Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျွတ် နဲ့ခြ ဘယ်လိုနှိမ်နှင်းရပါ့…

ကထူးဆန္းAugust 22, 20121min100922

မနေ့ က ၁ဝ မိုင် က ခြံတစ်ခြံမှာ နေတဲ့ အဖိုးကြီး အဖွားကြိီး ထံရောက်ခဲ့ပါတယ် ။ အဖွားကြီး က မဒမ်ထူးဆန်းကို ကျေးဇူး တင်ကြောင်းပြောပေးပါဆိုလို့ အံဩခဲ့ရပါတယ် ။ မဒမ်ထူးဆန်း ပေးတဲ့ နည်းနဲ့ ကျွတ်တွေကို နှိမ်နှင်းလိုက်တာ အောင်မြင်သွားကြောင်း ၊ အရင်တုန်းက ခြံထဲ ခြေချရမှာ ကြောက်လောက်အောင် ကျွတ်များကြောင်း ၊ အခုတော့ ကျွတ်တွေ မရှိတော့လို့ မဒမ်ကိုကျေးဇူးတင်ကြောင်းပြောပေးပါတဲ့ ။ ကျွန်တော်လည်း အံဩစွာနဲ့ ပြန်ခဲ့ရပါသည် ။

အိမ်ပြန်ရောက်တော့ မဒမ်ထူးဆန်းကို မင်း ပေးထားတဲ့ နည်းလမ်းတွေ နဲ့ အလုပ်ဖြစ်နေတယ် ပြောတယ် ။ ဟုတ်ကော ဟုတ်ရဲ့လားလို့ မယုံသင်္ကာစွာ နဲ့ ပြောမိပါသည် ။ သူကတော့ ယုံချင်ယုံ မယုံချင်နေ သူတို့ ငယ်ငယ်က သူ့ အဖွား လုပ်တဲ့ နည်း အတိုင်း လုပ်တာ ။ သူတို့ အိမ်မှာလည်း ကျွတ်တွေ မရှိတော့ တဲ့ အပြင် ဘယ်သူ့ ခြံကို သူ ဘယ်တုန်းကပြောလိုက်လိုံ ဘယ်လို လိုက်လုပ်တဲ့ ခြံတွေမှာ လည်း ကျွတ်အန္တရယ်၊ ဘယ်လို ကင်းဝေးသွားတယ် ဆိုတော့ ကထူးဆန်း စောဒက တက်စရာတော့ မရှိဘူးပေါ့ ။ ဒါနဲ့ ထုံးစံ အတိုင်း ရွာထဲ သတင်းဖြန့်ချင်တာနဲ့ ရေးလိုက်တာပါ ။

ယုံတာ မယုံတာ လုပ်တာ မလုပ်တာတော့ up to you ပါ နော် ..

နည်းလမ်းက နှစ်ဆန်းတစ်ရက်နေ့မှာ ခြံ ပါတ်ပါတ်လည် ဆား ပက်ပေးပါတဲ့ ။ ပြီး ဘုန်းကြီး ပရိတ်ရွတ်ထားတဲ့ ပရိတ်ရည် နဲ့ ဖြန်းပေးပါတဲ့ ….

ဆား ဘယ်လောက် ပရိတ်ရည်ဘယ်လောက် လဲ အထွန့်တက်မေးတော့ ကြည့်ပြီး သင့်တော်မယ်ထင်သလောက်သာ လုပ် ဘာမှ အချိုး အစားတွေ မရှိဘူးတဲ့ ။

ကဲ .. ကိုယ့် ခြံထဲ ကျွတ်တွေ ပေါများ လို့ စိတ်ညစ် နေရင် နှစ်ဆန်း တစ်ရက်နေ့ စောင့် လို့ စမ်းကြည့်ပေါ့ ..

