ပစ္စည်း သင်္ခါရ

မိုခ်ိဳAugust 15, 20122min24123

ကျမ နေခဲ့ တဲ့ တိုက်တွေ အကြာင်း ကို ရွာထဲမှာ ပိုစ့် တစ်ခု ရေး တင်ဖူးပါတယ်။ ကျမတို့ နေတဲ ့ဆင်း ရဲသား ရပ်ကွက်ဆိုတဲ့ ခေါင်းစဉ် နဲ့ ပါ။

https://myanmargazette.net/111884/creative-writing

အဲဒီ မှာပြော ခဲ့ တဲ့ အတိုင်း ပါပဲ ဒီနေ့ မှာ အဲဒီ တိုက်တွေ အကုန် လုံး အပြီး ပြန်အပ်ရ ပါပြီ။ ကျမတို့ ကတော့ ခုချိန် လို အားလုံးစု ပြီး ထွက် ရ ရင် အိမ်ပြန်ငှား ရ ခက်မှာ စိုးလို့ လွန်ခဲ့ တဲ့ ၃လ လောက်…..၂ နှစ် စာချုပ် စေ့ ကတည်း က အခု နေတဲ့အိမ် ကို ပြောင်း လိုက် ကြပါတယ်။

ဒီနေ့ တော့ အဲဒီ တိုက် တွေ က နေ အခုမှ ပြောင်း မယ့် သူငယ်ချင်း ကို သွား ကူ ရင်း တိုက်တွေ ရဲ့ အောက်တွေ မှာ ပြောင်း သွား တဲ့ သူတွေ စွန့် ပစ်ခဲ့ တဲ့ ပစ္စည်းတွေ တောင်ပုံ ရာ ပုံ ဖြစ် နေ တာ ကို တွေ့ ခဲ့ ရတာ စိတ်ထဲမှာ တမျိုး ကြီး ခံစား ရ ပါ တယ်။ အကောင်းတွေ ရော အဟောင်းတွေ ရော စုံ လို့ ပါ။

ဒီ ပစ္စည်းတွေ ဟာ တချိန် တုန်း က မရှိမဖြစ် လို အပ် လို့ ငွေ ကြေး အကုန် အကျ ခံပြီး ဝယ် ယူခဲ့ တဲ့ ပစ္စည်းတွေ….အိမ် တွေရဲ့ ဧည့် ခန်း၊ အိပ်ခန်း ၊မီးဖို ချောင် စတဲ့ နေရာတွေ မှာ လိုအပ်တဲ့ နေရာ က အသုံးတော် ခံခဲ့ တဲ့ ပစ္စည်းတွေ ပါ။ အခုတော့ အားလုံး အတုံးအရုံး ၊ဖရိုဖရဲ နဲ့ ပြန့် ကြဲ လို့….. စွန့် ပစ် ပစ္စည်း တွေ ဖြစ်သွား ခဲ့ ပြီ။

ပြောင်း သွားတဲ့ သူတွေ ဟာ အကြာင်းအမျိုးမျိုး ကြောင့် ဒီ ပစ္စည်းတွေ ကို စွန့် ပစ်  ခဲ့ ကြတယ်။ တချို့ လည်း ပရိဘော ဂ အစုံ အလင်ပါတဲ့ အိမ်ခန်းတွေ ပြန်ငှား လို့ ဖြစ်စေ ( ဒီမှာ အများ အား ဖြင့် အိမ်ငှား ရင် ပရိဘောဂ အပြည့် အစုံ ပါလေ့ ရှိ တယ် ၊ အဲဒီ တိုက် တွေ သာ ကုမ္ပဏီ က ပြန်ငှား တာ ဖြစ်လို့ ကိုယ် လိုတဲ့ ပစ္စည်း တွေကိုယ့် ဘာသာ ကိုယ် ဝယ် ထည့် ရတာ )၊ တချို့ အိမ်ဝယ်ပြီး ပြောင်း တဲ့ သူတွေ ကလည်း အဟောင်း တွေ မသယ်တော့ ပဲ အသစ်အသစ် တွေ ပဲ ဝယ်တယ်ပေါ့၊ တချို့ မိသားစု တွေ လည်း အိမ်ငှား ခတွေဈေး ကြီး သွားလို့ အိမ်ပြန် မငှားတော့ ပဲ အလုပ်လုပ်နေ တဲ့ ယောက်ျား က တခြား မှာ သူငယ်ချင်းတွေ နဲ့ သွား ပေါင်းနေပြီး မိန်း မနဲ့ ကလေးတွေ ကို ကိုယ့် နိုင်ငံ ပြန် ပို့ပေါ့ လေ။ ပစ္စည်းတွေ က ပေါ ပြီး ထား စရာ နေရာ က ရှားတော့ သုံး လက် စ တွေ ကို ပဲ အကုန် လွှင့် ပစ် ရုံ  ပေါ့။ ကျမတို့ ပြောင်း တုန်း ကလည်း အဲလို  လွှင့် ပစ် ခဲ့ ရ တာပါပဲ။

