“ပင်စင်စား”

TTNUAugust 22, 20121min62135

 

ပင်စင်စားတစ်ယောက်ရဲ့ ဘဝကို ဒီနာရီလေးနဲ့ နှိုင်းယှဉ်တွေးကြည့်ရင် သနားစရာပဲနော်။
အချိန်တွေမရှိတော့ဘူး။ကြောင်အိုလို့ ကြွက်မလေးတော့ဘူး။ လေးတွဲ့ဖင့်နွှဲပြီး နေညိုချိန်တောင်
ရောက်တော့မှာပါလား လို့တွေးလိုက်ရင် ကိုယ့်ကိုယ်ကိုတောင်သနားပြီးငိုချင်မိပါရဲ့။

Retired but not expired!

ပင်စင်တော့ယူလိုက်ပြီ၊

ဒါပေမဲ့ သေမင်းကိုတော့

အသက်မပေးသေးဘူး။

 

Late to rise
Early to bed
Collect that pension
Before you’re dead.

အိပ်ရာထနောက်ကျ

အိပ်ရာစောစောဝင်

မသေခင်ပင်စင်လေးထုတ်

အဲဒါကိုယ့်ရဲ့အလုပ်။

 

You’re retired –

Goodbye tension.

Hello pension!

အနားယူပြီဆိုတော့

သွားပါရော့ ဖိအားတွေ

မင်္ဂလာပါ ပင်စင်လစာရေ။

 

ဒီစာသားလေးကို Reader’s Digest မှာ ရေးထားတာဖတ်မိပြီး ဘာသာပြန်လေးရေးချမိပါတယ်။
ပင်စင်စားဖြစ်သွားပေမဲ့ အားနည်းနည်းရှိလာသလိုလိုပါပဲ။

ပင်စင်ယူလိုက်ပြီမို့ (Pressure) မရှိတော့ဘူး။ (Pleasure) ပဲရှိနေတော့မယ်
ထင်ပေမဲ့လည်းလူ့ဘဝကြီးကို ဒုက္ခသစ္စာပါဆိုနော။ ဒုက္ခ က ရုပ်ဖျက်ပြီးရော၊ ပြောင်ရော စောင့်နေတာလေ။

ကျွန်မ အငြိမ်းစားယူပြီးတဲ့ နောက် အားလပ်ချိန်များစွာ ရလာပါတယ်။ အလုပ်ထဲမှာ စိတ်နစ်နေတုန်းကတော့ ငေးချိန်တွေးချိန်မရခဲ့ဘူးပေါ့။  အလုပ်တစ်ခုပြီးတစ်ခု  အချိန်မီ ပြီးအောင်သာ
စိတ်စောရင်း အချိန်တွေ ကုန်လွန်သွားခဲ့ တာလေ။

အငြိမ်းစားယူပြီးနောက် တလ၊ နှစ်လလောက် အထိ နေရ ထိုင်ရ အဆင်ပြေသလိုပါပဲ။ ငယ်ငယ်တည်းက  စာကြိုးစားခဲ့ရပြီး အလုပ်ထဲမှာလည်း အလုပ်ကြိုးစား ပင်ပန်းခဲ့ရသမျှ ပင်စင်ယူမှ အတိုးချ၍ နားခဲ့ပါတယ်။

ဒါပေမဲ့ မမျှော်လင့်သော ဝေဒနာတခုနှင့် ကြုံတွေ့ရပါသည်။ အလုပ်များလွန်းခြင်းကြောင့် ဖိစီးမှုဒဏ်
ခံစားရသကဲ့သို့ အလွန်အားလပ်နေခြင်းကြောင့်လည်း စိတ်ဖိစီးမှုဒဏ် ခံလာရတယ်လို့ ထင်လာမိပါတယ်။

ဝန်ထမ်းဘဝ အလုပ်လုပ်တုန်းကတော့ တနေကုန် ပင်ပန်းလို့လေ ညအိပ်ပြီဆိုလျှင် တရေးနိုး
တယ်လို့ မရှိခဲ့ဘူး။  အချိန်မပေးနှိုင်လို့  ညဉ့်နက်အောင် တီဗီကြည့်ခြင်း၊ ဗီဒီယိုကြည့်ခြင်း တွေကို
ရှောင်ခဲ့ရတယ်။

ပင်စင်ရပြီး အချိန်အားများလာတဲ့ အခါ စာပိုဖတ်လာတယ်၊ တီဗွီ၊ ဇာတ်လမ်းတွေ ပိုကြည့်လာတယ်၊ တရားအလုပ်ပိုလုပ်ဖြစ်လာတယ်၊ အကျိုးရှိတာတွေ လုပ်နေရင်းနဲ့ စိတ်က  မကြာမကြာ ငေါင်တောင်၊ ယောင်တောင်တောင် ဖြစ်လာပါတယ်။

ဒီလိုဖြစ်လာရာကနေ  စိတ်အားငယ်ချင်သလိုလို စိတ်အားကျချင်သလိုလိုလည်း ဘာလိုလို
နောက်ဆက်တွဲ ခံစားလာရပါတယ်။ စိတ်မငြိမ်၊ လူမငြိမ် ဆိုသလိုပဲ ဟိုသွားရ ကောင်းနိုးနိုး၊
သည်လာရ ကောင်းနိုးနိုးဖြင့် ဇဝေဇဝါ မတည်မငြိမ် ဖြစ်လာပါရောလား။

ဒါနဲ့ ခရီးတွေထွက်တယ်၊ ပင်လယ်ကမ်းခြေတွေသွားတယ်။ ပုဂံကို ခဏခဏရောက်ဖြစ်တယ်။
သွားလာလှုပ်ရှားနေတုန်းမှာတော့ ပျော်ပျော်ရွှင်ရွှင်ပါပဲ။ အတော်လေးကြာလာတော့ ခပ်ထွေ
ထွေပြန်ဖြစ်ချင်လာပြန်ရော။

ပင်စင်ယူပြီး  ဒီအတိုင်းဖြစ်နေတာသုံးလေးနှစ်လောက်ကြာတယ်။ အခုတော့ပင်စင်
ယူလိုက်တာ (၁၀)နှစ်နီးပါးရှိတော့မယ်၊ စာသင်လိုက်၊ စာဖတ်လိုက်၊ အင်တာနက်ဝင်လိုက်၊
အပွင့်တွေ၊အပင်တွေ၊ရှာဖတ်လိုက်နဲ့ တစ်မျိုး အဆင်ပြေသွားတာပါ။

အထူးသဖြင့် မန ္တလေးဂဇက်ဝင်ဖတ်မိရေးမိလိုက်တာကိုကလည်း တကယ့်ဆေးကောင်း
တစ်လက်ပါပဲ။ကျေးဇူးတင်ပါတယ် မန ္တလေးဂဇက်ရယ်။

ကျေးဇူးတင်ပါတယ် Pooch (ဂဇက်ကိုလာဖတ်ရန် တိုက်တွန်းသူ ချစ်တပည့်)
ကျေးဇူးတင်ပါတယ် Kai ( ဂဇက် တည်ထောင်သူ)
ကျေးဇူးတင်ပါတယ် ဂဇက်ချစ်မိတ်ဆွေ ကြီးကြီးငယ်ငယ် အားလုံး။

မေတ္တာဖြင့်

TTNU.

