C J အဖြစ် သတင်းပို့တာပါခင်ဗျာ။

City JoggerAugust 15, 20121min21912

နေရာ။ ။ ဆင် ရေ တွင်း မှတ်တိုင် အနီး ၊ အင်းစိန် လမ်းမကြီးပေါ်။

ဖြစ်ရပ်။ ။ကားလမ်းအောက်မှ ရေများစီးထွက်နေခြင်း။

ကာလ။ ။ကြာ လှပြီ ဟုယုံကြည်ရ- ရေ ညှိတွေတောင်ထူလှပေါ့ ။

တာဝန်ရှိသူ။ ။ စည်ပင်-ရေ/သန့် ????????။

ကားလမ်းမကြီးပေါ်၊ ကတ်တရာ တဝက်တပျက် အဖုံးခံထားရတဲ့ Man Hole ကနေ ရေတွေတရဟော စီးထွက်နေတာပါ။မြေအောက်ရေပိုက်ပေါက်နေတာလို့ယူဆမိလို့  C J အဖြစ် သတင်းပို့တာပါခင်ဗျာ။

ရေတွေ စီးထွက်နေတာ။

Man Hole ကနေ ရေတွေစီးထွက်နေပုံ။

တမံလေးတောင်တုတ်ပေးထားသေး။

တမံလေးတောင်တုတ်ပေးထားသေး။

( သမိုင်းလမ်းဆုံအနီး၊ အောင် ဓမ္မ ရိပ်သာ ဆိုင်းဘုတ်/ မုဒ်ဦး အောက်တဲ့တဲ့ လမ်း မှာ ကြတော့ မြေကြီး ကနေ အမြှပ် တစီစီ ထွက်နေတာ မိုးရွာ လို့ရေစပ်စပ်လေးရှိနေရင် ထင်ထင်ရှားရှားမြင်နေရပါတယ်။

အဲဒီနေရာတဝိုက်မှာ မြေအောက် ဂက်စ် ပိုက်လိုင်းရှိနေတာမို့  Gas Leak ဖြစ်နေသလားလို့လဲ စိတ်ပူနေမိပါကြောင်း။ )

ကောင်းသည်ထက်ကောင်းအောင်ကြိုးစားနေမယ့် C J မောင်မောင်ကိုကိုဦးဦး

 

12 comments

  • mocho

    August 16, 2012 at 9:33 am

    ရေ အရင်း အမြစ် တွေ ဆုံး ရှုံး ရသလို မြို့ တော် ဟောင်း ကိုလည်း အကျည်းတန် စေတဲ့ အတွက် စည်ပင် မှာတာဝန် ရှိ ပါကြောင်း ။
    ဓါတ်ငွေ့ ယိုစိမ့် မှု သာ မှန်ပါ က အန္တရာယ် ရှိ ပါကြောင်း ။
    သို့ ဖြစ်ပါ သောကြောင့် သက်ဆိုင်သူ များ ဖတ်မိပါစေကြောင်း ၊ ဆုမွန်ကောင်း တောင်းလိုက် ပါ၏။

  • Khaing Khaing

    August 16, 2012 at 11:14 am

    အောင်ဓမ္မရိပ်သာဆိုတော့ ရွာထဲကအပုလေးတို့ ဇရပ်နားပဲ …….. အပုလေးကို သတိပေးဦးမှ ………….

  • P chogyi

    August 16, 2012 at 1:38 pm

    Man Hole ဆိုတဲ့အသုံးနှုန်းက
    ထူးခြားသွားတယ်။

    • City Jogger

      August 16, 2012 at 8:30 pm

      မြေအောက်မှာ ဆက်သွယ်ရေးတယ်လီဖုံးကြိုးတွေ သွယ်ထားတဲ့ ပိုက်လိုင်းတွေ ရှိပါတယ်၊
      တတ်ဆင်။ပြုပြင်ရာမှာလွယ်ကူစေဘို့ လူဆင်းလို့ ရ တဲ့ ကျင်းလေးတွေ ဆောက်ပေးထားရပါတယ်
      အဲဒီကျင်းလေးတွေကို Man Hole လို့ ခေါ်တာပါ။
      အခုဖြစ်နေတဲ့နေရာက Man Hole လဲ အဖုံးဖွင့်လို့မရတော့။
      ကျေးဇူးပါ။
      C J မောင်မောင်ကိုကိုဦးဦး

