ဓားပြ surmi
မနေ ့က (၈၈) လူထုအုံကြွမှု နှစ်ပါတ်လည်ခဲ့ ပြန်ပြီ ။ ကိုကြောင်ကြီးရဲ ့ပို ့စ်မှာ ဝင်ဖတ်ရင်း
၈၈ ကိုပြန်သတိယလာပြန်တယ် ……။ အဲဒီတုန်းကမောင်ဆာမိ ပါဝင်ခဲ ့ပုံလေးလည်း သတိတရ
ပြန်ပြောပါရစေ …….။ တချိန်က မောင်ဆာမိဟာ ဓမြ (ဓားပြ) တစ်ယောက်ဖြစ်ခဲ ့ပါတယ် ………။
၈၈ အရေးးအခင်းဖြစ်ပြီး ကျောင်းတွေပိတ်တော ့ မောင်ဆာမိတစ်ယောက် အလုပ်လက်မဲ ့ပေါ ့…..
(ဒါနဲ ့သဂျီးရေ …နှုတ်ကျိုးနေလို ့ အရေးအခင်းလို ့သုံးပါရစေ စိတ်ထဲမှာတော ့ မြန်မာတစ်မျိုးသားလုံးရဲ ့
လူထုအုံကြွမှုကြီးလို ့ မှတ်ယူထားပါ ့မယ် …။) ဒီလိုအလုပ်လက်မဲ ့ဖြစ်နေတုန်း နေ ့ခင်းဆိုရင် စာအုပ်
ဆိုင်သွား…… တွေ ့သမျှစာအုပ်တွေဖတ် ….ညဘက် လက်ဖက်ရည်ဆိုင်ထိုင် ……နိုင်ငံရေးဆွေးတာတွေ
နားထောင် …..သိသမျှပြန်ပြော ….. ဖက်ကြမ်းဆေးပေါ ့လိပ်သုံးလိပ် .၊ လက်ဖက်ရည်တစ်ခွက် နဲ ့
ကွမ်းယာတစ်ထုပ် ကုန်ရင်အိမ်ပြန် …..ဒီလို ဒီလို အလေလိုက်ခဲ ့တာပေါ ့ ။ မေးစရာတော ့ရှိသား….
ဆန္ဒမပြဘူးလားဆိုတော ့ ….နယ်မှာဆိုတော ့ ထိထိရောက်ရောက် မလုပ်နိုင်ကြဘူးလေ …….သပိတ်စခန်း
တော ့ရှိပါရဲ ့ နဂါးနီသီချင်းတစ်နေကုန်ဖွင် ့ပြီး ပို ့သမျှထမင်းထုတ်ထိုင်စားနေလို ့ ဆိုရိုးစကားတောင်ဖြစ်
သွားသေးတယ် ။ ဘာတဲ ့ “ ထမင်းငတ်နေသလား သပိတ်စခန်းကိုသွား” ဆိုဘဲ ။
အဲဒါသာကြည် ့ …..ဆာမိတို ့နယ်ကသောက်သုံးမကျတဲ ့ ကောင်တွေရဲ ့ သပိတ်စခန်းဆိုတော ့ ဘယ်လို
လုပ်ပြီး ပူးပေါင်းလို ့ရမလဲ ။ လှုပ်ရှားမှုဆိုလို ့ ရှင်လောင်းလှည် ့ သလိုတန်းစီပြီး မြို ့ကိုနှစ်ကြီမ်လောက်ပတ်
လိုက်တာပဲလုပ်ဖူးတာ ။ ဒါနဲ ့ မောင်ဆာမိလည်း အထက်ကပြောခဲ ့သလိုနေရင်း လည်ရာပြန်စားရေးဌာန
ရဲ ့ စာလာအိပ် ရာထူးကိုရခဲ ့တာပေါ ့ ။ အဲဒီ တုန်းက အုပ်ချုပ်မှုကင်းမဲ ့သွားတဲ ့ အချိန်ဆိုတော ့ ရပ်ကွက်
တွေ မှာ ကိုယ်ထူကိုယ်ထ လုံချုံရေးလုပ်ကြရပါတယ် ။ ဘယ်ရမလဲ မောင်ဆာမိလည်း ဒီတခါတော ့
ဆရာဖြစ်ရချည် ့သေးဆိုပြီး ရပ်ကွက်ထဲကလူငယ်တွေကိုစုပြီး ကင်းလှည် ့ကြတာပေါ ့ ။
