Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ငဆန်နီရေဒီယို

SonnyAugust 17, 20121min72725

မင်္ဂလာရှိသောဂေဇတ်သူသားများနှုတ်ခွန်းဆက်ပါ၏။

ငဆန်နီနည်းနည်းရေးပါရစေ။

“ငဆန်နီရေဒီယိုသီတင်းမှတ်စု”

အိုဘားမာကတော့ အိုဟိုင်းရိုး ပြည်နယ်ဈေးရောင်းပွဲ (ကားပြိုင်ကွင်းနားမှာ) Ohio State Fair ပရိတ်သတ်တစ်ယောက်ကသူ့ကို

Smoothie ဖျော်ရည်တစ်ခွက် ပေး တော့ သူပြောတဲ့စကားလေးေကောင်းလိုက်တာ။

“Smoothie sounds OK, but a beer sounds better.” တဲ့။

“သစ်သီးဖျော်ရည်ကတော့ကောင်းမယ့်ပုံပါကွာ ဒါပေမဲ့ ဘီယာတစ်ခွက်ကပိုကောင်းမယ်ထင်တယ်တဲ့…” (သူများသမ္မတများခိုးပြီးဘီယာမသောက်ဘူးနော်ပြောင်လုပ်တာ)

 

ဘီယာရောင်းတဲ့ဆိုင်လေးထဲဝင်သွားပြီး

ဘီယာဆိုင်လေးက အမေရိက ထောက်လမ်းရေးတွေက သဘောလောက်ပဲလုံခြုံရေးအရ ရှင်းထားတာတဲ့ partially cleared out by the US Secret Service လို့ရေးထားတယ်

(..အင်း ဒီမှာတော့ ကြက်တူရွေးကတော်တော်မယ်ဘော်ကကဲပါ။ မလာသေးဘူး မဝင် ရ ဆိုင်းဘုတ်က အရင်ရောက်တော့တာပဲ…..ကျူံးဘေး ဆိုင်ဘုတ်လေး တင်တာတောင် လမ်းပိတ်တယ်ဗျ..ကြုံဘူးကြမှာပါ ၂၆ လမ်းနဲ့ ၇၈ ထောင့်လေ..မန်းလေးနော်..)

ဘီယာဆိုင်လေးနားမှာ သူ့ပရိတ်သတ်က ကြွေးကြော်သံပြိုင် အော်ကြတယ် “Four more beers!!!” တဲ့ အဓ္ဓိပါယ်ကတော့

“Four more years!!!” ဆိုတဲ့သဘောပါ။

 

“ဘီယာလည်းလေးခွက်ထပ်သောကပါဦး

နောက်ထပ်လည်းလေးနှစ်အုပ်ချူပ်ပါဦး”

လို့ သံပြိုင်အားပေးကြတာပါ။

 

( ကျနော်တို့ ၂၀၁၅ ကျ ရင်တော့ ရွေးကောက်ပွဲ မဲဆွယ်ပွဲနားနီးရင်

..ဘယ်လိုအော်ရပါ…..စဉ်းစားပေးကြပါအုံး…ဒါနဲ့ဘဘ အိုသိန်းစိန်(ယောင်လို့နော်ဦးသိန်စိန်လို့ပြောတာ)

ဘီယာသောက်လားမသိဘူးနော်…)

 

နောက်သူကဘီယာဆယ်ခွက်စာလောက် အားပေးတဲ့သူတွေကိုသူပိုက်ဆံအိတ်

ထဲကပိုက်ဆံ နှိုက်ပြီးဝယ်ပေးရင်း

(offering to buy 10 of them beer tickets from his own billfold)

ပြောလိုက်ပုံက

 

“Hey, everyone

Who’s over 21, you got to buy a beer!” လို့အော်ပြောပါတယ်။

 

“ဟေး အားလုံးနော်..အသက်၂၁ ကျော်မှဘီယာ ဝယ်သောက်လို့ရမယ်နော်”

လို့သတိလည်းပေးရင် ဘီယာ လည်းဝယ်ပေးရင်း ပြောလိုက်ပါတယ်။

 

