Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ငဆန်နီရေဒီယို(နှစ်)

SonnyAugust 18, 20121min47918

မင်္ဂလာပါ အားတာနဲ့အချိန်တွေကို killing လုပ်တာပါ။

အားနာပါနာ ဖတ်ချင်ရင်လည်းဖတ်ကြပါ။ စားလုံးပေါင်းတော့ခွင့်လွှတ်ပါ။

ငဆန်နီလည်းအားတုံးလေး ဂေဇတ်နဲ့ အဆက်အသွယ်မပြတ်အောင်ပေါ့။ သည်းခံပါ။

“ညစ်နွမ်းလာသောမန္တလေးနှင့်သိုင်ကွက်များ”

ကျနော်မန်းလေးမှာ ကြီးပြင်းတာ အသက် လေးဆယ်ကျော်လာပြီ။

ဒီမှာ မွေးပြီး ဒီမှာ ညာသင် ကြားတာပါ။

ဆိုင်ကယ်တွေပိုများလာတယ်။ စီးသူတွေပိုများလာတယ်။ တောရောမြို့ပါကျန်ဆိုင်ကယ်စီးနိုင်လာတာတွေရပါတယ်။

တရုတ်ကလာတဲ့ဆိုင်ကယ်အများစုပဲတွေ့ရပါတယ်။

အများစုဆိုင်ကယ်စီးနိုင်လာတာဝမ်းသာပါတယ်။

ဆိုင်ကယ်စီးသော အချို့ယခု ဈေးသက်သက်သာ နဲ့စီးရတဲ့ခတ်မှာ ဆိုင်ကယ်စီးသူရဲများ

ရိုင်းသူများ စည်းကမ်းမဲ့ ကွမ်းထွေးသူများ မန်းလေးမှာ များလာပါတယ်

အချို့ ချာတိတ်တွေ ဆိုရင် ခြေထောက် ကိုခွင် ပြီးစီးပါတယ်။ ကွမ်းသွေးနီနီတွေကလည်း လူကြီးရော လူငယ်ပါ ထွေးလာပါတယ်။ လစ်ရင် လစ်သလို လမ်းပေါ်မှာ နီရဲ သွားတာပါပဲ

ငဆန်နီ ဆိုင်ကယ်စီးဖြစ် တဲ့ နေ့ တွေဆိုရင် “ရှောင်လင်ကွမ်းသိုင်းကွက်” တွေကို ကြိုတင်

တွေးသွားရပါတယ်။ ကွမ်း ထွေး ကွမ်း စား သုံး သူ ဥပဒေ ထုတ်ပြန်ရမလိုဖြစ်နေပြီ။

သည့်အပြင် ရှေ့ဆိုင်ကယ် ကလူ ထွေးတဲ့ “တံထွေး ရှောင်လင်သို်င်း လည်း ကျင့်နေရပါပြီ”

ငဆန်နီ ကွမ်းရော တံတွေး ရော သို်င်းကျင့်သားနဲ့ ကို ခံ လိုက်ရဘူးပါပြီ။

အဲ..ဆိုင်ကယ်သမား များနဲ့ ပြိုင်ဘက်ကတော့ တရုတ်ကလာတဲ့ ထော်လာချီ ခေါ် ကွမ်းတောင်း ဆိုတဲ့ မြေသယ် အုတ်သယ် အစုံ ဈေး ပေါပေါ နဲ့ ဌားလို့ရတဲ့ ကား မောင်းသမားများပါ။ စတီယာရင် လက်တစ်ဖတ်လွှတ် ပြီး ဆေးလိပ်သောက်ရင် မောင်းပါတယ်။ မန်းလေး ရွှေတစ်ချောင်းလမ်း လို့ ခေါ်တဲ့ ၈၆ လမ်း ပေါ်မှာ နေမထွက် ခင် ကနေ ညမို ချူပ်ထိသွားလာနေပါတယ်။ ညပိုင်းဆို မီးမပါ ပဲ မောင်းတဲ့ ကားတွေ အများကြီးပါ။

တစ်ခါတစ်လေ တဖက်ကလာတဲ့ ကားက ကောင်းနေတော့ ပြိုင်မတိုက်ရဲဘူးဆိုပြီးတော့ ခေါင်းချင်းတည်ပေးပါသေးတယ်။ အတော်ဆိုးသားကလား။

