ပြောချင်တာပြော ခွေးလွှတ်တယ် forgiveness

နိုင်ငံဒေါ်သမဒဂျီး ဦးသိန်းစိတ် ဂေါင်းခြောက်နေသည်၊ သူအာဏာရလာပြီးခထဲက ဒေါ်စုမှစ၍ ယခုနောက်ဆုံး တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့်ပါ တွေ့ဆုံခဲ့ပြီးလေပြီ၊ တိုးတက်မှုကား ထင်သလောက် မရသေး။ ဗေဒင် ဟူးရားပညာရှင်များနှင့်လည်း ဓာတ်ရိုက်ဓာတ်ဆင် ယတြာနည်းလမ်းပေါင်းစုံ လုပ်ထားသည်၊ အခြေအနေက ဒုံရင်းကဒုံရင်းပင်..။ အဘယ်ကြောင့်နည်း.. ဟူးရားဖြူ ဟူးရားညိုများ အဆိုအရ မိမိမျှော်မှန်းထားသည်များ အောင်မြင်ထမြောက်စေလိုလျင် သုံးဆဲ့တဘုံ ဝေနေယျများအားလုံးနှင့် ထိတွေ့ဆက်ဆံရမည် သေချာပေါက် အတတ်ဆိုထားသဖြင့် လူပုဂ္ဂိုလ် အဖွဲ့အစည်းများသာမက နတ်များကိုပါ ဗလိနတ်စာကျွေးခြင်း၊ ဂြိုလ်တိုင်များ ဆီမီးပူဇော်ခြင်း၊ နာနာဘာဝ ဝိနာဘာဝများအား ခေါစာကျွေးခြင်း ပုံမှန်ပြုလုပ်ရသည်။ ဒါလည်း ဟုတ်တိပတ်တိ ဖြစ်မလာ၊ အရေးထဲအရာပေါ် ရခိုင်ဘင်္ဂါလီ အဓိကရုဏ်းပင် ဖြစ်လိုက်သည်။ တခုခုတော့ မှားယွင်းပေသည်။
ထို့ကြောင့် အစိုးရအဖွဲ့အတွင်း ဗေဒင်ဟူးရားအတတ် အထူးကျွမ်းကျင်သော ရထားဝံကျီး ဦးကြောင်မင်းအား ခေါ်ယူမေးမြန်း ရတော့သည်။ ဦးကြောင်မင်းကား နှယ်နှယ်ရရမဟုတ် ဦးနေဝင်းလက်ထက် ဖြုတ်ထုတ်သတ် အလုပ်ခံရသော ထောက်လှမ်းရေးမှူးချုပ် မျက်မှန်ကြီးတင်ဦး၏ ရှားရှားပါးပါး လက်ကျန် လက်ရင်းတပည့်ဂျော် တဦးဖြစ်သည်။ “ကိုကြောင်မင်း..ထိုင်ဗျာ၊ ခင်ဗျားကို အရေးတဂျီး ခေါ်ရတာ ကျုပ်တို့အခု ကြုံတွေ့နေရတဲ့ အခက်အခဲ ပြသနာပေါင်းစုံရဲ့ ရင်းမြစ်ကို ဝေဒပညာနဲ့ ဆန်းစစ်ကြည့်ဖို့ပဲဗျ။ အားကိုးပါရစေ ကိုကြောင်မင်း” “နိုးပရော်ဗလမ်ပါ သမဒဂျီး၊ ကျနော် သင်အံလေ့ကျက်ထားတဲ့ ပညာနဲ့ အဖြေပေါ်ပါ့စေမယ်။” “အောင်လံထူ ခေတ်လူဂျီးပွဲ၊ ညစ်သူတီးဆဲ ချစ်မူနီးလွဲ၊ ဟစ်အူသမီးဘဲ….အလို သမဒဂျီးရဲ့ လုပ်နည်းလုပ်ဟန် နေရာမကျ လွဲချော်နေတယ် ဆိုပါကလား။” “သမဒဂျီးကို ပြောထားတဲ့အတိုင်း လူနတ်သတ္တဝါအားလုံးနဲ့ ကြည်စေအေးစေ လုပ်မိရဲ့လား” “လုပ်ပါ့သဗျာ၊ ခင်ဗျားသိတဲ့အတိုင်း လူတင်မက နတ်ဆိုလည်း ၃ရမင်းကစလို့ ဟိုးနတ်ပြည် ခြောက်ထပ်ထိ မိတ်ဖွဲ့တာပဲ၊ ဒီထက်ဘာပိုလုပ်ရအုံးမလဲ” သမဒဂျီးမှ စိတ်ပျက်အားလျော့စွာ ပြောလိုက်သည်။
