Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဖက်ထုပ်လုပ်နည်း

etoneAugust 20, 20122min72428
ဒါကတော့ ဂျုံကို ရေနည်းနည်းနဲ့ ကြက်နှစ်လုံးလောက် ဖောက်ထည့်ပြီး … ကြေညက်နေအောင် နယ်ထားတာပါ ။ ပြီးလျှင်တော့ ယင်မနား ၊ ကြွက်မစားအောင် …..လုံအောင်အုပ်ပေးထားရမယ် ။ အုပ်ချင်တာနဲ့ အုပ်လို့ ရတယ် ….. ဒါပေမယ့် ….. ဒီပုံစံအတိုင်း အနည်းဆုံး ၁နာရီလောက်ထားပေးရမှာပါ ။ မုန့်အသားပိုမာလာအောင်ပါ ။

 

ဂျုံတုံးကြီးကို လက်မ တစ်ဆစ်စာလောက် အတုံးလေးတွေဖြစ်အောင် လုပ်ရပါမယ် ။ ပြီးလျှင်တော့ အခုပုံထဲကလို လက်မတစ်ဆစ်စာလောက် ဂျုံတုံးလေးကို ပြားသွားအောင် ၊ ဒလိမ့်တုံးနဲ့လှိမ့်ပေးရပါမယ် ။ ဒလိမ့်တုံး ရှာရမလွယ်လည်း မပူပါနဲ့ ၊ ပြောင်ချောနေတဲ့ ငရုပ်ကျဉ်ပွေ့လိုဟာမျိုး ၊ ဖန်ပုလင်းလိုမျိုးနဲ့လည်း …. လှိမ့်ပြီး ပြားအောင် လုပ်လို့ ရပါတယ် ……. ။

 

ဒါလေးကတော့… လက်မတစ်ဆစ်စာ ဂျုံတုံးလေးကို .. ပြားပြီးတဲ့ ပုံစံပေါ့ ။ ပြားပြီးရုံနဲ့ မပြီးသေးပါဘူး ။ ဖက်ထုပ်လေး လှလှပပဖြစ်ဖို့ …. ဂျုံပြားလေးတွေက စက်ဝိုင်းပုံစံဖြစ်ရပါမယ် …. ။ နောက်တပုံကိုကြည့်လိုက်ပါဦးနော် ။ 😀

 

 

ပုံထဲမှာ ဂျုံပြား အဝိုင်းလေးဖြစ်နေတာ တွေ့ပါလိမ့်မယ် ။ စက်ဝိုင်းပုံ အဝိုင်းစက်စက်ရဖို့ ဒီလောက်မခက်ခဲပါဘူး …. ။ အပေါ်က ပုံက ဂျုံပြားလေးပေါ်ကို ဖန်ခွက်ပဲဖြစ်ဖြစ် ၊ မတ်ခွက်ပဲဖြစ်ဖြစ် နှုတ်ခမ်းဝကိုမှောက်ပြီး ကပ်လိုက်ရမှာပါ .. ပြီးလျှင် ပိုနေတဲ့ ဘေးက အသားတွေကို ခွာထုတ်လိုက်တာနဲ့ ….. မိုလောင်းပြီး လုပ်ထားသလို … ဝိုင်းစက်နေတဲ့ ဂျုံပြားလေးကို မြင်ရမှာပါ ။ ဘေးက ဖက်ထုပ်လေးတွေကတော့ ပေါင်းအိုးထဲ ထည့်ဖို့ အသင့်အနေထားဖြစ်နေပြီပေါ့ ။
ဒါကတော့ ဖက်ထုပ်ထဲက ချဉ်ချဉ်စပ်စပ် အရသာ ရဖို့အတွက် ၊ အသီးအရွက် ၊ ဂင်မ်ချီနဲ့ ကြက်ဥတို့ကို ပေါင်းပြီး လုပ်ထားတာပါ ။
ဒါကတော့ ဖက်ထုပ်ခေါက်နည်း မသိသူတွေအတွက် အနီးကပ်မြင်ရအောင်ပါ ။
ဖက်ထုပ်ခေါက်နည်းက အရမ်းလွယ်ကူပါတယ် ။ စက်ဝိုင်ပုံဂျုံပြားလေးကို ခေါက်ချိုး ချိုးပြီး သူရဲ့ အလည်မှာ ရောစပ်ထားတဲ့ အစာကို … ချင့်ချိန်ပြီးထည့်ရပါမယ် ။ ပြီးတာနဲ့ ဘေး အနား နှစ်ဖက်ကို ပူးပြီး ..စက်ဝိုင်းခြမ်းပုံရအောင် … အချင်းချင်း ထိကပ်ပေးရပါမယ် ။ ပြီးတာနဲ့ နှုတ်ခမ်းသား တစ်ဖက်ကို ပြန်ဆွဲခွာပြီး … ပုံထဲက အတွန့်လေးတွေလို ဖြစ်အောင်လုပ်ပေးရပါမယ် ။ ကျန်တဖက်ကတော့ ဒီတိုင်းထားပေးရပါမယ် .. ဒါမှ … အထဲက အစာတွေ အပြင်ကိုမထွက်အောင် ပြန့်နေတဲ့ နှုတ်ခမ်းဘက်က တွန့်နေတဲ့ နှုတ်ခမ်းသးဘက်ကို ပူးကပ်ပြီးထိန်းထားပေးပါတယ်တဲ့ …. ။ လုပ်ရင်း လုပ်ရင်း … နောက်ပိုင်း ကျွမ်းကျင်သွားပါလိမ့်မယ် ။

