Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဒေါက်တာများဖြစ်မလားလို့ Honorary Doctorate

ဦးကြောင်ကြီးအား ဒေါက်တာဘွဲ့ ချီးမြင့်ရန်ရှိကြောင်း တိုင်းနိုင်ငံတဝှန်း အုတ်အော်သောင်းနင်း ဖြစ်နေသည်။ ဦးကြောင်ကြီးကား အသူနည်း..နှယ်နှယ်ရရမဟုတ် ဆယ့်နှစ်ပိဿခွဲအလေးချိန်စီးကြောင်း အတွင်းသိများက ဆိုသည်။ သူစိတ်ဝင်စားသော အပျိုချောဂလေး ရှိပါကာ ဆယ်ထပ် ကန်ထရိုက်တိုက် အမြင့်ဆုံးအထပ်သို့ပင် ရောက်အောင် တချက်ထဲနှင့် ခုန်နိုင်သည်။ အနံ့၊ အကြား၊ အမြင် အာရုံအစွမ်းများမှာလည်း ရှားမှရှားဖြစ်သည်။ ထိုမျှကြောင့်တော့ ဒေါက်တာဘွဲ့ ပေးခြင်းမဟုတ်တန်ရာ၊ တိုင်းကျိုးပြည်ပြု ဆောင်ရွက်ချက်များကြောင့်သာ ဖြစ်ပေမည်။ ကြောင်ကြီးဘာလုပ်သနည်း၊ ဘာမှမလုပ် ဘေးထိုင် ဘိုင်ကျ ဘုတော ဒီလိုနဲ့ ဘွတ်စမံ အပေးခံရ၊ ဤကား အခြေအမြစ်မရှိ သိက္ခာချ စွပ်စွဲချက်များဖြစ်သည်။ ကြောင်ကြီးသည် သတ္တိဗျတ္တိ ညဏ်ပညာ ပြည့်စုံသူ ရဲရဲတောက် အတိုက်အခံ ဖြစ်သည့်အပြင် ယူဂျီများလို လူသူမသိ အနစ်နာခံ လှုပ်ရှားပေးနေသူလည်းဖြစ်၏။ ဤသည်ကို သိရှိထားသော နိုင်ငံခြားအစိုးရအဖွဲ့ တခုခုမှ တဖက်လှည့် ချီးကြူးဂုဏ်ပြုခြင်း ဖြစ်တန်ရာသည်။ ဘွဲ့ချီးမြှင့်မည့်သူမှာ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့ အခြေစိုက် မန်းဂေဇက် ယူနီဗာစီတီဂျီးဖြစ်သည်။ တက္ကသိုလ် အဓိပတိ ဒေါက်တာဦးခိုင်ကိုယ်တိုင် ဆုလက်ခံရန် ဦးကြောင်ကြီးထံ အသနားခံ ပန်ကြားထားသည်။ ဒေါက်တာဦးခိုင်သည်ကား ခေသူမဟုတ်၊ ကိုဘေးနွားကင် သုတေသနစာတမ်းဖြင့် နွားသားစားနည်းဘာသာရပ် ပါရဂူဘွဲ့ရရှိကာ ကမာ္ဘကျော် တိုင်းမ် မဂ္ဂဇင်းဂျီး၏ ရာစုနှစ် မစ္စတာဘွတ်အဲဘွဲ့ (အင်္ဂလိပ်အသံထွက်ဖြင့်ဖတ်) ရရှိထားသူဖြစ်သည်။
ထိုကဲ့သို့ ရှားရှားပါးပါး သဘောကောင်း မနောကောင်း လူပျိုနုနုထွတ်ထွတ် ဦးကြောင်ကြီးမှာ ဂုဏ်ပကာသန ကျော်ဇောမှုကို လွန်စွာစက်ဆုပ်သော်လည်း သမီးဒေါ်ဂလေး မျက်နှာဖြင့် အားနာပါးနာ လက်ခံလိုက်ရသည်။ သဂျီးကားလူလည်ပန်ကာ.. သမီးဒေါ်ဂလေး အယောင်ပြ၍ သူတကိုယ်တည်း တဝက်လျော့ဈေးချသော လေယာဉ်ပျံခုံမဲ့ စီးလာပေရာ ကြောင်ကြီး ခဲလေသမျှ သဲရေကျရလေပြီ။ သမီးဒေါ်မပြောနှင့် သူ့ဂျီးဒေါ်ပင် မတွေ့ရချေ။ “ဒါလည်း တမျိုးကောင်းပါတယ်လေ၊ နိုင်ငံရေးမှာ ကိုယ်ရေးကိုယ်တာ မပါတာ အကောင်းဆုံးပေါ့” ဦးကြောင်ကြီး တရားနှင့် ဖြေပါသည်။
သမီးဒေါ်ဂလေး မပါလာသဖြင့် ကြောင်ကြီး အမြန်အိမ်ပြန် လစ်သွားရာ သဂျီးဦးခိုင်ခမျာ လေဆိပ်ခန်းမထဲတွင် ကြိုသူမဲ့ ယောင်ချာချာ ဖြစ်နေသည်။ ဟိုမေးဒီစမ်းဖြင့် တည်းခိုရာဟိုတယ်သို့ ဘတ်စ်ကားစီး ရတော့သည်။ ငွေစက္ကူမသုံး ခရက်ဒစ်ကတ်သာ ကိုင်သော သဂျီးအဖို့ မြန်မာငွေ ကားခပေးစရာ တပြားမှမရှိ၍ စပယ်ယာ၏ ဟိန်းဟောက်သံကို နာခံရင်း မျက်နှာပြောင်တိုက် လိုက်ပါလာရသည်။ “ဟို….အဖိုးဂျီး..ဗျိုး ….လည်ပင်းမှာ ကြောင်လျှာသီးပတ်၊ ဘောင်းဘီလက်ရှည်ဝတ်၊ ချီးပုံးကြီး ဆွဲထားတဲ့လက်က ရွှေလက်ပတ်နာရီ အားမနာ ဘတ်စ်ကား အလကား ခိုးစီးတဲ့အဖိုးဂျီး။ အပြင်မှာ ပိတ်ရပ်မနဲ့ အထဲဝင်။” ဇီးရွက်လေး မျက်နှာနှင့်သဂျီး အမိန့်နာခံရသည်။ “ အွတ်..