ကထူးဆန်းကတော့ တွေးလို့မရဘူး ။ ကျွတ်ဆိုတဲ့ သတ္တဝါက မိုးမှ ထွက်တာ .. နှစ်ဆန်း တစ်ရက် နွေခေါင်ခေါင် ဘယ်ချောင်ရောက်နေမှန်း မသိတဲ့ ကောင်တွေကို အဲ့ဒီ အချိန်မှာ လုပ်တာ လျော့နည်း ပပျောက်စေတယ် ဆိုတော့ …

မဒမ်ထူးဆန်းကိုလည်း စောဒက မတက်ရဲ .. ကျေးဇူးတင်ပါတယ် ပြောလိုက်တဲ့ အဖိုးကြီး အဖွားကြီးက လည်း မျက်မြင်ကိုယ်တွေ့ ဆိုတော့ ခေါင်းကုတ်ရုံ ရွာကိုတိုင်တည်ရုံ အပြင် မပိုပါဘူး.. 😀

အဲ့ဒီ အဖိုးကြီး အဖွားကြီးကဘဲ နောက်ထပ် ခြ နှိမ်နှင်းရေး အတွက် ချွေတာရေးနည်းလမ်းကောင်းပေးလိုက်သေးတယ် ။
ဆပ်ပြာရည်ထဲမှာ ဆနွင်း နဲနဲ ဖျော်ပြီးလောင်း ။ ခြတွေ အတုန်းအရုံး သေဆိုဘဲ ။ မြေပဒေသာ က ဆေးဝယ်စရာ မလို ။
ဆပ်ပြာရည်ကိုလည်း သီးသန့် ဖျော်စရာ မလို ။ အဝတ်လျှော်ပြီးထွက်လာတဲ့ ဆပ်ပြာရည်ကို သာ ပြန်ခံသုံးတဲ့ ။ သူ့ခြံထဲက ခြတောင်ပို့တွေလည်း ရေကြည်ရာ မြက်နုရာ ပြေးကုန်ပြီတဲ့ ။

ဆိုတော့ up to you နော် .. 😀
ရွှင်လန်းချမ်းမြေ့ပါစေ။

22 comments

  • ဦးဦးပါလေရာ

    August 22, 2012 at 11:20 pm

    ကထူးဆန်းပေးတဲ့ ထူးဆန်းသောနည်းများပါတကား… 🙂

    နှစ်ဆန်းတစ်ရက်နေ့ဆိုတာက သကြန်အပြီး မြန်မာနှစ်ဆန်းတစ်ရက်နေ့ လို့ နားလည်မိပါတယ်။
    ဒီသင်္ကြန်မှာ စမ်းကြည့်ဦးမယ်…

    တီကောင် မလာအောင်လုပ်နိုင်တဲ့နည်းများရှိရင်လဲ မ စ ကြပါခင်ဗျ…။
    ကျုပ်က တီကောင်ကို ကြောက်တော့မကြောက်၊ ဒါပေမယ့် နဲနဲ ရွံသလိုပဲ..
    တီကောင်တွေ အိမ်နားရောက်လာရင် စိတ်ညစ်တယ်။

    • htoosan

      August 23, 2012 at 6:43 am

      ဟုတ်တယ် ဦးဦးပါရေ .. အဖွားကြီး ပြောပြလိုက်တာတော့ မြန်မာ နှစ်ဆန်းတစ်ရက် နေ့ ။ လမ်းထဲ ပရိတ်လာရွတ်တဲ့ ဘုန်းဘုန်းထံမှ ပရိတ်ရေ နဲ့ ဖြန်းတယ်ပြောပါတယ် ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 22, 2012 at 11:48 pm

