ဝမ်းအိုဝမ်း ကြီး သူရဲကောင်းကြီး ကျန်းမာပါစေ
ဝမ်းအိုဝမ်း ကြီး သူရဲကောင်းကြီး ကျန်းမာပါစေ
မြန်မာပြည်ရဲ့ အနောက်မှာ ရိုဟင်ဂျာ ပြဿနာ က ကြီးထွားလာတော့ အစွန်းရောက်တွေကလည်း အကြမ်း ဖက် ဖို့ ခြိမ်းခြောက်လာကြတယ်။ တာလီဘန်၊ နောက် ..အင်ဒိုက အဘူဘာကာဆိုလားပဲ။ ပြည်တွင်းနေ မြန်မာမွတ်စလင် တွေကတော့ ငြိမ်းချမ်းမူကိုပဲ လိုလားတယ်။အဲ့ဒီ အကြမ်း ဖက်မူတွေဟာ မြန်မာမွတ်စလင်တွေနဲ့ လုံးဝမသက်ဆိုင်တဲ့ အပြင် ဆန့်ကျင်ပါကြောင်းး၊ရှုံ့ချပါကြောင်း လည်း မြန်မာ မွတ်စလင် အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေက
ပြောဆိုနေကြတယ်။ ဒါနဲ့ ပတ်သက်ပြီး ကဗျာဆရာအောင်ဝေးက လျှပ်တစ်ပြက်ဂျာနယ်မှာ ကဗျာ တစ်ပုဒ်ရေးပါတယ်။ကဗျာအမည်က “ တစ်အချက်ဆန့်ကျင်တယ်
၊နှစ်အချက်မကြောက်ဘူး” တဲ မြန်မာပြည်ကို ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်လို့ လေသေနတ်ပစ်နေတဲ ့ ခြိမ်းခြောက်မှုတွေကို မကြောက်ဘူးလို့ ဆရာက ဆိုလို ချင်ဟန်တူပါတယ်။
ငါ့သဘောထား
(ကဗျာဆရာအောင်ဝေး သဘောထား)
ဘယ်ခြိမ်းခြောက်မှုမျိုးမဆို
တစ်အချက် ဆန့်ကျင်တယ်
နှစ်အချက်မကြောက်ဘူး
ဆရာက မျိုးချစ်တဲ့ လွတ်လပ်ရေးကို ဖေါ်ဆောင်ခဲ့တဲ့ မြန်မာမွတ်စလင်သူရဲကောင်းကြီအကြောင်းကိုဆက်လက်ရေးပြပါတယ်။ဆရာကြီးဝမ်းအိုဝမ်းကျော်ဝင်းမောင်ပါ။
ဆရာကြီးက ဂျပန်ခောတ်က လေထီး သမား ကြီး တစ်ဦး ဖြစ်ပါတယ်။ အခု နေထိုင်မကောင်းဖြစ်နေတယ်လို့ ဆရာက သတိတရ ဆိုပါတယ်။
အခု
(ပြည်တွင်းမှာ)
မွတ်စလင်စစ်စစ်ကြီး
အဘဝမ်းအိုဝမ်းကျော်ဝင်းမောင်
မကျန်းမမာဖြစ်နေတယ်
ငါ
ဒါကိုပဲ စိတ်ဝင်စားတယ်
(အောင်ဝေး လျှပ်တစ်ပြက်ဂျာနယ် .၂၀.၈.၂၀၁၂ထုတ်)
ဆရာ့ကဗျာဖတ်လိုက်မှ ကျွန်တော် လည်း ဆရာကြီးကိုတွေ့ချင်စိတ် က ပြင်း ထန်မိပါတယ်။ ဆရာကြီးနဲ့ ကျွန်တော်က သိကျွမ်းရင်းနှီးခဲ့ရဖူးတယ်။ဆရာကြီးရဲ့ စာအုပ် စံပါယ်ကြူလျှင် ပန်ချင်သူကောက်စမြဲ စာအုပ်(ဆရာကြီး အာဇာနည် ဦးရာဇာတ်အကြောင်းရေးထားတာပါဆရာမကြီး လူထုဒေါ်အမာ အမှာစာနဲ့) ကို ကျွန်တော် ဖတ်ပြီး တော့ ဆရာကြီးရေးတဲ့ စာအုပ်တွေ အကုန်နီးနီး ဖတ်ဖြစ်တယ် လူကိုယ်တိုင်လည်း စကား ပြောဖြစ်ခဲ့ ဖူးပါတယ်။