မောင်ဆာမိက ခေါင်းဆောင်ကင်းမှုးလေ ။ ညဘက်ဆိုရင် (၉)နာရီလောက်ဆို ကင်းစထွက် ကြပြီ ။
မောင်ဆာမိလည်း ရှမ်းဘောင်းဘီပွပွကြီးကိုဝတ် …..ခါးပတ်တင်းတင်းပါတ် …..ကင်းဗတ်စ် ဖိနပ်
အဟောင်းလေးကိုစီး ….ပြီးတော ့ သံချေးတက်နေတဲ ့ ငှက်ကြီးတောင်ဓားကြီးကို ဟန်ပါပါနဲ ့ စလွယ်သိုင်း
ဒီလို ဒီလိုနဲ ့ ပုဂံသူရဲကောင်းလိုလို ….တရုတ်သိုင်းကားထဲက နဂါးနိုင်ဓားသမားလိုလို နဲ ့ ဟန်ရေးပြနေတာ
ပါ ့ဗျာ…….။ ကင်းပတ်ရင်း စဉ်းစားမိတာက ကင်းစောင် ့လေးဘာလေးထားရင်ကောင်းမလားလို ့ ….။
ကိုယ်တိုင်လည်း မစောင် ့နိုင် ဆိုတော ့ ခက်သားဗျ ။ ဒီမှာ ဘာသွားတွေ ့လဲဆိုတော့ ငတ်ပြတ်နေတဲ ့
ရပ်ကွက်ထဲက သူခိုး(၃)ယောက်ကိုသတိယသွားတယ် ။ အဲဒီ အချိန်တုန်းက သူခိုးမိရင်ခေါင်းဖြတ်တယ်
ဆိုတော ့ ဒီသူခိုးတွေလည်း နဲနဲမှ မလှုပ်ရဲဘူး ။ ရပ်ကွက်ထဲမှာ ဘယ်သူမှ အပျောက် အရှ မရှိပါစေနဲ ့လို ့
သူတို ့မှာ တစ်နေ ့တစ်နေ့ ဆုတောင်းနေကြရတာ ။ ဒီတော ့ သူခိုးလဲအလုပ်မကောင်းတော ့ဘူးပေါ ့ဗျာ။
တခြားတမြို ့သွားခိုးဖို ့ဆိုတာကလည်း လမ်းပန်းဆက်သွယ်ရေး မရှိတော ့ဘူးလေ …..သူခိုးဆိုပေမဲ့
သူတို ့အဆင် ့က ထမီရုတ်တဲ ့ အဆင် ့ပါ ။
ဒါနဲ့ ပဲ ဒီသူခိုးတွေကို ချိန်းခြောက်ပြီး ကင်းစောင် ့ခိုင်းရတော ့တယ် ။ သူတို ့ကိုလည်းပြောရတာပေါ ့
ဘာပျောက်ပျောက် မင်းတို ့တာဝန်ဘဲလို ့ ။ သူတို ့ ကလည်း ကြောက်ကြောက်နဲ ့ သေချာစောင် ့ကြပါတယ်
မဟုတ်ရင် ခေါင်းပြတ်သွားနိုင်တယ်မဟုတ်လား…………….။အဲ အဲ သူတို ့ကင်းသမားအဖွဲ ့ကိုတော ့
ညစာရိတ်ခါထောက်ရတယ်ဗျို ့ ။ ဆန်ရယ် ….ငါးခြောက်ရယ် ….တောအရက်တစ်လုံးနဲ ့ပေါ ့ဗျာ ။
စလုပ်ကာစတုန်းကတော ့မောင်ဆာမိကို တစ်ရပ်ကွက်လုံးပြောလိုက်ကြတာ….သူခိုးထက်ကြီးတဲ ့
ဓားပြ တဲ ့ ။နောက်တော ့ သဘာပေါက်လာကြပြီး ပေးကမ်းလှူတန်းကြပါတယ် …….လူကြီးတစ်ချို ့
ကလည်း နေရာဝင်ယူကြတာပေါ ့ …….ရပ်မိ ရပ်ဖ တဲ ့။ မကြာပါဘူးစစ်အစိုးရတက်တော ့ မောင်ဆာမိ
အလုပ်ပြုတ်ပါလေရော……….အဲ …ဒါပေမဲ ့ သူခိုးသုံးကောင်ကတော ့ကျန်ခဲ ့တယ်ဗျ …….
