ပုဂံ ဘုရား ဖူး သွားကြ မယ်….(အပိုင်း ၃ အပြီး ။) (လှတဲ့ ပုဂံ ပြည်)

မိုခ်ိဳAugust 8, 20123min28217

ပုဂံ မှာ ငွေ ၆၀ဝ ကျပ်နဲ့ ထမင်း စား လို့ ရပါတယ်… သရပါ တံခါး နား က ဆိုင် အုပ်စု တွေ နား က ဆိုင်လေး တစ် ဆိုင် ပါ။ ဆိုင် အကြီး ကြီး မဟုတ်ပါဘူး…တမာပင်၊ ထနောင်း ပင်တွေ အောက်မှာ အမိုးလေးမိုးပြီး ခင်း ထားတဲ့ လမ်းဘေး ဆိုင် လေးပါ။ လမ်းဘေး ဆိုင်ပေမယ့် သန့် ပါတယ်…နိုင်ငံ ခြားသား တွေ လည်း စားနေ ကြ တာတွေ့ ခဲ့ ပါတယ်။ အဲဒီ ဆိုင် မှာ အသားဟင်း ၁ တုံး ကို ၃၀ဝ ၊ ထမင်းဖြူ ၁ ပန်းကန် ကို ၃၀ဝ …အရံ ဟင်း ၆ မျိုး လောက် ချ ပေး ပါတယ်။ အသားဟင်း ပဲ ကိုယ် စား သလောက် အတုံး ရေ နဲ့ ပေး ရပြီး အရံ ဟင်းက ကိုယ် ကြိုက် တာ ထပ်တောင်းလို့ ရ ပါတယ်။ အရံ ဟင်းတွေ က ကင်းပုံခါး သီးကိုမျှစ် နဲ့ ကြော်၊ အညာ မန်ကျည်း သီးထောင်း၊ ပဲတီ ချဉ် ကြော်၊ နှမ်းဖက်ချဉ်ချက်၊ ခရမ်းချည်သီးငပိချက်၊ ခရမ်းသီး အညာချက် စတဲ့ ထွေလီ ကာလီ လေးတွေ ဆိုတော့ ကျမ အကြိုက် တွေ ချည်းပါပဲ….အဲဒီတော့ ပိုက်ဆံ ၆၀ဝ ရှိ ရင် အသားဟင်း ၁ တုံး အပါဝင် ဟင်း ရံ စုံ နဲ့ ထမင်း စား လို့ ရတယ် ပေါ့။ ကျမတို့ မိသားစု ၅ ယောက် စိတ်ကြိုက် စား ပြီး ..ရေ သန်း ဘူး တွေ ပါ ပါ မှ ၆၀၀ဝ ကျော်ကျော် ပဲ ကျပါတယ်။

