ဩစီတောသားတွေ
တစ်မြို ့လုံးက တိတ်ဆိတ်လို ့။ လမ်းသွားလမ်းလာလည်းမရှိဘူး။ အကုန်လုံးသူ ့အလုပ်နဲ ့သူဆိုတော့ ကျနော်နေတဲ့ မြို ့လေးဟာ အရမ်းကို တိတ်ဆိတ်လှပါတယ်။ စကားပြောဖော်တောင်မရှိလို ့အင်တာနက်ပေါ်ကနေပဲ အပျင်းဖြေရပါတယ်။
အိမ်ရှေ ့မှာလည်း တောတောင်ထူထပ်တဲ့မြင်ကွင်းတော့
လူတိုင်းသူ ့အလုပ်နဲ ့သူဆိုတော့ တခါတလေလည်း အလုပ်မရှိတဲ့လူတွေအတွက် အရမ်းပျင်းစရာကောင်းတယ်။
အလုပ်နားတဲ့ရက်တွေဆိုရင် ကျနော်တို ့တစ်တွေ သားပိုက်ကောင်နဲ ့သစ်ကုလားအုပ်တွေကို ပစ်ဖို ့အမဲလိုက်ထွက်ကြတယ်။ တချို ့ကြတော့ Metal Detector လို ့ခေါ်တဲ့ မိုင်းရှာစက် (သို ့) ရွှေရှာတဲ့စက်နဲ ့ တောထဲကိုထွက်ပြီး ရွှေရှာ၊ အမဲလိုက်ကြတယ်။ တစ်နေတော့ သူငယ်ချင်းတစ်ယောက်က ၃၂-ဂရမ်လောက်ရှိတဲ့ Gold Nugget လို ့ခေါ်တဲ့ ရွှေတုံးလေးတစ်ခုရတယ်။ ရောင်းလိုက်တာ ဒေါ်လာ ရှစ်သောင်းကျော်လောက်ရတယ်ထင်တယ်။
သားပိုက်ကောင်ရတဲ့လူတွေက သူတို ့စားဖို ့အတွက် မဟုတ်ပါဘူး။ အိမ်မှာမွေးထားတဲ့ ခွေးတွေကို ကျွေးတာပါ။ နောက်ပြီး သစ်ကုလားအုတ်ရရင်တော့ အသားတွေကို ကျိတ်ပြီး မြို ့ထဲက သူငယ်ချင်းတွေကို ဝေပေးလေ့ရှိတယ်။
ဌာနေတိုင်းရင်းသားတွေက သားပိုက်ကောင်ရရင် တစ်ကောင်းလုံးကို ဆယ်ခြမ်းလောက်ခွဲပြီး မိဘဆွေမျိူးသူငယ်ချင်းတွေကို သူတို ့ထုံးစံအရ ဝေပေးရတယ်။ ဥပမာ ပေါင်သားဆိုရင် အမေ့အတွက်။ ဗိုက်သားဆိုရင် ခလေးတွေအတွက် ဆိုတဲ့ သူတို ့ရိုးရာအတိုင်း စားရတယ်။ အဲလိုမှမလုပ်ရင် ဘုရားမကြိုက်ဘူးဆိုတဲ့အယူရှိတယ်။
ဌာနေတိုင်းရင်းသားတွေဟာ တောထဲမှာ ရေမပါပဲ နေလို ့ရတယ်။ ဘယ်နေရာမှာ ရေရှိလဲဆိုတာကို သူတို ့ကောင်းကောင်းသိတယ်။ ကျောက်တုံးကျောက်ခဲတွေက သူတို ့ရဲ ့လက်နက်ပဲ။ သူတို ့မှာဓားလည်းမရှိဘူး။ ဒါပေမဲ့ ကျောက်သားတွေကို ဖဲ့ယူပြီး၊ မြေကြီးနဲ ့မီးဖုတ်လိုက်ရင် မြေကြီးက ကော်အဖြစ်အသွင်ပြောင်းသွားပြီး ကျောက်ဖဲ့နဲ ့ဓားကို ဖန်တီးလိုက်တော့ အင်မတန်စိတ်ဝင်စားဖို ့ကောင်းတယ်။
