ပန်းဥယျဉ်တစ်ခုသို့အလည်သွားခြင်း………………….

1 အဝင်စမှာမြင်ရတဲ့ပန်းဝါဝါ
2 ပန်းရောင်စက္ကူပန်း
3 လှပသော အကျော်ပန်း
4 ပန်းကလေးတစ်ပွင့်ရှိတယ်

 

4ခ စံပယ်ဖြူလေး တစ်ပွင့်ထဲပါကွဲ့
5ထူးခြားသော အင်စတော်လေးရှင်းပင်
6 စက္ကူပန်းအနွယ် ဝင်ပန်းဆီရောင်ရဲရဲ
7 ဇလပ်ဖြူဖြူ
8 ထူးခြားတဲ့ပန်းကလေး
9 စံပယ်ဖြူဖွေး မွှေးမွှေလေး
 

10 နီရဲစိုလွင်
11 ဇလပ်ဖြူ
12 ပန်းဆီရောင် စ့က္ကူပန်း
13 သနပ်ခါးပန်းလေး
14 ခိုင်ရွှေဝါ
15 စွယ်တော်ဖြူ
 

“ပန်းပျိုးဥယျာဉ် တစ်ခုသို့အလည်သွားခြင်း”(တစ်)

 

 

ပြီးခဲ့တဲ့ဥပုဒ်နေ့က ထုံးစံအတိုင်း မနက်လမ်းလျောက်ထွက်လာခဲ့ပါတယ်။

ခါတိုင်း အလုပ်ပိတ်ရက်ဆိုရင် မနက်ရှစ်နာရီလောက်မှအိမ်ပြန်ရောက်တတ်ပါတယ်။

ကန်တော်ကြီးတောင်ဘက်လမ်းအဆုံးက ရှမ်းလေးကျွန်းထိသွားတာကိုးဗျ။

အခုရက်ရှမ်းလေးကျွန်းကိုသွားထားတာလဲသိပ်မကြာသေးတော့ မသွားချင်။

ဒါနဲ့ဘဲ လမ်းတစ်ဝက်မှာရှိတဲ့ပျိုးပင်တွေရောင်းတဲ့ဥယျာဉ်ထဲကိုဝင်လာခဲ့ပါတယ်။

ဟိုငေးဒီလျောက်နဲ့လာလိုက်တာ တစ်နေရာအရောက်မှာအင်မတန်မှလှပတဲ့

အဝါရောင်ပန်းပွင့်တွေက ကျနော်ကို “ လာခဲ့”လို့ခေါ်နေသလိုလို။

ဒါနဲ့ဘဲ အဲဒီအဝါရောင်ပန်းတွေကို ဓါတ်ပုံရိုက်။.

ခြံထဲလှမ်းကြည့်တော့ ပန်းရောင်စက္ကူပန်းတွေက အဆုပ်အဆုပ်။

နောက်တော့အကြော်ပင် စင်္ကြာပန်းပင် စံပယ်ပင်အဖြူရောင်တွေစုံလို့ပါဘဲ။

ကျနော်ပန်လေးတွေရိုက်နေတုံးခြံပိုင်ရှင်အဒေါ်ကြီးထွက်လာပါတယ်။

ကျနော်ကို သူတို့အိမ်လေးရဲ့အရှေ့ဘက်မှာ ပန်းတွေရှိတဲ့အကြောင်း

ပြောပြီး ဝင်ပြီးဓါတ်ပုံရိုက်ခိုင်းပါတယ်။

အဲဒါနဲ့ဘဲ အတွင်းထဲကိုရောက်သွားတဲ့အခါ ပန်းဝင်္ကပါထဲရောက်သွားသလိုပါဘဲ။.