အဝစား မြန်မာ ဘူဖေး ဆိုင်တွေ လည်း စား ဖြစ်ပါတယ်… အဲဒီ ဆိုင်တွေ မှာ က ၁ ယောက်ကို ၂၅၀ဝ ပါ…အဲဒီဆိုင်တွေ လည်း ကောင်း ပါတယ်။ ကျမတို့ က နေ့လည်စာ ကို မြန်မာ ထမင်းဟင်း စား ပြီး ညနေစာ ကို စားသောက်ဆိုင် တွေ မှာ စားဖြစ်ပါတယ်။ စားသောက်ဆိုင် တွေ ကတော့ မသက်သာ လှ ပါဘူး….နေ့လည် စာ စားတဲ့ဆိုင်လေး မှာ စုစု ပေါင်း ၁ နပ် စာ အတွက် ကျသင့် ငွေက ညစာစားတဲ့ ဆိုင်ကြီး တွေ မှာ ဟင်း ၁ မယ် ပဲ ရ တယ်ဆိုပါတော့။ ရောက်ရောက် ချင်း ညမှာ စား ခဲ့တဲ့ ဆိုင် ဆို တော်တော် ချာ ပါတယ်… ဝက် အကြွပ် ကြော်ဆိုလို့ အိမ်ကလူ ကြီး မှာ လိုက် တာ …. သူ့ ထမင်း ထုတ် အတွက် ဘာမှ အဆင်သင့် မရှိတဲ့နေ့ တွေ မှာ ကျမ လုပ်နေကြ အတိုင်း ဆီ အိုး ထဲ ဝက်သားပါးပါး လှီးပြီး ပစ်ထည့်   ကြော်ထားတဲ့  ရိုးရိုး ဝက်သားကြော် ပါပဲ။ …ကျမကြော် သလောက်တောင် အဆင်မပြေ မါဘူး…..မကြွပ် ပဲ နဲ့ မာနေလေရဲ့။ ငါးခေါင်း ဟင်းချို ကလည်း ငါး အရိုးတွေ ကို ပဲငပိ တွေ နဲ့ ချက်ထား တာ နံ ငံ ပြီး ဘယ်လိုမှ မသောက်နိုင်ပါဘူး။ ဈေးနှုန်းတွေ က ရန်ကုန် ရွှေဘဲ က ဈေးနဲ့ အတူတူ ပါပဲ။ နောက် ည တွေ စားတဲ့ဆိုင်တွေ ကတော့ ကောင်းလှတယ် မဟုတ်ပေ မယ့် အဲဒီဆိုင်လောက်တော့ မဆိုးပါဘူး…  စားလို့ ဖြစ်ပါတယ်… .ဈေးနှုန်းတွေ ရောပေါ့။

ကျမ တို့ က ဒေသ တခု ကို လည်ရင် ရက် ရှည် လည်လေ့ ရှိ တော့ ဧည့်သည်တွေ စားလေ့ ရှိတဲ့ ဆိုင် တွေအပြင် ဒေသခံတွေ စားတဲ့ ဆိုင် တွေ လည်း ဝင်စား လေ့ ရှိ ပါတယ်။ ညောင်ဦးဈေး အပြင် ဘက်မှာ တွန်းလှည်း လေးတွေ နဲ့ ရောင်းတဲ့ နန်းပြားသုပ်၊ နန်းကြီး သုပ် တွေ စားရတာ အဆင်ပြေ ပါတယ်….ငါးဖယ်ကြာ်၊ ပဲကြော် နဲ့ ၁ပွဲ မှ ၃၀ဝ ပဲ ပေးရတယ် ။ သူတို့ က ပဲမှုန့် ကို ပျစ်ပျစ် လေး ကြိုထားတဲ့ အနှစ် လေး ဆမ်း ပြီး သုပ် တော့ ခြောက်ကပ်ကပ် ကြီး မဖြစ် သလို ရန်ကုန် က ဆိုင်တွေ လို ဆီ တွေ အိုင် မနေပဲ စားလို့ ကောင်း ပါတယ်။ ကျမ တု့ိ လည်း လမ်း လေး ဆိုင် ဆို ပေမယ့် သေချာ ကြည့် ပြီး သန့်သန့် ရှင်းရှင်းရှိတဲ့ ဆိုင်တွေ မှစားဖြစ်တာပါ။ အညာမှာ က မိုးတွင်း ပေမယ့် ခြောက်ခြောက်သွေ့ သွေ့ ဆိုတော့ ရန်ကုန် ထက်စာရင် မြင်ရတာ သန့်ပါတယ်။

