ဖြစ်ရလေခြင်းကွယ်။
ဖြစ်ရလေခြင်းကွယ်။
ဘတ်စ်ကားမှတ်တိုင် ရောက်တာနဲ့ အလျှဉ်းသင့်ကားရောက်လာလို့ အပြေးလေးတက်လိုက်ပါတယ်။
ဟူးးးးးးးးးးးး ။ ကားပေါ်ရောက်မှဘဲ သက်ပြင်းချရတော့တယ်လေ
မနေ ့ညက အင်တာနက်သုံးနေတာ ညည့်နက်သွားတော့ ဒီနေ ့ မနက် မနည်းကြီးကို ကုန်းရုန်းထကာ အလုပ်သွားဖို ့ပြင်ဆင်လာခဲ ့ရသည် ဖြစ်ချင်တော့ ဒီနေ ့ ရုုံးမှာ ဝါဆိုသင်္ဏန်းကပ် ရှိနေသည့်အတွက် ရှိုးကလဲ ထုတ်ခဲ ့ရသေးတာ၊ ခါတိုင်းထမင်းချိုင့်လေးနဲ့ ရုံးသွားရပေမယ့် ဒီနေ့တော့ ထမင်းချိုင် ့ကယူစရာ မလို လို ့သာ တော်သေးသည် ။ မဟုတ်လို ့ကတော့ ဒီမနက်လို နောက်ကျအိပ်ရာထမိတာနဲ့ ဆိုတော့ မလွယ်ဘူးလေ၊ အခုတောင် အပြေးအလွား ထွက်လာရပြီး ကားပေါ်ကျမှ အမောဖြေရင်း မနက်ကပြာယာခက်နေတဲ့ ကိုယ့်အဖြစ်ကိုပြန်တွေးနေမိလျှက် ဘတ်စ်ကားလေးစီးလာတာပေါ့။ ကားက လဲ မြန်လိုက် နှေးလိုက် မီးပွိုင့် မိလိုက် လူတင်လိုက်နှင့် အင်းစိန်ကထွက်လာတာ လှည်းတန်းမှတ်တိုင်ဘဲ ရှိနေသေးတယ်၊ ရုံးသွား၊ အလုပ်သွားချိန်ဆိုတော့ လူကလဲ ကြပ်လိုက်သည်မှ အလွန် ပါဘဲ ၊နေရာကလဲ မနက်ဆို ရဖို ့မလွယ် ။ ခုလဲ အနီးအနားကို ကြည့်တော့ ဘယ်သူမှ ဆင်းမဲ ့ပုံမရသေး ။ တိုးရင်းတိုးရင်းသာအထဲကို ရောက်သည် ထက်ရောက်လာရတာပါ။။
ရုံးမှာ ဝါဆိုသင်္ကန်းကပ် ဘုန်းကြီးဆွမ်းကပ်ရှိလို ့ ရှိူးထုတ်လာကာမှ ခုတော့ ကားကြပ်တာနဲ ့ကို ချွေးတွေတောင် စို့နေပြီ၊ အင်း … ပြီးတော့ မိန်ခလေး ဆိုတော့ လည်း လှချင်ကြွားချင်စိတ်လေးလည်းရှိသမို့ အမေ ့ရဲ ့ပန်းကနုတ်လေးနဲ့ရွှေ လက်ကောက်ကိုလဲ ယူဝတ်လာခဲ ့သေးတယ်လေ၊ ကားကလဲ ကြာလိုက်တာ လူတွေကြပ်လို ့မြန်မြန်ရောက်ချင်ပါတယ်ဆိုမှ စိတ်ကဘဲ လောနေလို့လား၊ ဒီမနက်ပိုင်း အရင်ရက်တွေထက် ဘတ်စ်ကားစီးရတာ ပိုကြာနေသလိုဘဲလို့ ထင်နေမိတယ်၊ အရပ်ကလည်းပုတော့ အပေါ်တန်းကို မမှီတမှီ ကိုင်ထားရတာ လက်တောင်ညောင်းနေပြီလေ။