ကျမတို့ နေ တုန်း က …အလုပ်သွား အလုပ် ပြန် အချိန်တွေ ဆို လူတွေ ပျားပန်းခတ် မျှ စည်ကားလို့ …ကျန်တဲ့ အချိန် တွေ မှာ လည်း ကလေးတွေ တရုံးရုံး နဲ့ စည် ကား ခဲ့ တဲ့ တိုက်ကြီး တွေ ခုတော့ လည်း ခြောက်ကပ်တိတ်ဆိတ် လို့ …ရုပ်ရှင်တွေ ထဲ က မြို့ ပျက် ကြီး အလား ပဲ။ ပစ္စည်း ပုံ တွေ နဲ့ တိုက် ဟောင်းလောင်း ကြီး တွေ ကို ကြည့် ရတာ ရှုတတ် ရင် တရား တောင် ကျ လောက် စရာပါ။

စလုံးက ပစ္စည်း အဟောင်းတွေ ကို အင်ဒို နီး ရှား ကို တင် တဲ့ ဈေး ကွက် ရှိပါတယ်။ ဒို်င်တွေ က တစ်ခုချင်းတော့ မဝယ်ပါဘူး။ လွှင့် ပစ် ထားတဲ့ ပစ္စည်း တွေ ကို သန့် ရှင်း ရေး အလုပ် သမားတွေ က ကောက်ပြီး စုထား….. များ လာတော့ မှ ဒိုင် က လာ သယ် ပါတယ်။ အလုပ် သမားတွေ ရဲ့ ဘေး ပေါက် ဝင်ငွေ ပေါ့။ နှစ်ကူး ချိန် ပစ္စည်း သစ်တွေ ဝယ် ကြ ပြီ ဆို အဟောင်း တွေ ပစ်လေ့ ရှိ ကြ တယ်။ တွေ့ တဲ့သူ က အသုံး လို ရင် လည်း ယူသွား ပေါ့။ အခု လို အစုလိုက် အပုံ လိုက် ကျ တော့ ဘယ်သူ မှ မယူနိုင် တော့ ပါဘူး။ အလုပ် သမားတွေ တော့ အလုပ် လည်း ရှုပ် ၊ ဝင်ငွေလည်း ကောင်း ပေါ့လေ။

ဆိုဖာ ထိုင်ခုံတွေ အတုံး အရုံး

ရေခဲသေတ္တာတွေ လည်း အပြိုပြို အလဲလဲ

အလုပ်သမားတွေ စုထားတာက ဒီလို…

မြန်မာတွေ များ တဲ့ အရပ် ဆိုတော့ သင်ဖျူး လေး ပါ…. ပါသေး။

 

စပရိမ် မွေ့ ယာ တွေ ယူကြအုံး မလား။

အပေါ် က မြင် ရတဲ့ အပုံ….ဒီမှာ က ဖြုတ်ရ ဆင် ရ လွယ်တဲ့ ပုံစံ တွေ ပဲ လုပ် ကြတော့ မြင်ရတဲ့ အထပ်သားတွေ  က ဘီဒီုတွေ ဖြုတ်ထားတာ

သူ မကြင်နာ ပစ်ခွာ သွားတော့ ကိုယ့် မှာရင်ကွဲ ပက်လက်

အထဲ  ကို ဝင်တဲ့ လမ်းတောင် ပိတ် သွား ပြီ

ကိုယ့်နိုင်ငံ မှာ ဆို ရင်တော့  တော်တော် တန်ဖိုး ရှိ လိုက် မဲ့ ဖြစ်ချင်း ။…အဲ..ဒါပေမယ့် ကိုယ့် နိုင် မှာ လဲ  ကားတွေ တောင် လို ပုံ ထားတဲ့ မြင် ကွင်း မျိုး ရွာ ထဲက တဆင့် တွေ့ ဖူးတယ်။  ဒီတော့ ….ပစ္စည်း သိင်္ခါ ရ ပဲ ပေါ့ လေ။

 

 

23 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 15, 2012 at 11:28 pm

    ဟုတ်ပါ့ အန်တီmocho ရယ်
    ကျုပ်လဲ စင်ကပူရကို လှေထိုးလွှတိုက်ဘဝနဲ့ရောက်ဘူးပါတယ် ( ကွိကွိ )
    မထူးပါဘူး ကျွဲခိုးမှု့ဖေါ်ဦးမှ 😀
    ဟိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး လွန်လေပြီးသော ဆယ့်လေးငါ်းခြောက်ခွန်ရှစ်ကိုးနှစ်ဆယ်ခုနှစ်လောက်တုန်းကပေါ့
    ဆိုလိုတာက မွန်ပြည်နယ် မှောင်ခိုခေတ်ကြီးအချိန်တွင်းဝယ်
    ဒရန်တန်တန်………………………………………………………………
    အဲ့သည်လို အမှိုက်သရိုက်တွေဆိုတာ အင်ဒိုတွေနဲ့ ပြည်ဂျီးမြန်မာတွေဆိုတာ
    လင်လုဘက်လိုဘဲ
    မှတ်တာပြောရရင်တော့ သူတို့က ပိုက်ဆံနဲ့ဘဲဝယ်တာ
    လှေဆိပ်ဂို ပစ္စည်းအဟောင်းရောင်းတဲ့ ကားတစ်စီးလာရပ်ပြီဆို မြန်မာတွေက ပိုသတ္တိရှိတယ်
    ဘယ်သူဘာဘဲပြောပြော ကျုပ်တို့ မြန်မာတွေ ပိုသတ္တိရှိတယ်
    မှတ်မှတ်ရရပြောရရင် ဂျိုဒေါင်း ဆိုတာ သိမလားဘဲ
    အဲ့သည်ရပ်ကွက်လို့ခေါ်လား လှေဆိမ်လို့ ခေါ်မလား အဲ့သည်နေရာမှာ မြန်မာ မှောင်ခိုလှေတွေ
    စတည်းချကြသပေါ့
    လှေတစ်စီးတိုင်းမှာ အိုးသူကြီး ( ထမင်းချက် ) ဆိုတာ တစ်ယောက်ရှိသပေါ့
    အိုးသူကြီးတွေဟာ မနက် တစ်နာရီကနေ မနက်ငါးနာရီးအတွင်း ( ဘီတွင်း ဝမ်းအေအမ်ဂနေ ဖိုက်အေအမ် )
    ဂျိုဒေါင်းဈေးကို လှေမှာစားဘို့ ဈေးဝယ်ထွက်ကြသပေါ့
    သွားတုန်းကတော့ လက်ချည်းသက်းသက်သက်ပါ
    ပြန်လာတဲ့အခါကြတော့
    အဲ့သည် ပုံထဲမှာပါတဲ့ဟာတွေကို
    ထမ်းလာတာကတစ်မျိုး
    ရွက်လာတာကတစ်မျိုး
    ကျုပ်မျက်စေ့ထဲ ဒီနေ့ထိမြင်ယောင်နေတာကတော့
    ကလားထိုင်တွေကို ဟိုဖက်တစ်လုံး ဒီဖက်တစ်လုံး ထမ်းပိုးနဲ့ ထမ်းလာတာပါဘဲ
    ပိုပြီးထူးဆန်းတာက
    အဲ့သည် လူတွေကို ရဲက လမ်းမှာတွေ့လို့ စစ်ဆေးတဲ့အခါ ရဲကိုပါလှေထိခေါ်လာတယ် အရပ်ဂတို့ရေးးးးးးးးးးး
    အမလေး မျက်နာပူလိုက်ဒါ

