မနေနိုင်လို့ ပြောပါရစေ။
မနေနိုင်လို့ ပြောပါရစေ။
“ဟို နောက်က ကလေးတွေ အဲဒီက ကာထားတဲ့ သစ်သားတန်းတွေပေါ် သိပ်မတက်ကြနဲ့လေ အကုန်လုံးကျိုးကုန်မှာပေါ့၊ မမြင်ရရင်လာ ဒီရှေ့မှာ လာထိုင်ပြီး ကြည့်ကြ၊ ရှေ့ဆုံးတန်းကလူကြီးတွေ ကလေးတွေအတွက် နေရာနည်းနည်းလေး ချန်ပေးပြီး နောက်လေးနည်းနည်း ဆုတ်ပေးကြရင် ကလေးတွေ အတွက် လည်း အမြင်ကောင်းသွားမယ်၊ အားလုံးလည်း အဆင်ပြေသွားမယ်ဗျာ။ လုပ်ပါကူညီစိတ်လေးနဲ့ လုပ်ကြပါဗျာ။ လာလာ ကလေးတွေ ရှေ့လာ´´ ဆိုပြီး ဘုရားပွဲလေး တစ်ခုမှာ စတိတ်ရှိုးကမည့် ဇာတ်စင်နားသွားရပ်ကြည့်မိတုံးက မြင်ကွင်းလေးပါ။ ဆက်ပြီးတော့ ကျွန်တော် ဘာမှဆက်မပြောရင် ဘာပြောကြမလဲဟင်။ ဆိုပေမယ့် မနေနိုင်လို့ ပြောပါရစေ။
၁၉၄ရ ခုနှစ်၊ မေလ ၁၉ ရက် ဖဆပလ ပဏာမပြင်ဆင်မှု ညီလာခံမိန်ခွန်းမှာ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တာက-
တကယ့် ဒီမိုကရေစီ နိုင်ငံရေး သဘောထားအရ ပြည်သူတွေရဲ့ အကျိုးအတွက် ပြည်သူတွေက တင်မြှောက်တဲ့ ပြည်သူတွေရဲ့ အစိုးရဖြစ်ရုံနဲ့ မပြီးသေးဘူး၊ အဲဒီအစိုးရဟာ ပြည်သူတွေရဲ့ လက်ငင်းစီးပွားရေးအဆင့်အတန်းကို အခွင့်အရေးတန်းတူရနိုင်တဲ့ အခြေအထိ မြှင့်တင်နိုင်အောင် ဆောင်ရွက်ပေးမှ တကယ့်ဒီမိုကရေစီအထိ တက်လှမ်းနိုင်မယ်။
တဲ့။ ဒါဆိုရင် အကယ်၍များ တိုင်းပြည်မှာ စွမ်းဆောင်ရည်ရှိတဲ့လူငယ်တွေကို ခုနစတိတ်ရှိုးမှာနေရာပေးသလိုမျိုး တကယ်လိုအပ်တဲ့နေရာတွေမှာ နေရာပေး ဖြစ်ကြရင်တော့ဖြင့်လို့———။တွေးနေရင်းနဲ့ ကလေးအုပ်စု လိုုက်“ ဟေး ဟေး ´´ ဆိုပြီးအပြေးအလွှားရှေ့ကိုဝင်လာကြတော့ ရှေ့ဆုံးကလူကြီးတွေလည်း မလွှဲသာလို့ နောက်ဆုတ်ပေးလိုက် ကြရတာပေါ့၊ ဒါတောင် အသံကြားလိုက်သေးတယ် “ အတော်ရှုပ်တဲ့ကလေးတွေကွာ ကောင်းကောင်းကို မထိုင်ရဘူး´´တဲ့။
ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။
14 comments
ကြောင်လေး
August 15, 2012 at 8:32 am
အော်—ဒီလိုပြောချင်တာလား။
ကျနော်တို့လည်း နောက်တက်တွေကိုပဲ ဦးစားပေးနေရပါတယ်ဗျာ။
P chogyi
August 15, 2012 at 8:33 am
ကလေးတွေကို နေရာပေးချင်တာ ကောင်းပါတယ်။
ဒါပေမဲ့ ဟေးဟေး ဆိုပြီး အပြေးလာတာတော့သိပ်မကောင်းဘူး၊
စည်းကမ်းစနစ်တကျလုပ်ဖို့တော့လိုပါမယ်။
ko khin kha
August 15, 2012 at 10:00 am
ပထမဆုံးကွန့်မန့် ပေးသူ ကြောင်လေးရေ ကျေးဇူးပါ၊
P chogyi ရေ ဖိနှိပ်ထိန်းချုပ်ထားတာတွေ လွတ်ပေးလိုက်ပြီးနေရာပေးလို့ ပျော်သွားကြတာနေမှာပါ။
eipu
August 15, 2012 at 10:14 am
