ကလေးတွေဆော့တာ မပြီးကြသေးပါလား။

ခင္ခAugust 3, 20121min17419

မနေ့က ဝါဆိုလပြည့်နေ့ ရုံးပိတ်တာနဲ့ ညနေခင်းအိမ်ရှေ့မှာထိုင်ရင်း ဝယ်လာတဲ့ဂျာနယ်ဖတ်နေတုံး အိမ်ရှေ့လမ်းပေါ်မှာ ကလေးအုပ်စုတွေစော့ကစားနေကြတာကို ငေးကြည့်နေမိတယ်။ ကစားတဲ့ကလေးအုပ်စုကနှစ်စုလောက်ဖြစ်ပြီး သူတို့ကစားနေကြပုံမှာ –

အုပ်စုတစ်စုက –

အဖွဲ့လိုက် – အရူးမကြီး မစာဥ ဘယ်သွားမလို့လဲ၊

တစ်ယောက်သမား – တိရိစ္ဆာန်ရုံသွားမလို့၊

အဖွဲ့ – ငါတို့လည်းလိုက်မယ်၊

တစ်ယောက် – မလိုက်နဲ့၊ ဟိုရောက်ရင် ကျားတွေ ဆင်တွေ ကိုက်လိမ့်မယ်၊

အဖွဲ့ – ကိုက် ကိုက် သေ သေ

တစ်ယောက် – ဒါဆိုငါ့ကို အရူးမကြီး မစာဥ လို့ မခေါ်နဲ့၊

အဖွဲ့ – ခေါ်မယ် ၊ အရူးမကြီး မစာဥ အရူးမကြီး မစာဥ

( အော်ဆိုသူကဆို လိုက်သူကလိုက် ပတ်ပြေးသူကပြေး နဲ့ ကစားလေရဲ့ )

နောက် အုပ်စုတစ်စုက –

အဖွဲ့လိုက် – ညောင်ပင်တစ္ဆေ ဝေလေလေ နင်ဘယ်ကိုင်းမှာနေ၊

တစ်ယောက်ထဲ – ညောင်ကိုင်းမှာနေ၊

အဖွဲ့ – နင်ဘာသီးစား၊

တစ်ယောက် – ညောင်သီးစား၊

အဖွဲ့ – နင်ဘာရေသောက်၊

တစ်ယောက် – ညောင်ရေသောက်၊

အဖွဲ့ – နင်သေရင်ဘယ်သူ့ကိုခြောက်၊

တစ်ယောက် – နင်တို့အားလုံးခြောက်၊

( အော်ဆိုသူကဆို လိုက်သူကလိုက် ပတ်ပြေးသူကပြေး နဲ့ ကစားလေရဲ့ )

ကျွန်တော်ဖတ်နေတဲ့ဂျာနယ်မှာ The Voice နှင့် Envoy ဂျာနယ်တို့အား ထုတ်ဝေခွင့် ယာယီရပ်ဆိုင်း ဆိုပြီးသတင်းဆောင်းပါးလေးပါလို့ဖတ်ရပြီး၊ ဟိုတစ်နေ့က the best ရဲ့ The Voice နှင့် Envoy ဂျာနယ်နှစ်စောင် အပိတ်ခံရ ပိုစ့်လေးကိုဖတ်ခဲ့ရတော့ ကလေးတွေကစားတာနေတဲ့ ကစားပုံလေးနဲ့ ဒီလိုတော့ တွေးမိလိုက်တယ်၊ သတင်းလွတ်လပ်ခွင့်ပေးတယ် အခုမပေးဘူး နောက်တစ်ခါကြပေးပြန်တယ် သိပ်မကြာဘူး မပေးပြန်ဘူး၊ အင်း – ကလေးတွေ အရူးလုပ်တမ်းစော့သလိုမျိုးများ အပျင်းပြေစော့တာလား၊ ညောင်ပင်တစ္ဆော့ လိုခြောက်လှန့် တမ်းစော့နေတာလား တောင်ထင်မိပါရဲ့။ အဲဒီလိုအတွေးနယ်ချဲ့မလို့ဘဲ ရှိသေးတယ် အိမ်ရှေ့ကစော့နေတဲ့ကလေးတွေရဲ့ အသံက စိတ်ဝင်တစား နဲ့ အားပိုပါလားလို့လားတော့ မသိဘူး အသံတွေတောင်ပိုကျယ်လာသလိုဘဲ ကြားလိုက်ရတာက-