သေပါပြီ” သူအတင်းဇွတ် တိုးဝင်သဖြင့် ထောက်လှမ်းရေးနှင့် အထင်မှားကာ မြန်မာ့လက်ဝှေ့ကျော် ဘာမထီအီးဒုံးမှ တံတောင်စာ ကျွေးလိုက်ခြင်းဖြစ်သည်။ ဒါတောင် လူကြပ်နေသဖြင့် ဒူးပျံကစ်မထည့်တာ သဂျီးအတော် ကံကောင်းသွားသည်။ အရှိုက်ထိသွားသဖြင့် အနားရှိခုံပေါ်သို့ အွတ်ကနဲ ထိုင်ကျသွားသည်တွင် အာဂပုခုံးမှီလျက် မှေးလိုက်လာသူ နွယ်ပင်မှ ဒါမျိုးလာမလုပ်နဲ့ဆိုကာ ဆတ်ကနဲအပ်နှင့် ထိုးထည့်လိုက်ရာ တအီးအီး တအားအားနှင့် ထိုင်ထမရ သဂျီး ကုန်းကုန်းကြီး ဖြစ်နေတော့သည်။ တဖက်သား ဒုက္ခရောက်နေသည်တွင် အချောင်ဝင်နှိုက်လေ့ရှိသူ လိင်တူကြိုက် ဂျော်နီအောင်ပုအဖို့ကား ပွဲတော်ကြီးပင် ဖြစ်ရကား မတော်တဆပုံစံဖြင့် အနောက်မှ ဝင်ထောက်လေသည်။ သဂျီးခမျာ မုန့်ဟင်းခါး ပူလောင်စပ်စပ် စားပြီးပြီးခြင်း စတော်ဘယ်ရီ အိုက်စ်ခရင်မ် ချိုအေးအေးလေး လျှာပေါ်တင်လိုက်ရသလို ဟတ်ကော့ဂျီး ဖြစ်နေတော့သည်။
ဆိုးတချီ ကောင်းတလှည့် ငရဲ၊နတ်ပြည် အသူရကာယ် နေ့ခံညစံဘဝ တနာရီခွဲကြာမျှ ခံစား၊စံစားပြီးနောက် ဟိုတယ်သို့ ရောက်ရှိလေသည်။ ဘတ်စ်ကားစီးလာရသောကြောင့် အချိန်ကား အတန်ပင် လင့်နေချေပြီ။ နေ့ချင်းပြန် ခရီးဖြစ်ရကား ရောက်ရောက်ချင်း ဘွဲ့တံဆိပ်ချီးမြှင့်ရန် စီစဉ်ရလေသည်။ ဦးကြောင်ကြီးကား ဧည့်ခန်းတွင် ရောက်နေပြီ “ဟဲလို အဓိငပိဂျီးဦးခိုင် ဝှတ်သဟဲလ် ဟောင်းဒူးယူဒူ” အလွတ်ကျက်ထားသော အင်္ဂုလိဘာသာဖြင့် နှုတ်ဆက်လိုက်သည်။ “ဗဲထီးဂွတ် ဗဲမဂွတ် နေကောင်းပါတယ် ဦးကြောင်ကြီး၊ မြန်မာလို ပြောပါ၊ ကျနော် မြန်မာလို တတ်ပါတယ်။” သဂျီး၏ ခွန်းတုံ့ပြန်စကားကြောင့် ဦးကြောင်ကြီး စိတ်သက်သာရာ ရသွားကာ ဆရာမကြီးဒေါ်တီတီအန်ယူ ရေသားပြုစုသော စကားပြောစာအုပ်အား အိပ်ထဲပြန်ထည့်လိုက်သည်။
အလာပသလာပ စကားအနည်းငယ် ပြောဆိုကြပြီးနောက် “အခုလို ကျနော်တို့ ပေးအပ်တဲ့ အထိမ်းအမှတ် လက်ခံတဲ့အတွက် လွန်စွာကျေးဇူးတင်ပါတယ် ရသေ့ဂျီး” လက်အုပ်ချီလျက် သဂျီးမှ ရိုရိုသေသေပြောသည်။ “တိန်..ဘယ်မှာလဲဗျ၊ ရသေ့ဂျီး..” ကြောင်ကြီး ယောင်တိယောင်တောင် လက်အုပ်ရွယ်လျက် ဟိုဒီကြည့်၍ မေးလေသည်။ “ဒီလိုရှိပါတယ်။ ကျနော်တို့ ပေးအပ်လိုက်တဲ့ ဒေါက်ချာဦးထုပ် လက်ခံလိုက်တယ် ဆိုကထဲက ရသေ့ယူနီဖောင်း မဝတ်ရသေးလည်း ရာသက်ပန် ရသေ့ပါပဲ။ ဒါကြောင့်မို့ ရသေ့ဂျီးလို့ ဂုဏ်ပြုခေါ်ဝေါ်ခြင်း ဖြစ်ပါတယ်။” “ဟမ်….ခင်ဗျားတို့ပေးတာ ဒေါက်တာဘွဲ့ မဟုတ်ဘူးလား၊ တယ်လီဖုံးထဲ နားကြားလွဲသွားလို့ လက်ခံမိတာ တောင်းပန်ပါတယ်၊ ဦးထုပ်ကြီး ပြန်သယ်သွားပါ။” ကြောင်ကြီး အသဲအသန် ငြင်းတော့သည်။ “အဲလို လုပ်နဲ့လေ ဦးကြောင်ကြီး၊ သူတော်စင်တပါး ပေါ်လာပြီဆိုပြီး တကမာ္ဘလုံး ကောင်ချီးပေးနေတာ၊ အများတံတွေးခွက် ပက်လက်မျောခံချင်သလား။ တရားနဲ့သာဖြေပါတော့။” ဤသို့ဖြင့် ကြောင်ကြီးတယောက် ဒေါက်တာမဖြစ် ဒေါက်ချာရစ်ကာ တောပျာ်ရသေ့ဘဝ အရှင်လတ်လတ် ရောက်ရရှာသည်။