အသေးအမွှားကိစ္စလေးပါ။ ဒါပေမဲ့ အမေစု ပြောတဲ့ Rule of Law ဥပဒေစိုးမိုးရေး

ဆိုတာ အဲဒါ မျိုးပါ။ ( အင်း..ကျနော်တို့တိုင်းပြည်များ ၂၁ အောက်တွေ ဘီယာဆိုင်မှာ ခြေချင်းလိမ်နေကြပါတယ် အရက်ဆိုင်ဘီယာဆိုင်လည်းပေါမှပေါ။ သောက်ရပါတယ် ဆယ်ကျော်သက်အောက်တွေတော့ မရေားင်းရ ဥပေဒထုတ်သင့်ပါပြီ။ရောင်းသူတွေ့သေဒဏ်ပေါ့။ ၂၁ အောက် သောက်သူတွေ့ ပြစ်ဒဏ်ပေးပေါ့)

(နောက်တစ်ခုတွေးမိတာက အိုဘားမား က အားပေးတဲ့သူတွေကိုသူ့ပိုက်ဆံအိတ်

ထဲကပိုက်ဆံ နှိုက်ပြီးဝယ်ပေးရင်း (from his billfold)

ဆိုတဲ့ကိစ္စပဲ..သေချာတယ် အိုဘားမာ ကိုယ့်လခကို်ယ်သုံးတာဗျ)

 

နေဦးဗျ..အနိ္ဒယသမတဟောင်းတစ်ယောက်က (သိပ္ပံပညာရှင် ဂြိုလ်တု ပညာရှင်)သူသမ္မတ ဖြစ်ပြီး သမ္မတအိမ်တော်ကိုလာတော့သေတ္တာလေးနှစ်လုံးကို စာအုပ်တွေအပြည့်နဲ့

တက်လာတာတဲ့ (သက်တမ်းကုန်)ပြန်သွားလည်းဒီသေတ္တာလေး နှစ်လုံးပဲပါသွားတယ်တဲ့။

သမ္မတဖြစ်ချင်းက သူ့ဘဝကိုမပြောင်းလဲနိုင်ပါဘူး

လို့ပြောသွားသေးတယ်တဲ့။

 

(အင်း..ဒီမှာတော့  မရွှေ့ပြောင်းနိုင်သော ရွှေ့ပြောင်းနိုင်သော ပစ္စည်း များ မည်မျှချမ်းသာကြောင်း လွှတ်တော် တင်ပြရမည် ဆိုတဲ့အဆို ကို မဲ အပြတ်အသတ်နဲ့ ရှုံးသွားတယ်တဲ့။ ဒီလိုတင်ပြဖို့ အချိန်ယူ ရဦးမယ်တဲ့။)

 

အချိန်ယူဖို့ဆိုတာ.. သိမ်း ဖို့ ဆည်း ဖို့ ထုုတ်ဖို့ ဖွက် ဖို့ များ အချိန်ယူကြမလို့များလား…တွေးမိပြန်ရော

အင်းလေ ငဆန်နီ ဉာဏ်မမှိ တာနေမှာပါ……….

 

ဗဟုသုတနော် ဒီသတင်းတွေကို Obama Booze Strategy (အိုဘားမာ ဘီယာ မယ်ဆွယ်နည်းလမ်းပေါ့) လို့ခေါ်တယ်တဲ့

 

ချစ်ခြင်းအားဖြင့်…ကိုဆန်နီ…..

Time US Specials သီတင်းများမှ ကို်းကား

အိုဘားမားဘီယာဝယ်လာစဉ် ဘီယာအမျိုးအစားက Bud Light တဲ့

 

ဒီပုံက မန်းလေးက ကျူရှင် သင်တန်းမဟုတ်ဘူးနော်  အဲဒါ ဘီအီး ရောင်းတဲ့ဆိုင် ငဆန်နီ ခိုးရိုက်ထားတာ အဲဒါသာကြည့်ပါ။ အရက်အဆီတွေကို စပ်ပြီးရောင်းတာဗျာ. အရမ်းကိုစည်ကားတဲ့ဆိုင်လေးဗျာ.တော်တော်သောက်သူများတယ်။  ဆိုင်ကတော့စီးပွားရေးဆိုတော့ရောင်းမှာပဲ။ ငယ်ရွယ်သူတွေအများကြီးပါတယ်။ ညစဉ်စဉ်တွေ့နေရတယ်။

 

25 comments

  • Sonny

    August 17, 2012 at 1:20 pm

    မိတ်ဆွေများ
    ဘီယာလေးခွက်ထပ်”သောက”ပါဦးလို့ရေးမိပါတယ်
    ဘီယာလေးခွက်ထပ်သောက်ပါ ဦးလို့ပြင် ဆင်ဖတ်ရှု့ပေးပါ။
    ချစ်ခြင်းအားဖြင့်..ကိုဆန်နီ….