ယာဉ်တိုက်မှု့အဖြစ် ဆုံးကတော့ ထော်လာချီ နဲ့ ဆိုင်ကယ်တွေပါ။

တရုတ်လုပ် ချင်း တိုက်တာပါ သေသူ ကတော့ မောင်းသူ ဗမာ အများစု ပါ။

တရုတ် ရောင်း ဗမာ သေပါ။

ရောင်း သူကတော့ ရောင်း မှာပဲ။ မောင်းသူ က တော့ (တောင်းပန်ပါတယ် အားလုံးကိုမဆိုလိုပါ) ချက်အရက် သောက်သူအဆင့်တွေဆိုတော့ ပညာကလည်းမတတ် ဂွေကိုင်ရ ရင် ပျော် ပြီး လိမ့်မောင်းတော့တာပါပဲ။ ခေတ်လူငယ် အများစု အထူးသဖြင့် ထော်လာချီ မောင်းသောသူတွေဟာ ဆံပင်ဆေးဆိုးထားပြီး ဘုကြည့်ကြည့်တတ်ပါတယ်။ ဆိုင်ကယ်စီးသော ခေတ်လူငယ်တွေကတော့ ဆိုင်ကယ်ကို ရုပ်ရှင်ကားတွေထဲကလို ဟိုရမ်း ဒီရမ်း လုပါတယ်။ ဒါ ကြောင် မတိုးမိအောင် “ဘုကြည့်ရှောင်သိုင်း” လည်း မန်းလေးအလည်လာရင်  သင်ခဲ့ကြပါ။ မော်တော်ပီကယ် များကတော့ ထောလာချီ ရော ဆိုင်ကယ်ရော  နံပါတ်မပါ လည်း၊ လမ်းပြောင်ပြန် မောင်းလည်း မဖမ်းပါဘူး။ ပိုက်ဆံတောင်းမရလို့ နေမှာပါ။ မော်တော်ပီကယ် တွေကလည်းလူငယ်တွေဖြစ်လာပြီ။ မျက်နှာကြည့် လိုက်ရင် နေပူ ထဲ မှာ နေရရှာလို့လား အရက်ပဲ တဲလေးထဲမှာ ခိုးခိုးသောက်လို့လား မသိပါ သူတို့မျက်နှာ က ညစ်ပြီး မဲညိုနေတာပါကလား။ မြိသစ် မန်းလေး မှာ ကျတော့ ဆိုင်ကယ်သမားတွေက trekker တွေနဲ့ဆိုလားပဲ။ သူဌေး သား တွေ အရာရှိသားတွေ လို့ပြောကြတာကြားဘူးတယ်။ အဲ သူရို့ စီးတာ ကတော့ ဒီတစ်ခါ တရုတ်ဆိုင်ကယ်တွေမဟုတ်ဘူး။ နီပွန် ခေါ် ဂျပန် ဆိုင်ကယ်တွေ။ အကောင်းသားတွေ။ မြန်သလားမမေးနဲ့။ ဒါပေမဲ့ လမ်းလာတဲ့သူတွေ ကို အုပ်စု ဖွှဲ့ပြီး ဝိုင်းရို်က်တတ်တဲ့ အကျင့် ရှိတယ်တဲ့။ အင်း မန်းလေး လာရင် “လွတ်ရာပြေးသိုင်း” လည်းကျင့်ရမယ်နော်။

နောက်တစ်ခု မန်းလေးမှာ လူပြောများလာတယ်။ မြောင်းရေများ မစီးနိုင်ပဲ ပိတ်နေတယ်။ ရေတွေက မစီးတောံ အခုမိုးတွင်းဆိုရင် သွေးလွန်တုတ်ကွေး တွေအဖြစ်များတယ်။ ကလေးတွေ အခု ခံရတယ်။ အထူးသဖြင့် ဆင်ခြေဖုံး ရပ်ကွက်တွေမှာ ဆိုရင် မြူနီးစီပယ် MCDC (မန်းစည်ပင် ) ကဘာမှာမလုပ်ပေးဘူး။ လူတွေကလည်း လုပ်မပေးတော့ တတ်နိုင်တဲ့နည်းနဲ့ ကို်ယ့်အိမ်ကိုမြင့်အောင်မြှင့်လိုက်ကြတယ်။ အိမ်တိုင်နီးပါ လမ်းထက်မြင့်တယ် မရုံရင် မန်းလေးလာရင် သတိထား ကြည့်လိုက်ကြပါ။ အဲဒီတော့ ရလဒ်က လမ်းကနိမ့်နေတော့ လမ်းရယ် ဘေးနှစ်ဖက်ကအိမ်တွေ မြင့်ဆိုတော့ ပစောက်ပုံ ပေါက်နေတယ်။ မြောင်းကမစီး ဆိုတော့ မိုးတွင်းဆိုရင် နံ စော်နေတာပါပဲ။ ဒီကြားထဲ ညတိုင် ကြရင် ကိုကိုတွေ ကမူးပြန်လာပြီး မစီးတဲ့ချောင်းမှာ စီးအောင် သေးဝိုင်းပေါက်ကြသလားအောင်းမေ့ရတယ်။ ဘီယာသောက် သေးပေါက်ပေါ့။ သေးဘယ်လောက်ပေါက်ပေါက်ချောင်းမစီးရှာပါဘူး။ ရွှေတစ်ချောင်း က သေးတစ်ချောင်း ဖြစ်ပြီး ကောတော့မယ်။ ကောတော့မကော ဘူး။ MCDC ကအခု ရွှေတစ်ချောင်းတော့ ဂရုစိုက်တယ်။ ကျန်တဲ့ အိမ်ကြိုအိမ်ကြားကမြောင်းတွေတော့ မြောင်းကော်နဲနဲ ကော်ပြီး ညစ်ပတ်အောင်ထားခဲ့ပြီး မြောင်းလည်းမစီး ညစ်ပတ်စော်နံ ပြန်သွားကြတော့တာပါပဲ။ တစ်သက်တစ်ခါလောက်ပဲ မြောင်းရှင်းတယ်ထင်တယ်။ အင်း တရားဥပဒေစိုးမိုး ဖို့လိုလာပြီ။ အင်းမန္တလေးမန္တလေး…….

မင်းတုန်းမင်းတို့ သီပေါမင်းတို့ သေရာ ကများရှင် ရင် ရွှေတစ်ချောင်း နဲ့ သူ ၏ ရေမြောင်းများ ကို မှတ်မိပါတော့မလား။

တံတွေးစော်နံ။

ကွးမ်းစော်နံ။

ရေညစ်စော်နံ။

အင်းမန္တလေး မန္တလေး။

ကျွန်တော်ချစ်သောမန္တလေး။

 

မှတ်ချက်။ စည်ပင်ကအမှိုက်ကောက်တာတော့ တကယ်လုပ်နေပြီ။

ဖုန်းဇော်ဟန် အမှိုက်စကောင်တာပဲ။  တကယ်ပြောင်ပါတယ်။

ချစ်ခြင်းအားဖြင့်…..ကိုဆန်နီ

 

 

18 comments

  • pooch

    August 18, 2012 at 4:03 pm

    ရေမြောင်းပြသာနာက အတော်ဆိုးပါတယ်။ မနှစ်က ရေကြီးတာ အတော်ဒုုက္ခရောက်ခဲ့ကြတာပါ။

    ကျမတို့ ဘက်မှာ အိမ်တွေ မြှင့်ကုန်တယ် ဆိုတာလည်း အမှန်ပါ။ ရေမြောင်းကို ကိုယ့်အားကိုယ်ကိုး လမ်း ပြင်တုန်း တခါထဲ ပြင်မယ်ဆိုတာကို သူတို့ မစားရတဲ့အတွက် စည်ပင်က ခွင့်ပြုမပေးခဲ့တာပါ။
    တွေးမိတိုင်း ဒေါသထွက်ပါတယ်။ လမ်းဘယ်လောက်ပြင် ပြင် ရေတင်တဲ့အတွက် ကြာကြာမခံပါဘူး။