 

35 comments

  • မောင်ပေ

    August 22, 2012 at 11:47 pm

    ဂေဇက်နဲ့ ပတ်သက်မိသူတိုင်း
    ဂေဇက်မှ ဂေဇက်ပါ ဆရာမရေ
    သဂျီးကစွမ်းတယ်

    • TTNU

      August 23, 2012 at 12:04 am

      မောင်ပေရေ…
      ကနဦးစာလာဖတ်သူအဖြစ် ကျေးဇူးတင်ပါတယ်။
      မောင်ပေတို့ရဲ့ ကြိုဆိုမှုကြောင့်လည်း ပါပါတယ်ကွယ်။
      🙂

  • Mလုလင်

    August 22, 2012 at 11:50 pm

    ကျွန်တော် ကလဲ တီချာကြီး ကို ကျေးဇူးပါလို့ ….

  • ဦးဦးပါလေရာ

    August 23, 2012 at 12:00 am

    တီချာရေ
    ကျွန်တော့် ဆရာတဦး ပြောခဲ့ဘူးတာလေးလဲ အမှတ်ရမိတယ်..
    မင်းတို့က မအားဘူးသေးတော့ အားတယ်ဆိုတာ ဘာမှန်းဘယ်သိပါ့မလဲ… တဲ့

    ကျွန်တော်လဲ ပင်စင်နီးနေပါပြီ
    အလုပ်ကနားရပြီဆိုရင်တော့
    တီချာ့ကိုနမူနာယူပြီး မအားအောင်နေမှပဲ…။

    • TTNU

      August 23, 2012 at 12:10 am

      ကိုပါရေ…
      (မင်းတို့က မအားဘူးသေးတော့ အားတယ်ဆိုတာ ဘာမှန်းဘယ်သိပါ့မလဲ)
      မှန်တယ်နော်။ မအားသေးခင်က အားရင်နားပစ်မယ်ထင်မိ။ အားသွားပြန်တော့လည်း
      လူ့စိတ်က ဆန်းသား။ တကယ်အားလားမေးကြည့် ဘာရှုပ်နေမှန်းကိုမသိတာ။
      တီချာအစပိုင်းယောင်ချာချာဖြစ်နေရတုန်းက နာရေးကြော်ငြာတွေ သတင်းစာထဲက
      လိုက်ဖြတ်နေမိတယ် ကိုပါရေ။ 🙂

  • TTNU

    August 23, 2012 at 12:06 am

    မောင်လုလင်ရေ…
    ကျေးဇူးတင်လို့ ကျေးဇူးပြန်တင်ပါတယ်ကွယ်။

    🙂

  • kai

    August 23, 2012 at 3:04 am

    မန ္တလေးဂဇက်ကလည်း.. တီချယ့်ကို..ကျေးဇူးကမ္ဘာတင်ကြောင်းပါ…
    ယူအက်စ်မှာကျတော့.. စီနီယာစစ်ဒဇင်တွေအတွက်..ပရိုဂရမ်တွေအများကြီး..
    ဘာသာရေးမပါပဲကိုပြောတာပါနော..

    ဆိုတော့..
    သက်ကြီးစကား.. သက်ငယ်တွေကြားဖို့.ကြားလို့ရအောင်.(ဘာသာရေးမပါ) အစီအစဉ်တွေရှိပါတယ်..
    နားထောင်..ဆွေးနွေးလုပ်တဲ့.. သက်ငယ်တွေအတွက်.အင်မတန်တန်ဖိုးရှိတာပါ..

    မြန်မာပြည်မှာကျ…
    သက်ကြီးများအတွက်.. ဘုရားတရား.(ဘာသာရေး) ကလွဲလို့.. တခြားဆွေးနွေးဖို့.. အခြေအနေတွေနည်းတာပဲ..
    ဘုရားတရား.(ဘာသာရေး) ဆိုလည်း..
    .. ဘုန်းကြီးကျောင်း.. ဓမ္မာရုံသွားရင်.. ကိုယ့်ထက်ငယ်တဲ့.. အတွေ့အကြုံနည်းတဲ့.. ဘုန်းကြီးက..ရှေ့ခုံမြင့်မှာထိုင်.. ပြောချင်တာပြော.. ရှေ့မှာ..ကျုံ့ကျုံ့ထိုင်.. ပြန်မပြော..နားမထောင်.. တရားဆိုပြီး.. လက်ခံရတာကလား.. :mrgreen:

    ဘာသာရေးမနွယ်တဲ့.. ကွန်မြူနတီစင်တာ..။ ဆိုရှယ်အဖွဲ့အစည်းခမ်းမတွေကလည်း.. မြန်မာပြည်မှာ.. မဖွင့်ဖြိုးသေးဆိုတော့…
    သက်ကြီးတွေရဲ့ဗဟုသုတ.. အတွေ့အကြုံတွေ.. နှမြောစရာကောင်းလှပါတယ်.