  • မောင်ပေ

    August 17, 2012 at 1:37 pm

    မင်္ဂလာပါ ကိုဆန်နီရေ
    ညီငယ်မောင်ပေလဲ ၊ အဲဒီကိုဆန်နီ ပြောတဲ့ အရက်အဆီများကို ရောချင်တဲ့အချိုးနဲ ့ရောရောင်းနေကြတဲ့ ဘီအီးမန်းဘဝမှာ ၂၀၀၃-၂၀၀၄ တုန်းက တစ်နှစ်လောက် ကျင်လည်ခဲ့ဖူးပါတယ် ။
    ကျွန်တော်ထိုင်ခဲ့တဲ့ဆိုင်ကတော့ ၃အချိုး၁ ဆိုလားပဲဗျ ၊ သောက်ရတဲ့အရသာကတော့ ဘီအီးဆိုင်တွေထဲမှာ နာမည်နဲနဲကြီးတဲ့ဆိုင်ပေါ့ဗျာ
    ဘီအီးဆိုတဲ့အမျိုးက အချိုရည်တွေဘာတွေလဲ ရောစရာမလို ၊ သူနဲ ့တွဲဖက်စရာအမြည်းတွေကလဲ .. အောင်မယ် စားသောက်ဆိုင်ကြီးတွေမှာ သိပ်မရနိုင်တဲ့အမြည်းလေးတွေနဲ ့ဗျ … ပဲလှော်ကြော်သုပ် ၊ ဆိတ်သည်းကြော် ၊ ဝက်အူချောင်းကြော် ၊ ဆိတ်သား အမဲသားကြော် ၊ ဆိတ်ရိုးကုလားပဲဟင်း ၊ ငါးဖောင်ရိုးခြောက်ကြော် ၊ ရာပြည့်ကြော် ၊ ငါးရှည့်ထောင်းချဉ်စပ်ကြော် ၊ ဖားကြော် ၊ မြေပဲဆားလှော် ၊ တစ်ချို ့ဆိုင်တွေက နှမ်းဖတ်ချဉ် တစ်ချို ့ဆိုင်တွေက ချည်ရေဟင်း တစ်ခွက် အလကားပေးသေးတာဗျာ
    ကျွန်တော်ဘီအီးမန်းဖြစ်တဲ့အချိန်တုန်းကဗျာ ပိုက်ဆံတစ်ထောင်ရှိရင်ကို ဘီအီး၂လုံးလောက်နဲ ့အမြည်း၃မျိုးလောက်ရယ် စီးကရက်၄လိပ်လောက်ရယ် ကောင်းကောင်းကြီးရတာဆိုတော့ ဘီယာဆိုင်သိပ်မသွားဖြစ်တော့ပဲ ၊ ပိုက်ဆံ များသည်ဖြစ်စေ နဲသည်ဖြစ်စေ ဘီအီးဆိုင်မှာချည်းပဲ …
    တစ်နှစ်လောက်လဲနေရော… မျက်နှာကြီး ဖောအမ်းလာတာကို ကိုယ့်ဘာသာကိုုယ်ပြန်သိတဲ့အချိန်ကြမှ ဒီတစ်သက်ဘီအီးလုံးဝမသောက်တော့ဘူးဆိုပြီး ဘီအီးလောက ကနေ မနဲထွက်လာခဲ့ရတာကလား
    ဘီအီးလောကတုန်းမှာ တွဲသောက်ဖော်သောက်ဖက်တွေဖြစ်ခဲ့တဲ့ လိုင်းကားဒရိုက်ဘာတွေ ၊ စပါယ်ယာတွေလဲ အခုမရှိကြတော့တာများပါတယ် ( ရှောကုန်ကြတာ )
    ၂၀၁၁ကစပြီးလား ၂၀၁၂ကစပြီးလား အတိအကျမမှတ်မိပါ ။ ယစ်မျိုးလိုင်စင်/အရက်ရောင်းခွင့် လိုင်စင်အသစ်ထပ်မပေးတော့ဘူး လို ့သိခဲ့ရပေမယ့် ၊ ဆိုင်အသစ်တွေကတော့ ထပ်ထပ်မြင်နေရစဲပါပဲ
    ကိုဆန်နီရေ ပေနဲနဲရှည်သွားတာ ခွင့်လွှတ်ပါဗျာ
    ကျန်းမာပါစေ ချမ်းသာပါစေ ဒီဝါကျွတ်မှာ ကျွန်တော်တို ့စားရပါစေဗျား