နောက်ပြီး သူတို ့မှာ ထူးခြားချက်က အသားပဲစားတယ်။ အသီးအရွက်မစားကြဘူး။ တနေ ့တော့ ကျနော်က သူတို ့ကားတစ်စီးတောထဲမှာ စက်ပြတ်နေလို ့ကူညီပေးတယ်။
မိုးကလည်းရွာ၊ အေးကလည်းအေးတော့ သူတို ့ကိုကြည့်ပြီးသနားတယ်။ ဒါနဲ ့ကျနော့်မှာပါလာတဲ့ထမင်းဘူးကို သူတို ့ကိုကျွေးတော့ မစားဘူး။ ဘာ့ကြောင့်လဲဆိုတော့ အသားမပါလို ့တဲ့။ အသားပဲ ပစ်ကြွေးရတော့မလို။
တောထဲက ဌာနေတိုင်းရင်းသားအများစုက ကားလမ်းပေါ်မှာ ကားမမောင်းဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူတို ့မှာ လိုင်စင်လည်းမရှိသလို၊ကားနံပါတ်ပြား Registration လည်းမရှိတော့ တောထဲမှာပဲ မောင်းတယ်။ ဒီလိုမောင်းရင် ရဲက အရေးယူလို ့မရဘူး။ သူတို ့တွေဟာ လမ်းအတော်ကျွမ်းတယ်။ ကူညီတယ်။ ဗမာပြည်ကိုသိလားလို ့မေးတော့ ဘယ်နေရာမှာလဲလို ့ပြန်မေးတဲ့ ဌာနေတိုင်းရင်းသားတွေများတယ်။ ရေလည်းမချိုးဘူး။ ဒါပေမဲ့သူတို ့က အရမ်းကို ဖော်ရွေတာတော့ အသိအမှတ်ပြုရပါ့မယ်။
လွန်ခဲ့တဲ့နှစ်ပေါင်းငါးထောင်လောက်တုန်းက ဩစတျေးလျတိုက်နဲ ့အိန္ဒိယတိုက်နှစ်ခုက ဆက်လျှက်ပဲ။ နှစ်ပေါင်းကြာလာတော့ ကွဲလာပြီး ဩစီလို ့ဖြစ်သွားပါတယ်။ ဒါ့ကြောင့် ဩစတျေးလျဌာနေတိုင်းရင်းသားနဲ ့အိန္ဒိယက ကုလားတွေနဲ ့က အမျိူးချင်းတူတယ်လို ့ဆိုလို ့ရတယ်။ ဒါ့ကြောင့်မြန်မာတွေက သူတို ့ကို မျောက်ကုလားလို ့ခေါ်တာဖြစ်မယ်။ မျက်နှာကလည်းမျောက်နဲ ့တူတယ်။အသားအရည်ကလည်း ကုလားတွေလိုပဲ။
ဩစတျေးလျနိုင်ငံကတောထဲမှာ နေပူရင် နှာခေါင်းသွေးလျှံတယ်။ လေထဲမှာ ရေငွေ ့သိတ်မရှိဘူး။ ပြီးတော့ ဆောင်းရာသီဆိုရင် အသားအရည်တွေပတ်ကွဲလာတယ်။ စပ်ဖျင်းဖျင်းအမြဲတမ်းဖြစ်တယ်။
မြို ့ကို ရွှေတွေ ့တဲ့ နေရာပေါ်မှာ မှုတည်ပြီး တည်ထားပါတယ်။ အကယ်၍ရွှေကုန်တဲ့ နေ ့မှာတော့ အဲဒိမြို ့လည်းပျက်ပါတယ်။ ဒါ့ကြောင့် Ghost Town လို ့ခေါ်တဲ့ မြို ့ပျက်တွေ ကျနော်တို ့ရွာနားမှာ အများကြီးပဲ။ ကျနော်နေတဲ့ ရွာလည်း နောင်နှစ်ပေါင်း ၂၀-လောက်ဆိုရင် ပျက်မှာပဲလို ့ပြောကြပါတယ်။
