Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ယနေ့ မွေးနေ့ရှင်ရွာသူမလေးအတွက်လက်ဆောင်?????????????????????????

 

1 GOLD rays of sun in the morening

 

ဒီနေ့ကျနော်တို့ရွာသူညီမလေးတစ်ယောက်ရဲ့မွေးနေ့ဆိုတာ အမှတ်မထင်သိလိုက်ရပါတယ်။

ဘယ်သူလဲဆိုတော့  စကားထာဖွက်မယ်ဗျာ.

ေ ရွှ ရောင်နဲ့ဆင်တူတဲ့အလင်းတန်းတွေဖြာနေတဲ့နံနက်ခင်းပုံလေးကို မထင်မှတ်ဘဲရခဲ့ပါဘတယ်။

2 ကြည်လင်သောနေ့တစ်နေ့က မန်းလေးကျုံးရေပြင်နဲ့နန်းတော်
 

ကြည် လင်နေတဲ့ ကောင်းကင် ပြာလွင်တဲ့တိမ်တိုက် နောက်ခံနဲ့မန်းလေးကျုံးနဲ့မြို့ရိုးပုံလေးက တော့မနေ့မနက်ကရပါတယ်.

 

ဒီပုံလေးတွေကို နက်ဖြန်မွေးနေ့ရှင်အတွက် လက်ဆောင်ပေးလိုက်ပါတယ်။

ကဲ မွေးနေ့ရှင်ဘယ်သူလဲဆိုတာကိုတော့ဖြေကြည့်စေချင်ပါတယ်။

 

နံနက်ခင်းလင်းစက ပြည်ကြီးမွန်
စာလုံ့းတွေထဲမှာအဖြေရှိပါတယ်။

အဖြေမှန်သူကိုလည်း ဓါတ်ပုံလှလှလေးတစ်ပုံလက်ဆောင်ပေးပါမည်။

KYI lin thaw yay pyin ka tain ah yate
ခင်သော

ကိုပေါက်

 

 

51 comments

  • ကိုရင်မောင်

    August 18, 2012 at 9:12 am

    ဆရာပေါက်ရေ ရွှေကြည် လို့ထင်ပါတယ်….
    ကဲ ကဲ ယနေ့ မွေးနေ့မှ နှစ်ပေါင်းများစွာ ပျော်ရွင်သောမွေးနေ့ပေါင်းများစွာ
    ဖြတ်သန်းနိုင်ပါစေဗျာ………….

  • မဟာရာဇာ အံစာတုံး

    August 18, 2012 at 9:16 am

    အဟဲ ..
    ကိုရင်မောင် ပြောတာ ဟုတ်တယ် ..
    မရွှေကြည် ဘာဘဲ ..
    မရွှေကြည်ခင်ဗျာ ..
    ယနေ့မှစ နှစ်များစွာတိုင်အောင် အောင်မြင်တဲ့ခရီးကို
    လျှောက်လှမ်းနိုင်ပါစေလို့ ..
    ပီးဒေါ့ .. အပျိုကြီးဘဝကလည်း အမြန်ဆုံး ကျွတ်ပါစေလို့ .. အဟိ .. 😀

    • မဟာရာဇာ အံစာတုံး

      August 18, 2012 at 9:35 am

      ဖေဂျီးရေ …

      မရွှေကြည် ..၊ အပျိုကြီး …
      အသက် ၂၈ နှစ်ပါလို့ ..
      ကျနော် ရေးသားခဲ့ဖူးတဲ့ “ဂေဇက် မန်ဘာများစာရင်း” မှာ ပြောခဲ့ဖူးတယ်ဗျ ..
      ဒါကြောင့်ဘာ …
      http://myanmargazette.net/105066/mandalay-gazette-2/editors-notes-announcements-letters-to-the-editor

      • ဥဥ

        August 18, 2012 at 11:14 am

        ဟယ်……… (အားရဝမ်းသာ အမောဒကောပြေးလာသံ) :mrgreen:

  • ko khin kha

    August 18, 2012 at 9:46 am

    မရွှေကြည်၏ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ၊
    ရတုအဆက်ဆက် ကျော်ဖြတ်ရင်း၊
    ဆန္ဒမွန်များပြည့်ဝစေကြောင်း
    ဆုတွေတောင်းလျှက်—-။
    Happy Birthday ပါလို့။