    • အရီးခင်လတ်

      August 16, 2012 at 2:52 am

      ဘပု
      အခုခေတ်ပြောင်းချိန် မတော့ မြန်မာတွေ ကိုယ်တိုင် ဒီပစ္စည်းတွေကို ပစ်နေတာပါနော်။ 😉

  • အရီးခင်လတ်

    August 16, 2012 at 2:48 am

    မိုချို ရေ

    အဲဒီ ပစ္စည်းတွေ အမှိုက် တွေ ကို ပိုင်ရှင်က ဒီအတိုင်း ထားခဲ့လို့ ရတယ်လား။
    အမှိုက် သိမ်းခ၊ ပစ္စည်းရှင်း/သယ် ခ ဘာမှ ပေးစရာ မလိုဘူးလား။
    စကာင်္ပူ မှာ အမှိုက်တစ်စ ပစ် ရင်တောင် ဒဏ်တပ် တယ်လို့ ကြားဘူးတာ။
    ပစ်ထားတဲ့ အမှိုက်တွေများ အားရ စရာ။ 😀

    ကိုယ်မသိရဘူး တဲ့ အရပ် ဒေသ အကြောင်း မျှပေးလို့ ကျေးဇူးနော်။ 🙂

    • Foreign Resident

      August 16, 2012 at 4:21 pm

      ဟုတ်ပါ့ ။
      အဘတို့ဆီမှာများ အဲလို ရေခဲသေတ္တာများ ပြစ်ချင်ရင် မလွယ်ဘူး ၊
      ကောင်စီ ဆီက Appointment ယူရတာ ၊
      အဲလို White Goods က တစ်နှစ်ကို နှစ်ခါပဲ ပြစ်ခွင့် ရတယ် ။

  • mocho

    August 16, 2012 at 8:11 am

    အဘပုရေ
    ကိုယ် တွေ လည်း ရောက် ကာ စတုန်း က အဲလို ပဲ.. ပန်ကာ အကောင်း ကြီး တွေ့ရင် ယူလာ..မှန်တင်ခုံ အလတ်ကြီးတွေ့ ရင် ယူချင်နဲ့ …အိမ်က လူ ကြီး က မကြိုက်ဘူး။ အနေ ကြာလာတော့ ပစ္စည်းတွေ က သိပ် ဈေး မကြီး တာ သိလာ ၊ အဲ…..ထား စရာ နေရာက ရှား ( အိမ် လခ က မြောက်တော့ တစ်ဦးတည်း မနေ နိုင်) ဆိုတော့ ပစ္စည်း တွေ ပစ်ထားတာ တွေ့ ရင် ၊ဟယ်….အကောင်းကြီး ရှိသေး တယ် တော့ ..လို့ ပြောမိရုံ က လွဲ လို့ သိပ်ကြီး စိတ်မဝင်စားတော့ ဘူး ။
    ပစ္စည်း ကောက်တာကတော့ ကိုယ့် မြန်မာတွေ တင် မကဘူး ၊ ကုလား တွေ ရာ၊ ပြည်ကြီး တရုတ် တွေ ရော ပဲ တွေ ့ နေရတယ်။

