မိတ်ဆွေ…သင်ဆိုလျှင်ရော…
တခါက ရွာလေးတစ်ရွာမှာ လယ်ယာလုပ်ကိုင်စားသောက်တဲ့ အမျိုးသမီးတစ်ဦးနှင့်မိသားစုရှိသတဲ့။တနေ ့တော့ သူ ့ယောက်ျား
ရယ်၊သူ ့သားနဲ ့သူ ့မောင် လယ်လုပ်နေတုန်း သူခိုးတစ်ယောက်ဟာ နောက်ကလိုက်လာတဲ့ လူအုပ်လက်ကမလွတ်နိုင်မှန်းသိတဲ့အတွက် ခိုး
ရာပါအထုပ်ကိုသူတို ့လယ်နားပစ်ချပြီးထွက်ပြေးသွားပါတယ်။နောက်ကလိုက်လာတဲ့လူတွေကလည်းသူခိုးကိုမမိလိုက်တော့ခိုးရာပါအထုပ်နားကလယ်မှာ
အလုပ်လုပ်နေတဲ့ သူတို ့ကိုပဲ သူခိုးစွပ်စွဲပြီး ရိုက်နှက်ဖမ်းဆီးသွားပြီး ဘုရင်ရှေ့ပို ့လိုက်ပါတယ်။ဒီခေတ်နဲ ့တစ်ပုံစံထဲပါ။ဘုရင်ကလည်း သိတဲ့
အတိုင်းပဲ ဆင်းရဲသားသုံးယောက်ကို အထူးအထွေ စစ်ဆေးမနေတော့ပဲ သတ်စေ အမိန် ့ချလိုက်ပါတယ်။
သတင်းကြားလို ့လိုက်လာတဲ့ အမျိုးသမီးက ဘုရင်ကိုအမျိုးမျိုးတောင်းပန်တဲ့အပြင် သူအားထားနေရတဲ့သူတွေကိုသတ်လိုက်
ရင် သူ ့ကိုပါသတ်လိုက်သလိုပါပဲလို ့ လျှောက်ထားတော့ ဘုရင်လဲသနားလာလို ့လား နားငြီးလာလို ့လားတော့မသိဘူး။သင်ကြိုက်ရာ တစ်
ယောက်ကိုပြန်ခေါ်သွားပါ။ကျန်တဲ့နှစ်ယောက်ကိုတော့ သတ်မယ်လို ့အမိန် ့ချပါတယ်။
ကဲ မိတ်ဆွေ သင်သာ အမျိုးသမီးနေရာမှာဆိုရင် ဘယ်သူ ့ကိုသင်ရွေးမလဲ?ယောက်ျားကိုလား သားကိုလား မောင်ကိုလား?
ဘာကြောင့်ပါလဲ?
သင့်အဖြေကို ကျွန်ုပ် စိတ်ဝင်စားနေပါတယ်။သင့်စိတ်ကို ရိုးသားစွာမေးကြည့်ပါ။
13 comments
ရွှေရိုး (ရွှေမန်း-ဒိုင်အို)
August 23, 2012 at 2:36 pm
ဒီခေတ်ကဆိုရင်တော့ ဘယ်သူ ့မှမရွေးဘူး။အကုန်အစားပြန်ရတယ်လေ…ဘင်္ဂလားမောင်တွေပေါ့…ဟဲ..ဟဲ
Pye Kun Zaw
August 23, 2012 at 4:03 pm
ဖတ်ဖူးတဲ့ ဇတ်လမ်းတစ်ခုထဲမှာတော့ မောင်ကိုရွေးတယ်.. လင်နှင့်သားကပြန်ယူ ပြန်မွေးလို့ရတယ် မောင်ကပြန်မရနိုင်တော့ဘူးတဲ့..
