” ကျွန်တော် နှင့် ဆရီးရွှာ ( ၁ ) “

YE YINT HLAINGAugust 2, 20121min22620

ဆရာရွှီး က သူကြည့်ရန် လက်ပြဖို့ ပြောလာတော့ ကျွန်တော် က ညာဘက်လက်ဝါး ကို ဖြန့်၍ ပြလေရာ ဆရာရွှီးက နှစ်ဘက်လုံး ပြပါဟု ပြောလာသည် ။ ယင်းနောက် သူက ကျွန်တော်၏ လက်နှစ်ဘက်အား မှောက်ချီ လှန်ချီ ကြည့်ပြီး နောက်- လက်က လေးထောင့်လက် အုပ်စုဝင် ၊ ပြီးတော့ လက်ခလယ် ရဲ့ အလျှား ဟာ လက်ဝါးပြင် အလျှား ထက် ပိုရှည်နေတယ် ။ လက်ကို မှောက်လျှက် အနေအထားမှာ အား နည်းနည်း ထည့်ကြည့်ခိုင်းတော့ လက်ဖျားများက ကော့နေတယ် ။ ဒါကို ကြည့်ခြင်း အားဖြင့် မောင်ရင် ရဲ့ စိတ်ဓာတ် ဟာ ပျော့လျှင် ဖယောင်း မာလျှင် သံချောင်း ဆိုတဲ့ စိတ်ဓာတ်မျိုးပဲ ။ ပြီးတော့ — ခုမောင်ရင့် လက်ခုံ ပေါ်က သွေးကြောတွေဟာ အပြိုင်းအရိုင်း ထနေတော့ကာ လက်ရှိ အချိန်ဟာ လေးထောင့်လက် ပိုင်ရှင် ဖြစ်တဲ့ မောင်ရင့် အတွက် အကောင်း ဆုံး အချိန်တွေပါပဲ ။ပီးတော့ ဟောဒီမှာ ကြည့် မောင်ရင် — မောင်ရင့် ရဲ့ လက်သူကြွယ် ဟာ လက်ခလယ်ကို လက်ဖျားထိပ်ပိုင်းလေးမှီ နေပေမဲ့ လက်သန်းကတော့ ဗုဒ်ဓဟူး ဂြိုလ်ခုံပေါ် မှာ မားမားမတ်မတ် ရှိနေပြီး လက်သူကြွယ်ကို အမှီသဟဲ မပြုတဲ့ အတွက်  ၊ ထီးတည်းရပ်တည်နေတဲ့ အတွက် မောင်ရင်ဟာ တဇွတ်ထိုး တဇောက်ကန်း စိတ် ရှိသူ ဖြစ်သလို ထင်ရာလုပ်တတ်တဲ့ အကျင့်လေးလည်းရှိတယ် ။ ပြီးတော့ မောင်ရင့် ရဲ့ လက်သန်းထိပ်ပိုင်းဟာ လက်သူကြွယ် ထိပ်ပိုင်း ပထမ အရစ်ထက် အနည်းငယ် ပိုမြင့် နေတဲ့အတွက် မောင်ရင်ဟာ လူအများ နဲ့ ထိတွေ ဆက်ဆံ လုပ်ကိုင်ရ တဲ့ အပိုင်းတွေကို စိတ်ဝင်စားတယ် ။ အကယ် ၍  ဗုဒ်ဓဟူး ဂြိုလ်ခုံ သာ အင်အားကောင်းခဲ့ရင် ၊ အထောက် အပံ့ လမ်းကြောင်းတွေသာပါခဲ့ရင် မောင်ရင်ဟာ နိုင်ငံရေးသမား ၊ အနုပညာ သမား ၊ ဒါမှ မဟုတ် လူအများသုံး ပစ်စည်း ထုတ်လုပ်သူ (သို့) ရောင်းချသူ ဖြစ်လိမ့်မယ် ။ ဆရာ ရွှီး က ထိုသို့ပြောလာ၍ ယခု ကျွန်တော် ၏ အလုပ် အကိုင်မှာ ကွန်ကရစ် ထုတ်လုပ်သူ ဖြစ်ကြောင်း ပြောပြလိုက်သည် ။ ယင်းနောက် ဆရာရွှီးက လက်ဝါးပြင် နှစ်ဖက်အား စစ်ဆေးပြီး နောက် မောင်ရင် ဘယ်အကြောင်းကို အရင်ဆုံး သိချင်လည်း ဟု ကျွန်တော့ အား မေးလေရာ စီးပွါးရေး နဲ့ ပါတ်သက်တာ အရင်ကြည့် ပေးပါဆရာ ဟု တောင်းဆိုလိုက်ရာ ဆရာရွှီး က အင်း— မောင်ရင်ရဲ့ လက်ရှိ ရောက်နေတဲ့ အသက်ပိုင်းခြား အရ ဟော့ဒီ အသက်လမ်းကြောင်းပေါ်ကနေ အထက်ကို ဆန်တက်နေတဲ့ လမ်းကြောင်းလေးတွေအရ ခုကစပြီးကောင်းနေပြီဗျာ ! ပြီးတော့ မောင်ရင့် အသက် ( ၅ဝ ) ဝန်းကျင်မှာ အရှိန်အဟုန် ကောင်းနေတဲ့ စီးပွါးရေးနဲ့ အတူ ခပ်ဆိုးဆိုးလို့ ပြောလို့ရတဲ့ ခန်ဒါကိုယ် အတွင်း အစိပ်အပိုင်း ချွတ်ယွင်းတဲ့ ရောဂါ ဖြစ်မယ်ဗျာ ! ဒီလိုပြောရတာက သောကြာဂြိုလ်ခုံ ထဲက ဥပါဒ် လမ်းကြောင်းဟာ အသက်လမ်းကြောင်း အညွန့်လမ်းကြောင်းနဲ့ ဦးခေါင်းလမ်းကြောင်း ကို ဖြတ်သွားလို့ ပါပဲ ။ အထင် အရှား ဖြတ်သန်း သွားတဲ့ အသက်အပိုင်းအခြား ကလည်း ( ၅ဝ ) ဝန်းကျင်လို့ ခန့်မှန်းရလို့ပါပဲ ။
ဆရာရွှီးက ယင်းသို့ ရှင်းပြလာသဖြင့် ကျွန်တော်က — ဆရာ ! လက်ဝါး ပြင်ပေါ် က အသက် အပိုင်းအခြား တွေကို ဘယ်လို တွက်ယူလဲ ဆရာဟု ကျွန်တော် သိလို သည့်အချက် လေးအားမေးမြန်းလေရာ ဆရာ ရွှီး က —  အဓိက အသက်လမ်းကြောင်းပေါ်မှာ အခြေ တည်ပြီး တွက် ပါတယ် ။ ပျမ်းမျှ အားဖြင့် အသက်လမ်းကြောင်း အစကနေ အဆုံး ထိကို ( ၇ဝ ) နှစ် သက်တမ်း နဲ့ တွက်ပါတယ် ။ အဲဒီမှာ အခြေခံယူပြီး ဗုဒ်ဓဟူး ဂြိုလ်ခုံ ၊ တနင်းလာ  ဂြိုလ်ခုံ တွေကို စစ်ဆေးပြီး ဘယ်နှစ်မှာ အိမ်ထောင်ကျမယ် ၊ ဘယ်နှစ်မှာ ခရီးရှည် ထွက်ရမယ် စသဖြင့် ကြည့်ပါတယ် ။ ဆရာ! လက်ဝါးပြင် မှာ ဂြိုလ်ခုံအရေအတွက် ဘယ်လောက်များများ ရှိလဲဆရာ ? ဆရာရွှီးက — ( ၉ ) ခုရှိတယ်မောင်ရင် ! ဒါပေမဲ့ လူအများ နားလည် သိထားတာက အများအားဖြင့် ( ၈ ) ခုတည်းသိတာများကြပါတယ် ။ သို့ဆို၍ ကျွန်တော်က — ဒါဖြင့် တခုက ဘာလဲဆရာ ? ဟု မေးလေရာ ဆရာရွှီးက — ပလူတို ဂြိုလ်ခုံကွဲ့ ! တနင်းလာဂြိုလ်ခုံ နဲ့ သောကြာဂြိုလ် ခုံ နှစ်ခုကြား — လက်ဖနောင့် ဝန်းကျင် နေရာကိုခေါ်တယ်ကွဲ့ !