  • P chogyi

    August 18, 2012 at 9:47 am

    ကိုပေါက်ရေ
    နံပါတ်(၂)ပုံကြိုက်လို့ ကူးသွားပါတယ်။

  • lynn lynn

    August 18, 2012 at 9:55 am

    Happy Birthday ပါ ညီမလေးရွှေကြည်။ မွေးနေ့မှာ ပျော်ရွှင်ပါစေ။ အမတွေကိုလည်း မုန့်အများကြီးကျွေးနိုင်ပါစေ။

  • MaMa

    August 18, 2012 at 10:36 am

    မရွှေကြည်လေးရဲ့ ယနေ့ကျရောက်သော မွေးနေ့မှသည် မင်္ဂလာအပေါင်းခညောင်းပြီး ဘဝတလျှောက် ချမ်းမြေ့သာယာခြင်းများနှင့် ပြည့်စုံလို့ ရွှေ အဆင်းလို ကြည် လင်ဝင်းလက် နိုင်ပါစေ။
    ချစ်မမ
    [:)]

    _________________________
    I added cool smileys to this message… if you don’t see them go to: http://s.exps.me

  • Novy

    August 18, 2012 at 10:49 am

    ရွှေ လိုတောက်ပ
    ကြည် လင်လှတဲ့
    ဘဝဆုတောင်းတွေ
    မတပဲနှင့်ရပါစေ

  • မောင်ပေ

    August 18, 2012 at 11:10 am

    ရွှေကြည် ငွေစည်
    နေခြည် ဝေသည်
    ပေအတည်
    မေတ္တာပို့ဆုတောင်းပါသည်

  • ကြောင်ကြီး

    August 18, 2012 at 11:36 am

    ရွှေကြည့်ကိုယ်စား ကိုကိုကြောင်ကြီးမှ သတိတရ ပို့စ်တင်ပေးသူ ဦးပေါက်နှင့်တကွ နှုတ်ခွန်းဆက်သူ ရွာသူားအားလုံးကို အထူးကျေးဇူး တင်ရှိပါဂျောင်း မှတ်တမ်းတင်ပါသည်။ ကျနော် ကျမတို့၏ မင်္ဂလာ…. အဲဒါတော့ သူ့သာမေးကြည့် ဂျပါတော့ဗျာ။ 😳

  • လေပြေ ရှိုင်း

    August 18, 2012 at 11:48 am

    မုန့်ရွှေကြည်
    ကျုံးတော်မဟီ မြနန်း
    အပျိုကြီး ဖြစ်ပါသတဲ့
    ရွန်းရွန်းဝေအံ့မခန်းအောင်
    မွေးနေ့မှာတမ်း၊….
    ‘” ယနေ့မှ နောက်၂နှစ်အတွင်း(၂နောက် သုံညမဖြည့်ရ) အပျိုကြီးစာရင်းကိုပယ်ဖြတ်နိုင်သည်ဖြစ်သမို့ ရွှေကြည်ရတနာ ချိန်ခါ မကျော်ခင် (မိဘတို့ ဝတ္တရားရှိသည့်အတိုင်း)
    မြို့တော်ဝန်ကို အကြောင်းကြား ကရဝိတ်ကိုလဲငှားပြီးလျှင် ပိတ်ဖဲပိုးဂတီဘာနဲ့ ရွှေပွဲလာ ပရိတ်သတ်ရွာသားတွေကို ဖိတ်ဖတ်ကာ တဝကျွေး ပရိတ်သတ်ရေ…. မွေးနေ့ပွဲလော… ဘာပွဲလော… ရွှေကြည်ဖြစ်ချင်သော ပွဲလေးကို ဖြစ်ပါစေသတည်း (နတ်ပွဲမပါ)…. ”
    အဲဒီလိုမြင်ချင်ပါ၏… ဝါကြောတွေ့ချင်ပါ၏လို့ တိုက်တွန်း…..လျှက်……

