Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စေတနာအစစ်အမှန်ပါ

phone_kyawAugust 7, 20121min2877

တစ်လောက ဆောင်းတစ်ပုဒ်ကို ရေးခဲ့တယ်။ ဗီးနပ်စ်ဂျာနယ်က ရွှေမုဆိုးတို ့ နှင့် …အန္တရာယ်လို ့ဆိုပြီးခေါင်းစဉ်တပ်တယ်။ နေ ့သစ်မီဒီယာက ရွှေကြောနဲ ့အခွင့်အလမ်းဆိုပြီးခေါင်းစဉ်ပေးသလို၊ ကိုမိုးသီးဘလေ့ာဂ်ကလည်း ဒီနာမည်ပဲ ပေးတယ်။

ဒီဆောင်းပါးနဲ ့ပက်သက်ပြီး ကိုယ့်ကိုယ် ပီတိဖြစ်မိတာကို ဝန်ခံပါတယ်။

ပီတိလည်းစားပြီးတော့…ဒီနေ ့မှာ အကြီးအကျယ်ပြသနာမဟုတ်ပေမဲ့ ကိုယ့်အထက်လူကြီးဖြစ်တဲ့ လူက နောက်တစ်ခါရေးရင် သူ ့ဆီကို အရင်အကြောင်းကြားဖို ့ပြောလာတယ်။ ရုံးခန်းထဲမှာ မန်နေဂျာရယ်၊ ကျနော့် ခေါင်းဆောင်ရယ်၊ ကျနော်ရယ် ဒီကိစ္စကို ထက်ပြီး စီအီအိုစီကို သူငယ်ချင်းလို သဘောထားပြီး မပို ့ဖို ့၊ ကုမဏီရဲ  ့အချက်အလတ်တွေကို ပြင်ပကို မပေါက်ကြားဖို ့ပြောလာတယ်။ ဆိုလိုချက်က သူတို ့စိုးရိမ်မှု  ့ကြီးနေတယ်လို ့မြင်မိတယ်။

ကျနော်နဲ ့စီအီးအိုရဲ  ့ဆက်ဆံရေးကို သူတို ့မှ မသိတာဆိုတော့။

ကျနော်အနေနဲ ့ မြန်မာနိုင်ငံကို ငါတက်နိုင်သလောက်ပြန်ပြီးကူညီပေးချင်လို ့ဒီဆောင်းပါးကို ရေးတာပါလို ့ပဲ ယဉ်ယဉ်ကျေးကျေး ပြောခဲ့ပါတယ်။ I just want to help Burma.

ဒါနဲ ့ပက်သက်ပြီး သူတို ့လည်းအငြင်းမပွားပါဘူး။ သို ့သော် ကျနော်အနေနဲ ့ ရွှေမိုင်းအကြောင်း ရေးရင် နိုင်ငံတကာ စည်းမျည်းကို လိုက်နာရပါတော့မယ်။ ဒါကတော့ အကိုးအကားတွေကို တိတိကျကျ ဖော်ပြရမှာ အပြင်၊ အထက်အရာရှိဆီကနေ ကြိုတင်ခွင့်ပြုချက် ရယူရတော့မှာဖြစ်ပါတယ်။

ဗမာလိုရေးပေမဲ့ ဘာသာပြန်တွေက နေရာတကာရှိတဲ့အတွက် ကျနော်ဘာရေးရေး အတော့်ကို သတိထားရပါတော့မယ်။

ကျနော့်ဆန္ဒက အလုပ်ပြုတ်လည်း ဂရုမစိုက်ပါဘူး။ အဓိက ကိုယ်လုပ်ချင်တာကို လုပ်တာပဲ။ မွန်မြတ်တဲ့အလုပ်လို ့ခံယူပါတယ်။

ခင်ဗျားတို ့အားလုံးဆောင်းပါးနဲ ့ပက်သက်ပြီးကြိုက်တယ်ကြားရတော့ သတိပေးခံရတာကတော့ အသေးအမွားလေးပါဗျာ။

ဘုန်းကျော်
အက်နယူးရွှေတူးဖော်ရေးမိုင်း
ဩစတျေးလျ

7 comments

  • myanmarcitizen

    August 7, 2012 at 5:16 pm

    ခင်ညား အခုရေးတာလဲ နဲနဲတော့ညိနေတယ်နှော်။ ဘာနဲငြိလဲသိလား မြန်မာနိုင်ငံက ရွေးကောက်ပွဲကော်မ ရှင်နဲ့ငြိ သပေါ့ဗျာ။ I just want to help Burma. ဆိုတော့ ခင်ညာတော့ခေါ်ပြီးသတိပေးခံရမှာသေချာ သလောက်ပဲ။ 🙂
    (ကိုဘုန်းကျော်ရေ စောစောစီးစီး ဝင်နောက်သွားပါကြောင်း)