တစ်ယောက်က……………………..ရ ဝ တ စာရေး တဲ ့
တစ်ယောက်က……………………….ကင်းမှုး တဲ ့
နောက်တစ်ယောက်က……………ရာအိမ်မှုး တဲ ့ဗျာ ………… မောင်ဆာမိကတော ့ သူကျွန်မခံပြီ ဆိုပြီး
ယခင်ရာထူးဖြစ်တဲ ့ လည်ရာပြန်စားရေးဌာနရဲ ့ ဆာလာအိပ် ပဲပေါ ့ ။
ဒါကတော ့ (၈၈၈၈) ကာလရဲ ့ အမှတ်တရဖြစ်စေတဲ ့ မောင်ဆာမိ ပါဝင်ခဲ ့တာလေးပါဘဲ ။
တခါက ဓားပြ
ဆာမိ
(အထက်ပါ ရာအိမ်မှုးသည် ရွာထဲမှ ဆယ်အိမ်မှုး ရွှေတိုက်နှင် ့ မည်သို ့မျှမသက်ဆိုင်ပါကြောင်း)
23 comments
အရီးခင်လတ်
August 9, 2012 at 4:15 am
ဇာတ်လမ်းလေးကို မရီရက် ရီရက် နဲ့ ရီပြီး ဖတ်သွားပါတယ်။
သူခိုး နဲ့ ဓားမြ မကောင်းတာခြင်း တူပေမဲ့
ဘယ်သူက နဲနဲပိုပြီး စိတ်ဓာတ်မြင့် နိုင်သလဲ တွေးကြည့်နေတယ်။ 😀
htoosan
August 9, 2012 at 6:22 am
ဆာမိ ဆာမိ နဲ့ မရိုမသေတွေ ပြောမိပြီကိုး ဘိုးဘိုး ဆာမိရေ .. 😀 😀
P chogyi
August 9, 2012 at 8:38 am
ဘယ်ခေတ်၊ ဘယ်စနစ်ကိုပြောင်းပြောင်း
ရာထူးနဲ့ အလုပ်(လည်ရာပြန်စားရေး) မပြောင်းဘဲ၊ တည်မြဲတဲ့
ကိုဆာမိကို ချီးကျူးပါတယ်။
မောင်ပေ
August 9, 2012 at 8:52 am
ဟာရေး ဆလမ်မာလေးကွန်း ဆာမိဘိုင်
လည်ရာပြန်စားရေးဆိုတာနော်
နာမည်သာမကောင်းရင် မကောင်းမယ်
လူတော်တော်များများ လုပ်ချင်ကြတာကလား
ကြည်ဆောင်း
August 9, 2012 at 9:06 am
အရေးအခင်း(ကြည်ဆောင်းလဲနှုတ်ကျိုးနေတယ်) ခေတ်မှာကထဲက အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီထောင်ခဲ့တာကိုး 😀
surmi
August 9, 2012 at 9:39 am
အရီးခင်ဗျ
သူခိုးကအချောင်နှိုက်ပြီး ဓားပြက တိုက်ခိုက်ယှဉ်ပြိုင်ပြီးမှ ယူတယ်ထင်ပါတယ်ဗျ
ဘဘကထူးဆန်းရယ်
ကျနော်ကချာတိတ်လေးပါ ဟဲဟဲ
@P chogyi
အခု ဦးစီးမှုးဖြစ်သွားပြီဗျ( အိမ်ထောင် )
ကိုပေရေ ရာထူးတစ်နေရာကျန်သေးတယ်နော
မကြည်ဆောင်းရေ
အလုပ်လိုတဲ ့သူရှိရင်ပြောနော် ဟဲဟဲ
Shwe Ei
August 9, 2012 at 10:12 am
ဒါဆို အူးဆာမိက ၈၈ ထဲက သူ့ကျွန်မခံပြီ လုပ်ခဲ့တာပေါ့။ ဦးညွန့်ဝင်း ကြီးကို copyright ပုဒ်မနဲ့ တရားစွဲဗျာ။
ko khin kha