လူကြီးတွေကလည်း နေရာဖယ်ပေးပြီး
ကလေးတွေကလည်း စည်းကမ်းရှိရှိနဲ့
တိုးတက်အောင်လုပ်ပေးဖို့ တာဝန်ရှိတယ်။
ကြောင်ကြီး
August 15, 2012 at 10:26 am
လက်လုပ်လက်စားနဲ့ ကြေးရတတ်အကြားမှာ လူလတ်တန်းစား ရှိသလို လူငယ်နဲ့ လူဂျီးကြားမှာ လူလတ်ပိုင်း ရှိတယ်။ သူက အခရာပဲ၊ နှစ်ဖက်အကြား ပေါင်းကူးပေးနိုင်ရမယ်၊ အနောက်နိုင်ငံများမှာတော့ အဲဒါထက် ပိုသွားပြီ။ တိုင်းပြည်ကို လူလတ်ပိုင်း အသက်အရွယ်ရှိသူများ ခေါင်းဆောင်နေကြတယ်။ ပညာတတ်ရမယ်၊ လွတ်လပ်မှုကို ဘာသာတရားလိုပဲ တန်ဖိုးထားတတ်ရမယ်၊ တာဝန်ယူတတ်တဲ့ စနစ်အောက်မှာ ကြီးပြင်းလာရ သို့မဟုတ် သင်ယူလာခဲ့ရမယ်။
lynn lynn
August 15, 2012 at 10:26 am
လူကြီးတွေကလည်း ကလေးတွေကို ဖေးဖေးမမနဲ့ လက်တွဲခေါ်ပြီးနေရာဖယ်ပေး။ ကလေးတွေကလည်း လူကြီးတွေရဲ့ အတွေ့အကြုံနဲ့ သင်ခန်းစာယူစရာနေကိုယူပြီး စည်းကမ်းရှိရှိရှေ့တက်စေချင်တယ်။
ahnyartamar
August 15, 2012 at 10:27 am
ဆက်ပြောချင်တာက “လူငယ်တွေကို နေရာပေးလိုက်ပါ” ပေါ့။ ဒါပေမယ့် သူတို့ (လူငယ်တွေ) ချည်းပဲ လွှတ်ထားလို့မရဘူးနော်၊ လူကြီးတွေ (သမာသမတ်ရှိပြီး-ထိန်းကျောင်းနိုင် လူကြီးမျိုး၊ အသက်ကြီးလို့ လူကြီးဖြစ်တဲ့ လူမျိုးတွေမပါ) ကလည်း ဝိုင်းဝန်းထိန်းညှိပေးဖို့တော့ သေချာလိုမှာပါ။
manawphyulay
August 15, 2012 at 10:30 am
ပြောသာ ပြောတာပါ… နေရာသာ ရွှေ့သွားတာ။
ထိုင်နေတဲ့ခုံကိုပါ မပြီး နေရာပြောင်းသွားတာပါ။ ဟုတ်တယ်ဟုတ်
ထိုင်ခုံမှမထားခဲ့တာ… သူ့ထိုင်ခုံက အပေါက်ကြီးနေမှာပေါ့ 😛
Khaing Khaing
August 15, 2012 at 11:04 am
ယနေ့လူငယ် နောင်ဝယ် လူကြီး ……… ဒါကိုလက်ကိုင်ထားနေရာပေးရင် အတော်ကောင်းမှာပေ့ါနော် ……
shwe kyi
August 15, 2012 at 11:13 am
စည်းလုံးခြင်းသည် မဟာအင်အားပါ။ နားလည်မှုနဲ့ရှေ့ဆက်နိုင်မယ်ဆိုရင်။
မောင်ပေ
August 15, 2012 at 11:22 am
very good ပဲ
but can’t be not for all
ဆိုတော့ ဘယ်သူကဘာလဲ ဆိုတာကို အတိအကျ အရင်သိအောင် ဖော်ထုတ်ကြရမှာပေါ့ဗျာ
အလင်းဆက်
August 15, 2012 at 9:12 pm
မနေိုင်လို့ပြောသူရဲ ့… စေတနာ ပို ့စ်ကို…
မနေနိုင်လို့ ဖတ်ရှု.မှတ်သားသွားပါတယ်..ခညာ..။
ma me kyaw
August 16, 2012 at 8:23 pm
မိဘတွေဆုံးမတာရှိတယ်လေ. အကြီးနဲ ့အငယ်ဆိုအငယ်ကိုဦးစားပေးရမယ်လို ့သင်ထားတယ်လေ. ့
ကိုသင်း
August 17, 2012 at 4:22 am
ကဗျာတစ်ပုဒ် ဖတ်ဖူးတယ်
“ကလေးဆိုတာ လူကြိးရဲ့ အဖေတဲ့”
ဟုတ်၊မဟုတ်တော့ မသိဘူးနော်……..