ဟိုအတွေး ဒီအတွေး၊ ဟိုရေး ဒီရေး။

ခင္ခAugust 21, 20121min20721

ဟိုအတွေး ဒီအတွေး၊ ဟိုရေး ဒီရေး။

ရန်ကုန်မှာတော့ မိုးကကောင်းလိုက်တာ နေ့တိုင်းလိုလို ရွာပေါ့။ ကျွန်တော်နေတဲ့ မန္တလေးမှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကမှ မိုးရွာတာဗျ။ အဲဒီတော့မိုးက ရွာနေတော့  ဘယ်မှလည်း သွားလို့မကောင်းပြီမို့ မိုးအေးအေးနဲ့ အတွေးလေးတွေ ဟိုရောက်ဒီရောက် တွေးမိတွေးရာ  တွေးမိ တာကို အခုပြန်ပြီး ဟိုရေး ဒီရေး ရေးမိရေးရာ ရေးလိုက်မလို့ပါဗျာ။

ကလေးဘဝက အတူတူ ကစားကြ၊ ဆော့ကြတဲ့ အပေါင်းအဖော်တွေကို ဆော့ဖော်ဆော့ဖက်၊ ကစားဖော် ကစားဖက်တဲ့။ အဲဒီတုံးက ကျွန်တော် တို့တွေရဲ့စိတ်ထဲမှ ကောင်ကျစ်မှု့တွေသိပ်မတွေ့ရဘူ ရိုးသားမှု့အရင်းခံလေတွေဘဲ၊ တစ်ခါတရံ စိတ်ကောက်လိုက်ကြ သူနဲ့ သူကခေါ်လို့ သူကိုမခေါ်လို့ သူနဲ့သူမခေါ်နဲ့ ဒါလေးတွေလည်း ကြုံရပေမယ့်၊ ပြီးတော့လည်း တစ်ခါပြန်ခေါ်ကြ ဆော့ကြပြန်ရောပေါ့ဗျာ။ အဲဒီတုံးက ဆော့နေ ရရင်ပြီးတာဘဲ ကျန်တာဘာမှ သိပ်မရှိကြလို့ အရိုးသားဆုံး အချိန်လေးတွေဖြစ်ခဲ့တဲ့ ကလေးဘဝ ကစားဖော် ကစားဖက် တွေပေါ့။

ဒီလိုနဲ့ ကျောင်းနေအရွယ်ရောက်လို့ မိဘတွေကကျောင်းအပ်နှံ ကျောင်းတက်ကြတော့ ခုန ကစားဖော်ကစားဖက်တွေနဲ့ဘဲ ဆက်ပြီကျောင်း အတူတူတက်ခဲ့ကြတာလည်းရှိသလို၊ တစ်ချို့လည်း ကစားဖော်တွေ မဟုတ်တဲ့သူတွေနဲ့တွဲပြီးကျောင်း တက်ခဲ့ရတာလည်းရှိခဲ့ကြပြီပေါ့။ ငယ်ငယ်တုံးက ရင်းနှီးခဲ့တဲ့သူကို ကျောင်းနေဘက် ငယ်သူငယ်ချင်း လို့ခေါ်ကြပေါ့၊ ကျွန်တော်ကတော့ အိမ်နားကမူလတန်းကျောင်းမှာဘဲ စတင်နေခဲ့ရတာမို့ ကစားဖော်တွေနဲ့အတူဘဲ မူလတန်းကျောင်းကိုတက်ခဲ့ရပါတယ်၊ ဘာဘဲဖြစ်ဖြစ် အဲဒီတုံးက ကိုယ်နဲ့တွဲဖြစ်ခဲ့ကြတဲ့သူတွေ ကိုတော့ ကျောင်းနေဖက်ငယ်သူငယ်ချင်း တဲ့။ အဲဒီအချိန်မှာ ရိုးသားမှု့လေးတွေရှိနေကြတယ်ဆိုပေမယ့် တစ်ချို့လေးတွေမှာတော့ သူက အတန်းထဲမှာ ဒီလစာမေးပွဲမှာ အဆင့်ဘယ်လောက်ရသွားတယ် ( ဥပမာ – အဆင့် ၁ တို့၊ ၂ တို့ပေါ့)ငါက ဘယ်လောက် နောက်စာမေးပွဲ ကြရင် ငါသူ့ထက်သာရအောင်လုပ်မယ်၊ သူကဘယ်လိုပုံစံစာကျက်တာလေ၊ ဘယ်ဆရာမကတော့ ဘယ်သူကိုဆိုပိုချစ်တယ် ဦးစားပေးတယ်၊ ဒါမျိုး လေးတွေတော့ ရှိစပြုလာကြပါရဲ့လေ။ဖာသိဖာသာနေသူလည်းရှိတာပေါ့ဗျာ။

