့် လူထွားကြီး၏ မျက်နှာအား တံတွေးဖြင့် ထွေးလိုက်လေ၏။

လူထွားကြီးမှာ တံတွေးများအား ၎င်း၏ လက်ဖမိုးဖြင့် သုတ်လိုက်ပြီးနောက် မခိုးမခန့် အမူအယာဖြင့် အမျိုးသမီးကြီးအား တစ်ချက်ကြည့်လိုက်ပြီး “ခင်ဗျားကိုတော့ဖြင့် ဘာမှ မလုပ်ပါဘူး၊ ဟောဒီက ခင်ဗျားရဲ့ မြေးလေးလား၊ သမီးလေးလား ..၊ သူ့ကိုတော့ဖြင့် ပျော်တော်ဆက်ဖို့ ခေါ်သွားရလိမ့်မယ်” ဟူ၍ ပြောပြောဆိုဆို အမျိုးသမီးလေး၏ ပါးပြင်အား ပွတ်သပ်လိုက်လေ၏။

ထိုအခိုက်တွင် လူလေးယောက်တို့သည် ၎င်းတို့ရှိရာဆီသို့ ပြေးလာသည်ကို တွေ့လိုက်ရလေ၏။ ကတုံးပြောင်ပြောင်နှင့် လူထွားကြီးသည် ၎င်း၏ လူများအား “ဟေ့ကောင်တွေ ဟိုကောင် လေးယောက်ကိုပါ အပြတ်ရှင်းခဲ့လိုက်” ဟူ၍ ပြောဆိုလိုက်ပြီးနောက် ၎င်းကမူ အမျိုးသမီးထံမှ ရသော ဆွဲပြားကို ဆုပ်ကိုင်လျှက် ပြေးထွက်သွားလေတော့၏။

ပြေးလာသော လူလေးယောက် ရောက်သောအခါတွင် လူထွားကြီး၏ လူများမှာ အမျိုးသမီးနှစ်ဦးအား လွှတ်ပြီးနောက် လူလေးယောက်နှင့် တိုက်ခိုက်ကြလေ၏။ အဆုံးတွင်မူ လူထွားကြီး၏ လူများမှာ လူလေးယောက်၏ တိုက်ကွက်များအောက်၌ မှောက်သွားခဲ့ကြလေ၏။

အဆိုပါ လူလေးယောက်သည် ထွက်ပြေးသွားသော လူထွားကြီးနောက်သို့ ဆက်လိုက်ခြင်း မပြုတော့ဘဲ အမျိုးသမီးနှစ်ယောက်အား နှစ်သိမ့်ကာ ၎င်းတို့၏ အိမ်ကြီးဆီသို့ ပြန်လာခဲ့ကြလေတော့၏။

X X X X X X X X

 

ကြိုးစားလျှက်
အံစာတုံး

30 comments

  • ဥဥ

    July 30, 2012 at 1:33 pm

    အဟမ်း …. ဟမ်း…. ဟမ်း ချောင်းဟန့်သံကော်ပီ 😆

  • Khaing Khaing

    July 30, 2012 at 1:50 pm

    အမလေးလေးတွားပါပီ တွားပါပီ ……. ယောက်မလေးက မိဂီနောက်ကိုပါတွားပီ ……. တိုတိုဂီ အစကပြောတော့ ယောက်မလေးကို ညီမလေးကိုခြစ်တာပါချို ….. ခုတော့ ခုတော့ ရက်စက်လိုက်တာ ….

    • pan pan chit

      July 30, 2012 at 2:02 pm

      ကိုကိုဂီလေ…သများကိုခေါ်သွားဘီ ယောင်းမ မမခိုင်လေးရေ့
      အဟင့်င့်
      ဒီဘွတော့ဖြင့် မမခိုင်ကို ယောင်းမ မတော်ရလော့ဝူးပေ့ါနော် 😛
      အစ်…..အစ်

      • Khaing Khaing

        July 30, 2012 at 2:12 pm

        ခရီးရောက်မဆိုက် ချက်ခြင်းကို ရည်းစားစကားပြောတော့တာပဲ ……. ယောက်မလေးရေ မခြစ်နဲ့ သိလား အဲဒီတိုတိုဂီကို (အဲမေ့သွားလို့ တိုတိုဂီလို့မခေါ်ရဝူးတဲ့) မယ်မယ်ဂီလို့ပဲခေါ်တော့မယ်နော် …

      • Foreign Resident

        July 30, 2012 at 2:16 pm

        အင်း ဒီလို ဇတ်ကွက်မျိုးရဖို့ ၊
        ဦးအံဇာကို မောင်ဂီ ဘယ်လောက်တောင် ၊
        လာဘ် ထိုးလိုက်ရမယ် မသိ ။ 😛

      • ကြောင်ဝတုတ်

        July 31, 2012 at 11:38 am

        မောင်ဂီက အငြိမ့်ထောင်စားနေတယ်တဲ့…
        နောက်ကွယ်ဈေးကွက်က ဘာလဲမသိ… သူက မားကက်တာဆိုတော့ ဈေးကွက်တွေမြင်ပါ့…
        မင်းသမီးရေ… သတိတော့ထားကွယ့်….