— ဒါနဲ့ စကားမစပ် ဆရာ ! ဆရာ က ဗေဒင် ကော တွက်လား ဆရာ ? ကျွန်တော် ၏ အမေးအားဆရာရွှီး က — မတွက်တတ်ဘူး မောင်ရင်ရဲ့ ! ဆရာက လက်ခဏာ လောက်ပဲ ဝါသနာ ပါတယ် ။ ဗေဒင် ကိုတော့ ဝါသနာ မပါခဲ့ဘူးကွဲ့ ! ဗေဒင်ပညာ ဆိုတာ နေ ၊ လ ၊ နက်ခတ်တာယာ တွေ ဂြိုလ်တွေ ကို မှီတည်ပြီး တွက်ချက်ယူရတဲ့ ပညာ မျိုး ကွဲ့ ! ဒါပေမဲ့ စက်ကြာဝဠာ ကြီးနဲ့ ဂြိုလ်တွေဟာ အမြဲတမ်း ပုံသေ ရှိမနေပဲ ပြောင်းလဲတတ်တဲ့ သဘာဝ ရှိတော့ကာ တစိုက်မတ်မတ် လေ့လာလိုက်စားနိုင်မှ တော်ကာ ကျမယ်ကွဲ့ ! လက်ခဏာ ပညာ မှာတော့ ရုပ်ဝါဒီ သမားတွေ အတွက် လက်ဝါး ပြင် က အရေး အကြောင်းတွေဟာ အရာဝတ်ထု ပစ်စည်းတွေကို ဆုပ်ကိုင် နိုင်ဖို့ သဘာဝ က ပေးထားတယ် လို့ မြင်ပေမဲ့ တကဲ့ ပညာရပ်ပိုင်း အမြင်မှာတော့ လူ တဦးချင်း စီရဲ့ လက်ထဲမှာ သူတို့ ဘဝ အကြောင်းအရာ အပြည့်အစုံ ကို ရေးထားသလို ပဲကွဲ့ !
ဒါကြောင့် ဆရာ့ ရှေမှာ အကြောင်းသိတဲ့ မိတ်ဆွေ တချို့ ဟာ မဟုတ်မမှန် ပဲ နဲ့ ကျွန်တော် / ကျွန်မ လူပျို ကြီးပါ အပျိုကြီး ပါလို့ မပြောရဲကြဘူးကွဲ့ ! ပြောမိခဲ့ ရင်လည်း ဆရာ ကြည့်ရှုစစ်ဆေးပြီးရင် နောက်ဆုံး တိုးတိုးတိတ်တိတ် ဝန်ခံသွားကြတာ ချည့် ပဲကွဲ့ ! ကဲကဲ ဒီနေ့တော့ ဒီလောက်နဲ့ ရပ်ရအောင် ! နောက်နေ့ မောင်ရင့် လက်ဝါး ကို ထပ်မံ စစ်ဆေးပေးပါ့မယ် ။ ခုတော့ အချိန်ကျပီ ဆိုတော့ကာ ဘီဘီ လေး ဖြစ်ဖြစ် ဝီလေးဖြစ်ဖြစ် သောက်ချင်ပြီကွဲ့ ! ဆရာ ရွှီး က ယင်းသို့ ဆိုလာ၍ ကျွန်တော်လည်း အားရဝမ်းသာစွာဖြင့် ” ဒီနေ့ အတွက် ကျွန်တော် ဒကာခံ ပြုစုပါရစေ ဆရာ ! ” ဟုပြောလိုက်လေရာ ဆရာရွှီး က ကဲကဲ ဒါဆိုလည်း မြန်မြန်လုပ် ! မောင်ပေ ပြောသလို ဝါဆိုလပြည့် မတိုင်ခင် လေး ပြေးကစ်ရအောင် ! ဟု ဆိုလေတော့သတည်း ။