    နောက်ပြီး ရေမြောင်းကို စည်းမဲ့ကမ်းမဲ့ အမှိုက်တွေ ပစ်တဲ့ လူတွေ ကြောင့်လည်း ပါပါတယ်။
    ပညာမတတ်ခြင်း မသိနားမလည်ခြင်း အလွယ်ကြိုက်ခြင်း …. စတဲ့ စတဲ့ မုန့်လုံးကို စက္ကူကပ်နေတဲ့ အကြောင်းများကို ပြောရင်း သာ သေသွားတော့မယ် ထင်တာပဲ။

    ကျမခုထိ လမ်းပေါ်ကားမမောင်းရဲတာလည်း အဲ့လို ဆိုင်ကယ်သူရဲတွေကို ကြောက်တာလည်း ပါတယ်။ ( ကိုယ်တိုင်ကလည်း ကြောက်တာရော မရဲတာရော ပါပါတယ်။ )

    တခါက ကိုသစ်ပြောဖူးတယ် ဂျပန်မှာဆို မူလတန်းကလေးထဲက လမ်းပေါ်အမှိုက်မပစ်ဖို့ တံတွေးမထွေးဖို့ သင်ကြားပေးခဲ့တာမို့ ဘာပြစ်ဒဏ်မှ မချမှတ်ပါပဲ ဂျပန်တွေ စည်းကမ်းရှိနေတဲ့အကြောင်း။

    သူကြီးပြောဖူးတဲ့ အလယ်တန်း အဆင့်ထိ လူတိုင်း ကျောင်းမနေရင် မရတဲ့ ဥပဒေတခု သတ်မှတ်ပေးပြီး အစိုးရကထောက်ပံ့ပေးတဲ့ မှန်ကန်တဲ့ ပညာရေးစနစ်တခု ရှိ်မှသာ ဒီအဖြစ်တွေနည်းမယ်ထင်တယ်။

    ကြုံလို့ ဆက်ပြောရရင်
    ပြီးခဲ့တဲ့ ရက်ပိုင်းက အမေရိက က မိသားစု တစု အလည်ပြန်လာတယ်။ သူ့တို့ သမီးလေးက ၅ နှစ်လောက်ထဲက ပါသွားတာဆိုတော့ ခု ဆို ၁၄ နှစ်သမီးတောင် ဖြစ်နေပြီ။ ဟိုမှာကျောင်းနေတယ်ပေါ့။

    သူ့အမေက သူတို့ နေတဲ့ ရပ်ကွက်မှာ လူမဲများတယ် ဆိုပြီး စကားစပ်လို့ အမဲတွေအကြောင်း ပြောပါတယ်။ အဲ့မှာ တချိန်လုံးငြိမ်နေတဲ့သမီးဖြစ်သူက ထအော်ပါတော့တယ်။ အမေက သိပ်ရိုင်းတာပဲ။ လူလူချင်း ဘာလို့ ဒီလို ခွဲခြားတဲ့ စကားပြောရတာလဲ ဆိုပြီး ရန်တွေ့ပါတော့တယ်။ အမှိုက်ကို သူ့အမေက ဟိုပစ်ဒီပစ်ဆိုရင်လည်း သူက ပြသာနာ ရှာပါတယ်။

    သူတို့တွေရဲ့ ပညာရေးစနစ်က ethics တွေ human rights တွေကို ငယ်စဉ်မှာကတည်းက ရိုက်သွင်းပေးခဲ့တာပါ။

    ဆိုတော့ ကိုဆန်နီရေ ဒီမှာမွေးပေမဲ့ မှန်ကန်တဲ့ ပညာရေးစနစ်ကို သင်ယူခဲ့သူတယောက်ရဲ့ စဉ်းစားနိုင်စွမ်း အတွေးတွေ အမြင်တွေဟာအလွန်ကွာပါတယ်။

    ကျမတို့ ရဲ့ အဓိကပြသာနာကတော့ ပညာမတတ်ခြင်း ဆင်းရဲခြင်း ကြောင့်ပါ။

    မှန်ကန်တဲ့ ပညာရေးစနစ် …. လိုနေတာ အဲ့ဒါပါ။ ပညာတတ်လာတဲ့
    နောက်ပိုင်း ရေမြင့်လို့ ကြာတင့်ပြီး အရာအားလုံးကို ဆွဲယူသွားမှာပါ။