အဖွဲ့လိုက် – အရူးမကြီး မစာဥ ဘယ်သွားမလို့လဲ၊

တစ်ယောက်သမား – တိရိစ္ဆာန်ရုံသွားမလို့၊

အဖွဲ့ – ငါတို့လည်းလိုက်မယ်၊

တစ်ယောက် – မလိုက်နဲ့၊ ဟိုရောက်ရင် ကျားတွေ ဆင်တွေ ကိုက်လိမ့်မယ်၊

အဖွဲ့ – ကိုက် ကိုက် သေ သေ

တစ်ယောက် – ဒါဆိုငါ့ကို အရူးမကြီး မစာဥ လို့ မခေါ်နဲ့၊

အဖွဲ့ – ခေါ်မယ် ၊ အရူးမကြီး မစာဥ အရူးမကြီး မစာဥ

( အော်ဆိုသူကဆို လိုက်သူကလိုက် ပတ်ပြေးသူကပြေး နဲ့ ကစားလေရဲ့ )

နောက် အုပ်စုတစ်စုက –

အဖွဲ့လိုက် – ညောင်ပင်တစ္ဆေ ဝေလေလေ နင်ဘယ်ကိုင်းမှာနေ၊

တစ်ယောက်ထဲ – ညောင်ကိုင်းမှာနေ၊

အဖွဲ့ – နင်ဘာသီးစား၊

တစ်ယောက် – ညောင်သီးစား၊

အဖွဲ့ – နင်ဘာရေသောက်၊

တစ်ယောက် – ညောင်ရေသောက်၊

အဖွဲ့ – နင်သေရင်ဘယ်သူ့ကိုခြောက်၊

တစ်ယောက် – နင်တို့အားလုံးခြောက်၊

( အော်ဆိုသူကဆို လိုက်သူကလိုက် ပတ်ပြေးသူကပြေး နဲ့ ကစားလေရဲ့ )

အင်း—– ကလေးတွေ ကလေးတွေ ဆော့တာ မပြီးကြသေးပါလားနော်။

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။


 

19 comments

  • မဟာရာဇာ အံစာတုံး

    August 3, 2012 at 4:13 pm

    တင်စားသွားတာ ကောင်းတယ်ဗျို့ ..
    ကလေးတွေ ဆော့နေကြတာ မပြီးသေးဘူးလား … တဲ့ …. 😀
    _______

    ကျနော်ကတော့ဖြင့် ညောင်ပင်တစ္ဆေကို ဖတ်မိပြီး
    ငယ်စဉ်က ပျော်ပျော်ရွှင်ရွှင်နဲ့
    ကစားခဲ့ဖူးတာကိုပဲ အမှတ်ရမိသွားပါကြောင်း ….

    • P chogyi

      August 5, 2012 at 9:20 am

      ဒါက လူကြီးတွေဆော့တာဆိုတော့
      နည်းနည်းပိုကြာမှာပေါ့၊ မဟုတ်ဘူးလား
      ကျွန်တော်မပြောဘူးနော်

  • Ma Ei

    August 3, 2012 at 4:55 pm

    ဒီကလေးတွေကတော့
    ဆော့ ကစား လို့ကို ပြီးမထင်ပေါင်
    ကိုခင်ခရေ…

  • etone

    August 3, 2012 at 7:16 pm

    ကိုခင်ခရေ …. ကလေးတွေဆော့နေတာဆိုလျှင်ပြီးချင်ပြီးမယ် … သူငယ်ပြန်နေတဲ့ လူတွေဆော့နေတာမို့ မပြီးသေးတာပါ … ဟိဟိ …. ။ 😀

  • ဝေးလွင့်တိမ်

    August 3, 2012 at 7:21 pm

    ဆော့ရတာပျော်စရာကြီးပဲကို … ပြီးနိုင်ပါဘူး … ။ ခ်ခ်

  • ko khin kha

    August 3, 2012 at 7:42 pm

    အဆော့ရပ်တဲ့အခါမှ မီဒီယာဈေးခင်းကြမှာမို့ပါ။ သူတို့ဆော့နေတုံးသွားခင်းလို့ ဈေးဘမ်းမှောက်မှဖြင့်ကွယ်။

  • မွန်မွန်

    August 3, 2012 at 8:26 pm

    တဖြည်းဖြည်းနဲ့တော့ ကစားတာ ရပ်သွားမယ်လို့ မျှော်လင့်မိပါတယ် ကိုခင်ခရေ….