    ကျွတ်ဆိုတဲ့ ကောင်တွေက အငန်ဓာတ်နဲ့မတည့်ဘူးဆိုရမလားဘဲ
    ကျုပ်တို့ငယ်ငယ်တုန်း ကျွတ်တွေမျှော့တွေ နွားမှာ ကိုက်လာလို့ရှိရင်
    ဖြုတ်ပြီး ဆားနဲ့ ဖုံးလိုက်ရင် ဗိုက်ပေါက်သွားတယ်ခေါ်မလား
    သွေးတွေထွက်လာပြီးသေသွားဂျဒါဘဲ
    ဝါတွင်းကြီး 😀 ကုသိုလ်တွေတော့ အတုံးလိုက်အတစ်လိုက်ဘဲ
    ဆိုတော့ကာ
    ကျုပ်အထင် လဆန်းရက်တို့ ပရိတ်ရေ တို့နဲ့ကျတော့ မဆိုင်သလားဘဲ
    ခြံပတ်ပတ်လည် ဆားရည်လောင်းလိုက်ရင် သဘောတစ်ခုသက်ရောက်မယ်ထင်ပါ့
    မထူးဘာဘူး ဝါတွင်းကြီး 😀
    တစ်လောကဘဲ အလုပ်ဆိုဒ်ထဲ ခြတွေတက်လို့ဆေးဖျန်းရတာ ခြတော့ဘယ်လိုနေတယ်မသိ
    လူတော့ အတော်ခံလိုက်ရတယ် လက်ငင်းအကျိုးပေးပုံ
    ဒါနဲ့ ဘေးနားအိမ်က ဘော်ဘော်တစ်ယောက်က
    ခြတက်တာများဘာခက်တာမှတ်လို့ ခြထွက်လာတဲ့ အပေါက်တွေကို အင်္ဂျင်ဝိုင်လောင်းထဲ့လိုက်လို့ပြောမှ
    ဪ…ဟုတ်ပေသားဘဲလို့
    ဒါနဲ့ ခြတွေထွက်လာတဲ့ အုတ်နံရံအပေါက်တွေကို အင်္ဂျဝိုင်ရယ် ဒီဇယ်ရယ်ကိုရောပြီး
    လောင်းပေးလိုက်တာ ဘယ်ရောက်ကုန်လဲသိတော့ဘူး
    ဝါတွင်းကြီး 😀
    တစ်လောကဖတ်လိုက်ရသလားဘဲ
    ခြတွေ ကြွက်တွေ ဖျက်စီးလို့ ကမ္ဘာပေါ်မှာတစ်နှစ်တစ်နှစ်ဆွုးရှုံးမှု့ကိုကိန်းဂဏန်းတွေနဲ့
    ပြထားတာ
    သဂျီးကိုဆော်ဩောဂျဗျို့
    လောကုတ္တရာထဲကပြောရရင်တော့
    ရန်သူမျိုးငါးပါးထဲက တစ်ပါးပါးများဖြစ်နေသလား ဘာတဲ့
    အကြောင်းရှိလို့ အကျိုးဖြစ်ဆိုတာ

  • Mလုလင်

    August 22, 2012 at 11:54 pm

    အတော်ပဲဗျာ …. တမံတလင်းကနေ ရေငွေ့ရိုက်ရာကနေ .. ခြ လာလာကိုက် လို့ ကတ်ပုံး တွေ နေရာရွှေ့ ရွှေ့ရတဲ့ ဒုက္ခ လဲ မသေးဘူး … နနွင်းနံ့ တော့ နဲနဲ ကြောက်တယ် …

  • မောင်ပေ

    August 22, 2012 at 11:56 pm

    ကိုထူးဆန်းရေ
    မြန်မာနိုင်ငံမှာနေတဲ့ မြန်မာတစ်ယောက်အနေနဲ့ စမ်းကြည့်မယ်ဗျို့

  • kai

    August 23, 2012 at 4:32 am

    ဆားကိုရေဖျော်ဖြန်းဖြန်း.. တိုက်ရိုက်ပက်ပက်.. ကျွတ်တွေ..ဥတွေ..သေပါတယ်.
    ကျွတ်..မျှော့ ခရု..ပတ်ကျိ.. တီကောင်တွေခန္ဓာက.. ဆားနဲ့မတည့်လို့ပါ..။
    အောက်မှာ.. အထောက်အထားရှာပေးထားပါတယ်..။
    ဂေဟသမားတွေကတော့.. ကျွတ်မျှော့တွေ.. ဆားရည်နဲ့.လုပ်ရင်..မျိုးပြုတ်သမို့..မလုပ်ဈေင်ဘူးတဲ့လေ..
    အသားတုံးနဲ့ပဲ..မျှားခေါ်သတဲ့..

    ဆိုတော့..
    နှစ်ဆန်း၁ရက်နေ့အထိစောင့်ရန်မလိုပါကြောင်း.. :mrgreen:

    “ခြ”ကတော့.. လူအိမ်တွေဖျက်သမို့.. သတ်သာသတ်..
    အောက်မှာ.. အလွယ်လုပ်နည်းပါကြောင်း.

    its all because of osmosis by hypertonic condition outside leeche’s cells swell and burst.

    Why Salt Kills Leeches

    Salt is an effective way to kill leeches and other pests, such as garden slugs, but only on a small scale. If your favorite swimming spot is plagued with leeches, introducing enough salt to the water to kill them would also be devastating to the rest of the ecosystem. Trapping the leeches is a better option. Put a piece of meat in a coffee can and make small holes in the lid and then submerge it in your lake or pond. Leeches will find it and make their way into the can, but be unable to get back out.