ဒီလိုနဲ့ မူလတန်း ၊ အလယ်တန်း ၊ အထက်တန်းတွေ ကျော်ဖြတ်လာခဲ့ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်လို့ မိမိရရှိတယ် အမှတ်တွေအရ တက္ကသိုလ်သင်ယူတဲ့ ဘာသာရပ်တွေ၊ ကျောင်းတွေကွဲပြားသွားကြတာရှိသလို၊အတူတူတက်ရောက်ကြရတာလဲရှိခဲ့ကြတာပေါ့၊ တစ်ချို့လည်း   နေ့ကျောင်းတက္ကသိုလ်မတက်ကြဘဲ ( ကျွန်တော်တို့တုံးကတော့ စာပေစာယူမရှိဘူး၊ နေ့အလုပ်လုပ်သူတွေ ညပိုင်းတက်ရတဲ့ လုပ်သား ကော လိပ်ဘဲရှိတာ) အခုတော့ စာပေးစာယူတက်ပြီး အလုပ်လုပ်ကြတာတွေရှိပေမယ့်လည်း စာမေးပွဲနီး အနီးကပ်သင်တန်းတွေမှာတော့ ဆုံကြတဲ့ အတွက် တက္ကသိုလ်အတူတူတက်ကြတာမို့ ကျောင်းနေဖက်သူငယ်ချင်း ပါဘဲပေါ့။ အထက်တန်းက ကျောင်းနေဖက်သူငယ်ချင်း နဲ့ တက္ကသိုလ်က ကျောင်းနေဖက်သူငယ်ချင်းမှာ တစ်ချို့လည်း အထက်တန်းတုံးက သူငယ်ချင်းတွေနဲ့ပိုပြီး ဘွဲ့ရပြီးနောက်ပိုင်းပြန်တွဲဖြစ်ကြသလို၊ တစ်ချို့ကတော့ တက္ကသိုလ်ကတွဲခဲ့တဲ့ ကျောင်းနေဘက်သူငယ်ချင်းတွေကို ဘွဲ့ရလည်း ဆက်တွဲနေဖြစ်ကြလေရဲ့ပေါ့။ ကျွန်တော်တုံးကတော့ တက္ကသိုလ်ဆိုတာ နှစ်ပြည့် ၄ နှစ်တက်ရပြီး၊ နောက်ဆုံးနှစ်မှာ ၈၈ လူထုအုံကြွမှု့ကြောင့် ၃ နှစ်လောက်က ပိတ်လိုက်သေးတော့ တက္ကသိုလ်က သူငယ်ချင်းတွေနဲ့ပိုပေါင်းမိခဲ့တာ အခုထိပါဘဲ။ မေဂျာပေါင်းစုံ တက္ကသိုလ်ပေါင်းစုံ သူငယ်ချင်းအုပ်စုကြီးဖြစ်နေတော့ ကျွန်တော်အပါအဝင် ၂၄ ယောက်ရှိခဲ့တာ ခုထိ တွေ့ဆုံကြဖြစ်စဲပေါ့။ အဲဒီလို ကျောင်းနေဖက်သူငယ်ချင်း အဖြစ်လည်းကြုံခဲ့ကြမှာပါ။

တစ်ချို့ကတော တက္ကသိုလ်ဆက်မတက်ဖြစ်ဘဲ အလုပ်လုပ်ရင်း စာပေးစာယူတက်ကြပေါ့။ တစ်ချို့ကြတော့လည်း တက္ကသိုလ်ဝင်တန်းမအောင်   တော့အလုပ်လုပ်ပေါ့၊ တစ်ချို့ကျတော့ အတန်းပညာ အနည်းငယ်မှာဘဲ ကျောင်းဆက်မတက်ဘဲအလုပ်လုပ်၊ တစ်ချို့ကျတော့ ကျောင်းစာ   တောင်မသင်ရဘဲ ကလေးဘဝထဲက အလုပ်တွေလုပ်၊ တက္ကသိုလ်ကဘွဲ့ရပြီးသူတွေလည်း အလုပ်ထဲဝင်လုပ်ရင်း မိမိလုပ်တဲ့ ရုံး၊ ဌာန ၊ စက်ရုံ၊ အလုပ်ရုံနဲ့ လုပ်ငန်းတွေမှာ မိမိ၏ဝန်းကျင်ကသူတွေနဲ့ ခင်မင်ရင်းနှီးပေါင်းသင်းလာကြတဲ့အခါကျတော့ အလုပ်ထဲက လုပ်ဖော်ကိုင်ဖက် မိတ်ဆွေ လို့သုံးလာကြ တယ်လေ။

