အမှတ်တမဲ့ မီးဖိုချောင်ဒုက္ခ (၂)

zaylayJuly 5, 20101min541

အမှတ်တမဲ့ မီးဖိုချောင်ဒုက္ခ (၂)

လူကိုအန္တရယ်ဖြစ်စေနိုင်သောဘက်တီးရီးယားများ အစားအသောက်တစ်ခုမှ တဆင့် နောက်တစ်ခုသို့ ကူးစက်ခြင်းဟာ အဖြစ်များတဲ့ အစားအသောက်နဲ့ဆိုင်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။

စဉ်းတီတုံးဟာလည်း ယင်းရောဂါများဖြစ်စေဖို့ တရားခံတစ်ခုဘဲဖြစ်တာမို့ အိမ်ရှင်မများ နေ့စဉ်အသုံးပြုနေတဲ့ စဉ်းတီးတုံးဟာ တစ်မိသားစုလုံးကျန်းမာဖို့ အရေးပါတဲ့ နေရာကပါဝင်နေမှာဖြစ်ပါတယ်။

ဒါကြောင့် အိမ်ရှင်မများအနေဖြင့် သင့်မီးဖိုချောင်အတွက် စဉ်းတီတုံးရွေးချယ်တော့မည် ဆိုပါလျှင် နောင်တချိန်တွင် ယင်းနှင့်ပတ်သတ်သည့် အရှုပ်အရှင်းများ မရှိရလေအောင် မိမိနှင့် သင့်လျော်တဲ့ စဉ်းတီတုံးများကို ရွေးချယ်သင့်ကြပါတယ်။ စဉ်းတီတုုံး ဟုဆိုရာဝယ် ရှေးအစဉ်အဆက်ကပင် သစ်သားစဉ်းတီတုံးကို အသုံးပြုလာခဲ့ကြပြီး အခုခေတ်များမှာတော့ ပလပ်စတစ် ၊ ဖန်သား၊ ဝါး စသည်တို့ဖြင့် ပြုလုပ်ထားသည့်စဉ်းတီတုံးများဟူ၍ ဈေးကွက်တွင် သူ့နေရာနှင့် သူ ခေတ်စားလာခဲ့ကြပြန်ပါတယ် ။

စဉ်းတီတုံးများဟာ သူ့နေရာနှင့် သူ ကောင်းကျိုးဆိုးကျိုးများ ရှိကြလေရာ .. သစ်သားနဲ့လုပ်ထားတဲ့စဉ်းတီတုံးများကိုတော့ ရှေးရိုးစဉ်လာကတည်းက အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ ကျစ်လစ်မာကျောသော သစ်သားမျုိုးဖြစ်သည့် မန်ကျည်းးသား၊မာဘယ်လ်သား စဉ်းတီတုံးများကို ရှေးအရင် လူကြီးများ ကြိုက်နှစ်သက်ခဲ့ကြပြီးဖြစ်ပါတယ်။

သစ်သား စဉ်းတီတုံးကို လူကြိုက်များ ရတဲ့အကြောင်းကတော့ သူ့ကိုအသုံးပြုစဉ်မှာ အသံဆူညံမှု သိပ်မရှိခြင်း၊ လှီးဖြတ်ချိန်တွင် ညက်ညောသော ထိတွေ့မှုပေးခြင်းတို့ဖြစ်ပါတယ်။ ဒါပေမယ့် သစ်သား စဉ်းတီတုံးများဟာ သန့်ရှင်းရတာ ခက်ခဲခြင်း၊ အသုံးပြုတာ များလာတာနဲ့အမျှ အစင်းကြောင်းတွေပေါ်လာပြီး အဲဒီအကြောင်းတွေကြားမှာ ဘက်တီးရီးယား တချို့ ပုန်းခိုနိုင်ဖို့အခွင့်အရေးပေးခြင်း ၊ သစ်သားများမှာပါရှိတဲ့ အပေါက်ငယ်ကလေးများဟာ အခန့်မသင့်တဲ့အခါ စွတ်စိုမှုကို ဖြစ်စေနိုင်ပြီး ယင်းကြောင့် ဘက်တီးရီးယားများပေါက်ပွားနေထိုင်မှုကို အားပေးစေခြင်း စတဲ့ အကြောင်းတွေကြောင့် ကျန်းမာရေးကိုအနည်းနဲ့အများဆိုသလို ထိခိုက်နိုင်လာစရာအကြောင်းရှိပါတယ်။ ယခုခေတ်များမှာတော့