ဆရာကြီးဟာ ၁၉၄၃ခုနှစ်မှာ ဗမာ့ကာကွယ်ရေး တပ်မတော် ဘီဒီအေကို ဝင်ခဲ့တယ်။ရေန့ချောင်းလေယာသ်ပစ်အမြောက် ကြီး တပ်မှာ အမူထမ်းခဲ့တယ် နောက်တော့ ဂျပန်တော်လှန်ရေးကာလမှာ ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေး အဖွဲ့ (AFL) ကို အမေရိကန်လေထီးတပ် (၁၀၁) နဲ့ ပထမဆုံး ဆက်သွယ်ပေးခဲ့တယ်။
ဂျပန်တော်လှန်ရေး လုပ်ရင်း စစ်ကိုင်း အထက် မင်းကွန်းမှာ ဂျပန်တွေရြ့ ဖမ်းဆီးတာခံရတယ်။ ကျွန်တော့်ကို မသတ်ပါနဲ့ ကျွန်တော် ဖေါ်ကောင်လုပ်ပါ့မယ်လို့ မလုပ်ခဲ့ ဘူး။သူများတွေ ဂျပန်ဖမ်းတာခံရရင် ဖေါ်ကောင်လုပ်ပြီး ဂျပန် လူ လုပ်ပြီး အသက်ဘေးက လွတ်ခဲ့ ကြတာ ဆရာကြီး သိတယ် ဒါပေမယ့် ဆရာကြီးဟာ တိုင်းပြည်နဲ့ လူမျိုး အပေါ် သစ္စာရှိခဲ့တယ်။ဂျပန်တွေရဲ့ ငရဲခန်း တမျှ နိပ်စက်တာကို အံကြိတ်ခံခဲ့တယ်။ဒီတုန်းက ဆရာကြီးသာ သစ္စာဖေါက်ခဲ့ မယ်ဆိုရင် အဲ့ဒီအချိန်က ဗိုလ်မှူး ဗထူး နဲ့ အတူ အထက်ဗမာပြည်မှာရှိတဲ့ ဘီဒိအေ တစ်တပ်လုံး အဖမ်းခံရနိုင်တယ်။နောက်ဆက်တွဲ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တပ်မှူးတွေ အဖမ်းခံရနိုင်တယ်။
ဒါဆိုရင်ဂျပန်တော်လှန်ရေးကံကြမ္မာဟာတွေးရဲစရာ မရှိတော့ ဘူး။ ဆရာကြီးဟာ အသက်သာ အသေခံမယ် သစ္စာပျက်မယ့် လူစားမျိုး အဖြစ်မခံခဲ့ ဘူး။
ဂျပန် ရဲ့ အမျိုးမျိုး ငြင်းပန်း နိပ်စက်တာကို ခံပြီး သက်သေပြခဲ့တယ်။ဒါကြောင့် လည်း ဆရာကြီး သေကံ မရောက်ခဲ့ ဘူး။အဲ့ဒီမှာ AFOခေါ် ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့ က လျှို့ဝှက် သွင်း ထားတဲ့ ဂျပန် အရင် သင်တန်း အဖွဲ့ ဝင်ကိုအောင်မှီနဲ့တွေ့ပြီးသော့တုနဲ့ ဖွင့်ပြီး လွှတ်မြှောက်ခဲ့ပါတယ်။
ဒီတုန်းက ကျွန်တော်က ဆရာကြီးကို လွှတ်မြှောက်ခဲ့ပုံလေးမေးမိတော့ ဆရာကြီးက“ခင်ဗျား မတ်တပ်ရပ်ပါ လက်ကို ဆန့် လိုက်”လို့ ခိုင်းတယ် ကျွန်တော် လက်ကို ကြည့်ပြီး “ ခင်ဗျား လက်က တိုတယ် အချုပ်ခန်း သော့ကို မမှီနိုင်ဘူး ကျွန်တော် လက်တံတောင် မှီယုံပဲ ရှိတယ် အခန်းထဲကနေ တံခါးဆီ လက်လှမ်းပြီး ခဲခဲယဉ်းယဉ်းဖွင့်ရတာလို့ ပြန်ပြောခဲ့ တာ မှတ်သား ဖူးပါတယ်ါ။
လွတ်လပ်ရေး တိုက်ပွဲဝင်
သူရဲကောင်းကြီး
အဲ့ဒီ မွတ်စလင်ကြီး
