ပြန်လာချင်ပါရဲ့ အခုတော့သွားပြီ။

ခင္ခAugust 1, 20121min22121

ကျွန်တော် ကာလတိုအတွင်းမှာ ပိုစ့်လေးတွေ ဟိုအကြောင်းဒီအကြောင်း လျှောက်ရေးခဲ့ပါတယ်၊ ရွာသူ/သားတွေလည်း ဖတ်ကြပြီး ကွန့်မန်းလေးတွေနဲ့ ပြောကြဆိုကြပျော်ခဲ့ကြရပါတယ်၊ ရွာသူ/သားတွေမဟုတ်တဲ့ ( MG member ဝင်မဟုတ်တဲ့) သူတွေလည်း ကျွန်တော်ပိုစ့်တွေကို ဖတ်ခွင့်ရပါတယ်၊ ကျွန်တော်က မန္တလေးမှာနေတာ ကျွန်တော်အမေကရန်ကုန်မှာနေတာပါ၊ အမေနေ့ခင်းဆိုတစ်ယောက်ထဲ အိမ်မှာပျင်းနေတော့ ကျွန်တော်တင် တဲ့ပိုစ့်လေးတွေဖတ်ပြီး အမေကမန့်ဘာတွေ ဘာတွေဝင်ရတာ၊ မန့်တာတွေမလုပ်တတ်တော့ သားဘယ်ပိုစ့်တော့ အမေဖတ်ရတယ် အဲဒီမှာ ဘာကဘယ်လို ဘာကတော့ ဘာဆိုမကောင်းဘူးလား ဖုန်းလေးဆက်ပြီး ကွန့်မန့်တွေပေးတတ်တာကို နားထောင်ရင်း  အမေပျော်နေတဲ့အသံနဲ့အားရ ပါးရ  ဝေဖန်ပြောတာ တွေကြုံရလို့လည်း စိတ်ကြည်နူးပြီး ဒီဂေဇတ်ကိုလည်းကျေးဇူးတင်မိခဲ့တယ်ပေါ့။

ဒါပေမယ့် အခုတော့စိတ်မကောင်းစရာက မမျှော်လင့်ဘဲကြုံရပါပြီ ဒီရက်ပိုင်းတင်ခဲ့တဲ့ –

၁။ နားလည်မှု နဲ့ စည်းကမ်းလိုက်နာမှု့ ယှဉ်ကြည့်မိတာပါလို့

၂။ မွေးနေ့အမှတ်တရ လက်ဆောင်ပန်း

၃ ။မွေးနေ့အမှတ်တရ လက်ဆောင်ပန်း-အဆက်

တို့ကစပြီး မန်ဘာဝင်မဟုတ်တဲ့အမေ ဖွင့်တာ မရဘဲ  403-Forbidden You don’t have permission to access /rules-for-writers on this server အဲဒီစာသားဘဲတွေ့နေရလို့တဲ့လေ။ ဘာဖြစ်လို့လဲ ကျွန်တော်လည်းမသိဘူးဗျာ။

ကိုထူးဆန်းကတော့ ပိုစ့်တစ်ခုမှာ အခုလိုမန့်လာပါတယ်။( ကျေးဇူးပါ ကိုထူးဆန်းရေ )

htoosan says

All Categories အောက် က Thakhin: CJ Only မှာ Members Only ဖြစ်နေလို့ ဖြစ်မယ် ထင်ပါသည် ။
စိဗိုက် ပိုစ်မှာ အဲ့ဒီလိုဖြစ်အောင် ဘယ်လိုလုပ်လဲ ဦးပါမေးထားသည်ကို သူကြီးဖြေထားတာ တွေ့ပါသည်။ ကိုခင်ခ edit ပြန်ခေါ်၍ ကြည့်ကြည့်ပါ။

လို့အကြံပေးတာနဲ့ သူပြောသလို All Categories အောက် က Thakhin: CJ Only မှာပြန်ကြည့်တာ ဘာမှအမှတ်မပေးထားဘူး၊ update ပြုလုပ်ပြီး အမေကို ဖွင့်ကြည့်စေတော့လည်း ခုနစာဘဲတွေ့နေရပါတယ်။