ဝါးနဲ့လုပ်ထားတဲ့ စဉ်းတီတုံးဟာ မာကျောတဲ့ မျက်နှာပြင်ရှိခြင်း၊ ဘက်တီးရီးယားပိုးအချုို့ကို ကာကွယ်နိုင်ခြင်း ၊ သက်တမ်းရှည်ရှည်အသုံးပြုနိုင်ခြင်း စတဲ့ ကောင်းချက်တစ်ချို့နဲ့ ခေတ်စားလာတာတွေ့ရပါတယ်။

ပလစ်စတစ်နဲ့လုပ်ထားတဲ့ စဉ်းတီတုံးများကတော့ စိမ့်ဝင်နိုင်တဲ့ အပေါက်ငယ်များ မပါဝင်ခြင်း၊ သန့်စင်ဖို့ လွယ်ကူခြင်း စတာတွေကြောင့် သင့်အတွက် လုံခြုံစိတ်ချမှုအပေးဆုံးလို့ ပြောနိုင်ပါတယ်။ ဖန်သားနဲ့လုပ်ထားတဲ့စဉ်းတီတုုံးများကတော့ လှပ သပ်ရပ်လှပြီး အပူခံနိုင်ခြင်း၊ စိမ့်ဝင်နိုင်တဲ့ အပေါက်များ မပါဝင်ခြင်း၊ သန့်ရှင်းရတာလွယ်ကူခြင်းတို့ကိုဖြစ်စေပေမယ့် သူ့ကိုအသုံးပြုစဉ်မှာ ထွက်ပေါ်လာမယ့် အသံတွေကတော့ အိမ်ရှင်မတွေကို စိတ်အနှောင့်ယှက် ပေးကောင်းပေးနိုင်ပါလိမ့်မယ်။ သည့်အပြင် မတော်တဆ လွတ်ကျမှုများဖြစ်ခဲ့ပါလျှင် အလွယ်တကူ ကွဲစေနိုင်ပြီး အနီးရှိ အစား အသောက် ပန်းကန်များထဲသို့လည်း ဝင်ရောက်စေနိုင်ခြင်းဖြင့် လူသားတို့အား အန္တရယ် ဖြစ်စေနိုင်ပါတယ်။ စဉ်းတီတုုံး ဟုဆိုရာဝယ် ရှေးအစဉ်အဆက်ကပင် သစ်သားစဉ်းတီတုံးကို အသုံးပြုလာခဲ့ကြပြီး အခုခေတ်များမှာတော့ ပလပ်စတစ် ၊ ဖန်သား၊ ဝါး စသည်တို့ဖြင့် ပြုလုပ်ထားသည့်စဉ်းတီတုံးများဟူ၍ ဈေးကွက်တွင် သူ့နေရာနှင့် သူ ခေတ်စားလာခဲ့ကြပြန်ပါတယ် ။ စဉ်းတီတုံးများဟာ သူ့နေရာနှင့် သူ ကောင်းကျိုးဆိုးကျိုးများ ရှိကြလေရာ .. သစ်သားနဲ့လုပ်ထားတဲ့စဉ်းတီတုံးများကိုတော့ ရှေးရိုးစဉ်လာကတည်းက အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ ကျစ်လစ်မာကျောသော သစ်သားမျုိုးဖြစ်သည့် မန်ကျည်းးသား၊မာဘယ်လ်သား စဉ်းတီတုံးများကို ရှေးအရင် လူကြီးများ ကြိုက်နှစ်သက်ခဲ့ကြပြီးဖြစ်ပါတယ်။

