Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

2013 ဆီးဂိမ်းမှာ မြန်မာတွေ အရှက်မကွဲ စေချင်

Sweet ToothAugust 24, 20121min29911

၂၁ ရာစုမှာ အခြေခံ အဆောက်အဦ လို့ ဆိုလာရင် လမ်း၊တံတား၊လျှပ်စစ် တို့နဲ့ မလုံလောက် တော့ပါဘူး။ဆက်သွယ်ရေး ကဏ္ဍပါ ထည့်သွင်း စဉ်းစား လာကြပါပြီ။အခုလည်း မကြာမီမှာ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက မြန်မာ့ စီးပွားရေး ဦးပိုင် ကုမ္ပဏီနဲ့  ပူးပေါင်းပြီး CDMA ဖုန်းလိုင်းတွေ ထပ်မံ ချထား ပေးတော့မယ် လို့ ကြားသိ ရပါတယ်။မြန်မာ နိုင်ငံမှာ တန်ဖိုးနည်း ဖုန်းလိုင်း ရယ်လို့ ခပ်တည်တည် အော်ရောင်းနေတဲ့ ကမာ္ဘ့ တန်ဖိုးကြီး ဖုန်းလိုင်းတွေကတော့ နာမည် နဲ့လိုက်အောင် ကျသွားမယ့် အရိပ်အယောင် လုံးဝ မရှိသေးဘူး ခင်ဗျ။အများ ပြည်သူ မျှော်လင့် နေသလို ၈ သောင်း ကျပ် နားမှာ ပဲ ဝဲနေမှာလား။ရင်မော ရပါပကော။တကယ်တော့ အများဆုံး ၅ သောင်းကျပ် ထက် မကျော်သင့်တော့ပါဘူး။ဒီကိစ္စဟာ မြန်မာနိုင်ငံ တိုးတက်မှု ကို လုံးဝ အဟန့်အတား ဖြစ်စေပါတယ်။တရုတ်နိုင်ငံမှာ ၆၅၀ဝ ကျပ် ဝန်းကျင် ရှိတဲ့ ဆင်းမ်ကတ် တစ်ကတ်ဟာ ဖုန်းပြောခ ၆၅၀ဝ ကျပ်ဖိုး ပါ,ပါတယ်။အလကား နီးနီး ရတာပါ။4G ကွန်ယက် ကိုလည်း ၂၀၁၃ ဆီးဂိမ်း အမီ လုပ်ပေးမယ်လို့ ဆိုလာပြန်သေးတယ်။အခု 3G ကွန်ယက် ကိုတောင် ကွန်နက်ရှင် မှန်မှန် ရအောင်ပဲ လုပ်ပေးပါဦး။ပြောရဖန်များလွန်းလို့ ဘယ်သူမှ စိတ်မဝင်စားတော့တဲ့ သတင်းတောင် ဖြစ်နေပါပြီ။မေ့နေမှာ စိုးလို့ ပြန်ဖွ ပေးတာပါ မဟာရာဇာ ကိုအံဇာတုံးရေ။ဂျပန်နိုင်ငံ ကနေ သန်း ၃၈ဝ ရင်းနှီးမြှပ်နှံမယ့် Internet BackBone တည်ဆောက်မယ် ဆိုတဲ့ ကိစ္စရော ဘာသံမှ မကြားရတော့ ပါလား။ဒီတခါလည်း  တိုင်းပြန် ပဲလား(ရင်းနှီးမြှပ်နှံမည့် ကုမ္ပဏီများ လာရောက် တိုင်းတာပြီး ပြန်သွားကြခြင်းကို ဆိုလိုပါသည်)။သတင်းထူးရင်လည်း ရေးကြပါဦး။

11 comments

  • YE YINT HLAING

    August 24, 2012 at 10:26 pm

    သစ်ထူးလွင် က သတင်းထူးသတင်းကောင်းပါဗျို့ ! သိပ်မစောင့်ရတော့ဘူးလို့ထင်ပါတယ် ။ ၂၀၁၃ ဆိုတော့လေ — ။

  • မောင်ပေ

    August 24, 2012 at 11:23 pm

    လပေးစနစ်နဲ့ ၂သိန်း ၂သိန်းခွဲဖုန်းဝယ်ပြီးတဲ့ ဝန်ထမ်းတွေဆီက ပြောသံကြားမိတာ ဖုန်းဈေးထပ်ကျရင် အရစ်ကျပေးဖို့ကျန်ငွေကို ဆက်မသွင်းတော့ဘူးတဲ့
    ကျွန်တော်လဲ အားပေးခဲ့ပါတယ်
    ရပါလိမ့်မယ် လို့

    • ပင်လယ် ပျော်

      August 25, 2012 at 10:03 am

      အမလေး..ဆက်သွင်းဖို ့ပြောလိုက်ပါဗျာ…မဟုတ်ရင်နိူင်ငံတော် ထမင်း/ဟင်းစားနေရဦးမယ်…

  • kai

    August 25, 2012 at 3:50 am

    ဖုန်းဈေးပေါလိုချင်တာတော့ ဟုတ်ပါပြီ..
    သူများနိုင်ငံတွေက.. အင်ဖရာဆောက်ပြီးမှ..ရင်းနှီးငွေကျေမှ.. ဖုန်းဖိုးဈေးချတာ..

