ဘီယာရောင်းချင်ရို့..

ムラカミAugust 20, 20121min1467

 

 

မေးချင်တာလေးပါဗျာ…

ဖြေပေးကြပါ …

အူးလေး ကြောင်ဝတုတ်နဲ့ အန်တီလေးဝေါင်း ရေ…

သင်ပေးပါဦးဗျို့ ….။

 

 

 

 

အော်ဒါ ပလေ့စ် ဆိုတဲ့ နေရာက တကယ် အလုပ်လုပ်တဲ့ ပုံစံ နဲ့ ..

ရှစ်ပင်ဒလေး ပိုင်းက တကယ့် ဖြစ်ရပ် သုတ္တန်လေးတွေ

ရှန်တိန်ယူတာလေးတွေ ..အဟီ း..

အဲ့လောက်ပါပဲ …

ဒဂယ် သိဂျင်ရို့ပါ…

 

ပီးရင် ဒါလေး တထု ရေး ကြည့်ချင်လို့ပါ…

 

http://en.wikipedia.org/wiki/Beer_distribution_game

 

 

7 comments

  • ကြောင်ဝတုတ်

    August 21, 2012 at 10:05 am

    ဂျီတော့ကနေပဲ သိသလောက်တတ်သလောက်ပြောပြလိုက်ပီ…ဟိ

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • Wow

    August 21, 2012 at 10:54 am

    ပြန်လာမယ်နော်… အားမငယ်နဲ့… အလုပ်လေးနဲနဲလုပ်လိုက်ဦးမယ်…
    😀

  • ရဲစည်

    August 21, 2012 at 10:55 am

    စိတ်ဝင်စားပါကြောင်း
    အသောက်ပိုင်းမို့ အားပေးပါကြောင်း
    သယ်ယူပို့ဆောင်ရေးပိုင်း စိတ်ဝင်စားကြောင်း
    ဆိုင်ရောက်လို့ နည်းနည်းလျော့ရင် သီးခံဘာ
    အိမ်မြောင်မှင်စာ … အောင်မြင်ဘာဇေ ……

  • Wow

    August 21, 2012 at 12:33 pm

    ဂီဂီရေ… ကုန်ပစ္စည်းအော်ဒါတက်လာရင် ပို့ပေးရမယ့် ဆိပ်ကမ်းဖေါ်ပြထားပါတယ်။ ကိုယ့်မှာ stock ရှိမရှိ warehouse inventory နဲ့ ချက်လုပ်ပြီးရင်၊ raw တွေက ဘယ်ကသွင်းတာလဲ … များသောအားဖြင့်တော့ China ပေါ့။
    ကိုယ်နိုင်တဲ့အပိုင်းက Factory Production၊ ကိုယ့် Merchandiser တွေက raw တွေကို ဘယ်လောက်မြန်မြန်ရအောင်ရှာနိုင်လဲ။ Supplier အခိုင်အမာ ရှိပြီးသားဆိုရင်တော့လုပ်လို့လွယ်တယ်။ +Shipping time + Production time ဆိုရင် ကုန်ပစ္စည်း Ready ဖြစ်ပြီ။ သက်ဆိုင်ရာ နိုင်ငံရဲ့ Rule & Regulation ပေါ်မူတည်ပြီး Import license/permit for raw ၊ Export license/permit for finished product အချိန်တွေပါထဲ့တွက်ရပါတယ်။ ကုန်ပစ္စည်း အသင့်ဖြစ်ရင် Custom Clear လုပ်ဖို့လိုပါတယ်။ သက်ဆိုင်ရာ Shipping line တွေနဲ့ချိတ်လိုက်ရင် သူတို့က Etd/Eta date for Cargo ကို အကြမ်းဖျင်းပြော ပြနိုင်ပါတယ်။ By Air Cargo က Delay ဖြစ်လဲ တစ်ပတ်ထက်ပိုမဖြစ်တတ်သလို၊ Full Container (FCL) shipment တွေကလဲ တော်တော်ဆိုးဆိုးရွားရွားမဖြစ်ဘူးဆိုရင် တစ်ပတ်ထက်ပို Delay ဖြစ်ခဲပါတယ်။ ကြောက်ရတာက LCL shipment တွေပါ။ သင်္ဘောပိုင်ရှင်က Cargo မပြည့်ဘဲ ထွက်လေ့မရှိတော့ တစ်ခါတစ်လေ သူကုန်မရရင် ကိုယ့် shipment ရွာလည်တာပါပဲ။ မှတ်မှတ်ရရ shipment တစ်လလောက် Delay ဖြစ်ဘူးပါတယ်….

    • Wow

      August 21, 2012 at 12:35 pm

      ဂျကားမစပ်…အဲ့ဒီ့စားရိတ်အားလုံးကို ဘယ်သူပေးဒယ်ထင်သလဲ….
      နောက်ဆုံး စားသုံးသူက တာဝန်ခံရတာပါပဲ… 😛

    • Liquid_Sn@ke

      August 21, 2012 at 12:56 pm

      သည်လိုဗျ … အဲ့ဒီ ဘီယာရောင်းတဲ့ ဂိမ်းလေး ဆော့ကြည့်တော့ .. ကြားထဲမှာ ကြာပွတ်ရမ်းသလို လှိုင်းတွေ ထွက်လာတော့တယ်…
      တနေရာမှာ ပုံနေပြီး တနေရာမှာ မရောက်လာသေး လိုနေသေးတတ်တာတွေ ..