တောထဲကလူတွေဟာ အများအားဖြင့် မြို ့ထဲက လူတွေထက်ပိုက်ဆံပိုရပါတယ်။ လစာလည်းပိုရတယ်။ နောက်ဆုံး အခွန်ကိုလည်း အစိုးရက နည်းနည်းပဲကောက်တယ်။ ဘာ့ကြောင့်လဲဆိုတော့ တောထဲကလူတွေဟာ အစားအသောက်ကို ဈေးကြီးကြီးပေးဝယ်ရတယ်။ နောက်ပြီး အနစ်နာခံ(Scarify) ရတယ်။ ဆိုလိုချက်က မြို ့ထဲက လူတွေပျော်နေချိန်မှာ ကျနော်တို ့က မပျော်ရဘူး။
ရွာထဲမှာ ဆရာဝန်တစ်ယောက်ပဲရှိတယ်။ ဈေးဆိုင်တစ်ခုပဲရှိတယ်။ အရက်ဆိုင်တစ်ခုပဲရှိတယ်။ ဈေးနှုံးက မြို ့ထဲထက် နှစ်ဆဈေးကြီးတယ်။
Perth မှာ အင်္ဂလန်နိုင်ငံက အဖြူတွေအလုပ်လာလုပ်တော့ သူတို ့က အင်္ဂလန်ထက် ပတ်သ်မြို ့ကဈေးကြီးတယ်လို ့ပြောတယ်။ ဒါတောင် သူတို ့မိုင်းမှာ မဝယ်စားရသေးလို ့။ မိုင်းမှာလည်းလုပ်ရော ဘယ်လောက်ဈေးကြီးလဲဆိုတာကို သူတို ့သိတော့ အရမ်းအံ့ဩသွားပါတယ်။ ဥပမာ ထမင်းဘူးတစ်ဘူးကို မြို ့ထဲမှာ ငါးဒေါ်လာပဲပေးရပါတယ်။ တောထဲမှာ ၁၂-ဒေါ်လာတောင်ပေးရတဲ့အထိဈေးကြီးတယ်ဆိုတော့ ကျန်တဲ့ကုန်ပစ္စည်းတွေကိုတော့မပြောနဲ ့တော့။ ဒီလိုအခြေအနေကြောင့် အစိုးရက တောထဲက လူတွေအတွက် အခွန်အပါအဝင် တောထဲမှာနေတဲ့အတွက် စားရိတ်ပါ ခံစားခွင့်ပေးပါတယ်။ လစာတွေလည်းသူများထက်ပိုရပါတယ်။ ဒီလိုမှမလုပ်ရင် ဘယ်သူမှ တောထဲမှာနေမှာမဟုတ်သလို၊ အလုပ်လည်းဖြစ်မှာမဟုတ်ဘူးဆိုတာကို အစိုးရသိပါတယ်။
တောထဲကမိုင်းတိုင်းမှာ ကိုယ်ပိုင်လေယျာဉ်ကွင်းရှိသလို ကိုယ်ပိုင်လေယျာဉ်လည်းရှိတယ်။ ကားနဲ ့ခရီးသွားမယ်ဆိုရင် အရမ်းကို ဝေးပါတယ်။ ကျနော်တောင် သုံးလကိုတစ်ခေါက်လောက် ဈေးဝယ်ထွက်တာ နှစ်ရက်လောက်မောင်းယူရပါတယ်။ ဒါ့ကြောင့် ဩစတျေးလျနိုင်ငံမှာ လေယျာဉ်က အခြားနိုင်ငံတွေထက်ပိုလို ့အသုံးပြုရတယ်။