ကဲမပြောတော့ဘူးနော် ကြည့်ဘဲကြည့်လိုက်ပါတော့

 

ကိုပေါက်လမ်းသလားနေသည်

(11-8-2012)

 

 

 

14 comments

  • မောင်ပေ

    August 19, 2012 at 12:49 pm

    ကိုပေါက်ရေ ကျွန်တော်ကြိုက်တဲ့ ၊ အနံ ့တော်တော်မွှေးတဲ့ ဇီဇဝါ ပန်းပုံရိုက်ထားတာရှိရင် ပြပေးပါဦးဗျ

  • မဟာရာဇာ အံစာတုံး

    August 19, 2012 at 1:09 pm

    ဖေဂျီးရယ် ..
    ကျေးဇူးလည်း တင်တယ် ..
    စိတ်လည်း ဆိုးမိတယ် ..
    ကျေးဇူးတင်တာက ပန်းလေးတွေကြောင့် ရင်ထဲ အေးချမ်းသွားရလို့ ..
    စိတ်ဆိုးတာကတော့ အဲ့ပန်းလေးတွေထဲက ပန်းတစ်ပွင့်ဟာ သက်ဆိုင်သူ ဖြစ်ခဲ့ဖူးလို့ ..
    သူမကို တအား လွမ်းမိသွားတယ် ..
    အဲ့လို လွမ်းဒါ ဖေဂျီးကြောင့် .. ဖေဂျီး ရက်စက်တယ် .. ဟင့် .. ရွှတ် ..

    အဟီးးးး နောက်ထာနော် .. ဖေဂျီးရေ ..

    • shwe kyi

      August 20, 2012 at 12:18 pm

      မောင်ငယ်အံစာ နံပါတ် 10 ပုံနရိပ်ပန်းမို့လား အဟဲ။

      စံပါယ် စံပါယ် လေးရယ်
      လွမ်းမပျယ် ဖြစ်ရတဲ့
      မောင်အံမှကွယ်
      လွယ်လွယ်နဲ့မေ့မရ
      အတိတ်ကဒါဏ်ရာ
      ထာဝရဝေဒနာနဲ့
      ဖြေရှာကမောရပေါ့
      အိုဘယ့် ပန်းစံပါယ်။ 😀

  • marblecommet

    August 19, 2012 at 2:15 pm

    တစ်ပွင့်တည်းသော
    စံပါယ် ကို အကြိုက်ဆုံး
    ….
    အံကြီး နင်လွမ်းတာလည်း
    စံပါယ်မလား
    ကျော်သိပါတယ်
    .
    ထာဝရ စံပါယ်ဂိုးဏ်သား
    မောင်ကမ်း..

  • YE YINT HLAING

    August 19, 2012 at 4:53 pm

    စွယ်တော်ဖြူ ပုံလေးကြည့်ရတာ မျက်လုံးအေးပြီး စိတ်ကိုလန်းစေတယ်ဗျာ !

  • Mလုလင်

    August 19, 2012 at 11:36 pm

    ပျိုးဥယျာဉ် ဆိုလို့ .. ကြွားလိုက်ဦးမယ် … အိမ်နားက ပျိုးဥယျာဉ်က နေ .. အပင်ပေါက် (အပင်ကြီးမျိုး) တွေ ဝယ်ဝယ်ပြီး ဘွန်ဆိုင်း လုပ်တာ … ဟိဟိ … သေကုန်ပြီဗျို ့ ..

  • ကြောင်ကြီး

    August 20, 2012 at 7:36 am

    လမ်းသလား
    ကမ်းနား
    ပန်းများ
    ဆန်းပြား
    အလန်းအား
    ဖမ်းစား
    ထမ်းထား
    ကြမ်းဂျား..။