    မန ္တလေးဂဇက်က.. အင်တာနက်ပေါ်မှာဆိုတော့.. လူချင်းမတွေ့ရတာမို့.. RESPECT သာရှိကြရင်.. ဆွေးနွေးရင်း.. တော်တော်”ရ” နိုင်တာမို့..
    ငြင်းခုန်ခြင်းအနုပညာ ပြည့်ဝတဲ့.. တီချယ့်ကို..ကျေးဇူးကမ္ဘာတင်ကြောင်းပါ… 🙂

    • TTNU

      August 23, 2012 at 10:20 pm

      ကိုခိုင်ရေ…
      ဂဇက်ကကျေးဇူးတင်လို့ ဂဇက်ကို ကျေးဇူးပြန်တင်ပါတယ်ကွယ်။

      Senior Citizens တွေကို Pensioners လို့ UK မှာခေါ်ပြီး
      Retirees သို့မဟုတ် Senior Citizens လို့ US မှခေါ်တာတော့ ကြားဖူးတယ်။
      “Senior citizen” ဆိုတဲ့ အခေါ်အဝေါ်လေးက UK မှာ ရှေးသုံး အင်္ဂလိပ်စကား
      ဖြစ်တဲ့ Old-age pensioners ဆိုတဲ့ ဝေါဟာရကို အစားထိုးသုံးခဲ့တယ်လို့
      ဆိုပါတယ်။ မြန်မာမှာတော့ မကျန်းမာပင်စင်၊ လုပ်သက်ပြည့်ပင်စင်၊ သက်ပြည့်
      ပင်စင် လို့ အမျိုးမျိုးရှိကြတယ်။
      တီချာက လုပ်သက် (နှစ် ၃၀)ပြည့် ပင်စင်ပါ။ပင်စင်လစာတွေမတိုးမီအထိ လစာ
      တစ်လကို (၃၀၀ဝ ကျပ်)ကျော်ကျော်လေးရပါတယ်။ 🙁
      အခုတော့ အတော်ဟန်ကျနေပါပြီ။ (ဒေါ်လာနဲ့ဆိုရင် ၅ရ ဒေါ်လာလောက်ပေါ့)။
      အတော်ဟန်ကျနေပါပြီလို့ပြောတာ စားရေးသောက်ရေးအတွက် မဟုတ်ပါ။
      လှူရေးတန်းရေးပြောတာပါ။ 🙂

      ပြီးတော့ကိုခိုင်ပြောသလို Community Centre တွေဘာတွေ မရှိသေးပေမဲ့၊
      ရပ်ရွာသာရေး နာရေး၊ စိမ်းလန်းစိုပြေ သစ်ပင်စိုက်ပျိုးရေး၊ စသဖြင့်
      စိတ်တူရာလေးတွေ ဖွဲ့စည်းထားကြလုပ်ဆောင်ကြတာတွေတော့ရှိပါတယ်။

      (ကိုယ့်ထက်ငယ်တဲ့.. အတွေ့အကြုံနည်းတဲ့.. ဘုန်းကြီးက..ရှေ့ခုံမြင့်မှာထိုင်.. ပြောချင်တာပြော.. ရှေ့မှာ..ကျုံ့ကျုံ့ထိုင်..
      ပြန်မပြော..နားမထောင်.. တရားဆိုပြီး.. လက်ခံရတာကလား..)
      ဆိုတဲ့ ကိစ္စကတော့ …. တီချာ့ပုဂ္ဂိုလ်ရေးအရ အဖြေရှိပါတယ်။ တီချာ ကိုးကွယ်စရာ
      ဘုန်းကြီးအင်မတန်ရွေးပါတယ်။ ဆိုတော့.. ပြောချင်တာပြောဘုန်းကြီး
      မရွေးမိပါဘူးကွယ်။

      သက်ကြီးတွေရဲ့ဗဟုသုတ.. အတွေ့အကြုံတွေ.. နှမြောစရာကောင်းလှပါတယ်.
      ဆိုတာ လေးလက်ခံတယ်။ ခေတ်ကာလကလေးအများစု (East or West) ဟာ
      လူကြီးတွေနဲ့ Generation Gap ကွာဟမှုကိုအကြောင်းပြုပြီး ကြောင်အိုတော့
      ကြွက်မလေးရှိလာကြတယ်။ ဂျောင်ထိုးချင်လာကြတယ်။ အပ်ကြောင်းထပ်တယ်
      ထင်လာကြတယ်။ Out of date ကြီးတွေလို့မြင်လာကြတယ်။ 🙁
      မန ္တလေး ဂဇက်ကလေးမှာတော့ အထက်ပါ ကိစ္စလေးတွေ ပေါ်မလာသေးမချင်း
      တီချာလာလည်နေဦးမှာပါ။(မသေ သေးရင်ပေါ့နော။)

      • kai

        August 24, 2012 at 12:01 am

        bc အတွက်.. ကျေးဇူးထပ်တင်ရပြန်ရော.. 🙂

        တီချယ့်မန့်တာတွေထဲတောင်.. ဗဟုသုတလေးတွေညှပ်ညှပ်ပါလာတတ်တယ်..။ သက်ငယ်တွေအကျိုးများပါတယ်..။ အခုတောင်.. “မန ္တလေး ဂဇက် ” တဲ့..။ အသံထွက်အမှန်အတိုင်းရေးပြနေတာ..။ :mrgreen:

    • nature

      August 24, 2012 at 9:58 pm

      ….မန ္တလေးဂဇက်က.. အင်တာနက်ပေါ်မှာဆိုတော့.. လူချင်းမတွေ့ရတာမို့.. RESPECT သာရှိကြရင်.. ဆွေးနွေးရင်း.. တော်တော်”ရ” နိုင်တာမို့..
      ငြင်းခုန်ခြင်းအနုပညာ….
      လူချင်းသာတွေ့ရင်တော့ တုတ်ထမ်းဆွေးနွေးရမယ်ထင်တယ်။ 🙂

  • padonmar

    August 23, 2012 at 6:36 am

    တီချာကြီးရှင့်
    လူဆိုတာ အားရင် စိတ်လေတတ်ပါတယ်။အဲဒီကနေ depression ဆိုတာ ဝင်လာတာပါပဲ။
    ကိုယ်နဲ့ ရွယ်တူတွေက ကိုယ့်ထက် အောင်မြင်နေတာ၊သာယာနေတာတွေချည်း မြင်ပြီး စိတ်ဓာတ်တွေကျကျလာပါရော။
    ကျမတို့ အလုပ်က ပင်စင်ယူချိန်ရယ်လို့ မရှိပေမယ့် ရာသီချိန်ရှိတော့ အလုပ်ပါးချိန်ရှိပါတယ်။
    အရင်ကတော့ အဲဒီလို မိုးတွင်းအလုပ်ပါးရင် စိတ်ဓာတ်တွေကျသမို့ စိတ်မအားအောင် နယ်မှာရနိုင်တဲ့ တစ်ခုတည်းသော ကျောင်းပြင်ပသင်တန်းဖြစ်တဲ့ တရုတ်စာ သွားသင်၊တစ်ချောင်းထိုး၊တက်တင်း၊မက်ခရာမီ၊ပလပ်စတစ်ကြိုးထိုး၊ပုခက်ရက် ရှိရှိသမျှ လိုက်သင်နေလိုက်ပါတယ်။
    အခုရန်ကုန်ရောက် ပြုစုရမယ့် အဖေမရှိတော့တဲ့ နောက်ပိုင်း အဘိဓမ္မာသင်တန်းတက်ဖြစ်တော့ မအားမလပ်စာတွေ ဖတ်ရတာရယ်၊ပိုနားလည်လာတဲ့ ဖာလူဒါနဲ့ တူသောစာများဖတ်ရတာ အရသာရှိလွန်းလို့ အချိန်တွေတောင် မလောက်တော့ပါဘူး။
    ဂေဇက် ဝင် ပွားမိတော့ ကိုယ်ဖတ်ချင်တာတွေကလည်း တန်းစီ၊ကိုယ်ပြန်ရေးချင် မန့်ချင်တာတွေကလည်း ခေါင်းထဲမှာ ြ့ပူတစ်ပြူတစ်၊ဒီကြားထဲ ဆုပေးဖို့ ဖတ်ရွေးရမယ်ဆိုတော့ တစ်နေ့မှာ ၃၆ နာရီတောင်ရှိချင်လာပါပြီ။
    တီချာကြီးလည်း မအားရတဲ့ အရသာ ဝေမျှပေးတဲ့ အတွက် ကျေးဇူးပါ။
    ……………………
    သူကြီးရေ
    သက်ကြီးဆရာဝန်တွေတွက်တော့ day care center ရှိနေပါပြီ။
    သူကြီးပြောတဲ့ senior citizen တွေ အတွက် programme တွေ သိချင်ပါတယ်။