ရွှေကစလို အခြားသတ္တုတွေက အရမ်းပေါပေမဲ့၊ သူတို ့မှာရှားတာက ရေပါပဲ။ အရည်အသွေးကောင်းတဲ့ သောက်သုံးရေပါ။ မြေအောက်ရေကလည်း ငံတဲ့ဟာက ငံတယ်။ နံတဲ့ဟာကနံတယ်။ နေရာတိုင်းမှာ ရေမရှိဘူး။ မိုးကလည်း အင်မတန်ခေါင်တော့လယ်သမားတွေအတော့ကို ဒုက္ခတွေ ့ကြတယ်။ သူတို ့တွေမှာလယ်ဧက သောင်းပေါင်းများစွာတဦးချင်းဆီမှာပိုင်ပေမဲ့ မချမ်းသာတဲ့လူများတယ်။ ဘဏ်ကအကြွေးတွေလည်းအများကြီးပဲ။ အခုနှစ်မှာ လယ်သမားတွေ သူတို ့လယ်တွေကိုလည်း စောင့်ရသလို အခြားအလုပ်တစ်ခုလည်းပြောင်းလုပ်ရတယ်။ နောက်ဆုံးတော့ မိုင်းမှာ လယ်သမားတွေ အလုပ်ဝင်ကြရတော့တယ်။ ဒါမှ ဘဏ်အကြွေးကိုဆပ်နိုင်မယ်လို ့ဆိုတယ်။
ရေအရမ်းရှားတာကြောင့် ဩစီတွေဟာ Wet Land လို ့ခေါ်တဲ့ ရေရှိတဲ့ အိုင်တွေကို အရမ်းတန်ဖိုးထားပါတယ်။ ဒီလိုအိုင်တွေက လက်ချိုးရေလို ့ရအောင်ရှားတယ်။ ဒါတွေကို မပျက်စီးရအောင်ဆိုပြီး Wet Land Management ဆိုတဲ့ ဘာသာရပ်တောင် ထားပေးပါတယ်။ မြစ်ချောင်းတွေနဲ ့ပက်သက်လို ့လည်း သူတို ့မှာ စနစ်တကျလုပ်ထားတာတဲ့ စီမံခန် ့ခွဲမှုရှိတယ်။ ဥပမာ Swan River လို ့ခေါ်တဲ့ ချောင်းတစ်ခုရှိတယ်။ ဒီချောင်းကလည်း ရန်ကုန်က ငမိုးရိပ်ချောင်းလောက်တောင်မရှိဘူး။ ဒါကို စီမံခန် ့ခွဲဖို ့အတွက် ဩစီတွေက Swan River အတွက် အစိုးရဌာနတစ်ခုကို သီးသန် ့ဖွဲ ့ထားပေးတယ်။ ရေအရည်အသွေးတိုင်းတာမှုကစလို ့မြစ်ချောင်ဘေးနားမှာ တားမြစ်ထားတဲ့ အရာတွေကို မလုပ်မိစေဖို ့အတွက် အထူးစောင့်ကြည့်ပါတယ်။
မြေအောက်ရေ နဲ ့ပက်သက်လို ့လည်း တင်းတင်းကျပ်ကျပ်ကိုင်တွယ်တယ်။ ဆိုလိုတာက အဝီစိတူးကို တူးချင်တဲ့နေရာမှာ တူးလို ့မရပါဘူး။ ဒီလိုမှမလုပ်ရင် ဩစီတွေရေငတ်ပြီးသေကုန်မှာကို တွေးပြီးကြောက်လို ့ဖြစ်ပါတယ်။
ကျနော်တို ့မြန်မာပြည်ဟာ ရေအရမ်းပေါတော့ တန်ဖိုးမထားကြပါဘူး။ ဒါကလည်း သဘာဝကျတယ်။ လူဆိုတဲ့သတ္တာဝါက ရှားမှ တန်ဖိုးထားတာဆိုတော့ ပေါနေရင် ပစ်စလခတ်လုပ်ပါတယ်။
ဘာ့ကြောင့်မြန်မာပြည်ကို အင်္ဂလိပ်ကသိမ်းလဲဆိုတော့ မြန်မာပြည်ဟာ သူတို ့တိုင်းပြည်နဲ ့ယှဉ်ရင် အရမ်းကိုနေချင်စရာကောင်းသလို တောထဲမှာလည်း ထမင်းကိုအလွယ်တကူရှာစားလို ့ရလို ့ပါ။ ဆိုလိုချက်က ရေကြည်တဲ့နေရာ မြတ်နုတဲ့နေရာတွေအင်မတန်ပေါပါတယ်။