    ခုတော့ ကိုဆန်နီရေ….. ပြောရတာလဲ မောပါတယ်။

  • Sonny

    August 18, 2012 at 7:11 pm

    ကျေးဇူးပါ pooch
    မင်္ဂလာရှိသော အမြင်ပါ
    ကြားဘူးတာလေးတစ်ခုပါ။
    ဂျပန်မှာ အရောင်းဝန်ထမ်းတွေဆို အလွန်
    အလိုက်သိ ချိုပြီး ဆက်ဆံရေးကလည်းကောင်းမှကောင်းတဲ့။ ဈေးဝယ်ကို အားနာယူရလောက်အောင်
    ကိုကောင်းတာပဲတဲ့။ အဲ သန့်ရှင်းရေးလုပ်သားတွေဆိုရင် အနားကိုမနေဘူးတဲ့။ အဲဒါ သင်ယူခဲ့ရတဲ့စည်းကမ်း
    နဲ့ လိုက်နာမှု့ လို့ထင်ပါတယ်။ ငဆန်နီတို့ ငယ်ငယ် က စာရိတ္တ ဆိုတဲ့အချိန်ပါတယ်။ သိပ်ကောင်းတဲ့ သင်ရိုးတစ်
    ခုပါ။ အခုတော့ သင်လားမသင်လားမသိတော့ပါ။ ဒီမှာ တံမျက်စည်းလှည်းတဲ့ဝန်ထမ်းတွေက လူတွေ ထပြီး
    ကျန်းမာရေးလေ့ကျင့်ခန်းလုပ်နေ တဲ့ နေရာ မှာ ဖုန်ကိုထအောင်လှဲတယ်။ လူတွေမထခင်ပြီးရမဲ့တာဝန်တွေပါပဲ။
    တစ်ဦးချင်းအသိတရားရှိရင် တစ်အုပ်စုကောင်းမယ်။ တစ်အုပ်စုကောင်းရင်းတိုင်းပြည်ထိကောင်းမယ် တကမ္ဘာလုံးကောင်းမယ်။ အခုတော့ ငဆန်နီပြောသလို…တရုတ်ကောင်းပြီး စည်းကမ်းမဲ့သူများဆိုင်ကယ်စီး ထော်လာချီမောင်း လမ်းဖြတ်သူတိုုက် နဲ့သေချောဆန့်နေကြပြီ။ အောင်မြေသာဇံနယ် တစ်ခုထဲထင်ဒီလ ၈ယောက်သေဆိုပဲ။ ယာဉ်တိုက်မှု့ ၄ဝ ကျော်တယ်တဲ့။ ဥပဒေနဲ့ ကြပ်မတ်ရင် စည်းကမ်းမရှိသူတွေရော စည်ပင်ဝန်ထမ်းတွေရော တကယ်လုပ်ရမှာပါ။ အခုတော့ ရေစည်းရေလာကောင်းတဲ့ ၂၆ လမ်းလိုမျိုးနေရာ မြို့လယ်ခေါင်နေရာတွေမှာ။ မြို့တော်ဝန် အိမ်နားလောက်တွေမှာ မြောင်းတွေစီးအောင်ကော်နေလေရဲ့။ ရေမစီး ခြင်ပေါ ရောဂါဖြစ် သေ ဒီသံသရာထဲမှာ ပဲ မန်းလေးသူသားတွေ နစ်မွန်းနေတာအမှန်ပါ။ ရေစီးအောင်မြောင်းတွေဖေါ် ဖို့ ပိုက်ဆံ(ငွေကျည်ဆံ) ထည့်ဆိုလည်း ထည့်ကြမှာပါ။။အခုတော့….
    ချစ်ခြင်းအားဖြင့်…ကိုဆန်နီ…

  • မောင်ပေ

    August 18, 2012 at 8:26 pm

    ကိုဆန်နီရေ အလုပ်က သိပ္ပံလမ်းတောင်ဘက်ခြမ်းမကျလို ့တော်ပါသေးရဲ ့လို ့ဗျာ
    အဲဒီဘက်တွေက ပိုဆိုးတယ်ဗျ
    ဥပမာ ဆိုရရင် ဘယ်ဘက်ကွေ ့မယ် ဆိုပါစို ့၊ ကွေ ့ဖို ့အတွက် နောက်ကြည့်မှန်ကနေ လမ်းကြောင်းလဲကြည့်အပြီး ၊ ဘယ်ဘက်လမ်းကြောဘက်ကိုလဲ ယူအပြီး ၊ ကွေ ့ဖို ့အချက်ပြမီးလဲ ပြထားတာကို တောင်မှ ၊ ဗြုန်းကနဲ စပိနဲ ့မောင်းချလာပြီး… မရမက ကိုယ့်ဘယ်ဘက်ကနေ ဇွတ်ကျော်ကြတယ် ၊ သတိမကြီးပဲ … အားလုံးပြည့်စုံပြီဆိုပြီး ဖြတ်ကွေ ့မိရင် .. ဖြတ်အတိုက်ခံရပြီပဲ
    ကိုဆန်နီ ရေးထားသလိုပဲ … တောင်းပန်ပါတယ် အားလုံးကို မဆိုလိုပါ
    ဆိုင်ကယ်တစ်စီးဈေးက ၂သိန်းသာသာရှိတော့တာဆိုတော့ ၊ ဘာယာဉ်စည်းကမ်းလမ်းစည်းကမ်းမှ မသိ ၊ ယာဉ်မောင်းလိုင်စင်လဲမရှိ ၊ အိမ်ရှိတာလေးတွေ ထုပြီး ဆိုင်ကယ်ဝယ်စီးနေတဲ့ ပန်းရံ လက်သမား ဆိုင်ကယ်တက္ကစီဆွဲနေသူများ အခြေခံလူတန်းစားများ ၊ ပညာမတတ် စဉ်းစားဆင်ခြင်ဉာဏ်မရှိတဲ့ လူတွေ စီးနင်းမောင်းနေကြတာ ဆိုတော့ ၊ ကိုယ်ကမှန်လဲ ကိုယ်ကခံရမယ့် အဖြစ်မျိုးတွေချည်းပါပဲဗျာ… စိတ်ပျက်ပါရဲ ့
    ဒါတောင် အခု မန်းတလေးမှာ အရင်လို ယာဉ်ကြီးယာဉ်ငယ် ခွဲခြားမှု မရှိတော့ဘူး ဆိုလို ့စိတ်ပူတာ နဲနဲ လျော့ရတယ်
    အရင်ကဆို ယာဉ်ကြီးယာဉ်ငယ် ပြဿနာဖြစ်ရင် ၊ ယာဉ်ကြီးအမှားဆိုပြီး… စက်ဘီးက ဆိုင်ကယ်ကို ပြဿနာ လုပ် ၊ ဆိုင်ကယ်က ကားကို ပြဿနာလုပ်နဲ ့…