 

ပေါင်းအိုးထဲ ထည့်မယ်ဆိုလျှင် အလျူမီနီယံ wrap လေးခံပြီး ထည့်ရပါမယ် …. အဲ့ဒီအပေါ်မှာမှ နှမ်းဆီလေးကို ပါးပါးလေးသုတ်ပြီး .. ဖက်ထုတ်လေးတွေတင်ပေါင်းခံထားရပါမယ် ။

 

ဒါကတော့ အငွေ့ တထောင်းထောင်းနဲ့ စားဖို့ အသင့်ဖြစ်နေတဲ့ ချဉ်ချဉ်စပ်စပ် ဖက်ထုပ်လေးတွေပါပဲ ။ 😀

 

ရုံးပိတ်ရက် ၊ကျောင်းပိတ်ရက်မှာ သူငယ်ချင်းတွေဆုံလို့ပဲဖြစ်ဖြစ် ၊ မိသားစုတွေ အပျင်းဖြေပဲဖြစ်ဖြစ် အပျော်တမ်းမုန့်လုပ်စားဖို့ဖက်ထုပ်လုပ်နည်းလေး ရေးပေးပါမယ် ။ ဖက်ထုပ်ကို ပုံစံမျိုးစုံနဲ့ လုပ်စားကြပေမယ့် ၊ ဒီတစ်ခါ ရေးပြမယ့်နည်းလေးကတော့ စားနေကြ ဖက်ထုပ်အရသာတွေနဲ့ မတူပဲ ၊ နည်းနည်းလေး ကွဲထွက်နေတဲ့နည်းလေးပါ ။ ဖက်ထုပ်ထဲမှာ ထည့်မယ့် အစာရဲ့ အရသာလေးက …. ချဉ်ချဉ်စပ်စပ်လေးပေါ့ ……. ။ အထူးသဖြင့် ကိုရီးယားတွေ လုပ်စားတဲ့ ဖက်ထုပ်ပုံစံပါပဲ ။

ပါဝင်တဲ့ ပစ္စည်းတွေကတော ့ ဂျုံ ၊ ကြက်ဥ ၊ ဝက်သား ၊ ဂေါ်ဖီ ၊ ပဲပင်ပေါက် ၊ ကြက်သွန်မြိတ် ၊ ကြက်သွန်နီ ၊ ငရုတ်သီးစိမ်း ၊ ပဲပြား၊ဂင်မ်ချီ ၊  ဆား ၊ သကြား ၊ ရေနဲ့ နှမ်းဆီ နည်းနည်း လိုပါတယ် ။ ပမာဏအားဖြင့်တော့ စားမယ့်လူနဲ့ တွက်ဆပြီး လိုတိုးပိုလျော့ထည့်လို့ ရပါတယ် ။

ပထမဆုံး ကျွန်မတို့ ဖက်ထုပ်အဖတ်လေးတွေရဖို့  ဂျုံမှုန့် ကို ရေ နည်းနည်း ၊ ဆားနည်းနည်း ၊နဲ့ ကြက်ဥ နှစ်လုံးလောက်ဖောက်ပြီး စီးပိုင်နေတဲ့အထိ နယ်ပေးရမှာပါ ။ နယ်နေစဉ်အတွင်း ရေကို လိုသလောက်ဖြန်းလိုက် ၊ နယ်လိုက်နဲ ့သမအောင် လုပ်ပေးရမှာပါ ။ ဝါညစ်ညစ်နဲ့ စီးစီးပိုင်ပိုင်လေးဖြစ်လာတဲ့ အချိန်ကျလျှင် ၊ အဖုံးလေးတစ်ခုလောက်ဖုံးထားပြီး ၊ အနည်းဆုံး တစ်နာရီလောက်ကြာအောင် အခြောက်ခံထားရပါမယ် ။ ဒါမှ ဂျုံ အသားမာတက်လာပြီး ၊ ဖက်ထုပ်အဖတ်လုပ်တဲ့အခါ ၊ ကွဲမထွက်မှာပါ ။