ဟင် …………ဟင်………………ဟာ ………..လက်ကောက် ….လက်ကောက်မရှိတော့ဘူး၊ အပေါ်လက်တန်းကို ကိုင်ထားသည့်လက်မှာ ဝတ်ထားသည့် လက်ကောက်က အခုမျက်လုံးပင့်ကြည့်လိုက်တော့ မရှိတော့ဘူး၊ မနက်က သေချာဝတ်ပြီး ကိုယ့်လက် ဝင်းဝင်းလေးနဲ့လိုက်ဖက် လွန်းသည်မို ့ အမေ ့ ကိုတောင် သမီးကို ပေးဖို့ အိမ်ကထွက်ခါနီး ဝတ်ထားတာပြပြီး ချွဲခဲ့၊ ပြောခဲ့သေးတယ်၊ အခုလှမ်းကြည့်တော့ လက်ကောက်လေး မရှိတော့ပေ၊ လူလည်း ဘယ်ကနေထွက်လာသလဲမသိ ချွေးတွေကကျလာပြီ၊ စိတ်ထဲလည်း အော်လိုက်ရမလား၊ ဘာလုပ်ရမလဲ၊ ငိုချင်စိတ်တောင်ဖြစ်လာပြီ၊ မတတ်နိုင်တော့ ရှက်ရှက်နှင့်ဘဲ အော်မိလိုက်မိပြီ “ ခါးပိုက်နှိုက် ခါးပိုက်နှိုက် ရှင့်´´ “ကျမ လက်ကောက်မရှိတော့ဘူး´´“ရှာပေးကြပါအုံး၊ ရဲစခန်းမောင်းပေးပါ´´“ ကားပေါ် တက်ပြီး ကြည့်တော့ရှိသးတယ်၊ ခုလေးတင် မရှိတော့တာ´´ လို့ ဆက်တိုက်အော်နေမိပြီး အပေါ်တန်းကိုမြောက်ကိုင်ထားတဲ့လက်ကလည်း အော်ရင်းနဲ့ ပိုပြီးဆုတ်ထားမိလိုက်တယ်။ ဘေးနားက ဘတ်စ်ကားစီးခရီးသည်များ ရုတ်ရုတ်သဲသဲဖြစ်ကုန်သည်၊ ဟိုက သည်က တီးတိုးပြောသော စကားသံများစွာ ကြားလာရသည် “အလုပ်နောက်ကျတော့မှာဘဲ စိတ်ညစ်တယ်´´ ဆိုသည့်အသံများ၊“ ကလေးမလေး လက်ကောက်ဖြုတ်ခံရလို့ လုပ်ပါ ရှာပေးလိုက်ပါ´´ ဆိုတာရော၊“ ကိုယ့်ပစ္စည်းကို သေချာမကြည့်ထားဘူးလား´´ “ ဒုက္ခဘဲ ´´ ဆိုသည့်အသံများ နဲ့ အပြစ်တင်စကားရော စုံလို့ပါဘဲ၊
လူလည်းအော်ပြီးမှ ဒီလိုဖြစ်ရတယ်ဆိုပြီး ရှက်လိုက်တာ ဘာဘဲဖြစ်ဖြစ် မတတ်နို်င် နုတ်ကသာ ရဲစခန်းကို မောင်းပေးရန်တွင်တွင်သာ တောင်းဆိုနေ မိတော့ သည်၊ ပြီးတော့လည်း “ခုလေးတင်ရှိနေတာပါ၊ ဘယ်ကိုမှ ဆင်းစရာ မရှိသေးဘူး ဒီကားထဲမှာဘဲ ရှိဦးမှာ မောင်းပေးပါ ဦးလေးရယ်.. … ကူညီပါနော်၊ ကျမလက်ကောက်လေး ပါသွားတာ´´ ဆောက်တည်ရာမရ စပယ်ရာ ဦးလေးကြီးကို တိုင်တည် ပြောမိတော့သည်၊ စပယ်ယာဦးလေးကြီးက နောက်ဆုံးတော့ နီးရာ ရဲစခန်းတစ်ခုသို ့ မည်သုူ ့ကိုမှ ရပ်မပေးတော့ဘဲ မောင်းပေးဖို့ “နီးရာရဲစခန်းသာ မောင်းဆရာရေ´´ လို့ယာဉ်မောင်းကိုအော်ပြောလိုက်တာနဲ့ ဘတ်စ်ကားဟာ ပြည်လမ်းမမှာ ရန်ကုန်မြို့ထဲသို့ ဦးတည်သွားနေရာမှ နီးရာစခန်းသွားဖို့ အလုံလမ်းဘက်ကို ချိုးချမောင်းလိုက်ပါတယ်၊ စခန်းရောက်တော့ တစ်ဦးချင်းစီ တန်းစီဆင်းခိုင်းပြီး ကားပေါ်ကဆင်းတဲ့သူတွေကို တစ်ယောက်ချင်းစီ ရဲ နဲ့ ရဲမေတွေက ရှာနေပါတော့တယ်။