ဩစတျေးလျနိုင်ငံကထွက်တဲ့ ရွှေအပါအဝင် တွင်းထွက်ပစ္စည်းတွေဟာ နှစ်စဉ်ဒေါ်လာ ဘီလျှံရာပေါင်းများစွာ နိုင်ငံခြားကိုရောင်းရပါတယ်။ တစ်ရက်မှာ နှစ်ဆယ်လေးနာရီတိတိ မိုင်းတွေကနေ ကုန်ထွက်ရှိတယ်။ ဒါ့အပြင် နိုင်ငံခြားကနေ ဩစတျေးလျနိုင်ငံမှာ စာလာသင်တဲ့လူတွေဆီကနေ ရတဲ့ငွေလည်း သန်းရာပေါင်းများစွာအမြတ်ရပါတယ်။ သူတို ့ဆီကထွက်တဲ့ ဂျုံကစလို အမဲသားအထိနိုင်ငံခြားကို တင်ပို ့ရောင်းတာကလည်း နည်းတဲ့ဝင်ငွေမဟုတ်ဘူး။ ဆိုတော့ အဖက်ဖက်ကနေ တိုင်းပြည်ထဲကို ဝင်တဲ့ဝင်ငွေတွေက တစ်ပုံတစ်ပင်ကြီးပဲဖြစ်ပါတယ်။ ဒီငွေတွေကို လူဦးရေသန်းနှစ်ဆယ်လောက်ရှိတဲ့ နိုင်ငံအတွက် အင်မတန်ကိုပိုလျှံတဲ့ငွေတွေဖြစ်ပါတယ်။
လူတိုင်းနီးပါးနှစ်စဉ်နိုင်ငံခြားကို သွားလည်နိုင်ပေမဲ့ ကျနော်တို ့မြို ့က ဩစီတွေကတော့ အင်မတန်တောကြပါတယ်။ လူသုံးဦးမှာ နှစ်ဦးလောက်က နိုင်ငံခြားကို တော်တော်နဲ ့အလည်အပတ်မသွားဖြစ်ဘူး။ ဘာ့ကြောင့်ဆိုတော့ သူတို ့က သူတို ့ရွာမှာပဲ ပျော်နေကြတယ်။ အသက် (၂၅) နှစ်လောက်ရှိပြီဖြစ်တဲ့ ကျနော်သူငယ်ချင်းဩစီတောင် ဘာလီကို ဒီနှစ်မှ ရောက်ဘူးပါတယ်လို ့ပြောတယ်။ သူတို ့တောကြတာကို သူတို ့ဝန်ခံပါတယ်။
နည်းပညာနဲ ့ပက်သက်ရင်လည်း ဩစတျေးလျနိုင်ငံဟာ အင်မတန်ခေတ်နောက်ကြပါတယ်။ မြန်မာနိုင်ငံမှာ ဗီဒီယိုအောက်စက်ကို စီဒီတွေနဲ ့ပဲသုံးပါတယ်။ ဪစီမှာ တိတ်သားတွေကို သုံးနေတုန်းအထိ အရမ်းတောကြတော့ ဒီကောင်တွေ ကျပ်ကောပြည့်သေးရဲ ့လားလို ့ဆိုပြီး တရုတ်ပြည်က သူငယ်ချင်းက မေးပါတယ်။
ဘာပဲဖြစ်ဖြစ် ဒီတောက ကျနော့်အတွက် အင်မတန်တွက်ခြေကိုက်ပါတယ်။
အခုဆိုရင် ကျနော်သည် အနောက်ဘက်ဩစတျေးလျက တောထဲမှာ သားသမီးတွေနဲ ့အတူ နေတော့ ကရင်ပြည်နယ်ထဲက မြစ်တွေချောင်းတွေကို တမ်းတမိတယ်။ အခုတော့ ကျနော့်အိမ်အရှေ ့မှာ ခြောက်ကပ်နေတဲ့ ခြုံဘုတ်၊ ရေမရှိတဲ့တော နဲ ့ မြေကြီးမရှိတဲ့ မြေကြီးတွေကို နေ ့စဉ်လိုလိုတွေ ့နေရပါတော့တယ်။