      ဒါတောင် အဲ့မော်ဒယ် က ဖက်ထွီ ဘက်ကို အဆမ်းရှင်း ယူထားတဲ့ မော်ဒယ်…
      အိုအီးအမ် တွေ အဆင့်ထိ သွားရင် အနည်းဆုံး ကွန်ဇျူမာ လက်ထဲရောက်ဖို့ ၈ဆင့်လောက်ဖြတ်ရမယ်…
      (ကျုပ်လည်း ၈ကိုယ်ခွဲရင် ဦးနှောက်ပျက်ပြီး သေနိုင်လို့ .. ရပ်ထားလိုက်ပါတယ်…)

      ပြောချင်တာ သည်လို …
      ကိုယ့် အဝန်းအဝိုင်း ကိုယ်သာ အသိဆုံးမို့ …
      ကိုယ့် အင်ဗန်ထွီ အနေအထား .ကိုယ့်ဖောက်သည် ဆီက အော်ဒါ အနေအထား ကိုသာ ကြည့်နိုင် မြင်နိုင်သမို့…
      ကိုယ့် အင်ဗန်ထွီ သက်သက်သာ မန်းနေ့ချ် လုပ်ရင် .. ဆူဒို ဒီမန်း တွေ ထွက်တာကြောင့်
      ဝေဝါး သွား တတ်တာလေး မြင်လာရတယ်ဗျို့ ….

      ကိုယ့်အဝန်းအဝိုင်း ဆိုတာကလည်း မန်မိုရီကတ် ရောင်းစားတဲ့ ကုန်သည်တယောက်ရဲ့
      အင်ဗန်ထွီ ဆိုတာ ဗီရို ၁လုံး ဖြစ်ချင်ဖြစ်မှာ ပေမယ့် ဆန်ကုန်သည်ရဲ့ ဂိုထောင်ကတော့
      ဘောလုံး တကွင်းစာ ဖြစ်ချင်ဖြစ်တတ်သမို့ ပါဗျာ …

      ဘာပဲဖြစ်ဖြစ် အနှီ စပေ့ ဆိုတဲ့ လစ်မစ် ရှိနေလေတော့ ..
      ဒီမန်း ထွက်တိုင်း ဆပ္ပလိုင်းချင်မှ ဆပ္ပလိုင်း နိုင်မယ်… သို့တည်းမဟုတ်
      ပစ္စည်းတွေ တောင်ပုံပုံနေပေမယ့် ဒီမန်းက အီလည်လည် ဖြစ်ချင်ဖြစ်နေမယ်…

      ပရောဒတ်နေချာ ကိုလိုက်လို့ ..ရီအော်ဒါ ကာလ အပိုင်းအခြားတွေလည်း ကွာချင်ကွာလိမ့်မယ်..
      ဂျာနယ် အသက် ၁မနက်မို့ ..အလွန် တိုတောင်းတဲ့ အချိန်ကာလ အပိုင်းအခြား တခုအတွင်း
      စားသုံးသူဆီ ရောက်ဖို့ လိုတာ မြင်သာလာသလို .. လမ်းတံတားဆောက်တဲ့ သံချောင်းလို
      ကုန်မျိုးကျပြန်တော့ … ၁နှစ်နေမှ ၁ခါ၂ခါ လောက်သာ မှာတတ်ကြတာလေးလည်း …
      မှတ်သားမိပါတယ်ဗျို့…

      အစ်မရေးသွားတဲ့ … တက္ကတစ်ကယ် ပိုင်း အော်ပရေးရှင်နယ်ပိုင်း အတွက်လည်း ကျေးကျေးပါ
      ချက်ထဲမှာ ဖလိုး ကို ပြောပေးတဲ့ ကိုကြောင်ဝတုတ်ကိုလည်း ကျေးကျေးပါဗျို့ …

      ဆက်ဆွဲချင်တာကတော့ … ကိုယ့်ဆီ တိုက်ရိုက်ရောက်တဲ့ အော်ဒါ နဲ့ ကိုယ့် အင်ဗန်ထွီ
      ဆိုတာထက် ကျော်ပြီး ရှေ့ ဘက် နောက်ဘက် တွေက အနေအထားတွေ ဘယ်လို
      ဘယ်လောက် မြင်နိုင်မလဲ ဆိုတာ ဘက် ဆက်ချင်မိပါရဲ့ဗျာ …
      (ဂယ်က အဲ့လာ သိချင်တာ…ဟီး…)

      ကျေးကျေးပါ
      ခင်တဲ့
      ဂီ

  • Wow

    August 21, 2012 at 1:33 pm

    လူဇိုး
    ဂိန်းနဲ့ပတ်သက်လို့အတွေ့အကြုံများပုံကတော့ အရှက်တောင်ကွဲတယ်…
    ရုံးက ဖော်ရိန်နာတစ်ယောက်က နင်တို့ဆီမှာ Angry Bird တွေခေတ်စားလားမေးတော့။ အရမ်းခေတ်စားတာ ငါသိတယ် လူငယ်တိုင်းရဲ့ TShirt က စတစ်ကာတွေလို့ပြောမိလို့ … အဲဒါ ဂိန်းဆိုတာ မသိဘူးလားဆိုပြီး အဟားခံရပြီးပြီ….
    ရှက်ရှက်နဲ့ ဆက်ဝန်ခံရရင် အဲ့ဒီ့ ငှက်စိတ်ဆိုးလေးက ကိုယ့်ကွန်ပူတာထဲ အခန့်သားရှိတာကို ဖွင့်တောင် မကြည့်ဖြစ်တာ…. တော်ပုံ…. ဟီး… 😀

Leave a Reply