  • mocho

    August 16, 2012 at 8:33 am

    အရီးလတ် ရေ
    ဒီမှာတော့ အသုံး မလို တဲ့ ပစ္စည်းတွေ အပြင် ၊အိမ် က အမှိုက်ပေါက်နဲ့ မဆံ့ တဲ့ ကတ်ထူ ဘူး ခွံ လို အမှိုက် ကြီး ကြီးတွေ၊ အဝတ်စားဟောင်းတွေ၊ စတာတွေ ကို သေချာ ထုတ်ပိုး ပြီး တိုက်အောက် က အမှိုက်ပုံးတွေ နား၊ လှေကား ရင်းတွေ မှာ ချထား ကြတာပဲ၊ ခဏနေရင် သန်ရှင်းရေး အလုပ်သမားတွေ က သိမ်းသွား ရော ။ အမှိုက် ပစ်ခ တွေ ၊ ဒဏ်ကြေး တွေ တော့ မပေး ရဘူး ။ အလုပ်သမားတွေ က တော့ တကယ် အလုပ်လုပ်တယ်၊ တချိန်လုံး လိုက်ပတ် ပြီး ကောက် နေတဲ့ အပြင် သစ်ရွက် ခြောက်တွေ ဆို လည်း လှည်းကျင်း နေတော့ ပတ်ဝန်း ကျင်က အမြဲ သန့် နေတယ်။ ပုံ ထဲက တိုက်တွေ က အားလုံးတပြိုင် တည်း စု ပြောင်း ကြ လို့အဲလောက်ပုံနေတာ။အဲဒီ တိုက်တွေ က ကုမ္ပဏီ က တာဝန် ယူထားတဲ့ အပြင်ြ မန်မာ ၊ကုလား ၊ ပြည်ကြီး တရုတ် စတဲ့ နိုင်ငံခြား သား များတော့ ပိုပြီး ပစ်စလက်ခက် ဖြစ်နေတာ။တခြား HDB လက်အောက် က တိုက်တွေ မှာ အဲလောက် ပြီးစလွယ် လုပ်လို့ မရဘူး။

  • mocho

    August 16, 2012 at 8:41 am

    ကိုနာဂရ ရေ
    သံတွဲ ကို သင်္ဘော ကြုံ နဲ့ ပို့ လိုက်မယ်။
    ကိုပေ ရေ
    အမှိုက်ဆိုတာ အချိန် တုန်း ကတော့ ပစ္စည်း ပါပဲ။

  • nozomi

    August 16, 2012 at 10:10 am

    ပစ္စည်းတန်ဘိုုးက ဘာမှ မရှိဘူး ဆိုပေမဲ့
    recycle ပြန်သုံးနိုင်အောင် စီစဉ်နိုင်ရင်
    ကုန်ကျစရိတ် သဘာဝပတ်ဝန်းကျင် ဆိုတာတွေ အတွက် အကျိုးရှိနိုင်တာပေါ့
    ခေတ်တွေ ပြောင်းလာတာနဲ့ အမျှ အခြေအနေတွေလဲ ပြောင်းလာတာပေါ့
    ကျွန်တော်တို့ငယ်ငယ်က ခဲတံတစ်ချောင်း တိုသွားရင် ဝါးလေးနဲ့ ပိုးပြီး ဆက်ရေးလို့ ရရင် ရေးတယ်
    နွေကျောင်းပိတ်ပြီဆို စာရွက်အလွတ်တွေ လိုက်ဖြုတ် စာအုပ်ပြန်ချုပ်ရင် စာအုပ်အသစ်တစ်အုပ်ရတယ်
    ဆက်ပြောရရင် အများကြီးပါ
    အခုများတော့ မူလတန်းကလေးတစ်ယောက်မှာတောင် ခဲတံ သုံးလက်စ ၂ဝ လောက်ရှိတယ်
    စာအုပ်ဆိုတာလဲ ပုံစံမျိုးစုံ အရောင်မျိုးစုံ ကျောင်းသုံး ကျူရှင်သုံး အိမ်သုံး ပုံဆွဲ အကြမ်းရေး
    သူတို့ကို ကိုယ်ငယ်ငယ်က အကြောင်းများ ပြောပြရင် ထ ရီ(ရယ်) ကြရော
    ကဲ ဘယ်လိုလုပ်ကြမလဲ….( ဘာမှလဲ လုပ်လို့ မရပါဘူး)

  • ကြောင်ကြီး

    August 16, 2012 at 10:32 am

    ကြယ်ငါးပွင့်သင်္ဘောခေတ်တုန်းက သင်္ဘောသာတွေ ဂျပန်ရောက်ရင် အဲသလို စွန့်ပြစ်တွေ သယ်လာပြီး ဒီမှာပြန်ရောင်းရင် အတော်ကိုက်တယ် ပြောသံကြားဖူးတယ်။ ဒါလည်းအစောပိုင်းက ဖြစ်ပုံရတယ်၊ နောက်ပိုင်း အဟောင်းဈေးကွက် တွင်ကျယ်လာ၊ ရွှေတွေအကောက်များလားတော့ သူတို့လည်း တန်ရာတန်ဈေးနှုန်း ဖြစ်ကုန်ကြတာပေါ့။ အဟောင်းကောက်ရင် အခြားဟာတော့ ပြသနာသိပ်မရှိဘူး၊ သစ်သားပရိဘောဂ၊ မွှေ့ယာ၊ ဆိုဖာဆို သတိထား၊ ကြမ်းပိုးတွေ ကပ်ပါလာတတ်တယ်။ တီဗွီ၊ ရေခဲသေတ္တာလိုမျိုးက အိမ်သယ်လာပြီး မကောင်းရင် ပြန်စွန့်လိုက်လို့ရတယ်။ ဟိုကောင်တွေက မလွယ်ဂျော….