သစ်သား စဉ်းတီတုံးကို လူကြိုက်များ ရတဲ့အကြောင်းကတော့ သူ့ကိုအသုံးပြုစဉ်မှာ အသံဆူညံမှု သိပ်မရှိခြင်း၊ လှီးဖြတ်ချိန်တွင် ညက်ညောသော ထိတွေ့မှုပေးခြင်းတို့ဖြစ်ပါတယ်။ ဒါပေမယ့် သစ်သား စဉ်းတီတုံးများဟာ သန့်ရှင်းရတာ ခက်ခဲခြင်း၊ အသုံးပြုတာ များလာတာနဲ့အမျှ အစင်းကြောင်းတွေပေါ်လာပြီး အဲဒီအကြောင်းတွေကြားမှာ ဘက်တီးရီးယား တချို့ ပုန်းခိုနိုင်ဖို့အခွင့်အရေးပေးခြင်း ၊ သစ်သားများမှာပါရှိတဲ့ အပေါက်ငယ်ကလေးများဟာ အခန့်မသင့်တဲ့အခါ စွတ်စိုမှုကို ဖြစ်စေနိုင်ပြီး ယင်းကြောင့် ဘက်တီးရီးယားများပေါက်ပွားနေထိုင်မှုကို အားပေးစေခြင်း စတဲ့ အကြောင်းတွေကြောင့် ကျန်းမာရေးကိုအနည်းနဲ့အများဆိုသလို ထိခိုက်နိုင်လာစရာအကြောင်းရှိပါတယ်။ ယခုခေတ်များမှာတော့

ဝါးနဲ့လုပ်ထားတဲ့ စဉ်းတီတုံးဟာ မာကျောတဲ့ မျက်နှာပြင်ရှိခြင်း၊ ဘက်တီးရီးယားပိုးအချုို့ကို ကာကွယ်နိုင်ခြင်း ၊ သက်တမ်းရှည်ရှည်အသုံးပြုနိုင်ခြင်း စတဲ့ ကောင်းချက်တစ်ချို့နဲ့ ခေတ်စားလာတာတွေ့ရပါတယ်။
ပလစ်စတစ်နဲ့လုပ်ထားတဲ့ စဉ်းတီတုံးများကတော့ စိမ့်ဝင်နိုင်တဲ့ အပေါက်ငယ်များ မပါဝင်ခြင်း၊ သန့်စင်ဖို့ လွယ်ကူခြင်း စတာတွေကြောင့် သင့်အတွက် လုံခြုံစိတ်ချမှုအပေးဆုံးလို့ ပြောနိုင်ပါတယ်။ ဖန်သားနဲ့လုပ်ထားတဲ့စဉ်းတီတုုံးများကတော့ လှပ သပ်ရပ်လှပြီး အပူခံနိုင်ခြင်း၊ စိမ့်ဝင်နိုင်တဲ့ အပေါက်များ မပါဝင်ခြင်း၊ သန့်ရှင်းရတာလွယ်ကူခြင်းတို့ကိုဖြစ်စေပေမယ့် သူ့ကိုအသုံးပြုစဉ်မှာ ထွက်ပေါ်လာမယ့် အသံတွေကတော့ အိမ်ရှင်မတွေကို စိတ်အနှောင့်ယှက် ပေးကောင်းပေးနိုင်ပါလိမ့်မယ်။ သည့်အပြင် မတော်တဆ လွတ်ကျမှုများဖြစ်ခဲ့ပါလျှင် အလွယ်တကူ ကွဲစေနိုင်ပြီး အနီးရှိ အစား အသောက် ပန်းကန်များထဲသို့လည်း ဝင်ရောက်စေနိုင်ခြင်းဖြင့် လူသားတို့အား အန္တရယ် ဖြစ်စေနိုင်ပါတယ်။ စဉ်းတီတုံးနှင့် အရောင်အသွေးများ
အိမ်တစ်အိမ်တွင် စဉ်းတီတုံးအနည်းဆုံးတစ်ခု ရှိတတ်ကြပြီး ၄- ၅ ခုထက်မက ရှိနေခြင်းဟာ ပုံမှန်မဟုတ်ဘူးလို့ ပြောလို့မရပါဘူး။ ထို့အပြင် အစားအသောက်အမျိုးမျိုးအတွက် သီးခြားစဉ်းတီတုံးများကိုအသုံးပြုခြင်းဖြင့် အစားအသောက်မှတဆင့် ကူးစက်တတ်သော ရောဂါတချို့ကို ကာကွယ်နို်င်ပါတယ်။
အရောင်အမျိုးမျုိုးနဲ့စဉ်းတီတုံးများကို အသုံးပြုခြင်းဖြင့် အသားစိမ်း ၊ ငါးစိမ်းများ ခုတ်ထစ်ရာမှာ အသုံးပြုတဲ့စဉ်းတီတုံးအား ဟင်းသီးဟင်းရွက်များ လှီးဖြတ်ရာတွင် အသုံးမပြုအောင် သင့်ကို အနည်းနဲ့အများဆိုသလို အသိပေးပါလိမ့်မယ်။ စဉ်းတီတုံးများဟာ အရောင်အလိုက် သင့်ကို အမှတ်တရဖြစ်စေတဲ့ အဓိပ္ပါယ်များကို ပေးစေနိုင်တာကတော့ …
၁။ အစိမ်းရောင် စဉ်းတီတုံး … သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ စီစဉ်ရာတွင်အသုံးပြုရန်
၂။ အဝါရောင် စဉ်းတီတုံး… ကြက်၊ ဘဲ စသည်တို့ ခုတ်ထစ်ရာတွင် အသုံးပြုရန်
၃။ အပြာရောင် စဉ်းတီတုံး… ချက်ပြီးသား သားငါးများ ခုတ်ထစ်ရာတွင်သုံးရန်
၄။ အဖြူရောင် စဉ်းတီတုံး… ထောပတ်၊ ဒိန်ခဲစသည့် နို့ထွက် ပစ္စည်းများအတွက် သုံးရန်
၅။ အသားရောင်၊ အညိုရောင် စဉ်းတီတုံး… ငါးနှင့် ပင်လယ်စာများအတွက်သုံးရန်
၆။ အနီရောင် စဉ်းတီတုံး … အနီရောင် အသားများဖြစ်သည့် ဝက်သား၊ အမဲသားစသည် တို့အတွက်သုံးရန် တို့ဖြစ်ပါတယ်။ အကယ်၍ သင်ဟာ အရောင်ခွဲခြားပြီးအသုံးမပြုချင်ဘူးဆိုလျှင်တောင် အသားငါးများအတွက် အသုံးပြုသောစဉ်းတီတုုံးဖြင့် ဟင်းသီးဟင်းရွက်များ မစီစဉ်မိစေရန် သတိပြုသင့်ပါတယ်။