August 9, 2012 at 11:40 am
ကင်းမှုးကြီးဆာမိကို ဆလမ်ပြုပါသည်။
pooch
August 9, 2012 at 11:58 am
အော် ဒါဆို ဦးဆာမိခေါ်ရတော့မှာပေါ့။ 😀
သိသလောက် အဲ့ဒီကာလတုန်းက အမေတို့ပြောပြတာတော့ အိမ်က ဆန်ပြုတ်ပြုတ်ပြီး ဝေလေ့ရှိတယ်တဲ့။
အိမ်ရှေ့မှာ အိုးကြီးတွေနဲ့ တည်ထားရင် ချက်သလောက်ကုန်တာပဲတဲ့။
အဲ့လို ကာလကြီးကို ပြန်မရောက်ချင်တော့တာတော့ အမှန်ပါပဲ။
ကောင်းသော အကြောင်းလေးတွေကို ချန်ပေးခဲ့တဲ့ မျိုးဆက်အဖြစ် နေပေးချင်ပါတယ်။
surmi
August 9, 2012 at 1:09 pm
@မရွှေအိ
အဲဒီလိုဘဲဗျ ။ ရပ်ကွက်လူကြီးတွေနဲ ့က သိပ်ပြီးအပေါက်အလမ်းမတည် ့တော ့
@ကိုခင်ခရေ
တခါက ဆုပေမဲ ့ မနေ ့ကလိုပါဘဲနော
@ဒေါ်ပုချ်ခင်ဗျ
နယ်တွေမှာ လုံခြုံရေးချို ့တဲ ့ပါတယ်
ကျနော်တို ့ကလည်း မနူးမနပ်လူငယ်လေးတွေမို ့ စွတ်လုပ်ကြတာ
တကယ်သာ လူဆိုးဓားပြနဲ ့တွေ ့ခဲ ့ကြရင် ခုချိန်ဆို ရွာထဲမလာနိုင်တော ့ဘူး
နွားပေါက် ကျားမကြောက်လေ
ahnyartamar
August 9, 2012 at 2:17 pm
ငတက်ပြားတွေကို ရွှေတိုက်စိုးခန့် လိုက်တော့ ရပ်ရွာမှာ သူခိုးကင်းသွားတာပေါ့ ကိုဆာမိရေ…….
ဆူး
August 9, 2012 at 4:07 pm
၈၈ အချိန်တုန်းက အတွေ့အကြုံ အကြောင်းကိုတော့ ဥကြောင် ပိုစ်မှာ ရေးပြီးပြီမို့ ထပ်မရေးတော့ဘူး။
ဂျင်ကလိ တို့ ဘာတို့က လည်း အချိန်အခါ အလိုက် ထွက်ထွက်လာတဲ့ လက်နက်တွေလားတော့ မသိဘူး။ အဲဒီ တုန်းက ပဲ ကြားဖူးတယ်။ အခုတော့ ဘာမှ ပြောသံ မကြားတော့ဘူး။
အလင်းဆက်
August 9, 2012 at 7:41 pm
တရုတ်သိုင်းကားထဲက ဘုရင်ကြီးတွေလိူ ပြောလိုက်မယ် ။
အဲသလို အဖြစ်မျိုးလည်း.ရှိသလား…လို ့ ။
အဟိ
padonmar
August 9, 2012 at 8:57 pm
ကျမလည်းအဲဒီတုံးကနယ်မှာပါ။
မြို့ကိုလှည်ံပြီးဆန္ဒပြကြတော့ပါခဲ့သေးတာပေါ့။
ဒီမိုကရေစီရရေး-ဒို့အရေး အော်ခဲ့တာဘဲ။
ဒါပေမယ့် သားဝမယားဝ-သမဝါယမ လို့တိုင်တာတော့ မအော်ချင်ပါဘူး။
ကျမတို့မြို့နားက ရဲဘက်စခန်းကလူတွေကို လွှတ်လိုက်ပြီဆိုတော့ တစ်မြို့လုံးကြောက်ကြတာဘဲ။