( မှတ်ချက် ။ ။ ကျွန်တော် ဝါသနာပါ လေ့လာခဲ့ တာလေးများကို နှစ်ကိုယ်ခွဲခါ ပြောဆိုကြ ဟန်ဖြင့် ရေးသားလိုက်ရပါသည် ။ အသိမှား ၊ အမှတ်မှား ကာ ရေးသားဖော်ပြချက်များ မှားယွင်းနေပါက ပြင်ပေးကြပါရန် မစ်တာရပ်ခံအပ်ပါသည် ။ )
ဖတ်ရှုအားပေးသူများအားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ့!
ရဲရင့်လှိုင်

20 comments

  • ကြောင်ကြီး

    August 2, 2012 at 10:06 am

    ဆြာရွှီး
    ဗလာဂျီး
    လာပြီး
    ကာဆီး၊
    အာကြီး
    မြှာတီး
    နှာစီး
    ငါလခွီး..။

  • YE YINT HLAING

    August 2, 2012 at 10:27 am

    ညာပီး
    အာတီး
    ပါပြီး
    ချာပီး
    ချာစီး ( ဟဲဟဲ ! နောက်တာနော် ! ဦးကြောင် ! တနှစ် ကို လေးခါလုပ်တဲ့ ဦးကြောင် မွေးနေ့မှာ ဆုတောင်းပေးဖို့တောင်မေ့သွားတယ်ဗျာ ! ချောတီး ! )

  • ပင်လယ် ပျော်

    August 2, 2012 at 11:42 am

    အရာအားလုံးကို ဗေဒင်ယုံစားပြီးမလုပ်သင့်ပါ..မိမိဦးနှောက်ဆင်ခြင်ဆုံးဖြတ်ပြီးသာပြုလုပ်သင့်ပါကြောင်း….ဆရာလုပ်ခြင်းမဟုတ်ပါ….

    • YE YINT HLAING

      August 2, 2012 at 11:53 am

      ဖတ်သွား မန့်သွားလို့ ကျေးကျေးပါဗျို့ ! ဘယ်လိုဖြစ်တယ် မသိ မျက်စေကြောင် အိပ်မရ တာနဲ့ ဒီပို့ ( စ ) ရေးလိုက်မိတယ် ။ ဗဟုသုတ နဲ့ ဝါသနာတူမဲ့ လူတွေ အတွက် ရည်ရွယ်ပြီး ရေးလိုက်မိတယ် ။ ကိုပင်လယ်ပျော် ပြောတာကို ကျွန်တော် လည်းလက်ခံပါတယ် ။ ဆရာလုပ်တယ်လို့ မထင်ပါဘူးဗျာ ! ဆင်ခြင်တွေးခေါ်မှုလောက်တော့ ဘယ်အရာမှ စိတ်မချရပါ ။

  • စိန်ဗိုက်ဗိုက်

    August 2, 2012 at 12:38 pm

    အတော်နောက်တဲ့လူ
    သူ ့ဟာဖတ်မိမှ လက်သန်းကြည့်လိုက်၊ လက်ခလယ် ကြည့်လိုက်၊ လှန်လိုက် ကော့လိုက်နဲ ့
    အလုပ်ရှုပ်ပါဘိသနယ်..
    လူဇိုး
    တွား..
    ဘီအီးတိုက်ဘူး..
    ဂိန်..ဂိန်..

    • YE YINT HLAING

      August 2, 2012 at 1:04 pm

      ကိုဗိုက်တို့လို ဖတ်ရှုပီးမန့်ပေးတဲ့သူတွေတွေ.ရလို့ ညကျရင် ( ၂ ) ကိုဆက်ရေးဘို့ အားရှိသွားပါကြောင်း ။ဟဲဟဲ ! ညှင်းညှင်း ! ကွိကွိ ! ဂိန်ဂိန်!

