“အသွားမတူ အပြန်လည်းမတူခဲ့တဲ့ တူညီသောခရီးတစ်ခု” အပိုင်းတစ် (ရှမ်းတောင်ရဲ့မြို့တော် တောင်ကြီးမြို့သို့)
“အသွားမတူ အပြန်လည်းမတူခဲ့တဲ့ တူညီသောခရီးတစ်ခု”
(ရှမ်းတောင်ရဲ့မြို့တော် တောင်ကြီးမြို့သို့)
ပြီးခဲ့တဲ့သင်္ကြန်အပြီးမှာတောင်ကြီးကို သွားဘို့အလုပ်ကိစ္စပေါ်လာပါတယ်။
အဲတော့ အိပ်စ်ပရက်ကားနဲ့ဘဲသွားခဲ့ပါတယ်။
ညရှစ်နာရီကျွဲဆည်ကန်ကထွက် ကားခက တစ်ယောက် ၆၅၀ဝကျပ်.။
အမြန်လမ်းမကြီးအတိုင်းသွားတာပါ။
မိတ္ထီလာရောက်မှ လမ်းဟောင်းကိုပြန်တက်ပြီး ဘုရားငါးဆူဘက်ကနေတက်တာပါ။
လမ်းမှာ နှစ်ခါနားပါတယ်။
မိတ္ထီလာမှာတစ်ခါ ကလောမရောက်ခင်ရွာကလေးမှာတစ်ရွာ။
မနက်လေးနာရီဆိုတောင်ကြီးရောက်တာပါဘဲ။
မထင်မှတ်ဘဲ ဇူလိုင်လကုန်ခါနီးမှာ တောင်ကြီးကိုသွားဘို့ အလုပ်ကိစ္စပေါ်လာပါတယ်။
အဲဒါနဲ့ကားလက်မှတ်ဖြတ်ပြီး တောင်ကြီးကိုတက်ခဲ့ပါတယ်။
ထုံးစံအတိုင်း အိပ်စ်ပရက်စ်ကားကြီးနဲ့ဘဲသွားခဲ့တာပေါ့။
ခရီးထွက်တဲ့ည အိမ်က ည(7)နာရီထွက်လာပါတယ်။
အတူလိုက်မယ့်ကျနော့် ဆရာ အစက သူ့ဘာသာသူလာမယ်ဆိုပြီးမှ လာကြိုပါပြောတော့
သူ့ကို မြို့ထဲပြန်ဝင်ခေါ်ရပြန်ပါတယ်။
ကားမမှီမှာအတော်လေးကိုပူလိုက်ရပါတယ် အချိန်က ကပ်နေတာကိုး။ံ
ကားကရှစ်နာရီဆိုပေ့မယ် တစ်ကယ်ထွက်တော့ ဆယ်မိနစ်လောက်နောက်ကျပြီးမှထွက်ပါတယ်။
ကျနော့်မှာသာ မမှီမှာစိုးလို့မောလိုက်ရတာ။
တံခွန်တိုင်အဝိုင်းပါတ်ရောက်တော့ ကားက အမြန်လမ်းဘက်ကို မကွေ့ဘဲလမ်းဟောင်းအတိုင်းတည့်တည့်သွားပါတယ်။
မေးကြည့်တော့မှ လားရှိုးကနေဆင်းလာမယ့်ခရီးသည်ကိုစောင့်ခေါ်ရမယ်ပြောပါတယ်။
ကားကတော့လမ်းဟောင်းအတိုင်းဘဲဆက်သွားပါတယ်။
နောက်တော့ကားပေါ်ပြတဲ့မြန်မာဇာတ်ကားကြည့်ရင်းအိပ်ပျော်သွားပါတယ်။
ကားထိုးရပ်လို့ကြည့်လိုက်တော့ “သပြေဝ”ပါတဲ့။
ထမင်းလည်းမစားချင်တော့ကော်ဖီတစ်ခွာမှာသောက် စားစရာမုန့်ချခိုင်းတော့
ပေါင်မုန့် ပက်ကင်ထုပ်လေးတွေလာချ။
စားချင်စရာ မရှိ။
ဗှိုက်ဆာမှာစိုးလို့ တစ်ခုတော့ စားလိုက်ပါတယ်။
ခဏနေကားပြန်ထွက်။
ကားလီဗာသံ တဟဲဟဲကြားနေရတော့ မှောင်မဲမဲ
ကျောက်တောင်တွေအကြားထဲက