  • kai

    August 16, 2012 at 11:27 am

    လွန်ခဲ့တဲ့.. ၁၅နှစ်လောက်ကထင်တယ်..
    ဂျပန်ကအမှိုက်တွေ.. ဖိလစ်ပင်းကိုသဘောင်္ကြီးနဲ့ပို့လိုက်လို့.. ဟိုက.. ကတ်စတန်ကမိပြီး.. ပြန်တင်ပေးလိုက်တာ.. သတင်းအကြီးအကျယ်ဖြစ်ဖူးတယ်..
    မူရင်းပို့သူဂျပန်ဖက်က…တော်တော်လျှော်လိုက်ရပါတယ်..

    ပြောချင်တာက..
    မြန်မာပြည်လို ဆင်းရဲတဲ့နိုင်ငံက.. အဲလိုအမှိုက်တွေကို..လူအင်အားနဲ့ရီဆိုင်ကယ်လုပ်.. ပစ်တန်ပစ်.. ယူတန်ယူ..လုပ်နိုင်ပါလိမ့်မယ်..
    ဆိုတော့..
    အမှိုက်လက်ခံတဲ့ဥပဒေထုတ်ပြီး.. အဲဒီဖွံ ့ဖြိုးပြီးနိုင်ငံတွေဆီက.. ငွေတွေ”သန်းချီ”တောင်းလို့ရပါတယ်..
    အမှိုက်ဆိုတာမှာ..
    ကား။
    စက်အဟောင်းတွေ..
    အီလက်ထရောနစ်ပစ္စည်းတွေ.. စသဖြင့်ပေါ့.

    မြန်မာပြည်ဟာ.. ဒီနည်းနဲ့အလုပ်အကိုင်အခွင့်အလန်းနဲ့.. နည်းပညာကို.. တပြိုင်ထဲယူနိုင်မယ်ထင်မိတယ်..

  • mocho

    August 16, 2012 at 1:43 pm

    ဦး ခိုင် နဲ့ ဦး ကြောင်ရေ
    မြန်မာပြည် ကို အရင် တုန်း က လျှပ်စစ် ပစ္စည်း ၁၁ဝ ဈး ကွက် ရှိ ခဲ့ပေမဲ့ တခြား ပရိဘောဂ ဈေးကွက်တော့ မရှိ ဘူး ထင်တယ်။ သေချာတော့ မသိဘူး ။ အင်ဒို ကတော ့ဈေး ကွက် ကို ရှိပါတယ်။ ဘာတန် သွားတုန်း က အဲ က အသိတွေ ပြောတာ ဘာတန်က ဟိုတယ် အသေး စားတွေ မှာ စလုံး ကလာတဲ့ မွေ့ ယာ တပတ်ရစ် တွေ သုံး တာတဲ့ ။ဒါပေမဲ့ ကျမတို့ နိုင်ငံ မှာက အဟောင်း မသုံး ဘူးနော်..တရုတ်က လာတဲ့ အသစ်တွေ ပဲ သုံး တယ် ပေါ့ ။ ဒါပေမယ့် စပရိမ် မွေ့ ယာတွေ၊ ဆိုဖာတွေ ကတော့ ဆင်း ရဲသားတွေ အနား မကပ်နိုင် သေးပါဘူး။
    ကိုနိုဇိုမီ ရေ
    စလုံးတွေ ကတော့ အရစ်ကျနဲ့ ဝယ် လို့ ရနေတော့ နှစ်တိုင်း များ လဲ နေ ကြ သလား ပဲ။ သူတို့ ပစ်ထားတာတွေကို အလုပ်သမားတွေ က အမြဲ ကောက် နေတော့ ရီ ဆိုင် ကယ် ဖြစ်နေတယ်ပဲ ပြောရမှာပေါ့ ။အခု ဟာ က အချိန်က ရွှေ ဖြစ်နေတဲ့ ခေတ် ဆိုတော့ နည်းနည်း ချွတ်ယွင်း သွား ရင် ပြင် ပြီး သုံး ဖို့ အချိန် မပေး ကြတော့ ပဲ အသစ်ပဲ အလွယ် ဝယ် သုံး ဖြစ် ကြတယ်လေ။

    • Liquid_Sn@ke

      August 16, 2012 at 2:05 pm

      ပြောရရင် …ဟိုက်တက်ခ် ဆက်တာ အဆိုးဆုံး…
      ဟိုဟာအသစ်ပေါ် လိုချင်ရပြန်ဘီ ..
      ဒီဟာ အသစ်ပေါ် သွားရည်ကျပြန်ဘီ …
      လက်ထဲ ရှိတဲ့ဟာက ..အလိုလိုနေရင်းကို … ပိုလေးတဲ့ ပိုပိန်းတဲ့ ပိုသုံးစားမရတဲ့ ဟာ
      ဖြစ်ဖြစ်သွားတာရယ်… အသစ်ပေါ်တဲ့ဟာ ကိုင်လာတဲ့ လူနဲ့ ကြုံရင်
      ကိုယ်(လူကိုယ်၌)ကပဲ သူ့လောက် စမာ့တ် မဖြစ်သလိုလို…
      အသင်းအဖွဲ့နဲ့များ ရှိချိန် အများစုက အသစ်ပြောင်းသုံးနေချိန် …
      ကိုယ်ကမသုံးသေးရင်… စတုပစ် အတုံးအတစ်ကြီးဖြစ်သလို…

      အော်… အဲ့အူးလေးတွေ ..မားကတ္တင်း ဂျွတ်တော့လည်း ..
      ကျုပ်တို့မှာ ..အလိုလိုနေရင်း… သိမ်ငယ်ရ …အောက်ကျို့ရ …
      အဲ …မခံစားနိုင်လို့ ..လိုက်ဝယ်တော့ ..ပစ္စည်းဟောင်းလေး ..လွှတ်ပစ် …ခိခိ..