      • P chogyi

        August 17, 2012 at 9:30 am

        man hole ဆိုတဲ့ အသုံးနှုန်းက
        Sailor တွေသုံးတာများပြီး အများသုံးမဟုတ်တာလေး
        ပြောလိုက်တာပါ။

  • etone

    August 16, 2012 at 2:41 pm

    အဲ့လို ရေတွေ စိမ့်ထွက်နေတဲ့ ပုံမျိုး … လမ်းသွားရင်းနဲ့ မြင်သမျှ ရိုက်ထားတာတွေရှိတယ် … ။
    ပြောလိုက်လျှင်တော့ … ငွေကျပ်သန်းပေါင်းများစွာ အကုန်ကျ ခံပြီး ဖြန့် ဖြူးနေသောရေ ၊အလဟသဖြုန်းတီးပစ်နေသည်ကို သင် သတိထားမိပါသလား လို့ … လူကြားကောင်းအောင်လျှောက်အော်တယ် … ။ တချို့ နေရာတွေဆို ရေပိုက်တွေပေါက်လို့ ၊ ကတ္တရာလမ်းပေါ်တွေထိ ဗွက်ပေါက်နေတာ …. နှမျောစရာကောင်းတယ် ။ရေတွေ စိမ့်ထွက်နေတာမြင်လည်း …. အထက်က မပြောသေးသရွေ့ ၊ ဘယ်သူမှ ဘာမှ လာမလုပ်ဘူး .. အဲ့ဒီအထက်ဆိုတာတွေကလည်း … လမ်းထွက်လျှင် ဘေးဘီဝဲယာမြင်ဖို့ နေနေသာသာ ၊ ကားမှန်အမည်းကြီးတွေကပ်ထားတာကြောင့် ၊ ပတ်ဝန်းကျင်ကိုတောင် ကြည့်မိမယ် မထင်ဘူး … ။ရေမထွက်မလျှံတဲ့ လမ်းက ရွေးသွားတာကြောင့်လည်း ပါမှာပေါ့လေ ။
    ရေရှားတဲ့ အရပ်မှာ တကယ့်ကို ရှားပြီး ၊ အခုလို အလေလွင့်ဖြစ်တဲ့နေရာတွေမှာ ဖြစ်နေတာ စိတ်မချမ်းသာစရာပါပဲ ။ 🙄

  • MaMa

    August 16, 2012 at 3:41 pm

    ဗယာကြော်ပါ CJကြီး။
    အဲဒီလမ်း ကြည့်ရတာတော့ ကတ္တရာတွေ့ရသေးတယ်။
    ဘုရင့်နောင်လမ်းတွေဘက် တစ်ချက်လောက် လှည့်ကြည့်ပါအုံး CJ ကြီး ရေ။ 😛

  • မောင်မောင်ကိုကိုဦးဦးရေ တကယ့်ကိုထိရောက်ပါတယ်ဗျားးး။
    ဒီလို ရေကိုအလဟသတ်ဖြုန်းတီးနေမှုက ရေရှားပါးနေတဲ့နေရာ
    တွေအဖို ့ကိုယ်ချင်းစာတတ်ရင်—သို ့မဟုတ် ငွေတွေ——–၊

  • မောင်ပေ

    August 16, 2012 at 9:14 pm

    သတင်းဓါတ်ပုံနဲ ့ ကွန်မင့်တွေနဲ ့တွဲ ဖတ်လိုက်ရမှပဲ ဗဟုသုတပိုတိုးသွားတော့တယ်ဗျား

  • ကြောင်လေး

    August 16, 2012 at 9:47 pm

    အဲသလို အကျိုးရှိမဲ့ အရာလေးတွေ အသိပေး၊သတိပေး တာလေးတွေကိုကြိုက်ပါတယ်ဗျာ။

  • ကိုသင်း

    August 17, 2012 at 1:51 pm

    CJ ကြိးရေ ဂုဏ်ပြ ုပါတယ်ဗျာ

Leave a Reply