  • ရဲစည်

    August 7, 2012 at 10:27 pm

    အမှန်ပါဘဲ ကိုယ့်ဆြာရေ
    ခင်ဗျားက ကျုပ်တို့ထက်စာရင် ပိုပီး သိမြင်ကြွယ်ဝပါတယ်
    ဆိုတော့ဗျာ
    ပါးပါးလေးလုပ်ဗျို့
    ကျုပ်ကတော့ ၈အလီ ထဲမှာ ၈x၈=၆၄
    ၆+၄= ဘူဆိုတာကြီးတော့ မကြိုက်တော့ဘူးဗျို့

    စေတနာဖြင့်
    ခေတ်သစ်ခွေးအ

  • marblecommet

    August 8, 2012 at 1:00 am

    ခေတ်သစ်ခွေးအများ ဖြစ်ရသေးတယ်ဒယ်အေ….
    ခွေးအမှာတောင် မော်ဒန်ခွေးအ၊ ပို့(စ်)မော်ဒန် ခွေးအ
    ရှိရသေးတယ်လို့…
    အင်း လေ ပြောသာပြောရတာ ဒါကြောင့်
    ခင်ညား ဒဂေါင်တည်းသောင်းကျန်းနေတာဖြစ်မယ်
    ကျုပ်သိတဲ့ခွေးအတွေကတော့ ရန်သူကို
    အုပ်စုလိုက် ဝိုင်းဗျင်းကြတာလေ…
    ……
    ကိုဖုန်းကျော် ဆောဒီးဗျို့
    အာစိ ပို့(စ်)မှာ သည်လူရီးကို ပြောမိတာ…

  • မောင်ပေ

    August 8, 2012 at 9:50 pm

    အခုချိန်ကစပြီး
    လက်ကြောမတင်းတဲ့ အလုပ် ကို ဇောက်ချ လုပ်ကိုင်တော့မယ်လို ့
    ကြေငြာလိုက်တယ်ပေါ့

    • myanmarcitizen

      August 10, 2012 at 2:13 pm

      ဟုတ်ပါ့ ဟုတ်ပါ့ အရင်က သူအဲ့လိုမျိုးပြောခဲ့ဘူးတယ်။

  • mayjuly

    August 10, 2012 at 2:46 pm

    ကျနော့်ဆန္ဒက အလုပ်ပြုတ်လည်း ဂရုမစိုက်ပါဘူး။
    အဓိက ကိုယ်လုပ်ချင်တာကို လုပ်တာပဲ။ မွန်မြတ်တဲ့အလုပ်လို ့ခံယူပါတယ်။

    မှန်တာပေါ့ဗျာ…

    ဒါပေမယ့် ကိုယ်လုပ်ချင်တဲ့အလုပ်တိုင်းဟာလည်း မွန်မြတ်နေဖို့ လိုအပ်တယ်ဗျာ …

  • kai

    August 11, 2012 at 3:36 am

    ကိုရင်ဘုန်းကျော်တို့.. ရွှေမုဆိုးအုပ်စုနဲ့များ.. ပါတ်သက်ကြသလားမသိ…

    Burma comes in from the cold, gold and all
    August 11, 2012
    AS POST-SANCTION Burma opens for business, Australian companies are eyeing investment opportunities in the country’s unexploited mineral reserves.

    The sector is receiving a gold rush of interest from Australian miners wanting to unlock the country’s rich mineral wealth.

    While the impoverished south-east Asian nation of Burma, also known as Myanmar, has a long history of gemstone mining, its rich reserves of precious and base metals have remained virtually untouched, due to the lack of capital, data, technology and essential infrastructure required to transform these virgin mineral resources into functional operations.

    Enter Australia’s junior exploration companies.

    ”Australian entrepreneurial junior companies are often the first movers going into remote areas,” said Stephen Everett, chairman of Global Resources Corporation, one of many Australian miners that recently attended the Myanmar Mining Summit, held in the economic capital of Rangoon.

    Read more: http://www.smh.com.au/business/burma-comes-in-from-the-cold-gold-and-all-20120810-23zwp.html#ixzz23BC1pXXo

Leave a Reply