      အဲ့သလို လွှတ်ပစ်ဖန်များလာတဲ့ ဆယ်လီကွန် ပစ္စည်းတွေ တောင်ပုံယာပုံ
      ဖြစ်လာတဲ့အခါ …အဲ့သည့်နေရာကို ဆယ်လီကွန် ဗယ်လီ လို့ ခေါ်လိုက်…

      ဇဂါးမစပ် ..သဂျီးက ဆယ်လီကွန်ဗယ်လီနား နေတာဗျ. …

      ဒက်ဂလောက် …ဒက်ဂလောက်…

  • pooch

    August 16, 2012 at 3:39 pm

    ပြောရရင် ဒီလိုပစ္စည်းတွေက ရီဆိုင်ကယ် လုပ်လို့ရသေးတယ်။ စွန့်ပစ်လည်း သိပ်ပြသာနာ မရှိဘူး။

    China က ဒေသတခုမှာ အိုင်တီသုံးပစ္စည်း တပတ်ရစ်တွေကို ပြန်ပြီး အသစ်လုပ်တဲ့ စက်ရုံကြောင့် အဲ့ဒီနား တဝိုုက် မြေတွေ ပျက်စီး ပြီး ဘာမှ စိုက်လို့မရတော့တဲ့အပြင်
    ရေတောင် သောက်မ ရဖြစ်ခဲ့ဖူးတဲ့ သာဓကတွေ ရှိပါတယ်။

    ဆိုတော့ ရီဆိုင်ကယ်စက်ရုံဆိုတိုင်းကောင်းတာတော့ မဟုတ်ဖူး။

    • kai

      August 16, 2012 at 3:59 pm

      အောက်ကကွန်မန့်က.. http://myanmargazette.net/144113/uncategorized-other#comment-247334 ကကူးချလာတာပါ..
      ဟိုမှာဖက်လူသိပ်မဖတ်လို့..
      ဒါကို.. မြစ်ဆုံရေကာတာ.. ဘာကာတာ..ညာကာတာ.. လျှပ်စစ်ထွက်နိုင်တာမှန်သမျှလိုက်ဆန္ဒပြနေတဲ့.. ကိုကို/မမဂရင်းတွေကို.. ဖတ်စေချင်မိတယ်..
      :mrgreen:

      ==
      ခဏခဏ ပြောခဲ့ဖူးတာပြန်ပြောရမှာပဲ..
      ကမ္ဘာကြီးရဲ့..ဂေဟစနစ်ကို ..ဖွံ့ဖြိုးပြီးနိုင်ငံကြီးများက.. ဖျက်စီးခဲ့လို့.. အခုလိုဖြစ်နေကြပြီးပြီ..
      သူတို့တွေရဲ့..စက်မှုတော်လှန်ရေးကာလတွေကများ..တမြို့လုံး..မီးခိုးတွေမဲမှောင်လို့..

      အခုလို… ဖြစ်ပြီးခါမှ.. သူတို့က မီဒီယာတွေလွှမ်းမိုးထားနိုင်တော့.. အခုမှ.. ဂရင်း..အစိမ်း.သဘာဝ.. .ဂေဟ ထအော်ကြတာပါ..
      ကိုယ်တိုင်ကတော့.. ကာဗွန်တွေထုတ်ဆဲ..မိခင်သဘာဝကို ထိခိုက်ဖျက်စီးနေဆဲပဲ..။
      အဲ..
      ဒီလို သူတို့မီဒီယာတွေက.. အသိပညာပေးသလိုလိုနဲ့.. ဘရိမ်းဝရှ်လုပ်တာကြောင့်.. မြန်မာပြည်လို..အူကြောင်ကြား..မွဲတေနေတဲ့တိုင်းပြည်က.. လူတွေကပါ.. သံယောင်လိုက်.. .. ဂေဟ..ဂရင်း.. ကမ္ဘာပူနွေးလာတယ်..ထလုပ်ကြတာပေါ့..
      လျှပ်စစ်မီးကျ..မရှိ..။
      စက်မှုနိုင်ငံဖြစ်ဖို့အရေးအကြီးဆုံးလျှပ်စစ်မီးမရှိပဲ.. အုံဖွဆိုပြီးများ.. စက်တွေလည်ချင်နေသလားမသိ..။

      အ,လိုက်ကြတာ..။(အကြိမ်တသိန်း)

      အနိစ္စ..ဒုက္ခ..အနတ္တ…။ 😕
      =
      http://en.wikipedia.org/wiki/List_of_countries_by_carbon_dioxide_emissions

      Country Annual CO2 emissions
      (in thousands of metric tonnes) % of world
      emissions source
      World 29,888,121 100% UN Estimate[6]
      China (ex. Taiwan, Macau, Hong Kong) 7,031,916 23.53% UN Estimate[6]
      United States 5,461,014 18.27% UN Estimate[6]
      European Union (27) 4,177,817 13.98% UN Estimate[7]
      India 1,742,698 5.83% UN Estimate[6]
      Russia 1,708,653 5.72% UN Estimate[6]
      Japan 1,208,163 4.04% UN Estimate[6]
      Germany 786,660 2.63% UN Estimate[6]
      Canada 544,091 1.82% UN Estimate[6]
      Iran 538,404 1.8% UN Estimate[6]
      United Kingdom 522,856 1.75% UN Estimate[6]
      South Korea 509,170 1.7% UN Estimate[6]
      Mexico 475,834 1.59% UN Estimate[6]
      Italy (including San Marino) 445,119 1.49% UN Estimate[6]
      South Africa 435,878 1.46% UN Estimate[6]
      Saudi Arabia 433,557 1.45% UN Estimate[6]