စဉ်းတီတုံးနှင့် ဂရုပြုရမည့်အချက်များ

၁။ သင်ဟာ ဘယ်လို စဉ်းတီတုုံးအမျိုးအစားကို အသုံးပြုသည်ဖြစ်စေ အသုံးပြုပြီးတာနဲ့ ယင်းတို့ကို ဆပ်ပြာရေပူပူကလေးနဲ့ ဆေးကြောသင့်ပါတယ်။ အခါအခွင့်သင့်သလို ကလိုရင်းဖြင့် ပိုးသတ်ခြင်းများကိုလည်း ပြုလုပ်သင့်ပါတယ်။ ရေတစ်ဂါလံနဲ့ ကလိုရင်း ပါတဲ့အရောင်ချွတ်ဆေး လက်ဘက်ရည်ဇွန်းတစ်ဇွန်း နှုန်းဖြင့်ရောစပ်ကာ သုံးနိုင်ပါတယ်။ အစွန်းချွတ်ဆေးဆိုရာမှာလည်း သံပုရာ ၊ နာနတ်စတဲ့ အမွှေးနံ့တွေပါတဲ့ အစွန်းချွတ်ဆေး မဟုတ်ဖို့ သတိထားရပါမယ်။ သို့မဟုတ် ရှာလကာရည် တစ်ဆ ရေ ၅ ဆရောပြီး သန့်ရှင်းနိင်ပါတယ်။ ထိုသို့ပြုလုပ်ရာတွင် သင်၏ စဉ်းတီတုံးသည် သစ်သားစဉ်းတီတုံးဖြစ်မည်ဆိုပါက စဉ်းတီတုံးအား ရေဇလုံထဲတွင် ကြာရှည်စွာ စိမ်ထားမိမည်ဆိုပါလျှင် စဉ်းတီတုံးအပေါက်များထဲသို့ ရေများစိမ့်ဝင်ကာ ခြောက်သွေ့သောအခါတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်မှုကို အားပေးမှာဖြစ်တာမို့ သစ်သား စဉ်းတီတုံးကို ရေမစိမ်ထားမိစေရန် အရေးကြီးပါတယ်။