  • etone

    August 18, 2012 at 11:59 am

    ပျော်ရွှင်ဖွယ်ရာမွေးနေ့ ဖြစ်ပါစေ မရွှေကြည်ရေ ။
    ဒီနှစ်မွေးနေ့သည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ၊ မိသားစုနဲ့အတူ အောင်မြင်တဲ့နေ့ရက်များကို ဖြတ်သန်းနိုင်ပါစေနော် ။

    လေးပေါက်ရေ ….
    birthday wish လုပ်ခွင့်ပေးတဲ့အတွက်ကျေးဇူးပါ … ။ ဓါတ်ပုံတွေ က .. တဖြည်းဖြည်း ပိုပိုမိုက်လာတယ် ….. ။ ကြည့်နေရင်းနဲ့ကို လန်းဆန်းလာသလိုခံစားရတယ် …. ။

  • shwe kyi

    August 18, 2012 at 12:45 pm

    မရွှေကြည်လာပါပြီရှင်။ ရွာသူားဦးဦး၊ကိုကို၊မမ၊သူငယ်ချင်း အားလုံးကိုကျေးဇူးတင်ပါတယ်လို့။
    လေးပေါက်လက်ဆောင်ကတကယ်ကိုကြည်နူးဝမ်းသာရပါတယ်။
    လှပတဲ့ရှုခင်းလေးတွေကိုချစ်မြတ်နိုးသူမို့ အရမ်းကိုကျေနပ်မိပါတယ်။ ကျေးဇူးကမ္ဘာပါ။
    အားလုံးရဲ့ဆုတောင်းတွေကို အမှတ်တရာသိမ်းထားပါ့မယ်။
    ကိုကြီးကိုရင်မောင်ရေ ကျေးဇူးပါနော်။
    အားလုံးရဲ့ဆုတောင်းတွေနဲ့လဲပြည့်ဝရပါလို၏။
    ထပ်ဆင့်ပြောပါရစေ တကယ်ကိုပျော်ရွှင်ရပါတယ်လို့။
    မုန့်တွေအများကြီးကျွေးချင်ပါတယ်။ ဒါပေမယ့်လည်းပေါ့…။

    အသက် 28 ပြည့်ပြီဖြစ်တဲ့
    အပျိုကြီးရွှေကြည်

    • mayjuly

      August 18, 2012 at 1:02 pm

      အယ် 28 နှစ်ကို အပျိုကြီး တဲ့ … မီးတို့ အရွယ်ဆို ဘယ်နှယ့်ခေါ်ကြပါ့မလဲ .. 😀

      ” happy birthday ” ပါ ညီမရေ …

    • shwe kyi

      August 18, 2012 at 3:12 pm

      Many many Thanks Laypai & Mayjuly.

  • ပင်လယ် ပျော်

    August 18, 2012 at 3:24 pm

    စိတ်ချမ်းသာဖို ့ဆိုတာ လောကမှာအခက်ခဲဆုံးပါ…ဒီတော့ မရွှေကြည်ရဲ့မွေးနေ ့ကစလို ့..သက်ဆုံးတိုင်ထိ စိတ်ချမ်းသာစွာနေထိုင်နိုင်ပါစေလို ့ ဆုတောင်းပေးရင်း….Happy Birthday ပါ…..
    ပင်လယ် + KhaingKhaing

  • YE YINT HLAING

    August 18, 2012 at 3:24 pm

    1+8 + 8 + 2 + 0 + 1 + 2 = 22
    = 2 + 2 = 4 ဆိုတော့ လေး ဂဏန်း ပိုင်ရှင်ပဲဗျ ! ဗိုလ်ချုပ် ရဲ့ မွေးနေ့ ခုနှစ် လရက် အားလုံးပေါင်းရင်လည်း ( ၂၂ ) ရတာမို့ လေးဂဏန်းပဲဗျ ! လေးဂဏန်း ပိုင်ရှင်များ အတွက် စာအုပ် တအုပ်ရေးသားထုတ်ဝေထားတာ ရန်ကုန် က အာရုံသစ် စာပေ မှာ တရက် တွေခဲ့ဘူးတယ်ဗျ ! အကုန်လုံး ပြီးအောင် မဖတ်ခဲ့ ဖြစ်ပေမဲ့ တော်တော်များများတော့ အမြည်းသဘောမျိုး ရပ်ပြီး ဖတ်ဖြစ်ခဲ့တယ် ။ နောက်မှ ဝယ်မယ်လို့ တွေးထားတာ မဝယ် ဖြစ်ခဲ့ပါဘူး ။ စိတ်ထား ထူးခြား မြင့်မြတ် ထူးချွန် ထက်မြက်တဲ့ ဂဘာကျော် ခေါင်းဆောင်ကြီး တွေ များတယ်ဗျ ! မရွှေကြည် ရဲ့ နှစ်ဆယ့်ရှစ် နှစ် ပြည့် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်ဖြတ်သန်းရင်း ကုသိုလ် ကောင်းမှုတွေ အများကြီး လုပ်နိုင်ပါစေဗျာ !