  • Moe Z

    August 23, 2012 at 9:18 am

    တီချာရေ … တန်ဖိုးရှိတဲ့စာတွေ သင်ခန်းစာတွေအတွက်လည်း ကျေးဇူးပါရှင့်
    ဖေဖေလည်းပင်စင်ယူပြီးပေမယ့် အရင်ကထက်ပိုပြီး အလုပ်တွေရှုပ်နေတယ်တီချာ
    အရင်ကမသွားနိုင်တဲ့ခရီးတွေ အချိန်ဆွဲထားတဲ့လုပ်ငန်းတွေနဲ့
    အခုမှ ၂ဝကျော် ပြန်ဖြစ်နေတယ်
    အိမ်မှာနေရင်လည်း အပင်ရေလောင်းလိုက် ခြံဝန်းထဲသန့်ရှင်းရေးလုပ်လိုက်နဲ့ နားပါဦးလို့တောင်ပြောယူရတယ် အားဆေးပုံမှန်တိုက်တာကလွဲရင် ဘာမှမပြောရဲဘူး
    တော်ကြာ သားသမီးတွေက သူ့ကိုအိုပြီထင်တယ်လို့ တွေးမှာစိုးလို့
    တေဘယ်လ်တင်းနစ်ကစားရင်တောင် ဖေဖေ့ကိုနိုင်အောင်မနည်းကစားရတယ် 🙂

    တီချာလည်း ကျန်းမာချမ်းသာပါစေ အကျိုးရှိတဲ့စာတွေလည်း များများရေးနိုင်ပါစေနော်

  • pyopyo may

    August 23, 2012 at 9:29 am

    တီချယ်ကြီး ရှင့်
    ပျိုပျုိုမေ က တော့ ကျန်းမာရေး သိတ်မကောင်း လို့
    အလုပ်ထွက် ဖို့ စိတ်ကူးနေသူပါ၊ ပင်စင်ယူဖို့ အသက်ကလည်း အများကြီးလိုပါသေးတယ်
    ငယ်ရွယ်စဉ် တုန်းကတော့ ကိုယ်တကယ် ဝါသနာပါတဲ့ အလုပ်ကို လုပ် ရတာ မို့ လုပ်ငန်းခွင်
    မှာ လည်း ပျော် ၊ ပြောင်းရ ရွှေ့ရတော့လည်းပျော်တာပေါ့၊
    လွန်ခဲ့တဲ့ တစ်နှစ်လောက် က နယ်မြို့ကြီး တစ်မြို့ ကို ပြောင်းရပါတယ်၊အဲဒီမြို့ကနေပြီး ရန်ကုန်မှာ
    ကျန်ခဲ့တဲ့မိသားစု ကို သတိရ ၊ သားသ္မီး တွေကို စိတ်မချ နဲ့ ၊ လောလောဆယ် တော့ ဆေးပင်စင်
    တင်ဖို့ စိတ်ကူးရင်း ၊ လစာမဲ့ ခွင့်ယူထားပါတယ်၊ တကယ်တန်းကျတော့လည်း
    သားသ္မီးတွေ က သူ့အလုပ်နဲ့သူမို့ ကိုယ့်နားကို သိတ်မကပ်နိုင် ကြပါဘူး
    အဲဒီတော့ တီချယ်ကြီးလိုပေါ့ ၊ ကွန်ပျူတာရှေ့ မှာထိုင် ၊ ဟိုနှိပ် ဒီနှိပ်နှိပ်ရင်း နဲ့ မန္တလေး ဂေဇက် နဲ့
    တွေ့တော့တာပါပဲ ၊ မန္တလေးဂေဇက်ကတော့ပျိုပျိုမေ အတွက် ဟင်းကောင်းတစ်ခွက်ပါ ၊
    အလုပ်ထွက်ဖြစ်ရင် စိတ်ပေါ့ပါး လွတ်လပ် သွားမလား ၊ ကြာလာရင် တီချယ်ကြီး လိုပဲ စိတ်အားငယ်
    တာတွေ ၊ စိတ်ဓါတ်ကျချင် သလိုလို တွေဖြစ်လာ မလားဆိုတာ မတွေးတတ်တော့ဘူး၊
    ဒါကြောင့် တီချာ ကြီးနဲ့ ဆက်ပြီး ဆွေးနွေးချင်ပါသေးတယ်

  • ကြောင်ကြီး

    August 23, 2012 at 9:43 am

    ပင်စင်စား
    ဆင်ခြင်သွား
    ဂွင်မြင်ထား
    ရင်ခွင်နား
    ဖင်တင်ပါး
    ခင်မင်အား
    ခြင်ယင်လား
    နင်ကင်စား..။