ဂျုံနယ်လို့ အသားမာအောင်စာနေစဉ်အတွင်းမှာ  အစာကို အဆင်သင့်ဖြစ်အောင် လုပ်ထားရပါမယ် ။ ပါဝင်တဲ့ ပစ္စည်းတွေအားလုံး(ဝက်သား ၊ ဂေါ်ဖီ ၊ ပဲပင်ပေါက် ၊ ကြက်သွန်မြိတ် ၊ ကြက်သွန်နီ ၊ ငရုတ်သီးစိမ်း ၊ ပဲပြား၊ဂင်မ်ချီ )ကို သေးနိုင်သမျှ သေးအောင် နှုတ်နှုတ်စင်းထားရပါမယ် ။ ပြီးတာနဲ့ ကြက်ဥတစ်လုံးလောက်ဖောက်ထည့်ပြီး ၊ ဆား ၊ သကြား နည်းနည်းရယ် နှမ်းဆီရယ်ရောပြီး.. သမအောင် မွှေပေးရပါမယ် ။ ဝက်သား မကြိုက်တဲ့/ မစားတဲ့ လူတွေကတော့ တခြား အသားတွေ အစားထိုးသုံးနိုင်တာပေါ့ ။အချဉ်ပိုကြိုက်တတ်လျှင်တော့ … ဂင်မ်ချီပိုထည့်ပေါ့နော် ။ အဲ့ဒါလုပ်နည်းလေးလည်း … ရေးပေးခဲ့ဖူးပါတယ် ။ ကိုယ်တိုင်လုပ်ဖို့ အဆင်မပြေဘူးဆိုလျှင်တော့ …. ရယ်ဒီမိတ်အထုတ်တွေရှိပါတယ် …. ဝယ်လိုက်ရုံပါပဲ ။ ငရုတ်သီးကိုတော့ ရွှေအပ်သီး အသေးလေးတွေ သုံးပါမယ် ။ အရောင်လှနေအောင် အစိမ်းရော ၊ အနီရောင်ကိုရော ရောသုံးသင့်ပါတယ် ။

အခုဆို အစာလည်း လုပ်လို့ပြီးပြီဆိုတော့ အချိန်လည်း တစ်နာရီလောက်ရှိတာကြောင့် ဂျုံကိုစကိုင်လို့ ရပါပြီ ။ ဂျုံအတုံးကြီးကိုဖဲ့ပြီး လက်မတဆစ်စာ အနေထား ဂျုံတုံးလေးတွေရအောင် လုပ်ရပါမယ် ။ ပြီးတာနဲ့ လက်မတစ်ဆစ်စာ ဂျုံတုံးလေးတွေကို ပြင်ညီတစ်ခုပေါ်မှာ ပြားနေအောင် ဒလိမ့်တုံးနဲ့ လှိမ့်ပေးရမှာပါ ။ ကျွန်မကတော့ မီးဖိုထဲမှာ လွယ်လွယ်ရှိတဲ့ စဉ့်နှီတုံးလေးကို သုံးလိုက်တာပါပဲ ။ ဒလိမ့်တုံးကလည်း ဆိုင်တွေမှာ အသုံးများတာကြောင့် ၊ အိမ်တွေမှာ တွေ့ ရခဲတဲ့ အသုံးဆောင်မျိုးပါပဲ ။ ဒီတော့ ဒလိမ့်တုံးမရှိလည်း ပြောင်ချောနေတဲ့ ငရုတ်ကျည်ပွေ့လေးရှိလျှင် အဆင်ပြေပါပြီ ။ ငရုတ်ကျည်ပွေ့မှ ရှာမတွေ့ဘူးဆိုလျှင်တော့ ၊ ကိုယ်ထည်ပြင်ညီဖြစ်နေတဲ့ ပုလင်းတလုံးလောက်ရှိလျှင် သုံးလို့ ရပါပြီ ။

ဂျုံပြားလေးကို … ပြားနေအောင် လှိမ့်ပြီးပြီဆိုလျှင် ၊ အဝိုင်းစက်စက်ပုံရဖို့ ၊ အိမ်မှာပဲ လွယ်လွယ်ရှိတဲ့ ဖန်ခွက်လို ၊ မတ်ခွက်လိုဟာမျိုးကု ိသုံးရတော့မှာပါ ။ ပြားနေတဲ့ ဂျုံပြားလေးပေါ်ကို ဖန်ခွက်ကိုဇောက်ထိုးလုပ်ပြီး နှုတ်ခမ်းဝနဲ့ ဖိကပ်လိုက်ပေးရပါမယ် ။ ပြီးလျှင် ဖန်ခွက်ဘေးက ပိုနေတဲ့ ဂျုံတွေကို ခွာထုတ်ရပါတော့မယ် ။ ဖန်ခွက်ကို ပြန်မလိုက်တာနဲ့ ကျွန်မတို ့လိုချင်နေတဲ့ စက်ဝိုင်းပုံ ဂျုံပြားလေးကို ရမှာပါ ။ အဲ့ဒါလေးရလျှင် ဖက်ထုပ်စလုပ်လို ့ရပါပြီ ။