ငွေက အဓိကဆိုတော့တော့ဗျာ။
ဘုန်းကျော်
ဩစတျေးလျ
18 comments
cherry nwe
July 30, 2012 at 12:39 pm
အားပေးဖတ်ယှုမှတ်သားသွားပါတယ်မရောက်ဘူးပေမဲ့ရောက်သွားသလိုပါဘဲရှင်
myanmarcitizen
July 30, 2012 at 1:09 pm
ဗဟုသုတရတယ် နောက်လဲဆက်ရေးပါအုန်း။ သစ်ကုလားအုပ်တွေကို ပစ်ဖို ့အမဲလိုက်ထွက်ကြတယ် ဆိုတော့ သစ်ကုလားအုပ် တော်တော်ပေါလို့လားဗျ။ အကောင်ကတော့တော်တော်ကြီးမယ်ထင်တယ်နှော်။
မိုက်ကယ်ဂျော်နီအောင်ပု
July 30, 2012 at 1:14 pm
( Metal Detector လို ့ခေါ်တဲ့ မိုင်းရှာစက် (သို ့) ရွှေရှာတဲ့စက် )
( ကျောက်သားတွေကို ဖဲ့ယူပြီး၊ မြေကြီးနဲ ့မီးဖုတ်လိုက်ရင် မြေကြီးက ကော်အဖြစ်အသွင်ပြောင်းသွားပြီး
ကျောက်ဖဲ့နဲ ့ဓားကို ဖန်တီးလိုက်တော့ အင်မတန်စိတ်ဝင်စားဖို ့ကောင်းတယ်။ )
အဲ့ဒါတွေကစိတ်ဝင်စားစရာအတော်ကောင်းတာဘဲ
အားလုံးကောင်းပါတယ်
သူတို့မှာလည်း ရိုးရာနတ်တွေရှိတာဘဲ
ကောင်းပ ကောင်းပ
pooch
July 30, 2012 at 2:58 pm
ပျော်ရာမနေ တော်ရာနေဆိုသလိုပေါ့။
နောက်ပြည့်စုံလာတော့လည်း ကိုယ်စိတ်ပါရာ အခြေချလို့ရပါတယ်။
အင်တာနက်သာ မရှိဘူး ဆိုရင် အတော်လေးငြီးငွေ့စရာကောင်းတဲ့ ဒေသတခုဖြစ်မယ်ထင်တယ်။
တောသူတောင်သားတွေ နားအေးပါးအေး နေတတ်သူတွေဆိုတော့ သူတို့ဘဝကို သူတို့ ပျော်နေမှာပါ။
( Ghost Town ) မြို့ပျက်တွေဆိုလို့ ပါ။ သူရဲကားတွေ ရိုက်ပြီဆိုရင် အဲ့လိုမြို့ပျက်တွေကို ရောက်ရောက်သွားတတ်တာမျိုး ကြည့်ဖူးတယ်။
အဲ့ဒီမှာရော သူရဲတွေ ဘာတွေ ခြောက်တဲ့မြို့ပျက်တွေ တကယ်ရှိဖူးလား ကြားဖူးလား မသိဘူး။
ကိုရင်မောင်
July 30, 2012 at 2:59 pm
ကိုယ်တွေမရောက်ဘူးတဲ့ဒေသတွေရဲ့
ကြမ်းတမ်းတဲ့မြေ ဆန်းပြားတဲ့ကျောက် ပေါးများတဲ့ရွှေ
နှစ်လိုဖွယ်ဖြစ်တဲ့လူတွေရဲ့စရိုက်….
ဗဟုသုတရပါတယ်ကိုဘုန်းကျော်ရေ…..
ဒီလိုပို့လေးတွေများများတင်ပါဗျို့
စိတ်ဝင်စာလို့ပါ…
ဌာနေတိုင်းရင်းသားတွေရဲ့ကိုးကွယ်မှု့လဲသိယင်ရေးပါအုံး……..