ပုဂံရဲ့ နာမည်ကျော် ဆုတောင်း ပြည့် စွယ်တော် ၄ ဆူ ဖူးတဲ့ ခရီး တို ကိုတော့ ဧရာဝတီမြစ် ကို စက်လှေနဲ့ ကူး ရမှာ ကြောက်တဲ့ အတွက် မဖူးဖြစ်ပါဘူး။ တုရင် တောင် အပါဝင် ကျန်တဲ့ ၃ ဆူပဲ ဖူးခဲ့ တယ် ဆိုပါတော့။ ရွှေ စည်းခုံ ကတော့ ကိုယ် တည်းတဲ့ နားတင် ဆိုတော့ မနက်စောစော အာရုံ ရော ၊နေ့ ရော၊ ည ရော တဝကြီး ဖူးခဲ့ ရပါတယ်။ ကျမရဲ့ ပုဂံ ဆောင်း ပါး ဒုတိယ ပိုင်း မှာ တွေး ခဲ့ ရေးခဲ့သလို ပုဂံ ရဲ့ များပြားလှ တဲ့ ဘုရားတွေ ကို မင်း အဆက်ဆက် နဲ့ ပုဂံ ပြည် သူ ပြည်သား တွေ ဘယ် လို အကြောင်း နဲ့ ဘယ်လို ပဲ တည်ခဲ့တည်ခဲ့ အခုချိန်မှာတော့ ဗုဒ္ဓဘာသာ မြန်မာလူမျိုး တစ်ယောက် အနေနဲ့ ဘာသာရေး အရ ရော၊ ယဉ်ကျေးမှု၊ အနုပညာ၊ ဗိသုကာ လက်ရာ အရ ရော ဂုဏ်ယူဝင့် ကြွား ဖွယ် ရာ သမိုင်းရဲ့ ပြယုဒ် တစ်ခု အဖြစ် ရှိ နေတာ ကျေနပ်စရာပါ။

 

ရင်သက်ရှုမောစရာ  ပန်းချီ ဆန်တဲ့ အလှ

အဝေး က မြင်ရတဲ့ ဧရာဝတီ…..တဖက်ကမ်းမှာ မိုးတွေ ညို့ နေလေရဲ့

ခုမှ အာနန္ဒာဘုရား အစစ်….ပြီးခဲ့ တဲ့ ပိုစ့် မှာ သဗ္ဗုညု ပုံ ၂ပုံ ကို အာနန္ဒာချည်းပဲ ရေးခဲ့ မိတယ်

မဟာဗောဓိစေတီ

ကိုးတန်း မှာ သင်ခဲ့ ရတဲ့ မြစေတီ ဘုရား က ရာဇကုမာရ် ကျောက်စာ

လောက နန္ဒာစေတီ

အဝေးက ဖူးရတဲ့ စွယ်တော်၄ဆူ စာရင်း ဝင်… တန့်ကြည့် တောင် စေတီ

ထုမှာ ဓမ္မရံ …ဆိုတဲ့ အတိုင်း …ထုကြီး ထည်ကြီးနဲ့ ဓမ္မရံ ကြီး ဘုရား

ဓမ္မရံ ကြီး ဘုရားရဲ့ ထုထည် ကို လူတွေ နဲ့ ယှဉ်ကြည့် လိုက်တော့..ဒီလို….

ဒါပေမယ့် ဒီလို ထုထည် ကြီး ကို ဖန်တီး ဆောက်လုပ် ခဲ့ တာလည်း ဒီလို လူသားတွေ ပါပဲ

ငှက်ပစ်တောင် မှာ ရှိတဲ့ ငှက်ကြီး ရန် ကို ကြောက်လို့ ပုန်း ခဲ့ ရတယ် ဆိုတဲ့ လှိုဏ်ပေါက် တွေ ….ငှက်ကြီး က အပျို ချောချော လေးမှ စားတာတဲ့ (ကလေးတွေ ပြောတာပဲ) …..နှာဘူးငှက် …

ပန်းချီ ကားအလား နောက်ခံရှုခင်း နဲ့  ပဲပေးနေတဲ့ သားအမိ

 

 

