နောက်ပြန်မလိမ့်မိဖို့လိုတယ်နော်

ခင္ခAugust 7, 20121min18716

နောက်ပြန်မလိမ့်မိဖို့လိုတယ်နော်

ဒီနေ့ညနေရုံးကပြန်တော့ မန္တလေး ၃၅လမ်း ရန်ကြီးအောင်ဂုံးကနေ ဖြတ်မောင်းမိတယ်၊ ဂုံးအတက်ရှေ့က မောင်းနေတဲ့ ကားက မန္တလေး-ပြင်ဦးလွင် လိုင်းကားဟိုက်လတ်ဖြစ်ပြီး၊ ခရီးသည်မပါဘဲ ကုန်ပစ္စည်းအော်ဒါရလာတာနဲ့တူတယ် ကားပေါ်မှာစက္ကူပုံးတွေနဲ့ကုန်တင်လာတာတွေ့တယ်၊ ညနေရုံးဆင်း၊ အလုပ်ပြန်ချိန်ဆိုတော့ ဂုံးပေါ်အတက် မှာ ရှေ့က ကားတန်းပိတ်နေလို့ ရပ်လိုက်ရွေ့လိုက်ပေါ့၊ အဲဒီမှာဂုံးတက်ဖြစ်နေလို့ ရှေ့က ဟိုက်လတ်ကား လေးရပ် လိုက်နောက်ခန်း ကပါတဲ့ စပယ်ယာကကားနောက်ပြန်မ လိမ့်အောင်ခုတဲ့ ဂျမ်းတုံးလေး လက်နဲ့ဆွဲယူ ဆင်းလို့ နောက်ဘီး မှာ ခုလိုက်၊ ကားလေးရှေ့လိမ့်ထွက်တော့ ခုထားတဲ့ဂျမ်းတုံးလေး ဖြုတ်ယူပြီးကားပေါ်တက်လိုက်၊ ကားလေးရပ်ပြန်တော့ ဂျမ်းတုံးလေး ယူပြီးဆင်းခုလိုက် ကားလေးရှေ့ လိမ့်သွားတော့ ဂျမ်းတုံးလေးယူပြီး ကားပေါ်တက်လိုက် ကားလေး ရပ်ပြန်တော့ဆင်းပြီး ဂျမ်းတုံးခုလိုက်နဲ့ နောက်ဆုံးဂုံးထိပ်ရောက်သွားမှဘဲ စပယ်ယာလေးလည်း ကားနောက်ခန်းအေးဆေး ထိုင်ရပြီးမှ ကျွန်တော်ကိုလည်းလှမ်းပြုံးပြလိုက်သေးတယ်။

အဲဒိမှာစဉ်းစားမိတာက ကားစပယ်ယာလေးဘာလို့ ဂျမ်းတုံးလေးယူပြီး ကားကိုခုလဲ၊ အဖြေကရှင်းပါတယ် နောက်ပြန်လိမ့်မှာကြောက်လို့ပေါ့။ နောက်ပြန် လိမ့်မိလိုက်ရင် ပြသနာတွေရှင်းရမယ် အချိန်တွေကုန်တော့မယ် လိုရာခရီး သွားဖို့ နှောက့်နှေးသွားမယ်ပေါ့ဗျာ၊ ဒီလိုပါဘဲ လူဘဝမှာ ကြိုးစာလုပ်နေတဲ့သူတွေ အတွက်လည်း နောက်ပြန် လိမ့်မှာကြောက်တတ်ဖို့ လိုတယ်နော်၊

ကျောင်းတက်နေတဲ့ ဆယ်တန်းကလေးရော နှစ်ချင်းပေါက်အောင်ဖို့ ကြိုးစားရမယ်လေ၊ အကယ်၍မအောင်ရင် သူများတွေ တက္ကသိုလ်ပထမနှစ်တက်ချိန် ကိုယ်က ဆယ်တန်းပြန်နေရတော့ ဘဝမှာတစ်နှစ်နောက်ပြန်လိမ့်ခဲ့ပြီပေါ့။

အဲလိုဘဲသင်တန်းတက်နေတဲ့သူတစ်ယောက် သင်တန်းတက်ပြီးကိုယ်အရင်မသိလို့သင်တန်းတက်တယ် သင်တန်းပြီးလည်း မသိဘူးဆိုရင် အရင်အတိုင်းဘဲ အချိန်တာကုန်သွားတယ် မိမိသိရှိမှု့က နောက်ပြန်ခဲ့တယ်နော်၊