  • aye.kk

    August 2, 2012 at 1:17 pm

    ကိုင်ရိုပညာ…
    အိုင်ကျူမမှီပါ…။
    ခက်ခဲလှတာလက္ခဏာပညာရပ်ပါ။
    ကံပြုပြင်သမျှ၊လက်ဖဝါးပြင်က…
    အရေးအကြောင်းများကလည်းပြာင်းလည်းလျှက်ရှိနေတာ။
    ဝါသနာပါတာမှန်သော်လည်း…
    ဗဟုသုတအဖြစ်နဲ ့…..
    ယနေ ့အထိတိုင်လေ့လာနေဆဲမကုန်နိုင်တာ။။

    • YE YINT HLAING

      August 2, 2012 at 1:30 pm

      အန်တီ အေးခင်ဗျား ! ခုလို ကွန်မန့်လေး ချီးမြှင့်ပေးတဲ့ အတွက် ကျေးဇူး ပါခင်ဗျ ! အန်တီအေး ပြောတဲ့ သောကြာ ခါးပါတ် အကြောင်းကိုလည်း စိတ်ဝင်စား ခဲ့မိပါတယ် ။ ကျွန်တော် လည်း ဝါသနာ အရ လေ့လာနေတဲ့သူ ဖြစ်ပါတယ် ။ တချို့ မတူ ကွဲနေတဲ့ လမ်းကြောင်း အမှတ်အသားလေးတွေ အပေါ်မှာ ဖွင့်ဆိုထားတာလေးတွေကို ခုချိန်ထိ လိုက်လို့ မမှီသေးတာ အန်တီအေး ပြောသလိုပါပဲ ခင်ဗျား !

  • aye.kk

    August 2, 2012 at 1:21 pm

    ကိုင်ရိုပညာ..
    အခြေခံသိရုံမျှနှင့်မဟောစေချင်ပါ။

  • YE YINT HLAING

    August 2, 2012 at 1:47 pm

    ဟောတယ် ဆိုတာထက် ရင်းနှီးတဲ့သူတွေကို အပျင်းပြေ ဗဟုသုတ အဖြစ်လေး အကြမ်းဖျင်း ပြောပြတယ်ဆိုတာ ပိုမှန်ပါတယ် ခင်ဗျ ! အဲဒီ အကျင့်ကြောင့် ရောက်လေရာမှာ ရင်းနှီးသူတွေ ရဲ့ လက်ဝါးပြင်တွေကိုကြည့် ကိုသိထားတာပြော ဟုတ်မဟုတ် ပြန်မေးကြည့် အဲလိုနဲ့ ဝါသနာ ပါသလိုလေးသွားတာ တော့ရှိပါတယ် ။”ဒါကြောင့် ဆရာ့ ရှေမှာ အကြောင်းသိတဲ့ မိတ်ဆွေ တချို့ ဟာ မဟုတ်မမှန် ပဲ နဲ့ ကျွန်တော် / ကျွန်မ လူပျို ကြီးပါ အပျိုကြီး ပါလို့ မပြောရဲကြဘူးကွဲ့ ! ပြောမိခဲ့ ရင်လည်း ဆရာ ကြည့်ရှုစစ်ဆေးပြီးရင် နောက်ဆုံး တိုးတိုးတိတ်တိတ် ဝန်ခံသွားကြတာ ချည့် ပဲကွဲ့ ” ဒါကတော့ တကယ်ကြုံဘူးတာလေးကို ဟာသ အဖြစ်နဲ့ ရေးလိုက်တာပါ ။ ခုဒီနေ ရာမှာ နိုင်ငံခြားသား အစုံရဲ့ လက်တွေကို ကြည့်မိတော့ ခရီးသွားလမ်းကြောင်းတွေနဲ့ပါတ်သက်ပီး အခိုင်အမာ ယုံကြည်လာတာမျိုးလည်း ရှိလာပါတယ်ခင်ဗျာ့ ! ထပ်ဆင့် ကွန်မန့် လေးအတွက် သတိပေးစကား လေး အတွက် ကျေးကျေးပါ ခင်ဗျာ !

