***အချိုပေါ့ ***
***…အချိုပေါ့ … ***
ရက်စက်ခြင်း ရဲ့ ….
အစွန်းအထင်း မှာ
ဖြူစင်ခြင်း …. ဟာ
ပွဲထွက်ခွင့် မရတော့ ….
ချောင်ကျကျ ….
ထောင့်တစ်နေရာ .. စားပွဲ ထက်မှာ …
ခေါက်ရိုး အချိုးခံထားရတဲ့ …
စကားလုံး အပိုင်းအပျက် တွေ ..လည်း
အပျိုရည် ပျက်သလို …
ထထ ငိုကြ …
ကာရန် ပါတာနဲ ့ …
ကဗျာတစ်ပုဒ် …. မဖြစ်နိုင်သလို
ရစ်သမ် ချို ရုံ နဲ ့လည်း ….
ကဗျာ လို ့ မဆိုလို ..တော့
အဲဒီလို ….
အကြောင်းအရာ တွေဟာ ….
ပေါ့ပျက်ပျက် နဲ ့ …
ဘယ်သူ ကမှ ..
အရေးတယူ မလုပ်တော့တဲ့ …
လက်ကိုင်ပုဝါ အဖြူလေး .. ရယ်
လွမ်းတယ် …..
အိပ်မက် တွေထဲ ဘဲ . ..
ပန်းတွေ ကို … ပွင့်ပွင့် ထည့်နေရ ..
နောင်တ အရင့်ရောင် တွေ …နဲ ့
လျှော်ဖွတ် ခဲ့ရလည်း ..
လက်ကိုင် ပုဝါလေးက …
နဂို လောက်တော့ …
ပြန်ဖြူလာမှာ … မဟုတ်တော့ဘူး …။။။
5 comments
sanhla phyu
July 30, 2012 at 12:36 pm
အိုကီ ရှိတယ် လေ ကဗျာ ဆရာ
cherry nwe
July 30, 2012 at 12:45 pm
ကဗျာလေးကအရမ်းကောင်းတယ် ကူးယူပါရစေနော်
မမ အညာသူ
July 30, 2012 at 1:16 pm
ကဗျာလေးကိုအားပေးဖတ်ရှု.သွားပါတယ်
အရမ်းကောင်းပါတယ်နော်
သန်းထွဋ်ဦး
July 30, 2012 at 10:06 pm
ပုဝါပါးပါး လေးလဲစွန်းမှာစိုးးးးးး
ko khin kha
July 31, 2012 at 1:48 pm
လျှော်ဖွတ် ခဲ့ရလည်း ..
လက်ကိုင် ပုဝါလေးက …
နဂို လောက်တော့ …
ပြန်ဖြူလာမှာ … မဟုတ်တော့ဘူး …။။။
sanhla phyu ပြောသလို အိုကီ ရှိတယ်လေ။