  • manawphyulay

    August 23, 2012 at 9:55 am

    အင်း ဒီလိုနေရာ၊ ဒီလိုအချိန်ကတော့ လူတိုင်းရောက်ရမှာ မလွဲပါဘူး။ ပြင်ဆင်ထားတာနဲ့ မပြင်ဆင်ပဲ ရောက်ရှိသွားကြတာတွေပဲ ကွာခြားကြမယ်လို့မြင်မိပါတယ်တီချယ်။
    ဘယ်လိုပဲဖြစ်ဖြစ်လေ ဒီလိုအချိန်မှာ တစ်ခုခုကို စောင့်မျှော်နေရမှာမှန်ပေမယ့်အေးချမ်းတဲ့စောင့်မျှော်မှုနဲ့ နေရချိန်ခဏတာလေးတွေ အပန်းဖြေစေဖို့ အရေးကြီးဆုံးပါပဲ။ ဒါကြောင့် မနောကြားဖူးတာကတော့ ပင်စင်စားဖြစ်လာတာနဲ့ အိမ်မှာပန်းပင်လေးတွေစိုက်လေ့ကို အရင်ထဲကကျင့်ခဲ့တဲ့အိမ်ကအဘွားရဲ့ရည်ရွယ်ချက်လေးတွေ နောက်စာအမြဲဖတ်တတ်တဲ့အဘွားရဲ့စိတ်နေစိတ်ထားလေးတွေကို ဒီအချိန်မှာ အတုယူလေ့လာကြည့်နေမိတယ်။ တကယ်ငြိမ်းချမ်းရာအမှန်ကို ကိုယ်ဘာသာကြိုတင်ပြင်ဆင်ထားရမှာပါလားလို့လည်း သဘောပေါက်မိတယ်။ တီချယ်တို့လို ကွန်ပျူတာသုံးတတ်ပြီး အင်တာနက်သုံးတတ်ရင်တော့ ဒီလိုရွာလေးဟာ အေးရိပ်တစ်ခုပဲပေါ့။ အဘွားတို့လို အိမ်ထဲက အိမ်ပြင်မထွက်တော့တဲ့သူတွေအတွက်တော့ သူလျှောက်နေတဲ့လမ်းက အမှန်ကန်ဆုံးပဲလို မနော နားလည်လာမိတယ် တီချယ်….

  • ကို ခင်ခ

    August 23, 2012 at 10:01 am

    ကျွန်တော်အဖေ ပင်စင်ယူပြီးတော ကုန်သွယ်ရေးဓမ္မာရုံ အသင်းမှာသွားလုပ်တယ်။
    ကျွန်တော်အမေ ပင်စင်ယူပြီးတော့ မိတ္တူ၊ စာရေးကိရိယာဆိုင်လေး လုပ်တယ်။( အခုတော့ အသက်ကြီးလို့ မလုပ်တော့ပါဘူး)။
    အဲ ကျွန်တော်က ကုမ္မဏီဝန်ထမ်းမို့ ပင်စင်မရှိနိုင်ဘဲ သူဌေးမကျေနပ်လို့ အလုပ်ထုတ်ချိန် ဘာလုပ်ရမလဲ အမြဲစဉ်းစားရတယ်။ ကျွန်တော်တို့အတွက် ပင်စင်ပေးခံရတာက မနက်ဖြန်လည်းဖြစ်နိုင်တာမို့လေ။

  • weiwei

    August 23, 2012 at 10:30 am

    ကျွန်မလဲ ပင်စင်ရတော့မယ်ထင်တယ် တီချာကြီးရေ … အလုပ်က ပုဂ္ဂလိကလုပ်တော့မှာဆိုတော့ ကျွန်မတို့လို့ လုပ်သက် ၁ဝ နှစ်ကျော်ရှိပြီးသူတွေကို ပင်စင်ပေးလိုက်တော့မှာလေ 😛
    ဒါပေမယ့် ကုမ္ပဏီအလုပ်ထဲကို ပြန်ဝင်လိုက်ရင်တော့ နှစ်ဆလောက် ပိုလုပ်ရမှာမို့ မအားနိုင်သေးပါဘူး ….

    • Foreign Resident

      August 23, 2012 at 2:02 pm

      ” အလုပ်က ပုဂ္ဂလိကလုပ်တော့မှာဆိုတော့ ”

      တကယ်ပြောင်းပြီပေါ့ ။

  • ကြည်ဆောင်း

    August 23, 2012 at 10:31 am

    ကြည်ဆောင်းလဲ အလုပ်မလုပ်ဖြစ်တော့ရင်(တနည်းအားဖြင့်ပင်စင်ပေါ့) ဘာလုပ်မလဲလို့ ကြိုတွေးထားသူပါ..
    စာတွေဖတ်မယ် ၊ ခရီးတွေထွက်မယ် ၊
    စားချင်တာလေးတွေကို နဲနဲ နဲ့ကောင်းကောင်းလုပ်စားမယ် (သူများကိုလဲမျှဝေမယ်ပေါ့)
    ပြီးတော့ပန်းချီလဲဆွဲချင်တယ် (အဲဒီအချိန်ရောက်မှသင်ရမှာပါ)
    ခြံနဲ့နေသူမဟုတ်လို့ အပင်စိုက်ဖို့ကတော့ နဲနဲဘဲဖြစ်နိုင်မှာပါ ..
    ဒါကအရင်တုန်းကတွေးထားတာတွေပေါ့
    အခုတော့ မန်းဂေဇက်မှာစာဖတ်ဖို့ နဲ့ ရောက်တတ်ရာရာ ကွန်မန့်လေးတွေ ရေးဖို့ စိတ်ကူးတွေလဲပါလာပါပြီ …
    ရောက်ကိုရောက်မယ့် အချိန်တွေအတွက်ကြိုတွေးပြီး လူတိုင်းပြင်ဆင်သင့်တယ်ထင်မိပါရဲ့ တီချယ်ရယ်
    သေမင်းကမခေါ်သေးသမျှ ၊ ဒီကိုယ်ကြီးရှိနေသမျှပေါ့နော် ..
    သတိပေးတဲ့အတွက်ကျေးဇူးပါတီချယ်ရှင့်

  • mocho

    August 23, 2012 at 12:14 pm

    တီ ချယ် ကြီး ရေ
    မို ချို လည်း ပင်စင် စားတွေ ရဲ့ ခံစားချက် ကို ကိုယ်ချင်း စာမိပါတယ်။ ငယ်ငယ် တုန်းက ဆို ကိုယ့် ကို ကိုယ် ယောက်ျား တစ်ယာက်ကို မှီ ခို ရတဲ့ သူ ဘယ်တော့ မှ မဖြစ်စေရဘူး လို့အမြဲ ကြွေးကြော် ခဲ့ တဲ့သူက ခုတော့ ရထားတဲ့ ဘွဲ့ မှ အား မနာ ဟိုး ခေတ် က အိမ် ရှင် မတွေလို ယောက်ျား အလုပ်က အပြန် ကို ငုတ်တုတ် ကြီး ထိုင် မျှော် နေရတဲ့ ဘဝ ရောက်နေ တာ စဉ်း စား လိုက်ရင် စိတ် ဓါတ် က အဝီစိ ရောက်ချင် နေ ပြီ။ ဂေဇတ် ရှိ နေ လို့ သာ ဖြေသာ နေတာ။