ဝန်ထမ်းလုပ်နေတဲ့သူတွေလည်း တစ်နှစ်လုပ်သက်အတွင်း အတွေ့အကြုံတွေ၊ ပြသနာရပ်ဖြေရှင်းမှု့တွေ၊ ခံစားမှု့လစာတွေ ဟာပြီးခဲ့တဲ့နှစ်ကလိုဘဲ သိရှိခံစားရတယ်ဆိုရင် သိပ်မဟုတ်သေးဘူးနော်၊ နောက်ပြန်လိမ့်တဲ့ အခြေအနေအကြောင်း အရင်းရှာသင့်တာပေါ့၊

စီပွားရေးလုပ်တဲ့သူတွေလည်း မိမိပိုင်ဆိုင်ရရှိထားတာထက် ပိုပြီးရနိုင်မှ တိုးတက်ကောင်းမွန်မှာပေါ့၊ နောက်ပြန်ဆွဲပြီး အရှုံးဘဲဆက်တိုက်ဖြစ်နေပါလား ဒေဝါလီနဲ့မိတ်ဆွေဖွဲ့သွားရမှာပေါ့နော်။

ဒါကြောင့်မိမိလျှောက်လမ်းနေတဲ့ လမ်းပေါ်မှာနောက်ပြန်မလိမ့်မိအောင် အရှိန်ဆက်တိုက်တက်လို့ရရင်တက်၊ မရရင်နောက်ပြန်မလိမ့်အောင်တော့ ခုနဂျမ်းတုံးလေးခံထားသလို စဉ်းစဉ်းစားစားလေးတွေးဆ လုပ်သွားကြရင်း တိုးတက်ပြည့်စုံနိုင်ကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်။

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

16 comments

  • ချစ်တိုးလေး

    August 7, 2012 at 11:02 pm

    မှတ်သားစရာကောင်းတဲ့စကားလေးပါ။ နောက်ပြန်မလိမ့်မိဖို ့လဲအတတ်နိူင်ဆုံးကြိုးစားပါ့မယ် ။တက်ရတဲ့လမ်းက မတ်လွန်းတော့လည်း နောက်ပြန်လိမ့်ရုံတင်မဟုတ်ဘဲ ကျွမ်းပြန်တောင်ကျတော့မယ်ထင်ပါရဲ ့…..

  • ko khin kha

    August 7, 2012 at 11:23 pm

    ချစ်တိုးလေးရဲ့ ပထမဆုံးကွန့်မန့်အတွက် ကျေးဇူးနော်၊
    ကျွန်တော်တို့ဆီက ပြင်ဦးလွင်တို့၊ လားရှိုးတို့မှာ တချို့မတ်လွန်းတဲ့တောင်တွေမှာ ထော်လာဂျီကတော့ ဖြေးဖြေးမှန်မှန်လေးနဲ့ တက်နိုင်တယ်ဗျ၊ အဲလိုဖြေးဖြေးမှန်မှန်တက်ရင် ကျွမ်းပြန်မကျလောက်ဖူးထင်ပါတယ်။

    • ချစ်တိုးလေး

      August 7, 2012 at 11:50 pm

      ဟုတ်ကဲ့ပါချစ်တိုးလေးလဲ ခုကစပြိံးကိုခင်ခစကားကိုနားထောင်လို ့speed လျော့လိုက်ပါ့မယ် ဒါပေမယ့်တိုးလေးကထော်လာဂျိံမှမဟုတ်တာကြိံး ့