    • Sonny

      August 19, 2012 at 1:09 pm

      ညီလေးမောင်ပေ
      ညီလေးပြောတဲ့သပ္ပံလမ်းတောင်ဖက်က အခြေခံလူတန်းစားမျာတဲ့သူတွေဆို
      တော လမ်းပညာပေးထိထိရောက်ပြုလုပ်ပြီး လမ်းဥပဒေချိုးဖောက်တဲ့လူ
      ဒဏ်ခတ်ရမယ်။ ဒဏ်ကလည်း ကြောက်လောက်မဲ့ ဒဏ်ခတ်နီးမျိုးမှ ရမယ်။
      ဥပမာ အဆင့်ဆင့်ပေါ့။
      လမ်းပြောင်းပြန်ဝင်ရင်၊ ထောလာချီယာဉ်မောင် လက်လွှတ်မောင်းအရက်သောက်မောင်းရင်
      ဲလမ်းသွားပြည်သူ ထိခိုက်ရန်ကြံရွယ်မှု့နဲ့
      (ပ) အကြိမ်ငွေဒဏ်
      (ဒု) အကြိမ် ကြိ်မ်ဒဏ်
      (တ) အကြိမ် ထိပ်တုန်းခတ်
      (စ) အကြိမ် ဈေးချိုတို့လိုနေရာ မျိုးမှာ နောက် ကြောစာကပ် ကျနော်လမ်း
      ပြောင်ပြန်ဝင်လို့စည်းကမ်းဖေါက်လို့ဒဏ်ပေးခံရတာပါဆိုပြီးလှည့်အော်ခိုင်း
      (ဆ) ဒါမှမရ ရင် တစ်သက်လုံး ဆိုင်ကယ်စီးခွင့်ပိတ် ကားမောင်းခွင့်ပိတ်။
      ကောင်းလားညီလေး
      စည်ကမ်းမဲ့နောက်လူမကြည့် ကွမ်းထွေးတဲ့ကောင်တွေ တံတွေးထွေးတဲ့ကောင်းတွေဆိုရင်..
      ထွေးတဲ့ကွမ်းပြန်မျိုခိုင်း..လမ်းကိုလျှာနဲ့ရက်ခို်င်း…
      ကောင်းလားညီလေး သင်ပြုတဲ့ကံ သင့်ထံ ဒိဘဝတင်ရောက်အောင်လုပ်ရမယ်
      ချစ်ခြင်းအားဖြင့်…ကိုဆန်နီ…

  • ဦးဦးပါလေရာ

    August 18, 2012 at 8:45 pm

    ကိုဆန်နီရေ
    ပြီးခဲ့တဲ့ နှစ်နှစ်ဆယ်လောက်အတွင်း နိုင်ငံတဝှမ်းက မြို့ကြီးမြို့ငယ်တွေ တော်တော်စည်းကမ်းမဲ့ပြီး စုတ်ပြတ်ကုန်တာ အထင်အရှားပါပဲ..
    ဥပဒေဆိုတာကို အုပ်ချုပ်သူတွေက မလေးစားမှတော့ ဘယ်သူမှလဲ မလေးစားတော့တာပါ..။
    စည်းကမ်းဆိုတာ ပျက်ပြီးမှ ပြန်ကောင်းအောင်လုပ်ဖို့ တော်တော်ခဲယဉ်းပါတယ်။
    တကယ်တော့ ဘာကိုမဆို ပျက်ပြီးမှ ပြန်ကောင်းအောင်လုပ်ရတာ ခက်ခဲပင်ပန်းတဲ့ကိစ္စပါပဲ…။

    မန္တလေးကိုတော့ နှမြောတယ် ကိုဆန်နီရေ
    ၁၉၉၂ ကျွန်တော်မန္တလေးကထွက်လာတုန်းက မန္တလေးဟာ တကယ့်ကို နေချင်စဖွယ်မြို့ပါ..။
    လူတွေက ဖေါ်ရွေယဉ်ကျေးတယ်၊ စည်းကမ်းတော်တော်လေးရှိတယ်၊ ချစ်ခင်စည်းလုံးကြတယ်..။
    နေထိုင်ရတာလဲ သန့်ပြန့် အေးချမ်းတယ်။ ဈေးသိပ်မကြီးတဲ့ စားကောင်းသောက်ဖွယ်တွေလဲ ပေါများတယ်။
    ဒါကြောင့် မန္တလေးမှာကျန်ခဲ့တဲ့သူငယ်ချင်းကို ငါတနေ့ပြန်လာမယ်… လို့တောင် ပြောခဲ့ဘူးတယ်..။
    အခုအတိုင်းဆိုရင်တော့ ကိုဆန်နီပြောတဲ့ သိုင်းပေါင်းစုံ သင်ပြီးမှ လာမှပဲဖြစ်တော့မယ်… 😀