    • Shwe Ei

      August 17, 2012 at 2:01 pm

      ဘီအီးက ဘာတွေနဲ့ရောစပ်ချက်လုပ်လို့ မျက်နှာကြီးဖောလာရတာတဲ့လဲ ကပေ။ အကျယ်သိရင် မိန့်တော်မူပါအုံး။ ဗဟုနဲ့ သုတ ရတာပေါ့။ 😀

      • မောင်ပေ

        August 17, 2012 at 7:43 pm

        ကျွန်တော်သိထားတာကတော့ နဲနဲလေးပဲမို ့
        ပိုသိတဲ့ ရွာသူားများက ဝင်ပြီး ရှင်းပြကြပါလိမ့်မယ်ဗျား

    • Sonny

      August 17, 2012 at 9:12 pm

      ညီလေးမောင်ပေ
      ပထမဆုံးလာမန်းလို့ကျေးဇူတင်ပါတယ်ကွာ
      ဘီစီရွေးလိုက်တယ်နော် ဘီအီးတော့မရွေးဘူးကွ
      ညီလေး ရေးတဲ့ အမြည်းတွေကစုံသကွ ရေးတတ်ပါပေတယ်
      ညီလေးဘောဘွဲတွေမနက်ဖြန်စမယ်နော်
      ညီလေးရေ တကယ် ကျေးဇူးတင်တယ်နော်
      ကိုယ်လည်းဘီယာတော့သောက်ပါတယ် အရက်လည်းနည်းနည်းသောက်တယ်
      တစ်ခုက မူးရင်ကြောက်တတ်တယ် မမူးရင် လုံးဝမကြောက်တတ်ဘူး
      ညီလေးပိုစ်တွေများပြီနော်
      ကျန်းမာပါစေကွာ
      ချစ်ခြင်းအားဖြင့် ..ကိုဆန်နီ

      • မောင်ပေ

        August 17, 2012 at 9:47 pm

        တင့်ခရု ဗဲရီးမက်ချ် ပါ ကိုဆန်နီရေ
        ဝါကျွတ်ချိန်ကြမှ တစ်ရက်လောက် ဆုံကြသေးတာပေါ့ဗျာ
        အနော့်ကို ဘက်စ်ကွန်မင့်ရွေးပေးလို ့အရမ်းကျေးဇူးတင်ပါတယ်ခင်ဗျား
        လေးစားစွာဖြင့်
        မောင်ပေ ( ၂၀၀၃-၂၀၀၄ ဘီအီးမန်း)

        • Sonny

          August 18, 2012 at 2:23 pm

          မောင်ပေ
          ဘီအီးဝေးဝေးရှောင်တော့နော်
          ဘီယာနဲနဲသောက်ပေါ့
          ဘောပွဲလည်းရှော့ကွ
          ဆုံကြတာပေါ့ကွ အားရင်ပေါ့လေ
          ချစ်ခြင်းအားဖြင့် ကိုဆန်နီ