“နေအုံးသမဒဂျီးရဲ့၊ အရေးအကြီးဆုံး ကျန်နေသေးတယ်။ ဗြဟ္မာတွေလည်း မတွေ့ပါလား။ သုံးဆဲ့တဘုံမှာ ဗြဟ္မာပြည်၂ဝဆိုတော့ သူတို့ကအများဆုံး၊ ပါဝါမှာလည်း အမြင့်ဆုံး ဘယ်အကြောင်းနဲ့မှ ချန်မရစကောင်းဘူး” “ဒါဆို သူတို့ကို ပူဇော်ဖို့ အမြန်လုပ်ဗျာ” “နေအုံး သမဒဂျီးရဲ့ ဗြဟ္မာဆိုတာ အောက်ကာမဘုံလို မဟုတ်ဘူး၊ ပီတိအဟုန်နဲ့ အထက်ဘုံမှာ စံစားနေတာ၊ သူတို့ကို တိုက်ရိုက် ချဉ်းကပ်လို့ မရနိုင်ဘူး၊ ကြားခံကိုယ်စားလှယ် သုံးမှရမယ်၊ နေပါအုံး ကျနော်လင်္ကာတပုဒ် ထပ်ရွတ်ကြည့်ပါအုံးမယ်။” “ကြံရာမရ ဗြဟ္မာတ မှန်ပါသဗျဆိုရင် ဥုံဖွ..အီးတုံးမတ်တတ်ထ။ အလို အီးတုံးဆိုပါလား” “ဘာ.. ရွာထဲက အီးဒုံးကို ပြောတာလား၊ အခုသွားခေါ်ချေ၊ ဂျစ်ကန်ကန်လုပ်နေရင် သူ့ဘဲဆရာဝန်ဂျီးကို ရခိုင်ဗူးသီးတောင်မောင်းတောကို ချက်ခြင်းထရန်စဖာလုပ်ပစ်။” “အဲဒီအီးဒုံး မဟုတ်ပါဘူးဗျ…..သူက ကာမဘုံဖွား လောကီသားအစစ်ပါ၊ သိကြားမင်းဆင်း တားရင်တောင်မရ ယောက်ျားယူမည့်သူ၊ ဗြဟ္မာဘဝနဲ့ အဝေးဂျီးမှအဝေးဂျီး၊ ကျနော်ပြောတဲ့သူက အလွန်တရာ မြင့်မြတ်စင်ကြယ် အဖိုးအနဂ္ဂထိုက်တဲ့သူ၊ ဘယ်လောက် တန်ဖိုးရှိသလဲဆို သူပါတဲ့အီးတုံး မတ်တတ်ထတာသာ စဉ်းစားကြည့် သမဒဂျီးရေ…။ အဲဒီသူက ဦးကြောင်ကြီးဆိုတဲ့ ဂေဇက်ရွာသားပဲ၊ သူနဲ့တွေ့ပြီးရင် ဗေဒင်ယတြာ အလိုအတိုင်း လူနတ်ဗြဟ္မာ သုံးဆဲ့တဘုံလုံး ပြည့်စုံသွားပြီမို့ အလိုရှိရာ သိဒ္ဓိ မဟိဒ္ဓိ အကုန်ပြည့်မယ်။”
ဤသို့ဖြင့် သမဒဂျီးနှင် ့ဦးကြောင်ကြီးတို့၏ သမိုင်းဝင် တွေ့ဆုံပွဲ ဖြစ်မြောက်လာခဲ့တော့သည်။ အရင့်အရင် ဆွေးနွေးပွဲများတွင် သမဒဂျီးတို့က သားရေထိုင်ခုံ အကောင်းစား၊ ဖိတ်ထားသူများက သစ်သားကုလားထိုင်နှင့် ဖြစ်သည်။ ယခုပွဲတွင်မူ ကြောင်ဖြစ်နေ၍ဆိုကာ ထိုင်ခုံပင် ပေးမထားချေ။ အလိုက်ကမ်းဆိုးမသိ စားပွဲပေါ်သို့ ခုန်တက်လာလျင် ရိုက်ချရန်လည်း သမဒဂျီးလူများ ကြိမ်လုံးဆောင်ထားကြသည်။ ဆွေးနွေးပွဲစရန် ကြောင်ကြီး ရောက်လာချေပြီ။ သမဒဂျီးကား သားရေဆုံလည် ကုလားထိုင်ကြီးပေါ်တွင် အငြိမ့်သားထိုင်လျက် ရှိနေသည်။ “ဟေ့ယောင် သမဒဂျီး နေကောင်းလားကွ၊ တွေ့တာ ဝမ်းသာသဟေ့” ပြောပြောဆိုဆိုဖြင့် ရွာသားကြောင်ကြီး အခန်းတွင်း ဝင်လာသည်။ ထို့နောက် စားပွဲပေါ်ခုန်တက်၊ သမဒဂျီးအား လျှာဖြင့်ယက် ခေါင်းဖြင့်ခွေ့လေသည်။ အဖြစ်အပျက် မြန်လွန်းလှ၍ လုံခြုံရေးအစောင့်များ အငိုက်မိသွားသည်။ ကြောင်ကြီးမှ နောက်ဖက်သို့လှည့်၍ သေးပန်းမည်ပြုတော့မှ အားလုံးသတိဝင်ကာ ဝိုင်းဖမ်းချုပ်လိုက်ရသည်။ သမဒဂျီးကား မျက်ထောင့်ဂျီး နီလျက် ရာဇအိန္ဒြေမနည်း ထိန်းထားရသည်။

