Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စ = စိတ်ကူးအဓိက အနုပညာ ဝါဒ ( CONCEPTUALISM )နှင့် စာပေသဘောတရား

alinsettAugust 24, 20121min56814

စလုံးရေး…စ လိုက်ကြပါစို ့..။

စိတ်ကူးအဓ်ိက အနုပညာ ဝါဒ CONCEPTUALISM အကြောင်း…. နည်းနည်း ဖြည့်ပြောပါရစေ..။

( ကျင်ငယ်စွန့်တဲ ့ကြွေ ခွက်က အနုပညာ ပစ္စည်းတဲ့…) ဆိုတဲ ့အမည်နဲ ့ ပို ့စ်မှာ… CONCEPTUALISM အကြောင်း… အညွှန်း

သဘောလေးလောက် ပြောခဲ့ဖူးပါတယ် ။ )

( အခုဆောင်းပါးက န ငယ်.. အမြီးလေး..( နည်းနည်း တိုနေတယ် ထင်လို ့) ထပ် ဆွဲ ဆန့်ပေးတဲ ့ဆောင်းပါးလို ့ပြောရင်လည်း ရပါတယ် ။

အတွန့် တက် ဆောင်းပါး လို ့ခေါ်ရင်လည်း ရပါတယ် ။)

—————————————–

ဆရာကြီး MERCAL DUCHAMP ( 1887 – 1968 ) ရဲ ့ FOUNTAIN အမည်ရှိ… / ကျင်ငယ်စွန် ့ တဲ ့ကြွေခွက် ဟာ..စိတ်ကူးအဓိက အနုပညာ ဝါဒ ပေါ်ပေါက်လာဖို ့…

လုံလောက်တဲ ့ အပြင်းထန်ဆုံး တွန်းအား တစ်ခုပါ ။

စိတ်ကုူး အဓိက အနုပညာ ဝါဒကြီး.ပေါ်ပေါက်လာပြီး.နောက်ပိုင်းမှာ….

အနုပညာ ရဲ ့ဖြစ်တည်မှု ဟာ..ကစဉ့်ကလျား…ဖြစ်သွားတယ်..လို ့…ထင်မိပါတယ် .။

DUCHAMP..ရဲ ့… အယူအဆ အရ ဆိုရင်…

ဘယ်အရာ / ဘယ် ပစ္စည်းကို မဆို… အနုပညာ ပစ္စည်းလို ့.. သတ်မှတ်လို ့ရနေပါတယ် ။

ကို်ယ်တိုင် မဖန်တီးလည်း …ရတယ် ။ ကိုယ်တိုင် မဖန်တီးသည် ဖြစ်စေ… ကိုယ်တိုင် ဖန်တီးသည် ဖြစ်စေ…. ( ရှိပြီးသား..အရာ / ပစ္စည်းတစ်ခုခုကို )

လည်း… အနုပညာ ပစ္စည်းအဖြစ်… ချ..ပြလို ့ရနေတယ် ။

ဒီတော့… ဘယ်သူမဆို အနုပညာ သမား… ဖြစ်သွားမှာပေါ ့ ။

အနုပညာဆိုတာကို ဘယ်လိုမှ မခံစားတတ်တဲ ့ / အနုပညာ အကြောင်း..ကို.. ဖဲချပ်တစ်ချပ်လောက်မှ စိတ်မဝင်စားတဲ ့သူ..ကလည်း.

တွေ ့ရာ ပစ္စည်း တစ်ခုခု ကို ကောက်ကိုင်ပြပြီး.. ” ဒါ..အနုပညာ ပဲ..’

လို ့ပြောလာရင်…အနုပညာတိုင် ပတ် သွားမှာပေါ့နော် ။.

DUCHAMP ကတော့….

ဘယ်သူတွေ ဘာပြောပြော…. ကျင်ငယ် စွန့်တဲ ့ကြွေ ခွက်ကြီးကို…

အနုပညာ ပစ္စည်းတစ်ခု အဖြစ်….. တင်ပြ သွားလေရဲ ့…။
______________________________________________

စိတ်ကူ အဓိက အနုပညာ သမား ( CONCEPTUAL ARTIST ) တွေ ့ရဲ ့… ယုံကြည်ချက်နဲ ့..