အသက်ရှည်ပါစေ ငါဆုတောင်းတယ်
(အောင်ဝေး လျှပ်တစ်ပြက်ဂျာနယ်)
ဆရာကြီး လွတ်မြှောက်လာတဲ့ ရက်က ၁၉၄၅ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့မှာ ကံအားလျှော်စွာပဲ စစ်ကိုင်းဗိုလ်သိန်းဦးနတပ်က တပ်ကြပ် ညီငယ်နဲ့ တွေ့တယ်။စစ်ေြ့ပးအရပ်သားတွေ ခိုလုံနေတဲ့ မဟာသုဗေါဓါရုံတိုက်မြောက်ဘက်နဲ့ ရွှေစေတီ သာသနာ့ ရိပ်သာ အရှေ့ဘက်မှာရှိတဲ့ ဆုတောင်းပြည့် ဘုရားကိုခေါ်သွားတယ်။ကိုညီငယ်က စေတီပုထိုးတခုအနားကိုရောက်တော့ တံခါးဖွင့် ခိုင်းတယ်။
“အရေးကြီးလို့ ဘီဒီအေတပ်က ရဲဘော်မို့ ဒီမှာ တစ်ည အိပ်ခွင့်ပေးပါလို့ ”ပြောတယ်။ အချုပ်က ထွက်ပြေးလာရတဲ့ ဆရာကြီးကို ကြည့်ပြီးလက်မခံရဲဘူး “ဒီမှာ အိပ်စရာမရှိလို့ပါလို့ ငြင်းတာခံလိုက်ရတယ်လို့ ဆရာကြီးရေးထားတဲ့ ဝမ်းအိုဝမ်းနဲ့ဗမာ့ မြေအောက်တော်လှန်ရေးစာအုပ်မှာလည်း ဖတ်ရတယ် ဆရာကြီး ကိုယ်တိုင်ပြောတာလည်း ကြားဖူးပါတယ်။ အဲ့ဒီ ငြင်းလိုက်တဲ့ လူတွေက ဗမာမွတ်စလင် (ပသီ)တွေလို့ ဆိုပါတယ်။
ကျွန်တော်ဆိုလို ချင်တာကအာဇာနည်ကြီး ဆရာကြီး ဦးရာဇာတ် က စလို့ တိုင်းပြည်ကို ချစ်တဲ့ လွတ်လပ်ရေးတိုက်ပွဲဝင် မြန်မာ မွတ်စလင်တွေ အများကြီးရှိခဲ့ပါတယ်။ဆရာကြီးကို ညအိပ် ဖို့ ငြင်းလိုက်တဲ့ မွတ်စလင်လို လူတွေ ဆွမ်းဆန်ထဲ ကြက်ချေးရော ဆိုသလို ရှိနေနိုင်သေးပါတယ်။ ဒီလို လူမျိုးတွေ ရှိနေရင်လည်း ဆရာကြီး ကို အတုယူလို့ သတိကပ် ပြင်ဆင်နိုင်ကြပါစေ။
ဆရာကြီးရဲ့ စံပါယ်ကြူလျှင် ပန်ချင်သူကောက်စမြဲ စာအုပ်မှာလည်း ဒေလီကတိုးဆိုပြီး စစ်ရေးလေ့ကျင့်နေတဲ့ မွတ်စလင်တွေကို မင်းတို့နေတာ ဗမာပြည်မှာ ဗမာရေသောက် နေတာ ကာကွယ်ရမှာက ဗမာပြည်ဆိုပြီးပြောပြခဲ့တာကိုလည်း မှတ်သားဖူးပါတယ်။ မြန်မာမွတ်စလင်တွေဟာ
မိမိနေရာ တိုင်းပြည်ကို ချစ်ခဲ့ ကြတယ် ။ မိမိတိုင်းပြည် မြန်မာ ပြည်ကြီး အတွက် အသက်ပေးခဲ့ကြတယ် ။မြန်မာပြည် တနင်္သာရီတိုင်း ကုလားကုန်းကျေးရွာမှာလည်း တော်လှန်ရေး မျိုးချစ်တပ်ကို မွတ်စလင်တွေက အကူအညီပေးခဲ့လို့ တစ်ရွာလုံး ယောက်ျား မိန်းမ ရက်ရက်စက်ဂျပန်သတ်တာ ခံခဲ့ရတယ်။ အမျိုးသမီးတွေကို ဂျပန်က မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့တယ်။