မကောင်းတတ်လို့ ခေါ်တွေ့တာ ခုံခြင်းတော့ တူနိုင်ပါ..

ကြောင်ကြီးထိုင်မည် ပြုသောအခါ ဗြဟ္မာများစောင့်ရှောက်မှုဖြင့် ဆယ်ပေအမြင့်အထက်တွင် ရတနာခုနှစ်ပါး စီခြယ်ထားသော ရာဇပလ္လင် ဘွားကနဲပေါ်လာသည်။ ဘေးတဖက် တချက်တွင်ကား နတ်သမီးငါးထောင်စီ ခစားဝန်းရံလျက် ရှိကြသည်။ ဆွေးနွေးကြသောအခါ သမဒဂျီးခမျာ အောက်မှနေ၍ ဖူးမျော်ရသကဲ့သို့ ရှိနေပြီး သူထိုင်သော ထိုင်ခုံမှာ ရတနာပလ္လင်နှင့် နှိုင်းစာလျင် လမ်းဘေးခွေးခြေလောက်ပင် မသားနား ဖြစ်ရလေသည်။ မတတ်နိုင် ဆွေးနွေးပွဲကား စပြီးနေလေပြီ။ “ခေါ်တွေ့ရတဲ့အကြောင်းက တိုင်းပြည်ပြန်လည် တည်ဆောက်ရေး …ဗလာ ဗလာ….ကွိကွိ ကွကွ… အဲဒါပါဘဲ။ ဦးကြောင်ကြီးဘက်က ဘာပြောစရာ ရှိပါသလဲ၊ မရှိရင် ပြန်ပါတော့ ဆွေးနွေးပွဲ ပြီးပါပြီ ကျေးဇူးတင်ပါတယ်။” “နေ..နေပါအုံး၊ ကျနော် တခွန်းမှ မပြောရသေးပါလား။ သမဒဂျီး မျက်နှာကိုကြည့်ပြီး အတွေးပေါ်မိတယ်၊ တိုင်းပြည်တိုးတက်ဖို့ လေယာဉ်ကွင်းအသစ် ထပ်ဆောက်ရမယ်ဗျ” သမဒဂျီး မျက်နှာတင်းကနဲ ဖြစ်သွားသည်။ သူ့အား ဘလိုင်းကြီး ဖဲ့ခြင်းမဟုတ်ပါလော။ သို့သော် သမဒဂျီးပီပီ စိတ်ဆိုးဟန်မပြဘဲ “တိုးတက်ဖို့ဆိုရင် တရုတ်ကြီးနဲ့ ကုန်သွယ်မှု တိုးချဲ့ရမယ်ဗျ၊ ခြေလေးချောင်းသား မှန်သမျှ တရုတ်ပြည် အကုန်ပို့ရမယ်။ သူတို့က ပို့သမျှအကုန်ယူမယ် ကတိပေးထားတယ်..ငှဲ..ငှဲ..င.ှဲ…” သမဒဂျီးမှ ဘယ့်နှယ်ရှိစဆိုသော မျက်နှာပေးနှင့် ပြောလိုက်သည်။ ကြောင်ကြီး အမြီးကုပ်သွားကာ “သိပ်လည်းမလောပါနဲ့ သမဒဂျီးရယ်၊ လေယာဉ်ကွင်းသစ် မဆောက်ဘဲ လက်ရှိအတိုင်းပဲ သွားလို့ရပါတယ်။”