စက်ဝိုင်းပုံ ဂျုံပြားလေးကို စက်ဝိုင်းခြမ်းပုံဖြစ်အောင် ခေါက်ချိုးချိုးပြီး အရာပေးရပါမယ် ။ ပြီးတာနဲ့ အလယ်မှာ အစာထည့်ပြီး ဖက်ထုပ်ဖြစ်အောင်ခေါက်တာပါပဲ …. ပုံထဲက အတိုင်းခေါက်ပါမယ် ။ ပြီးတာနဲ့ ပေါင်းအိုးထဲကို အလျူမီနီယံပြားခံပြီး … အဲ့ဒီအပြားမှာ နှမ်းဆီပါးပါးသုတ်ပြီး ဖက်ထုပ်လေးတွေကို စီထည့်ရပါမယ် ။ ထည့်တဲ့အခါ ဖက်ထုပ်လေးတွေ တစ်ခုနဲ့ တစ်ခု ကပ်မနေစေဖို့ သတိထားပေးရမှာပါ ။ ပေါင်းအိုးထဲ ဆယ့်ငါးမိနစ်လောက်ထားပြီးတာနဲ့ …….. အသင့်စားနိုင်တဲ့ ဖက်ထုပ်လေးတွေရပြီပေါ့ ။ စားချင်ဇောနဲ့.. ပေါင်းအိုးထဲ လက်နဲ့ သွားဆယ်လျှင်တော့ … ဖက်ထုပ်တင်မကဘူး … လက်ပါ စားလို့ အသင့်နေထားဖြစ်သွားနိုင်ပါတယ် ။ 😀  သူငယ်ချင်းတွေ ၊ မိသားစုဝင်တွေကို မုန့်လည်း လုပ်ကျွေး ၊ အလုပ်လည်း ပေးချင်တယ်ဆိုလျှင်တော့ … ဒီလို ဖက်ထုပ်မျိုး လုပ်စားသင့်ပါတယ် ။ ပြင်ဆင်ရတာ … ကရိကထများပေမယ့် … ချဉ်ချဉ်စပ်စပ်ဖက်ထုပ်လေးကို စားလိုက်ရလျှင်ပဲ ကျေနပ်သွားတာမို့ ကျွန်မကတော့ မကြာမကြာလုပ်စားဖြစ်တဲ့ အစားစာတစ်မျိုးပါပဲ ။ ကိုရီးယားထမင်းချက်တဲ့ အန်တီကြီးတစ်ယောက်က သင်ပေးထားတာပါ ။

မိုးတွေရွာလွန်းလို့ အပြင်မထွက်နိုင်ပေမယ့် ၊ သူငယ်ချင်းတွေနဲ့ရော ၊ မိသားစုဝင်တွေနဲ့ပါ  ကိုယ်ကြိုက်တဲ့ မုန့်လုပ်နည်းနဲ့ အပျင်းပြေလုပ်စားကြရင်း happy weekend လေးဖန်တီးနိုင်ကြပါစေနော်။ ။   😛 😛

 

 

28 comments

  • YE YINT HLAING

    August 20, 2012 at 12:10 pm

    အောက်ဆုံးက ပုံလေးကြည့် ရင်း စားချင်လာတယ် မအိတုံ ရေ !

  • Ma Ei

    August 20, 2012 at 12:18 pm

    ဖက်ထုပ်ဆို ပေါင်း၊ကြော်၊ပြုတ် အကုန်ကြိုက်
    အရွက်တော့ မလုပ်တတ်လို့ သံဈေးမှာ ဝယ်ရတာရယ်…
    အိတုန်လေးရဲ့နည်းနဲ့ အရွက်စမ်းလုပ်ကြည့်လိုက်ပါဦးမယ်နော်…

  • ဥဥ

    August 20, 2012 at 12:49 pm

    ဖက်ထုပ်တစ်ပွဲလောက်ဗျို့
    (ဇဂါးမစပ် .. မုန့်မပြင်ခင် လက်သေချာဆေးနော်) [:D]