၂။ စဉ်းတီတုံး တစ်ခုဟာ အစင်းကြောင်းထင်လာပြီး အဲဒီအရေးအကြောင်းတွေမှာ အသားစိမ်း၊ ငါးစိမ်း စတာတွေနဲ့ ဘက်တီးရီးယားပိုးများ ပုန်းအောင်း နိုင်လာပြီဆိုရင် သန့်စင်ဖို့ အတော်ကိုခက်ခဲလာတာမို့ ယင်း စဉ်းတီတုံးနေရာမှာ အသစ်တခုနဲ့ အစားထိုးသင့်ပါတယ်။

၃။ အသားစိမ်းငါးစိမ်း ခုတ်ထစ်ထားတဲ့ စဉ်းတီတုံး ၊ ဓား စတာတွေကိုု မဆေးကြောပဲ နောက်ထပ် အစားအစာများ ကိုမလှီးဖြတ်သင့်ပါဘူး ။ အဲလိုအသုံးပြုခြင်းအားဖြင့် အသားစိမ်းငါးစိ်မ်းမှ တဆင့် ကူးစက်တတ်သောရောဂါများ ပြန့်ပွားဖို့ အခွင့်အရေးပေးသလို ဖြစ်ပါလိမ့်မယ်။

၄။ သင့်ရဲ့စဉ်းတီတုံးကို သေချာစွာ ဆေးကြောပြီးတဲ့အခါမှာလည်း နေရာတကျ မသိမ်းဆည်းခင်မှာ ကောင်းစွာ ခြောက်မခြောက်စစ်ဆေးခြင်းအားဖြင့် စဉ်းတီတုံးတွင် မှိုနှင့် ဘက်တီးရီးယားများ စွဲကပ်မှု ကို လျော့ပါးစေပါလိမ့်မယ်။ အကြောင်းအမျိုးမျိုးကြောင့် စဉ်းတီတုံးတွင် ဘက်တီးရီးယားပိုးများ တွယ်ကပ်နေသည် ဆိုလျှင်တောင် ယင်းတို့ဟာ စွတ်စိုမှုမရှိပဲ နာရီအနည်းငယ်ထက်ပိုပြီး အသက်ရှင်နိုင်စွမ်းမရှိကြပါဘူး ။ စင့်နှီးတုံးကိုအသုံးပြုပြီး ဒီအတိုင်းထားမည်ဆိုပါလျှင် စင့်နှီးတုန်းအောက်ခြေတွင် စိုစွတ်မှုများ ဖြစ်ပေါ်စေပြီး ပိုးမွှားများပိုမိုပေါက်ပွားလာမှာ ဖြစ်တာမို့ သင့်အသုံးမပြုတော့သည့် တပြိုင်နက် စဉ်းတီတုံးကို ထောင့်တစ်နေရာတွင် ထောင်ထားသင့်ပါတယ်။ ထို့နောက်ခြောက်သွေ့ပြီိဆိုပါက နေရာတကျ သိမ်းဆည်းနိုင်ပါတယ်။ ထို့သို့ပြုလုပ်ရာတွင်လည်း လေသလပ်ခံထားခြင်းဟာ အကောင်းဆုံးဖြစ်ပြီး အဝတ်များဖြင့် သုတ်ကာ ခြောက်သွေ့စေခြင်းဟာလည်း အဝတ်မှပိုးမွှားများကို ပြန့်ပွားစေတာမို့ ရှောင်ရှားစေချင်ပါတယ်။

၅။ ပန်းကန်ံဆေးစက်ဖြင့် စဉ်းတီတုံးကို ဆေးကြောခြင်းဟာ ပလပ်စတစ် စဉ်းတီတုံးများ အတွက်သာ ကောင်းမွန်တာမို့ သစ်သားစဉ်းတီတုံးကို သုံးမိမယ်ဆိုလျှင် မကြာခင်မှာပင် ခြောက်သွေ့သွားနိုင်ပြီး ရေရည်ခံနိုင်မယ် မဟုတ်ပါဘူး။