တစ်ချို့လည်းငွေကြေးတတ်လို့ ကိုယ်ပိုင်လုပ်ငန်းလုပ်ကြတဲ့ ကုမ္မဏီလုပ်ကြတဲ့သူတွေနဲ့ ခုနက အလုပ်သမားတွေ၊ ဝန်ထမ်းတွေ ၊ အလုပ်လုပ်တဲ့ သူတွေ၊ ကိုယ်တနိုင်ဈေးရောင်းသူတွေ၊ အစရှိတဲ့ အလုပ်လုပ်သူတွေဟာ မိမိဆက်ဆံတွေ့ထိ ဆက်သွယ်ရာကိုအမှီပြုပြီး ရင်းနှီးလာကြတဲ့အခါ ကျတော့ အပေါင်းအသင်း မိတ်ဆွေ တွေဖြစ်ကြရော။

မိမိနေထိုင်ရာ ရပ်ကွက်၊ လမ်း ၊ တိုက်ခန်း စသည့်ဝန်းကျင်လေးတွေမှာရှီတြ့ ပတ်ဝန်းကျင်ကသူတွေနဲ့ကျတော့ တလမ်းတည်းသား၊ တစ်ရပ်ကွက်တည်းသား၊ ရပ်ဆွေရပ်မျိုး မိတ်ဆွေ အခေါ်တိုးပြန်ပေါ့။

အခု Mandalay Gazette မှာ ဝင်ပြီးပိုစ့်တွေရေးကြ၊ ဖတ်ကြ။ Comment တွေရေးကြ၊ တစ်ချို့လည်း ဖတ်ရုံဘဲဖတ်သွားကြ ဘယ်လိုဘဲဖြစ်ဖြစ် Mandalay Gazette မန်ဘာဝင်ခဲ့ကြသူတွေကိုတော့ ဒီလိုခေါ်ကြတယ် ဂေဇတ် ရွာသူ ရွာသား များလို့။အဲဒီရွာသူရွာသားတွေမှာက ပိုပြီးတော့တောင် စုံလင်လှအုံးမယ်ထင်ပါတယ်၊ သူဌေးတွေရော၊ အလုပ်သမား၊ ဝန်ထမ်း၊ ဆင်းရဲသူ ၊ ချမ်းသာသူ ၊ ငွေကြေးသုံးစွဲနိုင်သူ၊ ငွေကြေး မသုံးစွဲနိုင်သူ၊ ကိုယ်ပိုင်အလုပ်လုပ်သူ စသည်ဖြင့်ရှိကြတာပေါ့။ ဒါပေမယ့် ဂေဇတ် ရွာသူရွာသား တွေလို့သုံးနှုန်းကြတာပေါ့ဗျ။

ကလေးဘဝက ကစားဖော်ကစားဖက်တုံးကတော့ အပူအပင်ကင်းပြီး ဆော့မယ် စားမယ် အိပ်မယ်ဘဲပေါ့၊ ကျောင်းနေဖက်သူငယ်ချင်း ဆိုတာကတော့ ပြောမနာဆိုမနာ အများဆုံးဝေဖန်အကြံပြုကြတာတွေဖြစ်ခဲ့ကြပါတယ်၊ အဲနောက်ပိုင်းတွေ့လာတဲ့ လုပ်ဖော်ကိုင်ဖက်မိတ်ဆွေ၊ အပေါင်းအသင်းမိတ်ဆွေ၊ ရပ်ဆွေရပ်မျိုးမိတ်ဆွေ ဆိုတာကတော့ အမျိုးမျိုးကျယ်ပြန့်သွားပြီပေါ့ ကိုယ့်ကောင်းကျိုးကို တကယ်လိုလားတတ်တဲ့ မိတ်ဆွေ၊ ကိုယ်ပေါင်းစိတ်ခွါ ဟန်ဆောင်ပေါင်းတတ်တဲ့မိတ်ဆွေ၊ မိတ်ဆွေအယောင်ဆောင်ပြီး နောက်ကွယ်မှာဒုက္ခပေးလာတဲ့ မိတ်ဆွေအတု၊ ဒီလိုတွေ ဘဝဇာတ်ခုံမှာတွေ့လာကြရမှာပါ။ ဒါဆို ဂေဇတ်က ရွာသူရွာသားတွေအချင်းချင်းကရော သူငယ်ချင်းအဖြစ်သွားကြမှာလား၊ အပေါင်း အသင်းမိတ်ဆွေတွေ အဖြစ်လား၊ ဘယ်လိုသွားကြမှာလဲဆိုတာ ကာယကံရှင်တွေရဲ့ဆန္ဒတွေပါဘဲလို့ တွေးနေမိပါတော့တယ်ဗျာ။

