သည်တပါတ် အိမ်စာ …

ムラカミAugust 12, 20122min18313

သည်တပါတ်တော့

ဆေးရုံကဆင်းလာတဲ့ …

 

ကျနော့် .. ခရော့ပ္ပဖောမက်လေးနဲ့ …

အိမ်စာလုပ်ဖြစ်ပါတယ်..

သည်တပါတ်ရိုက်ဖြစ်တာကတော့ မက္ကရို ပါ…

 

 

ဆက်တင်ပြောပါဆိုရင်တော့ ဟုတ်ကဲ့..

 

f/2.8

1/125s

ISO-400

90mm

ဖြစ်ပါတယ်… အရမ်း shallow ဖြစ်တဲ့ DoF နဲ့ ရိုက်ထားတာပါ…

အနှီ DoF ကို ရှင်းပြရတာ ..နည်းနည်းတော့ တိုင်ပါတ်မယ် ဗျာ…

focal plane ဆိုတာ ကို နားလည် ထားဖို့လိုမယ်ထင်ပါတယ်..

ကျနော်… ဂရုဖိုတိုကိုတောင် အဲ့လောက် တိမ်တဲ့ ..DoF နဲ့ ရိုက်ဖူးပါတယ်.. (မှတ်မှတ်ရရ ရွာ့အလှူမှာပါ..)

 

 

ဒါ နေရောင်ကို နည်းနည်း ကလူကြည်ဆယ်ထားတာပါ…

နောက်ထပ် ခြားနားတဲ့ စိန်ခေါ်မှု တခုဖြစ်ပါတယ်…

လိပ်ပြာ မဟုတ်ပါ … မော့် …လို့ ခေါ်တဲ့ ပိုးဖလံ လောက်ပါ..

အကောင်အလွန်သေးပါတယ်…

အတောင် တခုလုံး ဖြန့်ထားရင်တောင် ကျပ်စေ့ အရွယ် မရှိပါ….

f/7.1

1/1000s

ISO 1000

90mm

ဖြစ်ပါတယ်..

 

AV mode ဖြစ်ပါတယ် … ISO ကို လျှော့ရင်း …time ကို နည်းနည်းပိုကျဖို့ လုပ်ခဲ့ပေမယ့်…

တစက်ကလေးမှ …အငြိမ်မနေတဲ့ သည်ကောင်တွေရဲ့ သဘောသဘာဝကြောင့် …တမင်

ISOမြှင့်ထားပြီး AV နဲ့ရိုက်လာတာပါ…

 

 

 

f/7.1

ISO-800

90mm

နောက်ထပ် … အမြန် ရိုက်ထားတဲ့ ပုံတပုံဖြစ်ပါတယ်..

 

လက်တို့ချင်တာက ..တကယ်တန်း macro ရိုက်မယ်ဆိုရင်

monopod လိုပါလိမ့်မယ်…အလွန် အသေးစိတ်လာတဲ့အခါမှာ

ကင်မလာ ရှေ့တိုးနောက်ဆုတ် …၁မမ လောက်ကအစ ..

စကားပြောလာလို့ဖြစ်ပါတယ်…

ဘယ်နေရာကို details ဖော်ချင်တယ်

ဘယ်လို sharpness မျိုး ရချင်တယ် ဆိုတာကို လိုက်လို့ပေါ့ဗျာ..

 

 

 

 

 

f/7.1

1/160s

ISO-800

90mm

 

သီးခြားမှတ်ချက် မရှိပါဗျ…

သည်လိုပဲ ရိုးရိုးလေး ရိုက်ဖြစ်ယုံပါ…

 

 

 

ကျနော် ပြောင်းပြန် ပြန်တည်မလား တွေးဖြစ်သေးတယ်…

သို့သော် ဇောက်ထိုးနေတဲ့ သူ့ရဲ့ သဘောသဘာဝလေး ပျောက်သွားမှာ စိုးလို့ …

သည်တိုင်းပဲ ထားမိပါတယ်..