  • ကြည်ဆောင်း

    August 20, 2012 at 9:49 am

    ထူးခြားတဲ့ အင်စတော်လေးရှင်းပင်ဆိုတာဘာပါလိမ့် 🙄
    ပန်းကလေးတွေကအကုန်လှနေတာဘဲ

  • etone

    August 20, 2012 at 9:50 am

    လေးပေါက်ရေ … မိုးတွင်းမို့လား မသိဘူးနော် အပင်လေးတွေက စိမ်းစိုနေတာပါပဲ .. အရောင်လည်း စိုတယ် … မြင်ရတာ အေးချမ်းတယ် ….. ။
    ဒါနဲ့ ပန်းဥယျာဉ်ထဲ အလည်သွားတာ .. ပန်းချည်းပဲ ရိုက်လာခဲ့လားဟင် … ။ ဟီးဟီး :mrgreen:

    လေးပေါက်ရေ တိုက်တိုက်ဆိုင်ဆိုင် အခုကော့မန့်ရေးမှ မနေ့က …. တွေ ့ခဲ့တာလေး ပြန်သတိရမိတယ် … ။ မနေ့က အမေနဲ့ ကော်ဖီဆိုင်တစ်ခုမှ … ကော်ဖီထိုင်သောက်ဖြစ်တယ် ….. ။ ဆိုင်လေးက ဆိတ်ဆိတ်ငြိမ်ငြိမ်လေး ၊ မီးရောင်လေးကလည်း … မှိန်ပြပြပေါ့ ။ သီချင်းလေးကလည်း . ငြိမ့်ငြိမ့်ညောင်းညောင်းလေး … ဆိုင်ထဲဝင်လိုက်တာနဲ့ အေးစက်စက် ဖီလင်မျိုးစခံစားရတယ် … ။ ဝိုင်ဖိုင်လည်း အလကားရတော့ … ကော်ဖီသောက်ရင်း အင်တာနက်ထိုင်သုံးတဲ့ လူတွေလည်း ရှိနေတာပေါ့ …. ။ သားမိနှစ်ယောက် ကိုယ်လိုချင်တဲ့ အနေထားရအောင် ကော်ဖီကို …. လိုတိုးပိုလျော့အချိုးကျထည့်သောက်ရင်း … မျက်စိ ကစားမိတယ်ဆိုလျှင်ပဲ ….ဟိုတဝိုင်း ဒီတဝိုင်း ကပ်နေတဲ့ အတွဲတွေ အများကြီးတွေ ့ခဲ့ရတယ်… ။ အခန်းက အေးလို့ ထင်ပါတယ် …. ပတ်ဝန်းကျင်ကိုမေ့ပြီး ပူးကပ်နေကြတာ … အတော်ရုပ်ပျက်ပါတယ် … ။ Zoom ဆွဲပြီး ရိုက်တာ .. ပုံက မကြည်တဲ့အပြင် မှောင်လို့ … ဓါတ်ပုံကောင်းကောင်း မရခဲ့ပါဘူး … ။ 🙄

  • si tone

    August 20, 2012 at 11:05 am

    တကယ်… ပန်း၁ုယျာ၁ု် ထဲဝင်ရသလိုပဲ…… စိတ်ထဲမှာတကယ်ကို လန်းသွားပါတယ်…
    Si Tone ပန်း၁ုယျာ၁ု် ထဲဝင်ကြည့်ရင်တောင် အဲဒါတွေ တွေ့ချင်းမှတွေ ့ မှာ……

  • Ma Ei

    August 20, 2012 at 11:47 am

    အလုပ်များနေလို့ ရွာထဲ မရောက်တာရက်နဲနဲကြာသွားတယ်…
    ပန်းဥယျာဉ်လေးထဲ အရင်ဆုံး ဝင်လည်လိုက်ရတော့
    ပန်းကလေးတွေ အလှနဲ့ အပမ်းပြေခဲ့ရလို့
    ကျေးဇူးတင်မိပါကြောင်းကိုပေါက်ရေ…
    2…ပန်းကလေးကို ပွင့်တူရွက်တူ
    6…ပန်းကလေးကို ပန်းအိ လို့ ကျမတို့ဘက်မှာခေါ်တာရယ်…

Leave a Reply