ဖတ်လာပြီးတော့မှ ဘာတွေရေးထားတာလည်းလို့တော့မပြောနဲ့နော် ခေါင်းစဉ်တပ်ပေးထားတာကိုက ဟိုအတွေး ဒီအတွေး ဟိုရေး ဒီရေး ဆိုခဲ့တယ်လေ။ မိုးတိတ်သွား အပြင်သွားတော့မလို့ဗျာ——-။

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

 

 

21 comments

  • YE YINT HLAING

    August 21, 2012 at 1:47 pm

    ကလေးဘဝ ကစားဖော် ကစားဖက်
    ကျောင်းနေဖက်ငယ်သူငယ်ချင်း
    ကျောင်းနေဖက်သူငယ်ချင်း
    အလုပ်ထဲက လုပ်ဖော်ကိုင်ဖက် မိတ်ဆွေ
    အပေါင်းအသင်း မိတ်ဆွေ
    တလမ်းတည်းသား၊ တစ်ရပ်ကွက်တည်းသား၊ ရပ်ဆွေရပ်မျိုး မိတ်ဆွေ
    ဂေဇတ် ရွာသူ ရွာသား ဆိုပြီး ဟိုအတွေး ဒီအတွေး ဟိုရေး ဒီရေး လေးနဲ့ တခုချင်း တဆင့်ချင်း မျက်လုံးထဲမြင်လာအောင် ရှင်းရှင်းလင်းလင်း နဲ့ အမျိုးမျိုးသော မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်း တွေအကြောင်းကိုရေးသွားတာပဲဗျ !
    ဖတ်ရှုအားပေးသွားပါတယ် !

  • P chogyi

    August 21, 2012 at 2:17 pm

    တစ်ရွာထဲနေ
    တစ်ဆိုက်ဒ်ထဲရေးပြီး
    နိုင်ငံတော်အကျိုးပြုမဲ့
    စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ကျန်းမာရေးဆိုင်ရာတွေကို
    တစ်ယောက်နဲ့ တစ်ယောက် ဝေဖန်၊ အကြံပြု၊ ငြင်းခုန်၊ ဆွေးနွေးကြမယ်.
    မိတ်ဆွေကောင်းတွေ လုပ်ကြတာပေါ့။

  • အလင်းဆက်

    August 21, 2012 at 6:41 pm

    ဂေဇက် ရွာသူ ရွာသားတွေ ကို ကျွန်တော်တော့
    မိသားစုကြိးတစ်ခု လို ထင်မှတ်ထားတယ်ဗျာ.။
    အိမ်ကြိးတစ်အိမ်ထဲက ညီအစိကို မောင်နှမတွေ..ပေါ့ ။
    အင်မတန်.. စည်ကားသိုက်မြိုက်တဲ ့…မိသားစုကြိး.တစ်ခုပါ ။

    ကျွန်တော်လည်း..မိုးလေး တိတ်ပြီဆိုတော့ အပြင် ထွက်တော့မယ်… ။
    လမ်းမှာ မတော်တဆ ဆုံဖြစ်ရင်..ကိုခင်ခ..ရေ..
    လို ့ လှမ်းခေါ်လိုက်မယ်ဗျ ာ.။
    ညီလေး..ရေ..လို ့ြုပန်ခေါ်ပါဗျာ..။
    😀