  • မောင်ပေ

    August 3, 2012 at 9:45 pm

    လုပ်ကွက်တစ်ခုကို မှားပိတ်မိတယ်ဆိုပြီး
    နောက်ထပ် လုပ်ကွက်တစ်ခုနဲ ့ချွေးသိမ့်တတ်တာကလား

  • ကြောင်ဝတုတ်

    August 3, 2012 at 9:56 pm

    ကလေးတွေဆော့တာက သိပ်မခံစားနိုင်တော့ရင် အော်ဟစ်ဆဲဆိုပြီး
    တုတ်တစ်ချောင်းဆွဲပတ်ရမ်းလို့ရသေးတယ်…
    လူကြီးတွေကစားကတာ ငြိမ်ငြိမ်လေးတောင်းပန်တာတောင်… ထောင်ထဲထည့်ပစ်ချင်သေးတာ…

  • ထူး ဆန်း

    August 4, 2012 at 7:54 am

    ဆော့တာလည်း ဆော့ကြပါဗျ။
    မြန်မြန်ပြီးအောင် ဆော့ကြဗျ။
    မပြီးဆုံးဒဏ် လူထုခံ။
    မှတ်ရန် တစ္ဆေများ။

  • ko khin kha

    August 4, 2012 at 9:26 am

    ဖတ်ရှု့အားပေးသူတွေရော၊ ကွန်မန့်ပေးကြသူအပေါင်းရော ကျေးဇူးတင်ပါတယ်။
    ပါးစပ်နှင့်လက်တန်းအုပ်ချုပ်မှု့မှသည် စနစ်ဖြင့်အုပ်ချုပ်မှု့သို့ မျှော်လင့်နေကြပါသည် မြန်မာပြည်။

  • mamanoyar

    August 4, 2012 at 9:31 am

    ငယ်ငယ်တုန်းကညောင်ပင်တစ္ဆေ ဆော့ခဲ့တာ ပြန်အမှတ်ရသွားတယ်
    သူငယ်ချင်းတွေနဲ့ ကလေးဘဝကို ပြန်လွမ်းသတိရမိပါတယ်

  • ကြောင်ကြီး

    August 4, 2012 at 9:57 am

    ဟုတ်ဖူး..အချစ်စမ်းနေတာ။

  • manawphyulay

    August 4, 2012 at 10:07 am

    ဒါကြောင့်ပြောတယ်။ ဥပဒေနှစ်ခုပဲ ကျင့်သုံးနေတယ်ဆိုတာ မသိကြလေရော့သလားကွယ်။
    ဒီနှစ်ခုကတော့…
    ခုတစ်မျိုး
    တော်ကြာတစ်မျိုး ဆိုတဲ့ နည်းကိုပဲ ကျင့်သုံးနေတာဖြစ်ရမယ်။

    ငယ်တုန်းကတော့ ကလေးစိတ်နဲ့ အကုန်ဆော့တာပဲ။ တစ်နေကုန်ဆော့နေရလည်း မမောဘူး။ အိမ်က ထမင်းစားဖို့ လှမ်းခေါ်လည်း ဆော့ကောင်းတုန်းပဲ။ ခုလည်း ဆော့ရမယ်ဆို ဆော့ချင်သေးတယ်။ 😛

  • snow white

    August 4, 2012 at 10:35 am

    ကလေးတွေဆော့တာလည်း ပျော်စရာကြီးနေမယ်နော် ။။

  • နေဝန်းနီ

    August 4, 2012 at 10:53 am

    ငေါက်မရတဲ့ ကလေးတွေ မင်းမနိုင်ရပ်ကွက် ကျနေတာပဲ ညဆယ့်နှစ်နာရီကျော်တာတောင် ဆော့လို့ မပြိးကြသေးဘူး…။ ဂွနဲ့ ထွက်ပစ်လိုက်ရ မကောင်းရှိရော့မယ်…။
    အိမ်နားမှာလာဆော့နေတဲ့ ကလေးတွေနဲ့ ရောပြီး ………………..

  • marblecommet

    August 7, 2012 at 8:51 am

    ခိုင်မာတဲ့ မူမရှိဘူး
    စစ်မှန်တဲ့ စေတနာပါတဲ့ အပြောင်းအလဲကို မလိုချင်ဘူး
    လူပြောများလို့ ဖိအားများလာလို့ မဖြစ်မနေ ပြောင်းလဲပေးရဖို့
    လိုအပ်လာလာလို့သာ ဖြည်းဖြည်း ဖြေလျော့ပေးတာ
    အဲဒီအခါ….
    ပြောဖို့ ငတ်နေသူတွေ ပြဖို့ ငတ်နေသူတွေ က
    မိမိရရ ထောက်ပြတာ ဖော်ပြတာ ဖွင့်ပြတာမျိုး
    ဖြစ်လာပြီဆို တီကို ဆားထိသလို တွန့်ခနဲ တွန့်ကနဲ့ပြန်ဖြစ်….
    အာဏာဆိုတဲ့ အတ္တစက်လေး ပါသွားတော့မှာပါလား ဆိုတဲ့
    လောကကလေး ပြန်တက်
    ဒီတော့ ကလေးကစားသလို ဘွာတေးပြန်လုပ်…..
    ဒီလိုနဲ့ ဂျာအေး သူ့အမေရိုက်နေတာပဲဗျ….

Leave a Reply