  • မွန်မွန်

    July 30, 2012 at 1:53 pm

    လူထွားကြီးနှစ်ယောက် ထွက်သွားသည့်အခါတွင် လူရွယ်မှာ မိန်းမပျိုလေးဘက်သို့ လှည့်ကာ မိန်းမပျိုလေး၏ နုပျိုဝင်းပနေသော မျက်နှာလေးအား ငေးမော၍ ကြည့်ရှုနေလေ၏။ ထိုအခါ မိန်းမပျိုလေးမှာ ရှက်သွားသည့်ဟန်ဖြင့် ကော့ညွှန်နေသော မျက်လွှာအစုံအား ချလိုက်လေ၏။

    “အကိုဂီ ကလည်း ဘာလို့ အဲ့ဒီလောက်တောင် ကြည့်နေရတာလဲ”

    “မတွေ့တာ ကြာတော့ ပန်ပန်က ပိုလှလာသလိုပဲကွယ်၊ ပန်ပန်ကို အကိုဂီ ချစ်တယ်ကွယ်”

    “အာ .. အကိုဂီ ကလည်း ဘာမှန်းလည်း မသိဘူး၊ ရှက်စရာကြီး”

    ဟီး…MD ကိုရှေ့တည့်တည့်ထားပြီး ဖတ်နေရင်းက မနည်းကို မျက်နှာပိုးသတ်ရတာ… မျက်လုံးတောင်ပြူးထွက်သွားသလိုပဲ…. ရယ်သံက မျက်လုံးက ထွက်သွားတာ..အဟီး…

  • pan pan chit

    July 30, 2012 at 2:12 pm

    အူးအံဇာ
    အနော့်ရဲ့ အခန်းတုန်းကလေ
    အနော်တော့ တော်တော်မျက်နှာပိုးသတ်နေရတယ်
    ခုံအောက်ကို ခေါင်းငုံပြီးရယ်နေရတယ်ဗျို့
    ပြီးတော့ ဝတ္ထုဖတ်ရင် စိတ်ထဲကပါပုံဖော်တတ်တာလေ
    ခုတော့ တွေးပြီးမြင်ယောင်ကြည့်တာ ရင်တွေပန်တွေတုန်လို့
    ဒါပေမယ့် ကိုကိုဂီကိုတော့ဖြင့် ရင်မခုန်နိုင်ဘာာာာာာ :mrgreen: 😆
    ဒါနဲ့ အရီးကသိုင်းတတ်မယ်မှတ်တာ
    ပြန်ချပစ်တော့မယ်ပေ့ါ
    ပြီးတော့ ကိုရင်မောင့်ညီမလေး မရွှေကြည် ပါသွားပြီမှတ်တာ
    တော်သေးးးးးးးးး 😀

    • Khaing Khaing

      July 30, 2012 at 3:10 pm

      ပျော်နေတာ ပျော်နေတာ ယောက်မလေးက အပြင်မှာမရပေမယ့် စာထဲမှာတော့ ဘဲဘဲရလိုက်တာ ဆိုတော့ …… ခစ်ခစ်ခစ် 🙂 🙂 🙂 အထင်ကြီးသောရယ်သံ

      • pan pan chit

        July 30, 2012 at 4:56 pm

        အာာ….
        အချင်းချင်းကို ကပ်ဖဲ့နေပ့ါလား
        သူ့အားကိုးရမလားမှတ်တယ်
        အေးပေါ့လေ…သူကတွဲလောင်းနဲ့ဆိုတော့ ပြောရရှိပေမပေ့ါ
        အဲ့….မမခိုင်လေးမှာ ခုရွေးချယ်ခွင့်ဆိုတာ မရှိတော့ဘူးနော်
        အနော့်မှာသာ ရွေးချယ်ခွင့်အပြည့်
        ယူမလား….မယူဘူးလား…. 😆

        • Khaing Khaing

          July 30, 2012 at 5:05 pm

          အို ယောက်မလေး ဘာတွေပြောနေတာလဲ …. မမခိုင်ကရွေးချယ်ခွင့်မရှိတာမဟုတ်ပါဘူး … မရွေးချယ်တော့တာပါ … အပျိုကြီးဘဝနဲ့ပဲ အရိုးထုတ်တော့မယ်ကွယ် … ရတာမလို လိုတာမရတဲ့ အပျိုကြီးတော့မဟုတ်ပါ ……. မလိုချင်လို့ကို အေးအေးဆေးဆေးနေနေတဲ့ အပျိုကြီး စစ်စစ်ကြီးပါ ……..