  • Dote Kha

    August 23, 2012 at 12:28 pm

    **ပထမကွန်မန့်က မပေါ်ဘူး ဖြစ်သွားပါတယ်။ ဒါကြောင့် ထပ်ရေးတာပါ။**
    ____________________________________
    ပင်စင်နဲ့ပတ်သက်လို့ 2011, Sep, 24 ရက်နေ့က Foreign Resident ရဲ့ “ပင်စင် & ideologies” ဆိုတဲ့ ပို့စ်မှာ ဒီလိုလေး ရေးထားတာကို တွေ့မိပါတယ်။

    TTNU says:

    “ဟုတ်တယ် အိတုန်ရေ
    ကိုယ့် ပင်စင် ထုတ်တဲ့ အခါ အသက်ရှင်နေသေးကြောင်း လူတွေ့ စစ်တယ်။
    ဒီ အဖွားအိုကြီး နောက်ယောင်္ကျား မယူပါဘူးဆိုတာကို ရဝတ ထောက်ခံစာပြမှ
    သွားလေသူရဲ ့ လခလေးထုတ်ရသကွဲ့။
    စားပွဲ ၄နေရာလောက်ရွှေ ့ပြီးမှ တိုကင် ဆိုတဲ့ သတ္တဝါလေးကိုရတာ။
    ပြီးတော့ မှ ကိုယ်တို့လိုအိုနာရွတ်တွ တွေ
    ပင်စင်လခလေး မဆိုသလောက် ကို တိုးပြီး ထုတ်ကြရတာ။
    ဘယ်ရုံးသွားတိုးတိုး အပြန်မှာ ပါရာစီတမော သောက်ရတာချည်းပါပဲ”

    -http://myanmargazette.net/69613/creative-writing-
    Posted by Foreign Resident on Sep 24, 2011 in Creative Writing | 6 comments
    ____________________________________

  • pooch

    August 23, 2012 at 2:24 pm

    နောက်ရက်လာရင် အပင်ပေါက်လေး ယူူခဲ့မယ် ။ nevercry.nway ကိုလည်း ခေါ်ခဲ့မယ်။
    မကြာမကြာလာပြီး နှောင့်ယှက်ပေးပါ့မယ် တီချယ်။

    အမေ့ခမျာတော့ အနော်တယောက်နဲ့တင် ပါးစပ်မပိတ်ရပဲ ပျင်းချိန်မရရှာဘူး။ ဒါကြောင့်မို့ အနော်က အမေပျင်းမှာ စိုးလို့ မကြာမကြာ ပြသာနာရှာပေးတာ ။ :mrgreen:

    သူ့အချစ်တော် အယ်လ်ဗင်တယောက်နဲ့လည်း မအားရပါဘူး တီချယ်ရယ်။ သူက အားတော့ကိုးရတယ် အမေနေမကောင်းတော့ အမေ့ကုတင်ခြေရင်းမှာ လာအိပ်ပေးတယ် တီချယ်ရေ။
    တီချယ် ခွေးမွေးချင်လား။

  • Pye Kun Zaw

    August 23, 2012 at 2:50 pm

    ကျွန်တော်တို့အလှည့်ကျ ပင်စင်ဆိုတာရှိပါတော့မလား။ ယနေ့လူငယ်တော်တော်များများ အစိုးရအလုပ်မလုပ်ကြတော့ပါ။

    • kai

      August 23, 2012 at 3:55 pm

      အသက်ကြီးလာပြီး.. ပင်စင်ယူရမယ့်အချိန်အတွက်.. ဘာတွေဘယ်လိုစဉ်းစားထားသလည်း..
      တွေးကြည့်ရင်.. မြန်မာပြည်အနာဂတ်..အင်မတန်ထိတ်လန့်စရာကောင်းတယ်..

      အစိုးရကနေ.. လူမှုဖူလုံရေးတွေ.. ဆိုရှယ်တွေ.. ပင်စင်တွေ..ကျမ်းမာရေးစောင့်ရှောက်မှုတွေ.. လုပ်ပေးရတော့မယ့်အချိန်ဖြစ်ပါတယ်..
      မလုပ်ပေးရင်.. လွှတ်တော်က.. လူတွေ.. အော်ကြရမယ့်အချိန်ပါ…

  • ho leo

    August 23, 2012 at 3:36 pm

    အစိုးရအလုပ်ဆိုဝေးဝေးရှောင်တယ်
    တက္ကသိုလ်တောင်ဆက်မတက်တော့ဘူး

  • မဟာရာဇာ အံစာတုံး

    August 23, 2012 at 7:40 pm

    တီချယ်ကြီး ..
    သားသား ကဒေါ့ ပင်စင်စားလို့ ရလောက်ပါဘူး ..
    ဘာဖစ်လို့လဲဆိုတော့ သားသားက ပုဂ္ဂလိက အလုပ်လုပ်နေတာ ..
    ပင်စင်ဆိုတာက အစိုးရဝန်ထမ်းတွေမှ ရတာမဟုတ်လားဂျ ..
    ပီးဒေါ့ ..
    တီချယ်ကြီးက ပြောတယ် ..
    ကြီးကြီးငယ်ငယ် အားလုံးကို ကျေးဇူးတင်ပါတယ် ဆိုလို့ ..
    သားသား ကလည်း တီချယ်ကြီးကို ကျေးဇူးတအား တင်ပါတယ်လို့ ..
    ဒါနဲ့ အမပုချ်က တီချယ်ကြီးရဲ့ ချစ်တပည့်ကိုးဂျ ..
    ခုမှ အဲ့ဒါ တိဒယ် …