ဟိမဝနာ္တတောထဲရောက် ရသေ့ဦးကြောင်ကြီး

သို့သော် မဟာသမုဒ္ဒရာတွင်ပင်လျင် အနားသတ်ကမ်းစပ်ရှိသည် ဆိုရိုးရှိသည့်အတိုင်း ကျွတ်ချိန်တန်ကျွတ် လွတ်ချိန်တန် လွတ်ရပေမည်။ အကယ်၍များ ဟိမဝနာ္တတောင် တောနက်တနေရာရှိ နားရွက်ထောင်ထောင် နှုတ်ခမ်းမွှေးတကားကား မျက်လုံးဝိုင်းဝိုင်း နှာတံပေါ်ပေါ်နှင့် ရသေ့ဂျီးတပါးအား အကြင်သူသည် ဖူးမျှော်ခွင့် ရမည်ဆိုပါလျင် မြန်မာပြည် ဒီမိုကရေစီရတော့မည်ဖြစ်၍ လောကီလူ့ဘောင်သို့ ရသေ့ဂျီး ပြန်လာလိုပါက သက်ဆိုင်ရာ မြန်မာသံရုံးတွင် ပြည်ဝင်ခွင့် ဗီဇာဖောင်ဖြည့်ကာ လာနိုင်ပြီဖြစ်ကြောင်း သတင်းပေးလျောက်ထား စေလိုပါသည်။။။။