သူမလဲ ကားရပ်သဖြင် ့ ဆင်းရန် လက်တန်းမှလက်ကိုဖြုတ်လိုက်စဉ်-
ဟောတော့…့…
အမေ့လက်ကောက်……ဟုတ်ပ့ါ .. အစစ်ဘဲ၊
လက်ကောက်ကြီး လက်ထဲပြန်ရောက်နေလေပြီ၊
အို …
ဒါနဲ့ ကျန်လက်တဖက်နဲ့ လက်ကောက်ကို အပေါ်အောက် ရွှေ့ကြည့်မိလိုက်မှ သဘောပေါက်လာတယ်၊ လက်ကောက်က ချောင်နေပြီး အရပ်ပုတော့ မမှီတမှီ လက်တန်းကို မြှောက်ကိုင်ထားသည့်အတွက် ကားလှုပ်၊ လူကတိုးနဲ့ လက်ကောက်က တဖြေးဖြေး ဝတ်ထားတဲ့ အင်္ကျ ီလက်အတွင်းထဲကနေ လက်မောင်း လောက်ထိကို အော်တိုရောက် သွားသည်ကိုး၊ ခရီးသည် တွေက ကြပ်သမို ့ လက်ကောက် လက်မောင်းလောက်ရောက်ပြီး အသားကို ထိနေသည်ကို ပင် မသိလိုက်ခြင်းဖြစ်ပေသည်။ သွားပြီ ကွဲပါပြီ၊ ဒီတစ်ခါတော့ အရှက်လုံးလုံးကွဲပြီလို့ စိတ်မှာသိလိုက်ရတယ်ဆိုရင်ဘဲ ကားပေါ်ကဆင်းမယ်ခြေလှမ်းတွေ ပိုတောင် သွက်လာသလားထင်ရတယ်၊ ရှက်ရှက်နှင့် ကားအောက်ကို ဘယ်လို ရောက်သွားလဲတောင်မသိ၊ မြေပေါ်ခြေချမိသည်နှင့် လက်ကောက်ပျောက်သူကို ဝိုင်းကြည့်နေသည့်မျက်လုံးများကို ရင်ဆိုင်ရင်း၊ မချိသွားဖြဲ ရတော့သည်၊ အမလေး ရှက်လိုက်သည့်ဖြစ်ခြင်း၊ အငွေ ့ဖြစ်ပြီးသာ ပျောက်သွားချင်တော့သည်လေ၊ လက်ကောက်လေးမပျောက်တဲ့အကြောင်း၊ ပြန်တွေ့ပါပြီလို့ အားလုံးကို ရှစ်ခိုးမတတ်တောင်းပန်ရတော့သည်၊ အလုပ်နောက်ကျလို ့ပူညံပူညံလုပ်သူများ ၊ ရှုပ်ရန်ကောဆိုပြီး မျက်စောင်းထိုးသူများ၊ နမော်နမဲ ့ မရှပ်ပြာဆိုသော အသံများ စုံလင်နေတာကို ကျောခို်င်းပြီး စပယ်ရာနှင့် ဒရိုင်ဘာကို ကျမ ဒီမှာဘဲနေခဲ့ တော့မယ်ပြန်လိုက်တော့ဘူးလို့ မျက်နှာပူပူနဲ့ပြောပြီး ကသောကမျော နုတ်ဆက်ကာ သုတ်ချေတင် ပြေးခဲ ့ရပါတော့တယ်လေ။
ရန်ကုန်မှာဘတ်စ်ကားစီးပြီး ရန်ကုန်မြို့ထဲ အလုပ်သွားခဲ့စဉ် တစ်နေ့ မနက်ကြုံခဲ့ရတဲ့အဖြစ်လေးကို ပြန်လည်းသတိရမိသွားတာနဲ့ လက်ကောက်ပျောက်ခဲ့စဉ် ကလေးမလေးရဲ့နေရာကို ဝင်ရောက်ခံစားမိရင်း ရေးလိုက်မိတာပါလို့———-။
ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။
9 comments
ကြောင်လေး