    • etone

      August 20, 2012 at 12:59 pm

      လက်ဆေးပါတယ် ဥဥရယ် … ဆံပင်မစည်းတာလေးတစ်ခုပဲ .. ခွိခွိ 😆

      • ဥဥ

        August 21, 2012 at 10:07 am

        ကြာဇံဟင်းသောက်ရတာပေါ့ဂျာ 😀

  • ko khin kha

    August 20, 2012 at 12:56 pm

    မန္တလေးမှာတော့ စန္ဒာမေ ဖက်ထုပ်ပေါင်းဆိုင်က နံမည်ကြီးတယ်လေ။
    ခဏခဏသွား၍ စားဖြစ်တယ်၊ အဲဒီဆိုင်က တရုတ်နှစ်သစ်ကူးနီးတဲ့ရက်ဆို
    နှစ်ပွဲစားတစ်ပွဲလက်ဆောင်ပေးပြီး ရောင်းတတ်တယ်။ အဲဒီရက်မျိုးတော့
    ခင်ခတို့က ရောက်ပြီးသားဘဲဗျာ။

  • surmi

    August 20, 2012 at 12:56 pm

    ဒါလဲရတာဘဲလားဒေါ်အိတုန်
    ကောင်းပါလေ ့ဗျာ ကျုပ်က တုတ်ကွေးမိနေတာဆိုတော ့
    ဂင်ချီဖက်ထုပ်စားပြီး ချွေးထွက်သွားပြီ
    ဒီလိုဖြင် ့ ဒို ့ဒေါက်တာတော ့ကံကောင်းတာဘဲ
    လမ်းဘေးမစား အိမ်မှာစား
    ပူပူနွေးနွေးကျန်းမာရေး ဟုတ်စ

  • ရွာစားကျော်

    August 20, 2012 at 1:59 pm

    သောကြာနေ့ကတည်းက တင်ပါလားဗျာ.
    ခုတော့ နောက်တစ်ပတ် စနေ တနင်္ဂနွေကျမှ
    အိမ်က ကိုးရီးယားဗိုက်ပူမကို လုပ်စားဖို့ တိုင်ပင်ရမယ်…

  • pooch

    August 20, 2012 at 4:03 pm

    ဖက်ထုပ်က ကင်မ်ချီထည့်ထားတယ်ဆိုတော့ ချဉ်စပ်အရသာနဲ့ စားကောင်းမဲ့ပုံပဲ။အချဉ်မလိုတော့ဘူးပေါ့။

    ဒီမှာကတော့ အဆိမ့်ပေါင်းကြတာဆိုတော့ အချဉ်ရည်ကို သီးသန့်လုပ်ကြသေးတယ်။

    မန္တလေးက စန္ဒာမေ ဖက်ထုပ်ပေါင်းရယ် မတင့်ဖက်ထုပ်ဆိုင်ရယ်ကတော့ နာမည်ကြီးတယ်။ အရသာလည်း ကောင်းတယ်။

  • ဦးဦးပါလေရာ

    August 20, 2012 at 4:41 pm

    ဒီပိုစ့်လေးဖတ်ရတော့
    ဖက်ထုပ်ပေါင်းကောင်းကောင်းလေးစားချင်လာပြန်ရော
    အလုံက စန္ဒာမေ(မန္တလေးဆိုင်ခွဲ) ကလဲ ပိတ်သွားပြီ
    နောက်ဆိုင်ခွဲတခုကလဲ ဘယ်နားမှာမှန်း မမှတ်မိတော့ဘူး.. 🙁

  • shwe kyi

    August 20, 2012 at 6:34 pm

    မအိတုံကြော်လိုက်လို့ရောရလားဟင်။ ဖက်ထုပ်ကြော်ကိုပိုကြိုက်လို့ပါ။

  • မောင်ပေ

    August 20, 2012 at 7:28 pm

    ဒီတစ်ခါ ရန်ကုန်ရောက်ရင်ဖြင့်
    နှမငယ် တုံတုံ ရဲ ့ ကို ့ရို ့ကားယား အဲလေ… မွှားလို ့
    ကိုရီးယား ဖက်ထုပ်ပေါင်း ကို စားရချီသေးရဲ ့ဗျာ

    • etone

      August 20, 2012 at 10:44 pm

      မရွှေကြည်ရေ ကြော်စားလို့ရပေမယ့် အထဲကအသား ကျက်ဖို့တော့လိုတာပေါ့။ကျွန်မကတော့ ဆီကြော်သိပ်မစားဖြစ်လို့ အခုလိုပဲပေါင်းစားဖြစ်ပါတယ်။

      ချစ်ကိုကြီးကပေရေ လာမယ်ဆိုပြောလိုက် ကို့ရို့ကားယားရော ကပိုကလျိုရော ချက်ကျွေးဖို့ စေတနာရှိပြီးသားပါ 😛

  • အရီးခင်လတ်

    August 20, 2012 at 8:21 pm

    တုံတုံလေး
    လုပ်ကြည့်ဦးမယ်။
    ကြည့်ရတာ အလွယ်သားနော်။
    ကင်ချိ မရှိတော့ အသားကို နုတ်နုတ်စင်းထည့်မယ်။
    ဖြစ်မဖြစ် ပြန်ပြောမယ်။ 😀
    ကျေးဇူးနော်။