မြန်မာ မွတ်စလင်ဆိုတာ မြန်မာပြည်ကို ချစ်တယ် ။ မြန်မာ လူမျိုး အပေါ်မှာ သစ္စာရှိတယ်။ ရှေးဘုရင့်လက်ထက်ကတည်းက ရွေးလက်ယာတပ် ဆိုပြီး တိုင်းပြည်တာဝန်ထမ်းရွက်ခဲ့တယ်။အယူမသီး ကြဘူး။ မြန်မာ တိုင်းရင်းသားတွေနဲ့ တသွေး တည်း တစ်သားတည်းနေခဲ့ကြတယ်။ မြန်မာစကားပြောပြီး မြန်မာ ဝတ်စား ဆင်ယင်မူတွေနဲ့ ညီညွတ်ခဲ့ကြပါတယ်။အခုလည်း ကဗျာဆရာ အောင်ဝေးရဲ့ ကဗျာကို ဖတ်မိပြီး အတွေးဖြန့်ကျက်လို့
ရို ဟင်ဂျာအရေး ခြိမ်းခြောက်မူကို စိတ်ထဲ ဆန့်ကျင် ရှုံ့ချမိပါတယ်။ နိုင်ငံသား အချင်းချင်း ချစ်ခင် သင့်မြတ်ပြီး ဘာသာတူတာကအဓိက မဟုတ် နိုင်ငံသားဖြစ်မူကိုပဲ ကျွန်တော်တို့ စဉ်းစားရမှာ ဖြစ်ပါတယ်။ကိုးကွယ်ရာ ဘာသာခြားနာတာ လူမျိုး အနေနဲ့ ခြားနားတာ မဟုတ် ဆိုတဲ့ ခံယူချက်နဲ့ ရှေ့က မြန်မာ မွတ်စလင်တွေ လို တိုင်းပြည် ကို ချစ်ပါ သစ္စာရှိကြပါလို့ တိုင်းပြည်ချစ်သော မြန်မာ မွတ်စလင်အများစု ထဲက တစ်ချို့သော မြန်မာ မွတ်စလင်တွေကို စေတနာရှေ့ထားပြောချင်ပါတယ်။
မြန်မာ့လွတ်လပ်ရေးတိုက်ပွဲမှာပါဝင်ခဲ့တဲ့ အတွက်ကြောင့် နိုင်ငံတော် သမ္မတက၁၉၇၂ မတ်လ(၂၇)ရက်မှာ လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယအဆင့်၊၁၉၈ဝခုနှစ် မေလ(၂၈)ရက်နေ့မှာနိုင်ငံဂုဏ်ရည် ဒုတိယ အဆင့် တို့ကိုချီးမြှင့်ခံရတဲ့ ဆရာကြီး ဝမ်းအိုဝမ်းကျော်ဝင်းမောင် သူရဲကောင်းကြီး ဝမ်အိုဝမ်း တစ်ယောက် သက်တော်ရှည်ပါစေ ၊အမြန်ကျန်းမာပါစေလို့ လေးလေးနက်နက် ဆုမွန်ကောင်း တောင်း လိုက်မိပါတော့ တယ်။
7 comments
ကိုရင်မောင်
August 21, 2012 at 2:33 pm
ပြည်တွင်းမှာရှိတဲ့မြန်မာမွတ်ဆလာမ်တွေနဲ့ ရိုဟင်ဂျာမွတ်ဆလာမ်တွေကို
ကွဲကွဲပြာပြာဖြစ်စေချင်ပါတယ် ဘာသာတူပေမဲ့ စရိုက်ကွာတဲ့ ကလေ ကချေ
ရိုဟင်ဂျာတွေကို ဖြစ်နိုင်ယင် တယောက်မှာမရှိလေ ကောင်းလေဘဲ…..
ခုလဲ ကမာ္ဘမွတ်ဆလာမ်အဖွဲ့ချုပ်လား ဘာလားမသိ အမျိုးထိတယ်ဆိုတော်တော်နာနေပုံရတယ်
သိပ်နာနေလဲ သူတို့နိုင်ငံခေါ်သွားသင့်တယ် သိပ်ချမ်းသာတဲ့နိုင်ငံတွေမို့လား…
ခေါ်စောင့်ရှောက်ထားလိုက်ပေါ့…တို့နိုင်ငံကတော့ဒီလိုကောင်တွေကိုမလိုလားတာအမှန်ဘဲ..
မျက်နှာသာလုံးဝမပေးသင့်ဘူး……..