 

f/2.8

1/200s

ISO-400

90mm

 

 

 

f/7.1

1/1000s

ISO 3200

90mm

နောက်ပိုင်းတော့ macro ရိုက်မယ်ဆိုရင်…

အနှီ အင်းဆက်တွေရဲ့ သဘောသဘာဝတွေအကြောင်…ဇောင်းပေးလိုက်စားပြီးမှ ..

ရိုက်ဖြစ်တော့မယ် ထင်ပါတယ်ဗျာ …

ကိုယ့်ဝါသနာ တို့ ..စိတ်ချမ်းသာမှုတို့ ..ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ဒါ့ပုံရိုက်တင်တာ လွယ်ပါတယ်ဗျာ..

မလွယ်တာက ..အဲ့သည့် ရိုက်ထားတဲ့ ဒါ့ပုံ နောက်ကွယ်က နည်းပညာပိုင်း နည်းစနစ်ပိုင်း ချဉ်းကပ်မှု . ဆိုတာပါမယ်..

အဲ့ ..အဲ့ဒါသက်သက် ဖြစ်ရင်လည်း သိပ် ရုပ်ဝတ္ထုဆန်သွားမယ်…ကို်ယ်ရိုက်တဲ့ ဆပ္ပဂျက်အကြောင်း

ကိုယ်တိုင် ခွဲခြမ်းစိတ်ဖြာဝေဖန်ပြောကြားနိုင်ရမယ် …ထင်တယ်ဗျ

ကျနော်တော့ သည်လိုမြင်မိပါကြောင်း…

 

တော်သေးဘီ

ခင်တဲ့

ဂီ

 

 

 

 

13 comments

  • Mလုလင်

    August 12, 2012 at 11:50 pm

    တော့ .. ကအင်ကြီး…. မအားဘူး မအားဘူး နဲ့ ဓာတ်ပုံ ပြပွဲ အတွက် ကျ ပုံ မတင် ဘူး .. … မိုက်ခရို ကျ လိုက် ရိုက်နေတယ် .. 🙂 အင်း .. Macro နဲ့ Tele နဲ့ ကွဲလွဲ တာလေး ရှင်းပြ စေချင်ပါတယ်ဗျို ့ ..။

    • Liquid_Sn@ke

      August 13, 2012 at 1:21 am

      ဆောရီးပါဆြာသမားရေ …
      ကျနော် သည်သောကြာ အိမ်ပြန်လာဖြစ်ပေမယ့် ..
      တောက်လျောက် စတန်းဘိုင်နေရတယ်ဗျ…
      သဂျီးတို့ဆီက စစ်စတမ်တခုကို လှမ်းသုံးဖို့ရှိနေရင်းကနေ…
      သူရို့ဆီ သောက်ကြာစနေ …
      အချိန်ပို ရှယ်ဖွင့်ပေးတဲ့စစ်စတမ်မို့ …
      ကျုပ်တို့ဆီ …အချိန် ၁၃နာရီကွာတာမို့…

      သည်တပါတ် စနေရော တနဂနွေပါ …တောက်လျောက် … စတန်းဘိုင်နေရတယ်ဗျာ..
      ပုံမတင်တာဟုုတ်ပါဘူး…. တင်လောက်စရာ ပုံ မရရှိထားလို့ပါ…
      အဲ့ဆြာ တွေကို ဝင်လာ …ရေးလာ စေချင်လို့ … တမင်ဘာမှမပြောဘဲ ထားထားဖြစ်တာပါဗျို့….