        • Solid_Sn@ke

          July 31, 2012 at 2:30 pm

          ဂုမှတော့ ရှက်မနေပါနဲ့ဒေါ့ ခြစ်…
          😳

  • ဥဥ

    July 30, 2012 at 4:15 pm

    ချရာဂျီး မဟာရာဂျာ အံဂျာဒုံး ခညား
    အဟမ်း ….. ဟမ်း…ဟမ်း.. (သတိပေးချောင်းဟန့်သံ) 😀
    စောင့်နေရဒါ ကြာဘီနော် ဟွင်းဟွင်း

    • မဟာရာဇာ အံစာတုံး

      July 30, 2012 at 4:19 pm

      သိဘာဒယ်အေ ..
      ဘော်ဘော်ချင်း ချန်ထားဘာဘူး ..
      ညည်းဂလည်း …
      နောက်တစ်ပိုင်းမှာပေါ့ … 😀

      • Khaing Khaing

        July 30, 2012 at 4:28 pm

        အမကိုတော့ သားသားဇာတ်လမ်းတွဲမှာမသုံးနဲ့နော် မမက အပျိုကြီးဆိုဒေ့ါရှက်တတ်တယ် … သူများတွေတစ်မျိုးမြင်သွားမှာကို မလိုလားဘူး …..:) 🙂 🙂

        • မဟာရာဇာ အံစာတုံး

          July 30, 2012 at 4:31 pm

          မမခိုင် အပျိုဂျီး …
          အပျိုဂျီး မမခိုင် … ဟီဟိ ..
          အပျိုဂျီးဒဲ့ … 😀

        • ပင်လယ် ပျော်

          July 30, 2012 at 9:04 pm

          ဪ..ကြီးဒေါ်က ရရစ်ကြီးကနေ ရပင်းပြန်ဖြစ်ချင်လို့လား ……….

        • ဥဥ

          July 31, 2012 at 9:10 am

          ဟဲ့ဟဲ့ ချရာအံဂျာဒုံး မမခိုင်က အာပျိုဂျီးဟဲ့ အာပျိုဂျီး :mrgreen:

  • MaMa

    July 30, 2012 at 4:33 pm

    ဘယ်တုန်းက စိတ်နာချက်တွေ အံထွက်လာတယ်မသိ။
    မောင်ဂီ့ဘွ အငြိမ့်မှာ တောက်တိုမရ လုပ်ရရှာတယ်။ :mrgreen:

  • အလင်းဆက်

    July 30, 2012 at 6:37 pm

    အံစာတုံး..ရေ..
    ဆက်ပါဦး…။

    ဆက်ဆက်လည်း..စောင့် စောင့်…ပြီး..ဆက်တာတွေ..ကို…ဆက်ဆက်…ဖတ်နေပါဒယ်….

  • မောင်ပေ

    July 30, 2012 at 8:56 pm

    ကိုအောင်ပု ကို ဖော်ထားတဲ့ ဇါတ်ရုပ်ကိုဖတ်လိုက်ရတော့ မပြုံးပဲ မနေနိုင်ဘူး
    အရီးခင်လတ် က သိုင်းပြောင်းပြန်တွေနဲ ့များ ပြန်ချတော့မလား မှတ်တာ… ဟီဟိ

  • အရီးခင်လတ်

    July 30, 2012 at 9:27 pm

    အားရပါးရ ရီ ပြီး ဖတ်သွားပါတယ်။ 😆

    အရင် Post မှာတုန်း က ဖရဲ ကို အဲဒီ ဆွဲကြိုး ပေးပြီးပြီ လေဟယ်။
    ဘိုလိုဖစ် ပြီး အရီး ဆီမှာ ကျန်နေတာတုန်း။

    ကတုံးပြောင်ပြောင်နှင့် လူထွားကြီး ကိုပု ရေ – တံတွေးဖြင့် တမင် ထွေးလိုက်တာ မဟုတ်ပါ။
    ကွမ်းဝါးရင်း ဘယ်နား ထွေးရမယ် မသိလို့။ 😉

    • မဟာရာဇာ အံစာတုံး

      July 30, 2012 at 9:33 pm

      အရီးရေ ..
      ဆွဲကြိုးက ခရီးထွက်ရင်
      ဖရဲသီး ကို ဆွဲပေးလိုက်မယ်လို့ပဲ ပြောခဲ့တာပါ ခင်ဗျ ..
      အဲ့ဒါကြောင့် ဖရီးသီးဆီ ဆွဲကြိုး မရောက်ခင် အလုခံလိုက်ရတာပါ ..