ရပ်မိရပ်ဖတွေကတော်ပါတယ်။သူတို့အတွက် တစ်မြို့လုံးကို ထမင်းထုပ်ကောက်ပြီးပေး လမ်းစားရိတ်ပါပေးပြီး သင်္ဘောပေါ်တင်ပေးလိုက်ပါတယ်။
အဲဒီကစပြီး ညတိုင်းကိုယ့်ဖာသာလုံခြုံရေးစောင့်ကြရတယ်။
ယောကျင်္ားလေးတွေက ကင်းစောင့် ကျမတို့က ဆီထမင်း၊မုန့်ဖက်ထုပ်၊လက်ဖက်သုပ်စတာတွေ ပံ့ပိုးပေးကြပါတယ်။သာကူတို့ ဆန်ပြုတ်တို့ဆို နမိတ်မကောင်းလို့ မကျွေးဘူးတဲ့။
အဲဒီလို ပျော်ပျော်ပါးပါး အရေးအခင်းဆင်နွဲလိုက်ကြတာ စက်တင်ဘာ ၂ရ မှာ တစ်မြို့လုံး လှည့်လိုက်ကြသေးတယ်။
ညလည်းကျရော စစ်တပ်ကသင်္ဘောပေါ်ကနေ သေနတ်နဲ့ပစ်တာ။ဘယ်သူမှမထွက်ရဲတော့ဘူး။
နောက်နေ့ ကျမတို့ အိမ်ရှေ့တွေမှာ ကင်းပုန်းဝပ်တဲ့ စစ်သားတွေ လည်ပင်းမှာ လည်စည်းနီပတ်ထားပြီးတွေ့ရတာ ရင်ထဲ မကောင်းပါဘူး။
စစ်သားတွေကို မမုန်းပါဘူး။
ဒါပေမယ့် အဲဒီလို လည်စည်းနီနဲ့ ပြည်သူကို သေနတ်နဲ့ချိန်ထားတဲ့စစ်သားတွေကို ဘယ်တော့မှမတွေ့ချင်တော့ပါဘူး။
ဒုတ်ထိုး
August 9, 2012 at 9:28 pm
ဖတ်တာ ကျေနပ်မှု ရှိပါတယ် ၊ ကြိုက်တယ်ဗျာ ။
surmi
August 9, 2012 at 10:25 pm
အစ်ကို အညာတမာရေ ….
ဒီကောင်တွေကို ကင်းစောင် ့ခိုင်းလိုက်တော ့ ခြေချုပ်ပြီးသားဖြစ်သွားတာ ….အခိုက်အတန် ့ပေါ ့လေ ။
ဒေါ်ဆုူူးရေ ..အဲဒီအချိန်က တွင်ခုံတွေ ပန်းပဲဖိုတွေဆိုတာ လက်မလည်အောင်လုပ်ရသဗျ ။
လက်နက်ထုတ်လုပ်နေကြတာလေ ….ရရာ လက်နက်စွဲကိုင်ကြတဲ ့သဘောပေါ ့…
ကိုအလင်းဆက်ရဲ ့ ကိုရီးယားလေသံနဲ ့ပြောရရင်
” သေချာပေါက်ကို အဲဒီလိုအဖြစ်မျိုးရှိခဲ ့ပါတယ် ” ဟဲဟဲ
အစ်မပဒုမ္မာရေ …
အဲဒီအချိန်တုန်းက နယ်တွေက ပုံစံတစ်မျိုးနော်
ရန်ကုန်နဲ ့မတူဘူး …..ကျနော်တို ့လည်း နွားပေါက် ကျားမကြောက်ဆိုသလိုဘဲဗျ ။
အရင်တုန်းက စစ်သားဆိုအားကျကြတာ ……ဒါပေမဲ ့ လည်ပတ်အနီတွေနဲ ့ မိုက်ရိုင်းကြပြီး
နောက်ပိုင်းမှာ တော်တော်ချဉ်သွားကြတယ် ။
အစ်မတို ့နယ်က စည်းလုံးကြသားဗျနော ။ ကျနော်တို ့မှာ ဒီလောက်မစည်းလုံးကြဘူး ။
ဒီကြားထဲ သပိတ်စခန်းမှာဝင်ရောပြီး အညာကိုဆန်ကုန်ကူးလို ့ ချမ်းသာသွားတဲ့ကောင်တွေလည်း
ရှိသေးရဲ ့ ။ ပြန်တွေးရင် မနေ ့က တနေ့ က လိုပါဘဲဗျာ
ကိုဒုတ်ထိုးရေ ….