    • Sonny

      August 19, 2012 at 1:21 pm

      ဦးဦးပါလေရာ
      ဆွေးနွေးသွားတာအကုန်သဘောတူတယ်ဗျာ။
      အဆိုးမြင်တယ်လို့မထင်ပါနဲ့
      ကျနော် ၆ရ ဘွားပါ။ ငယ်ငယ်ကဒီထက်ကောင်းတယ်။ infrastructure အခြေခံအဆောက်အအုံ
      တွေ ပြိုပျက်သွားပြီ။ တိုုက်တွေလာမိုးထောင်လာတယ်ရေစီးရေလာကတော့ ကန်တော့ပါရဲ့
      သေးပေါက်တာကမ အစီးမြန်သေး။ မန်းလေးမြို့ကို ထိမ်သိမ်းတဲ့ ပုဂ္ဂိုလ်တွေ တာဝန်ရှိသူတွေဗျာ
      တစ်ခါမှ ကျနော်တို့လမ်း ဘက် မလာပါဘူး။ ကလေးငယ်လေးတွေခြင်ကိုက်ခံရတာအဆိုးဆုံးပဲ။
      အခု အုပ်ချုပ်ရေးမှုးတွေ လခ ရပြီ။ ၁သိန်းလောက်ရတယ်။ အစက ဖန်စားရတယ်။ အခု ပြောင်ပေးလိုက်တယ်။ ရပ်ကွက်ကောင်းကျိုးဘာမှလှည့်မကြည့်ဘူး။ အကိုထွက်သွားပြီး ပြန်လာရင် ကြည့်လိုက်ပါ ဟန်ပြတော့တိုးတက်နေတာပဲ။ သစ်ပင်ပေါ ရေစီးရေလာကောင်းလားကြည့်လိုက်ပါ။ ဝေးသေးအကိုရေ။ ကျောင်းကစာသင်ခန်း
      အိမ်သာတွေဆိုအတော်ဆိုးဆိုပဲ။ ကျောင်းသားဦးရေ က တစ်ကျောင်း တစ်ထောင်လောက် အိမ်သာက ၁ဝ လုံးမပြည့်ဘူး။ လန်ထွက်နေအောင် ပျက်နေတယ်။ တိုက်တွေထိုးထိုးထောင်ထောင်မကြည့်နဲ့ ကိုယ်စီးပွား မစီးပွား ကို်ယ်ကောင်းစား မကောင်းစား ခပ်ဝဝများ ပိုင်ပြီး တိုင်းပြည်တည်ဆောက်ဖို့စိတ်မဝင်စားကြပါဘူးဗျာ။ ဒါတော့အပစ်ပြောတာမဟုတ်ပါဘူး။ အင်း ခဏခဏပြောရမယ့် ဥပဒေ စိုးမိုးရေ သာကောင်းကောင်း ရှိရင်…အကုန်ထောင်ထဲချည့်ထည့်ရမှာပဲ။။။
      ရှည်သွားပြီ
      ချစ်ခြင်းအားဖြင့်..ကိုဆန်နီ

  • TTNU

    August 18, 2012 at 9:00 pm

    မောင်ဆန်နီရေ…
    ဆောင်းပါးကကောင်းလိုက်တာ၊အရေးအသားကလည်း
    တော်တယ်။ 🙂

    BUT …(စာလုံးပေါင်းတွေမှားတာကိုတော့ ဘဝင်မကျလှဘူး) 🙁
    အားတော့နာပါတယ်၊ အင်္ဂလိပ်စာ တော်တယ်ဆိုရင် မိခင်ဘာသာစကားတော်မှ
    ဟန်ချက်ညီညီ တော်တယ်လို့ သတ်မှတ်တတ်တဲ့ ကိုယ့်စိတ်ကို အပြစ်တင်မိပါတယ်။ 🙁

    • Sonny

      August 19, 2012 at 1:31 pm

      မာမီ TTNU
      သား တောင်းပန်ပါတယ်။ အမြန်ရိုက်ချင်တဲ့ဇောရယ် ညံ့တာရယ် ပေါင်းပြီးဘာမှ ကို
      မကောင်းတော့ပါဘူး။ ဘာလုပ်လုပ်အလွဲလေးတော့ပါရမှ။ မျက်နှာသစ်ရင်း လက်ဆေးရင်း
      ကိုယ့်လက်ကိုချိုးမိတာ အကြိမ်ကြိမ်။ ENGLISH? As a matter of fact, mommy, I am still making silly mistakes like doubling the consonant if there is vowel before the consonant. Sometimes double, sometime single, yea?
      Stupid Single Sluggish Sonny! Ha Ha ha…..

      With love,
      Sonny

  • kai

    August 19, 2012 at 2:45 am

    ဘာရယ်မဟုတ်ပါဘူး…
    မျက်မြင်ကြားသိ.. အတွေ့လေးပြောပြချင်လို့..

    လေ့ာစ်အိန်ဂျလိစ်မှာတော့.. လူသစ်(အင်မီးဂရန့်)တွေ… အိမ်ဝယ်မြေဝယ်မယ်ဆိုပြီး.. ဝင်လာရင်..မူရင်းနေသူအဖြူတွေက. သူတို့မူရင်းနေရာလေးကို..အရင်ဝယ်ထားတဲ့ဈေးထက်..၃-၄-၁ဝ ဆလောက်တင်ရောင်း.. . မြို့ပြင်ဖက်.. မြို့သစ်(ရပ်ကွက်သစ်)လေးထောင်ပြီး… အဲဒီဖက်.. .ရွေ့သွားတတ်တာတွေ့မိလို့ပါ..
    သူတို့က.. ကွန်မြူနတီထောင်တာတော်တော့.. မကြာပါဘူး..လူ့သက်တန်းတဝက်လောက်တင်..သူတို့တွေနေတဲ့နေရာတွေ..ဈေးတက်လာပြန်ရော…။ အဲဒါနဲ့.. အေရှန်းအပါအဝင်အင်မီးဂရန့်တွေ သွားဝယ်ကြပြန်ရော.. အဖြူတွေရွေ့ကြပြန်ရော..

    စာရင်းချုပ်တော့.. ဘယ်သူမှမပိုင်တဲ့မြေကြီးကို.. အဖြူတွေကရောင်းစားပြီး ရတဲ့ငွေနဲ့..ဘဝမှာ..လူဖြစ်ကျိုးနပ်အောင်.. ဘုတ်(သင်္ဘောနဲ့).. ဇိမ်ခံပစ္စည်းအပြည့်နဲ့.. လုပ်ချင်တာတွေလုပ်ပြီး.. အေးဆေးနေသွားနိုင်ကြတယ်..
    အေရှန်း(အင်မီးဂရန့်)တွေခမြာ.. ကိုယ်သေရင်ပါသွားတာမဟုတ်တဲ့..မြေတွေခြံတွေနဲ့..အကြွေးတွေပိ.. အကြွေးဆပ်ဖို့.. လုပ်လိုက်ရတဲ့အလုပ်..