9 comments

  • မောင်ပေ

    August 16, 2012 at 10:30 am

    အမိမြေဆီပြန်လာတော့မယ်ဆိုတဲ့သဘောလား….?
    ဒီရောက်လို့ အလုပ်မရှိမှာ လုံးဝမပူပါနဲ့
    ကိုပေါက် က တူမချောလေးနဲ့အတူ ကြောင်ချေးတုံး ဆဲပြာ လုပ်ငန်းကြီးကို ဥစီးခိုင်းဖို့စောင့်နေမယ်တဲ့

  • Khaing Khaing

    August 16, 2012 at 11:20 am

    ဦးကြောင်ဂျီးက လူပျိုလားဟင်း ………. စာတွေရေးတာ တအားစိပ်တော့ မျက်စိမကောင်းတဲ့ ကျွန်မက မနည်းကို ဖတ်ယူရတယ် အပေါ်စာကြောင်းနဲ့အောက်စာကြောင်းတွေရောရောသွားတယ် ……. နောက်ဆို ရင် ဗိုက်ခွဲပြီးတင်ပေးနော် …… အူးအူးကြောင် ……..

  • surmi

    August 16, 2012 at 12:36 pm

    တွေ ့ မရှောင်
    ရသေ ့ကြောင်
    ဗိုလ်ထိတ်ပြောင်
    အလကားရတဲ ့ပျိုတို ့ မောင်

  • laypai

    August 16, 2012 at 12:39 pm

    တောထဲ ရောက် တုံး တောကြောင် လုပ် လေ၊
    ဘယ့် နှယ် ရသေ့ဦးကြောင်ကြီး လဲ။

    ဒါနဲ့ လေးဖြူ က ဆို ထားတယ် နော်။

    … မြို့ပြလို့… ပြောလဲဘဲ….အမှန်တကယ်တမ်းတော့…. တောနက်ကြီး တခု လိုပါဘဲ…။ တဲ့

    တောနက်နဲ့ တူတဲ့ မြို့ပြထဲ ပြန်ရောက်လဲ ဒေါက်ချာ ကြီး ချွတ်လို့ ရချင် မှ ရမယ် နော် ဦးကြောင်။

  • Shwe Ei

    August 16, 2012 at 2:12 pm

    သူဒေါ်ဇင် ဆိုတာ ဘာကိုခေါ်တာလဲ အုကြောင်။ နောက်ပြီး အဲဒိ သူဒေါ်ဇင်က ဟိမဝန္တာတောထဲမှာ ဘာရှာစားသတဲ့လဲ 🙂

    • pooch

      August 16, 2012 at 2:41 pm

      ဖြစ်ရလေ … 😀
      နှုတ်ခမ်းမွှေးတွေရော မျက်ခုံးမွှေးတွေရော ဘာဖြစ်လို့ ဖြူနေရတာလဲ ဦးကြောင်။

      မြစ်တွေချောင်းတွေထဲမှာ ငါးရှာစားတယ်ထင်ပါရဲ့ ရွှေအိရယ်

  • kai

    August 16, 2012 at 2:33 pm

    ဘာပဲဖြစ်ဖြစ်.. အဲဒီဒေါက်ချာတွေ.. ဒေါက်တာတွေက.. အွန်နာလုပ်ပြီးပေးထားတာဆိုရင်.. နာမယ်ရှေ့တပ်မခေါ်ကြဖို့.. မရေးကြဖို့လိုမယ်ထင်မိတယ်..
    ဥပမာ.. ဒေါက်ချာကြောင်ကြီးလို့.. မခေါ်ကြေး..
    ဒေါက်တာသိန်းစိန်မခေါ်ကြေး..
    ဒေါက်တာအောင်ဆန်းစုကြည် မခေါ်ကြေး
    ဒေါက်တာကျော်သူမခေါ်ကြေး… :mrgreen:

    တရားမဝင်လို့ဖြစ်ကြောင်း..
    ကျောင်းတက်.. စာတန်းတင်.. ယူထားတဲ့..ဒေါက်တာအစစ်များကိုအားနာသင့်ကြောင်း….

  • အလင်းဆက်

    August 16, 2012 at 6:35 pm

    အိမ်း….
    မောင်ငယ် ရင်သွေး..ကြောင် ဘိသေးတော့…
    အဟိ ။
    ဘာမှ လည်းမဆိုင်ဘူး ။

  • ကိုသင်း

    August 17, 2012 at 9:32 pm

    ကြောင်
    မောင်
    တောင်
    ဝရောင်

    စာကြွင်း-သူ ့လိုရေးကြည့်တာ

Leave a Reply