    Read more: Why Salt Kills Leeches | eHow.com http://www.ehow.com/info_10042678_salt-kills-leeches.html#ixzz24JbY62hE

    =

    Termites Killer

    Create your homemade termite killer using natural ingredients. Borax is a naturally occurring powdery substance. When termites ingest it, it acts as a stomach poison, preventing them from digesting other food and causing them to starve to death. Combine two parts borax, two parts confectioner’s sugar and one part cornmeal, mixing the three thoroughly. The sugar and cornmeal both attract termite workers. When they eat it, they can’t help ingesting the borax as well.

    Read more: Homemade Termite Killer | eHow.com http://www.ehow.com/info_8604029_homemade-termite-killer.html#ixzz24JaKL1uc
    ==

    • Foreign Resident

      August 23, 2012 at 10:20 am

      သူကြီးပေးတဲ့ borax ၊ သကြား ၊ ပြောင်းဖူး နည်းကတော့ ၊
      ခြ မသေခင် အိမ်က ခွေးတွေ အရင်သေမယ့်နည်းကြီး ။

    • မဟာရာဇာ အံစာတုံး

      August 23, 2012 at 9:22 pm

      ဦးထူးဆန်း ပြောတဲ့ နည်းထဲမှာ
      ခြံရဲ့ ပတ်ပတ်လည်ကို ဆားနဲ့ ပရိတ်ရေနဲ့ ဖြန်းတာလို့ပဲ ပါတာပါ …
      သဂျီးပြောတဲ့အတိုင်းဆို ဆားနဲ့ရေကို ဖျော်ပြီး ခြံတစ်ကွက်လုံး ဖြန်းရမယ့် ပုံစံပဲ …

      ဦးထူးဆန်းကြီး ပြောတဲ့ ..
      ခြသတ်နည်းကိုတော့ လက်တွေ့ စမ်းကြည့်ရဦးမယ်ဗျ ..
      ဝါပ ကာလကျမှပေါ့ .. :mrgreen:

      သဂျီးပြောတဲ့ ခြသတ်နည်းကတော့ဖြင့် ..
      အီးလို သိပ်မဖတ်တတ်လို့ ဘာတွေ ရေးထားမှန်း မသိပါဂျောင်း .. :mrgreen:
      မြန်မာလိုလေး ရေးပေးရင် သိပ်ကောင်းမည် ဖြစ်ပါဂျောင်း …

  • htoosan

    August 23, 2012 at 6:40 am

    ဘုရားတရား နဲ့ ဝေးတဲ့ ကထူးဆန်း .. ဝါတွင်း တောင် သတိမရ .. တယ်မိုက်တာကိုး.. 😀

  • surmi

    August 23, 2012 at 9:21 am

    သဂျီးစကားသဘောကျသဗျာ
    ဘာတဲ ့ သတ်သာသတ် ဆိုပဲ
    ခြ ဆိုတဲ ့ကောင်တွေကိုအတော်မုန်းနေပုံရတယ် ဟဲဟဲ
    အမှန်တော ့ ကျုပ်လည်းအတော်မုန်းတာ
    ရန်ကုန်မှာအိမ်ဝယ်ရင် ခြ မရှိတဲ ့နေရာရွေးဝယ်ရတာ

  • ကြည်ဆောင်း

    August 23, 2012 at 10:11 am

    ခြနှိမ်နှင်းဖို့ကတော့ လိုလို့မှတ်သွားပါတယ်..
    ခြံနဲ့မနေနိုင်သူမို့ကျွတ်ကတော့ခြံနဲ့နေသူများကိုမျှဝေပေးဖို့ ထပ်မှတ်သွားပါတယ်
    ဒါနဲ့လေ …
    တိုက်ခန်းနဲ့နေသူများ ပုရွက်ဆိတ် အလွန်ပေါ မီးခလုတ်တွေထဲဝင် ပိုးဟပ်ပေါအိမ်မြှောင်ပေါ မဖြစ်ကြဘူးလားဟင်..
    ကြည်ဆောင်းတို့ တိုက်ခန်းနဲ့နေတာ ပုရွက်ဆိတ် ပိုးဟပ် အိမ်မြှောင်အလွန်ပေါလို့ ဘယ်လိုများနှိမ်နင်းရမယ်မသိ 🙄
    အထူးသဖြင့်ပုရွက်ဆိတ်ပေါ့
    ဝါတွင်းကြီးတော့ မလုပ်ရဲပါဘူး ဝါထွက်မှပါ :mrgreen:

    • Shwe Ei

      August 23, 2012 at 5:06 pm

      မကြည်ဆောင်းရေ ပုရွက်ဆိတ်နဲ့ ပိုးဟပ်ကတော့ Insect Killer Spray ကြိုက်ရာ ဘရန်းသုံး အကုန်ပျောက်ပါတယ်။ ဂျမ်ဘိုဆိုပိုကောင်း မှတ်တယ်။

    • aye.kk

      August 29, 2012 at 11:55 am

      ကြည်ဆောင်းရေ။
      ပုရွတ်ဆိတ်မနေစေချင်ရင်၊ကိုယ်မနေစေချင်လိုတဲ့နေရာမှာ
      အသက်ခွန်နှစ်ချက်အောင့်ပြီးအဲဒီနေရာမှာဆနွင်းမှုန် ့အနည်းငယ်ချထား။
      လွတ်ရာမှာသွားနေကြဘို ့အတွက်စိတ်ကဆုတောင်း။မနေတာကတော့လက်တွေ ့ဘဲ။

  • Foreign Resident

    August 23, 2012 at 10:16 am

    ကျေးဇူးပဲ ကိုထူဆန်း ။
    အဘတို့ ရန်ကုန် ခြံထဲက ၊
    servant quarter သဘောမျိုး သစ်သား အိမ်လေးဟာ ။
    လူလည်း မနေပဲနှင့် ၊ ခြ က ကြမ်းကိုစား ၊ ကြမ်း လဲ ရေနံသုတ် ။
    ဘေး နံရံကိုစား ၊ နံရံ လဲ ရေနံသုတ် နှင့်
    အိမ် တစ်လုံးစာ မကဘူး ပိုက်ဆံ ကုန်နေခဲ့တာ ။

    ” ဆပ်ပြာရည်ထဲမှာ ဆနွင်း နဲနဲ ဖျော်ပြီးလောင်း ။ ခြတွေ အတုန်းအရုံး သေဆိုဘဲ ”
    အိမ် ကို စမ်းခိုင်းလိုက်ဦးမယ် ။

  • eipu

    August 23, 2012 at 10:58 am

    ကျေးဇူးဘဲ ကိုထူးဆန်းရေ။
    အိမ်မှာက ခြရော၊ ကျွတ်ရောရှိတော့ နှိမ်နင်းရမယ်။

  • Dote Kha

    August 23, 2012 at 12:00 pm

    ဒီပို့စ်ကို ဖတ်အပြီး Google.com မှာ “ကျွတ်” ဆိုတာကို ရိုက်ထည့် ရှာကြည့်လိုက်တာ ထိပ်ဆုံးမှာ ဒီပို့စ်ကြီးက ပေါ်နေပါပေါ့လား။
    နည်းလမ်းတွေ အတွက်ကို ကျေးဇူးတင်ပါတယ်။
    လွယ်လွယ်ကူကူနဲ့ ပိုက်ဆံ သိပ်ကုန်ကျစရာ မလိုဘဲ အသုံးပြုနိုင်တဲ့ နည်းလမ်းတွေ ဖြစ်လေတော့ သိပ်ကောင်းတာပေါ့။

  • cobra

    August 23, 2012 at 3:28 pm

    အိမ်မှာလည်းခြတွေပေါနေတယ်
    ခုလိုသိလိုက်ရေတော့အရမ်းကောင်းတာပေါ့
    ကျေးဇူးအထူးတင်မိပါကြောင်း…။

  • etone

    August 23, 2012 at 4:56 pm

    သာမန် ဖြစ်ရိုးဖြစ်စဉ်အတိုင်း တွေးကြည့်လျှင်တော့လေ … ယုံနိုင်စရာမရှိဘူးပေါ့လေ ။ ဒါပေမယ့်လည်း … ကြံရမရဖြစ်သူတွေအတွက်တော့ စမ်းကြည့်ဖို့ကောင်းတဲ့နည်းပါပဲ …. ။
    တွားသွား အရေခွံပါးတဲ့ သတ္တဝါမို့ ဆားကြောက်တာ လက်ခံလို့ ရပေမယ့် နှစ်ဆန်းတစ်ရက်နေ့ဆိုတာက နွေခေါင်ခေါင်ကြီးမှာ … ပက်ထားတဲ့ ဆားကလည်း .. မိုးတွင်းထိမခံနိုင်ဘူး ဆိုတော့ .. စဉ်းစားစရာပါပဲ … ။ နောက်တစ်ချက်ကလေ .. ကျွတ်တွေက .. သွေးစုပ်တဲ့ သတ္တဝါမို့ …. မကောင်းဆိုးဝါး စာရင်းဝင်သွားလားမသိဘူး … ပရိတ်ရည်နဲ့ဖြန်းဖို့ဆိုတာပါ ………။

