ဂေဇက်အတွက်….ရောက်တတ်ရာရာ…ကဗျာ….
” နေရာတစ်ခုသို့အရောက်….”
……………
ဟယ်တော့….လှလိုက်တာ…
ပါးစပ်ကလေးကိုက…ကြည့်လို့ကောင်း…
အဲ……
အကြောင်းသိလေ…ချစ်စရာကောင်းလေ…သိလား…
အို….ဘယ်နှယ့်ပြောပါလိမ့်
သူနဲ့သာ ဆိုရင်….
ဘယ်သောင်ပြင်..ဘယ်ကမ်းပါး
သွားရ..သွားရ….။
” နောက်တစ်နေရာ……….”
မတူဘူး….
လူနဲ့…….
မထင်ထားဘူး…..
အဲဒီလို…နှိပ်စက်မယ်လို့……
မယုံထားဘူး….
အဲ့သလောက်…..ခြေထိုးခံမယ်လို့…..
မျှော်လင့်မထားဘူး……
အဲ့ဒီလို…ကြောင်လိမ့်မယ်လို့….။
” ကိုယ့်အိပ်ယာ အရောက်…….”
…………….
ဟုတ်မှာပါ…
သူတို့အပြောထက်…
ငါ့…သဘောထားက ပိုကောင်း….
ဒါကြောင့်…..
ငါ့အကြောင်း ပြောကြရင်း…အားကျ….
ဒါမှ…ငါ….လေ……ဟုတ်ပါ့…။
အမယ်…..
အလားကား…
သူများ မကောင်းတာများ…
ကလေးကလားဆန်ဆန်
လူပုံအလည် အန်ထုတ်နေကြတဲ့..ဟာတွေ
ဟန်လုပ်နေကြ..သိလား..ဟင်း…..။
” နောက်ဆုံးနေရာသို့….အရောက်….”
အား…….
သူများစကားနဲ့….
နားဝင်ချိုစွာ….
အိုလာခဲ့တာပါလား….
အီး……..
သူများအတင်းနဲ့…..
ငါ့..သတင်းများကို….
ငါ..ဟန်လုပ်ပြုံးခဲ့တာပါလား…..
ဟင်း…….
လက်ပြနှုတ်ဆက်ရင်တောင်…..
ကျုပ်ကို…ပစ်ထားရက်ကြပြီဆိုတော့…..
ငါ့….ကိုယ်….ငါ
အခုမှ…မေးခွန်းတွေထုတ်မိ…..။
မချိတော့သော….နှုတ်ခမ်း
မလန်းတော့သော….မျက်လုံး
မဆုံးတော့မယ့်…အတွေးစ
မရတော့တဲ့….အချိန်
ငြိမ်စပြုတဲ့…ရင်ခုန်သံ
မမှန်ခဲ့သော….ဆုံးဖြတ်ချက်
ထည့်မတွက်ခဲ့တဲ့…ဘဝအကြောင်း
ခုတော့……
မသာလောင်း….ဖြစ်တော့မယ့်…ငါ….။
………..
ဟေ့လူ………..
ဗျာ………..
ပြာယာခတ်မနေနဲ့…..
ခင်ဗျားမသေသေးဘူး….တဲ့…။
အရူးလို တွေးမနေနဲ့……တဲ့…..။
တောက် !……….
သေခါနီးတောင်..
မြှောက်ပေးနေသေးတာ…
အဲ့ဒါ…….
ငါ့…ကိုယ်….ငါ……ပါပဲလား။
6 comments
အလင်းဆက်
July 31, 2012 at 7:57 pm
မိုက်တယ.်…ဗျာ……
ဝေးလွင့်တိမ်
July 31, 2012 at 8:19 pm
ကြိုက်တယ်ဗျို့။
ဝေးလွင့်တိမ်
July 31, 2012 at 8:20 pm
အိမ်း …..
ငါလဲ
သူ့ကဗျာထဲကလူလိုပါပဲလား ။။။။။
သန်းထွဋ်ဦး
July 31, 2012 at 9:08 pm
အင် အတွေးတွေတွေးရင်း ဘာပြောရမှန်းသိတော့ဘူးဗျာ။
လူထဲကလူ. သို ့သော်မလူးဖို ့သာလိုပါ၏။ကျေးကျေးပါဗျ။
tharli kar
July 31, 2012 at 9:59 pm
မလူးသင့်တာတော့အမှန်….
ဒါပေမယ့်…လူးနေတာကို….
ကြံဖန်ပြီး…မသိချင်ယောင်ဆောင်နေတတ်တာက
ကျုပ်တို့ပဲ မဟုတ်လား…ခင်ဗျ…..
ဒါ့ကြောင့်…ရောက်တတ်ရာရာပါခင်ဗျ…..
ဒါပေမယ့်……
ရောက်ရှိဆဲနေရာ…..
ရောက်ခဲ့တဲ့နေရာ….
ရောက်ရမယ့်နေရမှာ…..
အဲ့ဒီ…အကြောင်းတွေကို…တွေးမိလိုက်ရင်း..ပေါ့..။
မောင်ပေ
July 31, 2012 at 9:31 pm
မျက်နှာဖုံးလှလှ
ဆေးရောင်ခြယ်
ဘေးအကောင်ကွယ်
တွေးယောင်တယ်