တောင်တက်လမ်းကို အားခဲပြီးတက်နေရတယ်လို့ခံစားရပါတယ်။
ကားပေါ်ပြတဲ့မြန်မာဇာတ်ကားကြည့်ရင်းပြန်အိပ်ပျော်သွား။
လမ်းခုလပ်မှာ ဆင်းကြ တဲ့ ခရီးသည်တွေရှိတော့ နိုးလိုက်ပြန်အိပ်ပျော်လိုက်။
မီးတွေလင်းလာပြီး ကားထိုးရပ်ပြန်ပါတယ်။
လှမ်းကြည့်လိုက်တော့ အောင်ပန်းမုန့်ဈေးတန်းနားက ချယ်ရီမြိုင်စားသောက်ဆိုင်။
ကားပေါ်က ဆင်း လက်ဖက်ရည်နဲ့ပေါက်စီစား။
အိမ်သာတက် ကားဆက်ထွက်တော့ မှောင်မဲမဲထဲမှာဘာမှလဲကြည့်စရာမရှိဆိုတော့
ပြန်ဆက်ပြီးအိပ်ပေါ့။
အိပ်တစ်ဝက်နိုးတစ်ဝက် “ဂိတ်ဆုံးပါပြီ”အသံကြားတော့ မနက်လေးနာရီ။
ရွှေတောင်ရိုးကားဂိတ်မှာရပ်ပေးတာပါ။
အဲဒါနဲ့ တည်းနေကျ တောင်ကြီးမန်း ဟိုတယ်ကို 2000ကျပ်နဲ့ကားငှားလို့
သွားလိုက်ပါတယ်။
ဟိုတယ်ရောက်တော့ အခန်းရှိမရှိသေချာအောင်မေးပြီးမှ ငှားထားတဲ့ကားကိုပြန်လွှတ်လိုက်ပါတယ်။
နှစ်ယောက်ခန်း တစ်ခန်း တစ်ရက်သောင်း နှစ်ထောင်။
ကျနော်နဲ့အတူလာတဲ့ဆရာကတော့ တရေးအိပ်ပါတယ်။
ကျနော်ကတော့ မြို့တောင်ဘက်ခြမ်းကို လမ်းလျောက်ထွက်လာခဲ့ပါတယ်။
ပထတစ်ခေါက်လာတုန်းက ကြုံခဲ့ရတာလေးကလဲ ခရီးသွားတဲ့သူတွေသတိပြုစရာ။
အဲဒီတုန်းက မနက်လေးနာရီမထိုးခင် တောင်ကြီးရောက်တော့ ဂိတ်က ကားကို
ကျနော်မိတ်ဆွေပြောလိုက်တဲ့ တည်းခိုခန်း နာမည်ပြောပြီးငှားလာပါတယ်။
တည်းခိုးခန်းရောက်တော့ ပစ္စည်းတွေချပြီးတော့ကားကလဲပြန်ထွက်သွားပါတယ်။
လူသံကြားတော့တည်းခိုခန်းကလူက အိပ်ချင်မူးတူးနဲ့ထလာပြီး အခန်းသော့ပေးပါတယ်။
တည်းခိုးခန်းခ မေးတော့ နှစ်ယောက်ခန်း ငါးထောင် လို့ပြောပါတယ်။
ရေချိုးခန်းအိမ်သာပါလားမေးတော့မှ ကျနာ်တည်းချင်တဲ့နေရာမဟုတ်ဘဲ မှားနေပြီဆိုတာသိရပါတယ်။
အဲဒါနဲ့သေချာအောင်ပြောမှ ကျနော်သွားချင်တဲ့နေရာက ဒီတည်းခိုးခန်းရဲ့
အရှေ့ဖက်တစ်လမ်းကျော်မှာရှိတာပါတဲ့။
လူနှစ်ယောက် ခရီးဆောင်အိတ်နှစ် ခြင်းတစ်လုံး လက်ဆောင်ပစ္စည်း ဖာ နှစ်ဖာနဲ့ရွာလည်ခန်းစပါတော့တယ်။
အဲဒါနဲ့ တည်းခိုခန်းက ကလေး တစ်ယောက်ကို အကူအညီတောင်းလို့ ကျနော်သွားချင်တဲ့နေရာကို လမ်းလျောက်ပြီး သွားရပါတော့တယ်။