      • pooch

        August 16, 2012 at 4:14 pm

        ဒီမယ် သူကြီး ပြောချင်တာကိုသဘောပေါက်ပါတယ်။
        နေရတကာ ကန့်ကွက်နေတာမဟုတ်ပါဘူး။
        အဲ့ဒီ စက်ရုံမျိုး ဆို လူတွေပါ မြုံပြီး ကလေးမွေးမရတော့တာမို့ လူဦးရေ နည်းရတဲ့ အထဲ မြွေပူရာကင်းမှောင့်ဆိုသလို ဖြစ်မှာစိုးလို့ပါ။

        နောက်တခုက အဆိုးထဲက အကောင်းတခုကို ထုတ်ပြရရင် ကိုယ့်နိုင်ငံက အဆင်းရဲဆုံးနိုင်ငံကနေ ကုန်းထရာမှာ ကိုယ့်ရှေ့က တိုးတက်ပြီးသား ဘိုးအေ နိုင်ငံကြီးတွေကို ကြည့်ပြီး ဆောင်သင့်တာ ဆောင်ပြီး ရှောင်သင့်တာရှောင်ပြီး တိုးတက်အောင်လုပ်ဖို့ အခွင့်အရေးရှိကြောင်း ဆရာဆရာ့ကြီးများက ( သူကြီးတို့ ဘိုးအေ တိုင်းပြည်က ပြန်လာသူများက) ဟောပြောပို့ချတာကို နားနဲ့ဆတ်ဆတ်ကြားခဲ့ရလို့ပါ။

        မလိုအပ်ပဲ အထိခိုက်မခံပဲ သွားလို့ရတဲ့ နည်းတွေ ရှိကြောင်းလည်း
        ပြောကြပါတယ်။ :mrgreen:

        အားတိုင်း မျက်စိမှိတ်ကန့်ကွက်နေတာတော့ မဟုတ်ကြောင်းပါတော်။ 😀

        • Foreign Resident

          August 16, 2012 at 4:48 pm

          ” မလိုအပ်ပဲ အထိခိုက်မခံပဲ သွားလို့ရတဲ့ နည်းတွေ
          ရှိကြောင်းလည်း ပြောကြပါတယ် ”

          မထင် ။ မထင် ။

        • Liquid_Sn@ke

          August 17, 2012 at 7:00 am

          သဂျီးနဲ့ အဘဖော ကို ထောက်ခံပါရဲ့ …
          ကျုပ်လည်း မထင်မထင် …
          ဂရင်းဝါ့ရှ် လုပ်ခဲ့တာ … ကျုပ်တို့ အမျိုးတွေပေါ့…၊
          ခုများ ..ဆယ်လစ်ဗျစ်တီအချို့တောင် ဦးနှောက် စိမ်းစိမ်းလေးတွေနဲ့ …

          ဖုတ်သွင်းမီး ရဖို့ ကိစ္စ ….ဖုတ်သွင်းနည်း ဂမ်ဘီယ နည်း နဲ့ လုပ်မှ မရဘဲ ….
          ကျောက်မီးသွေး လုပ်သင့် လုပ်ရမှာပဲ …
          ဂရင်း ဆြာ / ဆြာမတွေရေ့ … လွန်ရောကျွံရော ..တနှစ်တာလုံးရဲ့
          ပျမ်းမျှ အပူချိန် ၁-၂ဒီဂရီ တိုးရုံပေါ့…..

          ကြောက်လား ..ကြောက်လား ကြောက်လား …
          ကြောက်တယ်… ကြောက်တယ် ကြောက်တယ်…
          သိပ်ကြောက်သပေါ့ … မိုင်ယာမီ ရေမြုပ်မှာတို့ …
          အိုဒိုင်းဘ ပင်လယ်အောက်ရောက်မှာတို့ …
          နေပယ်လ်မြို့ ရေလွှမ်းမှာတို့ …

          အဟိ..
          အဲ့သဟာကြောင့် သည်ဘဲတွေက မလုပ်ပါနဲ့ လိုက်အော်နေ
          ဦးနှောက်ဆေးသုတ်နေတာ … (သူတို့ကတော့ လုပ်နေဆဲ …)
          စွမ်းအင်ကိစ္စ ..ငွေတွေလှူနေ အကူအညီတွေ ပေးမယ် ကတိတွေပေးနေတာ..
          ဘာကြောင့်လို့များ ..မှတ်ပါသလဲ ဟင်င်င်င်င်င်င်…
          ကြောက်တယ်… ကြောက်တယ် ကြောက်တယ်…
          ကြောက်တယ်… ကြောက်တယ် ကြောက်တယ်…