etone
July 30, 2012 at 3:23 pm
ကိုဘုန်းကျော်ရေ …
တော်တို့များ .. ကံကောင်းလိုက်တာနော် ….. ။
သွပ်ပြားတို့ဆီမှာ .. ကြည့်ချင်လျှင်တောင် … ဝင်ကြေးပေးပြီး ကြည့်ရတဲ့ သားပိုက်ကောင်တို့ သစ်ကုလားအုပ်တို့ကို ….သူတို့က အပြင်မှာ အနီးကပ်မြင်ခွင့်တင်မကဘူး … အမဲတောင် ပစ်ခွင့်ရလိုက်သေး .. ဒါတောင် လူမစားပဲ ခွေးကျွေးဖို့တဲ့ ………… ။ ဩစီတောသားတွေ တကယ် ကံကောင်းတာပဲ ……. ။
အရီးခင်လတ်
July 30, 2012 at 9:19 pm
ကဘုန်းကျော်
အခုမှ ဘဲ အော်ဇီ အကြောင်း ရေးရေး မြင် မိတယ်။
အော်ဇီ အဝင် အင်မီကရေးရှင်း နဲ့ ကပ်စတန် က အရမ်းတင်းကျပ် တာ အတော်နာမည်ကြီး တယ်။
အဲဒီ Border Security: Australia’s Front Line အကြောင်းတွေကို ရိုက်ပြ ထားတဲ့ nothing to declare လို့ ခေါ်တဲ့ တီဗီ စီးရီး တစ်ခု ကို ကျွန်မ အတော်သဘောကျတာကလား။
တစ်ခြားက ဘာ ဇီဝ သစ်ပင်၊ အကောင် မှ နိုင်ငံ ထဲ အဝင်မခံတာ။
နိုင်ငံတွင်း သဘာဝ အပင်တွေ၊ အကောင်တွေ ကို မြိုသွားမှာ စိုးလို့ တဲ့။
ဆက်စပ်တွေး ကြည့်တော့ ရှင်တို့ အော်ဇီ ခမျာ အတင်းဂရုစိုက် ခံ ရတဲ့ ကလေးငယ်လိုဘဲ။
မြေဆီ မြေနှစ် တွေ က ဆတ်ဆတ်ထိ မခံ ဖြစ်နေသလားလို့။
အညစ်အပတ် ဇီဝ မျိုး လေး တွေ နဲနဲ လို များ နေလား။
နောက်တာပါ။
ကျွန်မ လဲ ဇီဝဗေဒ ပညာရှင်မဟုတ်လို့ အဲဒီ ပညာကို ဘာမှ မသိပါ။
စိတ်ထဲ ထင်ရာပြောကြည့်တာ၊၊
ယူကေ ကတော့ မိုးမပြတ် လို့ အမြဲ စိုစွတ် နေတာ။
ဗဟုသုတ လေး အတွက် လက်မ ထောင်သွားပါတယ်ရှင်။ 🙂
သန်းထွဋ်ဦး
July 30, 2012 at 10:16 pm
အင်းဗျ အဆိုးထဲကတကယ့်ကို အကောင်း ဖြစ်တဲ့ရသတစ်ခုပါဘဲ။ခုလို ပေးဖတ်လို ့
ကျေးဇူးတင်သဗျာ။
nigimi77
July 30, 2012 at 10:28 pm
ဘာ့ကြောင့်မြန်မာပြည်ကို အင်္ဂလိပ်ကသိမ်းလဲဆိုတော့ မြန်မာပြည်ဟာ သူတို ့တိုင်းပြည်နဲ ့ယှဉ်ရင် အရမ်းကိုနေချင်စရာကောင်းသလို တောထဲမှာလည်း ထမင်းကိုအလွယ်တကူရှာစားလို ့ရလို ့ပါ။ ဆိုလိုချက်က ရေကြည်တဲ့နေရာ မြတ်နုတဲ့နေရာတွေအင်မတန်ပေါပါတယ်။
===================
လုံးဝ မဟုတ်ဘူး လို ့ ကြားကနေ ဖင်ဝင်ယားလိုက်တယ် ။
kai
July 31, 2012 at 4:28 am
ဦးသန့်မြင့်ဦးစာအုပ်အတိုင်း… အသံထပ်လိုက်ရရင်.. မြန်မာပြည်ကို သိမ်းလိုက်တာ.. အင်္ဂလိပ်ရွိုင်ရယ်စစ်တပ်ကိုယ်တိုင်မဟုတ်ပါဘူး..
အင်္ဂလိပ်ပိုင်တဲ့ကုမ်ပဏီတခု(East India Company)က.. အင်္ဂလိပ်ကြေးစားစစ်သားနဲ့.. အိန္ဒိယသားတွေငှားပြီး.. စစ်တိုက်သိမ်းလိုက်တာပါ..