    • R Ga

      August 18, 2012 at 3:43 pm

      ကိုပေပြောမှ တွေးမိတယ်။ ကျွန်တော်ရဲ့ ငယ်ဆရာက ဘီအီးဗျ။ ကျွန်တော် အရက်စသောက်တတ်တာက အိမ်ကမိဘတွေက ဝန်ထမ်းတွေဖြစ်တဲ့အလျောက် သူတို့ ကရုံးသွားနေတဲ့အချိန်မှာ ကျွန်တော်သောက်မိတာပဲ။ မှတ်မှတ်ရရ ရ တန်း ဂတန်း ကျောင်းသားဘဝ လောက်တုန်းကဖြစ်မယ်ထင်တယ်။ ကျောင်းက နေလည် လွတ်တဲ့ကျောင်းဆိုတော့ အိမ်ပြန်ရင် အိမ်မှာ ဘယ်သူ မှ မရှိ အဲဒီမှာ အတတ်ဆန်းချင်တဲ့ င အာဂ ကလည်း အိမ်က ယတြာချေတာလားဘာလားတော့မသိဘူး ပုလင်းအစိမ်းရောင်ထဲ ကျောက်စလစ် ခဲ့ ကိုးခဲထည့်။ရေအနည်းငယ် ဘီအီအရက် အနည်းငယ်ထည့်ပြီး နှင်းဆီပန်းကိုးပွင့် ထည့်ထားရတယ်။ တစ်ပါတ်တခါလဲပေးရတယ်။ လာဘ် ရွှင်ဆိုလားမသိဘူး ။ အဲဒီပုလင်းထဲက ဘီအီးရေရောပြီးသား ကိုရေထပ်ရောရင် တစ်ယောက်တည်း စည်းစိမ်ရစ်ရာက စတယ်လို့ပြောရမလိုပဲဗျ။

      မကွေးမှာတော့ ဘီအီးကို အရောအစပ်ကောင်းတဲ့ဆိုင်တစ်ဆိုင်မှာသောက်ဖူးတယ်။ ဘာလဲ ဘီကရင် (ဘီအီးကရင်ဆော်ဒါ)။ဘီလိမ္မော်။စသဖြင့်…။နောက်ရန်ကုန်မှာတော့ ၄၂လမ်း(ဘီအီးလမ်းလိုဆိုရမလိုပါပဲ)အဲဒီက စပ်ဘီအီးနဲ့ လက်ဖက်သား အရမ်းမိုက်တယ်။နောက် လမ်း ၃ဝ အောက်ဘလောက်က ချမ်းသာ ဘီအီးဘီယာဆိုင်လည်းမိုက်တယ်။
      ပြောရင်နဲ့တောင် သရေယိုလာပြီဗျာ။

      • Sonny

        August 18, 2012 at 7:17 pm

        ကိုအာဂ
        ကျနော်တို့ငယ်ငယ်က ဘီအီးဆိုင်တွေက
        အရက်ဖြူ ဆိုင်အမှတ်( ) တွေနဲ့
        ကျနော်သိသလောက်အမှတ် ( ၂၁ ) ထိရှိဘူးတယ်။
        ဒါပေမဲ့ ကျနော်တို့ငယ်ငယ် ကအဲလိုဆိုင်ထဲဝင် ရင် လူကြီးတွေက ငေါက်လွှတ်တယ်
        ငါတို့ပဲသောက်မယ် မင်းတို့ဝေးဝေးနေမကောင်းဘူးပေါ့။ အခု လူကြီးတွေက လူငယ်တွေကို
        မဆူကြတော့ဘူး။ အစိုးရက အရက်ဆိုင်နဲ့ဘီယာဆိုင်များများဖွင့်ခွင့်ပေးထားတယ်။ အခွန်များများရအောင်နေမှာပေါ့။ လူငယ်တွေပျက်တာမစဉ်းစားဘူး။ လူငယ်တွေကို ဥပဒေနဲ့တားရမယ်။
        အင်းလေ ကျောင်းသားလေးတွေ လူငယ်တွေ ဆုံးရှုံးမှာ စိုးပါတယ်။
        ချစ်ခြင်းအားဖြင့်..ကိုဆန်နီ