  • TTNU

    August 23, 2012 at 10:46 pm

    ကိုခိုင်ရေ..
    စာကြွင်းပါ။ ။ အပေါ်Comment ထဲမှာ (၅ရ ဒေါ်လာ) Typo လေးရယ်။
    စတားလေးလုံးရပြီးသား ရေများရာမိုးရွာတာ မဟုတ်ပေမဲ့ ပင်စင်စားကြီးကို ဂရုတစိုက်
    ပြည့်ပြည့်စုံစုံ ဆီဆီလျော်လျော် လာမန်းပေးလို့ BC လေးလက်ခံပေးပါနော်။
    ——————————- 🙂
    ပဒုမ္မာရေ..
    အဘိဓမ္မာသင်တန်းတွေတက်ထားတော့ ပရိယတ္တိ အပိုင်းတွေ
    ပိုသဘောပေါက်စေတာပေါ့နော်။ တီချာလည်းစိတ်ဝင်စားတယ်။
    သင်တန်းတော့မတက်ဖြစ်ပေမဲ့ ငယ်ငယ်ကဘုန်းကြီးစာသင်ယူခဲ့ဖူးလို့
    နည်းနည်းသိတာလေးနဲ့ စာဖတ်အားနဲ့ လေ့လာမိတယ်။
    —————————— 🙂
    မိုးစက်ရေ..
    ဖေဖေနဲ့ ပင်းပေါင်ကစားနေတာကိုတွေးကြည့်ပြီးတောင်ပျော်စရာကောင်းလိုက်တာ။
    —————————— 🙂
    ပျိုမေရေ..
    ကျန်းမာရေးအတွက်ဆိုရင်တော့၊ (အိမ်မှာလည်း အဆင်ပြေပြေနေနှိုင်တယ်)
    ဆိုရင်တော့ နားသင့်ပါတယ်။
    —————————— 🙂
    ကိုကြီးကြောင်ရေ..
    ပင်စင်စား
    ဆင်ခြင်သွား ဆိုလို့ ဆိုင်ကယ်မစီး၊ ကားမမောင်းတာ ကြာပေါ့။
    —————————— 🙂
    မနောရေ..
    တီချာကတော့ ငယ်ငယ်ကတည်းက ပန်းပင်စိုက်ဝါသနာပါတာ။
    ပင်စင်ယူလိုက်တော့ သစ်ပင်တွေနဲ့ စကားပြောဖြစ်သွားတော့တာပါပဲ။
    —————————– 🙂
    ကိုခ ရေ..
    ပင်စင်ယူရင် စာရေးဆရာလုပ်လေကွာ။
    —————————– 🙂

  • TTNU

    August 23, 2012 at 11:12 pm

    ဝေရေ..
    ပုဂ္ဂလိကလုပ်လိုက်လို့ အလုပ်ပိုများသွားပေမဲ့ လစာပိုများလာမယ်ထင်တယ်နော်။
    ——————– 🙂
    ကြည်ဆောင်ရေ..
    ဟုတ်တယ်နော်၊ရောက်ကိုရောက်မယ့် အချိန်တွေအတွက်ကြိုတွေးပြီး
    လူတိုင်းပြင်ဆင်သင့်ပါတယ်။ ပင်စင်အတွက်တင်မဟုတ်သေးဘူး၊
    ခန္ဓာဝန်စွန့်ဖို့အထိပါပဲ။ အနေတတ်ဖို့ပြင်ပြီးရင် တီချာတို့တစ်တွေ အသေတတ်အောင်ပြင်ဖို့
    မေ့တတ်ကြတယ်လေ။
    ——————- 🙂
    မိုချိုရေ..
    ဒါလေးတော့ စိတ်ဝင်စားတယ်တော့ (ကိုယ် ယောက်ျား တစ်ယာက်ကို မှီ ခို ရတဲ့သူ
    ဘယ်တော့ မှ မဖြစ်စေရဘူး လို့အမြဲ ကြွေးကြော် ခဲ့ တဲ့သူ) ဆိုတာလေ။
    ——————- 🙂
    Pooch ရေ..
    ခွေးမချစ်တတ်၊ ကြောင်မချစ်တတ်၊ အိမ်မွေးတိရစ ္ဆာန် ဘာကောင်မှ မချစ်တတ်။
    ——————- 🙂
    Pye Kun Zaw and Ho Leo တို့ ရေ..
    အစိုးရအလုပ်မလုပ်ကြတော့ပါဆိုလို့ နှစ်ယောက်ပေါင်းပြန်လိုက်ပါတယ်။ ကိုယ်ပိုင်အလုပ်ပဲ
    ဖြစ်ဖြစ်၊ အစိုးရအလုပ်ပဲဖြစ်ဖြစ် အသက်ကြီးလာလို့ နားကြရမှာပါပဲ။ လခရရင် ပင်စင်စား။
    မရရင် မှီခိုသူပေါ့ကွယ်။ ကိုခိုင်ဆက် ပြောထားသလို (အင်မတန်ထိတ်လန့်စရာကောင်းတယ်)
    ထင်ရင်လည်း ……
    ——————– 🙂
    မောင်အံစာရေ..
    ပင်စင်စားဖြစ်ချင်လို့လား။ ကွမ်းတွေတအားမစားနဲ့နော်။ ကဗျာတွေရေးပြီး အုန်းစားနေသလား။
    ထမင်းစားပြီးရေသောက်နော်။ မပုချ် အကြောင်းစဉ်းစားမနေနဲ့။ (“စား” ကဗျာရေးဖွဲ့ခြင်း)
    ——————- 🙂

    မေတ္တာဖြင့်
    TTNU.

  • YE YINT HLAING

    August 24, 2012 at 12:30 am

    တီချယ် ကြီးခင်ဗျာ — နေ့ခင်းက အလုပ်များနေတာနဲ့ အေးအေးဆေးဆေး မှ မန့်တော့မယ်ဆိုပြီး ခုမှပဲ မန့်ဖြစ်တော့တယ် ။ တီချယ်ကြီး ပြောသလို အလွန်အားလပ်နေခြင်းကြောင့်လည်း စိတ်ဖိစီးမှုဒဏ် ခံလာရတယ် ဆိုတာ အမှန်ပါပဲ ။ ပရောဂျက် မစသေးလို့ လူ ( ၃ ) ယောက်ပဲရှိတဲ့နေရာမှာ စားသောက်ဖို့ အဝတ်လျှော်ဖို့ ကအစ ငြိမ်းနေအောင်စီစဉ်ထားပေးတဲ့ နေရာဖြစ်နေတော့ ( ၃ ) လပြည့်တော့ အားလပ်လွန်းတဲ့ဒဏ် မခံနိုင်တော့ တယောက်ကထွက်သွားတယ် ။ ကျွန်တော် ကတော့ဆက်နေလို့ ရက်ပေါင်း ( ၁၅ဝ ) ကျော်ခံစားဖူးပါတယ် ။ လုပ်စရာမရှိ တွေးစရာကုန် တော်တော် ဒုက်ခရောက်ပါတယ် ။ ဖုန်းဖိုးလည်း မနည်းကုန်တယ် ။ အွန်လိုင်း မှာ တယောက်လောက်တက်လာပြီဆိုတာနဲ့ ပျော်မိတယ် ။ ခုလို ဂေဇက် ကိုလည်း မသိသေးဘူးလေ ။ ခုကတော့ အားတာနဲ့ ဂေဇက်ဖွင့်ကြည့် လိုက် အလုပ်လေးလုပ်လိုက် ကိုယ်ရေးခဲ့ ပြောခဲ့တာလေး ပြန်တွေးလိုက်နဲ့ ဆိုတော့ အားလွန်းနေတုန်း ကလိုစိတ်ဖိစီးမှုမျိုး မရှိတော့ပါဘူး ။ ဒါကြောင့် ရွာသူ/သား တွေနဲ့ သူကြီး ကို ကျေးဇူးတင်မိပါတယ် ။