ကျွန်တော်ဒီဂေဇတ်ထဲ မဝင်ခင်ထဲက ဂေဇတ်ကို အမြဲဖတ်ခဲ့တာ ၄ နှစ်ကျော်ပြီးမှ မန်ဘာဝင် ပိုစ့်ရေးခဲ့တာပါ။ ဘယ်ပိုစ့်ဘဲဖြစ်ဖြစ် မန်ဘာဝင်ရော မန်ဘာဝင်မဟုတ်တာရော အကုန်ကြည့်ခွင့်ဖတ်ခွင့်ရလိမ့်မယ်လို့ ယူဆထားတာ အခုတော့ ကျွန်တော်ယူဆချက်လွှဲပေါ့၊ ကျွန်တော်ရေးတဲ့နောက်ပိုစ့်တွေက အဲလိုမဟုတ်တော့ကြောင်း တွေ့ခဲ့ရပါပြီ၊ အမေကတော့ ကျွန်တော်ဒီရက်ပိုင်း တင်ခဲ့တဲ့ မာမီစံ ၏  မွေးနေ့အမှတ်တရ လက်ဆောင်ပန်း ပိုစ့်နဲ့မွေးနေ့အမှတ်တရ လက်ဆောင်ပန်း-အဆက် ကိုဖွင့်မရလို့ ဖုန်ခဏခဏဆက်ပြီး ပြောနေတာမို့ CD နဲ့ အဲဒီပိုစ့်ကိုကူးထဲ့ပေးပြီး ကားဂိတ်ကနေ ခုလေးတင်ပို့ခဲ့ရပါတယ်။

အဲလိုအခွေ ကားဂိတ်ပို့ရင်း စိတ်ထဲမကောင်းဖြစ်မိတာပါ။ ဒါကြောင့် ကျွန်တော်က ပိုစ့်တွေ သား ရေးဖြစ်သေး လားမေးလို့ ရေးဖြစ်တယ် ဘဲပြောပြော၊ ဂေးဇတ်ကို အမေဖွင့်ကြည့်လို့ Ko Khin Kha ရေးထားတဲ့ ပိုစ့်တွေ့လို့ဘဲဖြစ်ဖြစ် အဲဒီပိုစ့်ကို အမေဖွင့်ကြည့်ချင်ရှာပြီး ဖွင့်မရရင် အမေစိတ်မကောင်းဖြစ်မှာစိုးရိမ်လာမိပါတယ်။

သို့ပါ၍ ရွာသူ/သား နှင့် သူကြီးကို ခင်မင်ပါသော်လည်း ပိုစ့်ရေးတာကိုတော့ ရပ်တော့မယ်လို့စိတ်ကူးမိရင်း ပိုစ့်ရေးခြင်းမှ သွားပြီလို့ဘဲနုတ်ဆက်ပါရစေ။

အကယ်၍များ အဲဒီပိုစ့် ၂ ခုကို အမေဖွင့်ခွင့်ရသွားမယ်ဆိုရင်တော့ ပိုစ့်တွေပြန်လာရေးပါ့မယ်၊ ဒါကြောင့် သူကြီး နဲ့ သိတဲ့ တတ်တဲ့သူများ ကူညီကာမှိုင်းမတော်မူ ကြပါလို့၊ အဲဒီ ( 31.7.12)ရက်က တင်တဲ့ပိုစ့် ၂ ခုကတော့။

၁။ မွေးနေ့အမှတ်တရ လက်ဆောင်ပန်း

၂ ။မွေးနေ့အမှတ်တရ လက်ဆောင်ပန်း-အဆက်

အားလုံးကိုခင်တဲ့

ကိုခင်ခ။

 

 

 

21 comments

  • mamanoyar

    August 1, 2012 at 3:19 pm

    403-Forbidden You don’t have permission to access /rules-for-writers on this server နိုရာ လဲ comment ပေးဖို့ ဖွင့်တာ အဲလိုပဲဖြစ်နေတယ်