    • Sonny

      August 17, 2012 at 9:23 pm

      ကိုပေါက်မင်္ဂလာပါ
      ကလေးရောင်းစရာမလိုဘူးလေ
      သားသမီးချင်းကိုယ်ချင်းစာပေါ့နော်….
      ကလေးတွေက ကွိုင်ရင်လည်း..ကွိုင်တဲ့ကလေးကို..
      တရားဥပဒေအကြောင်းမိဘပါအသိ
      ပေးပြီး ပညာပေးရမယ်။ဒါမကျနော်တို့နိုင်ငံတိုးတက်မှာ…အနာဂါတ်အတွက်ပါလေ
      ကွိုင်ရင်..တရားဥပဒေစိုးမိုးအောင်လုပ်ရမှာပဲလေ..နော်….
      ကလေးထောင်ထားရမယ်..နိုင်ငံတစ်ခုမှာ ကျောင်းသားပထမတစ်ခါကျောင်းလစ်ရင် သူ့ကို
      ဆူတယ်..ဒုတယတစ်ခါ ကျောင်းလစ်ရင် မိဘကို ထောင်ဒဏ်အသေးစားပေးတယ်
      တတိယတစ်ခါတော့ကျောင်းထုတ်ပစ်တယ်။ ချာစ်ရဲ့သား တစ်ခါ မှုးယစ်ဆေးသောက်လို့
      ချားစ်ကိုယ်တိုင် rehabilitation center ကို ပို့လိုက်တယ်…မြန်မာနိုင်ငံမှာတော့ငှက်အော်စန်းဆိုလားပဲ။
      ကိုပေါက်ကျန်းမာပါစေ
      ချစ်ခြင်းအားဖြင့်..ကိုဆန်နီ…..

    • Sonny

      August 17, 2012 at 9:26 pm

      ဘယ်နယ်လည်းနာဂရချစ်သူရေ
      ဒါကမန်းလေးမှာဖြစ်နေတာ
      မန်းလေးမြို့သစ်ဘက်မှာဆိုပိုဆိုးနေတယ်
      ဘီးအီးရော..စုံလို့..
      ဝိုင်းရိုက်လောက်အောင်ကိုသောင်းကျန်းနေကြပြီ…
      ကျန်းမာပါစေ
      ချစ်ခြင်းအားဖြင့်…ကိုဆန်နီ….

  • ကြောင်လေး

    August 17, 2012 at 7:35 pm

    ” နောက်သူကဘီယာဆယ်ခွက်စာလောက် အားပေးတဲ့သူတွေကို”သူပိုက်ဆံအိတ်
    ထဲကပိုက်ဆံ နှိုက်ပြီးဝယ်ပေးရင်း””
    “(နောက်တစ်ခုတွေးမိတာက အိုဘားမား က အားပေးတဲ့သူတွေကို”သူ့ပိုက်ဆံအိတ်
    ထဲကပိုက်ဆံ နှိုက်ပြီးဝယ်ပေးရင်း “”

    • Sonny

      August 17, 2012 at 9:30 pm

      ကြောင်လေးရေ
      ကိုယ် ညီလေး လား ကိုလေးလား မခေါ်တတ်ဘူး
      ပြောတဲ့ဆိုလိုရင်းကိုနားမလည်းဘူးကွ
      ကျေးဇူးနော်
      ကျန်းမာပါစေ
      ချစ်ခြင်းအားဖြင့်..ကိုဆန်နီ….

  • ကြောင်လေး

    August 17, 2012 at 9:50 pm

    အော် အကိုဆန်နီရေ အိုဘားမားကြီးက သူ့အိတ်ထဲက ပိုက်ဆံထုတ်သုံးတယ်ဆိုလို့ သဘောကျလို့ပါ။
    ကွာတာပြောပါတယ်။

    • Sonny

      August 18, 2012 at 2:31 pm

      ကျေးဇူးပါကြောင်လေး
      သူတို့ခေါင်းဆောင်တွေက ပွင့်လင်းတယ် ထင်သာမြင်သာရှိတယ်
      ွှtransparancy ရှိတယ်
      လိမ်လည်းသိဝံခံ တယ်
      မလိမ်လည်းသိ ကြတယ်
      ဲပြည်သူကို ပြောင်အသိပေးချင်းပဲ။
      ချစ်ခြင်းအားဖြင့်…ကိုဆန်နီ

  • kai

    August 18, 2012 at 1:32 am

    အခုစာတွေကို.. တကယ်ကိုပဲ..ရေဒီယိုလို.. အသံသွင်းပြီးလွှတ်ထည့်လိုက်ရင်.. တော်တော်ကောင်းမယ်..
    လုပ်ကြည့်ရမလား.. လုပ်ပေးကြမလား.. 🙂