    မန္တလေး..
    အတုယူနိုင်စေသတည်း…

    • Foreign Resident

      August 19, 2012 at 4:48 am

      ” သူတို့က.. ကွန်မြူနတီထောင်တာတော်တော့
      သူတို့တွေနေတဲ့နေရာတွေ..ဈေးတက်လာပြန်ရော ”

      အင်း ၊ သူကြီးပြောတာတွေ အမှန်ပါပဲ ။
      ပြောပြန်ရင်လည်း ၊ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းရာကျမယ် ။

      ကျနော် ဩဇီ ရောက်ပြီးမှ ၊
      မိန်းမက Investment အနေနှင့် အိမ်ဝယ်တဲ့ ကိစ္စ ၂ ခါ လုပ်ဖူးတယ် ။
      နှစ်အိမ်လုံးက ဈေးကြီးတဲ့ အဖြူ အများစု နေတဲ့ ရပ်ကွက် ကိုပဲရွေးခဲ့မိတယ် ။
      လူမျိုးရေး ခွဲခြားတဲ့သဘောတော့ မဟုတ်ပါဘူးဗျာ ။
      Migrant တွေ ၊ အမဲ တွေ ၊ အာရပ်တွေ နေတဲ့နေရာတွေက ဒုစရိုက်ပေါတယ်ဗျာ ။
      Sydney က လက်ဘနီးစ်း ရပ်ကွက်တွေဆို အရမ်းဆိုးပေါ့ဗျာ ။
      တရုတ် တွေ ၊ ကိုရီးယားတွေကတော့ မဆိုးရှာပါဘူး ။

      မန္တလေးက မြန်မာတွေလဲ မြို့သစ်ဖြစ်စေအုန်း ၊
      ကိုယ်တွေ လူကောင်းတွေစုပြီး ခပ်သန့်သန့် နေရင် ၊
      ရပ်ကွက်က နာမည်ကောင်းရ ဈေးတက်လာမှာပဲဗျာ ။

      • Sonny

        August 19, 2012 at 1:59 pm

        ကိုဖောရင်းအက်ဆိဒင့်ရေ
        ဈေးတက်ဖို့ဆိုတာ community အနေနဲ့ရော standard ရှိအောင်နေထိုင်ကြရမယ်။
        ကို်ယ့်နဲ့ ကိုယ်ပတ်ဝန်းကျင်သာယာအောင် ဖန်တီးနေထိုင်ကြရင် “ကမ္ဘာကြီး တောင်ဈေးတက်သွား
        နိုင်ပါတယ်” တရုတ်ရော ကုလားရော ဗမာရော ရှမ်းရော ဘာမှာ မခွဲခြားပါဘူး။ မတူတာကိုက အလှတစ်ခုပဲလေ။ နော်။ Beauty in Diversity လေ နော်။ Consequently, unity in Diversity လည်းရှိဖို့လိုပါတယ်။ ဒါမှ ကို်နေတဲ့နေရာလေး ဈေးပေးပြီးဝယ်ချင်ကြမှာပေါ။ ကျနော်နေတဲ့
        ဆင်ခြေဖုန်းရပ်ကွက် လေးကတော့ ဘယ်တော့မှာ ဈေးတက်လာမှာမဟုုတ်ပါဘူး။ တက်လည်းမတက်စေချင်ပါဘူး။ မြေဈေးတက်ပြီးငွေဝင်တာလည်းမကြိုက်ပါဘူး ( personally view). ကျန်းမာပါစေ
        ချစ်ခြင်းအားဖြင့်..ကိုဆန်နီ……

    • Sonny

      August 19, 2012 at 1:49 pm

      ကိုခိုင်ရေ
      မင်္ဂလာပါ။
      ဟုတ်တယ်ဒီမှလည်း ခပ်ဝဝ လူတွေ မြေလေးဝယ်လိုက် ရောင်းလိုက်နဲ့။
      (immigrants )တရုုတ်ကဖိ၊ ကလားကလိ နဲ့ ရှိသည့် တိုင်းရင်းသား မျာ ဂျောင်ရောက်သွားပြီ။
      အရာရာ အနီရောင် စာလုံးတွေများလာပြီ။ ကိုယ်ကျိုးစားလို့ကိုရတာပါလေ။ ထားလိုက်ပါတော့။
      ဒါနဲ့ ကျနော် တို့ အနေနဲ့ community လေးသာယာဖို့ ရေစီးရေလာ လမ်းသွားလမ်းလာ အစစအရာ
      ရာပေါ့လေ အဆင်ပြေချင်လို့ တစ်ခုခု ပေါ့ ဥပမာ မြောင်းလေးတစ်လျောက် စုပေါင်းရှင်းချင်ရင်လည်း
      စည်ပင်အကြောင်းကြားရတယ်ဗျ။ Funny ? Right? They do not pay any attention to what is going on in the suburbs, but just disturbance with their what-so-called Detachable Law.
      ကျနော် ကြားဘူးတယ် အဖြူတွေ ဥရောပလူမျိုးတွေက တခါတခါ အိမ်ကို long term ဌားပြီး
      ရတဲ့ လခနဲ့ ဘဝကို Happy go lucky နေကြတယ်တဲ့။ခရီးထွက်ကြတယ်တဲ့။ သူတို့ သေရာမပါ မဲ့မြေ ကြီးကိုမမက်ဘူးပေါ့။ မြေကြီးနေစရာနဲ့ပတ်သက်လို့ကဗျာလေးတစ်ပုုဒ်ရေးဘူးတယ်။ မဖတ်ချင်ရင်လည်းတောင်းပန်ပါတယ် ပေးလိုက်မယ်နော်။အမှတ်တယပေါ့။

      “နေစရာ”

      မြေကမ ္ဘာမှာ
      “တစ်နေရာ” ရဖို့အရေး
      ရင်းလိုက်ရတဲ့ “ချွေး” ။

      မြေကမ ္ဘာမှာ
      “တစ်နေရာ” ရဖို့အရေး
      ပေးလိုက်ရတဲ့ “ဈေး” ။

      မြေကမ ္ဘာမှာ
      “တစ်နေရာ” ရဖို့အရေး
      သေလိုက်ရင် တော့ “အေး” ။

      ရ ရက် နိုဝင်ဘာ ၂၀၁၁

      ချစ်ခြင်းအားဖြင့်..ကိုဆန်နီ….