  • မောင်ပေ

    August 2, 2012 at 8:27 pm

    မောင်ပေပြောသလို အချိန်မှီလေးပြေးကစ်တော့
    ဘယ်လို နေတာလဲ ဆိုတာလဲ ပါ ပြောဦးလေ
    ကျုပ်မှာဖြင့် မနေ ့ညက မူတူးဘိုင်တွေ နဲ ့ချည်းတိုးလို ့
    သောက်သမျှနဲ ့မမူးလိုက်ရတာ ရင်နာလို ့မဆုံးဖြစ်နေကြောင်း ရယ်ပါ

    • YE YINT HLAING

      August 2, 2012 at 9:01 pm

      ဟဲဟဲ — ကိုပေ့ ကွန်မန့်လေးသဘောကျလို့ ထည့်ရေးလိုက်တာပါ !အချိန်မှီ လေး ပြေးကစ်လိုက်တာ ကောင်းမှ ကောင်းဗျာ ! ဒီနေ့တော့ ကိုပေပြောသလို ရှောင်ပီဗျာ !

  • မဟာရာဇာ အံစာတုံး

    August 2, 2012 at 8:58 pm

    နှစ်ကိုယ်ခွဲပြီး ပြောတာဆိုတော့ ..
    ဘီဘီလေး ကစ်ချင်တာလည်း သူဘဲပေါ့နော် ..
    ဘီဘီ တိုက်ချင်တာလည်း သူဘဲပေါ့နော် .. 😀

    အဟီး …
    အနော့် လက်ကတော့
    ကော့ညွှတ်သွယ်မနေပါဘူး ..
    လက်ကြမ်းဂျီးရယ် ……. 🙁

    • YE YINT HLAING

      August 2, 2012 at 9:08 pm

      ယောက်ကျား အများစု ရဲ့ လက်ဟာ လေးထောင့်လက် ခပ်ကြမ်းကြမ်းတွေ များပါတယ်ဗျာ့ ! ဒါက ဦးဆောင်ဦးရွက်ပြုနိုင်မှု ကိုဖော်ပြတယ်ဗျ ! အကြမ်းဖျင်း ပြောကြည့်တာပါ !

  • nature

    August 2, 2012 at 9:49 pm

    နက္ခတ်ဗေဒင်နဲ့တွက်ရင်အမွှာတွေ ဆေးရုံတခုတည်းမှာမွေးရင် တူတူပဲမို့ သိပ်မကွာပေမဲ့ လက္ခဏာကတော့ ကွာပါလိမ့်မယ်။

    • YE YINT HLAING

      August 3, 2012 at 10:39 am

      ကိုနေးချားပြောသလိုပါပဲ ။လူဦးရေ သန်း ( ၆ ) ကျော် ( ရ ) ထောင်လောက်ရှိတာ တယောက် မတူကြပါဘူး ။

  • အရီးခင်လတ်

    August 3, 2012 at 4:06 am

    မောင်ရဲ ရေ
    အရီးလဲ ငယ်ငယ်က လက်ကအရေးအကြောင်း တွေ ကို အင်မတန်စိတ်ဝင်စား ခဲ့တယ်။
    အဲဒါတွေ က အမြဲ ပြောင်းနေမှန်း ကြီးတော့ တဖြေးဖြေး သိလာတယ်။
    ကောင်းတာလုပ်ရင် ကောင်းတဲ့ဘက် ကို ပြောင်းတယ်လို့ လဲ ယုံကြည်နေဆဲပါ။
    ဒီလို စိတ်ဝင်စားစရာ Post လေးအတွက် အားပေးသွားပါတယ်။ 🙂

    • YE YINT HLAING

      August 3, 2012 at 10:46 am

      ကောင်းတာလုပ်ရင် ကောင်းတဲ့ဘက် ကို ပြောင်းတယ်လို့ လဲ ယုံကြည်နေ နေတဲ့သူတွေထဲမှာ ကျွန်တော်လည်း ပါပါတယ် အရီး ! အားပေးလို့ ကျေးကျေးပါ ခင်ဗျာ့ !

  • mamanoyar

    August 3, 2012 at 9:52 am

    ကိုရဲရင့်လှိုင်က ဗေဒင်ဝါသနာပါတယ်နော်
    ဗေဒင်ပညာကလဲ စိတ်ဝင်စားဖို့တော့ကောင်းပါတယ်

    • YE YINT HLAING

      August 3, 2012 at 10:49 am

      ဟုတ်ကဲ့ ! ဗေဒင်ထက် လက်ခဏာ ပိုပီး စိတ်ဝင်စား ဝါသနာ ပါပါတယ် ခင်ဗျာ—

Leave a Reply