၆။ သင်ဟာ သစ်သားစဉ်းတီတုံးကို အသုံးပြုရတာနှစ်သက်တယ်ဆိုရင်တော့

၆.၁။ ယင်းရဲ့မျက်နှာပြင်ကို အမြဲတမ်း ကောင်းမွန်နေအောင် အသားငါးများ စီစဉ်ပြီးတာနဲ့တပြိုင်နက် ကော်ပတ်စားပေးရပါမယ်။ အဲလိုမှမဟုတ်ရင်တော့သင့် ရဲ့ စဉ်းတီတုုံးဟာ အရေးအကြောင်းထူထပ်စွာနဲ့ ဘက်တီးရီးယားနှင့် အခြားသော ပိုမွှားများ ပျော်မြူးဖို့ နေရာတစ်ခုဖြစ်နေပါလိမ့်မယ်။

၆.၂ ။ သစ်သား စဉ်းတီတုံးများကို တစ်ပတ်လျှင် တစ်ခါ ဆီဖြင့် သုတ်လိမ်းပေးခြင်း သို့မဟုတ် ပျဉ်သားသေအောင် ပြုလုပ်ပေးခြင်းဖြင့် သစ်ကြောများကို ညက်စေပြီး ဘက်တီးရီးတို့ ရန်မှ ကာကွယ်စေမှာဖြစ်ပါတယ်။ဆီဖြင့်သုတ်လိမ်းရာတွင် ပထမဦးစွာ ဆီကို အနည်းငယ် ပူနွေးစေပြီးမှ အဝတ်သားနုနုဖြင့် စွတ်ပြီး သစ်ကြောအတိုင်း ပွတ်တိုက်ပေးခြင်းဖြင့် ဆီများ သစ်ကြောများထဲသို့ စိမ့်ဝင်သွားမှာဖြစ်ပါတယ်။ ယင်းနောက် မိနစ်အနည်းငယ်ခန့် ထားပြီး အဝတ်ခြောက်ဖြင့် ဖယ်ရှားနိုင်ပါတယ်။ ယင်းသို့ ဆီသုတ်လိမ်းပေးခြင်းဖြင့် အဆီများသည် သစ်သားစဉ်းတီတုံးရှိ အပေါက်များ ကိုပိတ်သွားစေပြီး အရည်များ စိမ့်ဝင်စွတ်စိုမှုကို ကာကွယ်ပေးမှာဖြစ်ပါတယ်။

၇။ သင့်စဉ်းတီတုံးအားသန့်ရှင်းရာတွင် အရည်အသွေးကောင်းမွန်သော စတီးလ်ယောက်မဖြင့် ခြစ်ထုတ်ပေးခြင်းဖြင့် သစ်သားစဉ်းတီတုံးအား စိုစွတ်မှုကို ဖြစ်စေသော ရာခိုင်နှုန်းကို ၇၅ ရာခိုင်နှုန်းခန့်လျော့ကျစေမှာဖြစ်ပါတယ်။ သို့သော်လည်း စတီးလ် brush ဖြင့် ပွတ်တိုက်ခြင်းဖြင့် သင့်စဉ်းတီတုံးအား ပိုမိုပျက်စီးစေနိုင်သောကြောင့် ယင်းသို့မပြုလုပ်မိစေရန် သတိပြုသင့်ပေသည်။

၈။ စဉ်းတီတုံးကို အသုံးပြုသည်နှင့်တပြိုင်နက် ရှာလကာရည် အပြင်းစားဖြင့် ပွတ်တိုက်ပေးခြင်းဖြင့် သင့်ရဲ့ စဉ်းတီတုံးကို ပိုးမွှားကင်းစင်စေမှာဖြစ်ပါတယ်။ ရှာလကာရည်တွင် ပါဝင်သော acetic acid သည် ပိုးသတ်ရန် အတွက် ကောင်းမွန်သော အက်စစ်တခုဖြစ်ပြီး လူသားတို့အားရောဂါပေးစေနိုင်သော E coli, salmonella နှင့် staphylococcus စသည့် ပိုးမွှားများ ခိုအောင်းနေခြင်းကို ထိရောက်စွာ ကာကွယ်ပေးပါတယ်။ သင့်ရဲ့မီးဖိုချောင်တွင် ပြင်းအားကောင်းသော ရှာလကာရည် ဖျန်းဗူးတစ်ဗူးဆောင်ထားခြင်းဖြင့် သင့်စဉ်းတီတုံးအား အချိန်တိုအတွင်း သန့်ရှင်းစေနိုင်ပါတယ်။