    မွေးနေ့ပရောဟိတ်
    စံဇာဏီ ဗိုလ် ရဲရင့်

    • shwe kyi

      August 18, 2012 at 3:36 pm

      အဲတော့ တယ်မှန်တဲ့ဗေဒင်ဆြာပါပေတကား။

      • မဟာရာဇာ အံစာတုံး

        August 18, 2012 at 4:57 pm

        အလို ..
        စံဇာဏီဗိုလ်ရဲရင့် ဆိုပါဂလား ..
        သူ့နာမည်ဂ နှစ်လုံးတောင်မှ အပိုပါဒါဆိုတော့
        ပိုစွမ်းမယ့် သဘောထင်ရဲ့ .. 😀

        မမကြီး မရွှေကြည် .. အဟိ .. 😀
        အပေါ်မှာ ဆုတောင်းပေးခဲ့ပီနော် ..
        စွံဖို့ဘဲ ကျန်ဒေါ့ဒယ် ..

  • ရဲစည်

    August 18, 2012 at 3:28 pm

    အန်တီ ရွှေကြည်
    မင်္ဂလာရှိသော မွေးနေ့ဖြစ်ပါစေ ….
    ကောင်းမှုကောင်းကျိုး များများလုပ်
    များများရပါစေ ….

    အန်တီရွှေကြည် အတွက် ဒီနေ့ အူးပုတ်ထွက်လို့
    မနက် အာဇံမပေးခင်ကတည်းက ဆမိုင်တွေ ပို့လိုက်ပါဘီ
    ကို်ယ်တိုင်လဲ အဝစား သူများတွေလဲ ကျွေးလိုက်ပါ …….

    ချစ်တူလေး
    ဗလာဒီမာ ဇာကရီယာ ရဲစည်

    • shwe kyi

      August 18, 2012 at 3:38 pm

      ကြိုက်မှကြိုက် ချစ်တူလေး ဗြဲစည် အဲလေမှားလို့ ရဲစည်ရေ။

      ပင်လယ်ခိုင် အဲမှားပြန်ပြီ ကိုပင်လယ်ပျော်နဲ့ မခိုင်ခိုင် ကျေးဇူးပါ။

  • kyeemite

    August 18, 2012 at 4:51 pm

    မင်္ဂလာအပေါင်းနဲ့ ပြည့်ဝတဲ့မွေးနေ့ရက်မြတ်မှသည်
    ရတုပေါင်းများစွာတိုင်အောင်စိတ်၏ချမ်းသာခြင်း
    ကိုယ်၏ကျန်းမာခြင်းဖြင့် ပျော်ရွှင်စွာလျှောက်လှမ်းနိုင်ပါစေ…
    ခင်တဲ့..
    ကြီးမိုက်။

  • ကြောင်ဝတုတ်

    August 18, 2012 at 6:15 pm

    မွေးနေ့မှာပျော်ရွှင်ချမ်းမြေ့ပါစေလို့ဆုတောင်းပါတယ်
    အခုပဲမွေးနေ့ကျွေးမွေးတာကိုစားရင်းသောက်ရင်း
    ဆုတောင်းလိုက်ပါတယ် မွေးနေ့ရှင်မရွှေကြည်ရေ

