The Rules for Health

manawphyulayAugust 11, 20121min1166

ကျန်းမာရေးအတွက် နည်းလမ်းကောင်းများ

(1) Eat moderately and chew your food well.
မျှမျှတတစား၊ အစားအသောက် ကြေညက်အောင်ဝါးပါ။

(2) Take deep brealth of fresh air.
လေကောင်းလေသန့် တစ်ဝကြီးရှူပါ။

(3) Sleep eight hours with a window open.
ပြတင်းပေါက်ဖွင့်ပြီး ၈ နာရီလောက် အိပ်ပါ။

(4) When walking upstairs, go slowly.
အပေါ်ထပ်တက်လျှင် ဖြည်းဖြည်းတက်ပါ။

(5) Cleanes the bowels daily.
နေ့စဉ် ဝမ်းမှန်ပါစေ။

(6) Avoid the use of drugs.
မူးယစ်ဆေးဝါး မသုံးပါနဲ့။

(7) Give yourself some recreation daily.
မိမိကိုယ်ကို နေ့စဉ် အနေအထိုင် အသွားအလာပြုပြင်ပါ။

(8) Look on the bright side od life.
ဘဝခရီး သာယာချမ်းမြေ့အောင် ရည်စူးပါ။

Royal Readers 1922

6 comments

  • ko khin kha

    August 11, 2012 at 2:15 pm

    ကောင်းမွန်သောအချက်လေးတွေမို့ မှတ်ထားလိုက်ပါတယ်။
    ဒါပေမယ့်-
    (3) Sleep eight hours with a window open.
    ပြတင်းပေါက်ဖွင့်ပြီး ၈ နာရီလောက် အိပ်ပါ။
    ဆိုသော်လည်း မန္တလေးမှာက ဆောင်းတွင်းဆိုအရမ်းချမ်းလေ့ရှိတော့ ပြတင်းပေါက်ဖွင့်အိပ်ရင်ဖြင့်
    ရေခဲတောင်ပေါ်များရောက်သွားသလိုခံစားရမလားနော်၊ အဲလိုမခံစားရဘဲ ရေခဲတိုက်သို့—-ဆိုရင်တော့။

  • kyaw moe myint

    August 11, 2012 at 3:44 pm

    (2) Take deep brealth of fresh air.
    လေကောင်းလေသန့် တစ်ဝကြီးရှူပါ ဆိုတဲ့အချက်နဲ့ပတ်သက်ပြီးဆွေးနွေးချင်ပါတယ်။ ဒီနေ့ရန်ကုန်မြို့တော် မှာ လေကောင်းလေသန့်တစ်ဝကြီးရှူဖို့ဆိုတာ မလွယ်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သွားလေရာ၊
    ရောက်လေရာနေရာတိုင်းမှာ လေးဘမ်း (လမ်းဘေး)မှာရှိကြတဲ့ စားသောက်ဆိုင်ကြီး၊ ဆိုင်ငယ်တွေကနေ
    ထွက်နေတဲ့ အညှော်နံ့တွေက မရှူချင်မှအဆုံးဖြစ်နေလို့ပါပဲ။ ရန်ကုန်မှာနေရင်တော့ နေ့စဉ်နဲ့အမျှ
    လေကောင်းလေ သန့်မရပဲ လေဆိုးလေညစ်တွေသာ ရှူနေရပါတယ်။ ဒါကြောင့်မို့ လေကောင်းလေသန့် ရှူဖို့ဆိုရင် ရန်ကုန်မှာမနေပဲ တောင်ပေါ်မြို့တွေမှာသွားနေမှသာရမှာပါလို့ပြောပါရစေ……………။