အတွေးအခေါ်…..ယူဆ ချက်တွေက်ိုတော့.. လေးလေးစားစား…နာယူ မှတ်သားခဲ့ပါတယ် ။

အနုပညာ ဖန်တီးရာ မှာ….

စိတ်ကူးသာ အဓိက ပဲ…. ဆိုတဲ ့ အချက်က… စည်းတွေ… / ဘောင်တွေ../ ခွင်…တွေ..ရဲ ့ တားမြစ်ချက် တော်တော်များများကို…

ရိုက်ချိုး..ဖောက်ထွက် ရဲ..လှပါတယ် ။

( သတ္တိ လို ့ခေါ်ရမလား….မိုက်ရူးရဲတယ်လို ့..ဆိုရမလား.တော့မဝေဖန်တတ်တော့ပါဘူး )

If someone says it ‘ s Art .

It ” s Art .

ဆီုတဲ ့စကားတစ်ခွန်းကိုလည်း… Don Judd ဆိုသူတစ်ဥိးက.. ဝင်ပြောသွားခဲ့ပါသေးတယ် ။

CONCEPTUAL ART က စာပေ အနုပညာ ../ မြန်မာ့ စာပေအနုပညာလောကမှာ….. ထဲထဲဝင်ဝင်..

မထိုးဖောက်နိုင်သေးဘူး.လို့ မြင်မိပါတယ် ။

အမေရိကန် ပြည်ထောင်စုမှာတော့… 1960 နောက်ပိုင်း…မှာ… ထွန်းကား ခဲ့တယ်…လို ့..မှတ်ဖူး../ ဖတ်ဖူးခဲ့ပါရဲ ့ ။

_____________________________________

CONCEPTUAL ARTIST တွေ..ရဲ ့… အလိုအရ ဆိုရင်…

အနုပညာ တစ်ရပ် ဖန်တီး.ရာမှာ…အခြား…ဘာ မှ မလိုပါဘူး..တဲ ့။

စိတ်ကုူးလေး တစ်ခု သာ..အဓိက…တဲ ့ ။

ဝတ္ထု တစ်ပုဒ် ဖန်တီးတော့မယ်…ဆိုပါတော့..။

ဝတ္ထု ဆိုတဲ ့.. စာပေ အနုပညာကို ဖန်တီးရာမှာ….

ဝတ္ထုရေးခြင်း အတတ်ပညာ/ ဇာတ်လမ်း../ စကားလုံး../ ( ဘာသာစကား က အဓိက ပေါ့လေ.)

ဒါတွေ..ဒါတွေ..လိုပါတယ် ။

ပြီးတော့….အစီအစဉ်ကျန စွာ..ကြောင်းကျိုး.ညီညွတ်မှုတွေ..နဲ ့ အနုပညာသမား ရဲ ့ ပါရမီ..ဆိုတာတွေလည်း.လိုပါသေးတယ် ။

ဒီအချက်တွေနဲ ့ရေးတာ ဟာ…

သရုပ်မှန် ဝါဒ ( Realism ) အရ… သမားရိုးကျ ရေးတာပါ ။

__________________________________

စိတ်ကုူး အဓိက အနုပညာ သမားတစ်ယောက်….

ဝတ္ထူ တစ်ပုဒ် ဖန်တီးတော့မယ်..ဆိုရင်…(( ဝတ္ထုရေးခြင်း အတတ်ပညာ/ ဇာတ်လမ်း../ စကားလုံး../ ( ဘာသာစကား က အဓိက ပေါ့လေ.)

အစီအစဉ်ကျန စွာ..ကြောင်းကျိုး.ညီညွတ်မှုတွေ..နဲ ့ အနုပညာသမား ရဲ ့ ပါရမီ…..))