  • ကို ခင်ခ

    August 21, 2012 at 8:08 pm

    ဒီပိုစ့်လေးတင်ပြီးတော့ ကျွန်တော်ရဲ့ ခင်ခဂျီမေးထဲကို minkhamg@ဂျီ လိပ်စာလေး invite လုပ်လာလို့ ရွာထဲကလားဆိုပြီးတော့ Yes ပေးလိုက်တာမှတင် Hacked ခံလိုက်ရတယ်ဗျာ။ အခု ဟိုအတွေး ဒီအတွေးက မနက်ကတင်ပေးထားတာ။ ဟက်ခံရတာက နေ့လည်ပိုင်း ၂ နာရီလောက်ကပါ။ ဒီပို့ပြီးတင်ထားတဲ့
    Hacked BY Blink Hacker Group! ပိုစ့်က ကျွန်တော်မဟုတ်တဲ့ ဘယ် လဒ တွေတင်သွားလဲမသိပါဗျာ။ အခုတော့ ရွာထဲပြန်ဝင်ရလို့ ယခင် Ko Khin Kha နေရာမှာ ကို ခင်ခ လို့ပြောင်းလဲထားပါကြောင်း ရွာသူ/သားများကို အသိပေးပါတယ်။

    • အရီးခင်လတ်

      August 21, 2012 at 8:50 pm

      ကိုခင်ခ မှာ email account အများကြီး သုံးတာလား။
      တစ်ခုထဲ ဘဲလား။
      မေးတာ စိတ်မရှိပါနဲ့နော်။

  • အရီးခင်လတ်

    August 21, 2012 at 8:37 pm

    ကိုခင်ခ
    အီးမေး ရဲ့ password ရော၊ ဂေဇက် ရဲ့ password ကိုပါ ပြောင်းလိုက်ရင်ပိုကောင်းမယ်။
    Password ကို Strong ဖြစ်အောင် Capital, Small Letter ရောပေးပါ။ Number တွေ Symbol တွေ ထည့်ပါ။

  • kotun winlatt

    August 21, 2012 at 8:46 pm

    ဂေဇက်ရွာသူရွာသားအပေါင်း စည်းလုံးညီညာပြီး…
    ဂေဇက်ရွာကြီး ဒီထက်မက တည့်တံ့ပါစေလို့..
    ဆုတောင်းရင်းးးကိုခင်ခရဲ့ စာလေးကို ဖတ်သွားပါကြောင်းးးးးး။

  • ကို ခင်ခ

    August 21, 2012 at 8:58 pm

    ကျွန်တော် ဂေဖတ်၊ အီးမေး၊ ဖေ့ဘုတ် အားလုံးပြောင်းထားသလို အရီးလတ်ပြောသလို လည်း Password တွေမှာ အက္ခရာကြည့်မဟုတ်ဘဲ ထားထားပြီးကြောင်းပါ။ အီးလိပ်စာပါ လွဲထားပါတယ်။
    ပြီးတော့ ပိုစ့်ရေးတာ ခဏနားနေအုံးမှာပါ။ ဂရုတစိုက်သတိပေးတာ ကျေးဇူးအရမ်း တင်ပါတယ် အရီးရေ။
    ညနေက Hacked ခံနေရတဲ့အကြောင်း မအိတုံဖုန်းနဲ့ လှမ်းပြောလို့သိရတာနဲ့ ဂေးဇတ် ဖွင့်ကြည့်တော့ အထက်ကဖော်ပြခဲ့တဲ့ ပိုစ့်တွေ့တာနဲ့ Password တွေလိုက်ချိန်းနေတာ ကွန်နက်ရှင်းကလည်းနှေးတော့ ခုနမှ အားလုံအိုကေသွားတာ အရီးရေ။
    Inform လုပ်တဲ့ မအိတုံကိုလည်း ကျေးဇူးပါနော်။

    • အရီးခင်လတ်

      August 21, 2012 at 9:13 pm

      ဒါထက် Post ရေးတာကို ဘာကြောင့် နားရမှာတုန်း ကိုခင်ခ ရယ်။
      ဆက်ရေးပါ။
      ဘာမှ ပြသနာမရှိပါဘူး။