  • padonmar

    August 16, 2012 at 9:25 pm

    မိုချိုရဲ့ ပုံတွေမြင်တော့ တူမတွေ ကျောင်းသွားတက်စကငှားနေတဲ့ Daly City က ကြွက်တွင်းလေး
    (သူများအိမ်ရဲ့ အောက်ထပ်မှာ အိမ်ဘေးခြံတံခါးကနေ နောက်ဖေးပေါက်က လှည့်ဝင်ရလို့ ကျမက ကြွက်တွင်းလို့သုံးလေ့ရှိပါတယ်။သူတို့တော့ ဒီလိုပြောရင် မကြိုက်ကြဘူး) ထဲမှာ တူမလေးက သူများပစ်ထားတဲ့ ၂ယောက်ထိုင် ဆိုဖာကြီး ကောက်သွင်းထားတာ သတိရမိသေးတယ်။ကျမတို့ ရန်ကုန်အိမ်မှာတောင် ဒီလို ဆိုဖာမျိုးမရှိတော့ ဝမ်းသာအားရပါဘဲ။
    ခရစ်စမတ်နီးတော့ on sale ချတဲ့ evening dress တွေ ဝယ်ပြီး ဆိုဖာပေါ်အိုက်တင်ထုတ် ဓာတ်ပုံတွေရိုက်လို့။
    ဆိုလိုတာက ကျမတို့ တိုင်းပြည် ကျမတို့လူမျိုးဟာ ဘယ်နေရာရောက်ရောက် recycle သုံးရတာကို ရှက်စရာမထင်ပါဘူး။
    ခုလည်း ဂျပန်က ကားဟောင်းတွေ သွင်းတာ သောက်သောက်လဲပါဘဲ။တချိန်ကလည်း လေဘေးထည်တွေ ခေတ်စားခဲ့၊ဂျပန် ဒိုမက်စတစ် တီဗွီ အောက်စက်တွေ ခေတ်စားခဲ့သေးတာဘဲ။
    ဒါကြောင့် သူကြီး အကြံပေးသလို အမှိုက်လက်ခံပြီး ပြန်သန့်ပေးတဲ့ အလုပ်လုပ်ချင်ပါရဲ့။
    ကျမတို့ ဆင်းရဲနေပါသေးတယ်။မာနကြီးလို့မရသေးပါဘူး။
    …………….
    ကိုနိုဇိုမီ ပြောသလို ခဲတံတိုလေးကို ဘောပင်ဖုံးလေးနဲ့ စွပ်ပြီး ရေးခဲ့ဖူးပါတယ်။
    အတန်းတင်စာမေးပွဲပြီးပြီဆိုရင် စာအုပ်တွေ ဖြဲ၊စာရွက်ဖြူတွေပြန်ချုပ် နောက်နှစ်သုံးဖို့လုပ်ခဲ့ရပါတယ်။
    ဘဝတူတွေပါဘဲ။တစ်ဖက်လွတ်တွေဆို ဆရာမကို ပြစရာမလိုတဲ့ အကြမ်းစာအုပ်လုပ်ခဲ့ရပါတယ်။အဲဒီအကျင့်က ခုထိပါပြီး စာရွက်မှာ အဖြူကွက်လပ်လေးကျန်ရင်တောင် မလွှင့်ပစ်ရက်ပါဘူး။
    ရေးလို့ရသလောက် လိုက်ရေးမိသေး။

  • mocho

    August 17, 2012 at 8:48 am

    ကျမ တို့ နား က စွန့်ပစ် ပစ္စည်း တွေ က နေ စလိုက်တာ ရီ ဆိုင် ကယ် ရော၊ စွမ်း အင် ရော၊ အစိမ်းရောင် ပတ်ဝန်း ကျင်တွေ ရော စုံသွား ပြီ။ ကျမ တော့ ဉာဏ် မမီလို့ အဲလောက်ထိ လိုက် မဆွေးနွေးနိုင်၊ သိချင်တာလေး တခုေတော့တယာက်ယောက်ကကြုံ ရင် ပြောပါအုံး။
    ဟိုတလော က ရွာထဲ က စီ ဂျေ ( မနောဖြူလေးလို့ ထင်တာပဲ ) တစ်ယောက် တင်ထားတဲ့ အင်း စိန် ဘက် မှာ ပုံ ထားတဲ့ ကားတွေ ဘာ လုပ် လိုက် လဲ သိချင်သား။
    မြန်မာ ပြည်မှာ လမ်း ပန်း ဆက်သွယ်ရေး ခက်ခဲတဲ့ ကျေး လက် တောရွာ တွေ အများ ကြီး ရှိ ေ နသေးတယ်၊ တနေရာနဲ့ တနေရာ ကား ကြုံ အကြာ ကြီး စောင့် ရ တာမျိုး ၊ ဆိုင် ကယ် တွေ ရှိ တတ်ကြပေမဲ့ လူ မမာ ဆေး ရုံ ပို့ တာ တို့ ကျ အဆင် မပြေ ..ဆိုတော့ …အဲဒီ ကားတွေသံရည် ကျို ပစ် မဲ့ အစား ရွာတစ်ရွာ ကား တစ် စီး ပေးလိုက် ရရင် …..ကျမ အတွေး ပါ။
    သိတဲ့ သူရှိ ရင် ရေး တင် ပါအုံးနော။

  • si tone

    August 17, 2012 at 5:54 pm

    ဟာာာာာာာာာာာာာာာာာာာာာာာာ……။
    Si Tone လိုချင်တာတွေ ပါတယ်….

  • Smart Pyi Pyi

    August 17, 2012 at 6:50 pm

    ပာီးး အော် လူတွေ လဲအဲ.လို ပါဘဲဗှာ

Leave a Reply