အဲဒါတွေ.. ဘာမှ မလိုတော့ပါဘူး..တဲ ့ ။

ဥပမာ…

ဓါတ်မီးတစ်လက်ကို… နာမည် တစ်ခု.. တပ်…/ လတ်မှတ်ထိုးပြီး…

” ဒါ ဝတ္ထု တစ်ပုဒ်ပဲ..”

လို ့ပြောပါလိမ့်မယ် ။

ဒါမှမဟုတ်လည်း….

သောက်ရေခွက် တစ်ခွက်ကို.. ယူပြ ပြီး…

” ဒါ ဝတ္ထုတစ်ပုဒ် ပါ…” လို ့..ဆိုပါလိမ် ့မယ် ။

( ဥပမာ..ပြောတာပါ )

ရသလား…. / အဲသလို ရသလား….

သူတို ့ အလို အရ ဆိုရင်တော့..ရပါတယ် ..တဲ ့။

______________________________________

ဒါတွေ က ဥပမာ စကားတွေ ပါနော် ။

မြန်မာ့ အနုပညာလောက ထဲမှာတော့….

ဒါမျိုး.ဖော်ပြချက်တွေ.. မတွေ ့ရသလောက်ပါပဲ..။

ဇော်ဇော်အောင်ရဲ ့….

ငယ်ချစ်နာမည် မနှင်းဆီ...ဆိုတဲ ့ဝတ္ထုတို ( ဝါနီပြာ မဂ္ဂဇင်း ထင်ပါတယ် ။ မဂ္ဂဇင်းအမှတ်နဲ့ ထုတ်ဝေတဲ ့နှစ်..ကို မမှတ်မိတော့ပါဘူး ။)

အဲဒီ ဝတ္ထုတို ကတော့….

ဘာ စာသားတစ်ခုမှ မပါပဲ…

အဝါရောင် ဖဲကြိုး….တစ်စ ကို.. စာရွက်မှာ. ကပ် ပေးထားရုံ….လေး..တင်ပြခဲ ့ပါတယ် ။

အဲဒီ ဝတ္ထု ကိုတော့… CONCEPTUALISM ..ရဲ ့အငွေ ့အသက်တွေ..လွှမ်း ခြုံ ထားတယ်..လို ့…. ပြောရင် ရမယ် ထင်တယ်..နော် ။

_____________________________________________

( မြန်မာ့ ပန်းချီအနုပညာ(.တချို ့) မှာတော့… CONCEPTUALISM စိမ့်ဝင် ပျံ ့နှံ ့ မှု တွေ.. တွေ ့လာရပါတယ် ။ )

ဘာသာစကား / စကားလုံး../ စာသား နဲ ့ ဖော်ပြရတဲ ့ စာပေ အနုပညာ မှာ… အဲဒီ စာသား / ဘာသာစကား ..ကိုမှ

စွန် ့ပစ်လိုက်မယ်..ဆိုရင်…

( အခြားနူ်ိုင်ငံမှာ ဆို…. ပွက်လော ရိုက်ရုံလောက် သာ…ဖြစ်မယ်.. )

ကျွန်တော်တို ့ အနုပညာ လောက မှာဆိုရင်…………………

( ကလောင်ဓါး… / ကလောင် တုတ်တွေ.. များ…. ဆွဲ.ကုန်ကြမလားပဲ..။ ဒါက ကျွန်တော့် ပျက်ချော်ချော်…အတွေးပါ ။ )
__________________________________________

ဘာ စာသား…/ ဘာ စကားလုံးမှ မပါတဲ ့…

အနုပညာ ပစ္စည်းဆိုတဲ ့ အရာ ( ဥပမာ… ဓါတ်မီးတစ်လက် ) ကို…

အနုပညာ ပစ္စည်း အဖြစ် လက်ခံနိုင်ဖိုူ ့….