  • ကိုရင်မောင်

    August 24, 2012 at 3:46 am

    တီးချယ် ရေ ကျနော်တို့လဲဝန်ထမ်းအလုပ်လုပ်နေတာမဟုတ်ပေမဲ့
    အသက်အရွယ်အရ အနားယူရမဲ့အချိန် ရောက်လာမှာပါ….
    တီးချယ် ပို့စ် နဲ့ကော်မန်းတွေဖတ်ပြီး ကိုယ့်အတွက်
    ဘယ်လို့ပြင်ဆင်ထားသင့်တယ်ဆိုတာ
    ပိုသတိထားမိလာတယ်…
    ကျေးဇူးပါ တီချယ်ကြီးရေ…….

  • အရီးခင်လတ်

    August 24, 2012 at 4:11 am

    တီချယ်ကြီး

    ကျွန်မ သူငယ်ချင်း တစ်ယောက် က လုပ်သက်ပြည့် ပင်စင်ကို ရတာနဲ့ ယူမတဲ့။
    ပြီးရင် သူလုပ်ချင်တာတွေ လွတ်လွတ်လပ်လပ် လုပ်မတဲ့။
    ဘာတွေလုပ်မလဲတော့ မသိ။

    ကျွန်မကတော့ သက်ပြည့်ပင်စင် ရတဲ့အချိန်မှာတောင် ချာရတီ ဆိုင်တွေ မှာ သွားကူမယ် တွေးတယ်။
    ဒီမှာ ပင်စင်အသက်ကို တိုးတော့မှာ ၆ရ ထိတဲ့။
    အဲဒီလောက်ထိ နေရရင်ပေါ့။
    အိမ်ထဲမှာတော့ နေလို့ရမယ် မထင်ဘူး။
    လူတွေ အများနဲ့နေရတာကြိုက်တယ်။

    တီချယ်ပြင်ပေးလို့ ကျွန်မလဲ ဂဇက်လို့ ပြင်ခေါ်ပါပြီရှင့်။
    ကျေးဇူးပါနော်။
    ရွာ့ကျက်သရေဆောင် တီချယ်ကြီး၊ ကျွန်မတို့ ကို ကြိမ်နဲ့ တို့ပေးနေတဲ့ တီချယ်ကြီး ရှိနေလို့ ရွာကျက်သရေတိုးပါတယ် တီချယ်ကြီးရေ။
    ရွာကနေတော့ ပင်စင်မယူ လိုက်ပါနဲ့။ 🙂

  • nandar aung

    August 24, 2012 at 12:27 pm

    တီချယ်ရေ…..ဝင်ပြီးရေးသွားပါတယ်…ခုမှ အကောင့်ရလို့…

  • Sonny

    August 24, 2012 at 12:59 pm

    တီချယ်
    ပင်စင်စားများ သက်ရှည်ကျန်းမာပါစေ
    ချစ်ခြင်းအားဖြင့်….

  • မွန်မွန်

    August 24, 2012 at 3:58 pm

    တီချယ်ရေ… သမီးကတော့ ၂ဝ ကျော်လေးပဲ ရှိသေးပေမယ့် ပင်စင်ဆိုတာကြီးကို ခဏခဏတွေးမိပါတယ်…
    အလုပ်လုပ်တော့မယ်ဆိုတဲ့အချိန်မှာ အစိုးရအလုပ်လုပ်ဖို့ ပြောကြပါတယ်။ ပင်စင်ယူပြီးရင်တောင် အာမခံချက်ရှိတယ်တဲ့။ သမီးကတော့ ဘယ်လောက်ပဲကြိုးစားကြိုးစား..ဒီရာထူး၊ ဒီလခဆိုတဲ့ သတ်မှတ်ချက်တစ်ခုအောက်မှာ မလုပ်ချင်တဲ့အတွက် မရွေးချယ်ခဲ့ပါဘူး။

    ပင်စင်ယူပြီးတဲ့အချိန်မှာ ခရီးတွေထွက်၊ ဝါသနာပါရာတွေ လုပ်နိုင်တဲ့ တီချယ့်ရဲ့ဘဝကို အားကျမိပါရဲ့… ကိုယ့်အလှည့်ရောက်ရင်တော့ အဲဒီအသက်အရွယ်မှာ ဝင်ငွေဆိုတာမရှိတော့ရင် ဘယ်လောက်စုဆောင်းထားနိုင်ပါ့မလဲဆိုတာကို အမြဲတွေးမိနေတယ်။ လခဆိုတာ လမကုန်ခင် ကုန်တတ်တဲ့အမျိုးဆိုတော့…စုဖို့ကလည်း အဝေးကြီးမှာ….

    တစ်ခါတစ်လေ annual vacation ရလို့ တစ်ပတ်လောက်များအိမ်ပြန်နေရရင် ပျင်းလို့မဆုံးတော့ဘူး… ကွေးသောလက်မဆန့်မီ ဆန့်သောလက် မကွေးမီ ဆိုပေမယ့် ရှေ့ရေးဆိုတာကလည်း ကြိုးတွေးရတယ်မို့လား.. 🙂

    ရွာထဲမှာ တီချယ်နဲ့ဆုံခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်… တီချယ့်ရဲ့ အတွေ့အကြုံတွေ၊ ဗဟုသုတတွေကိုလည်း ဆက်လက်ဝေမျှနိုင်ပါစေ… အခွင့်ရှိနေသေးသရွေ့ သင်ယူချင်ပါတယ်လို့ ပြောချင်ပါတယ်ရှင်….

  • အလင်းဆက်

    August 25, 2012 at 7:28 pm

    ကျေးဇူးတင်ပါတယ်..တီတီနု…
    ကျွန်တော်တို ့ အတွက်.. အင်မတန်အကျိုးရှိတဲ ့ ပိုစ်များကိ်ု…
    အပင်ပန်းခံ၍ တင်ပြပေးနေသူ…..

    😀

Leave a Reply