ပုဂံ ၅ ညအိပ် ခရီး ကို ကျေနပ်လောက်အောင် လည်ပြီး ပြန်လာခဲ့ ကြပါတယ်။ …အပြန် ကားစီးရင်း ရာသီ ဥတု သာယာနေတာ ကြည့် ပြီး ၄ ရက်လောက် အချိန် ရ သေး တာ ကို …ဘယ် ကို လည်ကြဦး မလဲ စဉ်းစား ကြတော့ ကျမ က ပြည် ကို အဆို ပြု …သူတို့ သားအဖ က ကျိုက် ထီး ရိုး ဆိုတော့ ၂ မဲ ၁ မဲ နဲ့ ကျိုက်ထီးရိုး ကို အတည်ပြု လိုက် ပါတယ်။ အဲဒီ အချိန်မှာ အနာဂတ် ကို ကြို မြင်နိုင်ရင် ကျမတို့ ပြည် ခရီး စဉ်ကို ပဲ ဆက်မိမှာပါ။ ဘာဖြစ် လို့ လဲ ဆိုတော့ ကျမ… ပြည် ကို သွားချင်တာ ဝေပုလ္လဆရာတော် ကြီး ကို ဖူးချင် လို့ ပါ။ ဒါပေမယ့် ကျမတို့ စလုံး ပြန်ရောက် ပြီး ၁ ပတ် အကြာ မှာ …ဆရာတော် ကြီး နှလုံးရောဂါနဲ့ ရုတ်တရက် ပျံလွန် တော် မူသွားတဲ့ သတင်း ဖတ်လိုက်ရတော့ ပြည် ကို မသွား ဖြစ်ခဲ့ တဲ့အတွက် နောင်တ ရမိပါတယ်။

ကျမတို့ ရဲ့ ပုဂံ express ကား ကြီး အဝေးပြေး ဝန်း ထဲ ရောက်တာနဲ့ နောက် နေ့ အတွက် ကျိုက်ထို လက်မှတ် ဖြတ်ပြီး အိမ် ပြန် လာရင်း ပုဂံ ခရီးစဉ် အဆုံးသတ် ပါတယ်။။

….မိုးတွင်း မို့ လို့ ကျိုက်ထီးရိုး ကင်ပွန်း စခန်းထိ ရောက်တဲ့ ကား က နေ့ စဉ် မထွက် ပါဘူး။ မိုးတွင်းကြီး ဖူးခဲ့ ရတဲ့ ကျိုက်ထီး ရိုး အတွေ့ အကြုံ နဲ့ ပုပ္ပါး ပခုက္ကူ ခရီး စဉ် တွေ ကို လည်း ဓါတ်ပုံ များနဲ့ တကွ ဆက်ပါဦး မယ်။

 

 

 

17 comments

  • Thu Wai

    August 8, 2012 at 12:33 pm

    ပြသာဒ်ကြီး ဘုရားပေါ်က ကြည့်ရတဲ့ နေဝင်တဲ့ ရှုခင်း ကိုကြိုက်တယ် ဘာစားစား ပဲဆီနံလေး သင်းနေတဲ့ ပုဂံက ဟင်းတွေကို ကြိုက်တယ် ပုန်းရည်ကြီးကို အလကား ဆိုင်တိုင်း ချပေးတာလဲမိုက်တယ်
    ပုဂံ ရောက်တာ နဲ့ တင် ကိုယ့်ကိုယ်ကို မြန်မာဖြစ်ရတာကို ဂုဏ်ယူတယ်

  • nozomi

    August 8, 2012 at 1:04 pm

    အတွေ့အကြုံအတွက်ရော ဓါတ်ပုံလေးတွေအတွက်ရော ကျေးဇူးပါ
    ရွာထဲမှာ ပုဂံအကြောင်းတင်ကြဘူးပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် ရဲ့ အမြင်အတွေးတွေ မတူတာမို့
    ဖတ်လိုက်တိုင်း အရသာရှိနေတာချည်းပဲ