ကျွန်တော်တို ့..အတော်လေး…. အားမွေ း..ယူရဦးမယ်…ထင်ပါတယ် ။
____________________________________________

အနုပညာ ဆိုတာ စိတ်ကူးပဲ…။

ဘာ ပစ္စည်း နဲ ့..လုပ် လုပ် ရတယ် ။

ဘယ်သူ လုပ် လုပ် ရတယ် ။

ကိုယ်တိုင် မလုပ် လည်း..ရတယ် ။

စိတ်ကူးသာ.. အဓိက ပဲ…ဆိုတဲ ့

CONCEPTUALISM ကိုင်စွဲသူတွေရဲ ့

စကားတွေဟာ…

ကျွန်တော့် အနုပညာ အိပ်မက် တွေ ကိ်ု…

စောင်ထူထူ ခြုံ ပေးလိုက်သလိုပါပဲ…။

မွန်းကြပ် ပိတ်လှောင်သွားလိုက်…..

နွေးထွေး လုံခြုံသွားလိုက်..နဲ ့ပေါ့ဗျာ…။

ဒါပေမယ့်…..

_______________________________________-

CONCEPTUALISM ကို.. ကျွန်တော်…မချစ်ဘူး..။

မုန်းလည်း..မမုန်းပါဘူး ။

အဲ………….

နည်းနည်းတော့.. ကြောက်လန် ့မိတယ် ။

အံ ့ဩကြီးစွာလည်း..ဖြစ်ရပါတယ် ။

ဒီ CONCEPTUALISM …ကိုတွေ ့ရတာဟာ….

ကိုယ် ကြည့်နေတဲ ့ TV ထဲက ဇာတ်ကောင်တစ်ယောက်….

TV မှန်သားပြင် ထဲကနေ….

အပြင်ကို ..ခြေထောက်တစ်ဖက်..ကျော်ထွက်လာတာကို… တွေ ့လိုက်ရသလိုကြီး.. ခံစားမိပါတယ် ။

_______________________________________________–

ကျွန်တော် တွေးမိတာလေးကို…ရိုးရိုးလေး..ချရေးမိတာလေးပါ ။

စာချစ်သူများ…အားလုံးကို ခင်မင်လေးစားလျက် …

အလင်းဆက်

alinsett.art@gmail.com

24 .8 .2012

______________

ဆ = ? ????

14 comments

  • အလင်းဆက်

    August 24, 2012 at 9:03 pm

    ကျင်ငယ်စွန့်တဲ ့ကြွေခွက်က အနုပညာလား..http://myanmargazette.net/97066/arts-humanities

    က = http://myanmargazette.net/141855/arts-humanities

    ခ = http://myanmargazette.net/143018/arts-humanities

    ဂ = http://myanmargazette.net/143588/arts-humanities

    ဃ = http://myanmargazette.net/144518/arts-humanities

    င = http://myanmargazette.net/145317/arts-humanities

    ___________________

    ကျွန်တော် ခံစားခဲ့သော..အက္ခရာများကို…

    စဉ်ဆက်မပြတ်..ဖတ်ရှု.ပြီး..လိုက်ပါ…ခံစား..ခဲ့ကြသော..

    ချစ်သော..ရွာသူရွာသား များနှင့် ..

    စာချစ်သူများ..အားလုံးကို..

    လေးစားစွာ ခင်မင် ကျေးဇူးတင်လျက်…

    အလင်းဆက်

  • pooch

    August 24, 2012 at 10:00 pm

    အနုပညာဆိုတာ အကန့်သတ်မဲ့ ဘောင်မရှိတဲ့ အိမ်မက်တွေ စိတ်ကူးတွေ ကွန့်မြူးချင်တိုင်း ကွန့်မြူးပြီး စကြာဝဠာ အထိ အဆုံးစမဲ့ ခရီးဆန့်နိုင် တဲ့ မှော်ဆန်တဲ့ အရာတခုပါ။

  • မောင်ပေ

    August 24, 2012 at 10:19 pm

    စလုံး
    ဘပြုံး
    ညစုံး
    မပုန်း
    လှတုံး
    ဝရှုံး
    ရဖုန်း
    ခအုန်း