    ကျွတ်ဆိုတဲ့ သတ္တဝါက ဗိုက်ပေါက်လို့ သေတာတောင် … ခေါင်းထောင်ပြီး … လိုက်ကပ်ဖို့ ကြိုးစားနေတာ .. ။ အန္တရာယ်ကတော့ တွယ်ပြီး မလွှတ်တော့ဘူး … ။ 👿

  • candle .

    August 24, 2012 at 12:23 pm

    အင်း..
    အခုမှဘဲ ကျွတ် နှိမ်နင်း နည်းနောက်တစ်ခု သိရတော့တယ်..
    အရင်ကတော့ထုံးနဲ ့ခြံ ပတ်လည် လိုက်ပက ်ပေမဲ့တစ်ပတ်ဘဲခံတယ်..
    ဘာဘဲဖြစ်ဖြစ် စမ်းကြည့်ရမယ်..
    အိမ်က သားငယ်လေးပါးစပ်ထဲဝင်မှာစိုးလို ့အမြဲတမ်းစိတ်ပူနေခဲ့ရတာ..
    ပရိတ်ရည်ရဲ့အစွမ်းကိုယုံကြည်သောကြောင့် အောင်မြင်စွာနှိမ်နင်းနိ ုင်မည်ထင်ပါသည်..
    ကျေးဇူးပါနော်…

  • we R one

    August 29, 2012 at 11:18 am

    ကျွန်မ တို့လယ်ထဲမှာ လည်း အများကြီး ပဲ မိုရာသီဆို ပိုများတယ်..။
    ဆားနဲတော့ တစ်ခါမှ မစမ်းကြည့်ရသေဘူး..။ ပြာကိုတော့ လည်းတော်တော် တော့ ကြောက်တယ်…။
    အဲဒီ ကျွတ်တွေကလည်း မြေဩဇာကောင်းတဲ့ မြေမှာ မ ဖြစ်တာများတယ်လို့ ကြားဖူးတယ်..။

    • kai

      August 29, 2012 at 11:25 am

      အဲဒီ ကျွတ်တွေကလည်း မြေဩဇာကောင်းတဲ့ မြေမှာ မ ဖြစ်တာများတယ်လို့ ကြားဖူးတယ်..။

      ဖြစ်တာများတယ်လုပ်ပါကွယ်..
      သိသလောက်.. မြေရေကောင်းရှာသူတွေက.. ကျွတ်မျှော့တွေအရင်ရှာကြည့်ကြတာပါ..
      အဲဒီသတ္တဝါက နုနုလေး..
      ရေထဲ..မြေထဲမှာ.. အဆိပ်အတောက်ဓါတ်သတ္တုပါရင်.. နေလို့မရဘူး..
      အဲဒါကြောင့် ဆရာဝန်တယောက်ရေးတဲ့.. စာထဲ.. မြန်မာပြည်ရဲ့.. ဟင်းသီးဟင်းရွက်တွေမှာ ပိုးသတ်ဆေးပါတတ်လွန်းလို့.. ပိုးထိုးလောက်ကိုက်အသီး..အရွက်တွေရှာရွေးဝယ်စားတယ်လို့.. ဖတ်ဖူးတယ်..

  • kotun winlatt

    August 29, 2012 at 11:59 am

    ညီငယ် ဆရာဝန်တစ်ယောက်ရေးတဲ့ စာလေးကိုသွားသတိရမိတယ်ဗျို့…
    ခြတွေကို ပွက်ပွက်ဆူတဲ့ ရေနွေးနဲ့ လောင်းပီးနှိမ်နင်းပါသတဲ့..
    သူ့စာလေးကို ဒီလို အဆုံးသတ်ထားသဗျ…
    ဘဝခရီးမှာ ခြနဲ့တူတဲ့ လူတွေကိုတွေ့မိတိုင်း ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးကိုပြေးမြင်မိတော့တာပါပဲ….

Leave a Reply