“ကချင်ဖက်မှာ ထိုးစစ်တွေ ရပ်ပါသမဒဂျီး” ကြောင်ကြီး အခြေအနေ မဟန်၍ အကွက်သစ် ပြောင်းလိုက်သည်။ “ရပ်ကွာ၊ အခုရပ်” သမဒဂျီး နှုတ်မိန့်ပေးလိုက်သည်၊ အနီးရှိ သူ့လူများမှ ဆက်သွယ်ရေးစက်များဖြင့် ကာချုပ်၊ ကကကြည်း၊ တိုင်း၊တပ်မ ဌာနချုပ်များသို့ အဆင့်ဆင့် ညွှန်ကြားလိုက်ရာ မြေပြင်တပ်မှူးများထံ အရောက်တွင် မည်သို့မည်ပုံ ဖြစ်သည်မသိ “ပစ်ကွာ၊ အခုပစ်” ဖြစ်သွားသဖြင့် အမြောက်တပ်မှ ၁၀၅မမ၊ ၁၂ဝမမ စိန်ပြောင်း၊ အမြောက်ကြီးများဖြင့် အားပါးတရ ဆော်ကြလေသည်။ “ရခိုင်မှာ မအေးပေးဘူး သမဒဂျီး” “ဆောင်းရောက်ရင် သူ့အလိုလို အေးပါလိမ်မယ်ကွာ၊ အခုလောဆယ် အေးချင်ရင် အဲယားကွန်းဖွင့်၊ မတတ်နိုင်ရင် ယပ်တောင်ခပ်” သမဒဂျီး စိတ်ပေါက်ပေါက်ဖြင့် အငေါ်တူးလိုက်ရာ ကြောင်ကြီးမှ ဝင်လာသောအကွက် မလွတ်စေဘဲ “ရခိုင်မှာ ဓာတ်ငွေ့ပိုက်လိုင်းဖောက်တာ ပြန်သုံးသပ်ပေးပါ ”ပူပါနဲ့ကွာ၊ ပြည်သူတွေ မနစ်နာအောင် စီစဉ်ထားပါတယ်။” “ဘာတွေလုပ်ပေးမှာလဲ သမဒဂျီး” “ပိုက်လိုင်းလာဖောက်တဲ့ တရုတ်တွေဆီမှာ ထင်းခွဲ၊ ရေခပ်၊ အဝတ်လျှော်၊ အလုပ်ကြမ်းအစုံ ရမယ်လကွာ။ ဒါတောင် သူတို့ဆီက မနည်းတောင်းယူရမှာ။” ကြောင်ကြီးကား အမှတ်မရှိ ထပ်မံတောင်းဆိုပြန်သည်။ “ထောင်ထဲကျန်သေးတဲ့ နိုင်ငံရေးအကျဉ်းသား ၃၀ဝကျော် လွှတ်ပေးပါ” သမဒဂျီးမှ “ဒီလောက် လွှတ်စေချင်တာ လွှတ်ပေးလိုက်” အသံအဆုံး၌ အခန်းအပြင် ကြိုးချည်ထားသော ဂျာမန်သိုးထိန်း အယ်လ်ဇေးရှင်း ခွေးကြီးအား ရှုးတိုက်လွှတ်ပေးလိုက်ရာ ကြောင်ကြီးခမျာ နောက်ထပ်စကား မဆိုနိုင်တော့ဘဲ ပြတင်းပေါက်မှ ခုန်ချထွက်ပြေး ရလေတော့သည်။ ဤတွင် တွေ့ဆုံဆွေးနွေးပွဲ ပြီး၏။
အောင်မငှီး.. ကြိုက်တာပြော ခွေးလွှတ်တယ်ဆိုတာ တကယ်ဗျို့…