ရွှေ ကြည်
August 21, 2012 at 3:30 pm
ဆရာအောင်ဝေးရဲ့ကဗျာအတွက်ရော
ဆရာကြီးဝမ်းအိုဝမ်းကျော်ဝင်းမောင်အကြောင်းသိရလို့ရော
ကိုထက်ဝေးကိုကျေးဇူးပါ။
htet way
August 21, 2012 at 5:05 pm
ဆရာကိုရင်မောင်ခင်ဗျား
ပြည်တွင်းနေ မွတ်စလင်တွေနဲ့ ရိုဟင်ဂျာကွဲပြား ပါတယ်။
ဆရာကြီး ဝမ်းအို ဝမ်း ကျော်ဝင်းမောင်လို နိုင်ငံ ချစ်စိတ် သစ္စာ ရှိတဲ့ မြန်မာ မွတ်စလင်တွေ
တိုင်းပြည်ထဲမှာ ရှိနေကြပါတယ်။ သို့ သော် ဆွမ်းဆန်ထဲ ကြွက်ချေးရော ဆိုတဲ့ ဆိုရိုးလို
တစ်ချို့ လည်း အမည်ခံပြီး စိတ်က တခြားဖြစ်နေနိုင်တာရှိတန်ကောင်းရဲ့ ဆိုပြီး
အဖြူနဲ့ အမည်းကို ကျွန်တော်တင်ပြ လိုက်တာပါ။ ဆရာ ဖတ်ပေးမန့်ပေးတဲ့ အတွက်ကျေးဇူးပါဗျာ။
ကျွန်တော်တို့ လည်း ကံကြုံရင်တော့ လူချင်း ဆုံ ချင်ပါတယ်
ခင်မင်လေးစားစွာဖြင့်
ထက်ဝေး
htet way
August 21, 2012 at 5:07 pm
ရွှေ ကြည် ရေ
ဖတ်ပေးမန့်ပေးတာကိုကျေးဇူးပါကွယ်။
ဦးဦးပါလေရာ
August 21, 2012 at 6:41 pm
ကျုပ်နားလည်တာကတော့
နိုင်ငံသားတွေကို ခွဲခြားမယ်ဆိုရင်-
နိုင်ငံသားဖြစ်မှု့ မဖြစ်မှု့ နဲ့ပဲ ခွဲခြားရမှာဖြစ်ပါတယ်။
နိုင်ငံသားတွေကို တိုင်းတာမယ်ဆိုရင်လဲ
နိုင်ငံအပေါ် သစ္စာစောင့်ထိန်းမှု့ရှိမရှိ
နိုင်ငံ့ဥပဒေကို လိုက်နာမှု့ရှိမရှိနဲ့ပဲ တိုင်းတာရမှာဖြစ်ပါတယ်။
လူမျိုးပေါင်းစုံ အသားအရောင်ပေါင်းစုံ ကိုးကွယ်ယုံကြည်မှု့ပေါင်းစုံ စုနေတဲ့
ပြည်ထောင်စုနိုင်ငံ တည်ထောင်ချင်ရင်
ပြည်ထောင်စုနိုင်ငံ တည်မြဲချင်ရင်
မတူသူတွေ အတူနေဘို့ ကြိုးစားရမှာဖြစ်ပါတယ်။
သူများတွေ ကျင့်သားတောင် တော်တော်ရနေပြီ
စင်္ကာပူပဲကြည့် ….
လူများစုကလဲ နားလည်ပေးဘို့ကြိုးစားရမယ်….
လူနည်းစုကလဲ အရိပ်အကဲကြည့်ပြီး လိုက်လျောညီထွေ နေတတ်ဘို့ကြိုးစားရမယ်….
ကိုယ်လဲ ကောင်းကောင်းနေရပြီး ကိုယ့်မျိုးဆက်တွေလဲ ကောင်းကောင်းနေသွားစေချင်ရင်-
နိုင်ငံသားတိုင်းက နိုင်ငံသားတိုင်းအပေါ် မိတ်ဆွေလိုကြည့်ဘို့ကြိုးစားရပါမယ်..။
မကြိုးစားနိုင်မချင်း မီးလဲငြိမ်းမှာမဟုတ်။ ရန်လဲ အေးမှာမဟုတ်..။
ရိုဟင်ဂျာလား…
အဲ့ဒါတော့ ကျုပ်မသိဘူး
သိတဲ့လူတွေ ကိုယ့်အိမ်ကိုယ်ခေါ်သွားကြ…။
ကြောင်ကြီး
August 22, 2012 at 8:17 am
ဝမ်းအိုဝမ်း
စွမ်းပိုကြမ်း
မန်းပျိုဖမ်း
နှမ်းယိုလှမ်း
ကမ်းခိုငမ်း
ရွှမ်းစိုချမ်း
ဒန်းလိုပန်း
ထန်းဖိုလွမ်း..။
အတိသဉ္ဖာ နာဂရချစ်သူ
August 22, 2012 at 2:53 pm
ဝမ်းအိုဝမ်း ကျော်ဝင်းမောင်ရဲ ့ပသီအကြောင်းစာအုပ်ဖတ်ဖူးတယ်
ဆရာထက်ရေ။