  • YE YINT HLAING

    August 24, 2012 at 10:38 pm

    စာအရေး ကောင်းတဲ့ ကိုအလင်းဆက် ရေ ဖတ်သွားမှတ်သွားပါတယ် ။ ” ဓာတ်မီးတလက် ၊ လွယ်အိတ် တစ်လုံး ၊ လေးဂွ နှင့် လောက်စာလုံးများ ” ဇတ်လမ်း အကြောင်းအရာ က နွားပျောက်ရှာခြင်း ။ ဒါလည်း ဝတ်ထုတို တစ်ပုဒ်ပဲနော် ! ( နောက်တာ — )

  • ရဲစည်

    August 24, 2012 at 11:53 pm

    ကိုအလင်းဆက်ခင်ဗျ
    က မှသည် စအထိ အားပေးနေကြောင်းပါ ….
    ယခု စ ကိုတော့ အရေးအသားပိုင်း
    တင်ပြမှုပိုင်း …. လွန်ခိုက်ပါတယ် ..
    ဆိုတော့
    တင်ပြမှု + လွန်+ ခိုက်(ဘန်းစကား) ဒါလဲ တွဲစပ်ဖန်တီးမှု အနုပညာ မြောက်ကြောင်း
    ဆွဲယူခြင်ရဲ့
    ဂဇက်မှာ(အခေါ်ပြောင်း နေလို့ လိုက်ပြောင်းပါဘီ) CONCEPTUALISM ရေးရင်( အက်ဒမင် ခွင့်ပေးက ) ၃ဝ ရကြောင်း 🙂
    REALISM ရေးက ကွန်းမင့်အပြင် ၃ဝ ထက်ကျော်နိူင်ကြောင်း ….။
    ဘာဘဲဖြစ်ဖြစ် လောက ဘောင်အတွင်း ရေးခတ်နုပြင်ခြင်းမို့ HALF CONCEPTUALISM လို့သာ ခံစားမိကြောင်း ………..

    ရှေးရိုးစွဲသူ …..

  • ကို ခင်ခ

    August 25, 2012 at 6:14 am

    စ ထိရောက်ခဲ့ပြီနော်၊
    ဆက်လက်ပြီး ဘယ်လိုစိတ်ကူးလေးတွေနဲ့ဆိုတာ စောင့်နေမယ်လေ။
    ဆ သို့ မျော်နေကြောင်း။

  • ကြောင်ကြီး

    August 25, 2012 at 10:08 am

    စလုံးရေစ
    ဘအုံးကြွေပြ
    တတုန်းလေပွ
    ညမုန်းရှည်လှ…။

  • မောင်မောင်ဂေါက်

    August 25, 2012 at 2:35 pm

    ” …
    Pseudo Art ဟူသည် မိမိခံစားချက် မဟုတ်သည့် တစ်ပါးသူများ၏ ခံစားမှုများ၊ သိမြင်မှုများကို လှုံ့ဆော် နှိုးဆွရန် ရည်ရွယ် ပုံဖော်ခြင်း ဖြစ်သည်။ Arousing Emotion “ခံစားချက် လှုံ့ဆော်ခြင်း” မျိုးသာ ဖြစ်သည်။ လူတို့အား စည်းရုံးရန်၊ ညွှန်ကြားပြသရန်၊ ဝါဒဖြန့်ရန် စသည့် တိကျသော ရည်ရွယ်ချက်များဖြင့် ထုတ်ဖော်ထားသော ဖြေဖျော်မှု အနုပညာ၊ ဘာသာရေး အနုပညာ၊ ပညာပေး အနုပညာ စသည်တို့မှာ အနုပညာဟု လွဲမှားစွာ မှတ်ယူ လက်ခံထားသော Pseudo Art များသာ ဖြစ်ကြသည်။