13 comments

  • P chogyi

    August 15, 2012 at 8:41 am

    ဦးကြောင်ကြီး လျှင်လိုက်တာ အပေါက်ကျည်းကျည်းလေး
    ရအောင်တိုးထွက်သွားတယ်။ မဟုတ်ရင်မတွေးရဲစရာပဲ။

  • ကြောင်လေး

    August 15, 2012 at 8:42 am

    တော်သေးတာပေါ့။ ဦးကြောင်ကြီးက ပြေးပေါက်အရင်ကြည့်ထားလို့။
    ဒါနဲ့ ဦးကြောင်ကြီး အပြင်ဘက်မှာ ခေါင်းတန်းလန်းကြီးဖြစ်နေတယ်
    အတွင်းဘက်မှာ ဘယ်လိုဖြစ်နေမယ်မသိဘူး။

  • မောင်ပေ

    August 15, 2012 at 9:40 am

    ကြောင်ကြီးပြေး
    လောင်မီးခွေး
    ဟောင်ပြီးမေး
    တောင်ကြီးအေး
    ပြောင်ပြီးဆေး
    စောင်အနှီးသေး

  • ko khin kha

    August 15, 2012 at 10:06 am

    ဦးကြောင်ကြီး သွက်သလားမမေးနဲ့။

  • chityimhtoo

    August 15, 2012 at 11:37 am

    ရှုပ်နေတာဗျဲ…တူကလည်းမနည်းဖတ်ရဒယ်….

  • ဦးဦးပါလေရာ

    August 15, 2012 at 12:32 pm

    တွေ့ဆုံပွဲဆိုမှတော့ အဓိက က တွေ့ဆုံဘို့ပဲလေ
    နောက်ပိုင်းကိစ္စကတော့ ….