      • Shwe Ei

        August 20, 2012 at 12:58 pm

        ပို့စ်ထက် “မြေ” ကဗျာကို ပိုကြိုက်သွားဘီ ကိုဆန်နီရေ။ အိမ်မဝယ်နိုင်လို့ အခန်းငှားနေရသူ ကျမတို့လို တောကတက်လာတဲ့ ရန်ကုန်သူများအတွက် အားတက်စရာဘဲ။ မြေကမ္ဘာ တနေရာရဖို့ သွေး နဲ့ ချွေး နဲ့ ရင်းပြီးကြိုးစားဖို့မလိုဘူးလို့ မှတ်လိုက်တယ်။ (ကိုယ့်အတွေးနဲ့ကိုယ် သောက်ကြသည်။) 😉 မန်းလေးမြောင်းအကြောင်းဖတ်မိလို့ပြောရရင် ရန်ကုန်မှာတော့ ရေစီးရေလာကောင်းပြီး ချောင်းတမျှကျယ်လှတဲ့ မြောင်းတွေကြောင့် မြောင်းထဲ ရေနစ်တဲ့ အမှု ၊ မြို့ထဲလှေစီးရတဲ့မှုတွေ ပိုပေါလာတယ်တဲ့။ ဆန့်ကျင်ဘက်ပေမဲ့ ကောင်းတဲ့ဘက်မရောက်ဘဲ ပုံစံတမျိုးနဲ့ ပိုဆိုးသွားတာပေါ့ဗျာ။ ဘဝတူအချင်းချင်း အားပေးလိုက်မယ် “Fighting” 🙂

        • Sonny

          August 24, 2012 at 1:26 pm

          ရွှေအိရေ
          အိမ်ဝယ်ဖို့ပိုက်ဆုံစုလေး
          ဝေးလေပဲခင်ဗျ.
          ရေကတော့ နံမည်ကြီးတွေနေတဲ့နေရာ တောင့် ကောင်းကောင်းစီးတဲ့မြောင်းတွေရှိတယ်။
          ချစ်ခြင်းအားဖြင့်..ကိုဆန်နီ…

      • Foreign Resident

        August 22, 2012 at 3:07 pm

        ” ကျနော် ကြားဘူးတယ် အဖြူတွေ ဥရောပလူမျိုးတွေက
        တခါတခါ အိမ်ကို long term ဌားပြီး ရတဲ့ လခ နဲ့
        ဘဝကို Happy go lucky နေကြတယ်တဲ့။ခရီးထွက်ကြတယ်တဲ့ ”

        ကို Sonny ရေ ။
        ဒီမှာ Caravan နောက်တွဲ ကားအိမ်လေးတွေ ရှိတယ်ဗျ ။
        အဲဒီ ကားအိမ်လေးတွေက ၊
        သာမာန် အိမ်တစ်လုံးစာ အကုန်ပါပါ့ဗျာ ။

        ကျနော်လည်း အသက် ၅၅ လောက်ဆိုရင် ၊
        လုံးဝ အလုပ်မလုပ်တော့ပဲ အဲလို Caravan ကားအိမ်လေး နှင် ၊
        ဩဇီ တစ်တိုက်လုံး လျှောက်သွား နေမယ် စဉ်းစားတယ်ဗျ ။
        အဆင်ပြေရင်တော့ တကမာ္ဘလုံးတောင် လျှောက်ပါတ်ချင်သေး ။
        အင်း ၊ မိန်းမ ကိုတော့ အလုပ်မလုပ်အောင် တော်တော် တိုက်တွန်းရမှာပေါ့လေ ။
        မိန်းမက Workaholic ဗျ ။

        • Sonny

          August 24, 2012 at 1:34 pm

          အဘဖောရေ…
          မင်္ဂလာပါနော
          ငဆန်နီ တို့ဆီတော့ caravan မရှိဘူး။ အင်း မန်းလေး မှာ တော့ သုံးဘီးကားတွေကို အစိုးရက
          ပြန်အပ်ကားအဖြစ်လမက္ခံတော့ ကာရာဗန်သဘောနဲ့ ဂျာနယ်တင်ရောင်းပြီး ကားက လုံးဝမထွက်ဘူး
          တစ်နေရာတည်းမှာပဲနေနေတယ်။ လမ်း ၃ဝ ။၇၇-၇၈ ကြားမှ ရှိတယ် အဲဒီပေါ်မှာပဲအိပ်တယ် စားတယ်။ ကိုဖော idea ကြိုက်တယ်ဗျာ။ ကမ္ဘာပတ်ပါ။ အားပေးတယ်။ အလုပ်လည်းလုုပ် အနားလည်းယူလို့ ဇနီးကိုဖြောင်းဖျပေါ့။ Go with the flow ပေါ့နော်
          ချစ်ခြင်းအားဖြင့်..ကိုဆန်နီ…

  • kotun winlatt

    August 22, 2012 at 3:18 pm

    အော်…မြို့မငြိမ်းရဲ့ မန္တလေးးးးး
    ရွှေခြေကျင်းနဲ့ မန္တလေးးး
    မဟုတ်တော့ဘူးပေါ့….
    မြန်မာတို့ ယဉ်ကျေးမှုအမွေအနှစ်တို့ စုဝေးရာ မန္တလေးမဟုတ်တော့ဘူးပေါ့…
    စိတ်မကောင်းဖြစ်မိပါရဲ့ဗျာ….။

    • Sonny

      August 24, 2012 at 1:41 pm

      ကိုထွန်းဝင်းလတ်ရေ
      မြို့မငြိမ်း သာသိရင် ငိုရောပေါ့။
      ကိုထီးသာသိရင် ငိုရောပေါ့။
      ဂျေကြီးလည်းငိုရောပေါ့။
      အငဲလည်းငိုရောပေါ့။
      လင်းလင်းလည်းငိုရောပေါ့။
      ခိုင်ထူးလည်းငိုရေပေါ့။
      ငဆန်နီတော့ဘာလုပ်ရင်ကောင်းမလည်း…
      ချစ်ခြင်းအားဖြင့်…ကိုဆန်နီ…

Leave a Reply