  • kai

    August 1, 2012 at 3:32 pm

    ကိုခင်ခကို.. အချိန်တိုတိုနဲ့.. ရာထူးတိုးပေးထားတာပါ..။
    အဲဒါတောင်..ဘယ်လိုဖြစ်တယ်မသိ…

    ကျုပ်ကြည့်တော့..ကြည့်လို့..ဖတ်လို့ရနေတာနဲ့…
    ဆိုတော့..
    Category နည်းနည်းပြင်ထားကြည့်ပါတယ်..
    ရွာသူားတွေ.. Login မဝင်ပဲ.. ဖတ်..ရမရ.. အကြောင်းပြန်ကြပါဦး..

    • Ma Ei

      August 1, 2012 at 4:00 pm

      Login ဝင်ထားပြီး ခုဖွင့်ကြည့်တာ…
      Forbidden
      You don’t have permission to access /rules-for-writers on this server.
      လို့ဘဲ မြင်ရပါတယ်…

  • စိန်ဗိုက်ဗိုက်

    August 1, 2012 at 3:40 pm

    မဝင်ပဲ မရပါ ဗျား..
    Forbidden

    You don’t have permission to access /rules-for-writers on this server. ဖြစ်နေတုန်းပါ
    သတင်းပို ့

  • kai

    August 1, 2012 at 3:54 pm

    ဘာဖြစ်နေလည်း.. ရိပ်မှန်းသံမှန်းတော့.. သိသွားပြီ..
    မနက်ဖြန်ညမှလုပ်ကြည့်တော့မယ်..

    မနက်.. ကျုပ်အမေ့ရက်လည်ဆွမ်းကြွေးအတွက်.. စောစောထရမှာမို့ပါ…။

  • ko khin kha

    August 1, 2012 at 4:32 pm

    သူကြီး မအားတဲ့ကြားထဲ အပူထပ်ကပ်မိသလိုဖြစ်သွားလို့
    အရမ်းစိတ်မကောင်းပါဘူး သူကြီးရေ။
    တောင်းပန်ပါတယ်၊
    သူကြီးမိခင်ဆုံးတဲ့အကြောင်း ပိုစ့်ကို ကျွန်တော်ရန်ကုန်ရောက်နေတဲ့ သောကြာနေ့ကဖတ်ရပေမယ့် သူများလက်တော့နဲ့မို့ သေချာမမန့်လိုက်မိတာလည်း ခွင့်လွှတ်ပေးပါ။
    ကျွန်တော်က အမေဘဲရှိတော့တာ အဖေကလွန်ခဲ့တဲ့ ၆ နှစ်တုံးက ဆုံးပါးခဲ့ပါတယ်။ အဲဒီတုံးက ဝမ်းနည်းခံစားရတာမို့ ကိုယ်ချင်းစာရင်း သူကြီးနဲ့ထပ်တူ ဝမ်းနည်းမှု့ကိုခံစားရပါတယ်၊ သူကြီးရဲ့ မိခင်ကောင်းရာသုဂတိသို့ ရောက်ပါစေကြောင်းမေတ္တာပို့ ဆုတောင်းလိုက်ပါတယ်။
    မအားထဲ့ကြားကရှင်းပြပေးတာ ကျေးဇူးအလွန်တင်ပါတယ်။

    • အရီးခင်လတ်

      August 1, 2012 at 4:42 pm

      ကိုခင်ခ Post တွေ မှာ Restriction Level ဆိုတာ ရှိတယ်။
      အဲဒါကို ဘာမှ မရွေး ဘဲ Blank ထားကြည့်ပါ။
      ရသွားပါလိမ့်မယ်။
      လုပ်ကြည့်ပါဦး။ 🙂

  • မွန်မွန်

    August 1, 2012 at 4:42 pm

    အဲ…
    ဒီကိစ္စက သူကြီးဖြေရှင်းပေးရင် ရပါတယ်… မရေးဘဲနေတော့မယ်လို့တော့ စိတ်မကူးပါနဲ့ရှင်… ကိုခင်ခရဲ့စာတွေကို အမြဲဖတ်နေပါတယ်… အမေ့ကို ရှင်းပြပေးပါနော်… သူကြီး ပြင်ပေးနေပါတယ်လို့…

    • မွန်မွန်

      August 1, 2012 at 4:44 pm

      ဒါနဲ့ စကားမစပ်… မွန်မွန် ရဲ့ ပို့စ်တွေကို အက်ဒစ်လုပ်လို့ မရပါဘူး… edit လည်း မပေါ်ဘူး… ဘာလိုလုပ်ရတာလဲဟင်….