      ဆွဲကြိုး အလု မခံရရင်လည်း
      ဇာတ်လမ်းက ဆက်ဖို့ မလွယ်လို့ အလုခံလိုက်ရတာ ..
      အရီး ဖိုက်တင် ပလေးတဲ့ အကွက်တွေ ထည့်လိုက်မလို့ဟာပဲ …
      တော်ကြာ .. အရီးဆီ တပည့်ခံပြီး သိုင်းလာသင်တဲ့ လူဒွေ ဟောတစ်ယောက် ဟောတစ်ယောက် ရောက်လာခဲ့ရင်ဖြင့် ..
      တို့အရီး စိတ်ညစ်သွားမှာ စိုးလို့ ချန်ခဲ့ဒါ .. 😀 😀

      • မိုက်ကယ်ဂျော်နီအောင်ပု

        July 30, 2012 at 11:04 pm

        အဲ့ဒါ ကျုပ်ပြောမလို့ ပြောမလို့ 👿
        အဲ့သည် ဆွဲဗျားဂျီး အတုဂျီးဗျ
        ကျုပ်
        ကောင်မလေးဂို ပွဲကြမ်းတဲ့အခမ်းလေး အပီရေးဗျာ
        တွေ့တိုင်း လဖက်ရေတိုက်မယ်

  • ကြောင်ကြီး

    July 31, 2012 at 7:18 am

    ဦးခိုင် ခင်ဗျားဖာသာ ရတနာသိုက် ဆက်ရှာပေတော့။ ကျုပ် ပန်ပန်လေးကို မောင်ဂီ့လက်ထဲ ထားခဲ့ရတာ စိတ်မဖြောင့်ဘူး။ အချိန်မနှောင်းခင် သွားချောင်း မှားလို့ ….. သွားစောင့်ကြည့်လိုက်အုံးမယ်။ ပန်လေးရေ ဦးကြောင်လာပြီး ဒက်ကလုပ် ဒက်ကလုပ် ဒက်ကလုပ်…။ 😛

  • surmi

    July 31, 2012 at 10:02 am

    ကျုပ်အပါအဝင် ပရိတ်သပ်များဖတ်ဖို ့စောင် ့နေတယ်ဗျို ့
    အကြာကြီင်္း ပစ်မထားနဲ ့နော
    မနက်မနက် ထထကြည် ့ရတာအမော

  • shwe kyi

    July 31, 2012 at 10:17 am

    အရီးနဲ့ရွှေကြည်တို့ကရဲတင်းလွန်းရာမကျဘူးလားကိုအံစာရယ် သတိနဲ့နေရမယ့်အချိန်လေဗျာ။
    ဟိုလေးယောက်ထဲကတစ်ယောက်လောက်တော့ပါသင့်တယ်ထင်တယ်။
    လူအများနဲ့ မို့လက်လျှော့ပြီးဆွဲပြားကိုအဆုံးရှုံးခံလိုက်ပြီးကိုယ်လွတ်ရုန်းပြေးကြတယ်ဆိုပိုကောင်းမှာ။
    အိမ်ရောက်မှကျန်သုံးယောက်ကသိ ဒေါသတွေထွက်ပြီးခရီးစဉ်ကိုပိုလုံခြုံစိတ်ချရအောင်တိုင်ပင်ရေးဆွဲ။ စာရေးဆရာကိုဆရာလုပ်တာ အဟဲ။ ဆွေးနွေးကြည့်တာပါနော။
    ဆက်ပါဦးနော်။

  • manawphyulay

    July 31, 2012 at 2:38 pm

    မောင်ဂီတို့ကတော့ ရွာထဲက ညီမတောင် မရှောင် လုပ်ရက်လိုက်တာ…. ရွှေကြည်တို့တူအရီးလည်း လူပြတ်တဲ့နေရာ မသွားနဲ့ပြောတာကို သွားတာကိုးလို့…

  • မိုးတိမ်

    July 31, 2012 at 7:36 pm

    အဟမ်း အဟမ်း……
    လူကြမ်းလုပ်ချင်နေဘီနော်။ကော်နက်ရှင်မကောင်းပါဘူးဆိုမှ သူကလဲဇွတ်။

  • marblecommet

    August 1, 2012 at 3:45 am

    ကျုပ်တို့လည်း မျှော်တော်ဇော်နဲ့ မောလှပါပြီကောကွယ်…..အာဟင့်…

Leave a Reply