မျိူးချစ် နဂါး
August 27, 2012 at 2:43 pm
ဟုတ်ဖူးလေ။ဇာတ်လမ်းအရမဟုတ်ပဲ သင်ကိုယ်တိုင်ဖြစ်နေသလို ခံစားပြီးရွေးကြည့်ပါ။
cobra
August 23, 2012 at 4:20 pm
ကျွန်တော်ဆိုရင်တော့လင်ယောက်ျားကိုရွေးမယ်
ဘာလို့ဆို လောကထဲမှာအချစ်မရှိပဲနဲ ့တော့ အသက်မရှင်တော့ဘူး။
YE YINT HLAING
August 23, 2012 at 5:40 pm
” သား ” ကို ရွေးသင့်ပါတယ် ။ ဒီရွေးချယ်မှုမှာ အဖေလုပ်တဲ့သူကော ဦးလေးဖြစ်တဲ့သူပါ ကျေနပ်မှုရှိပါလိမ့်မယ် ။ သူတို့ရဲ့ သား သူတို့ရဲ့ တူလေဗျာ !
si tone
August 23, 2012 at 5:42 pm
Si Tone ဆိုရင် သားကိုပဲရွေးမယ်…. ဘာဖြစ်လိုလဲဆိုတော့ ကိုယ်မွေးထားတဲ သားသမီးက ကိုယ့်ရဲ့ရတနာပဲလေး ဟုတ်တယ်မဟုတ်လား…..
kokothandar
August 24, 2012 at 9:36 am
သားကိုရွေးမယ် နောက်ယောက်ျားထပ်ယူမယ်။အ ပြောင်းအလဲလုပ်ချင်နေတာနဲ့ အတော်ဘဲ ဟဲ..ဟဲ..ဟဲ အိမ်ထောင်ရေးဖေါက်ပြန်တာမဟုတ်ဘူးလေ တစ်ပင်လဲမူ တစ်ပင်ထူ လိုက်တာပါ။
mayjuly
August 24, 2012 at 11:46 am
အမျိုးသမီးနေရာမှာဆိုရင် သူအချစ်ခင်ဆုံးသူကိုသာရွေးချယ်မယ်ထင်ပါတယ်..
ဘာလို့လဲ ဆိုတော့ ချက်ချင်းကြီး ဆုံးဖြတ်ရမယ့်ကိစ္စမှာ..
ဦးနှောက်နဲ့ မဆုံးဖြတ်နိုင်ပဲ စိတ်ခံစားမှုနဲ့သာ ဆုံးဖြတ်နိုင်မယ်ထင်လို့ပါ …..
မျိူးချစ် နဂါး
August 27, 2012 at 2:40 pm
အင်း..ဟုတ်တာပေါ့
ရုတ်တရတ်ရွေးရမှာက်ုး…
casper
August 24, 2012 at 4:17 pm
ယောက်ျားကိုပဲရွေးချယ်သင့်ပါတယ်။
candle .
August 24, 2012 at 5:53 pm
candle ဆိုရင်တော့ သား ကိုဘဲရွေးမယ်..
ဘာ့ကြောင့်လဲဆိုတော့..
candle လက်ရှိ ကိုယ်တိုင်မွေးထုတ် ထားတဲ့ သားနှစ် ယောက်ကိုဘာနဲ ့မှ အစားမထိုးနိုင်အောင်သိပ်ချစ်လို ့ဘဲ..
90 % သောမိခင်တိုင်းလည်း ” candle ” လိုဘဲရွေးကြမှာပါ..
***သားသမီးများအားသိပ်ချစ်တတ်သည့်မိခင်တိုင်းအား..အစဉ်လေးစားဂုဏ်ပြ ုလျှက်..***
Uncle Lay
August 27, 2012 at 3:37 pm
ခေါင်းမစားကြတော့နဲ့ ….အဲဒီ သူခိုးမိသွာပြီတဲ့….။
Foreign Resident
August 27, 2012 at 3:45 pm
အနောက်နိုင်ငံ တစ်ခုမှာ ၊
သင့်အတွက် အရေးကြီးဆုံးသူဟာ ဘယ်သူလည်း ဆိုပြီး ရွေးချယ်ခိုင်းတာ ၊
နောက်ဆုံး လင်ယောက်ကျား ဖြစ်နေတယ် ။
ဘာဖြစ်လို့လဲဆိုတော့ သေတဲ့အထိ တွဲသွားရမယ့်သူ မို့လို့တဲ့ ။