    ပုဂံကို မြင်ရတာ တစ်ခါတစ်လေ
    အညာကျေးလက်က ကျေးတောသူလေးလိုပဲ
    လှတယ် ယဉ်တယ် ရိုးတယ် အဲ ပတ်ဝန်းကျင်အကြောင်းလဲ သိပ်မသိဘူး
    ဖြစ်စေချင်တာ ခေတ်လဲမှီ ရိုးရာယဉ်ကျေးမှုကိုလဲထိန်း တဲ့ ပုံစံမျိုးလေးဆို ကောင်းမလားလို့
    အညာသူရိုးရိုးလေး အပေါင်းအသင်းအသစ် အတွေ့အကြုံအသစ်တွေ ဝုန်း ဆို ရုတ်တရက် ရလိုက်ရင် …

  • cherry nwe

    August 8, 2012 at 1:32 pm

    ပုံလေးတွေကြည့်ရင်းတကယ်ပုဂံကိုရောက်သွားသလိုပါပဲအန်တီမိုချိုေ၇

  • mocho

    August 8, 2012 at 2:12 pm

    ပုဂံ မှာ ဘုရားတွေ အကြို အကြား မှာ အုပ်ချပ် အစ အပဲ့ တွေ တွေ့ တိုင်း ဒီ ဘုရားတွေ ဟာ နောင် တချိန် မှာ ဒီလို ပဲ အုတ်ပုံ ၊ အုတ် ကျိုး တွေ အဖြစ် ရောက် သွား နိုင်ပါလား ဆိုတဲ့အတွေး မျိုး ဝင် မိသလို၊ ပြုပြင် ထိန်း သိမ်း တယ် ဆိုပြီး ပုံစံတူ ပြန် ဆောက် ရုံ နဲ့ ရှေးဟောင်း သမိုင်းဝင် ဘယ် ဖြစ် နီုင် တော့ မလဲ။ခေတ်မီ နည်း စနစ် နဲ့ ရှေးမူ မပျက် ထိန်းသိမ်း နိုင် မဲ့ နည်းပညာတွေ ၊ ပညာရှင် တွေ တကယ် လိုအပ် ပါတယ်။ နောင် ဆိုရင်တော့ ဖြစ်လာမယ် ထင်ပါရဲ့။

  • Shwe Ei

    August 8, 2012 at 2:42 pm

    ပုဂံရွှေပြည်ရဲ့ လမ်းဘေးထမင်းဆိုင်လေးက အရသာ တခါစားဖူးပေမဲ့ တသက်မမေ့ပါ။ ဧရာဝတီမြစ်ထဲမှာ စက်လှေစီးရတဲ့အရသာ တခါစီးဖူးပေမဲ့ဘယ်တော့မှ မမေ့ပါ။ ပုဂံ ဘုရားတွေပေါ်တက်ပြီး နေဝင်ဆည်းဆာကို ကြည့်ရှုခံစားရတဲ့အရသာ တညနေထဲပေမဲ့ ဘယ်တော့မှမမေ့ပါ။

  • Ma Ei

    August 8, 2012 at 2:54 pm

    မိုချိုရဲ့ ပုဂံကိုကြည့်ပြီး
    တစ်ခေါက်သွားချင်မိပြန်တယ်…
    အခေါက်ခေါက်ရောက်လဲ
    အခက်ခဲတွေ အမျိုးမျိုးတွေ့လဲ
    သွားချင်မြဲ မရိုးတဲ့ပုဂံပါ…
    မိုးတွင်း ဆက်ရန်ခရီးစဉ်ကိုလဲ မျှော်နေမယ်နော်…
    ပုံလေးတွေ အရမ်းလှတယ်…
    ပဲပေးနေတဲ့ သားအမိကိုလဲ မှန်းပြီး
    လှတယ်ပြောလိုက်ပါတယ်နော်…