      ဝိုင်းကြ ဝန်းကြစေလိုပါသည်…

      ခင်တဲ့

      • သကြားလုုံးကြော်

        August 14, 2012 at 3:23 am

        ဓာတ်ပုုံပြပွဲတင်ပါတော့ဗျို့။ ကြည့်ချင်လိုု့ စောင့်ရတာ ဗျိုင်းဖြစ်ခါနီးပြီ။ ဟီဟီ။
        sticky တောင်ပြောက်သွားပြီး ၊ စာပေပြိုင်ပွဲကိုု လူတွေအာရုုံရောက်သွား တော့ ဓာတ်ပဲုုပြပွဲက ဘယ်သူမှသတိမထားလိုုက်မိပဲ တိတ်တိတ်ကလေး ကိုုယ်ပျောက်ဖြောက်ပြီး ပျောက်သွားသလိုုပဲ။

        မလောက်သေးဘူးဆိုုရင်လည်း ပိုု့ပြီးသားလူတွေကိုု ထပ်တောင်းတာပဲဖြစ်ဖြစ် ၊ ရွာထဲမှာ ထပ် remind လုုပ်တာပဲဖြစ်ဖြစ် ၊ ဆရာဂီတိုု့ ကိုုလုုလင်တိုု့ ပဲကိုုယ့်ဘာသာ ဆယ်ပုုံထည့်ပေးရပေးရ ၊ ဒီတလပုုံတွေကိုု မတင်ပဲ နောက်လခေါင်းစဉ်ကိုု ကျော်ရကျော်ရ၊ မြန်မြန် July ပြပွဲကိုုတရားဝင်ပိတ်သင့်ပြီထင်တယ်။ တော်ကြာအပျိုကြီးများ အပျိုကြီး ဖြစ်ကြသလိုု စောင့်ရင်း စောင့်ရင်းနဲ့ ဓာတ်ပုုံပြပွဲက နှစ်ခေါက်တည်းနဲ့ လုုံးဝပြတ်သွားမှာစိုုးရတယ်။

        ပိုုကောင်းမယ်ထင်တာကတော့ အခုု လဝက်လည်းရောက်နေပြီမိုု့ ဒီတစ်လကိုုအခုု ဖြစ်သလောက်နဲ့ ဖြတ်ပြီး နောက်လအတွက် ခေါင်းစဉ်စောစောပေးပြီး ရိုုက်ခိုုင်းထားသင့်ပြီထင်တယ်။ ခေါင်းစဉ်ကိုု နှစ်လစာလောက်ကြိုပေးထားရင်တော့ အချိန်မီရိုုက်ဖြစ်ကြမယ်ထင်တယ်။ ဒါမှလူတွေစိတ်ထဲမှာ နှစ်လစာလောက်ခေါင်းစဉ်ရှိနေရင် သွားရင်းလာရင်း ခေါင်းစဉ်နဲ့ကိုုက်တာတွေ့လိုု့ သတိရရင်ပိုုရိုုက်ဖြစ်နိုုင်တယ်။ ဒီတစ်လ အားမာန်ခေါင်းစဉ်က နည်းနည်း Abstract ဖြစ်လိုု့ ပိုုပြီးရှင်းရှင်းလင်းလင်းရှိတဲ့ လူတွေနဲ့ ပိုုနီးစပ်တဲ့ ချစ်စရ့ာအရွယ်တိုု့ ဈေးသည်တိုု့ လောက်လူရိုုက်မများ ကြတာလိုု့လဲထင်ပါတယ်။

        ဆရာလုုပ်တာမဟုုတ်ပါ။ ဓာတ်ပုုံပြပွဲလေး အသက်ရှည်ရေးအတွက် အကုူအညီလိုုတယ်ဆိုုရင်လည်း ကူပါ့မယ်။

        • သကြားလုုံးကြော်

          August 14, 2012 at 7:55 am

          မေ့သွားလိုု့။ နံပတ် ၂ ထဲက လိုုက်တင်လေးကိုုကြိုက်ပါသည်။

  • ရဲစည်

    August 13, 2012 at 12:12 am

    ကနဦး ပြောကြည့်မယ်ဗျာ
    ပရက်စ်ရှိုးက တပုံထဲကြည့်ရတာ ဆိုတော့ အဲဒါဘဲ ခိုက်သွားတယ်
    အခု ၆ပုံလုံး ကြည့်ရတဲ့ အခါကျတော့ အဲ ၁ပုံက အောက်သွားပီ သိပ်မခိုက်တော့ဘူး