      • Solid_Sn@ke

        August 1, 2012 at 4:48 pm

        သဂျီးက မျက်နှာမြင်မှ(ကလေးမွေးတာမဟုတ်ပါ) …ရာထူးတိုးပေးတာဗျ…
        သူ့ကို မျက်နှာညန်ညန် ပြလိုက်…

        😀

  • ko khin kha

    August 1, 2012 at 5:07 pm

    အရီးရေ ကြိုးစားကြည့်ပါမယ်၊ ကျေးဇူးပါ။
    မွန်မွန်ရေ ဆက်ရေးဖို့အားပေးတာလည်း ကျေးဇူးဘဲဗျာ။

  • သဌ္ဇာနာဂရ

    August 1, 2012 at 7:53 pm

    ကိုခင်ခရေ ကျနော်တို ့လဲ အဲ့လိုဖြစ်နေတာပါဘဲ။ဆက်ရေးစေလိုပါတယ်ဗျာ။
    အားပေးလျှက်ပါခင်များ။

  • မောင်ပေ

    August 1, 2012 at 8:39 pm

    ဟောဗျာ
    အဲဒီလိုတွေ ဖြစ်သွားခဲ့မှန်းကို မသိခဲ့ပါဘူး
    ကိုခင်ခ ရဲ ့မာမီစံ မှာတောင် ဝင်နောက်နေမိသေးတယ်
    ကိုခင်ခရေ
    ိကျုပ်လဲ ကြုံဖူးပါတယ်
    ၂ ရက်တိတိ ဂေဇက်ကို လုံးဝ log in လုပ်မရလို ့
    ကိုယ်တင်မယ့် ပို ့စ် ကိုတောင်
    ပေါက်ဖော် ကို လှမ်းပြီး တင်ပေးဖို ့အကူအညီတောင်းရတယ်
    အဲ့တုန်းက ကျုပ်လဲ သဂျီးများ ကျုပ်ကို ဘန်းလိုက်တာများလားလို ့မေးလ်ပို ့လှမ်းမေးသေးတယ်
    နောက်ရက်တွေကြ အဆင်ပြေသွားတာပါဘဲ
    ကိုခင်ခ လဲ ဂေဇက်မှာ ကွန်နက်ရှင် ၊ ဆာဗာအယ်ရာလေးတွေ ကို အံတုရင်း စာအဆက်မပြတ်ဆက်ရေးပါဗျို ့

  • အရီးခင်လတ်

    August 1, 2012 at 9:52 pm

    ကိုခင်ခ
    ကျန်တာတွေ က Log in မလုပ်ဘဲ ဝင်လို့ ရသွားပြီ။
    “မွေးနေ့အမှတ်တရ လက်ဆောင်ပန်း” ကျန်နေသေးတယ်။
    အဲဒါကိုလဲ ပြင်လိုက်ပါဦး။
    အဲဒီမှာ Post Level Restriction က တော်တော်လေးမြင့် နေပုံရတယ်။
    နောက် Post တွေ တင်ရင်လဲ အဲဒါလေးကို သတိထားကြည့် လိုက်ပါဦး။ 🙂