    ဟိုတစ်ခါ သဲနု ရဲ့ ပေါင်မုန့် Roll လိမ်လိမ် လေး လုပ်တာ မပွဘဲ မာသွားတယ်။
    ကြည့်ရတာ ထည့်ရမဲ့ Baking အမှုန့်တွေ မပါလို့လား။
    ထောပတ်က ဂီး မဟုတ်လို့ လဲ ဖြစ်နိုင်တယ်။
    သူ့ကို အကြောင်းပြန်ဖို့ ဟာ သဲနု လဲ ပျောက်နေလို့။
    သူလဲ အလုပ်များနေတယ် ထင်ရဲ့။

  • မဟာရာဇာ အံစာတုံး

    August 20, 2012 at 9:22 pm

    ဒေါ်အိတုံဂျီး ပြောပြလို့
    ဖက်ထုပ် လုပ်နည်းတော့ သိဘာဘီ ..
    သို့ပေသိ ကိုယ်တိုင် လုပ်စားရင် မသပ်ရပ်မှာစိုးလို့ ..
    လုပ်ကျွေးမယ့်လူ တစ်ယောက်ယောက် သွားရှာလိုက်ဘာအုံးမယ် ..
    တောင်မလေးဂို ပြောဒါနော် ..
    ဘာဘူဂျီး ဟုတ်ဘူး .. 😀

  • manawphyulay

    August 21, 2012 at 10:20 am

    ကြည့်ရင်းနဲ့ စားချင်လာပြီ ဂွတ်ရှယ်ပဲ ညီမလေးရေ…
    မိုးမရွာလည်း လုပ်စားလို့ရတယ်မလား 😛

    • etone

      August 21, 2012 at 11:11 am

      ညီမတို့လို အိမ်စောင့်နတ်နဲ့ ရန်ဖြစ်ထားတဲ့ လူတွေအတွက်တော့ … မိုးရွာမှ အိမ်ကပ်တာမို ့ပါ ။ 😉
      အိမ်ထဲမှာ လုပ်စားမယ်ဆိုလျှင်တော့ .. မိုးရွာရွာ မရွာရွာ ပြသနာမရှိပါဘူး၊ အိမ်ပြင်ထွက်လုပ်စားမယ်ဆိုလျှင်တော့ …… မိုးရွာလျှင် ရှော့ရှိတယ် … ခွိခွိ :mrgreen:

    • etone

      August 21, 2012 at 12:02 pm

      ကိုရဲရင့်လှိုင်ရေ …..စားချင်တယ်ဆိုလျှင် ကျွေးချင်ပါတယ် ။ နီးနီးနားနားဆိုလျှင်ပြောပါတယ် … ဟီး 😛

      အန်တီအိရေ …. ဒီဖက်ထုပ်လေးတွေကလေ ..ရေခဲသေတ္တာထဲထည့်ထားလည်း ၊ သုံးရက်လောက် အသာလေးခံတယ် … ။ သံဈေးမှာအရွက်ဝယ်လို့ရလျှင်တော့ … လုပ်ရပိုသက်သာပါတယ် … ။ မဟုတ်လျှင် အဖတ်လုပ်ရတာနဲ့ပဲ အချိန်ပေးရပြီး ၊ မီးဖိုချောင်လည်း …ပြန်သန့် ရှင်းရေးလုပ်ရမှာနဲ့ … ပင်ပန်းပါတယ် … ။ အားတက်သရော .. ချက်ပြုတ်ပြီးတော့ … မောပြီး မစားနိုင်တော့တာမျိုးလည်း ဖြစ်ဖူးတယ် ။

      ဥဥရေ …. ကြာဇံတော့မဟုတ်ဘူး menu အသစ်က တံမြက်စည်းမွှေးလေ .. ဟဲဟဲ 😎

      အန်ကယ်ခင်ခရေ … ရန်ကုန်မှာလည်း … စန္ဒာမေဆိုင်ခွဲ ဖွင့်ထားတာ မြင်မိပါတယ် … နည်းနည်း အလှမ်းဝေးတော့ … အဲ့ဘက် မရောက်ဖြစ်ဘူး …ဖြတ်သွားဖြတ်လာပဲ တွေ့တယ် ..။ နှစ်သစ်ကူးရက်ဆိုလျှင် နှစ်ပွဲစား တပွဲလက်ဆောင်ဆိုလျှင်အတော်ပဲ … အမွှာသားနှစ်ယောက်နဲ့ … မာမီနဲ့ … အတူသွားရမယ် …. ခွိခွိ 😀

      ကိုဆာမိရေ …
      ဒါလည်းရပါတယ် … တခြားဟာလည်း ရပါတယ်ချင့် ….. ။ မိန်းမတစ်ယောက်အနေနဲ့ တပ်သင့်တာတွေ …. အတော်များများသင်ယူထားပါတယ် ။ 😛 တတ်မှန်း သိလျှင် ခိုင်းခံရမှာ စိုးလို့ …… အပျင်းထူရင်း … ဖျင်းတဲ့ ဘွရောက်သွားရတာပါ … အဟီး :mrgreen:

      ကိုရွာစားကျော်ရေ … ဒါဆို … ဒီလို လုပ်ပါလား ..သောကြာနေ ့ကျမှ .. အစက ပြန်ဖတ်လေ .. ဟိဟိ 😉

      အစ်မပုချ်ရေ ….. ငရုပ်သီးစိမ်းလေးတွေက … ရွှေအပ်သီးလေးတွေမို့ … စပ်လည်းစပ်၊မွှေးလည်းမွှေးတယ် …. ။ ဒါပေမယ့် သိပ်အများကြီးတော့ မစားနိုင်ဘူး … နှစ်ခု သုံးခုလောက်စားလျှင်ပဲ … နည်းနည်း အီသွားရော … ဟီး 😀
      ဆယ်လပိုင်းလောက် .. မန်းလေးလာဖြစ်မလား မသိသေးဘူး …..အိမ်ကလူတွေနဲ့ .. ရက်နည်းနည်းညှိနေတာ …. 3ရက်လောက်ပဲကြာမယ်ဆိုလျှင် လာဖြစ်မယ် … 5ရက်လောက်ကြာမယ်ဆိုလျှင် မလာဖြစ်လောက်ဘူးလေ … ။ ရုံးအကြာကြီးပျက်လျှင် အဆင်မပြေလို့ … 🙄

      ဦးဦးရေ .. ကမာ္ဘအေးဘုရားလမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းထောင့်မှာ … စန္ဒာမေ ဆိုင်ခွဲ ဖွင့်ထားပါတယ်တဲ့လေ … ။

      အရီးလတ်ရေ …. ဂင်မ်ချီမပါတော့ … အရသာတော့ နည်းနည်းပြောင်းသွားမယ်ထင်တယ်နော် … အဟီး ။ အခုနည်းထဲမှာလည်း ဝက်သားက ပါပြီးသားဆိုတော့ …. ။
      အရီးလတ်အရင် လုပ်စားကြည့်ပြီး … ပြန်သတင်းပေးနော် … ဟီး ။ 😀
      အစ်မသဲကို အွန်လိုင်းမှာ တွေ့တွေ့နေပါတယ် … ရွာထဲသာ သူမရောက်ဖြစ်ဘူးထင်ပါရဲ့ … ။

      ကိုခြောက်မျက်နှာချင့် … ရတနာသိုက်တွေ့သွားပြီဆိုလျှင်… တစ်ယောက်မကဘူး.. နှစ်ယောက် သုံးယောက် … လေးငါးယောက် ပတ်လည်ဝိုင်းနေပါလိမ့်မယ် … အဟိ ။ 😀

  • ma me kyaw

    August 21, 2012 at 10:27 am

    ဖက်ထုပ်ပေါင်း အဟုတ်ကောင်း မိုးရွာနေပူ အလွန်ကောင်း

  • weiwei

    August 21, 2012 at 12:57 pm

    ဖက်ထုပ်စမ်းလုပ်ကြည့်ဖူးတယ် … ပုံစံတွေ မလှမပဖြစ်သွားလို့ ပို့စ်မတင်ဖြစ်ခဲ့ဘူး …
    နောက်တစ်ခေါက်ထပ်လုပ်မယ်စိတ်ကူးပေမယ့် ဂျုံနယ်ရတာ တော်တော်ပင်ပန်းတာမို့ ထပ်မလုပ်ဖြစ်သေးတာ …
    အမကတော့ တရုတ်နည်းမို့လို့ အချိုဖက်ထုတ်ပဲလုပ်စားဖြစ်တယ် …
    နောက်တစ်ခါလုပ်လို့ လှလှပပဖြစ်လာရင်တော့ ပို့စ်တင်ပြီး ပြပါအုန်းမယ် …