  • may flowers

    August 11, 2012 at 4:04 pm

    မှတ်သားသွားပါတယ်မနောရေ………..လေကောင်းလေသန့်ကိုဝဝရှုချင်ရင်တော့ တော၊နယ်ဘက်တွေ

    ပြောင်းနေရရင် ကောင်းမလားမသိဘူးနော်…။

  • လေပြေ ရှိုင်း

    August 11, 2012 at 4:55 pm

    (1) မျှမျှတတစား၊ အစားအသောက် ကြေညက်အောင်ဝါးပါ။
    – မဝါးဘဲ မျိုချရမှကျေနပ်တဲ့ ကျွန်တော့အတွက်တော့ ဒုက္ခပဲ
    (2) လေကောင်းလေသန့် တစ်ဝကြီးရှူပါ။
    – ကျွန်တော်က အမှုန်ထွက်တဲ့ စက်ရုံမှာ မနက် ၈၊ ည ၅ အလုပ်လုပ်တယ်၊
    (3) ပြတင်းပေါက်ဖွင့်ပြီး ၈ နာရီလောက် အိပ်ပါ။
    – နေ့စဉ် ၆ နာရီထက်ပိုမအိပ်ဖြစ်တာကြာပြီ၊ အိပ်မပျော်တတ်တာ အကျင့်ပါနေပြီ
    (4) အပေါ်ထပ်တက်လျှင် ဖြည်းဖြည်းတက်ပါ။
    – ပြန်ရောက်ရင် စီတန်းနေတာတွေလုပ်ဖို့ လေပေါ်ပျံမတက်ရုံတမယ်ပဲ
    (5) နေ့စဉ် ဝမ်းမှန်ပါစေ။
    – စက်ရုံတာဝါမှာနေရတာဆိုတော့ ရှိသမျှဒွါရ အကုန်ချုပ်တာပါပဲ
    (6) မူးယစ်ဆေးဝါး မသုံးပါနဲ့။
    – အရက်ကိုလူတွေ စတင်မတွေ့ရှိခဲ့ကြရင်ကောင်းမှာပဲလို့ တွေးမိတယ်။
    (7) မိမိကိုယ်ကို နေ့စဉ် အနေအထိုင် အသွားအလာပြုပြင်ပါ။
    – ညနေအပြန်ဆိုရင် လမ်းကပိတ်၊ စီးရတာက ပုံမှန်ဆိုရင်တောင် အသွား ၁ နာရီ၊ အပြန် ၁ နာရီ
    စဉ်းစားသာကြည့်
    (8) ဘဝခရီး သာယာချမ်းမြေ့အောင် ရည်စူးပါ။
    – အသဲကလဲကွဲသေး၊ ကြွေးရှင်တွေကဝိုင်း
    တချက်မှလဲမကိုက်တော့ ကျမ်းမာရေးအတွက် လက်လျော့ရတော့မယ်ထင်ပါတယ်ဗျာ…

  • shwe kyi

    August 11, 2012 at 7:22 pm

    မမနောရေ တံခါးဖွင့်အိပ်ဖို့ကတော့မီးမီးတို့ကြောက်ကြောက် ညဘက်လေမိုးကျရင်ညီမတို့လွင့်သွားမှာ 😀
    ၅ လွှာမှာနေတာဆိုတော့ ဖြေးဖြေးသာဆိုရင်တော့မဖြစ်ချေဘူးအစ်မရေ။
    ကျန်တာကတော့စမ်းလုပ်ကြည့်လိုက်မယ်။ ကျေးဇူးပါအစ်မရယ် နယ်အိမ်ကလူတွေကိုလုပ်ခိုင်းရမယ်။

    _________________________
    I added cool smileys to this message… if you don’t see them go to: http://s.exps.me

  • တခါက ကာတွန်းဆရာတစ်ယောက်က
    “အသက်ရှုလေ့ကျင့်ခန်းလုပ်ပါလို ့ဆရာဝန်ညွှန်ကြားလို ့
    ပင်လယ်နား သွားလိုက်တာ ငါးခြောက်နံ ့တွေရှုလိုက်တာ
    ပိုဆိုးသွားတယ်””ဆိုပြီး ကမ်းခြေမှာ ငါးလှမ်းကြတာ ဝေဖန်
    ဖူးပါတယ်ဗျာ

Leave a Reply