၉။ ပြင်းအား ၃ရာခိုင်နှုန်းရှိ hydrogen peroxide ကိုလည်း ဘက်တီးရီးယားများကို သေစေရန်အလို့ငှာ သုံးနိုင်ပါတယ်။ ထိုသို့ပိုးမွှားများကို နှိမ်နင်းရာတွင် ရှာလကာရည် စွတ်ထားသော တစ်ရှုးစတစ်ခုဖြင့် စဉ်းတီတုံးအား အရင်ပွတ်တိုက်ပေးရပါမယ်။ ထို့နောက်တွင်မှ hydrogen peroxide ပါသော တစ်ရှုးဖြင့် ပွတ်တိုက်ပေးရပါမယ်။

၁၀။ စဉ်းတီတုံးကို မဝယ်ခင်မှာလည်း အသုံးပြုရန် စိတ်ချရသော အညွှန်းနဲ့ ထောက်ခံချက်ပါတဲ့ စဉ်းတီတုံး ဟုတ်မဟုတ်ဆိုတာ လေ့လာရပါမယ်။ ( အိမ်တွင်းစီးပွားဖြစ် သစ်သား စဉ်းတီတုံး ဆိုလျှင်လည်း သစ်သားအမျိုးအစား ၊ အက်ကြောင်းနှင့် သစ်ကြော၊ အပေါက်အရွယ်အစားများကို စစ်ဆေးပြီး

ဝယ်သင့်ပါတယ်)။

၁၁။ စဉ်းတီတုံးနှင့် အနံ့အသက်များ စဉ်းတီတုံးကို အသုံးပြုသည့် သား ၊ ငါး၊ ဂျင်း၊ ကြက်သွန် စသည့်အစား အသောက်အမျိုးအစားအလိုက် အနံ့အသက်များ စွဲထင်ကျန်တတ်လေရာ အချို့သော အနံ့အသက်များကို ပျောက်ပျက်စေရန် အောက်ပါအတိုင်း အသုံးပြုသင့်ပါတယ်။

၁၁.၁။ ဆားကြမ်း သို့မဟုတ် မုန့်ဖုတ်ဆိုဒါ စဉ်းတီတုံးအား ဆားကြမ်း သို့မဟုတ် မုန့်ဖုတ် ဆိုဒါများဖြင့် ပွတ်တိုက်ပေးပြီး မိနစ်အနည်းငယ်ကြာ ထားပြီး ရေဖြင့် ကျင်းပေးနိုင်ပါတယ်။

၁၁.၂။ အနံ့ဆိုးများနှင့် ရှောက်သီး ရှောက်ရည်အခြား လွယ်ကူသောနည်းလမ်းတခုမှာ ကြက်သွန် ၊ ဂျင်းစသည်တို့ဖြင့် စွဲထင်နေသောစဉ်းတီတုံးအား ရှောက်ရည်လတ်လတ်ဆတ်ဆတ်ဖြင့် ပွတ်တိုက်ပေးခြင်း သို့မဟုတ် ရှောက်သီးစိတ်ဖြင့် ပွတ်တိုက်ပေးခြင်းတို့ကို ပြုလုပ်ပေးခြင်းဖြစ်ပါတယ်။

၁၁.၃။ အနံ့ဆိုးများနှင့် ရှာလကာရည် ရှာလကာရည် အပြင်းစားကိုအသုံးပြုခြင်းဖြင့်လည်း အနံ့ဆိုးများ ကိုဖယ်ရှားစေနိုင်ပါတယ်။ ဘယ်နည်းလမ်းကိုပဲသုံးသုံး အဲဒီနောက်မှာတော့ သင့်စဉ်းတီတုံးအား အကြောသေအောင် ပြန်လုပ်ပေးဖို့ လိုကောင်းလိုပါလိမ့်မယ်။

One comment

  • etone

    July 5, 2010 at 9:56 am

    ပိုစ့်လေးကတော့စိတ်ဝင်စားစရာပါ … ။ ဒါပေမဲ့ ဘာလို့အရောင်တွေနဲ့ ကွဲနေရတာလဲ ။ အဲ့ဒီလိုအရောင်စဉ့်နှီးတုုံးတွေဆိုရင် ပလတ်စတစ်ဟာတွေဝယ်ရမှာပေါ့ ။

Leave a Reply