အဲဒီရောက်တော့ လိုက်ပို့တဲ့ကလေးကိုမုန့်ဘိုးပေး။
ဟိုတယ်ထဲမှာ အိပ်နေတဲ့ကလေးတွေကိုနုှိး။
တံခါးပွင့်လာတဲ့အခါ မေးလို်က်တော့ အခန်းလွတ်မရှိပါတဲ့။
သူတို့ကလဲ ပြောပြီးတာနဲ့တံခါးပြန်ပိတ်လို့ ပြန်အိပ်။
တစ်ခါမှမရောက်ဘူးတဲ့အရပ်ဒေသ ရဲ့ မှောင်မှောင်မဲမဲ မိုးမလင်းခင် လမ်းဘေးမှာငုတ်တုတ်။
အသိတွေလှမ်းခေါ်ရအောင်ကလည်းသူများတွေအိပ်ကောင်းတဲ့အချိန်။
ဒါနဲ့ဘဲ လမ်းမထွက် ကားတားရပါတော့တယ်။
သိပ်မကြာခင်မှာ အငှားကားတစ်စီးရောက်လာ သုံးထောင်နဲ့ဈေးတည့်ပြီး တည်းစရာရှာရပါတော့တယ်။
အိပ်နေတာက မနိုးတာ အခန်းလွတ်မရှိတာနဲ့နှစ်နေရာလောက်သွားလိုက်ရပါတယ်။
ဈေးတောင်ဘက်က “တောင်ကြီးမန်း”ဟိုတယ်မှာ အခန်းရပါတယ်။
&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&
ပထမတစ်ခေါက်လာတုန်းက တောင်ကြီးကနေအောင်ပန်း။
အောင်ပန်းကနေရန်ကုန်ကို ဆက်သွားခဲ့တဲ့ခရီးဖြစ်ပါတယ်။
ရန်ကုန်က ညနေသုံးနာရီဆင်းလာမယ့်ကားကို အောင်ပန်း ချယ်ရီမြိုင်ကနေစောင့်စီးခဲ့ရတာပါ။
တည်းခိုးခန်းကနေ ချယ်ရီမြိုင်ကို လာနေချိန် မိုးတွေသဲသဲမဲမဲရွာတော့ တစ်ကိုယ်လုံးရွှဲရွှဲစို။
လေးနာရီလောက်မှာတော့ ရန်ကုန်ဆင်းမယ့်ကားရောက်လာပါတယ်။
ကျနော်တို့စီးလာတဲ့ကားကြီးက အောင်ပန်း ကနေကလော တစ်ဆင့်ခြင်းဖြတ်လို့လာပါတယ်။
ကလောအလွန်မှာတော့ အင်မတန်လှပတဲ့ တောင်တန်းတွေကြားကမြင်ကွင်းကိုတွေ့လိုက်ရပါတယ်။
အလာတုန်းက ညနှစ်နာရီလောက်ဖြတ်လာခဲ့တော့ ကားမီးထိုးသလောက်သာတွေ့ရပြီး ဘေးဘက်က ကျောက်တာင်တွေကလွဲလို့ဘာမှ မြင်ခွင့်မကြုံခဲ့ရပါဘူး။
အခုအခါမှာတော့ မိုးတွေစွေနေတဲ့ညနေခင်းလေးရဲ့တိမ်တွေကြားမှာ လှပသော တောင်တန်းတွေကို
မြင်နေရတာ တကယ့်ကိုကြည်နူးမိပါတယ်။
ဓါတ်ပုံတွေကိုရသလောက်ရိုက်နေမိပေမယ့် မှန်တစ်ထပ်ခံထားတဲ့ကားပေါ်ကရိုက်ရတာကြောင့်
ကြည်လင်ပြတ်သားမှု့မရှိမှာသေချာ။
ဒါပေမယ့် မှတ်တမ်းတစ်ခုအနေနဲ့သဘောထားပြီးရိုက်မိခဲ့ပါတယ်။
ဝက်ဖြူရေ မရောက်ခင်မှာအကွေ့အကောက်အထပ်ထပ်နဲ့လမ်းအကွေ့တွေကိုတွေ့ပေမယ့်
သွားနေတဲ့ကားပေါ်က ရသလောက်ဘဲ ရိုက်ခဲ့ရပါတယ်။