    စားရင်းသောက်ရင်း-
    ကြောင်ဝတုတ်၊ သူရဇော်၊ မမရိုစ့်နှင့် အပေါင်းအပါများ

    • Rose Minn

      August 20, 2012 at 9:43 am

      ရွှေကြည်ရေ နောင်နှစ်ပေါင်းများစွာ ဒေါင်ဒေါင်မည် ကျန်းမာခြင်းနဲ့ စိတ်ချမ်းသာမှု အပေါင်းတွေ နဲ့ ဘဝလမ်းမှာ ဆက်ပြီးလျှောက်လှမ်းနိုင်ကြပါစေ။

      စားကောင်းတဲ့ မုန့်လေးတွေ ကျွေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် နော်။ အဲဒီနေ့က တကယ် ပျော်ခဲ့ ပါတယ်။

      • shwe kyi

        August 20, 2012 at 10:02 am

        ရွှေကြည်လည်းပျော်ပါတယ် မရို့စ်ရယ်။ ကျေးဇူးလဲတင်တယ်။ ပင်ပန်းနေတဲ့ကြားကအချိန်ပေးခဲ့လို့လေ။

  • စားရင်းသောက်ရင်း-
    ကြောင်ဝတုတ်၊ သူရဇော်၊ မမရိုစ့်နှင့် အပေါင်းအပါများ

    ငါကျတော့ ခေါ်မကျွေးဘူး……………………..
    တော်ပါဘီ တော်ကြာ ခေါ်ကြွေးနေမှာကြောက်ပါ၏။

  • surmi

    August 18, 2012 at 7:53 pm

    အပျော်ရွှင်ဆုံးမွေးနေ့မှ အသက် ၁၂ဝ ရှည်ပါစေ

    မင်္ဂလာဖိတ်စာစောင် ့မျှော်လျက်

  • အလင်းဆက်

    August 18, 2012 at 8:29 pm

    မရွှေကြည်..ရေ..။.
    မွေးနေ ့ကလေးက မထင်မှတ်ပဲ… အရမ်းပျော်စရာကောင်းသွားပါတယ်..ဗျာ.။

    အခုပဲ… စားပြီး.သောက်ပြီး…လို ့ ရွာထဲ..ဝင်လာလိုက်တာ..။
    ဟော.. ကိုပေါက်ကြိး..က….
    ရွှေကြည် ့ကို…မွေးနေ ့လက်ဆောင်တွေ ပေးနေပြီ။

    မရွှေကြည်.. အေးချမ်းစွာ.ပြည့်စုံပါစေ…နော်..။

  • the best

    August 18, 2012 at 8:43 pm

    မင်္ဂလာကျက်သရေနဲ ့ပြည့်စုံတဲ့ မွေးနေ ့ရှင် ရွှေကြည် ထာဝရ ရွှင်လန်းချမ်းမြေ့ပါစေ။

    One more year of life means one more year of an opportunity to help someone in need.
    Don’t ever forget that.
    May you have a Blessed Birthday!
    I wish you a very Happy Birthday.

  • နေဝန်းနီ

    August 18, 2012 at 9:55 pm

    ဟဲ့ ရွှေကြည် ရွှေကြည်လေးရယ် …. ဒီတစ်မိုးကုန်ရင် xxxx ဘာဖြစ်ဆိုလား ? သိချင်ရင်တော့ အဆိုတော့ ဦးသုမောင်ကိုသာနှိုးပြီး ဆက်ဆိုခိုင်းပေရော့………။
    မှတ်ချက်—
    သူများနှင့် မတူအောင် မန့်လိုက်သည်…။

    ပုံ xxxxx
    နေဝန်းနီ

  • htoosan

    August 19, 2012 at 5:47 am

    Happy Birthday ပါ ရွှေကြည် ..

  • ရွာစားကျော်

    August 19, 2012 at 8:42 am

    အပေါ်ကရွာသူားတွေ ပေးထားတဲ့ ဆုအပေါင်းနှင့်ပြည့်စုံပြီး
    မြန်မြန်ကျွတ်ပါစခင်ည.. အပျိုးကြီးဘဝက ပြောပါတယ်.. 🙂
    ချမ်းမြေ့သုခပြည့်စုံတဲ့ ဘဝလမ်းကို လျှောက်လှမ်းနိုင်ပါစေဗျာ..