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 15, 2012 at 1:00 pm

    ဘယ်သူဘာဘဲပြောပြော လက်ရှိထိပ်ပြောင်တို့အဖွဲ့ကို လုံးဝထောက်ခံဘို့ဆိုတာ
    နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ရှင်းရှင်းလင်းလင်း
    မလွှတ်ပေးတာတစ်ခုတည်းနဲ့
    ကလေးတွေးခွေးတွေး မှတ်ချက်ထားတယ်
    အဖွားကြီးလွတ်ပြီး သမ္မတဝင်အရွေးခံလို့ရတော့မယ့်အချိန်မှာ
    ယက်တောဆိုတဲ့ ငပေါနဲ့ ဘလိုင်းကြီးဂွင်ဆင်တယ်
    သူတို့မဲခိုးပြီးဘလိုင်းကြီးသမ္မဒဖြစ်ပြီးမှ အဖွားကြီးကိုလွှတ်ပေးတယ်
    ဒသမ္မဒ နေရာအပြောင်းအလည်းဟာလည်း နောင်တစ်ချိန်အဖွားကြီးတွက် ခုကတည်းက ကြိုတင်ဆင်းစားစရာဘဲ
    လက်ရှိအခြေနေမှာ ခွေးမသားတစ်ရုတ်တွေကို ထိုးကြွေးထားတာရယ်
    တရုပ်တွေ ကြီးဆိုးနေတာတွေရယ်က ရတက်မအေးစရာဘဲ
    အထူးသဖြင့်
    ( ၈၈ မှာ စစ်တပ်အာဏာသိမ်းပြီး စီးပွားရေးတံခါးတွေဖွင့်တယ်ဆိုပြီး ရှိသမျှတွေရောင်းစားတာကို
    တိုင်းပြည်တိုးတက်တယ်လို့ထင်ခဲ့ကြပြီး တိုင်းပြည်ပျက်လုနည်းပါးဖြစ်သွားတာရယ် )
    ( ခုလည်း ဒီမိုကရေစီတံခါးတွေပွင့်လာပါပြီဆိုပြီး ခွေးမသားတစ်စု ပိုင်ဆိုင်ခွင့်တွေ ခိုင်မာလာတာဟာ )
    တိုင်းပြည်ရဲ့ အနာဂတ်လူငယ်တွေအကုန်လုံး သူများအလုပ်သမားဘဝကိုဘဲ သီးတည်နေပြီလို့
    ရူးကြောင်ကြောင်မှတ်ချက်ချလိုက်ပါတယ်
    ယနေ့လူငယ်များ၏ ၈၀% ခန့်သည် ပြည်ပထွက်အလုပ် လုပ်ရန်သာ အားသန်နေဂျဘာဂျောင်း
    ဘာအထောက်ထားမှမရှိဘဲ ရမ်းပြောဘာသည်။

  • pooch

    August 15, 2012 at 4:10 pm

    ဟုတ်တယ် ဘပု ။ လက်ရှိတော်တော်များများ သူများအလုပ်သမား ဘဝကို ဦးတည်လာသလိုပဲ ။ တဖြည်းဖြည်းချင်း စိုးရိမ်စိတ်တောင် ဝင်လာပြီ။ ပြည်တွင်းက ရှိပြီးသား လုပ်ငန်းတွေတောင် မျက်ခုံးလှုပ်နေပြီး မနည်းရုန်းနေရတာ။ ရှေ့လျှောက်မလွယ်လှဘူး။ ခရိုနီစီးပွားတွေသာ ခိုင်သထက်ခိုင်လာတာပါ။

    စည်းနဲ့ ကမ်းနဲ့ မှန်မှန်ကန်ကန်နေတဲ့ လုပ်ငန်းတွေ အတွက် အခွင့်အရေးမရှိသလောက် နည်းပါတယ်။

  • ရဲစည်

    August 15, 2012 at 5:46 pm

    အထက်ပါ အချက်အလက်များကို ဖတ်ရှုခြင်း အားဖြင့်သော်လည်ကောင်း
    အောက်ပါ ဝေဖန်ဆွေးနွေးမှုများကို ဆင်ခြင်ထောက်ရှုခြင်း အားဖြင့်သော်လည်းကောင်း

    (၁၂) လေးလုံးတွင်
    လှည်းနေ လှေအောင်း မြင်ဇောင်း ဘူတာ ကားဂိတ် အစရှိသဖြင့် နေရာမလပ်
    တော်လှန်ရေးတရပ်အသွင် ပြည်သူပိုင်သိမ်းခြင်း အရေးတော်ပုံကြီး ဖော်ဆောင်ရန်
    လိုအပ်လာပီ ဖြစ်ပါကြောင်း ……
    အသိပေးနိူးဆော်အပ်ပါသည်

