ဘာမှဆက်မပြောရင် ဘာပြောကြမလဲဟင်။

ခင္ခAugust 14, 20121min9315

“ဟို နောက်က ကလေးတွေ အဲဒီက ကာထားတဲ့ သစ်သားတန်းတွေပေါ် သိပ်မတက်ကြနဲ့လေ အကုန်လုံးကျိုးကုန်မှာပေါ့၊ မမြင်ရရင်လာ ဒီရှေ့မှာ လာထိုင်ပြီး ကြည့်ကြ၊ ရှေ့ဆုံးတန်းကလူကြီးတွေ ကလေးတွေအတွက် နေရာနည်းနည်းလေး ချန်ပေးပြီး နောက်လေးနည်းနည်း ဆုတ်ပေးကြရင် ကလေးတွေ အတွက် လည်း အမြင်ကောင်းသွားမယ်၊ အားလုံးလည်း အဆင်ပြေသွားမယ်ဗျာ။ လုပ်ပါကူညီစိတ်လေးနဲ့ လုပ်ကြပါဗျာ။ လာလာ ကလေးတွေ ရှေ့လာ´´ ဆိုပြီး ဘုရားပွဲလေး တစ်ခုမှာ စတိတ်ရှိုးကမည့် ဇာတ်စင်နားသွားရပ်ကြည့်မိတုံးက မြင်ကွင်းလေးပါ။

ဆက်ပြီးတော့ ကျွန်တော် ဘာမှဆက်မပြောရင် ဘာပြောကြမလဲဟင်။

 

ဖတ်ရှု့သူအပေါင်းကျေးဇူးပါ။

 

15 comments

  • htoosan

    August 14, 2012 at 11:07 am

    အုန်းစားအောင် တော်တော်လုပ်တဲ့ လူကြီးလို့ ပြောမယ်ဗျာ.. 😀
    အုန်းစားသွားပြီ………… 🙄

  • etone

    August 14, 2012 at 11:16 am

    အဲ .. အဲ့လာဆို အနောက်တန်းက ကြည့်နေတဲ့ …တမီး ဆက်ပြောမယ် အန်ကယ် …. ။
    ဘာမှ မမြင်ရဘူး ….ဟိုလူဂျီး ထိုင်ပါဗျို့ လို့ …………… ဟိဟိ 😀

    နောက်တာပါ … ဟီး ဟီး 😉

  • Khaing Khaing

    August 14, 2012 at 11:23 am

    ဘာမှဆက်မပြောတော့ ဘာကိုဆိုလိုချင်တာလဲမသိတော့ဘူးပေ့ါ …… ပွဲကြည့်တာတော့မသိပါဘူး …….. တစ်ချို့နေရာ ကားပေါ်တို့ဘာတို့ဆို သက်ကြီးရွယ်အိုတွေကို ဦးဟားပေးရတယ်လေ …….. အင်းဘယ်နေရာမဆို လူကြီးနဲ့လူငယ်တွေကို သူ့နေရာနဲ့သူနေရာပေးတာအကောင်းဆုံးပဲလိုပြောချင်ပါတယ် ….

  • ko khin kha

    August 14, 2012 at 11:31 am

    ပထမဆုံးကွန့်မန့်သူ ကိုထူးဆန်းကျေးဇူးနော် ဖတ်သွားပြီးအုန်းစားနေလို့။
    မအိတုံရေ ဟိုလူကြီးထိုင်းခိုင်လိုက်လို့ နောက်နေရာပြန်မဖယ်ပေးရင် ဘယ်လိုလုပ်မလဲ၊
    မခိုင်ရေ ဘာပြောကြမလဲ သိချင်လို့ ဘာမှမပြောပါဘူးဆိုနေမှ။

  • မောင်ပေ

    August 14, 2012 at 12:12 pm

    ဟုတ်တယ်
    ဘာမှမပြောနဲ ့ဗျာ
    ရေတစ်ပုံးပြေးဆွဲပြီး အဲ့ဘက်ကို လှမ်းပက်လိုက်
    ပြီးရင်တော့
    ဘာပြောကြမလဲဆိုတာ ဆက်နားထောင်ချင်ထောင်
    ဒါမှမဟုတ် နောက်ကြတဲ့ခြေထောက်သစ္စာဖောက်ပဲ