ရပြီးမှ.. အင်္ဂလန်ဘုရင်မကို..” မွေးနေ့လက်ဆောင် ” ဆက်လိုက်တာတဲ့ဗျာ…
=
ရာဇဝင်ဆိုတဲ့.. ရာဇ(မင်း)တွေအကြိုက်.. ရေးထားမှတ်တမ်းထားတဲ့.. စာအုပ်တွေနဲ့.. မြှောက်ပင့်ရေးထားတဲ့.. စာအုပ်ထဲကသမိုင်းတွေကို.. အရေခွံနွှာပြီး.. စိစစ်သင့်လှပါတယ်..
nigimi77
July 30, 2012 at 10:45 pm
သန်ရာ သန်ရာပဲ တွေးမယ်
မိန်းမ တစ်ယောက်ကို ချစ်တယ် မြတ်နိုးတယ်
သံယောဇဉ်ရှိတယ် ဘာညာဘာညာ ပြောပြော ပေါင် ၂ လုံးကြားက အမေဇုံက
မိန်းဖြစ်နေလို ့ ။
မိန်း ကို နှိပ်ချင်လို ့ ဝင်လာတဲ့ အင်္ဂလိပ်ကို ထင်ကြေးပေးတာ ညံ့ဖျင်းသလို..
တောထဲ ဖားငါး ရိုက်စား ရှာစား ကြိုက်သလို စား မငတ်ဘူး ဆိုတဲ့
အတွေးအခေါ်ဟာလည်း သူများ ကားစီးနေချိန် လမ်းလျှောက်ရင်း…..
တသက်လုံး မွေးကတည်းက ဒီ ခြေထောက်နဲ ့ လျှောက်လာတာလို ့…
တွေးနေတဲ့ ….. ပစ္စည်းမဲ့ မာန လှတောသား တစ်ယောက်လိုပါပဲ ။
nigimi77
July 30, 2012 at 10:53 pm
မိုက်ကယ်ဂျော်နီအောင်ပု
July 30, 2012 at 11:09 pm
ခင်ဗျားဂ သဌေးဆိုဒေါ့
သဌေး အတွေးဘဲတွေမှာပေါ့ဗျ
etone
July 31, 2012 at 10:39 am
ဂွစာဂဏန်းကြီး ဆဲဗမ်းဆဲဗမ်းရဲ့ …. ကော့မန့်အပေါ် ဘုဂလန် ့ ကိုဘုန်းကျော်က မှတ်ချက်လေးများ ချီးမြင့်မလားဆိုတာ …. စိတ်ဝင်တစား စောင့်ဖတ်နေပါတယ် ….. ခွိခွိ ….. ။ 😀 😀
phone_kyaw
July 31, 2012 at 11:39 am
ဒီကောင်ဘာတွေပြောနေတာလဲ။
မိုက်ကယ်ဂျော်နီအောင်ပု
July 31, 2012 at 11:09 pm
သူလည်း ခင်ဗျားလိုဘဲ
အရက်စစ်စစ်သောက်တဲ့သူဆိုတာကို
ပညာရှိနည်းနဲ့ ကြွားတာပေါ့ဗျာ 😀
Shwe Ei
July 31, 2012 at 12:04 pm
အင်းဂလိပ် သိမ်းခြင်းမသိမ်းခြင်းထက် ကဖုန်းကျော်ရဲ့ ကိုယ်တွေ့မှတ်တမ်းလေးက ပိုမိုက်တယ်လို့ပြောပါရစေဗျာ။ မတူတဲ့ ဘဝတခု (ကိုယ့်နို်င်ငံထက် အဆပေါင်းများစွားချမ်းသာတဲ့ နိုင်ငံအကြောင်း) ကို ဘာမှမဆိုင်တဲ့နေရာကနေ ထိုင်ဖတ်နေရတော့ ဝတ္တုဖတ်နေရသလို ခံစားရတယ်။ Adventure လေးတွေရှိရင်လဲ ရေးတင်ပါအုံးဗျ။
မောင်ပေ
July 31, 2012 at 11:46 pm
ကျုပ် သိတာကတော့ စည်သူလွင် ဆိုထားတဲ့ မူရင်းသီချင်း
ghost town ပါပဲ