    ဆိုတော့..
    မြန်မာပြည်ရဲ့. အင်ဖရာစရပ်ချာဖိုး.. ဘယ်သူငွေပေးကြမှာလည်းဟင်င်င်င်.. x (အကြိမ်တသိန်း..)
    =
    လျှပ်စစ်လိုဖြစ်နေပြီ..
    လိုချင်ကြတာတော့.. မီးလုံးဝမပျက်တာ…
    မီးစက်ကြီးဆောက်တော့.. ကန့်ကွက်တာ.. 🙂
    ဆိုတော့..
    ဟိုက..နားငြီးသက်သာအောင်.. မီးစက်သေးသေးလေးတွေ.. လက်ပူတိုက်ဝယ်ပေးလိုက်ရော..

    စနစ်ကြောင့်မဟုတ်… စနစ်ကြောင့်မဟုတ်… စနစ်ကြောင့်မဟုတ်…
    အနိစ္စ…အနိစ္စ…အနိစ္စ…

    • မိုက်ကယ်ဂျော်နီအောင်ပု

      August 25, 2012 at 9:57 am

      ဟုတ်ပါတယ်သဂျီးမင်းခင်ဗျ
      မြန်မာနိုင်အတွက်ကတော့ ဘာမှမလုပ်တာဘဲကောင်းဘာဒယ် 😀
      တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အားတွေပေးခြင်ပေမယ့်
      လုံလောက်တဲ့ ဓာတ်ကြိုးတွေမရှိတဲ့အတွက်
      လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေမဆောက်သင့်ပါဘူး
      မော်တော်ကားတင်သွင်းခွင့်တွေလဲ ပိတ်ထားသင့်ဘာဒယ်
      လမ်းတွေမကောင်းလို့ဘာ
      ဒဂယ်လုပ်ရမှာဂ လမ်းကြိတ်စက်တွေ ဘူဒိုဇာတွေအများဂျီးဝယ်ပြီး
      တစ်နိုင်ငံလုံးကို မြေညှိရဘာမယ် ပြီးရင် လမ်းကြိတ်စက်နဲ့ကြိတ်ပြီးမှ
      အစဂနေပြန်လည်တည်ဆောက်ရဘာမယ်ခင်ဗျား

  • Good™

    August 25, 2012 at 10:21 am

    ကိုရင် အောင်ပု ရေ ။ ကိုရင် အောင်ပု ရဲ့ လမ်းကြိတ်စက်၊ မြေတူးစက်တွေ အသာ လုပ်ပါဗျာ။
    မရှိမဲ့ ရှိမဲ့ ဝယ်ထားတဲ့ ကျနော့် မြေကွက် ပေါ် လာ ပြီး တူးလား ကြိတ်လား လုပ် နေရင် ကျနော် ပြေးစရာ နေရာ မရှိလို့ ပါ။

  • aung moethu

    August 25, 2012 at 3:05 pm

    ဖြစ်သင့်တာတွေက ဖြစ်မလားသေး မျှော်လင့်ချက် ရောင်ခြည်တွေက ခပ်မျော့မျော့ 🙁

  • ko win

    August 25, 2012 at 3:54 pm

    တကယ်ဆိုရင် ………. ပဲလိုတယ်။

  • chityimhtoo

    August 26, 2012 at 8:02 am

    ဆီးဂိမ်းမှာ စောက်ခွက်ရှဲမှာတော့အသေအချာဘဲ။အရင်ဆုံးဆက်သွယ်ရေးဝန်ကြီးကို ဖြုတ်သင့်တယ်။
    ဖုန်းလိုင်းတွေကိုယုတ်မာထားတာသူ၊အင်တာနက်လိုင်းတွေကိုပက်ပက်စက်စက်ရသလောက်ရောင်း
    ပြည်သူပိုက်ဆံကိုယူပြီး အားလုံးအဆင်မပြေအောင်လုပ်တာသူ။သမ္မတကြီးလည်းဟိုလူမျက်နှာထောက်ရ
    ဒီလူ့မျက်နှာထောက်ရနဲ့ ဘယ်တော့များ ဖုန်းလိုင်း အင်တာနက်လိုင်း အဆင်ပြေပါ့မလည်း။စည်ပင်သာယာ
    ကြည့်ပြန်တော့လည်း လမ်းတွေကိုသေချာမပြင် ဖာလမ်းတွေဖြစ်။အရင်ဆုံးနိုင်ငံ့ဝန်ထမ်းတွေကိုတိုင်း
    ပြည်ချစ်တတ်အောင်အရင်သင်ပေးသင့်တယ်။

    • P chogyi

      August 27, 2012 at 11:55 am

      ဆက်သွယ်ရေးဝန်ကြီးကိုမဖြုတ်သင့်ပါ။
      အရင်ကယူထားတာတွေ နောက်ဝန်ကြီးက ရှင်းရမယ့်ကိန်းဆိုက်သွားမယ်။

Leave a Reply