တကယ့်ကိုမချင့်မရဲဖြစ်ခဲ့ရတဲ့ခရီးတစ်ခုပါဘဲ။
(ဆက်လက်ဖော်ပြပါမည်)
ကိုပေါက်လမ်းသလားနေသည်
(2-8-2012)
16 comments
Ma Ei
August 6, 2012 at 10:41 am
11 တောင်ကြားက နေမင်းရဲ့အလင်း…လေးကိုပိုနှစ်သက်မိပါတယ်…
ဝါသနာ၊အလုပ် ထပ်တူဖြစ်ပြီး
ခရီးသွား၊ ဓါတ်ပုံရိုက် နေနိုင်တာမို့
အားကြလိုက်တာ…
ဆက်လက်ချီတက်နိုင်အောင်
ကျန်းမာရေးကို ဂရုစိုက်စေချင်ပါကြောင်း
ကိုပေါက်ရေ…
cherry nwe
August 6, 2012 at 11:16 am
ဘဘပေါက်ပုံလေးတွေအရမ်းလှတယ် လူကိုတော့ ဂျာနယ်ထဲမှာတွေ့ဘူးတယ် ခန့်ချောကြီးတော့
ကိုပေါက်(မန္တလေး)
August 6, 2012 at 11:52 am
အပိုတွေလာမပြောနဲ့ သူရဲတောင်လန့်ပြေးလောက်တဲ့ရုပ်ပါအေ
ကိုပေါက်(မန္တလေး)
August 6, 2012 at 11:18 am
မအိရေ
ကျနော်လဲကျန်းကျန်းမာမာနဲ့စာတွေရေး ပုံတွေရိုက်လုပ်ချင်ပါသေးတယ်။
အလုပ်နဲ့ဝါသနာကတော့ မတူဘူးဗျ။
အလုပ်က ဈေးသည် ဝါသနာကတော့ သိတဲ့အတိုင်းပါဘဲ။
ဒါပေမယ့်ကံကောင်းထောက်မစွာနဲ့အလုပ်နဲ့ဝါသနာ အချိုးညီနေပါသေးတယ်။
ဒါကြောင့်လဲ ကိုယ်လုပ်ချင်တာလေးလုပ်ခွင့်ရနေတာပေါ့။
shwe kyi
August 6, 2012 at 12:33 pm
အဝေးမှာဖူးမြင်ရတဲ့စေတီဆိုတဲ့ပုံလေးကိုအကြိုက်ဆုံးပဲလေးလေးရေ။ ကားမှန်ခံပြီးရိုက်ရတာတောင်တော်တော်ကောင်းတဲ့ပုံလေးတွေရအောင်ရိုက်နိုင်တယ်။
လေးလေးပြောလို့သတိထားရမယ် အဲဒီနယ်ဘက်သွားရင်နေစရာကျိန်းသေမှအငှားကားကိုပြန်လွှတ်မှဖြစ်မယ်။ 🙂
mocho
August 6, 2012 at 3:22 pm
ကျမ တို့ တောင်ကြီး သွားတုန်း ကလည်း ညဘက်ကြီး ဆိုတော့ ဘာမှ မမြင်ရ လို့ စိတ်ချ လက်ချ အိပ်ပျော် တယ်ပေါ့။ အပြန် ကျတော့ မှ နေ့ ကား စီး လာ တာ ဘေး က ချောက် နက်ကြီးတွေ ကြည့် ပြီး အသည်းတုန်၊ အူတုန် ဖြစ် ရတယ်။ ချစ်ချစ် ကို နောက် တခေါက် ထပ်သွား ဖို့ မဲဆွယ် လို့ မရဘူး။
ကျမက တော့ ထပ်သွားချင်သေးတယ်။
နံပတ် ၂ ပုံထဲက မြင်ကွင်း မျိုး လေးတွေ ဆို ကျမအတွက်တော့ အရမ်း သဘောကျ တဲ့ နေရာ လေးတွေ ပါ။
etone
August 6, 2012 at 3:37 pm