အားပေး ဖတ်ရှု မှတ်ချက်ပြုပေးတာလေး ကျေးကျးပါဗျာ ……….။
MaMa
August 9, 2012 at 10:35 pm
ဟိတ်-
မောင်ဆာမိ။
မင်းကို တို့ရွာသူားတွေ ဝိုင်းထားလိုက်ပြီ။
ဘာခုမှ ကြောက်ပါပြီလဲ။
ရသ ကိုးပါ စုံအောင် ရေးပေးမှ လွတ်လမ်းရမယ်။ [:D]
နွေး ဆက်ဆက်ပြန်လာမယ် ဆိုတာကို ဖတ်ပြီး လွမ်းရမလိုလို။
ခုတော့လည်း ဓားပြကြီးဆိုပြီး ခြိမ်းခြောက်နေပြန်ရော။
ရသအမျိုးမျိုးပေးနိုင်လို့ မောင်ဆာမိရဲ့ ရသကိုးပါးစုံအောင် ဖတ်ချင်လို့ပါ။ [:)]
_________________________
I added cool smileys to this message… if you don’t see them go to: http://s.exps.me
surmi
August 9, 2012 at 10:47 pm
အန်တီမမနဲ ့ ရွာသူားတို ့ရယ်
ကျနော့မှာ ရသကိုးပါးတော ့မရှိပါဘူး ဗျာ …..
လိုချင်ရင်တော ့ လေထိုးလေအောင် ့ရင်သောက်ဖို ့ဆောင်ထားတဲ ့
ကိုးပါးဆေးလေးတော ့ နဲနဲကျန်ပါသေးရဲ ့ဗျာ…..။
marblecommet
August 10, 2012 at 2:44 am
အစ်ကိုဆာရေ့
ကျနော်လည်း ဓါးပြ လုပ်ချင်ပါတယ်ဗျာ
အဟဲ …
မြတ်လေးရွှေဓါးဗိုလ်လို ဓါးပြပေါ့ခင်ဗျ…..
surmi
August 10, 2012 at 8:32 am
ပြော ကိုကမ်း
ဘယ်နေ ့စကြမလဲ
ဒီကသံချေးတက်နေတဲ ့ဓားက ဒီလောက်တော ့ဖြစ်ပါသေးတယ်
ကြောင်ကြီး
August 10, 2012 at 10:37 am
သူခိုးကြီး ဓါးပြ၊ ဓါးပြကြီး သူပုန်၊ သူပုန်ကြီး ဘာဖြစ်လည်းသိလား ဒီခေတ်ကြီးမှာ နယ်စပ်ဒုက္ခသည်စခန်း ရောက်ရင်ရောက် မရောက်ရင် တတိယနိုင်ငံ လစ်ပေတော့…။ လည်လည်ဝယ်ဝယ် ရှိသူများက သူခိုးဓါးပြ အဆင့်မှာတင် သတင်းပေး၊ သူလျှိုလုပ် အဲဒီကနေ ရပ်ကွက်ရုံး၊ ကြံ့ဖွတ်ပါတီဝင်ပြီး ရပ်မိရပ်ဖ လုပ်ကြသဗျား..။
နွေဦး
August 10, 2012 at 11:44 am
ကျုပ်တို့ဆီက ဆယ်အိမ်မှုးတို့ ရာအိမ်မှုးတို့ အဲဒိတုန်းက ခေါင်းစည်းနီတွေစည်းပြီး တပ်ဦးက တကယ့်တော်လှန်ရေးသမားတွေပေါ့ ခုတော့….အဲလိုဖြစ်နေဘီ..
surmi
August 10, 2012 at 11:17 am
မှန်လိုက်သပဦးကြောင်ရယ်
ခုမှလိုရင်းကိုရောက်သွားတာ
ထိထိရောက်ရောက်နဲ ့လိုရင်းကတော ့ ဦးကြောင်ပြောသလိုဘဲဗျို ့