  • marblecommet

    August 8, 2012 at 12:22 am

    ကိုခရေ့
    အကို့ရဲ့
    နမိတ်ပုံလေးတွေ၊ ဥပမာတင်စားချက်လေး တွေနဲ့
    ကိုယ်ပြောချင်တာလေး တွေကို သွယ်ပြီးပြောသွားတာလေးတွေ
    အရမ်းထိရောက်ပါတယ်
    ကလေးတွေ
    ဆော့တာမပြီးကြသေးပါလား ဆိုလည်း ဒီလိုပါပဲ
    အခုလည်း နောက်ပြန် မလိမ့်ဖို့ ဥပမာလေးက
    အရမ်းကောင်းပါတယ်ဗျာ…..
    ….
    ကြုံတုန်းလေး ဆိုင်ဆိုင် မဆိုင်ဆိုင်
    နည်းနည်းထပ်ပွားပါရစေဗျာ
    ဆိုးပေကြီးတွေ တုံးတိုက်တိုက် ကျားကိုက်ကိုက်
    ငတေကြီးတွေ အသိတရားကလေး ပြန်ဝင်ပြီး နောက်ပြန်လှည့်ချင်တယ်
    ဆိုရင်တော့ ဘုရားသခင်က ဂ ငယ်ကွေ့ ပြန်ကွေ့ဖို့ ခွင့်ပြုပါသတဲ့
    သူတို့ကော ပြန်လှည့်ချင်စိတ်ရှိမရှိတော့ မသိပေါ့နော့.
    ခင်တဲ့
    မောင်ကမ်း..

  • P chogyi

    August 8, 2012 at 8:33 am

    Ko Khin Kha ပြောသလို
    ၁ဝ တန်းကျတာ၊ သင်တန်းမှာမတတ်တာ၊ လုပ်ငန်းမတိုးတက်တာတွေက
    နောက်ပြန်လိမ့်တာမဟုတ်ဘူးလို့ ခံစားမိပါတယ်။
    အဲဒါတွေက ဆုံးရှုးံခြင်း၊ မအောင်မြင်ခြင်းပါ။
    ၁ဝ တန်းကျရင် ၉ တန်းပြန်မရောက်ပါဘူး။

  • ကြည်ဆောင်း

    August 8, 2012 at 9:13 am

    ဒါဘဝရဲ့ Thinking လေးတစ်ခုလို့ယူဆမိတယ်…
    တွေးတာကတော့ တစ်ယောက် နဲ့ တစ်ယောက်မတူကြလို့ အမျိုးမျိုးတော့ ဖြစ်နေကြမှာပါ..

  • ko khin kha

    August 8, 2012 at 9:25 am

    ၁ဝ တန်းကျတာ၊ သင်တန်းမှာမတတ်တာ၊ လုပ်ငန်းမတိုးတက်တာတွေက
    နောက်ပြန်လိမ့်တာမဟုတ်ဘူးလို့ ခံစားမိပါတယ်။
    အဲဒါတွေက ဆုံးရှုးံခြင်း၊ မအောင်မြင်ခြင်းပါ။
    ၁ဝ တန်းကျရင် ၉ တန်းပြန်မရောက်ပါဘူး။
    P chogyi ရေ ၁ဝတန်းကျတာ ကိုးတန်းပြန်မရောက်ပေမယ့် အောင်တဲ့သူများ ပထမနှစ်တက်တဲ့အချိန်မှာ ကိုယ်က ၁ဝတန်းမို့ သူတို့နဲ့ယှဉ်ရင် တစ်နှစ်နောက်ဆုတ်နေတာပြောတာလေ။

    မောင်ကမ်း..ရေ၊ စည်းကမ်းအရ ဂုံးတံတားပေါ်မှာတော့ ဂငယ်ကွေ့ မကွေ့ရပါတဲ့နော်။

  • ko khin kha

    August 8, 2012 at 9:34 am

    ကြည်ဆောင်းပြောတာမှန်၏၊ အတွေးကတော့ တွေးရင်တွေးသလောက် အမျိုးမျိုးဖြစ်စေပါတယ်၊
    နှမ်းတစ်စေ့တည်းနဲ့တော့ ဆီမဖြစ်မှန်းကျွန်တော်သိပါတယ်၊ ဆီဖြစ်ဖို့လည်း မရွယ်ရည်ပါဘူး၊
    ဒါပေမဲ့ အဲဒီနှမ်းတစ်စေ့ကို ကိုက်လိုက်လို့ ဒါဟာ နှမ်းပါလား ဆိုပြီးအရသာသိသွားရင်ဘဲ၊
    အဲဒီနှမ်းဖြစ်ရကျိုးနပ်ပါပြီဗျာ။
    အဲလိုပါဘဲ ကျွန်တော်ပိုစ့်လေးတွေဟာ စာဖတ်သူများအတွက် တွေးစရာ၊ ငြင်းစရာ၊ ထောက်ပြစရာ၊
    ကျေနပ်စရာ၊ မကျေနပ်စရာ ၊ ပျော်စရာ၊ ပြုံးစရာ၊ မဲ့စရာ၊ ဝေဖန်စရာ စတဲ့တစ်ခုခုများ ဖြစ်ခဲ့မယ် ဆိုရင်တော့ဖြင့်———–။ နှမ်းဖြစ်ရကျိုးနပ်ပါ၏။