    အကြိုက်ဆုံးကတော့ ပျားမျိုးစိတ်နွယ်ဝင် အကောင်လေး အရပ်အခေါ် ခွေးလပျားခေါ်မလားဘဲ
    ကျောခုံးက ဘုသီးဗြုတ်လေးတွေ ထနေတာကအစ နောက်ခံ နှစ်ခုကို layer ၂ပိုင်းဆင့်ပီး မြင်ရတာ သိပ်ကြိုက်သဗျို
    အဲ.. ဘယ်ဘက်ကို နည်းနည်းစွေပီး ယူထားတဲ့ သဘောဗျို့ ဖြစ်နိူင်ရင် အော်နဲ့ ရီတို့ရှ် ၂မျိုးလုံး မြင်ချင်သပ ……….
    ဒီလို မြင်မှလည်း ကျုပ်တတ်မျာကိုး အဲတော့ လိုချင်လို့ အားနားစရာမရှိ ဒဲ့တောင်းသဗျာ …. ပါ့ဘလစ်မှာ ပြောတော့
    တမျိုးတမည် ဖြစ်သွားမယ် ထားဗျာ ကိုယ့်ဆြာ သဘောကောင်းပါ၏ 🙂

    ပင့်ကူပုံကြီး မကြိုက်ဖူးဗျာ
    သူ့ကိုယ်ပေါ်က အရောင်တွေကို ဇောင်းပေးထားမှန်း သိသိနဲ့ကို ကွန်ဆားဗတစ် မြင်ပလိုက်တာ …
    ကြည်၊ တောက်၊ ရှင်းလေ သိတယ်မှလား ဟိဟိ

    ပုံ ၂ နေရဲ့အလင်းရောင်က ပိုးဖလံကလေးကို ဝါးသွားလောက်အောင် မကွယ်ဘူးလို့ ခံစားရတယ် ဆိုတော့ ….
    သိပ်မသိတော့ဘူး ကျနော်က ခုထိ သဘာဝအမြင်ကို အလေးသာနေတုန်း အလင်းအမှောင်ကိစ္စတွေ နောက်မှ
    အာစိကို မေးတော့မယ် ဟို ..ဘယ်လိုပြောရမလဲ ဓာတ်ပုံနဲ့ ပန်းချီအမြင် သွားရောနေသလားဘဲ ………………
    ခင်းဗျားတို့ ဘက်တော့ မသိဘူး ??

    ဆိုတော့ဗျာ
    ဖြီးလို့ ဖြန်းလို့က ဒါအကုန်ဘဲ ပြောတတ်တယ်
    ကျုပ်လဲ တိုးတိုးကျယ်ကျယ် လေ့လာမှတ်သားနေကြောင်း
    မသိက မေးမည်ဖြစ်ကြောင်း (အားမနာစတမ်း)

    အနှစ်ချုပ်သော်…ဟိဟိ ဆြာရီး အထှာဖြင့် 😛
    ပုံ(၃)နဲ့ ပုံ(၅)ကို ရိုးရိုးလေးနဲ့ ယဉ်ယဉ်လေး……….. ကြိုက်ခွင့်ပေးပါဗျို့(ဗညားဟန်လေသံဖြင့်)

    ကျုပ်တခါမှ ဒီလိုမမန့်ဖူးဘူး
    သူများပို့စ်ကို အမြဲတမ်း အတမ်မ်းရှင်းထားပီး မန့်ဖြစ်တယ်
    ခုပုံတွေကို ကြည့်ပီး စိတ်ကူးပေါက်လို့ ထမန့်တာ စိတ်လွတ်လက်လွတ်ဘဲ
    ရေလည် ဖီးလ်ဘဲ ဘာမှန်းတော့ ပြောရခက်တယ်
    တခါတလေဆိုတာထက် ဘဝမှာ အမြဲတမ်းအဲလို နေဖြစ်ချင်တယ်
    ဒါပေမဲ့…အင်းဗျာ
    တော်ဘီ