  • ကို ခင်ခ

    August 21, 2012 at 9:02 pm

    အရီးရေ အီးမေးအကောင့် ခင်ခရယ် အခြားတစ်ခုရယ်ပါ။ ဘာလို့ပါလဲ ခင်ဗျာ။

    • အရီးခင်လတ်

      August 21, 2012 at 9:12 pm

      ဘာမှတော့ serious မဟုတ်ပါဘူး။
      မေးကြည့်တာပါ။ 🙂

      ကိုခင်ခ ရဲ့ စာလေးကိုလဲ သဘောကျစွာ ဖတ်သွားကြောင်း အသိပေးပါတယ်နော်။
      ကိုခင်ခ ပြောသလို ဘဝဇာတ်ခုံမှာတွေ့လာသူချင်း မေတ္တာရှေ့ထား နေတတ်ရင်တော့ သူရော၊ ကိုယ်ပါ အေးချမ်းပါတယ်။
      မဟုတ်ရင်ဘဲ အမုန်းတွေ၊ ဒေါသတွေ နဲ့ ဆိုရင် ကိုယ်က အရင်ပူလောင်တာကို ခံစားရမှာ။
      ပြီးမှ သူများဆီ ကို အပူက ကူးတာကလား။
      အသိလေးအတွက် ကျေးဇူးပါ။ 🙂

  • ကို ခင်ခ

    August 21, 2012 at 9:24 pm

    ပိုစ့်ရေးတာနားအုံးမယ်ဆိုတာ စိတ်ထဲမကောင်းဖြစ်သွားလိုပါအရီးရယ်။
    ပြီးတော့ သူကြီးတို့၊ အရီးတို့ ကိုလည်း ကျွန်တော်ကြောင့် ခဏတိုင်း အလုပ်များသွားစေမိလို့ အားနာသွားတာလဲပါ ပါတယ်။

    • surmi

      August 21, 2012 at 11:32 pm

      ဗျို ့ ကိုခ
      ရေးပါဗျ ။ဒီမှာဖြင် ့ ရေးသမျှတွေဖတ်ပြီး အားကျနေရတာ

    • kai

      August 21, 2012 at 11:35 pm

      ကိုခင်ခအကောင့်မှ လာဟက်ခ်ရတယ်လို့..။
      အဲဒီလူတွေကလည်း.. ဟက်ကာသာဆိုတယ်.. မန္တလေးဂေဇက်.. ဘယ်သူတွေလုပ်နေမှန်းမသိ..။

      အင်း.. ခင်ဗျားတို့တွေ.. ကိုယ့်လူကိုယ်လက်တို့မေးပါလို့ပဲ..ပြောရမှာပဲ..
      အနိစ္စ..

      ==
      ကိုခင်ခရေ.. ဆက်ရေးစေလိုပါတယ်နော..။
      ကျုပ်က..ကိုယ့်အလုပ်ကိုဆက်လုပ်သွားမှာပါ…။ စိတ်အနှောက်အယှက်မဖြစ်စေလိုကြောင်း… :mrgreen:

      • etone

        August 22, 2012 at 11:54 am

        အင်းလေ .. သဂျီးရဲ့ ဖေ့စ်ဘွခ်ပေါ်က .. ဟို နှုတ်ခမ်းမွှေးကားကားနဲ့ပုံကို မြင်သွားလို့ နေမှာပေါ့ .. ခွိခွိ 😆

  • aye.kk

    August 21, 2012 at 10:21 pm

    ဂေဇက်ဒီရွာ…
    စာပေမီးအိမ်….
    ထိန်ဝါလက်လင်း…
    မိတ်ရင်းဆွေကောင်း…
    အပေါင်းစေတနာ…
    တူညီစွာဖြင့်…
    ဝေဖြာဆောင်ရွက်…
    လက်ခြင်းယှက်သည့်..
    ကွန်ယက်ပေါ်ကဖြူထည်မိတ်ဆွေများ။

  • pooch

    August 21, 2012 at 10:37 pm

    ကိုခင်ခရေ စိတ်မကောင်းမဖြစ်ပါနဲ့ ။ ကိုယ်က တမင်တကာလုပ်ခဲ့တာမှ မဟုတ်တာ။ ဒီလိုပဲ မတော်တဆ ဖြစ်ခဲ့တာပါ။ ရေးမြဲတိုင်းရေးပါ။

  • မောင်ပေ

    August 21, 2012 at 10:52 pm

    ကိုခင်ခ
    အပျိုမြင်သမျှ
    အိုနှင်ကွ
    ဆိုချင်သဗျ
    လိုရင်မရ

  • ကို ခင်ခ

    August 22, 2012 at 11:37 am

    ဖတ်ရှု့၍ အားပေးသူများ၊ ကွန်မန့်ပေးသူအပေါင်း ကျေးဇူးပါနော်။

  • ကြောင်လေး

    August 23, 2012 at 2:17 pm

    မိတ်ဆွေကောင်းတွေကတော့ မကောင်းတာမြင်ရင် အမုန်းခံပြီး သတိပေးတတ်ကြပါတယ်။

Leave a Reply