    • pooch

      August 18, 2012 at 2:13 am

      လုပ်လိုက်လေ သူကြီး ကြာသလားလို့ 😀

      ကိုဆန်နီရေ သူကြီးအက်ကြောင်းထပ်နေတဲ့ လူဆိုတာကြောင့်ပါ ။
      ကျမတို့ ကိုယ်တိုင်က စပြင်မှ ရမှာလေ။ နောက်မျိုးဆက်အတွက် ကောင်းသောအကြောင်းတွေ လက်ဆင့်ကမ်းဖို့ မျှော်လင့်ကြတာပေါ့။
      ဒီနေ့ပဲ စပြင်လိုက်ရအောင်ပါ။

      • kai

        August 18, 2012 at 3:34 am

        တကယ်စိတ်ဝင်စားရင်..
        http://kyaymon.com
        မှာ အသံသွင်းပြီး… (ဝါသနာပါရင်). နဲ့ဗီဒီယိုပါရိုက်ပြီး.. တင်လို့ရအောင်လုပ်ထားပါတယ်..
        Bandwidth တွေအများကြီးဝယ်ထားတာ.. သုံးမဲ့သူမရှိလို့.. 😕

        ဆိုတော့..
        အသံသွင်းပြီးရင်… kai@myanmargazette.net ကိုပို့စေချင်ကြောင်း.. 🙂
        တကယ်ပြောတာ..

      • Sonny

        August 18, 2012 at 2:49 pm

        Pooch
        မင်္ဂလာပါ
        ွွှှTango Software ဒေါင်းလိုက် ကောင်းတယ်
        ကျန်းမာပါစေကြောင်း
        ချစ်ခြင်းအားဖြင့်…ကိုဆန်နီ

    • Sonny

      August 18, 2012 at 2:34 pm

      ကိုခိုင်ရေ
      မင်္ဂလာပါနော်
      အခု ဒီမှာ ဖုန်းက software က compatible ဖြစ်ရင် Tango ဆိုတဲ့ ဒေါင်းလုပ်
      လုပ်ပြီး video message ပို့လို့ရပြီ။ ကျနော်စမ်းကြည့်ပြီးပြီ။
      Short Range recording လုပ်လို့ရတယ်
      Take care and good luck
      ချစ်ခြင်းအားဖြင့်…ကိုဆန်နီ….

      • kai

        August 18, 2012 at 2:41 pm

        မင်္ဂလာပါခင်ဗျား…
        ကိုဆန်နီလည်း.. အသံလေးဘာလေးသွင်းပြီး.. ဆန်နီရေဒီယိုလုပ်ကြည့်ပါလား..
        အလေ့အကျင့်လေးရတာပေါ့..

        ပြောမရ..
        မန္တလေးမှာ.. FM ရေဒီယိုလာလုပ်ချင်လုပ်ဖြစ်မှာနော…
        ယူအက်စ်က.. တယောက်ယောက်ပေါ့..
        မြန်မာပြည်လို.. ကျယ်တဲ့တိုင်းပြည်က.. ရေဒီယိုလိုင်းတွေ.. ခေတ်စားလာမှာ.. သေချာပါတယ်..

        • မောင်ပေ

          August 18, 2012 at 2:47 pm

          မန်းတလေးကို လာပြီး မန်းတလေးဂေဇက် အက်ဖ်အမ် ဆိုပြီး သဂျီးကိုယ်တိုင် လုပ်ဗျာ
          သဂျီးက ရုပ်ကလဲ ရှိပြီးသား ဆိုတော့… ပြောမရဘူး
          မဟာနှုတ်ခမ်းမွှေးနဲ ့ဝင်းဦးလိုမျိုး စာရေးဆရာ ရုပ်ရှင်သရုပ်ဆောင် အဆိုတော် အဖြစ် မြင်ရဖို ့စောင့်နေမယ်ဗျို ့
          🙂

        • Sonny

          August 18, 2012 at 2:53 pm

          ကိုခိုင်ရေ..
          Mandalay Fm
          ပတ္တမြား Fm
          ချယ်ရီ Fm တော်တော်လေးရှိနေပြီ။
          ငဆန်နီအသံ ကသာယာဘွယ်မရှိလို့ အသံမသွင်းပါရစေနဲ့။
          မောင်ပေကအသံကောင်းမဲ့ပုံရှိတယ်။
          ချစ်ခြင်းအားဖြင့်…ကိုဆန်နီ…

Leave a Reply