ဓါတ်ပုံလေးတွေကို ကြည့်ရင်း .. မြို့ပြရဲ့ မွမ်းကြပ်တဲ့ ဘဝကနေ ခဏတာ ရုန်းထွက်သွားမိတယ် ။
လေးပေါက်ရဲ့ ဓါတ်ပုံတွေက .. ဘယ်အချိန်ကြည့်ကြည့်လှနေတာပါပဲ ….. ။
တောင်ကြီးကိုရောက်တုန်းကတောင် အခုလို သဘာဝ အလှတွေ သိပ်မခံစားခဲ့ရဘူး …. ။
တောင်ပတ်လမ်းမှာ မျက်စိစုံမိတ်ရင်း … ပုတီးစိတ်လာမိလို့လေ … အဟီး ။ 😀
mocho
August 6, 2012 at 4:03 pm
အီတုန်း က မျက်စိစုံမိတ်ရင်း … ပုတီးစိတ်လာတာလား။ အမ ကတော့ ပါးစပ်က ဘုရားစာ ရွက်နေ ပေမဲ့ မျက်စိ ကတော့ ရှု ခင်း တွေ မလွတ်တန်း ကြည့် မိတယ်…ကား မပြော နဲ့ လေယာဉ်ပျံ စီး ရင်း တောင် ရင်တုန် ရတဲ့ ကြား က ပြတင်း ပေါက် ကနေ တချိန် လုံး ကြည့် နေတော့ တာ။
ကိုပေါက်(မန္တလေး)
August 6, 2012 at 6:33 pm
အဲဒီတစ်ခေါက် မဒမ်ပေါက်နဲ့လမ်းမှာရန်ဖြစ်ရတယ်ဗျ
ကင်မရာ နဲ့တဖျပ်ဖျပ်လုပ်နေလို့ သူများတွေကိုအားနာလို့ဆိုပြီးတော့ပေါ့
ပုံကောင်းလေးတွေလွတ်သွားတာ
Mလုလင်
August 6, 2012 at 7:14 pm
နံပါတ် ၈ ပုံလေးတော့ မိုက်တယ်ဗျာ ..
ko khin kha
August 6, 2012 at 8:58 pm
လေးပေါက်ရဲ့ရိုက်ချက်။
မောင်ပေ
August 7, 2012 at 12:09 am
ဒီပိုစ့်ထဲပါ ပုံတွေက အရင်တုန်းက ရိုက်ခဲ့တဲ့ပုံတွေထက် ပိုကြည့်ကောင်းနေသလိုပဲ။
ကျွန်တော့်အထင်
ကိုပေါက်(မန္တလေး)
August 7, 2012 at 12:22 pm
မောင်ပေထင်လို့ပါ။
ကားပေါ်ကနေဆင်းရိုက်ရင်ဒီထက်ကောင်းတဲ့ပုံတွေရမှာ အသေအချာ။
mamanoyar
August 7, 2012 at 1:33 pm
ကားက လေးနာရီဆိုက်တာဆိုတော့ စောလွန်းနေတာနော်
ခရီးသွားတဲ့သူတွေနည်းနည်းဒုက္ခရောက်တာပေါ့
တန်ဆောင်တိုင်သွားလည်မယ် မရောက်ရောက်အောင်
ဦးဦးပါလေရာ
August 7, 2012 at 9:00 pm
ကိုပေါက်ရေ-
ပုံ၅ က အိမ်ဝိုင်းလေးကိုတော့ သဘောကျမိတယ်။
အေးချမ်းဆိတ်ငြိမ်မယ့်ပုံလေးဗျ…
ဓါတ်ပုံအနေနဲ့တော့ ပုံ ၈ ကိုကြိုက်တယ်။
ကိုပေါက်(မန္တလေး)
August 7, 2012 at 10:47 pm
ဟုတ်တယ်ကိုပါ ရေ ကျနော်လည်းအဲဒီနယ်ဘယ်က အေးချမ်းမူ့ကိုသဘောကျတယ်။
ဒါပေမယ့် ကျနော်တို့လို ဆူညံနေတဲ့နေရာမှ နေ နေကျသူက သိပ်အေးချမ်းတဲ့နေရာမှာ
နေတတ်တော့မယ်မထင်ဘူး