  • shwe pont

    August 21, 2012 at 1:57 pm

    ဖက်ထုပ်ကိုတော်တော်ကြိုက်ပါတယ်။ ဒါကြောင့် ကုက္ကိုင်းမီးပွိုင့်ဒေါင့်က စန္ဒာမေ (တက္ကသိုလ်ရိပ်သာလမ်းသစ်နဲ ့ ကမ္ဘာဘုရားလမ်းဒေါင့်) က ဖက်ထုပ်နဲ ့ကြေးအိုးဆိုင်မှာ သွားစားဖြစ်ပါတယ်။ ကိုယ်တိုင်လုပ်ရမှာကျတော့ အသေးစိတ်၊ အကြာကြီးလုပ်ရမယ်ဆိုပြီး ပျင်းပြီး လုပ်စား ဖို ့စိတ်မကူးဖြစ်ခဲ့ပါ။ ဒါပေမဲ့လုပ်နည်းလေးသိရလို ့ ကျေးဇူးတင်ပါတယ် etone ရေ။ ကိုယ်တိုင်လုပ်ပြီး စားချင် တဲ့အခါ လုပ်စားလို ့ရတာပေါ့။ ဖက်ထုပ်စားရတာမှာ ဂျင်းကိုအမျှင်လေးတွေလုပ်ပြီး ရေစိမ်ထား တာနဲ ့အချဉ်ရေနဲ ့တွဲစပ်စားရတာတော်တော်လိုက်ဖက်ပါတယ်။
    စန္ဒာမေမှာ ဖက်ထုပ်ပေါင်းလဲကောင်းတယ်။ Family ဖက်ထုပ်ကြော်ဆိုပြီး ခုရေတော်တော်များများပါတဲ့ ဖက်ထုပ်ကြော်တစ်ပွဲကိုမှ 4000 ပါ အရမ်းတန်ပါတယ်။ အများကြီးစားလို ့ရတယ်။ ပြောရင်း စာချင်လာပြီ ။

  • အလင်းဆက်

    August 21, 2012 at 6:54 pm

    ဒီ ပိုစ့်ကို သိမ်းထားမယ် ။
    မိန်းမ ရတဲ ့နေ ့မှာ..မိန်းမ ကို ပြမယ် ။ ဒီ ပိုစ ့်ကို…. …။

    အဲသလိုလေး… လုပ် ..ကျွေး စမ်းပါ.. ကိုယ် ့မိန်းမ ရယ်…. လို ့ပြောမယ် ။
    အဟိ် ။:D

  • ကြောင်ကြီး

    August 22, 2012 at 8:32 am

    အသင့်လုပ်ပြီးသား ဖက်ထုပ်ရွက်တွေ ရှိတယ်၊ အဲဒါနဲ့ဆို ဂျုံလှိမ့်စရာ မလိုတော့ဘူး။ ဖက်ထုပ်လုပ်တာထက် ကကြီးမတယောက် ရအောင်ကြံနိုင်ရင် အားလုံးအဆင်ပြေသွားမယ် ထင်တယ်။ ကကြီးမတွေများ ဖွေးဥနေတာပဲ ရှလွတ် ရှလွတ်၊ ဒါနဲ့ စကားမစပ် ဒေါ်စုနဲ့လာတွေ့သွားတဲ့ အေဒီဘီဘဏ်အဖွဲ့က ကကြီးမလည်း ဂွတ်ဒသဗျို့…။

    • etone

      August 22, 2012 at 9:53 am

      ဦးကြောင် ကကြီးမတွေက TVတွေထဲမှာပဲ လှတာ …. အပြင်မှာ ကကြီးတွေထဲ ရုပ်ချောသူက လူနည်းစုပဲရှိတယ် … ။ ပြီးတော့လေ … တစ်ချို့ ကကြီးမတွေက ..အစားအရမ်းသောင်းကျန်းတဲ့အပြင် ၊ တကိုယ်ရည်သန့်ရှင်းမှုအားဖြင့်လည်း … ညစ်ပတ်တယ် … ခွိခွိ :mrgreen:

  • Crystalline

    August 22, 2012 at 11:54 am

    Ma Etone ရဲ့ပထမဆုံး recipe ထင်တယ်နော်..အစားဝါသနာပါသူမို့ကူးသွားတယ်နော့.. ရှဲရင်းလုပ်တဲ့အတွက် ကျေးဇူးပါ

    • etone

      August 22, 2012 at 12:03 pm

      ဒါက ဒုတိယအပုဒ်ပါ Crystalline ရေ … ပထမပို့စ်အနေနဲ့ …. ဂင်မ်ချီလုပ်နည်းရေးခဲ့ဖူးပါတယ် … ။ ကိုယ်တိုင် လုပ်ပြတာတော့ …. ဒါပထမဆုံးပဲ … ။ 😀 😀

  • Shwe Ei

    August 22, 2012 at 4:36 pm

    ဖက်ထုပ်လုပ်စားဖြစ်တဲ့နေ့ ဖိတ်လိုက်နော်(မဖိတ်လဲ သတင်းအနံ့ရတာနဲ့ အတင်းလာစားမှာကိုများ 😀 )။ ကိုယ်တိုင်ကတော့ အပျင်းကြီးလို့ အဆင့်များများနဲ့ ချက်ရပြုတ်ရမှာဆို ဘာမှလုပ်မစားဘူး။ ဟိ။

  • Foolish Girl

    September 14, 2016 at 10:41 am

    ပုံမမြင်ရဘူးဖြစ်နေတယ် လိုင်းမကောင်းလို့ထင်တယ်

Leave a Reply