  • ကိုခရေ
    ရေးတာဝါသနာပါသူချင်းမို့ ပြောရအုံးမယ်။
    ကျနော်ရေးစကလဲ ရေးချင်တာဘဲသိတယ်။
    တင်လိုက်ကော်နက်ရှင်မကောင်းတော့ပျောက်သွားလိုက်နဲ့။
    စာရေးတာကို လွယ်လွယ်လေးနဲ့ရပ်မပစ်လိုက်ပါနဲ့ဗျာ။
    စာရေးချင်စိတ်ရှိတယ်ဆိုတာ လွယ်မှတ်လို့။
    ရွာထဲမှာကြာကြာနေစမ်းပါဗျာ…………..
    ရန်ဖြစ်ပြန်ချစ်နဲ့ပျော်စရာကြီးရယ်
    ………………………………………………..
    (သေချာတာတစ်ခုက သူကြီး ကလူတစ်ယောက်ထဲအပေါ်မှာ ပိတ်ထား ကပ်ထားတာ လုံးဝမလုပ်တဲ့သူပါ။
    အဲဒါတော့ ယုံလိုက်နော်)

  • ကြောင်ကြီး

    August 2, 2012 at 10:30 am

    သဂျီးက မွတ်စလင်ဆိုတော့ အဲသလိုပဲ မထင်ရင် မထင်သလို လုပ်တာ…။ ကျနော့်တုန်းကဆို ပို့စ်တပုဒ်တင်ဖို့အရေး ဘီလူးလေဘယ်လ်တလုံး အမြန်ချောပို့နဲ့ ဆက်သရသဗျ။ နောက်ပိုင်း တာလီဘန်တွေကို အမေရိကန်ဆော်ထည့်လိုက်မှာ ပုံစံပျောင်းသွားတာ…။ အဆင်မပြေရင် ဆဲသာဆဲဗျာ…။ မရရင် စီအိုင်အေခေါ် ဒုံးကျည်စာကျွေးပစ်။ 👿

  • etone

    August 2, 2012 at 7:41 pm

    ကိုခင်ခရေ ….အဲ့ဒီပို့စ်တွေမှာ ကော့မန့်မပေးဖြစ်ပေမယ့် …. ဒီတိုင်းဖတ်တော့ဖတ်လို့ရခဲ့သေးတယ် … ။
    ဒါပေမယ့် မှတ်မှတ်ရရ ဗိုက်ကလေးရဲ့ စတစ်ကီပို့စ်တပုဒ်ဝင်ဖတ်တော့ အဲ့လို စာမျိုးပေါ်တယ် …. ။ကျွန်မစိတ်ထဲထင်တာတော့ ….. စာမူရွေးတဲ့အကြောင်းမို့လို့ ဂေဇက်က မန်ဘာမဝင်ပဲ ဖတ်မရအောင်ရေးထားတယ်ထင်လို့ပါ …. အခု ကိုခင်ခပြောမှ … တစ်ခုခု အယ်ရာမှန်းသိတော့တယ် … .

  • ko khin kha

    August 2, 2012 at 8:14 pm

    သူကြီး၊ အရီးလတ်နဲ့ ရွာသူ/သားတွေ ကူညီကာမှိုင်းမမှု့ကြောင့် အခုတော့အားလုံး အဆင်ပြေသွားပါပြီ၊ အမေလည်းဒီမနက်ဖွင့်ဖတ်ပြီးကြောင်း ဝမ်းသာစွာနဲ့ဖုန်းဆက်ပါ၏၊ ကူညီအားပေးကြသူအပေါင်းကိုလည်းကျေးဇူးတင်ပါတယ်၊ နောက်ရက်တွေမှာတော့ ပိုစ့်တွေရေးပြီးတင်ပါအုံးမယ်၊ အခုတော့အပြင်ကပြန်လာရင်း 7 Day News Journal ဝယ်လာလို့ဖတ်လိုက်အုံးမယ်နော်။
    အားလုံးကိုကျေးဇူးတင်လျှက်-
    ကိုခင်ခ။

    • မဟာရာဇာ အံစာတုံး

      August 2, 2012 at 8:30 pm

      အပြင်ကို
      ဘာသွားလုပ်တာတုံးဟင်င်င် ..
      ဂနေ့ လပြည့်နေ့ဆိုတော့ ..
      တူနှစ်ကိုယ် ရွှေလက်တွဲရင်း
      ဘုရားတွေ သွားဖူးပြီး ပြန်လာခဲ့တာလားဟင်င်င် … 😀
      နောက်ဒါဘာနော့ ..

Leave a Reply