    • Liquid_Sn@ke

      August 13, 2012 at 8:11 am

      http://www.amazon.com/Butterfly-Photographers-Handbook-Comprehensive-Reference/dp/1584282479/ref=sr_1_1?ie=UTF8&qid=1344821847&sr=8-1&keywords=Butterfly+Photographer%27s+Handbook

      ဒီစာအုပ်ဖတ်ပီး ရေလည် ဖီးလ်တက်နေတာ ဆြာရဲ့ …
      အင်းဆက် ဖိုတိုဂလပ်ဖာ ဆိုတာ …
      အနတ်တမီကယ်လ် ..အန်တိုမော်လော်ဂျစ်စ် … ဆိုတဲ့အဆင့်လောက်ထိ
      ချဉ်းကပ်ပြထားလို့ ဆိုပါတော့ဗျာ …

      ကိုယ် ရိုက်တဲ့ အရာတော့ ကိုယ် ပိုင်ပိုင်နိုင်နိုင် ချပြကြည့်ချင် တဲ့
      ဉာဏ်ပညာရယ်… ဗဟုသုတရယ် …ပြည့်စုံချင်စမ်းပါဘိ……။

      တဖက်ကလည်း နည်းစနစ်ပိုင်း နည်းပညာပိုင်းနဲ့ အနုပညာပိုင်း ကိုပါ
      အချိုးညီပေါင်းစပ်နိုင်မယ် ဆိုရင်ပေါ့ဗျာ ……

      ဒါဟာ ထွက်ရပ်လမ်း ဖြစ်မလားပဲဗျို့ …

      ခင်တဲ့….

  • kai

    August 13, 2012 at 1:39 am

    ကျနော် ပြောင်းပြန် ပြန်တည်မလား တွေးဖြစ်သေးတယ်…
    သို့သော် ဇောက်ထိုးနေတဲ့ သူ့ရဲ့ သဘောသဘာဝလေး ပျောက်သွားမှာ စိုးလို့ …
    သည်တိုင်းပဲ ထားမိပါတယ်..

    ပြောင်းပြန်ထားလိုက်ရင်.. အလင်းရောင်လာရာ အနေအထား ပြောင်းပြန်ကြီးမို့.. မြေကနေထွက်..ဗရုတ်ဗရက်ဖြစ်မည်ထင်ကြောင်း..

    ဇောက်ထိုးသမား..ဇောက်ထိုးပဲကောင်းကြောင်း…

  • Khaing Khaing

    August 13, 2012 at 11:53 am

    လိပ်ပြာလေးနားနေတဲ့ပုံကို ဒပ်စတော့မှာတင်ချင်တယ် …. သူ့နံမည်ကြီးကပါနေတော့ နံမည်မပါတာလေး ရရင်သိပ်ကောင်းမှာ …. လိပ်ပြာလေးနားနေတဲ့ ဒုတိယပုံတော်တော်လှတယ် ….. သများကတော့ လှတယ် မလှဘူးဘဲကြည့်တတ်တယ် … တခြားတော့မဝေဖန်တတ်ဖူးရယ် ….. ဒုတိယပုံလေး နံမည်မပါပဲ အဆင်ပြေရင် ပို့ပေးပါလားဟင် ………

    • ဂန္ဓာရီ ဆြာအုပ်

      August 13, 2012 at 11:26 pm

      အော နာမည်ကျတော့ ရှုပ်နေသဒဲ့..
      နာမယ်မပါရင်သိပ်ကောင်းမှာဒဲ့
      ဒါ သွပ်ပြားတို့ ဓာတ်သေဆြာတွေ ကို စော်ဒဂါးမော်ဒဂါးလုပ်တာပေါ့လေ..
      မုဆိုးဖိုလိုချင်ရင် ကလေးတော့ပါမှာဘဲ ..ဟွန့်

      ဟီဟိ..