    မြေအောက်တော်လှန်ရေး ဂေါင်းဆောင်
    သခင်ကြွက်သိုး(ခ) အာမက်မူတူးအဗ္ဗူလာ ရှိတ်အာယာယဲဆီ

  • မကောင်းတတ်လို ့ဘဲခေါ်တွေ ့တယ်ဆိုလဲ ခေါ်မတွေ ့မရ အောင် သမိုင်းကြောင်းကောင်းနေတဲ့
    ဦးခွန်ထွန်းဦးတို ့လို လူကြီးအများစုပါနေတာလေနော်။နောက်ပြီးးးးးးးးးးးးသမ္မတနဲ ့ထိုင်ခုံချင်းအတူ
    တူပေးထိုင်သင့်တယ်ဗျာ။သူက ဘာကြောင့်မို ့လဲ။နေပါစေဗျာ သမ္မတဆိုတော့လဲ။ဒါနဲ ့သမ္မတ
    ဘေးကပ်ထိုင်နေတဲ့ သူတောင်းစားက လူနေရာခွေးထိုင်နေသလိုပါလား။

  • အလင်းဆက်

    August 15, 2012 at 9:10 pm

    ပြောချင်တာပြောဆို.. ဒီမယ်..ဦးကြောင်….

    တားတားကို..ဂျယ်လီ..ဝယ်ကျွေးမလား..မကျွေးဘူးလား..ပြော ။

  • kai

    August 15, 2012 at 11:32 pm

    အဲဒီသမ္မတနေရာမှာ..
    . ဘုန်းကြီးတပါးဆို.. ခင်ဗျားတို့ဘယ်လိုပြောကြမလည်း.. သိချင်သား…

    ဟ..ဟ..ဟတ်…ချိုး…. :mrgreen:

    (ဒီအကျင့်စရိုက်တွေက.. လူလူချင်းတန်းတူမထားတဲ့.. ယဉ်ကျေးမှု..ဓလေ့ကနေ ကူးစက်လာတာဖြစ်ပါေြာကင်း..
    ကိုးကွယ်တာနဲ့.. အပြန်အလှန်လေးစားမှု- respect ကိုအဓိပ္ပါယ်ဖွင့်တာ.. ရောထွေးလုံးချနေကြကြောင်း…)

    re·spect
       [ri-spekt] Show IPA
    noun
    1.
    a particular, detail, or point (usually preceded by in ): to differ in some respect.
    2.
    relation or reference: inquiries with respect to a route.
    3.
    esteem for or a sense of the worth or excellence of a person, a personal quality or ability, or something considered as a manifestation of a personal quality or ability: I have great respect for her judgment.
    4.
    deference to a right, privilege, privileged position, or someone or something considered to have certain rights or privileges; proper acceptance or courtesy; acknowledgment: respect for a suspect’s right to counsel; to show respect for the flag; respect for the elderly.
    5.
    the condition of being esteemed or honored: to be held in respect.

    • အရီးခင်လတ်

      August 16, 2012 at 2:37 am

      Another way to know the RESPECT is

      Reach out to understand those who are different.
      Empathise with others’ problem. Practice tolerance.
      Speak out against racism, hatred and injustice.
      Participate in the solution – not the problem.
      Equality is for everyone. Defend it.
      Completely eliminate bullying.
      Treat everyone with RESPECT.

      Or
      Some of them should learn the basics of respect (actually should know them at an early age) first: 😉

      – Say “please” and “thank you”
      – Share your toys
      – Play nice at school
      – Follow the rules
      – Don’t make fun of others

      😀

      ပြောချင်တာ ပြောပြီးပြီ ဖြစ်၍ ခွေးလွှတ်ပါ ကကြောင်ကြီး ရယ်။ 😆

Leave a Reply