    Genuine Art သည် မိမိ ကိုယ်ပိုင်ခံစားချက်ကို ထုဆစ် ဖော်ဆောင်သည်။ မည်သည့် ရည်ရွယ်ချက်မျိုးမျှ မပါဝင်ရ။ ရည်ရွယ်ချက်တစ်ခု ဝင်ရောက်ပူးကပ်၍ တစ်စုံတစ်ရာ သို့ရှေးရှုရသည့် အခါ ခံစားချက် ထုတ်ဖော်မှု အားနည်းသွားမည်။ မပီမပြင် ဖြစ်သွားမည်။ မူလ ခံစားမှုသည်ပင် ချုပ်နှောင်ခြင်း ခံရနိုင်သည်။ Genuine Art သည် ခံစားချက်ကို လွတ်လပ်စွာ ထုတ်ဖော်မှုသာ ဖြစ်သည်။
    … ”

    ဘာတုန်းတော့ သိဘူး .. ကျုပ်က မောင်ဂေါက် ဆိုတော့လေ .. :mrgreen:
    ဒီနေရာမှာ တွေ့မိလို့ ကူးတင်လိုက်ဒါဘာ ..
    http://genuinewhitefamily.org/forum/index.php?topic=174.0

  • surmi

    August 25, 2012 at 3:36 pm

    ဆရာအလင်းဆက်
    သုံးသပ်ထားတာလေးတွေမိတယ်ဗျ
    ဒီသဘောတရားတွေကိုလည်းနှစ်ချိုက်တယ် သို ့သော်လည်း
    နားမလည်ချင်ယောင်ဆောင်နေချင်တယ်
    အနုပညာသိပ်မဆန်ချင်လို ့
    ဆိုတော ့ အနုပညာကိုမကြိုက်လို ့မဟုတ်ဘူးနော်
    သိပ်မခံစားတတ်ချင်တော ့တာ

  • ရွှေ ကြည်

    August 25, 2012 at 4:47 pm

    အံ့ဩတကြီးကိုဖတ်သွားပါတယ်။ ပြောရမယ်ဆိုရင်အခုအလင်းဆက်ရေးထားတဲ့ CONCEPTUALISM ကို
    မကြိုက်နိုင်ပါဘူး။ အနုပညာဆိုတာ ကိုအဓိပ္ပါယ်မဖွင့်တတ်ပေမယ့် အနုပညာကိုလူတိုင်းခံစားနိုင်ပေမယ့်
    အနုပညာကိုလူတိုင်းမဖန်တီးနိုင်ဘူးလို့ယူဆပါကြောင်း။

  • မိုး မင်းသား

    August 25, 2012 at 6:50 pm

    အလင်းဆက်ရေ…..

    ကျွန်တော်တို ့ညီမလေးဖြစ်တဲ ့ရွှေကြည်ပြောသွားတာလေးက…..

    အနုပညာကိုလူတိုင်းမဖန်တီးနိုင်ပါဘူး….တဲ ့

    မှန်ရဲ ့မဟုတ်လားခင်ဗျာ……..(လူရွှင်တော်လေသံမိူးဖြင် ့)

  • အလင်းဆက်

    August 25, 2012 at 6:58 pm

    အနုပညာဆိုတာ အကန့်သတ်မဲ့ ဘောင်မရှိတဲ့ အိမ်မက်တွေ စိတ်ကူးတွေ ကွန့်မြူးချင်တိုင်း ကွန့်မြူးပြီး စကြာဝဠာ အထိ အဆုံးစမဲ့ ခရီးဆန့်နိုင် တဲ့ မှော်ဆန်တဲ့ အရာတခုပါ..
    ဆိုတဲ ့ စကားလေး က လှလိုက်တာဗျာ.။pooch ရေ.. ကျေးဇူးပါပဲ.ဗျ ။
    _____________