  • cherry nwe

    August 8, 2012 at 10:11 am

    အသိတရားတစ်ခုအတွက် တန်ဖိုးမဖြတ်နိုင်သောစကားစုလေးတစ်ခုပါ ဦးဦးခင်ခရေ(ဘယ်အရွယ်မှန်းမသိ လို့တလေးတစားခေါ်တာနော်)

  • manawphyulay

    August 8, 2012 at 10:58 am

    ဟုတ်ကဲ့ပါ မှတ်သားစရာတွေပါပဲ နောက်ပြန်မလိမ့်အောင်လုပ်ပေမယ့် မောနေတော့ ရပ်ရပ်နားနေတာ အတော်ခက်တယ်။

  • နေဝန်းနီ

    August 8, 2012 at 11:30 am

    အဲဒိလို ဆိုကြပြန်တော့ ကျုပ် က မြေပြင်ပေါ်မှာ နောက်ပြန်လိမ့်နေတဲ့ ကားတစ်စီးပေါ့ အဲဒါဆိုလဲ အစထိ နောက်ပြန်လိမ့်သွားလို့ရလည်းကောင်းသားဗျာ…။ (အရာရာ ကို တစ်က ပြန်စလို့ရရင်) ဆိုတဲ့သီချင်းလိုပဲ တစ်ကနေ ပြန်စလိုက်ချင်ရဲ့….။
    အော်……. ကိုခင်ခရေ…… ထော်လာဂျီက အတက်ဆိုရင်နောက်ပြန်တက်ရင် ပိုပြီးလွယ်တယ်လို့ ပြောတယ်ဗျ…။ အဲဒိလိုတက်တာမျိုးလည်းတွေ့ဖူးတယ်……….

  • ko khin kha

    August 8, 2012 at 12:12 pm

    ဦးဦးခင်ခရေ(ဘယ်အရွယ်မှန်းမသိ လို့တလေးတစားခေါ်တာနော်) လို့ဆိုသူ မချယ်ရီရေ မနက်ဖြန်မှာ ကျွန်တော်ပိုစ့်တစ်ခုတင်မလို့ ရေးနေပါတယ်၊ အဲဒီပိုစ့်ဖတ်ပြီးရင် သိပါလိမ့်မယ်ကျွန်တော်အရွယ်။
    ဖတ်၍ ကွန့်မန်းပေးတဲ့ မနှောကိုလည်းကျေးဇူးနော်။
    ကိုနေဝင်းနီရေ မြေပြင်မောင်းရင်တော့ နောက်လိမ့်တာစောင့်မနေနဲ့ အစပြန်ရောက်ချင်ရင်တော့ ကွေ့သာ ပြန်မောင်းပါဗျာ။

  • snow white

    August 8, 2012 at 4:28 pm

    နောက်ပြန် မဆွဲဖို့တော့ အရေးကြီးဆုံးပါဘဲ ။။နောင်တဆိုတာနောင်မှမရနဲ့ဆိုတာ အမှန်လိုပေါ့ ကိုခင်ခစာလေးဖတ်ပြီး အချိန်တွေကိုနောက်ပြန်ဆွဲလို့ဘယ်ရမလည်းနော်။

  • ko khin kha

    August 8, 2012 at 4:45 pm

    အတိသဌ္ဇနာဂရရေ အေးအေးဆေးဆေးနားပါဗျာ။

    မစနိုးရေ အချိန်ကိုနောက်ပြန်ဆွဲရတာ နာရီမှာဘဲရှိပါတယ်၊ လက်တွေ့မှာတော့ ဘက်လိုက်မှု့မရှိဆုံးကို ပြပါဆိုရင် အချိန်ပါဘဲ၊ ဆင်းရဲချမ်းသာမရွေး
    အသက်အရွယ်ကရပ်နေတယ်လို့ မှ မရှိတာလေ။

  • ဖိုးထောင်

    August 9, 2012 at 11:26 pm

    အားတိုကြီး နောက်ကျန်မယဲ့ဂျင်ဘူးယား ဒါချို ဘက်မှန်မကျိနဲ့ ညွှတ်ညွှတ်ညွှတ်

Leave a Reply