  • ကို သာ

    August 19, 2012 at 11:50 am

    Happy Birthday ပါ ရွှေကြည်
    ထာဝရအေးချမ်းပါစေ။

  • အရီးခင်လတ်

    August 20, 2012 at 2:33 am

    နောက်တောင်ကျနေပါရောလား ချစ်တူမလေးရေ။
    မွေးနေ့ မင်္ဂလာ နေ့ရက်မှ အောင်မြင်ပျော်ရွှင်သော နေ့ရက်များစွာကို ဆက်လက်ဖြတ်သန်းနိုင်ပါစေ။
    လိုအပ်သောဆု မြတ်သောဆု များလဲ ပြည့်ဝပါစေ။
    မိဘ ကို စိတ်စေတနာ အပြည့်နဲ့ ကျေးဇူးပြန်ပြုနိုင်ပါစေ။
    အဲဒီအတွက်လဲ မတောင့်မတ မကြောင့်မကျ အလုံးစုံကြွယ်ဝမှု ရရှိနေပါစေ။

    ဆုမွန်ဖြင့် ချစ်တဲ့
    အရီးလတ် 🙂

    • shwe kyi

      August 20, 2012 at 6:57 pm

      အရီးပေးတဲ့ဆုတွေထဲမှာ မိဘကိုစိတ်စေတနာအပြည့်နဲ့ ကျေးဇူးပြန်ပြုနိုင်ပါစေ ဆိုတာအကြိုက်ဆုံး။ ကျေးဇူးပါ ချစ်ရတဲ့အရီးရေ 🙂

  • marblecommet

    August 20, 2012 at 9:39 am

    အော် 28 နှစ်ပြည့် မွေးနေ့ရှင်ဂိုး
    ဒါဆို ဂီဂီပြောတဲ့ဂိုးဏ်
    အင်အား ပိုမိုတောင့်တင်းလာပြန်ပြီလို့ ဆိုရမှာပေါ့ အာဟိ……..
    …..
    မွေးနေ့မှာပျော်ရွှင်ပါစေ..

    • shwe kyi

      August 20, 2012 at 9:59 am

      မွေးနေ့မှာပျော်ရွှင်ပါတယ်ရှင်။ ကျေးဇူးပါနော်။ ဂိုဏ်းအင်အားတောင့်တင်းလာပြီဆိုတော့
      သတိသာထားကြပေတော့ ရွာသားတွေအပြောအဆိုဆင်ခြင်ကြနော်။ 😀

  • shwe kyi

    August 20, 2012 at 9:54 am

    ကိုအံစာ၊ ဥဥ၊ ကိုခင်ခ၊ P Chogyi၊ Lynn Lynn၊ ချစ်မမ၊ မနိုဗွီ၊ အူးပေ၊ အူးကြောင်းကြီး၊ လေပြေရိုင်း၊
    အိတုံ၊ ကိုနာဂရ၊ အူးကြီးမိုက်၊ ကြောင်ဝတုတ်၊ ကိုရင်ဆာမိ၊ အလင်းဆက်၊ the Best၊ ဦးဦးပါ၊ နေဝန်းနီ၊ ကိုထူးဆန်း၊ ကိုရွာစားကျော်၊ ကိုသာ၊ ချစ်ရတဲ့အရီး။ အားလုံးကိုကျေးဇူးအထူးတင်ပါတယ်လို့။
    ပေးကြတဲ့ဆုတွေနဲ့လည်းပြည့်ဝရပါစေ။ တကယ်ကိုဝမ်းသာပျော်ရွှင်ရပါတယ်။
    မွေးနေ့မှာမထင်မှတ်ထားတဲ့ ရွာသူားတွေကိုမမျှော်လင့်ပဲဆုံတွေ့ခွင့်ရခဲ့ပါတယ်။
    တကယ်ကိုအမှတ်တရဖြစ်ခဲ့ပါတယ်။ မအားလပ်တဲ့ကြားကနေလာရောက်ပေးခဲ့ကြသူတွေ၊ ဆုံနိုင်အောင်
    ဖန်တီးပေးသူတွေအားလုံးကိုကျေးဇူးတင်ပါတယ်။
    နောက်များမှာအားလုံးနဲ့ဆုံတွေ့ချင်ပါသေးတယ်။ 🙂