August 17, 2012 at 12:35 pm
ကိုခရယ် ဖြစ်မှထွက်ရလေ သွားတိုက်ဆေးရယ်ဆိုသလိုပါပဲဗျာ။
မောင်ပေ
August 17, 2012 at 2:52 pm
ဥစ္စာပျောက် ငရဲရောက်တဲ့…
ကိုခင်ခရေ..ကျုပ်သာအဲ့ကောင်မလေးဖြစ်ခဲ့တဲ့ ကားပေါ်ပါခဲ့ရင်
လက်ကောက်ပြန်တွေ ့ပြီ ဟီး… လာလုပ်ရင် ဖင်တွေချည်း ပြေးကန်မိလောက်တယ်
အချိန်ကုန် အလုပ်နောက်ကြ အလုပ်ပျက်ဗျာ
P chogyi
August 17, 2012 at 3:01 pm
ရန်ကုန်မှာကားကြပ်လို့ စိတ်ရှုပ်ရတဲ့အထဲ
တော်တော်ဆိုးတယ်။
မိန်းကလေးတွေလှချင်လို့ ဝတ်တာမတတ်နိုင်ဘူး။
တတ်နိုင်သမျှတော့ ထိန်းထိန်းသိမ်းသိမ်းရှိစေချင်တယ်။
YE YINT HLAING
August 17, 2012 at 3:03 pm
ဪ — လက်ကောက် က ချိုင်းရောက်နေတာကို — ဖြစ်မှ ဖြစ်ရလေ —
ko khin kha
August 17, 2012 at 4:15 pm
အဲဒီတုံးက ကျုပ်မှာဒေါသဖြစ်လို့ မဆုံးဘူးလေ၊ ရုံးရောက်တော့ နောက်ကျလို့ အဆူကခံရသေးဗျာ။
mayjuly
August 17, 2012 at 4:28 pm
သတိမမူ ဂူမမြင်တဲ့ ..
အဲလို သတိမရှိတဲ့သူတွေကြောင့် လူအများဒုက္ခရောက်ရတာတော့ မကောင်းဘူးပေါ့ …
အလင်းဆက်
August 17, 2012 at 6:27 pm
အော်..လက်ကောက် ကလေး..ရယ်.။ အဲသလောက်ပဲ..ချောင်ရလေသလားကွယ်….
လေပြေ ရှိုင်း
August 18, 2012 at 11:24 am
လက်ကောက်မိုလို့ ချိုင်းအောက်လျှော၊
လက်စွတ်ဆိုရင် ထိုင်ခုံအောက်မျှော၊
စွဲကြိုးပြတ်ကျရင် ဒင်းတော့နော… ဒင်းတော့နော…
(တွေ့ပြီလို့တောင်အော်နိုင်ဖို့မမြင်)
ဒီကောင်မလေးက ကိုယ်နဲ့ မတန်တဲ့ ကိုယ့်အမေပစ္စည်းကိုမှ ယူဝတ်သွားတာကိုး…
တကယ်လို့များ (သုအမေက သူ့ထက်ဝရင်)…. ….ယူဝတ်မိခဲတယ်ဆိုရင်တော့ဗျာ…
ကားက ဘရိတ်အုပ် လမ်းဂျိုင့်တွေ ဖွေးဖွးလှုပ်နဲ့…. အင်း…. [ ဖြစ်ရလေခြင်းကွယ်….] ၃ ခေါက်ဆို..
laypai
August 18, 2012 at 3:28 pm
အရပ်ကလည်းပုတော့ အပေါ်တန်းကို မမှီတမှီ ကိုင်ထားရတာ လက်တောင်ညောင်းနေပြီလေ။
ဟင် …………ဟင်………………ဟာ ………..လက်ကောက် ….လက်ကောက်မရှိတော့ဘူး၊
အဲဒီ ထဲ က လက်ကောက် က ဂျိုင်း ဆင်းကပ်နေဖြစ် မယ် လို့ တွေး ထားတာ။
ပို့စ် ဆုံးတဲ့ အထိ အားပေး ဖတ်ရှု သွားတယ် နော်။