  • we R one

    August 8, 2012 at 6:08 pm

    ပုဂံ ကို နောက်တစ်ခေါက် သွားချင်တဲ့ စိတ်က ထိန်းမနိုင်သိမ်းမရတော့ဘူး..။

  • snow white

    August 8, 2012 at 7:38 pm

    ခုချိန်ထိ ရန်ကုန်ကဘုရားတောင်စုံအောင်မဖူးမျှော်နိုင်သေးဘူး ဘာပြောပြောပါ ပုံလေးမှာဘဲ ဖူးမျှော်သွားပါတယ်။

  • မောင်ပေ

    August 8, 2012 at 7:44 pm

    အောက်ဆုံးကပုံကြမှဘဲ
    မိုချိုတို ့သားအမိ ကို မြင်ရတော့တယ်ဗျို ့
    ပဲတွေ…ပဲတွေ

  • ဦးဦးပါလေရာ

    August 8, 2012 at 8:57 pm

    ပုဂံက အဲလို အေးအေးဆေးဆေးသွားမှ ကောင်းတာ။
    ငါးရက်က ဆယ်ရက်ကြား အချိန်ယူပြီးတော့ပေါ့…
    ကျုပ် နှစ်ခေါက်ပဲ ရောက်ဘူးတယ်။
    ရတဲ့အချိန်လေး အပြေးအလွှားလျှောက်သွားတော့ အကုန်ရှုပ်ထွေးကုန်ပြီး ဘယ်ဘုရားက ဘယ်လို ဆိုတာတောင် မေ့ကုန်တယ်။

    မြန်မာဘူဖေး ဆိုပြီးဝင်စားတော့ သားငါးဟင်းအစုံ ချပေးတာမှတ်မိတယ်။
    ဒါပေမယ့် ကိုယ်ကြိုက်တာပဲ ကိုယ်စားမှာဆိုတော့ ပုန်းရည်ကြီးသုပ်ပဲ အဓိကထားစားဖြစ်တယ်။
    အတူစားတဲ့ အငှားကားဒရိုင်ဘာကတော့ ကြက်၊ဝက်၊ငါး အကြော်အချက် အကုန်အားပါးတရစားနေတာ လူတယောက်ဒီလောက်စားနိုင်သလားလို့ ကျုပ်တို့မှာ အံ့ဩယူရတယ်…. 😀

  • padonmar

    August 8, 2012 at 10:50 pm

    ဓမ္မရံကြီးနဲ့ လူယှဉ်ပြတာလေးရယ်၊
    ငှက်ပစ်တောင်က တွင်းတွေရယ် စိတ်ဝင်စားစရာပါ။
    အဲဒီတွင်းတွေက လူဝင်လို့ ရလားသိချင်လိုက်တာ၊ဝင်တောင်ကြည့်ချင်လာတယ်။
    မိုချိုရေးတာ ဖတ်ပြီးမှ ပုဂံသွားပါလို့ တောင် ခေါင်းစဉ်တပ်ရမယ်။
    စားရမယ့်နေရာပါ စုံလို့။
    ပဲပေးတဲ့ သားအမိပုံလေးလည်း လှပါတယ်။

  • pooch

    August 8, 2012 at 10:54 pm

    အပေါ်က ၂ ပုံကို အကြိုက်ဆုုံးပဲ။
    ၂ ပုံလုံး သစ်ပင်တွေ ပိုထူပိုများလာသလိုပဲ။ စေတီတွေတောင် နည်းနည်း ပျောက်ချင်နေပြီ။ အရင်ကတော့ မြင်လေရာ စေတီတွေဘုရားတွေပဲ ရှိတာ။ အခုတော့ စိမ်းလို့။
    ကျမတော့ ၆ ခေါက်လောက်ရောက်ဖူးတယ်။ ဘယ်နှစ်ခါပဲသွားရ သွားရ မရိုးတမ်းသွားချင်နေတဲ့ နေရာတခုပါ။
    ၅ ညတောင်အိပ်ခဲ့တာဆိုတော့ အတော်လေး နှံ့ခဲ့မှာပေါ့။