      • Liquid_Sn@ke

        August 13, 2012 at 11:39 pm

        ထိလိုက်တဲ့ ကောမန့် …
        ဆြာရဲစည်ရေ ..ဆောဒီးပါဗျို့ … ဘက်စ်ကောမန့် ပြန်ရွေးဖြစ်ပါတယ်…
        တကယ်တမ်း… လက်တွေ့ဘဝကို ရီဖလက်ဖြစ်လို့ပါဗျာ …

        အန်တီခိုင်ခိုင်ရေ …ပိုကြီးတဲ့ပုံတောင်းရင်တော့ ပေးနိုင်မှာဖြစ်ပေမယ့်
        ဆစ်ဂနစ်ချာ မပါတဲ့ပုံ ဆိုတာမျိုးကတော့ …. လက်ရှိ ကျနော့်လက်ထဲလည်း …
        မထားထားသလို … မှတ်တမ်းတခုအနေနဲ့လည်း… ကျန်စေဖို့ …
        ဖြည့်ရတဲ့ကိစ္စ ပါဗျာ …. ရေစာကိစ္စနဲ့ပါတ်သတ်ရင် ကျနော် …အတော်လေး
        လျှော်လေ့ရှိတဲ့ …လူပါ. ..

        ဖြတ်ပြီး crop လိုက်လည်း ရနေနိုင်တာ သိလျက်ပေါ့….
        ထည့်တာက ကျုပ်အလုပ် .. ဖြုတ်ချတာက အနှီ ဖြုတ်ချချင်သူရဲ့ အလုပ်လို့ပဲမြင်မိတယ်ဗျာ….
        ဆစ်ဂနေချာ တပ်နေတာက .. ပြောရရင် … ဘလော့ဂ့်တခုက လာဝယ်နေလို့ပါ ….
        တချို့ပုံတွေ … Featuring အနေဲ့ သုံးချင်ပါတယ်ဆိုပြီး …
        တကယ်က ကျနော် …မရောင်းနိုင်ဘူးဗျ… အားနာနာနဲ့ငြင်းဖြစ်တယ် …
        နောက်တခု ..အလကားပေးသုံးတယ် ..သဘောတူညီချက်က …ရေစာတော့ပါကြေး …
        အဲ … ကိုယ်ရေးတဲ့စာကို ကိုယ်တာဝန်ယူကြေး ဆိုတာမျို့နဲ့ ဆိုပါတော့ ….
        သည်တော့ ကျနော့်မှာ ရောင်းစရာ မရှိသေးသလို လက်ဆောင်ပေးစရာလည်း မရှိပြန်ဘူးဗျ ….

        နည်းပညာ- အနုပညာနဲ့ … ဖြတ်သန်းမှုဘဝတွေကိုလိုက်လို့ …ကိုယ်ချင်းစာတာတွေ ..
        အပြန်အလှန်ထောက်ကူမှုတွေနဲ့ ….. အသစ်အသစ်သော … စိန်ခေါ်မှုတွေဆီ သွားကြည့်ဖြစ်နေတယ်
        ဆိုပါတော့ …

        အိပ်ပြီဗျ..
        ဆြာ အုပ် ကျေးကျေးပါနော..

        တော်သေးဘီ
        ခင်တဲ့
        ဂီ

  • ဂန္ဓာရီ ဆြာအုပ်

    August 13, 2012 at 11:53 am

    ကောင်းပါ့..
    ၃ ကိုကြိူက်တယ်ဗျို့.. wallpaper လေးတွေများလားမှတ်ရ
    အနော်လဲ စိတ်ပါသွားပြီဂျို့
    အိမ်မှာရှိတဲ့ အကောင်ဗလောင်တွေ လိုက်ဆော်လိုက်ဦးမယ်

    ခင်တဲ့
    အုပ်

  • ဝေးလွင့်တိမ်

    August 13, 2012 at 10:04 pm

    နားမလည်တော့ ဓါတ်ပုံလေးတွေပဲကြည့်ပြီး ကြည်နူးသွားပါတယ်ဗျို့

Leave a Reply