    လေးပေါက်ရေ သမီးတကယ်ပျော်တယ်နော် သိလား။

    မိရွှေကြည်

    _________________________
    I added cool smileys to this message… if you don’t see them go to: http://s.exps.me

  • kai

    August 20, 2012 at 1:34 pm

    ယောက်ျားမြတ်တယောက်ရဲ့/ကို. ဘဝအဖေါ်မွန်ဖြစ်အောင်/ရအောင်.. လုပ်ပေးနိုင်သူဖြစ်ပါစေကွယ်..
    ၃ဝအထိ.. လုံးဝ(လုံးဝ) မစောင့်စေလိုကြောင်း…. :mrgreen:

    • shwe kyi

      August 20, 2012 at 1:40 pm

      ပေးတဲ့ဆုနဲ့မြန်မြန်ပြည့်ပါစေသူကြီးရေ 😀

      သူကြီးကျေးဇူးတင်ပါတယ်။ ကံကြမ္မာဖန်လာတဲ့အတိုင်းပဲနေပါ့မယ်နော်။

      လေးစားလျှက်
      မိရွှေကြည်

  • Ma Ei

    August 20, 2012 at 2:17 pm

    ရွှေကြည်လေး…
    ရွှေရောင်လင်းလက်လှပသော
    ကြည်လင်သာယာတဲ့ ဘဝလေးကို
    ပိုင်ဆိုင်နိုင်ပါစေကြောင်း…
    မွေးနေ့မှာဆုတောင်းပေးပါတယ်နော်…
    ကိုပေါက်ရေ…
    ဓါတ်ပုံလှလှလေးတစ်ပုံလက်ဆောင်ပေးပါတော့…

    • shwe kyi

      August 20, 2012 at 2:26 pm

      မအိတောင်းပေးတဲ့ဆုနဲ့ပြည့်ဝရပါလို၏။
      ကျေးကျေးပါ။

  • ရွှေကြည်လဲ သူကြီးပြောသလိုယူတော့
    မအိတို့ကိုလဲ ဓါတ်ပုံတွေပို့ပေးလိုက်မယ် နက်ဖြန်ကြရင်ကြိုက်တာယူပေတော့

    • shwe kyi

      August 20, 2012 at 3:42 pm

      လေးပေါက် နော် မြှောက်မပေးနဲ့ မိရွှေကြည်ကစိတ်ကြီးတယ်ဗျ။

  • မိုး မင်းသား

    August 20, 2012 at 6:46 pm

    ရွှေကြည်လေးရေ……

    ကိုဘလက်ချောပြောသလို…….နှစ်တစ်ရာမကပျော်ရွှင်ချမ်းမြေ ့ခြင်းနဲ ့အတူ….

    လိုရာပန်းတိုင်ကိုလျှောက်လှမ်းနိုင်ပါစေ……

    ရွှေကြည်လေးရဲ ့မွေးနေ ့မှာကိုပေါက်ကိုလည်းကျေးဇူးတင်ပါတယ်…..

    ပြီးတော ့ရွှေပဒုမ္မာဆိုင်လေးနဲ ့အပေါင်းအသင်း…သူငယ်ချင်းလေးများ(ရွာသူရွာသားများ)ကိုလည်း……..

    အထူးသဖြင် ့ရွှေကြည်လေးအားအထူးပင်ကျေးဇူးတင်ရှိပါတယ်……….

    ရေလိုအေးလို ့ပန်းလိုချမ်းမြေ ့ ့ပါစေ…………ူ

    • shwe kyi

      August 20, 2012 at 6:55 pm

      ကိုမိုးမင်းသားရေ ရောက်အောင်လိုက်လာပေးခဲ့တဲ့အတွက်ကျေးဇူးပါ။
      မထင်မှတ်ပဲ ရွာသူားတချို့ ဆုံခဲ့ကြတယ်နော် အမှတ်တရမွေးနေ့ပါပဲ။
      ပေးတဲ့ဆုနဲ့ပြည့်ပါစေလို့။

Leave a Reply