    ကျိုက်ထီးရိုးကို ဆောင်းတွင်းပဲ ရောက်ဖူးတာ။ အေးလိုက်တာ ခိုက်ခိုက်တုန်လို့။မိုးရာသီ ဆိုတော့ တမျိုးဆန်းနေမှာပေါ့။ ရေးပါအုန်း အမ။

  • P chogyi

    August 9, 2012 at 9:06 am

    သရပါတံခါးအနီးက ထမင်းဆိုင်က အမှန်တစ်ကယ်ကို စားလို့ အဆင်ပြေတာပါ။
    မြန်မာဓလေ့ အညာဒေသ ဟင်းအမယ်များနဲ့ တစ်ခြားအရံဟင်းတွေ၊ အဓကဟင်းတွေကို
    အမျိုးအစားစုံလင်အောင် ပြင်ဆင်ထားလို့ စားချင်စဖွယ်ပါ။ ပုဂံရောက်သူတိုင်းဝင်စားစေချင်ပါတယ်။
    ( ကြော်ငြာမဟုတ်ပါ)။
    ရှေးဟောင်းပြုပြင်ထိန်းသိမ်းမှုတွေအနေနဲ့ကတော့ ယူနက်စကိုညွှန်ကြားရေးမှုးချုပ်က
    ဒီဩဂုတ်လအတွင်း မြန်မာနိုင်ငံကို လာရောက်ပြီး ဆွေးနွေးမှုတွေလုပ်တော့မှာပါ။
    တစ်ကယ်လို့ ယူနက်စကို ထိန်းသိမ်းမှုတွေလုပ်ပြီဆိုရင်လည်း ယခုလိုလွတ်လွတ်လပ်လပ်
    ဘုရားဖူးလို့မရတော့ဘူးထယ်တယ်၊ ကောင်းတာနဲ့ ဆိုးတာ တွဲလာမယ်ထင်တယ်။
    စွယ်တော်လေးဆူကို အဓိဌာန်နဲ့ရောက်အောင်ဖူးနိုင်ရင်ကောင်းပါတယ်။
    အဓိဌာန်အောင်ရင်ထူးခြားမှုတွေနဲ့လည်း ကြုံတွေနိုင်တယ်လို့ဒေသခံတွေကပြောပါတယ်။
    ကျွန်တော် နှစ်ကြိမ်ကြိုးစားဖူးတယ်။ အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်ခဲ့ဘူး။
    ပုဂံရောက်ရင် ဖူးစေချင်ပါတယ်။

  • မမ အညာသူ

    August 9, 2012 at 11:39 am

    အလွန်ကြည်ညိုစရာကောင်းသောစေတီပုထိုးများနှင့်ကျက်သရေရှိလှတဲ့ပုဂံမြေကိုမရောက်တာကြာခဲ့ပါပီ
    ဖူမျော်ကြည်ညိုသွားပါတယ်ရှင်

  • new juliet

    January 13, 2016 at 6:08 pm

    ပုဂံသွားဖို့အစီအစဉ်ရှိလို့ပါ ဘယ်ဟိုတယ်မှာအဆင်ပြေလဲမသိဘူးနော် ဈေးလည်းသက်သာပြီး လုံခြုံစိတ်ချရတဲ့ဟိုတယ်ရှိမလားမသိဘူးနော် tour service ပါရှိရင် ကောင်းမယ်နော်

  • uncle gyi

    January 14, 2016 at 4:05 pm

    ဘယ်အချိန်သွားသွားပုဂံကစွဲဆောင်မှုအားကောင်းလှပါတယ်
    မမြင်နိုင်တဲ့စွဲအားရှိတယ်မှတ်ပါတယ်

  • Myat Pearl Phyu

    January 14, 2016 at 4:47 pm

    ပုံတွေပျောက်ကုန်တာလားသိဘူး

Leave a Reply