  • နွေဦး

    August 14, 2012 at 12:23 pm

    “လော်စပီကာ ပျက်သွားတာဖြစ်မယ် “လို့ပြောကြမှာ..
    ကောင်းနေလို့ကတော့ ဘာမှဆက်မပြောဘူးဆိုတာမဖြစ်နိုင်ဘူး ။
    ပြောလို့ရသလောက်ဆရာလုပ်နေမှာမဟုတ်လား..။
    ကျုပ်တို့ဆီက ပွဲမှာ ဆို ဒီလိုဘဲ..။

  • lynn lynn

    August 14, 2012 at 1:11 pm

    ဘာမှ ဆက်မပြောရင် ဘာမှ ဆက်မသိရတော့ဘူးပေါ့။

  • ahnyartamar

    August 14, 2012 at 1:25 pm

    ရှေ့ဆုံးက လူကြီးတယောက်က ပြန်အော်လိုက်တယ်၊ ကလေးပီပီ သစ်သားတန်းတွေပေါ်ပဲ တက်ကြည့်ပါတဲ့။ ပြီးတော့ စတိတ်ရှိုးက၊ ကလေးအလကား၊ လူကြီး ၁၀၀ဝ ကျပ်တဲ့။

  • sugar sugar

    August 14, 2012 at 1:25 pm

    ဟို ကြော်ငြာ ထဲကလို ဘယ်လို ပြောရမလဲ ၊ဘယ်လိုပြောရမလဲ နော်

  • manawphyulay

    August 14, 2012 at 3:01 pm

    နေပါဦး။ ထရမှာလား။ မတ်တတ်ရပ်နေရမှာလား… ဟိုလာ ဒီလာလုပ်ပြီး ဆက်မပြောဘူး အတော်ဆိုးတာပဲ။

  • shwe kyi

    August 14, 2012 at 3:06 pm

    ပြောစရာကုန်ပြီလား လေးခင်ခလို့ပြောမယ်။ အဟီး။

  • ko khin kha

    August 14, 2012 at 3:19 pm

    ကိုပေအဲလိုရေနဲ့ပက်ရင် “သားတော့မပါဘူးနော် သားကကြောက်တတ်လို့´´။(နောက်က ကလေးတစ်ယောက်ပြောတာပါ။)
    နွေဦးရေ လော်ကမပျက်ပါဘူးဗျာ။ ကျွန်တော်တို့ဆီကပွဲလည်း ဖြစ်တတ်ပါတယ် ဟလို တက်စင်ကို ပီပီတတ မဟုတ်တော့ လမ်းပေါ်က တက်စီသမားခဗျာ ခေါင်းလေးဌဲ့စောင်းဌဲ့စောင်းနဲ့။
    လင်းလင်း ၊ အတိသဉ္ဖာ နာဂရချစ်သူ ကွန့်မန့်အတွက်ကျေးဇူးနော်။
    ahnyartamarရေ တန်းကျိုးမှာဆိုးလို့ သူ့ခဗျာအော်ပြောနေရပါတယ်ဆိုမှ။
    sugar ရေ ဘယ်ကြော်ငြာလဲဟင်။
    မနှော နဲ့ ရွှေကြည်ရေ ပြောစရာတွေက မကုန်ပါဘူး ပြောသင့်၊ မပြောသင့် စဉ်းစားနေလို့။

  • mayjuly

    August 14, 2012 at 3:32 pm

    ဘာမ ဆက်မပြောရင် မျက်စိညောင်း သက်သာတာပေါ့ဗျာ.. ဟိဟိ

    စာဖတ်အလွန်ပျင်းသူ ..

    ဂျူးမ

  • ko khin kha

    August 14, 2012 at 4:25 pm

    ဂျူးမရေ စာဖတ်ပျင်းပေမဲ့ ဝင်ဖတ်ပေးလို့ ကျေးဇူးတင်ပါကြောင်း။

Leave a Reply