    ဦးပေ…ရဲ ့နှစ်လုံးပြုူး…ကဗျာ..လေး ( အဲ..) နှစ်လုံးစပ် ကဗျာလေး..ကလည်း..
    ရှယ်ပဲ..နော် ။
    _____________
    YE YINT HLAING..ရေ..
    စာ အရေးကောင်းတယ်..ဆိုလို ့ ဝမ်းတာ လိုက်တာ..ဂျာ..။
    မုန် ့ဝယ်ကျွေးမယ်နော် ။ 😀
    _________________
    HALF CONCEPTUALISM.. လို ့ ခံစား ဖတ်ရှု.သွားတဲ ့
    ကိုရဲစည်ရေ..
    က မှ စ အထိ တိုင်ခဲ့ပါပြီ။ ကိုရဲ စည် တို ့ အားပေး မှု..တွေကြောင့် ဆက်ရေးဖို ့ အားတွေရှိလာပါပြီ ။
    ဆ … ကို လည်း..ဆက်လက် ကြိုးစား လိုက်ပါဦးမယ်နော် ။
    🙂
    _____________

    ဆ = ကိုမျှော်နေတဲ ့ကိုခင်ခရေ…
    က မှ အခု အပိုင်းတွေ အထိ…အဆက်မပြတ် ဖတ်ရှု.ခံစားပေးလာတာ တွေ ့ရလို ့ တကယ် ဝမ်းသာ မိပါတယ် ။
    ကျေးဇူးပါပဲ..နော် ။
    __________________

    မောင်မောင်ဂေါက် ရေ..
    အဲဒီ … နေရာလေးထဲ..ကျွန်တော်..သွားကြည့်ဦးမယ်..နော် ။
    ကျေးဇူးပါ ။
    ____________________

    သိပ် မခံစားတတ်ချင်တော့တာ..ဆိုတဲ ့
    ဆာဆာ ကြီးကိုလည်း..ဆက်ဆက်က ကျေးဇူးပါဗျ ။
    ဆာဆာ က ဆက်ဆက်မပြတ် ဆက်ဆက်ရဲ ့ပို ့စ်တွေကို ခံစားလာတာလေ..
    🙂
    _________________
    CONCEPTUALISM ..ကို မကြိုက်ဘူးဆိုတဲ ့မမရွှေကြည်ရေ…
    ကျွန်တော် လည်း.ဒိ ဝါဒ ကို လေ ့လာ မိပေမယ့် မချစ် မမုန်း…. အံ့ဩရုံပါပဲ.။
    ဝါဒ တစ်ခု ဒီလိုလေး..ရှိဖူးတယ် ဆိုတာလေး..
    ပြန် တင်ပြတာပါ ။
    မမရွှေကြည်ရေ.. အနုပညာ ကို လူတိုင်းမဖန်တီးနိုင်ပါဘူး..ဆိုတဲ ့အဆိုလေးကို..
    ကျွန်တော်..လက်ခံပါတယ်..။
    ဆ = ကလေးကိုလည်း…ဆက်လက် ခံစားပေးပါဦးနော့..

    ____________

    ဦးကြောင်… ကျေးဇူးနော် ။
    😀

    _____________

    မိုးမင်းသားရေ…
    မှန်ပါ့ ဗျား…
    အဲသလိုပဲ..ယူဆ မိကြောင်းပါ…
    (မင်းမော်ကွန်းလေသံ ဟု မှတ်ပါလေ..)

    _____________________

    စာချစ်သူများ ကို ခင်မင်လေးစားလျက်

    အလင်းဆက်

  • P chogyi

    August 27, 2012 at 11:24 am

    စပ်စပ်စုစုနဲ့ စုံစုံလင်လင်ရေးထားလို့
    ကျေးဇူးတင်ပါတယ်။
    စောစောဆီးဆီးတော့မဖတ်ဖြစ်လိုက်ဘူး။

  • အလင်းဆက်

    August 27, 2012 at 9:19 pm

    စောစောစီးစီးက လာဖတ်ရောပေါ့ P chogyi ရယ် ။

    ဒီမှာ… အရင်ဆုံး လာဖတ်သူကို ကံစမ်းမဲ.ဖော်ပေးမလို ့ဟာကို…

    အခုမှ ဖတ်တော့လည်း.. အေးအေးဆေးအေး.ေ.ကာင်းတာပေါ့။

    စုံ့စုံ့လင်လင်လေး..ရေးပေးရသမျှ… အမောပြေတာပေါ့ ကွယ်…
    😀

Leave a Reply